← Chapters

ပြည်နှင်ဒဏ်ခံ အင်မော်တယ်။

Vol. 16 Ch. 214

ပြည်နှင်ဒဏ်ခံ အင်မော်တယ်။

Vol. 16 Ch. 214

"ဖစ်..."

ဝမ်ဖုန်းသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။သူ၏ မျက်နှာဟာ ဖြူဖျော့နေပြီး သူဟာ ဒယိမ်းဒ ယိုင် မတ်တပ်ပြန်ရပ်လိုက်သည်။ ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဖြစ်သွားတော့မလို ခံစားနေရသည်။ သူဒီကမ္ဘာကြီးကို ရောက်လာပြီးနောက် ဤသည်မှာ အဆိုးရွားဆုံးဒဏ်ရာရသည့် အချိန်အခါပဲ ဖြစ်တော့သည်။

သူဟာ အံကိုတင်းတင်းကြိတ်ကြိတ်လိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် လူသုံးယောက်ကို မော့ကြည့်လိုက်သည်။ သူ၏ နှလုံးသားအတွင်း၌ အဆုံးအစမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်လာခဲ့သည်။ ထိုလူများ သေရပေလိမ့်မည်။ ဘယ်သူကမှ သူတို့ကိုကယ်တင်လို့မရနိုင်တော့ပေ။

ကျန်းစန်ဖုန်းနှင့်တခြားသူများသည်လည်း ဒယိမ်းဒယိုင် မတ်တပ်ရပ်လာကြပြီး ဝမ်ဖုန်း၏ဘေးနားကို လမ်းလျှောက်သွားလိုက်ကြသည်။ သူတို့ဟာလည်း လူသုံးယောက်ကို အေးစက်စက်မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။

"အားလုံးပြီးသွားပြီ... ပုရွက်ဆိတ်လေးတွေ"

လင်းယွင်ဂိုဏ်းမှ ဦးဆောင်လာသူ တပည့်က ဝမ်ဖုန်းနှင့်တခြားသူများကို ထူးမခြားနားစိုက်ကြည့်လိုက်ပြီး တိုးဖွသောလေသံဖြင့် ပြောဆိုလိုက်သည်။

ထို့နောက်သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ နောက်တစ်ကြိမ်ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ဖဝါးကြီးတစ်ခု နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ အဆိုပါဧရာမလက်ဖဝါးကြီးတွင် ပါဝင်သော ထိတ်လန့်ဖွယ်စွမ်းအားများမှာ ကမ္ဘာဘြီးတစ်ခုလုံးကို တုန်ခါစေခဲ့သည်။

ဘုံး....

ဒီအချိန်မှာဘဲ တုံ့ဖန်းပုပိုင်နှင့် အခြားသူများ၏ ကာကွယ်ပေးခြင်းခံထားရသော တုကူချိုးပိုင်ထံမှ ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဤသို့သော သေရေးရှင်ရေးကာလတွင် တုကူချိုးပိုင်သည် အဆင့်ချိုးဖြတ်တက်ရောက်နိုင်သွားခဲ့သည်!

သို့ပါသော်လည်း တုကူချိုးပိုင်သည် တာအိုဘိုးဘေးအဆင့်ကို ရောက်ရှိသွားသော်လည်း လင်းယွင်ဂိုဏ်းတပည့်သုံးယောက်သည် ထူးမခြားနားအမူအရာဖြင့် ရှိနေဆဲသာ။ တုကူချိုးပိုင်၏ အဆင့်မှာ သူတို့၏မျက်လုံးထဲတွင် ဘာကောင်မှဟုတ်မနေပေ။

တာအိုဘိုးဘေးအဆင့်လား... ဒါလည်း ပုရွက်ဆိတ်ပါပဲ...

ဤအရှိန်အဝါက ဝမ်ဖုန်းကို သက်ပြင်းပုန်းချလိုက်မိစေသည်။ သူဟာတုံ့ဆိုင်းခြင်းမရှိဘဲပြောဆိုလိုက်သည်။

"စနစ်... အစောင့်အရှောက်ကို ဆင့်ခေါ်လိုက်ပါ..."

တစ်ချိန်ထဲမှာဘဲ ဝမ်ဖုန်းသည် ကုသရေးဆေးလုံးများကို ထုတ်ယူလိုက်ပြီး ကျန်းစန်ဖုန်းတို့ကို ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ကုသရေးဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ သူဟာ ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်လက်ဖဝါးကြီးကို လုံးဝလျစ်လျူရှူထားလေသည်။

ဤမြင်ကွင်းက ကျန်းစန်ဖုန်းတို့ကို တခဏကြာ တုံ့ဆိုင်းသွားစေခဲ့သည်။ ဝမ်ဖုန်း ဘာတွေတွေးနေလဲဆိုတာကို သူတို့မခန့်မှန်းနိုင်တော့ပေ။ သို့ပါသော်လည်း သူတို့က ဝမ်ဖုန်း၏ညွှန်ကြားမှုနောက်ကိုလိုက်၍ စတင်ကုသလိုက်ကြသည်။

"ဒင်... အစောင့်အရှောက် နံပါတ်တစ် လွီပုကိုဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်..."

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပထမဆုံးအစောင့်အရှောက်လွီပုကို ချင်းလျန်အင်မော်တယ်လို့လည်း ခေါ်ပါတယ် ၊ သူ့ရဲ့စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်"

''အစောင့်အရှောက်နံပါတ်တစ် - လွီပု

ဘွဲ့နာမ - ချင်းလျန်ဓါးအင်မော်တယ် ၊ ရှေးဟောင်း ဓါးအင်မော်တယ် ၊ ယမကာအင်မော်တယ် ၊ ဖျက်စီးသူအရှင် ချင်းလျန်

လက်ရှိကျင့်ကြံခြင်းအဆင့် - တာအိုအရှင်သခင်အစောပိုင်းအဆင့် (ရှန်ရှန့်ကျုံဂိုဏ်း အသန်မာဆုံးပုဂ္ဂိုလ်ထက် အမြဲတမ်းအဆင့်ကြီးနှစ်ဆင့် ပိုမြင့်သည် ၊ လက်ရှိရှန်ရှန့်ကျုံဂိုဏ်းအသန်မာဆုံးအဆင့်မှာ တာအိုဘိုးဘေးအစောပိုင်းအဆင့်ဖြစ်သည်)

ရုပ်ခန္ဓာ - ဖျက်စီးခြင်း ချင်းလျန်ရုပ်ခန္ဓာ (ဤရုပ်ခန္ဓာကို အသုံးပြုလိုက်ပါက ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေသော ပထမဆုံးချင်းလျန်သားရဲပုံရိပ်ကို ဆင့်ခေါ်လိုက်မည်ဖြစ်သည်)

သွေးမျိုးစက် - ဖျက်စီးခြင်းချင်းလျန်သွေးမျိုးစက် (ဤသွေးမျိုးစက်ကို အသုံးပြုလိုက်ပါက ကောင်းကင်ကို အံတုနိုင်သော သက်လုံစွမ်းအားကို ပိုင်ဆိုင်မည်ဖြစ်သည် ၊ တခဏအတွင်းမှာပဲ ထိခိုက်ဒဏ်ရာများကို ပြန်လည်ကုသနိုင်ပြီး သွေးတစ်စက်မှ ပြန်လည်မွေးဖွားနိုင်သည်)

တာအို - ဓါးတာအို ၊ ကဗျာတာအို ၊ ယမကာတာအို ၊ ဖျက်စီးခြင်းချင်းလျန်တာအို

အထူးသိုင်းကွက်များ - ယမကာစစ်သူကြီး ၊ အရက် မူးဓါးသိုင်း ၊ ယွဲ့နွီဓါးချီ ၊ ခရီးကြမ်းနှင်ခြင်း ၊ ရှူလမ်းမထက်မှ အခက်အခဲများ ၊ လုရှန်းရေတံခွန်အား မော့ကြည့်ခြင်း ၊ သန်းခေါင်ယံည၏ အတွေးကွန်ယက်

အထူးစွမ်းအားများ - ချင်းလျန်ဓါးတေးသံ ၊ လေနှင့်မိုးကိုတုန်ခါစေသော စုတ်ချက်တစ်ချက် ၊ တစ္ဆေနှင့်နတ်ဘုရားများကို တုန်လှုပ်စေသော ကဗျာတေးတစ်ပုဒ် (ဤတေးသွားကို ရွတ်ဆိုလိုက်သည်နှင့် တေးသွားအတွင်းရှိ စကားလုံးတစ်လုံးစီတိုင်းတွင် ကောင်း ကင်နှင့်မြေပြင်၏ နိယာမများ ပါဝင်ကိန်းဝပ်နေမည်ဖြစ်သည် ၊ ဤကဗျာသည် ကောင်းကင်နှင့်မြေပြင်မှ မွေးဖွားလာခြင်းဖြစ်သည်)

အဆင့်မြင့်အထူးစွမ်းအားများ - ချင်းလျန်ဓါးအစီအရင် ၊ ယမကာအင်မော်တယ် (သေရည်သောက်သုံးပြီးနောက် ကဗျာဆရာ၏ အတွေးအမြင်များ ကြွယ်ဝလာကာ ကဗျာရေးသားခြင်းစွမ်းအားမှာ ထိတ်လန့်ဖွယ်ကောင်းအောင် တိုးတက်လိမ့်မည် ၊ နတ်ဘုရားများ၏စွမ်းအားများသည် မြင့်မားသော အရှိန်အဟုန်ဖြင့် တိုးပွားလိမ့်မည်) ၊ လက်ရေးလှရေးသားခြင်း (မြက်ပင်တိုင်းသည် ဓါးများဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ဟာ စက္ကူဖြစ်သည်)

လက်နက် - အင်မော်တယ်သေရည်အိုး ၊ ချင်းလျန်ဓါး ၊ ပြည်နှင်ဒဏ်ခံ အက်မော်တယ်ဝတ်ရုံ !''

''မှတ်ချက် - အစောင့်အရှောက်များကို အများဆုံး ဆယ်ယောက်သာ ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ထပ်မံဆင့်ခေါ်လိုက်သော အစောင့်အရှောက်များက ယခင်ဆင့်ခေါ်ထားသော အစောင့်အရှောက်များထက် ပိုမိုသန်မာမည်ဖြစ်သည်။ ''

အတုအယောင်ဖန်းသားပြင်ကြီးတစ်ခု ဝမ်ဖုန်း၏ အရှေ့၌ ထွက်ပေါ်လာသည့်အချိန်မှာပဲ ကြီးမား သော လက်ဖဝါးကြီးကလည်း ဝမ်ဖုန်းတို့တတွေနှင့် ဆယ်မီတာအကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ ဧရာမလက်ဖဝါးကြီးသည် တဖြည်းဖြည်းသက်ဆင်းလာပြီး အရှိန်နှုန်းမှာ အလွန်ပဲနှေးကွေးလှပေသည်။

ဦးဆောင်လာသော လင်းယွင်ဂိုဏ်းတပည့်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်။ သူသည် ဤမျှအဆင့်ရှိသော မကောင်းဆိုးဝါးပါရမီရှင်များကို သတ်ပစ်နိုင်တော့ပေမည်။ သူဟာအစကတည်းက လွယ်လင့်တကူ သတ်ဖြတ်နိုင်သော်လည်း ဝမ်ဖုန်းနှင့်အခြားသူများထံမှ ရုန်းကန်နေသော အမူအရာများ မျှော်လင့်ချက်မဲ့နေသော အမူအရာများကို တဖြည်းဖြည်းရှုစားလိုသေးသည်။

ထိတ်လန့်ဖွယ်ဖိအားကြီးသည် ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်စေခဲ့သော်လည်း ဝမ်ဖုန်း၏ မျက်နှာပေါ်တွင်တော့ ကြောက်လန့်မှု တစိုးတစ်ိမှ မရှိနေပေ။ သူဟာ အလွန်အမင်းတည်ငြိမ်နေပေသည်။

ပြည်နှင်ဒဏ်ခံအင်မော်တယ်လွီပု၏ ကဗျာစာပေအဆင့်သည် ကောင်ကင်တာအိုနှင့် လိုက်လျောညီထွေဖြစ်နေခဲ့ပြီး စင်္ကြာဝဠာကြီး၏ အသက်ရှုသံကဲ့သို့ မြင့်မားသော အဆင့်ကိုရောက်ရှိနေခဲ့ပြီဖြစ်သည်။

လွီပု၏ ကျင့်ကြံဆင့်မှာ လင်းယွင်ဂိုဏ်းသားများ၏ ကျင့်ကြံဆင့်နှင့်တူညီနေသော်လည်း ဝမ်ဖုန်းဟာ လွီပုအနေဖြင့် လင်းယွင်ဂိုဏ်းသားများကို အခက်အခဲမရှိ သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေဆဲပင်။

"ငါ၏တေးသံကို နာခံစွာ နားထောင်ကြကုန်လော့..."

ဧရာမလက်ဖဝါးကြီးက ဝမ်ဖုန်းတို့အဖွဲ့ကို ဖိခြေတော့မည့်အချိန်မှာဘဲ ကောင်းကင်နှင့်မြေပြင်ကြားတွင် အက်ရှသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ အဆိုပါအသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းတို့ကို ဖိခြေတော့မည့် ဧရာမလက်ဖဝါးကြီးသည် ဘယ်တုန်းကမှ ပေါ်ပေါက်မလာခဲ့သလိုမျိုး ခြေရာလက်ရာ မရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

ဤမြင်ကွင်းက ယဲ့ရှီးပိုင်နှင့် အစေခံလေးယောက်ကို သက်ပြင်းရှိုက်လိုက်မိစေသည်။ သူတိူ့၏ မျက်လုံးများဟာ ပြူးကျယ်နေပြီး ဒီမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြသည်။

လင်းယွင်ဂိုဏ်းသားသုံးယောက်၏ မျက်လုံးများသည်လည်း တုန်လှုပ်သွားခဲ့ပြီး အရပ်မျက်နှာတစ်ခုကို လှည့်ကြည့်မိလိုက်ကြသည်။

ဤအချိန်တွင် ဝမ်ဖုန်းနှင့် အခြားသူများသည်လည်း ဒဏ်ရာအနာတရများမှ သက်သာလာပြီဖြစ်သည်။ သူတို့ဟာ လေထုထဲ မတ်တက်ရပ်လိုက်ကြသည်။ ဝမ်ဖုန်း၏ နှုတ်ခမ်းများဟာ မြောက်တက်သွားပြီး အရပ်မျက်နှာတစ်ခုဆီသို့ မျှော်လင့်ချက်မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။

ကျန်းစန်ဖုန်းနှင့် တခြားသူများသည်လည်း တစ်စုံတစ်ခုကို တွေးတောမိသွားကာ စိတ်သက်သာရာ ရသွားကြသည်။

လူတိုင်း၏ စောင့်မျှော်သော အကြည့်များအောက်တွင် လူတစ်ယောက်သည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုသူဟာ ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ခြေဖဝါးအောက်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ သူသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အင်မော်တယ်တစ်ပါးကဲ့သို့ ကျက်သရေရှိလှသည်။

သူ၏ ရှည်လျားသော အနက်ရောင်ဆံနွယ်ရှည်များမှာလည်း လေယူရာ ယိမ်းနွဲ့နေခဲ့ပြီး သူ၏ချောမေခန့်ညားသော မျက်နာထက်တွင် ရူးကြောင်ကြောင်အပြုံး တစ်ခုရှိနေသည်။ သူဟာ လက်တစ်ဖက်တွင် သေရည်အိုးကိုကိုင်ထားပြိး အချိန်နှင့်အမျှ တစ်ကျိုက်ပြီးတစ်ကျိုက်မော့သောက်နေခဲ့သည်။ သူ၏ခါးတွင်လည်း ရှည်လျားသော ဓါးရှည်တစ်ချောင်းကို ချိတ်ဆွဲထားလေသည်။ သူ့ကိုဘယ်လိုဖော်ပြရမှန်း ဘယ်သူကမှ မသိကြတော့ပေ။ သူတို့အားလုံးသိကြသည်မှာ အဆိုပါယောင်္ကျားသည် အင်မော်တယ်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဆိုတာပင်။

"မင်းကဘယ်သူလဲ?..."

တာအိုအရှင်သခင်အစောပိုင်းအဆင့်တွင်ရှိနေသော လင်းယွင်ဂိုဏ်းသားသည် လီပိုင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ကာ ကျယ်လောင်သော လေသံဖြင့် မေးမြန်းလိုက်သည်။ သူသည် လီပိုင်ထံမှ မည်သည့်အရှိန်အဝါကိုမှ ခံစားရခြင်းမရှိသော်လည်း ထိတ်လန့်ခြောက်ခြားမှုတစ်ခုကို မဖော်ပြနိုင်အောင် ခံစားနေရသည်။

"အေ့..."

လီပိုင်သည် လေချင်တတ်လိုက်သည်။ သူဟာ လက်တစ်ဖက်ကို နောက်ပစ်လျက် လေထုအတွင်း လဲလျောင်းချလိုက်သည်။ သူလှဲချလိုက်သည်နှင့်တစ်ပြိုင်နက် အစိမ်းရောင်ကြာပန်းကြီးတစ်ခုသည် သူ၏ကျောအောက်ခြေမှ ဖြစ်ပေါ်လာခဲ့ကာ သူ့ကို တဖြည်းဖြည်းချင်းမြေပြင်ဆီ သက်ဆင်းသွားစေခဲ့သည်။

လီပိုင်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားပြီး ရူးကြောင်ကြောင်ပြုံးလိုက်ကာ ပြောဆိုလိုက်သည်။ "ငါမင်းတို့ကို ကဗျာတစ်ပုဒ် စပ်ဆိုပြမယ်..."

"မြစ်ဝါမြစ်မှရေများ ကောင်းကင်ပေါ်ဖြစ်တည်လာပြီး... ပင်လယ်တွင်းသက်ဆင်းကြသည်ကို... သင်တို့မသိကြကုန်..."

ဘုံး...

လီပိုင်၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် လေထုထဲ၌ လှိုင်းများဖြစ်ပေါ်လာခဲ့သည်။ လင်းယွင်ဂိုဏ်းသား၏ ထိတ်လန့်နေသော အကြည့်များအောက်တွင်ပဲ ရေတံခွန်ကဲ့သို့ ရေလှိုင်းများသည် သူတို့အားလုံး၏ ဦးခေါင်းအထက်၌ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါရေလှိုင်းများမှ ထုတ်လွှတ်နေသော စွမ်းအားများက လင်းယွင်ဂိုဏ်းသားများ၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။ ထိတ်လန့်ဖွယ်အကောင်းဆုံးအရာမှာ အဆိုပါရေလှိုင်းများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံတစ်ခွင်၌ ရေစက်ရေပေါက်များဖြင့် ပြည့်နက်သွားခဲ့သည်။ ရေစက်ရေပေါက်တစ်ခုချင်းစီတိုင်းတွင် ထက်မြသော ဓါးချီများ ကိန်းဝပ်နေပေသည်။ ထိုရေစက်ရေပေါက်ပင်လယ်ကြီးမှာ သာမန်ရေစက်ရေပေါက်များမဟုတ်ဘဲ ဓါးပင်လယ်ကြီးသာ ဖြစ်ပေသည်။

ဘေးတစ်ဖက်တစ်ချက်တွင် စောင့်ကြည့်နေသော ယဲံရှီးပိုင်သည် ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ဒူးထောက်လျက်သား ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာတစ်ခုလုံးမှာ ဖြူဖျော့နေပေသည်။ သူသည် ဝေးလံသော အကွာအဝေးမှ ေစာင့်ကြည့်နေသော်လည်း ကြောက်လန့်ဖွယ် ဓါးပင်လယ်ကြီး၏ အရှိန်အဝါများကို ခံစားနေရဆဲပင်။

ယဲ့ရှီးပိုင်သည် မောက်မာသော လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင် သူသည် အဆိုပါရေစက်ရေပေါက် သဏ္ဍာန် အသွင်ယူထားသော ဓါးပင်လယ်ကြီးကို ခုခံနိုင်လိမ့်မည်မဟုတ်ဟု သူ့ကိုယ်သူသိနေခဲ့သည်။

All Chapters