← Chapters

အညံ့မခံသော မြောက်ပိုင်းတစ္ဆေ ဂိုဏ်း။

Vol. 16 Ch. 217

အညံ့မခံသော မြောက်ပိုင်းတစ္ဆေ ဂိုဏ်း။

Vol. 16 Ch. 217

လင်းယွင်ဂိုဏ်းသားသည် တခဏကြာတိတ်ဆိတ်သွားပြီးမှ ပြောဆိုလိုက်သည်။ "ယဲ့ရှီးပိုင်က ဂိုဏ်းချုပ်ရဲ့ အရေးပါတဲ့ ကျားကွက်တွေထဲက တစ်စေ့ဘဲ ၊ သူပိုင်ဆိုင်ထားတဲ့ ငွေအသပြာ လမ်းစဉ်က ထျန်းလန် အလယ်ပိုင်းဒေသက ဆရာသခင်တစ်ပါး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်ပဲ..."

"အဲ့ဒီဆရာသခင်က ယဲ့ရှီးပိုင်ကို ကြီးပြင်းလာစေချင်တာ ၊ ပြီးတော့ ယဲ့ရှီးပိုင်ရဲ့ ငွေအသပြာလမ်းစဉ် ကျင့်ကြံမှုတွေကိုစားသုံးပြီး နောက်ထပ်တစ်ဆင့်ကို တက်လှမ်းချင်နေတာ... ဒါပေမယ့်လည်း ၊ ဉာဏ် ကောင်းလွန်းတဲ့ ယဲ့ရှီးပိုင်က ငွေအသပြာလမ်းစဉ်အပေါ် နားလည်မှုမြင့်မားပြီး သူ့ရဲ့အကြံအစည်ကို တွေ့မြင်သွားလိမ့်မယ်လိုတော့ သူထင်မထားခဲ့ဘူး"

"ဂိုဏ်းချုပ်က အဲ့ဒီဆရာသခင်ကို ဖယ်ရှားဖို့အတွက် ယဲ့ရှီးပိုင်ကို ငါးစာအနေနဲ့ အသုံးချချင်နေတာ..."

ဤသည်ကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် အံ့အားတသင့် သက်ပြင်းချလိုက်မိသည်။ ယဲ့ရှီးပိုင်လို တာအိုဘိုးဘေးအထွတ်အထိပ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကို တာအိုဘုရင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် တာအိုအရှင်သခင်အဆင့်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် လိုက်ပါစောင့်ရှောက်နေသည်က အံ့ဩစရာမဟုတ်တော့ပေ။

ထိုသို့သောအင်အားက ယဲ့ရှီးပိုင်ကို ထျန်းလန်မြောက်ပိုင်းဒေသအတွင်း လုံလုံခြုံခြုံကြီးပြင်းလာစေရန် လုံလောက်ပေသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ယဲ့ရှီးပိုင်က ဝမ်ဖုန်းနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။

"လင်းယွင်ဂိုဏ်းက လူဘယ်နှစ်ယောက်လောက် ထျန်းလန်ဒေသကို ဝင်ရောက်လာပြီလဲ?" ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး မေးမြန်းလိုက်သည်။

"အတိအကျတော့ ကျုပ်လည်းမသိဘူး... ဒါပေမယ့် ဂိုဏ်းတူညီလေး အတော်များများကတော့ ထျန်းလန်ဒေသမှာ ပုန်းအောင်းနေကြပြီး အဓိကအင်းအားစုကြီး ခုနှစ်ခုကို အနိုင်ယူဖို့ ချောင်းမြောင်းနေကြတယ်"

ဝမ်ဖုန်းသည် လင်းယွင်ဂိုဏ်းသားကို စိုက်ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် သိသင့်သည့်အရာအားလုံးကို သိရှိပြီးဖြစ်သည်။ ဤလင်းယွင်ဂိုဏ်းသားသည် သူ့အတွက် တန်ဖိုးမရှိတော့ပေ။

ဤသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဘေးတစ်ဖက်တွင် မတ်တက်ရပ်နေသော ယန်ကွမ်းထူသည် အလိုအလျောက် နားလည်လိုက်ပြီး ရှေ့တက်လာကာ လင်းယွင်ဂိုဏ်းသားကို ရှင်းလင်းလိုက်ပေသည်။

"ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲယန်ကွမ်းထူမှ တာအိုအရှင်သခင်အစောပိုင်းအဆင့် ရန်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ်သုံးသိန်းနှင့် တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်သုံးကြိမ်ကို ဆုချီးမြှင့်လိုက်သည်..."

ဝမ်ဖုန်းသည် သူ့စိတ်အာရုံအတွင်းရှိ အေးစက်စက်အသံကို လစ်လျူရှုထားလိုက်ပြီး သူဟာ ဦးနှောက်ကို ဖျစ်ညစ်လျက် တဒင်္ဂတွေးတောလိုက်သည်။ သူသည် လင်းယွင်ဂိုဏ်း၏ အစီအစဉ်ကို ဖျက်ဆီးချင်သော်လည်း သူ၏လက်ရှိခွန်အားဖြင့်ဆိုပါက လင်းယွင်ဂိုဏ်းကို ထိပ်တိုက်မရင်ဆိုင်နိုင်ပေ။

သူ၏လက်ရှိခွန်အားဖြင့် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းကို ဖျက်ဆီးပြီး စနစ်ကို အဆင့်ခြောက်သို့မြှင့်တင်ရမည်။ ထိုအချိန်သို့ရောက်ပါက ပိုမိုသန်မာသော စွမ်းအားရှင်များကို ဆင့်ခေါ်နိုင်မည်ဖြစ်ပြီး လင်းယွင်ဂိုဏ်းကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ပေလိမ့်မည်။

"သွားပြီးတော့... မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဖျက်ဆီးလိုက်ကြရအောင်..." ဝမ်ဖုန်းသည် သူ့အနောက်ဖက်ရှိ အကြီးအကဲများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပေါ့ပါး သောလေသံဖြင့် ပြောဆိုလိုက်သည်။

မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းက စနစ်၏အဆင့်ကို အဆင့်ခြောက်သို့ တိုးမြှင့်နိုင်စေမည် ဖြစ်သည်။ ဝမ်ဖုန်းသည် မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဖျက်ဆီးလိုက်ပြီး ထျန်းလန်ဒေသတွင်း ရှန်ရှန့်ကျုံဂိုဏ်း၏ ကျော်ကြားမှုကို တည်ထောင်ရယူရန် ဆုံးဖြတ်ထားသည်။ ယင်းနောက်မှ လင်းယွင်ဂိုဏ်း၏ အစီအစဉ်များကို ဖျက်ဆီးပစ်ရပေမည်။

ဝမ်ဖုန်းသည် မြောက်ပိုင်းတစ္ဆေဂိုဏ်းရှိနေသော အရပ်ဆီသို့ ဦးစွာလှမ်းလျှောက်သွားလိုက်သည်။ သူ၏နောက်မှ ကျန်းစန်နှင့်အခြားသူများသည် ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

......

ဝမ်ကျန်းတောင်တန်းများအတွင်းရှိနေရာတစ်နေရာတွင် မိုးထိအောင်မြင့်မားနေသော တောင်ကြီးတစ်လုံးရှိနေသည်။ ထူးဆန်းသည့်အရာမှာ အဆိုပါတောင်ကြီးသည် လုံးဝကို နက်မှောင်နေခြင်းဖြစ်သည်။ တောင်ကြီးသည် အနက်ရောင်ဖြစ်နေရုံသာမက တောင်ပေါ်ရှိ သစ်ပင်ကြီးများ ၊ မြစ်များအားလုံးမှာလည်း အနက်ရောင်ဖြစ်နေကြသည်။ သို့ပါသော်လည်း တောင်တန်းဆီမှ မြစ်ဖျားခံစီးဆင်းလာသော မြစ်များသည် တောင်တန်းနယ်မြေကို ဖြတ်ကျော်လာသည်နှင့်တစ်ပြိုင်နက် ကြည်လင်သော ရေအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားကြသည်။

အဆိုပါတောင်ကို ကွေ့ယုတောင်ဟုခေါ်သည်။ ထိုတောင်ကြီးပေါ်တွင် ထျန်းလန်မြောက်ပိုင်းဒေသ၌ ကမ္ဘာတုန်လောက်အောင် ကျော်ကြားသော မြောက်ပိုင်းတစ္ဆေဂိုဏ်း တည်ရှိနေပေသည်။ မြောက်ပိုင်းတစ္ဆေဂိုဏ်းရှိ နန်းတော်ကြီးများအားလုံးမှာ အနက်ရောင်များဖြစ်နေကြပြီး လူတိုင်းကို ခြောက်ခြားဖွယ်ခံစားချက်များ ပေးစွမ်းနေသည်။ အနက်ရောင်နန်းတော်များ၏ အလယ်မှာတော့ ကြီးမားသော နန်းတော်ကြီးတစ်ခု ရှိနေသည်။

"ဒီအကြောင်းကို မြောက်ပိုင်းတစ္ဆေဂိုဏ်းချုပ်အနေနဲ့ ဘယ်လိုများတွေးထင်ပါသလဲ?''ဖြူရောင်ဝတ်ဆုံဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်သည် တစ္ဆေဘုရင်မူကို ရိုးသားလေးစားမှုမရှိသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်ပြီး ခြိမ်းခြောက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းကဘယ်သူလဲ?" တစ္ဆေဘုရင်မူသည် လူငယ်ကိုလေးကို လေးလေးနက်နက်စူးစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။ သာမန်လူတစ်ယောက်သာ သူ့ရှေ့တွင် ထိုကဲ့သို့သောစကားကို ပြောဆိုရဲပါက အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်ပစ်လိုက်မှာဖြစ်သည်။

သို့ပါသော်လည်း ဒီလူငယ်လေးအပေါ်တွင်တော့ တစ္ဆေဘုရင်မူသည် လက်လွတ်စလွယ် မလှုပ်ရှားရဲပေ။ ဒီလူငယ်လေးသည် တစ်ယောက်ထဲသာ ဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်မှာ တာအိုဘုရင်အစောပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

သူ၏ မြောက်ပိုင်းတစ္ဆေဂိုဏ်းလုံး စုစည်းတိုက်ခိုက်ပါက ဤလူငယ်လေးကို အနိုင်ယူနိုင်မှာ မှန်သော်လည်း မြောက်ပိုင်းတစ္ဆေဂိုဏ်းအနေနဲ့လည်း တန်ကြေးကြီးကြီးမားမားပေးဆပ်ရပေလိမ့်မည်။

"ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိဖို့မလိုပါဘူး... ကျုပ်ရဲ့တောင်းဆိုချက်ကို လက်ခံမလားဆိုတာကိုဘဲ ပြောပြပေးပါ" လူငယ်လေးသည် လှောင်ပြုံးပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။

"ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းက တခြားဘယ်သူ့ကိုမှ ဦးမညွတ်ဘူးကွ!.." တစ္ဆေဘုရင်မူက မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး အေးစက်စက်ပြောဆိုလိုက်သည်။

လူငယ်လေး၏ ကျင့်ကြံဆင့်မှာ သူ့ကို ထိတ်လန့်စေခဲ့သော်လည်း တစ္ဆေဘုရင်မူသည် လူငယ်လေး၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုချက်ကိုတော့ လက်ခံလိမ့်မည်မဟုတ်ပေ။

ဟာသပဲ....

ထျန်းလန်ဒေသ အဓိကအင်အားစုကြီး ခုနှစ်ခုအနက် တစ်ခုဖြစ်သော သူတို့၏ မြောက်ပိုင်းတစ္ဆေဂိုဏ်းက ဒီလူငယ်လေးကို အညံ့ခံရမည်တဲ့လား။

သို့ပါသော်လည်း တာအိုဘုရင်အစောပိုင်းအဆင့်ရှိသော လူငယ်လေးကို ရင်ဆိုင်ဖြေရှင်းမည်ဆိုပါက မြောက်ပိုင်းတစ္ဆေဂိုဏ်းအနေဖြင့်လည်း ကြီးမားသောတန်ကြေးကို ပေးဆပ်ရမည်ဖြစ်သည်။

သို့သော် ဒီလူငယ်လေးကသာ စတင်လှုပ်ရှားရဲမည်ဆိုပါက ကြီးမားသောတန်ကြေးကို ပေးဆပ်ရမည်ဆိုလျှင်တောင် တစ္ဆေဘုရင်မူက နောက်တွန့်မည်မဟုတ်ပေ။

"ကောင်းပြီ... ခင်ဗျားနောင်တမရဖို့ မျှော်လင့်ပါတယ်" လူငယ်လေးသည် တစ္ဆေဘုရင်မူကို လှောင်ပြောင်ကြည့်ရှုလိုက်ပြီးနောက် ခန်းမကြီးအတွင်းမှ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

တစ္ဆေဘုရင်မူသည် ဗလာဖြစ်နေသော ခန်းမကြီးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏စိတ်ဝိညာဥ်က တုန်ခါနေခဲ့သည်။ ထိုလူငယ်လေး ထွက်ခွာသွားပြီဆိုတာ သေချာမှ သူ့မျက်နှာထက်တွင် စိတ်သက်သာရာရသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဝူဖုန်း..."

"ဂိုဏ်းချုပ်ခေါ်ပါသလား?" မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲဝူဖုန်းသည် ခန်းမကြီးအတွင်းထွက်ပေါ်လာပြီး တစ္ဆေဘုရင်မူကို လက်သီးဆုပ်ဂါရဝပြုကာ လေးလေးစားစားပြောဆိုလိုက်သည်။

"ငါအမိန့်ပေးမယ်... အခုချိန်ကစပြီး မြောက်ပိုင်းတစ္ဆေဂိုဏ်းက ဂိုဏ်းသားတွေ ဂိုဏ်းက ထွက်ခွာခွင့်မရှိတော့ဘူး ၊ ဒီနေ့ကစပြီး မြောက်ပိုင်းတစ္ဆေဂိုဏ်းက တံခါးပိတ်ကျင့်ကြံမယ်..."

တစ္ဆေဘုရင်မူသည် မဟာအကြီးအကဲဝူဖုန်းကို စူးစိုက်ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့်ပြောဆိုလိုက်သည်။

သန်မာသော တာအိုဘုရင်အစောပိုင်းအဆင့် လူငယ်တစ်ယောက်သည် မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။ တစ္ဆေဘုရင်မူအနေဖြင့် အစောပိုင်းကတည်းက ကြိုတင်သတိထားမှသာ သင့်တော်ပေလိမ့်မည်။

"ဂိုဏ်းချုပ်... ဘာဖြစ်တာလဲ?" ဝူဖုန်း၏ မျက်လုံးများသည် တုန်လှုပ်သွားပြီး မေးမြန်းလိုက်သည်။

ဝူဖုန်းတစ်သက်နှင့်တစ်ကိုယ်တွင် ဂိုဏ်းချုပ်၏ ဤမျှလောက်အထိ ထိတ်လန့်နေသောအမူအရာမျိုးကို မတွေ့မြင်ဖူးပေ။

"စောနလေးတင်ကမှ တာအိုဘုရင်အစောပိုင်းအဆင့်ရှိတဲ့ လူတစ်ယောက် ရောက်လာပြီး ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်း အညံ့ခံဖို့လာပြောသွားတယ် ၊ ဒါပေမယ့် ဒီဂိုဏ်းချုပ်က ငြင်းပယ်လိုက်တယ်" တစ္ဆေဘုရင်မူသည် ဘယ်အရာကိုမှ ဖုံးကွယ်မထားဘဲ ဒဲ့တိုးပြောဆိုလိုက်သည်။

ဝူဖုန်း၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။ သူဟာထိတ်လန့်သွားပြီး ခေါင်းညိမ့်ကာပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်လုပ်လိုက်တာမှန်တယ်... ကျွန်တော်နဲ့ မြောက်ပိုင်းတစ္ဆေဂိုဏ်းက ဘယ်သူ့ကိုမှ ဦးညွတ်မှာမဟုတ်ဘူး.. ၊ တာအိုဘုရင်အစောပိုင်းအဆင့် တစ်ယောက်က ဘယ်လောက်များ အရေးပါလို့လဲ"

ဝူဖုန်း၏ စကားလုံးများက တစ္ဆေဘုရင်မူကို စိတ်သက်သာရာရသွားစေခဲ့သည်။ သူရဲ့ ညာလက်ရုံးလို့ ဆိုတဲ့အတိုင်းပါပဲလား။

"အဲ့ဒီထူးဆန်းတဲ့လူက ဘယ်သူလည်းဆိုတာ ရှာဖွေဖို့အတွက် ဒီဂိုဏ်းချုပ်က အခြားအင်အားကြီးဂိုဏ်းတွေက ဂိုဏ်းချုပ်တွေနဲ့ ဆက်သွယ်လိုက်အုံးမယ်" တစ္ဆေဘုရင်မူ၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့... စိတ်အေးအေးထားပါဂိုဏ်းချုပ် ၊ ဒီအချိန်အတောအတွင်းမှာ ဂိုဏ်းသားတွေကို ကျုပ်သေသေချာချာ စီမံကွပ်ကဲလိုက်ပါ့မယ်" ဝူဖုန်းသည် ခေါင်းညိမ့်ကာ လက်သီးစုပ်ဝါရဝပြုလျက် ပြောဆိုလိုက်သည်။

ဝမ်ဖုန်းတို့အဖွဲ့သည် တောင်ထိပ်တစ်ခုပေါ်တွင် မတ်တက်ရပ်နေကြပြီး အဝေးတစ်နေရာတွင်ရှိသော အနက်ရောင် ဧရာမတောင်ကြီးကို စိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားလေသည်။ ဤသည်မှာ ထျန်းလန်မြောက်ပိုင်းဒေသရှိ အဓိကအင်အားစုကြီး ခုနှစ်ခုမှ တစ်စုဘဲဖြစ်သည်။

"စန်းဖုန်း ၊ တုကူချန်း ၊ ယန်ကွမ်းထူ မင်းတို့သုံးယောက်က ဝိညာဥ်ပုလဲအမြူတေက ကျန်နေသေးတဲ့ စွမ်းအားတွေကို စုပ်ယူပြီး နောက်တစ်ဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားကြ..." ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် တခြားသူများကို ဝေ့ဝဲကြည့်ကာ ပြောဆိုလိုက်သည်။

ဝိညာဥ်ပုလဲအမြူတေသည် ရှင်းဖုန်းသားရဲခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများမှ စုစည်းထွက်ပေါ်လာခြင်းဖြစ်သည်။ တုကူချိုးပိုင်သည် အဆိုပါဝိညာဥ်ပုလဲအမြူတေမှ စွမ်းအားများကို စုပ်ယူခဲ့သော်လည်း လေးပုံသုံးပုံခန့် ကျန်နေသေးပေသည်။ ဤမျှပမာဏက ကျန်းစန်ဖုန်းတို့သုံးယောက်ကို အဆင့်ချိုးဖြတ်တတ်ရောက်သွားစေရန် လုံလောက်ပါသည်။

ကျန်းစန်ဖုန်းနှင့် အခြားသူများသာ နောက်တစ်ဆင့်ကို ချိုးဖြတ်တတ်ရောက်သွားလျှင် မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ပိုမိုလွယ်ကူစွာ ချေမှုန်းနိုင်ပေလိမ့်မည်။

All Chapters