← Chapters

။ ယွမ်ကျဲ၏ရည်မှန်းချက်။

Vol. 16 Ch. 216

။ ယွမ်ကျဲ၏ရည်မှန်းချက်။

Vol. 16 Ch. 216

ဤအချိန်တွင် ယဲ့ရှီးပိုင်၏မျက်နှာတစ်ခုလုံး၌ စိတ်ပျက်အားလျော့မှုများ ဖြစ်ပေါ်လျက်ရှိသည် ။ သူသည် သူ့နောက်ကွယ်တွင် လင်းယွင်ဂိုဏ်းတစ်ခုလုံးရှိနေတာကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မည်ဟု ထင်ခဲ့ဖူးသည် ။ သို့ပါသော်လည်း သူ၏အစီအစဉ်များမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ဖျက်ဆီးခြင်းကို ခံလိုက်ရမည်ဟု ထင်မထားခဲ့ပေ။

ထျန်းလန်မြောက်ပိုင်းဒေသတွင် သူ၏ဂိုဏ်းတူအစ်ကိုကြီးသုံးယောက် စတင်လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် မည်သည့်ဂိုဏ်းကြီးကမှ သူတို့ကိုအာမခံရဲတော့ဘဲ သူတို့အလိုရှိရာကို ယူဆောင်ခွင့်ပြုခဲ့သည် ။

လူတိုင်းသည် သူဟာ တာအိုဘိုးဘေးအထွတ်အထိပ်အဆင့်တွင်သာ ရှိနေသေးကြောင်း သိနိုင်ပေသည် ။ သို့ပါသော်လည်း တာအိုဘုရင်အထက်အဆင့်ရှိ အစောင့်‌အရှောက်သုံးယောက် သူ့တွင်ရှိနေခဲ့သည် ။ အဆိုပါနောက်ခံမှာ အလွန်အမင်းကို ကြောက်လန့်ဖွယ်ကောင်းပေသည် ။

သူ့ဂိုဏ်းတူအစ်ကိုကြီးသုံးယောက်၏ ခွန်အားကို တွေ့မြင်လိုက်ရသည်နှင့်တပြိုင်နက် ထျန်းလန်အလယ်ပိုင်းဒေသရှိ အင်အားစုကြီးများကတောင် အလျင်စလို လှုပ်ရှားပြုမူရဲမည်မဟုတ်ပါပေ ။

သို့ပါသော်လည်း ဒီရှန်ရှန့်ကျုံဂိုဏ်းကတော့ အကြောက်တရားကင်းမဲ့လွန်းသည် ။ ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က ရှန်ရှန့်ကျုံဂိုဏ်းတွင် ဤမျှလောက်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခု ရှိနေခဲ့သည် ။

" ငါ ... ငါက လင်းယွင်ဂိုဏ်းရဲ့ နံပတ်တစ်ဂိုဏ်းသားပဲကွ ! ။ မင်း ငါ့ကိုသတ်လို့မရဘူး ! '' သေလုမျောပါး အဖိုးကြီးတစ်ယောက်ဖြစ်လာသော လင်းယွင်ဂိုဏ်းသားသည် လွီပုကို ထိတ်လန့်တကြားလှမ်းကြည့်ပြီး အော်ပြောလိုက်သည် ။

သူသည် လွီပုကဲ့သို့သော တာအိုအရှင်သခင် အစောပိုင်းအဆင့် ကြောက်လန့်ဖွယ်စွမ်းအားရှင်တစ်ယောက်ကို မတွေ့မမြင်ဖူးပေ ။ တာအိုအရှင်သခင် ‌အစောပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက်က လျှို့ဝှက်ဆန်းပြားသော အချိန်၏စွမ်းအားကို အသုံးချနိုင်သည်လား? သူကိုယ်တိုင် မျက်မြင်မတွေ့ရပါက ယုံကြည်နိုင်ဖွယ်ရှိမည်မဟုတ်ပေ။

ထိုသူ၏စကား ဆုံးသွားသည်နှင့်တပြိုင်နက် လွီပုသည်ရပ်တန့်လိုက်ပြီး ဝမ်ဖုန်းကိုလှမ်းကြည့်လိုက်သည် ။

" တစ်ယောက်ပဲချန်ထားခဲ့ ! " ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခု လင်းလက်သွားပြီး ပေါ့ပါးစွာပြောဆိုလိုက်သည် ။ လင်းယွင်လောကမှလူများသည် အဘယ်ကြောင့် ရှန်းလန်လောကကို ရောက်ရှိနေကြောင်းကို ဝမ်ဖုန်းတစ်ယောက် သိချင်နေမိသည်။

လင်းယွင်ယွမ်ကျဲ ထွက်ခွာသွားပြီးနောက် သိပ်မကြာခင်မှာပဲ လင်းယွင်ဂိုဏ်းသားများကို တွေ့မြင်လိုက်ရသည် ။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှုတစ်ခု ရှိနေလေရော့သလား ။

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ လွီပု၏နှုတ်ခမ်းများသည် တွန့်ကွေးသွားပြီး လင်းယွင်ဂိုဏ်းသားသုံးယောက်နှင့်ယဲ့ရှီးပိုင်ကို လှမ်းကြည့်လိုက်သည် ။ သူဟာဖြူဖွေးသောလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး အသာအယာခါယမ်းလိုက်သည် ။

ဘုန်း !

ကျယ်လောင်သောပေါက်ကွဲသံကြီးသုံးခု ဖြစ်ပေါ်လာခဲ့သည် ။ တာအိုအရှင်သခင်အစောပိုင်းအဆင့် လင်းယွင်ဂိုဏ်းသားမှလွဲ၍ ယဲ့ရှီးပိုင်အပါအဝင် အခြားသောဂိုဏ်းသားများသည် လွီပု၏သတ်ဖြတ်ခြင်းကို ခံလိုက်ကြရပြီး ချက်ချင်းပျောက်ကွယ်သွားကြသည် ။

" ဒင် ၊ ရှန်ရှန့်ကျုံဂိုဏ်း၏အစောင့်အရှောက်လွီပုမှ တာအိုဘုရင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် တာအိုဘိုးဘေးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ။ တာအိုအဆင့် ဆင့်ခေါ်ခွင့်ငါးကြိမ်နှင့် ဂိုဏ်းအမှတ်ခုနှစ်သိန်း ဆုချလိုက်သည်။"

သူ၏စိတ်အတွင်းမှ ထွက်ပေါ်လာသော အေးစက်စက်လေသံကြောင့် ဝမ်ဖုန်းသည် စိတ်ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်မိသည် ။ လွီပုကိုဆင့်ခေါ်လိုက်မိခြင်းကြောင့် သူ၏ဆင့်ခေါ်ခွင့်များအားလုံးနှင့် ဂိုဏ်းအမှတ်များအားလုံးကို ဆုံးရှုံးခဲ့ရသည် ။ သို့သော်လည်း ယခု‌တွင်တော့ သူ ပြန်လည်ရရှိခဲ့ပြီဖြစ်သည် ။

ဘုန်း !

လွီပုသည် လင်းယွင်ဂိုဏ်းသားတစ်ယောက်ကို ဝမ်ဖုန်း၏ရှေ့သို့ပစ်ချလိုက်ပြီး ပြောဆိုလိုက်သည် ။ " ဒီလူကိုဂိုဏ်းချုပ်နဲ့အပ်ခဲ့လိုက်ပြီ ။ ဂိုဏ်းချုပ်အလိုရှိသလို လုပ်ပါလေ ။ ကျုပ် လွီပုကတော့ သွားသောက်လိုက်ပါဦးမယ် ။ "

ထိုသို့ပြောကြားလိုက်ပြီးနောက် လွီပုသည် ဝမ်ဖုန်းကိုလေးလေးစားစားဂါဝရပြုလိုက်ကာ ရုတ်ချည်းပဲပျောက်ကွယ်သွားခဲ့တော့သည် ။ ရှန်ရှန့်ကျုံဂိုဏ်း၏ အစောင့်အရှောက်တစ်ယောက်အနေဖြင့် သူသည် ဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်းအနေဖြင့် အန္တရာယ်တစ်စုံတစ်ရာတွေ့ရမှသာ ဝင်ရောက်လှုပ်ရှားမည်ဖြစ်သည် ။ သူဟာ ဝမ်ဖုန်း၏အမိန့်ကို အချိန်တိုင်းနာခံနေမည့် အခြားသောဆင့်ခေါ်ခံများနှင့် မတူညီပေ။

ဤသည်ကိုတွေ့မြင်လိုက်ရသောဝမ်ဖုန်းသည် ခပ်တောင့်တောင့်အပြုံးတစ်ခုနှင့် ခေါင်းယမ်းလိုက်မိသည် ။ သူသည် ထိတ်လန့်နေသောလင်းယွင်ဂိုဏ်းသားကို အေးစက်စက်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည် ။

" ဂိုဏ်းချုပ် ၊ အဲ့ဒီ့လူဘယ်ရောက်သွားတာလဲ ဘာလို့သူထွက်သွားခဲ့တာလဲ။ ကျွန်တော်တို့ညီနောင်က သူ့ကိုဆရာအဖြစ် ဂါဝရပြုချင်တာ ။ "

တိုက်ပွဲပြီးဆုံးသွားတာကို တွေ့မြင်လိုက်ရသောအခါ ကုချိုးတို့နှစ်ယောက်သည် တဖန်ပြန်လည် လွတ်လပ်သွားကြသည် ။ သူတို့သည် လွတ်လပ်မှုကို ပြန်ရလိုက်သည်နှင့်တပြိုင်နက် ဝမ်ဖုန်း၏ဘေးနားသို့ပြေးလာကာ မေးမြန်းလိုက်သည် ။

" အို ၊ မင်းတို့ကဘာလို့ လွီပုကို မင်းတို့ရဲ့ဆရာအဖြစ် ဂါဝရပြုချင်ရတာလဲ ? ။ " ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များဖြတ်သန်းသွားပြီး အလွန်အမင်းစိတ်ဝင်စားနေသောလေသံဖြင့် မေးမြန်းလိုက်သည်။

" ဓားပြတိုက်ခြင်းအနုပညာကို တိုးတက်လာအောင်ပေါ့ ။ နောက်တစ်ကြိမ်ကျုပ်တို့ ဓားပြတိုက်တဲ့အခါကြရင် မိမိုက်တဲ့ကဗျာတွေကိုရွတ်ဆိုပြီး ဓားပြတိုက်မယ်လေ ။ ဒီလိုမှ ကျုပ်တို့ရဲ့အသိပညာ ဘယ်လောက်ကြွယ်ဝကြောင်း လူတွေသိကြမှာ ။ ကျုပ်တို့က စာတတ်တဲ့အဖြူအမဲ ဓားပြညီနောင်ဆိုတာ တစ်ကမ္ဘာလုံးကိုပြောပြဖို့ပါ ! "

ကုချိုးသည် ရင်ကိုကော့ ခေါင်းကိုမော့ကာ မာနထောင်လွှားစွာ ပြောဆိုလိုက်သည် ။ ဝမ်ဖုန်း၏မျက်နှာကြီးတစ်ခုလုံးသည် မဲမှောင်ကျသွားသည် ။ သူဘာလို့‌ဒီလူနှစ်ယောက်ကို ဂိုဏ်းထဲခေါ်

ထားခဲ့မိပါလိမ့် ။ ရှန်ရှန့်ကျုံဂိုဏ်းကို သူကိုယ်တိုင်ပဲ အိုးမဲသုတ်မိပြီလား ။

ကုချိုးနှင့်ကုကန်းချိုးတို့ ပြန်လည်လွတ်လပ်လာပြီဖြစ်ကြောင်းကို နားလည်သဘောပေါက်လိုက်ပြီး ကျန်းစန်ဖုန်း သူတို့ကိုပြန်လည်ချုပ်နှောင်ထားလိုက်သည် ။

" မင်းတို့ ဒီရှန်းလန်ဘုံလောကမှာ ဘာလာလုပ်တာလဲဆိုတာ ငါ့ကိုပြောပြစမ်း ။ ယဲ့ရှီးပိုင်ကို ကာကွယ်ဖို့လို့တော့ လာမပြောနဲ့ ။ သူ့မှာ အလားအလာကောင်းရှိပေမယ့် သူ့တစ်ယောက်ထဲအတွက်နဲ့တော့ မင်းတို့လင်းယွင်ဂိုဏ်းက လှုပ်ရှားတာမဖြစ်နိုင်ဘူး " ။ ဝမ်ဖုန်းသည် လင်းယွင်ဂိုဏ်းသားကို စူးစိုက်ကြည့်ကာ အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည် ။

ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ သူသည် တိတ်ကျသွားသည် ။ သူက ခေါင်းကိုသာငုံ့လားပြီး ဘယ်စကားကိုမှ ထုတ်ပြောမလာခဲ့ပေ။

" မင်းကိုဆုံးဖြတ်ဖို့ အသက်ရှုကြိမ် သုံးကြိမ်ပေးမယ် ။ အကယ်၍မင်းမပြောဘူးဆိုရင် ဒီဂိုဏ်းချုပ်ကမင်းကို စစ်မှန်သောနှိပ်စက်မှုက ဘာလဲဆိုတာ သိအောင်လုပ်ပေးလိုက်မယ် ။ " ဝမ်ဖုန်းသည် နက်ရှိုင်းသောလေသံဖြင့်ပြောဆိုလိုက်သည် ။ သူ၏အသံဟာ မိုးခြိမ်းသံကြီးအလား လင်းယွင်ဂိုဏ်းသား၏နားစည်အတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေခဲ့သည် ။

" သုံး ! "

" နှစ် ! "

" ခဏ ၊ ကျုပ်ပြောမယ် ! "

ဝမ်ဖုန်း၏ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ လင်းယွင်ဂိုဏ်းသားသည် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သူဟာ ကျိန်းသေပေါက်သေရမည်ဆိုတာကို သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း နှိပ်စက်ခံရပြီးမှတော့ မသေချင်ပေ။

ဝမ်ဖုန်းနှင့်အခြားသူများသည် လင်းယွင်ဂိုဏ်း၏ရည်ရွယ်ချက်ကို သိလိုက်ရရင်တောင်မှ ဘယ်အရာကိုမှ ပြောင်းလဲအောင်လုပ်ဆောင်နိုင်မည်မဟုတ်ဟု သူတွေးထင်ထားသည်။ ဤရှန်ရှန့်ကျုံဂိုဏ်းမှာ စွမ်းအားကြီးလှသည်။ သို့သော်လည်း လင်းယွင်ဂိုဏ်းနှင့်ယှဉ်ပါက အရမ်းကိုအားနည်းနေသေးသည်။

" ကျုပ်တို့လင်းယွင်ဂိုဏ်းက လင်းယွင်ဘုံလောကမှာ နံပါတ်တစ်ဂိုဏ်းကြီးအဖြစ် ရပ်တည်နေနိုင်ခဲ့တာ နှစ်ပေါင်းအတော်ကြာလှပြီ ။ ကျုပ်တို့လင်းယွင်ဂိုဏ်းက လင်းယွင်ဘုံလောကကြီးတစ်ခုလုံးရဲ့ အင်အားစုကြီးတွေကို ဖိနှိပ်ထားခဲ့တာ ။ လင်းယွင်ဘုံလောကကြီးတစ်ခုလုံးရဲ့ အကြွင်းမဲ့အာဏာရှင်ပေါ့ ။ လင်းယွင်ဘုံလောကရဲ့ အရှင်သခင်ဖြစ်ရတာတောင် ဂိုဏ်းချုပ်ကမကျေနပ်သေးဘူး ။ သူက ထျန်းလန်ဒေသကို မျက်စိကျနေတာ ။ "

ဤစကားသံက ဝမ်ဖုန်း၏မျက်လုံးများကို တုန်ခါသွားစေခဲ့ပြီး သူ၏နှလုံးသားကလည်း တုန်ယင်လာပေတော့သည် ။ လင်းယွင်ယွမ်ကျဲမှာ ထျန်းလန်ဒေသကို မျက်စိကျနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ ။

သို့ပါသော်လည်း ဝမ်ဖုန်း၏နှလုံးသားထဲတွင် သံသယအချို့တော့ ရှိနေပါသေးသည် ။ လင်းယွင်ယွမ်ကျဲက ထျန်းလန်ဒေသတစ်ခုတည်းကိုပဲ မျက်စိကျနေတာတဲ့လား ။

" မင်းတို့ရဲ့ဂိုဏ်းချုပ်က ဘာလို့ရှန်းလန်တိုက်ကြီးတစ်ခုလုံးကို ပစ်မှတ်မထားရတာလဲ ။ ထျန်းလန်ဒေသတစ်ခုတည်းကိုပဲ ဘာကြောင့်ပစ်မှတ်ထားနေရတာလဲ ။ "

ဝမ်ဖုန်း၏လေသံကြောင့် လင်းယွင်ဂိုဏ်းသားသည် ဝမ်ဖုန်းကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည် ။ ဝမ်ဖုန်းသည် ရှန်းလန်တိုက်ကြီးမှ စွမ်းအားရှင်တစ်ယောက်ဖြစ်သော်လည်း အဘယ့်ကြောင့် ‌ရှန်းလန်တိုက်ကြီး၏သမိုင်းကြောင်းကို နားမလည်နေရတာလဲဆိုတာ သူစဉ်းစားနေခြင်းဖြစ်သည် ။

" မူလရှန်းလန်ဘုံလောကကြီး ပြိုကွဲမသွားခင်ကပေါ့။ ရှန်းလန်ဘုံလောကဆိုတာ မရေမတွက်နိုင်အောင်များပြားတဲ့ ထောင်ချီတဲ့လောကတွေရဲ့ အလယ်ဗဟိုမှာ ရှိနေတာပဲ ။ ရှန်းလန်တိုက်ကြီး၏ခွန်အားကလည်း အနီးပတ်ဝန်းကျင်ဘုံလောကတွေမှာ နံပါတ်တစ်ပဲ ။ ရှန်းလန်တိုက်ကြီးက ပြိုကွဲသွားရင်တောင်မှ ရှန်းလန်တိုက်ကြီးမှာရှိတဲ့ အမွေအနှစ်တွေက အခြားဘုံလောကကြီးတွေထက် အများကြီးသာသေးတယ် ။ "

" ကျုပ်တို့လင်ယွင်ဘုံလောကရဲ့ ခွန်အားနဲ့ဆိုရင်တောင်မှ ရှန်းလန်တိုက်ကြီးမှာရှိတဲ့ အင်မော်တယ်အဆင့် ရှေးဟောင်းအင်အားစု‌ကြီးတွေကိုတော့ မယှဉ်နိုင်ဘူး ။ ဒါကြောင့်မလို့ဂိုဏ်းချုပ်က ထျန်းလန်ဒေသကို အရင်ဦးဆုံးသိမ်းပိုက်ပြီး ထျန်းလန်ဒေသမှာ တဖြည်းဖြည်းအင်အားကြီးမားလာအောင် ပြုလုပ်ပြီးမှ အင်မော်တယ်အဆင့်ကို တက်လှမ်းသွားမယ် ။ အဲ့ဒီ့နောက်မှာမှ ရှန်းလန်တိုက်ကြီးတစ်ခုလုံးကိုသိမ်းပိုက်ပြီး အနီးအနားက ထောင်ချီတဲ့ဘုံလောကတွေကိုလည်း ဆက်လက်အုပ်စိုးဖို့ စီစဉ်ထားတာပါ ။ "

ဝမ်ဖုန်း၏နှလုံးသားတစ်ခုလုံသည် တုန်ခါသွားခဲ့ပြီး သူ၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။ ဒီလင်းယွင်ဂိုဏ်းချုပ်က တစ်ကယ့်ကို ရည်မှန်းချက်ကြီးတာပဲ ။ သူ၏ခွန်အားက ရှန်းလန်တိုက်ကြီးတစ်ခုလုံးကို အနိုင်ရဖို့မလုံလောက်သေးလို့ ထျန်းလန်ဒေသကို မျက်စိကျနေတာတဲ့လား ။

" မင်းတို့ရဲ့အစီအစဉ်ကဘာလဲ ။ "

ဝမ်ဖုန်းသည် လင်ယွင်ဂိုဏ်းသားကို အေးစက်စက်စိုက်ကြည့်ပြီး မေးမြန်းလိုက်သည် ။ လင်းယွင်ယွမ်ကျဲက သူတို့ရှန်ရှန့်ကျုံဂိုဏ်းအား အရှက်ရစေခဲ့သည်ကို ဝမ်ဖုန်းကမေ့ပစ်လိုက်မည်မဟုတ်ပါ။ ထို့အတွက်ကြောင့် လင်းယွင်ယွမ်ကျဲ၏အစီအစဉ်ကို ချောချောမွေ့မွေ့ အကောင်အထည်ဖော်ခွင့် ဝမ်ဖုန်းက အဘယ်မှာ ခွင့်ပြုပေးထားနိုင်မည်နည်း။

" ကျွန်တော်က သာမန်ဂိုဏ်းသားလေးတစ်ယောက်ပါ‌ဗျာ ။ ဂိုဏ်းချုပ်ရဲ့အစီအစဉ်ကြီးတစ်ခုလုံးကို ဘယ်သိပါ့မလဲ ။ " လင်းယွင်ဂိုဏ်းသားသည် ဝမ်ဖုန်းကိုမော့ကြည့်ကာ ပြောဆိုလိုက်သည် ။

" ဒါဆိုလည်း မင်းသိတာကိုပြောစမ်း ။ ဒီဂိုဏ်းချုပ်ကမင်းကို အလောင်းအပြည့်အစုံနဲ့ သေခွင့်ပေးမယ် ။ ဒီလိုမှမဟုတ်ရင်တော့ သက်သက်သာသာ သေရမယ်မထင်နဲ့ ။ " ဝမ်ဖုန်းသည် သူ၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး ထူးမခြားနားအမူအယာဖြင့် ပြောဆိုလိုက်သည် ။

All Chapters