← Chapters

အစောင့်အရှောက်။

Vol. 16 Ch. 212

အစောင့်အရှောက်။

Vol. 16 Ch. 212

ယဲ့ရှီးပိုင် နှင့် အစေခံလေးယောက်တို့သည် တုန်လှုပ်သွားကြပြီး အရပ်မျက်နှာတစ်ခုကို စူးစိုက်ကြည့်မိလိုက်ကြသည်။ သူတို့ဟာ လူတစ်စု တဖြည်းဖြည်းချင်းလမ်းလျှောက်လာနေတာကို တွေ့မြင်လိုက်ရသည်။

ဦးဆောင်လာသူမှာ ရှင်းဖုန်းသားရဲ၏ အမြုတေအား လက်ထဲဆုပ်ကိုင်ဆော့ကစားနေသော ချောမောခန့်ညားသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။

" ငါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရင်ဝင် မဝင်ရင်သေရမယ်။ "

ဝမ်ဖုန်းသည် ယဲ့ရှီးပိုင်ကို အမူအယာမဲ့စွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူဆိုသည့် ဝမ်ဖုန်းရှေ့တွင် မောက်မာခွင့်မရှိပေ။ သူဆိုသည့် ဝမ်ဖုန်းကသာ လူတိုင်းအပေါ် မောက်မာစွာ ဆက်ဆံနိုင်သူဖြစ်ပေသည်။

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ ယဲ့ရှီးပိုင်၏ မျက်လုံးများသည် တုန်လှုပ်သွားပြီး အေးစက်သောအလင်းတန်းတစ်ခုမွေးဖွားလာခဲ့သည်။ ထျန်းလန်ဒေသမြောက်ပိုင်း၏ ထိပ်တန်းပါရမီရှင် တစ်ယောက်ဖြစ်သည့်အလျှောက် ယဲ့ရှီးပိုင်သည် သံသယဝင်စရာပင် မလိုအောင် အလွန်အမင်းမောက်မာသောလူဖြစ်သည်။

ထျန်းလန်ဒေသအလယ်ပိုင်းရှိ ထိပ်တန်းအင်အားစုကြီးများက သူ့ကိုလက်ကမ်းကြိုဆိုခဲ့တာတောင် ယဲ့ရှီးပိုင်သည် တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်ခဲ့သူဖြစ်သည်။ ဒီလိုနာမည်တောင်မကြားဘူးသေးတဲ့ ရှန်ရှန့်ကျုံဂိုဏ်းဆိုရင်တော့ စိတ်ဝင်စားစရာတောင် မဟုတ်ပေ။

အမှန်အတိုင်း ပြောရပါလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော်လည်း ဘာလုပ်ရမည်နည်း။ သူသည် ထျန်းလန်ဒေသအလယ်ပိုင်းရှိ ထိပ်တန်းအင်အားစုကြီးများ၏ ဖိတ်ခေါ်ခြင်းကိုတောင် ငြင်းပယ်ခဲ့သူဖြစ်သည်။ ထိုသို့ငြင်းပယ်ပြီးတာကိုတောင် စိတ်အေးလက်အေးရှိနေနိုင်သေးသည်။ သူ့တွင် မည်သည့်နောက်ခံမှ မရှိဘူးဆိုတာ ဖြစ်နိုင်ပါမည်လော။

" ငါ ယဲ့ရှီးပိုင်က တစ်သက်လုံးမှာ ဘယ်သူ့က်ိုမှ ဦးမညွှတ်ဘူးကွ။ "

ယဲ့ရှီးပိုင်သည် သူ၏မျက်ဝန်းများကို မှေးကျဥ်းလိုက်ကာ ဝမ်ဖုန်းကို အေးစက်စက်စိုက်ကြည့်လျက် လှောင်ရယ်ပြောဆိုလိုက်သည်။ သူ့စကားလုံးများအတွင်းရှိ ခိုင်မာသော စိတ်နေစိတ်ထားကို လူတိုင်းခံစားသိရှိလိုက်ကြရသည်။

ယဲ့ရှီးပိုင်၏ စကားက ဝမ်ဖုန်း၏ နှလုံးသားကို စိတ်ပျက်သွားစေခဲ့သည်။ ယဲ့ရှီးပိုင်၏ စကားများမှတဆင့် ဝမ်ဖုန်းသည် ယဲ့ရှီးပိုင်ကို ခေါ်ယူရန်မဖြစ်နိုင်တော့သည်ကို သိရှိလိုက်ရသည်။

ဒီလိုဆိုမှတော့ ရလဒ်တစ်ခုသာ ရှိပေတော့သည်။

" သူ့က်ိုသတ်လိုက် "

ဝမ်ဖုန်းသည် ယဲ့ရှီးပိုင်ကို နည်းနည်းလေးတောင် လှည့်မကြည့်တော့ဘဲ ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ တုကူချိုးပိုင်၏ မျက်လုံးများသည် အလွန်အမင်းအေးစက်လာကာ ယဲ့ရှီးပိုင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူခန္ဓာကိုယ်မှထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါများက ယဲ့ရှီးပိုင်ကို ရေခဲဂူကြီးထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရစေသည်။

" ဟား ဟား ဟား ဟား "

တုကူချိုးပိုင်၏ သတ်ဖြတ်ခြင်းအရှိန်အဝါများက ယဲ့ရှီးပိုင်ကို တုန်လှုပ်သွားစေခဲ့သော်လည်း ဤတစ်ကြိမ်တွင် ယဲ့ရှီးပိုင်သည် ကြောက်လန့်သွားရမည့်အစား ကျယ်ကျယ်လောင်လောင် အော်ဟစ်ရယ်မောလိုက်သည်။

သူသည် ဝမ်ဖုန်းနှင့် အခြားသူများကို စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

" ဒီကမ္ဘာပေါ်က လူတိုင်းက ငါဆိုတဲ့ ယဲ့ရှီးပိုင်မှာ ဘယ်ဂိုဏ်းမှ မရှိဘူးလို့ တွေးထင်ကြတယ်။ ငါရဲ့အစစ်အမှန်နောက်ခံကို ဘယ်သူကမှ မသိကြဘူးကွ။ ''

အစက ယဲ့ရှီးပိုင်သည် သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးပြုပြီး အန္တရာယ်မှ လွတ်မြှောက်ချင်ခဲ့သည်။ သူကောင်းကောင်းမွန်မွန် လုပ်ဆောင်ပြမှသာလျှင် သူ့နောက်ကွယ်ရှိ ဂိုဏ်းကြီးမှာ သူ့ကိုပို၍ တန်ဖိုးထားမည်ဖြစ်သည်။

သို့သော်လည်း ဝမ်ဖုန်းနှင့် အခြားသူများ သူ့ရှေ့ကို ရောက်လာပြီးသည့် နောက်တွင် ယဲ့ရှီးပိုင်တစ်ယောက် သေချာစွာ သိမြင်လိုက်ရသည်။ သူ ထွက်သွားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် သူ၏အစစ်အမှန် ဝှက်ဖဲများက်ိုသာ အသုံးပြုရတော့မည်ဖြစ်သည်။

" ဂိုဏ်းတူအစ်ကိုကြီးတို့ ကူညီကြပါဦး။ "

ယဲ့ရှီးပိုင်သည် လေထုတစ်နေရာကို လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး လေးလေးစားစား ပြောဆိုလိုက်သည်။

ဤအချိန်တွင် ဝမ်ဖုန်းသည်သာမက အခြားသောသူများအားလုံးသည်လည်း ထိတ်လန့်သွားကြသည်။ ရွယ်ဖေးတို့ အစေခံလေးယောက်ကတောင်မှ ထိတ်လန့်သွားကြပြီး ယဲ့ရှီးပိုင်ဂါရဝပြုနေသောအရပ်ကို လှည့်ကြည့်မိလိုက်ကြသည်။

သူတို့ဟာ ယဲ့ရှီးပိုင်၏ ကိုယ်ပိုင်အစေခံများဖြစ်သော်လည်း ယဲ့ရှီးပိုင်သည် ဂိုဏ်းတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ထားသည်ကို သူတို့တောင်မသိခဲ့ရပေ။

ယဲ့ရှီးပိုင်၏ စကားဆုံးသွားသည့်အခါ ပုံရိပ်သုံးခုသည် လေထုအတွင်းမှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ဗြောင်ဝတ်စုံများကို ဝတ်ဆင်ထားသော လူငယ်လေးသုံးယောက်ပဲဖြစ်သည်။ သူတို့ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လေထုသည် ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် တုန်ခါသွားရသည်။

အဆိုပါလူများထွက်ပေါ်လာသည့်အခါ တုကူချိုင်းပိုင်၊ ကျန်းစန်ဖုန်း ၊ တုကူကျန်း နှင့် ယန်ကွမ်းထူတို့၏ မျက်နှာများမှာ အလွန်အမင်းတည်ငြိမ်လေးနက်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များကတောင် တောင့်တင်းသွားကြသည်။ တုကူချိုးပိုင်သည် ယဲ့ရှီးပိုင်ကို သတ်ဖြတ်ရန်တောင် မတွေးအားတော့ဘဲ ကျန်းစန်ဖုန်းနှင့် အခြားသူများဆိီကို ပြေးသွားကာ ဝမ်ဖုန်း၏ ရှေ့၌ပိတ်ကာ၍ စောက့်ရှောက်ပေးလိုက်သည်။

အဆိုပါ လူသုံးယောက်သည် အနည်းငယ်သော အရှိန်အဝါကိုမှ ထုတ်လွှတ်မနေသော်လည်း အကြည့်တစ်ချက်နဲ့ပင် တုကူချိုးပိုင်နှင့် အခြားသူများသည် သေစေနိုင်သော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ကြရသည်။

ထိုလူသုံးယောက်၏ ကျင့်ကြံဆင့်မှာ သူတို့ထက်များစွာ သာလွန်နေပေလိမ့်မယ်။

" ဆယ်ကြိမ် "

ထွက်ပေါ်လာသော လူသုံးယောက်သည် ဝမ်ဖုန်းတို့အုပ်စုကိုမျက်လုံးထဲတောင် မထည့်ထားဘဲ သူတို့၏မျက်နှာ၌ ထူးဆန်းသော အပြုံးများဖြစ်တည်လျက်ရှိသည်။ သူတို့ဟာ ယဲ့ရှီးပိုင်ကိုကြည့်လျက် ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည်။

ထိုမောက်မာသော စကားများက ဝမ်ဖုန်းတို့ အုပ်စုကို ပဟေဠိဖြစ်သွားစေရုံသာမက ယဲ့ရှီးပိုင်၏ အစေခံလေးယောက်ကိုလဲ ကြောင်အသွားစေခဲ့သည်။

ယဲ့ရှီးပိုင်တစ်ယောက်ထဲကသာ အရုပ်ဆိုးနေသော အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။ သူသည် ရွယ်ဖေးတို့လေးယောက်အား ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ လိပ်ပြာမသန့်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဂိုဏ်းတူအကိုကြီးသုံးယောက်ကို ဆရာက သူအား

စောင့်ရှောက်ရန်စေလွှတ်ခဲ့ပါသော်လည်း သူတို့လှုပ်ရှားသည့်အကြိမ်တိုင်းတွင်လည်း တန်ကြေးတစ်ခုကို ပေးဆပ်ရလေသည်။ ထိုတန်ကြေးမှာ ရွယ်ဖေးတို့လေးယောက်ပဲဖြစ်သည်။

ယဲ့ရှီးပိုင်သည် သူ၏ပုံရိပ်ကိုမထိခိုက်စေလ်ိုတာကြောင့် အကြိမ်တိုင်းတွင် အစေခံများမေ့မြောသွားစေပြီးမှ ဂိုဏ်းတူအကိုကြီးများ၏ အခန်းသို့ပို့ဆောင်ပေးခဲ့သည်။

ဤအဖြစ်အပျက်ကြောင့် ယဲ့ရှီးပိုင်သည် အရှက်ရသလိုခံစားနေခဲ့ရသော်လည်း သူလုပ်နိုင်တာ ဘာမှမရှိပေ။ သူ၏အကြီးမားဆုံးအားကိုးရာမှာ သူ့ဆရာ၏ ဂိုဏ်းသာဖြစ်သည်။ သို့သော်လည်း သူ့ဆရာ၏ ဂိုဏ်းထဲတွင် သူ၌နောက်ခံနေရာတစ်ခု ရှိမနေပါပေ။ ဂိုဏ်းတူအကိုကြီးများ၏ နောက်ခံက သူ့ထက် နက်ရှိုင်းပြီး သူကိုယ်တိုင်လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမတတ်နိုင်ပေ။

ယဲ့ရှီးပိုင်၏ စိတ်နေသဘောကို တွေ့မြင်လိုက်ရသည့်အခါ ထွက်ပေါ်လာသောလူသုံးယောက်သည် ကျေနပ်အားရစွာ ပြုံးလိုက်ကြတော့သည်။ သူတို့ဟာ ပထမဆုံးအကြိမ်အနေဖြင့် ဝမ်ဖုန်းနှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။ သူတို့သည် ရွယ်ဖေးတို့ လေးယောက်ကိုတောင် ဂရုမထားခဲ့ပေ။ သူတို့ဟာ အပျော်ရှာရုံမျှသာဖြစ်သည်။ အမျိုးသမီးများမှာ သူတို့အတွက် ပျော်ရွှင်ဖွယ်ရာသာဖြစ်ပြီး သူတို့၏စိတ်ထဲတွင် မည်သည့်အမျိုးသမီးကိုမျှ လေးလေးနက်နက်မဆက်ဆံပေ။

ဦးဆောင်လာသော အမျိုးသားက ဝမ်ဖုန်းနှင့်အခြားသူများကို ကြည့်လျက် ထူးမခြားနားအမူအရာဖြင့် ပြောဆိုလိုက်သည်။

" မင်းတို့ကိုယ့်ကိုကိုယ် သတ်သေလိုက်။ "

ဤအပြုအမူမှာ အလွန်အမင်းပဲ မောက်မာလှလေသည်။

သူတို့ဟာ ဝမ်ဖုန်းနှင့်အခြားသူများကို လက်ခုပ်ထဲမှ ရေများအလား သဘောထားနေခဲ့သည်။

ဤလူ၏ အပြုအမူက ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ အမူအရာများကို အေးစက်သွားစေခဲ့သည်။ သူတို့အားလုံးဟာ သူတို့နှင့် သက်ဆိုင်ရာကမ္ဘာတိုင်းတွင် ကံကြမ္မာက အလေးပေးရသော သားတော်များဖြစ်ကြသည်။ သူတို့ခန္ဓာကိုယ်အတွင်းရှိ မာနတရားများမှာလည်း သာမာန်လူများ နားမလည်နိုင်လောက်သည်အထိ မြင့်မားလှပေသည်။ သူတို့ဟာ ဤကမ္ဘာကြီးကို ရောက်ရှိလာခဲ့သော်လည်း သူတို့ထက်ပိုမိုသန်မာသော တည်ရှိမှုများကို တွေ့မြင်လာခဲ့ရသော်လည်း သူတို့ဟာ မာနတရားများကိုတော့ မစွန့်လွှတ်နိုင်ခဲ့သေးပေ။

ဝမ်ဖုန်းတစ်ယောက်တည်းကသာ သူတို့ရှေ့၌ မောက်မာခွင့်ရှိပေသည်။ အခြားသောသူများမှာ အရည်အချင်းမပြည့်မှီကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံးဟာ သူတို့ကမ္ဘာတိုင်းတွင် ပြိုင်ဘက်ကင်းများဖြစ်နေသောကြောင့်ပင်။

" စနစ်၊ ဒီလူသုံးယောက်ရဲ့ အထောက်အထားနဲ့ ခွန်အားကို စစ်ဆေးလိုက်ပါ။ "

ဝမ်ဖုန်း၏ မျက်လုံးများသည် အေးစက်သွားပြီး လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။

" ဒင်၊ ဂိုဏ်းအမှတ်နှစ်သိန်းကို အလိုအလျောက်အသုံးပြုပြီး စစ်ဆေးလိုက်ပါပြီ။ "

" ဒီလူသုံးယောက်က လင်းယွင်ဒေသက အကြီးဆုံးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့တပည့်တွေပဲဖြစ်ပါတယ်။ ပထမတစ်ယောက်က တာအိုအရှင်သခင်အစောပိုင်းအဆင့်ကို ရောက်နေပြီး ကျန်နှစ်ယောက်ကတော့ တာအိုဘုရင်အထွတ်အထိပ်အဆင့်မှာပါ။ "

သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏မျက်လုံးများအား တုန်ခါသွားစေခဲ့သည်။ ထိုလူများမှာ လင်းယွင်ဘုံလောကမှ ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

မကြာသေးမီက လင်းယွင်ယွမ်ကျဲ(လင်းယွင်ဘုံလောကအရှင်)သည် သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းဆီရောက်လာပြီး အနိုင်ကျင့်စော်ကားခဲ့သည်။

ဝမ်ဖုန်းသည် လင်းယွင်ဘုံလောကမှလူများနှင့် အလျင်အမြန်တွေ့ဆုံရလိမ့်မည်ဟု တွေးထင်မထားခဲ့ပေ။ သူ၏နှလုံးသားအတွင်း၌ အလွန်အမင်းအေးစက်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါများထွက်ပေါ်လာခဲ့သည်။ သူဟာ လျှို့ဝှက်စွာပြောဆ်ိုလိုက်သည်။

" စနစ်၊ ဒီလူသုံးယောက်ကို သတ်ဖို့နည်းလမ်းမရှိဘူးလား။ "

အရှက်ကွဲရခြင်း။ အရှက်ကွဲရခြင်းမှာ တစ်ကြမ်တစ်ခါနှင့်ပင် လုံလောက်နေပြီဖြစ်သည်။ လင်းယွင်ယွမ်ကျဲနှင့် ထိပ်တိုက်တွေ့ဆုံရသည့်အခါ သူ့တွင် ပြန်လည်တိုက်ခိုက်ရန်ခွန်အားမရှိခဲ့ပေ။ သို့ပါသော်လည်း ဒီလူများကတော့ လင်းယွင်ဒေသရှိ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းသားများသာ ဖြစ်သည်။ ဒီအခြေအနေတွင် သူသာ နောက်ဆုတ်အလျော့ပေးလိုက်ရပါက ဝမ်ဖုန်းသည် ပိုမို၍ အရှက်ကွဲသွားရမည်ဖြစ်သည်။

" အစောင့်အရှောက်တွေကို ဆင့်ခေါ်ပါ။ "

သူ့စိတ်အတွင်း ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်းကို တခဏကြာ ကြောင်အသွားစေခဲ့သည်။ သူက စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။

" အစောင့်အရှောက်ဆိုတာ ဘာလဲ"

''စနစ်ကို အဆင့်ငါးဆင့် တစ်ကြိမ်မြှင့်တင်ပြီးတိုင်းမှာ ပိုင်ရှင်က အစောင့်အရှောက်တစ်ယောက်ကို ဆင့်ခေါ်ခွင့်ရှိပါတယ်။ အစောင့်အရှောက် က စနစ်ကို အဆင့်ငါးဆင့်မြှင့်တင်ခြင်းအတွက် ဆုလာဒ်ဖြစ်ပါတယ်။''

" အစောင့်အရှောက်မှာ ပုံသေကျင့်ကြံဆင့်ဟူ၍ မရှိပါဘူး။ သူတို့ရဲ့ကျင့်ကြံဆင့်က ရှန်ရှန့်ကျုံဂိုဏ်း အသန်မာဆုံးလူထက် နှစ်ဆင့်မြင့်ပါတယ်။ ဒါ့အပြင် ပိုင်ရှင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းက ရန်သူတွေကို မကိုင်တွယ်နိုင်တော့ဘူးဆိုရင် အစောင့်အရှောက်တွေကို ကိုင်တွယ်ခိုင်းလို့ရပါတယ်။ "

" ဒါပေမယ့်လည်း အစောင့်အရှောက်တွေကို တစ်ကြိမ်ဆင့်ခေါ်လိုက်တိုင်းမှာ ပိုင်ရှင်ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းအမှတ်တွေနဲ့ ဆင့်ခေါ်ခွင့်အားလုံးကို ပြန်လည်ရုတ်သိမ်းသွားမှာပါ။ "

All Chapters