← Chapters

ဂဠုန်ဘုရင်။

Vol. 16 Ch. 218

ဂဠုန်ဘုရင်။

Vol. 16 Ch. 218

ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ကျန်းစန်ဖုန်းတို့သုံးယောက်သည် လျစ်လျူရှူမနေရဲပါချေ။ သူတို့အားလုံးသည် မြေပြင်ပေါ်တွင် တြိဂံသဏ္ဍာန် နေရာယူထိုင်ချလိုက်ပြီး ဝိညာဥ်ပုလဲအမြူတေမှ စွမ်းအားများကို စတင်စုပ်ယူလိုက်ကြသည်။ တုကူချိုးပိုင်က သူတို့၏အရှိန်အဝါများကို ဖုံးကွယ်ရန် အကာအကွယ်တစ်ခုပြုလုပ်လိုက်လေသည်။

"စနစ်... တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်လေးကြိမ်ကို စုပေါင်းပြီး ဆင့်ခေါ်လိုက်ပါ..." ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းတို့သုံးယောက် အဆင့်ချိုးဖြတ်တက်ရောက်နေတာကို တွေ့မြင်လိုက်ရသည့်အခါ လျှို့ဝှက်စွာပြောဆိုလိုက်သည်။

ယခုသူ့တွင် တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်ရှစ်ကြိမ်ရှိနေပြီး လေးခုကို အသုံးပြုလိုက်ပြီဖြစ်သည်။ ကျန်လေးကြိမ်ကိုတော့ အရေးကြီးကိစ္စများတွင်အသုံးပြုရန် ချန်ထားခြင်းဖြစ်သည်။

"ဒင်... လီယွမ်ပကိုဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် သူ့ရဲ့စွမ်းရည်ဇယားကိုစစ်ဆေးပါမည်လား"

သူ့စိတ်အာရုံအတွင်းမြည်ဟည်းလာသော အေးစက် စက်အသံက ဝမ်ဖုန်း၏ မျက်လုံးများကို လင်းလက်သွားစေခဲ့သည်။ လီယွမ်ပ၏ အမည်ကို တရုတ်ပြည်ရှိ လူတိုင်းလိုလိုသိကြပေသည်။

သူသည် အခြားသော ထင်ရှားကျော်ကြားသည့် သမိုင်းဝင်စစ်သူကြီးများနှင့် မတူညီပေ။ သူဟာ ဒဏ္ဍာရီလာဖြစ်သည်။ သူဟာအရမ်းသန်မာလွန်းတာကြောင့် လူတိုင်းကိုတောင် တုန်ယင်သွားစေနိုင်သည်။ ယုံတမ်းစကားများအရ စစ်မင်တောင်ထိပ်ပေါ်က တိုက်ပွဲမြေပြင်တွင် သူတစ်ယောက်တည်းကဘဲ လူ ၂.၃သန်းရှိသော စစ်တပ်ကြီးတစ်တပ်လုံးကို အနိုင်ယူခဲ့ပေသည်။

ဒါ့အပြင် ဇီကျင်းတောင်တိုက်ပွဲတွင်လည်း လီယွမ်ပသည် တူနှစ်ချောင်းကို ဆွဲကိုင်လျက် ၁.၈ သန်း ထုထည်ရှိသော စစ်တပ်ကြီးကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ သူ့လက်ထဲရှိ တူနှစ်လက်မှာ သွေးများစွန်းထင်းရစ်ပြီး သမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်ခဲ့ပေသည်။ တစ်ညနေထဲမှာဘဲ ၁.၈ သန်းရှိသော စစ်တပ်ကြီးသည် အတုံးအရုံး သတ်ဖြတ်ခံလိုက်ရပြီး လူ ၆ သိန်းခွဲသာ ကျန်ရစ်ခဲ့ပေသည်။ ဤသို့သောနှုန်းမှာ တစ်စက္ကန့်ကို လူ ၅၅ ယောက်နှုန်းဖြင့် သတ်ဖြတ်ခြင်းဖြစ်သည်။ ဤတိုက်ပွဲပြီးနောက် သူ၏ရန်သူများအားလုံး တုန်လှုပ်သွားခဲ့ရဖူးသည်။

ဝမ်ဖုန်းသည် လီယွမ်ပကို ချီးကျူးဂုဏ်တင်ထားသော စာကြောင်းတစ်ကြောင်းကို မတွေးမိဘဲ မနေနိုင်တော့ပါ 'ရှည်ကြာသော နှစ်များသည် အိမ်မက်တစ်ခုအလား'

"စစ်ဆေးလိုက်..."

ဝမ်ဖုန်းသည် သူ့ဘာသာသက်ပြင်းဖွဖွချလိုက်ပြီး တိုးညင်းစွာပြောဆိုလိုက်သည်။ လီယွမ်ပ၏ ခွန်အားမှာ လူသန်းချီရှိသော စစ်တပ်ကြီးတစ်တပ်နှင့် ရက်ဆိုင်နိုင်ပေသည်။ သူသည် စနစ်ကို အဆင့်ခြောက်သို့ မြှင့်တင်ပြီးမှသာ လီယွမ်ပကို ဆင့်ခေါ်မိသည်ဆိုလျှင် လီယွမ်ပသည် တာအိုနန်းတော် အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ထက် များစွာသာလွန်နေမှာဖြစ်သည်။

"ဒင်... လီယွမ်ပ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်"

အမည် - လီယွမ်ပ

ဘွဲ့ - လောကတွင် အတော်ဆုံးသူရဲကောင်း ၊ မြောက်ပိုင်းနယ်မြေ၏ အာဏာရှင်၊ တူနတ်ဘုရား

ကျင့်ကြံဆင့် - တာအိုနန်းတော်အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - ရွှေတောင်ပံ ဂဠုန်ရုပ်ခန္ဓာ ( ဤရုပ်ခန္ဓာကို အသုံးပြုလိုက်ပါက တူစွမ်းအားများမှာ အဆမတန် မြင့်တက်လာမည်ဖြစ်သည်)

သွေးမျိုးဆက် - ရွှေတောင်ပံ ဂဠုန်ငှက်သွေးမျိုးဆက် ( ရွှေတောင်ပံဂဠုန်ငှက်သွေးမျိုးဆက်၏ ကောင်းချီးကို ရရှိပြီးပါက အဆုံးအစမဲ့သော စွမ်းအားများနှင့် တိုက်ပွဲဝင်စွမ်းအားများ တိုးတက်လာမည်ဖြစ်သည်)

နိယာမ - လေနိယာမ ၊ တူလမ်းစဥ်နိယာမ

ဆန်းကြယ်သိုင်းကွက်များ - ဟူထျန်းဖျက်ဆီးခြင်းသံမဏိတူ ၊ လေဆင်နှာမောင်းတူ ၊ ပြိုင်ဘက်ကင်းမုန်တိုင်းတူ ၊ ကောင်းကင်ဖျက်ဆီးခြင်းတူ ၊ အာဏာရှင်တူ ၁၈ ကွက် ၊ ကြုံရာကျပန်း သတ်ဖြတ်ရေးတူ ၊ လေးလံသော တောင်တန်းတူ

အထူးစွမ်းအားများ - ကောင်းကင်ကိုဖြိုခွဲ၍ မြေပြင်ကို ဖျက်ဆီးခြင်း ၊ အစစ်အမှန် ဂဠုန်ကိုယ်ထည် ( အသုံးပြုပြီးပါက ရွှေတောင်ပံဂဠုန်ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်သည်)

တာအိုလက်နက်များ - ဒရမ် ၊ လက်ဖက်ရည်အိုကြီး ၊ ရွှေရောင်တူကြီး

စီးတော်သားရဲ - ဝမ်လီယန်ယွမ်ကျို (သားရဲတစ်ကောင်ဖြစ်ပြီး တာအိုဘုရင်အထွတ်အထိပ်အဆင့်နှင့် ရင်ဆိုင်နိုင်သော အမြန်နှုန်းရှိသည် ၊ တိုက်ခိုက်ရေးတွင်မသန်မာပါ ၊ တာအိုနန်းတော်အစောပိုင်းအဆင့် ကျင့်ကြံခြင်းရှိသည်)!''

"မှတ်ချက် - ဤတစ်ကြိမ်ဆင့်ခေါ်လိုက်သော လီယွမ်ပမှာ အထွတ်အထိပ်အခြေအနေတွင် မဟုတ်သေးပါ ၊ လီယွမ်ပဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားပြီးနောက် သူရဲ့ ရွှေရောင်ဂဠုန်စိတ်ဝိညာဥ်နိုးထလာပြီးမှ အထွတ်အထိပ်အခြေအနေကို ရောက်ရှိသွားခဲ့တာပါ"

"မှတ်ချက် - လီယွမ်ပရဲ့ တိုက်ပွဲဝင်စွမ်းရည်က တာအိုဘုရင်အစောပိုင်းအဆင့် ကျင့်ကြံသူများနဲ့ နှိုင်းယှဥ်နိုင်ပါတယ် ၊ ဂဠုန်ငှက်အသွင်ကို ပြောင်းလဲပြီးပြီဆိုရင်တော့ တာအိုဘုရင်အလယ်အလတ်အဆင့်စွမ်းအားရှင်များကို အပိုင်းပိုင်းအစစဖြတ်တောက်နိုင်ပါတယ်"

လီယွမ်ပ၏ စွမ်းရည်ဇယားကို စူးစိုက်ကြည့်ရင်း ဝမ်ဖုန်းသည် မသက်မသာခံစားလိုက်ရသည်။ သူသာ လီယွမ်ပ၏ အစစ်အမှန်အထွတ်အထိပ်အခြေအနေကို ဆင့်ခေါ်မိပါက ပို၍ ကောင်းမည်ဖြစ်သည်။

ဝမ်ဖုန်းဟာ ခေါင်းခါလိုက်ပြီး ဆက်လက်တွေးတောခြင်းမရှိတော့ချေ။ အနှေးနှင့်အမြန်ဆိုသလို သူဟာ လီယွမ်ပ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိအောင် ဆောင်ကြဥ်းပေးမှာဖြစ်သည်။

ဟွမ်...

ဒီအချိန်မှာဘဲ ကျန်းစန်ဖုန်းတို့သုံးယောက်သည် တစ်ချိန်တည်း တုန်ခါသွားကြပြီး သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအားကြီးအရှိန်အဝါများ ထွက်ပေါ်လာကြသည်။ သူတို့သုံးယောက်၏ အလယ်ဗဟိုတွင် ရှိနေသော ဝိညာဥ်ပုလဲအမြူတေသည် တဖြည်းဖြည်း အရောင်မှိန်ဖျော့သွားကာ နောက်ဆုံးတွင် ကြေကွဲပျက်စီးသွားလေတော့သည်။

တုကူချိုးပိုင်နှင့် စနစ်တို့၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက ကျန်းစန်ဖုန်းနှင့် အခြားသူများ အဆင့်တက်ရာမှ ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းများကြောင့် မြောက်ပိုင်းတစ္ဆေဂိုဏ်းက သတိပြုမိသွားမှာ ဖြစ်သည်။

ဝမ်ဖုန်းနှင့် အခြားသူများ၏ မျက်လုံးများအောက်မှာဘဲ ကျန်းစန်ဖုန်းတို့သုံးယောက်သည် အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ တာအိုဘိုးဘေးအစောပိုင်းအဆင့်သို့ ရောက်ရှိသွားကြသည်။

"ဂိုဏ်းချုပ်..." အဆင့်ချိုးဖြတ်တက်ရောက်သွားပြီးနောက် ကျန်းစန်ဖုန်းတို့ သုံးယောက်သည် ဝမ်ဖုန်းကို ဦးညွတ်ဂါရဝပြုလိုက်ကြသည်။ သူတို့၏ မျက်လုံးများအတွင်း၌ လေးစားမှုအရိပ်အယောင်များ ရှိနေကြသည်။

"အရမ်းကြီး ယဥ်ကျေးမနေပါနဲ့... ဒီလိုဆိုရင် မြောက်ပိုင်းတစ္ဆေဂိုဏ်းကို မင်းတို့လက်ထဲအပ်လိုက်ပြီ.." ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းကာ ရယ်မောလျက် ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့... ဂိုဏ်းချုပ်စိတ်အေးအေးသာထားပါ" ကျန်းစန်ဖုန်းနှင့် အခြားသူများက သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိကြပေသည်။

လက်ရှိတွင်သူတို့သည် တာအိုဘိုးဘေး အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

"သွားကြစို့... ထျန်းလန်မြောက်ပိုင်းနယ်မြေရဲ့ အင် အားကြီးဂိုဏ်းကြီး ဘယ်လောက်စွမ်းသလဲ သွားကြည့်ကြတာပေါ့ကွာ..." ဝမ်ဖုန်းသည် ပိန်းပိတ်အောင်မှောင်မဲသော အဝေးတစ်နေရာမှတောင်ကြီးကို လှမ်းကြည့်ကာ လှောင်ရယ်ပြောဆိုလိုက်သည်။

အစက ဝမ်ဖုန်းသည် ယွမ်တောက်ဂိုဏ်းကို ဖျက်စီးရန် စီစဥ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ကုချိုး၏ ရူးကြောင်ကြောင်လုပ်ရပ်ကြောင့် သူတို့ဟာ လမ်းလွဲသွားခဲ့ရလေသည်။

ပြောစရာရှိတာပြောကြပြီးနောက် ဝမ်ဖုန်းသည် အနက်ရောင်တောင်တန်းကြီးဆီသို့ လှမ်းလျှောက်သွားလိုက်သည်။ သူ၏နောက်မှ ကျန်းစန်ဖုန်းတို့က လိုက်ပါလာခဲ့ကြသည်။

မြောက်ပိုင်းတစ္ဆေဂိုဏ်းကြီး၏ ဂိတ်တံခါးကြီးရှေ့တွင် မြောက်ပိုင်းတစ္ဆေဂိုဏ်းသားများသည် ပဟေဠိဖြစ်နေသော အမူအရာများဖြင့် စကားစမြည်ပြောဆိုနေကြသည်။

"မင်းပြောတာ.. ဂိုဏ်းချုပ်က တောင်ဂိတ်တံခါးကို ပိတ်လိုက်ပြီး တောင်အောင်ဆင်းခွင့်မပြုတော့ဘူး..ဟုတ်လား" တပည့်တစ်ယောက် စိတ်ပျက်အားလျော့စွာ မေးမြန်းလိုက်သည်။

သူသည် စောနကလေးတင်ကမှ လစဥ်ထောက်ပံ့ကြေး ကို ရရှိထားတာဖြစ်သည်။ သူက ရှူချွင်းခန်းမကိုသွားပြီး အပန်းဖြေဖို့စီစဥ်ထားတာဖြစ်သည်။ သို့ပါသော်လည်း ဂိုဏ်းချုပ်၏အမိန့်က သူ၏အတွေးများကို ရက်ရက်စက်စက်ရိုက်ချိုးလိုက်သည်။ ဒါတကယ့်ကို.. အဆင်ပြေမနေဘူးနော်။

"ငါလည်းမသိဘူးကွ... ဒါပေမယ့် တစ်ခုခုဖြစ်ခဲ့တာပဲ ဖြစ်ရမယ် ၊ ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းက ထျန်းလန်ဒေသရဲ့ အဓိကဂိုဏ်းကြီး ခုနှစ်ဂိုဏ်းထဲက တစ်ဂိုဏ်းလေကွာ... ဂိုဏ်းချုပ်ကိုယ်တိုင်တောင် ထိတ်လန့်နေရတာဆိုတော့ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ကြီးပဲ ဖြစ်ရမယ်"

"ကောင်းကင်ပြိုကျရင်တောင် ငါတို့ဂိုဏ်းချုပ်ရှိနေသေးတာပဲ... မင်းတို့ဘာတွေကို ကြောက်နေကြတာလဲ!?"

"ငါမနေ့က ဂိုဏ်းတူအစ်မ ချီဟွားနဲ့ ချိန်းထားတာရှိသေးတယ်ကွ... ငါဒီနေ့သူမနဲ့အတူ တောအုပ်ထဲမှာ သွားပြီးလေ့ကျင့်မလို့လေ.... အခုတော့ ဘယ်လိုလုပ်ရပါ့..."

ထိုစကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် အခြားတပည့်များအားလုံးသည် စကားပြောလိုက်သော လူငယ်လေးကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများထက်၌ ရူးကြောင်ကြောင်အပြုံးတစ်ခု ဖြစ်ပေါ်လာကြလေသည်။

"အင်း... ဂိုဏ်းတူညီလေး ၊ ဂိုဏ်းတူအစ်မချီဟွားရဲ့ ကျင့်ကြံဆင့်က တကယ့်ကိုမြင့်တယ်နော်.. ဒါမင်းတို့နှစ်ယောက်ပထမဆုံး နှီးနှောတဲ့အချိန်ဆိုတော့ ကောင်းကောင်းလည်းလေ့ကျင့်ခဲ့ကြဦး...."

တပည့်တစ်ယောက်က ထိုလူငယ်လေးကို လှမ်းဖက်လိုက်ပြီး ထူးထူးဆန်းဆန်းပြုံးကာ ပြောဆိုလိုက်သည်။

ချီဟွားနှင့်ချိန်းထားသော ဂိုဏ်းတပည့်လေးသည် ရိုးသားဖြူစင်သော အပြုံးဖြင့် သူ၏ခေါင်းကိုကုတ်လိုက်လေသည်။

"ဂိုဏ်းတူညီလေး မင်းသွားပါ... မစိုးရိမ်ပါနဲ့ ၊ ငါတို့ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဘူး" ဂိုဏ်းသားတစ်ယောက်သည် ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်ပြီး ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ဂိုဏ်းတူအကိုကြီးတို့ " လူငယ်လေးသည် အလွန်ပျော်သွားပြီး ထိုအကိုကြီးများကို ထပ်ခါထပ်ခါ ကျေးဇူးတင်လိုက်ပြီးမှ အဝေးကိုထွက်ခွာသွားတော့သည်။ သူဟာ မျက်စိတစ်မှိတ်အတွင်းမှာဘဲ တောင်ဂိတ်တံခါးကို ဖြတ်သန်းသွာူလေသည်။

"ညီနောင်တို့ စည်းကမ်းထိန်းသိမ်းရေးအိမ်တော်ကိုသွားပြီး ဝမ်ရှောင်းအာ တာဝန်ပျက်ကွက်တာကို သတင်းပို့လိုက်ကြရအောင် ၊ သတင်းပို့လို့ရလာတဲ့ အဆင့်နိမ့်တာအိုကျောက်တုံး သုံးရာက်ို အတူတူခွဲယူကြတာပေါ့ကွာ..."

"ဒါအကြံကောင်းပဲ..."

မြောက်ပိုင်းတစ္ဆေဂိုဏ်းဂိတ်တံခါးအနားသို့ လမ်းလျှောက်လာသော ဝမ်ဖုန်းတို့အုပ်စုသည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ကြရသည်။ မြောက်ပိုင်းတစ္ဆေဂိုဏ်းမှ ညီအစ်ကိုအချင်းချင်း ရင်းနှီးစည်းလုံးမှုက ဝမ်ဖုန်း၏ မျက်လုံးကိုအမြင်ကျယ်သွားစေခဲ့သည်။

သူတို့ဟာ မြောက်ပိုင်းတစ္ဆေဂိုဏ်းဂိတ်တံခါးကြီးနားကို တဖြည်းဖြည်းချဥ်းကပ်လာကြသည်။ ဝမ်ဖုန်းနှင့်အခြားသူများသည် အနည်းငယ်တောင် ဖုံးကွယ်ရန် အစီအစဥ်မရှိကြဘဲ ဂိတ်တံခါးကြီးရှိရာသို့ တန်းတန်း မတ်မတ်လာနေကြခြင်းဖြစ်သည်။

ဤသို့သော နည်းလမ်းဖြင့်သာ သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သတင်းကို ထျန်းလန်ဒေသတွင် အလျှင်အမြန်ကျော်ကြားလာစေမည်ဖြစ်သည်။

"ဟမ်... အဲ့ဒီမှာဘယ်သူလဲ? မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ကျူးကျော်လာရဲတယ်လား?"

သွားရောက်သတင်းပို့ခါနီး ဂိုဏ်းသားများသည် ဝမ်ဖုန်းတို့အုပ်စုကို တွေ့မြင်ရသည့်အခါ ချက်ချင်းပဲ ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်ကြသည်။ သူတို့အားလုံးဟာ ဝမ်ဖုန်းနှင့်အခြားသူများကို သတိထားစောင့်ကြည့်နေကြသည်။ ဂိုဏ်းသားတစ်ယောက်သည် အလျှင်အမြန်ထွက်ပြေးသွားသည်။ သူဟာ မြောက်ပိုင်းတစ္ဆေဂိုဏ်းအကြီးအကဲများဆီ သို့ သွားရောက်သတင်းပို့ခြင်းဖြစ်သည်။

ကျန်ရစ်နေခဲ့ကြသော ဂိုဏ်းသားများကတော့ တာအိုနက်နဲမှုအစောပိုင်းအဆင့်စွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး အစီအရင်တစ်ခုဖန်တီးလိုက်ကြသည်။ ဝမ်ဖုန်းနှင့် အခြားသူများသာ မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဝင်ရောက်ရဲမည်ဆိုပါက သူတို့ဟာ စတင်တိုက်ခိုက်တော့မှာ ဖြစ်သည်။

All Chapters