← Chapters

။ သေဆုံးခြင်း၏ ကဗျာစာဆို။

Vol. 16 Ch. 215

။ သေဆုံးခြင်း၏ ကဗျာစာဆို။

Vol. 16 Ch. 215

အုံး..

လင်းယွင်ဂိုဏ်းသားသုံးယောက်သည် ကြောက်လန့်မှုကြောင့် တုန်ယင်နေခဲ့ကြသော်လည်း သူတို့သည် ကိုယ်တွင်းမှ ချီစွမ်းအင်များကို နိုးဆွလိုက်ကြသည်။

တာအိုဘုရင်အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်နှစ်ယောက်နှင့် တာအိုအရှင်သခင် အစောပိုင်းအဆင့်ပုဂ္ဂိုလ်တစ်ယောက်တို့၏ စွမ်းအားများသည် ကမ္ဘာလောကကြီးအတွင်း ရုတ်ချည်းထွက်ပေါ်လာကာ ပတ်ဝန်းကျင်လေထုကို မုန်တိုင်းထန်စေခဲ့သည်။

" သတ်ကြ "

တာအိုအရှင်သခင် အစောပိုင်းအဆင့်ဂ်ိုဏ်းသား၏ ဦးဆောင်မှု နှင့်အတူ သူတို့သုံးယောက်သည် ကြောက်လန့်ဖွယ် တိုက်ခိုက်မှုကြီးတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုကြီးသည် ကောင်းကင်ကို ထိုးခွင်းတော့မည့်အလား ပျံသန်းထွက်ခွာသွားခဲ့သည်။

သူတို့သည် လင်းယွင်ဘုံလောကမှ နံပါတ်တစ်ဂ်ိုဏ်းကြီး၏ ဂိုဏ်းသားများဖြစ်ရန် ထိုက်တန်ပါပေသည်။ လက်ရှိအချိန်တွင် သူတို့ထုတ်ဖော်လိုက်သော စွမ်းအားမှာ သာမာန်အဆင့်တူ စွမ်းအားရှင်များထက် များစွာသာလွန်နေပေသည်။

သူတို့သုံးယောက်၏ စုပေါင်းထားသော စွမ်းရည်များသည် ပြိုင်ဘက်ကင်းတိုက်ခိုက်မှုကြီးတစ်ခုကို ပြုလုပ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ ရေစက်ရေပေါက်များနှင့် ထိတွေ့မိသွားကြသည်။

အုံး..

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုသည် ကမ္ဘာလောကကြီးအတွင်း ပဲ့တင်ထပ်မြည်ဟီးသွားခဲ့သည်။

ကြောက်လန့်ဖွယ် စွမ်းအားလှိုင်းကြီး ဖြတ်သန်းသွားသည့်အခါ တိုက်ပွဲမြေပြင်ကို ဗဟိုပြုလျက် ပတ်ပတ်လည်မိုင်ထောင်ပေါင်းများစွာသည် ပျက်စီးကြေကွဲသွားရသည်။

ယဲ့ရှီးပိုင်နှင့် အခြားသူများသည် လွင့်စင်ထွက်သွားကြသည်။ သူတို့သည် သူတို့ကိုယ်တွင်းရှ်ိစွမ်းအင်များကို အပြည့်အဝထုတ်သုံး၍ ခုခံခဲ့ကြရသော်လည်း စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် အပြင်းအထန်ဒဏ်ရာရသွားကြသည်။ အစေခံလေးယောက်လုံးမှာ သွေးမြူများအဖြစ် ပေါက်ကွဲ သေဆုံးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ သွေးချင်းချင်း နီရဲသွားလေသည်။

စူးရှသောသွေးရနံ့က လှိုင်လှိုင်ထွက်ပေါ်လာခဲ့သည်။ ကြောက်လန့်ဖွယ် စွမ်းအားမုန်တိုင်းကြီး၏ လက်ချက်ကြောင့် မိုင်ထောင်ချီပတ်လည်ရှိ သားရဲသတ္တဝါများအားလုံးသည် အပိုင်းပိုင်းပြတ်တောက်သေဆုံးသွားရသည်။ တိုက်ပွဲမြေပြင်တွင် ဝမ်ဖုန်းနှင့် အခြားလူများကသာ မထိမခိုက်ဘဲ မတ်တပ်ရပ်နေနိုင်ခဲ့ကြသည်။ ကြီးမားသောအကာအရံကြီးတစ်ခုသည် သူတို့၏ ပတ်ပတ်လည်၌ ဖြစ်ပေါ်လာပြီး သူတို့ကိုအကာအကွယ်ပေးနေခဲ့သည်။ အဆိုပါအကာအရံက်ို လွီပုမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဤအချိန်မှာပဲ ကုချိုးနှင့် ကုကန်းချိုးတို့သည် လေထုအတွင်း လဲလှောင်းနေသော လီပိုင်ကို လေးစားအားကျနေသာအမူအရာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ကြည့်စမ်းပါဦး ၊ ဘယ်လောက်ကျက်သရေရှိလိုက်သလဲ။ ဒီလိုတည်ငြိမ်တဲ့အမူအရာနဲ့ အနာဂတ်မှာ သူတို့လည်း ဓားပြတိုက်နိုင်ရင် သိပ်ကောင်းမှာပဲ။

ငါတို့ဆုံးဖြတ်ပြီးပြီ အဲတာသူပဲ!

သူတို့သည် ထိုပုဂ္ဂိုလ်ကို ဆရာအဖြစ် ဂါရဝပြုလိုကြသည်။ အနာဂတ်သူတို့အပြင်ထွက်၍ ဓားပြတိုက်သည့်အခါလည်း ကဗျာတစ်ပုဒ်ကို အရင်ရွတ်ဆိုပြီးမှ ဓားပြတိုက်လျှင် မည်မျှလောက် စိတ်ကူးယဥ်ဆန်လိုက်မည်နည်း။

ကောင်းပြီ။ ငါနောက်ကျမှ ဂိုဏ်းချုပ်ကို ကိုယ်တိုင်ပြောရမယ်။ ငါ့ကို ဂိုဏ်းချုပ်က ကိုယ်တိုင်ကိုယ်ကျ ဂိုဏ်းထဲ ဖိတ်ခေါ်ခဲ့တာပဲလေ။ ဒီလူကို ငါဆရာအဖြစ် တောင်းဆိုလို့ရလောက်မှာပါ။

ကုချိုးသည် လွီပုကို ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများအတွင်း အဆုံးအစမဲ့ စိတ်အားထက်သန်မှုများဖြစ်ပေါ်လျက်ရှိသည်။

" ဖစ်.."

ပြင်းထန်သောလေလှိုင်းကြီးနှင့် အရာအားလုံးရှင်းလင်းသွားသည့်အခါ လင်းယွင်ဂိုဏ်းသားသုံးယောက်၏ ပုံရိပ်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။ လက်ရှိအချိန်တွင် သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး အဝတ်အစားများမှာလည်း စုတ်ပြဲနေကာ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်၌ ဓားဒဏ်ရာများရှိနေခဲ့ကြသည်။

ထိုကဲ့သို့သော အသွင်အပြင်က ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသော ယဲ့ရှီးပိုင်အား ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေခဲ့သည်။ သူ၏အသန်မာဆုံးသော ထောက်တိုင်ကြီးမှာ မျက်စိတမှိတ်အတွင်းမှာပဲ ဤမျှလောက်သနားစဖွယ်အခြေအနေကို ရောက်ရှိသွားရသည်လား။

ယဲ့ရှီးပိုင်၏ နှလုံးသားအောက်ခြေမှနေ၍ စိတ်ပျက်အားလျော့မှု ခံစားချက်များဖြစ်ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများအတွင်း စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ရှန်ရှန့်ကျုံဂိုဏ်း ဆိုတာ ဘာများလဲ။ ဒီရှန်ရှန့်ကျုံဂိုဏ်းက သူရဲ့ ဂိုဏ်းတူအကိုကြီး သုံးယောက်ကိုတောင် အလွယ်တကူ အနိုင်ယူလိုက်နိုင်တာလား။

လွန်ခဲ့သော တစ်ခဏက သူသည် ဝမ်ဖုန်းနှင့်အခြားသူများ၏ ကြောက်လန့်ဖွယ် သေဆုံးမှုကို မျက်မြင်တွေ့မြင်ချင်ခဲ့သည်။ သို့သော်လည်း နောက်တဒင်္ဂအကြာမှာတော့ အခြေအနေဟာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ကမ္ဘာကြီးဟာ ဤမျှလောက်မြန်ဆန်သည့်နှုန်းဖြင့် ပြောင်းလဲနေသလော။

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

လင်းယွင်ဂိုဏ်းသားများသည် အစ်ိမ်းရောင်ကြာပွင့်ပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းနေသော လွီပုကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။ သူတို့သည် လင်းယွင်ဘုံလောကရှိ အကြီးဆုံးဂိုဏ်းမှ ဂိုဏ်းသားများဖြစ်ကြသည်။ သူတို့ကိုလွယ်လွယ်ကူကူ အနိုင်ယူလိုက်တာလား။

အရေးကြီးဆုံးအရာမှာ သူတို့ဟာ လွီပု၏ ကျင့်ကြံဆင့်မှာ တာအိုအရှင်သခင် အစောပိုင်းအဆင့်၌သာ ရှိသေးကြောင်း ခံစားသိရှိလိုက်ကြသည်။ ဒီလိုကျင့်ကြံဆင့်လောက်နဲ့ သူတို့သုံးယောက်ကို လွယ်လင့်တကူအနိုင်ယူလိုက်တာလား။ ဒါကအရမ်းကို သန်မာလွန်းနေသည်။

သူတို့သည် လင်းယွင်ဂ်ိုဏ်းမှ ထိပ်တန်းပါရမီရှင်များ မဟုတ်သော်လည်း အတွင်းစည်းဂိုဏ်းမှ ထိပ်တန်းဂိုဏ်းသားများတော့ ဖြစ်ကြသည်။ သူတို့ဟာ အဆင့်တူတွင် ပြိုင်ဘက်ကင်းဟု မဆိုနိုင်သော်လည်း သာမာန်လူများထက်တော့ အလွန်အမင်းထူးချွန်သည်မှာ အမှန်ပဲဖြစ်သည်။

သူတို့သုံးယောက်စလုံးသည် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ သူတို့ကို တာအိုအရှင်သခင် အလယ်အလတ်အဆင့်ရှိ စွမ်းအားရှင်တစ်ယောက်က အနိုင်ယူနိုင်ခဲ့ပါက သူတို့ဘာမှ တွေးမိကြမှာမဟုတ်ပေ။ သို့သော်လည်း ယခုတော့ သူတို့ကို တာအိုအရှင်သခင် အစောပိုင်းအဆင့်ရှိ လူတစ်ယောက်က လွယ်လင့်တကူအနိုင်ယူလိုက်တာလား။ ဒါက သူတို့ကို တုန်ယင်သွားစေခဲ့သည်။

" ကောင်းပြီ။ မင်းတို့က နောက်ကဗျာတစ်ပုဒ်နဲ့ထိုက်တန်တာပဲ။ နောက်ထပ် ကဗျာတစ်ပုဒ်ကို သင်ပြပေးရမှာပေါ့ကွာ "

လင်းယွင်ဂိုဏ်းသားသုံးယောက်သည် သူ၏ပထမဆုံးသော တေးကဗျာအား အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်ကို တွေ့မြင်လိုက်ရသောအခါ လွီပုသည် ပေါ့ပေါ့ပါးပါးပြုံးရယ်လိုက်သည်။ သူဟာ သေရည်ကို တစ်ကြိုက်မော့သောက်လိုက်ပြီး နူးညံ့သော လေသံဖြင့် ရွတ်ဆိုလိုက်သည်။

သူ၏ စကားများမှာ အကြီးအကဲတစ်ယောက်က တပည့်လေးများကို သွန်သင်ဆုံးမနေသည့်အလားပင်။

လ်ွီပု၏ စကားလုံးများက လင်းယွင်ဂိုဏ်းသား သုံးယောက်ကို အောင်မြင်စွာ ရန်စနိုင်ခဲ့သည်။ သူတို့ဟာ လင်းယွင်ဂိုဏ်းမှ ပါရမီရှင် ဂိုဏ်းသားများဖြစ်ကြသည်။ ဤလူ၏ လေသံမှာ သူတို့၏မျက်နှာကို ထားစရာမရှ်ိအောင်ပြုလုပ်နေပေသည်။

အထူးသဖြင့် ခေါင်းဆောင်လုပ်သူ လူငယ်ပဲဖြစ်သည်။ သူနှင့် လွီပုတို့ နှစ်ယောက်စလုံးသည် တာအိုအရှင်သခင် အစောပိုင်းအဆင့်တွင် ရှိနေကြသည်။ သို့သော်လည်း သူဟာ လွီပု၏ လှောင်ပြောင်ရှုတ်ချခြင်းကို ခံနေရသည်လား။ သူ အဘယ်မှာလျှင် သည်းခံနိုင်မည်နည်း။

" တစ်ကိုယ်တော် သတ်ဖြတ်ခြင်းလက်သီး "

တာအိုအရှင်သခင် အစောပိုင်းအဆင့် လူငယ်၏ မျက်လုံးများသည် ဝင်းလဲ့ တောက်ပသွားပြီး အော်ဟစ်ပြောဆိုလိုက်သည်။ ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏လက်သီး၌ မျက်စိကျိန်းလောက်စရာ အလင်းတန်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

တစ်ကိုယ်တော် သတ်ဖြတ်ခြင်း လက်သီးသည် လင်းယွင်ဂ်ိုဏ်းသားများအားလုံး သင်ယူကြရသော မှော်စွမ်းအားတစ်ခုပဲ ဖြစ်သည်။ အဆိုပါလက်သီးသည် သတ်ဖြတ်ခြင်းကိုသာ ဦးတည်ထားပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။

ဤအချိန်တွင် လင်းယွင်ဂိုဏ်းတပည့်၏ လက်သီးထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာလျက်ရှိသည်။ မရေမတွက်နိုင်သော အလောင်းကောင်များနှင့် သွေးပင်လယ်က်ိုတွေ့မြင်လိုက်ရသကဲ့သို့ လူတိုင်းလူတိုင်းခံစားလိုက်ကြရသည်။ ထိုဂိုဏ်းသား၏ မျက်လုံးအတွင်းမှ အေးစက်စက်အကြည့်များကလည်း ကြည့်ရှု့မိသူတိုင်းကို ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရစေသည်။

" သေစမ်း! "

သူဟာ လက်သီးထိုးချလိုက်သည်။ လေထုတစ်ခုလုံးသည် ရုတ်ချည်းပဲ အက်ကွဲသွားခဲ့သည်။ အဆ်ိုပါလက်သီးချက်တွင် ကြီးကျယ်ခမ်းနားသော စွမ်းအားများနှင့် အတိုင်းအစမဲ့သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ပါဝင်နေသည်။ ထိုလက်သီးဟာ လွီပုဆီ အလွန်အမင်းလျင်မြန်သော အမြန်နှုန်းဖြင့် ပြေးဝင်သွားသည်။

တချိန်တည်းမှာပဲ ထိုဂိုဏ်းသား၏ အနောက်ဘက်ရှိ ဂိုဏ်းတူညီငယ် နှစ်ယောက်သည်လည်း အသန်မာဆုံးတိုက်ကွက်များကို အသုံးပြု၍ လွီပုကို တိုက်ခိုက်လိုက်ကြသည်။

" ဇရာ၏သဘောသဘာဝကို ရှု့မြင်ကြလော့။ မနက်ခင်းသည် အပြာရောင် ပိုးသားကဲ့သို့ဖြစ်ပြီး ညနေခင်းတွင် ဆီးနှင်းအတိပြီး၏။ "

ထိုလူသုံးယောက်ထံမှ ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့်အခါ လွီပု၏ နှုတ်ခမ်းသားများသည် လှုပ်ခါသွားပြီး အက်ရှရှအသံတစ်သံထွက်ပေါ်လာသည်။

အဆိုပါအသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံးသည် ရပ်တန့်သွားခဲ့ပုံပေါ်သည်။ ကြောက်လန့်ဖွယ် ကောင်းသော လက်သီးချက်နှင့် အခြားတိုက်ခိုက်မှုနှစ်ခုသည် လွီပုနှင့် တစ်မီတာအကွာတွင် လုံးဝရပ်တန့်သွားခဲ့သည်။

လင်းယွင်ဂိုဏ်းသားသုံးယောက်လုံး၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါသွားပြီး သူတို့သည် အဆုံးအစမဲ့သော ကြောက်လန့်မှုကြီးကို ခံစားလိုက်ရသည်။ ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးများလဲ။

သို့ပါသော်လည်း သူတို့သည် သူတို့၏ကိုယ်တွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခု အစပျိုးလာသည်ကိုတော့ သတိမမူမိလိုက်ကြပေ။ ဤသည်မှာ အိုမင်းခြင်း၏ စွမ်းအားများပင်ဖြစ်သည်။ ဤအချိန်တွင် သူတို့၏ နက်မှောင်ပြီးလှပသော ဆံပင်များမှာ ဆီးနှင်းကဲ့သို့ ရုတ်ချည်းအဖြူရောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။ သူတို့၏အရေပြားမှာလည်း ရှုံ့တွလာပြီး လူအိုကြီးများကဲ့သို့ အရေးအကြောင်းများဖြစ်ပေါ်လာခဲ့သည်။

" ဟင့်အင်း ။ မဟုတ်ဘူး ၊ ဒါ ဘာတွေဖြစ်နေတာလဲ!? "

လင်းယွင်ဂိုဏ်းသားသုံးယောက်သည် သူတို့ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို သတိပြုမိသွားကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့ အရေးအကြောင်းများဖြစ်ပေါ်နေသော မျက်နှာအထက်တွင် အကြောက်တရားများ ကြီးစိုးနေခဲ့သည်။ သူတို့တကယ့်ကို ကြောက်လန့်နေပါပြီ။

သို့ပါသော်လည်း သူတို့၏ ကြောက်လန့်တကြား ဟစ်အော်သံများမှာ သူတို့အသက်ကြီးရင့်လာသည်ဆိုသော အမှန်တရားကို မပြောင်းလဲနိုင်ကြပေ။ သူတို့ဟာတဖြည်းဖြည်း ပိုမိုအသက်ကြီးရင့်လာခဲ့ကြသည်။ သူတို့၏ ဆံပင်များကတောင် တစ်ချောင်းချင်း တစ်ချောင်းချင်း ကျွတ်ထွက်သွားကြသည်။

သူတို့တင်မကသေးဘဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားသော ယဲ့ရှီးပိုင်သည်လည်း လီပိုင်၏ ထူးဆန်းသောစွမ်းအား၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူသည်လည်း အသက်ကို ဖျော့တော့စွာ ရှုရှိုက်နေရသည်။

All Chapters