← Chapters

။ တိုက်ပွဲ ။

Vol. 16 Ch. 219

။ တိုက်ပွဲ ။

Vol. 16 Ch. 219

မြောက်ပိုင်းတစ္ဆေဂိုဏ်းသားများကို ရင်ဆိုင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် ရယ်ကာမောကာဖြင့် ခေါင်းခါလိုက်သည်။ သူဟာ ကျန်းစန်ဖုန်းနှင့် အခြားသူများကို ဦးဆောက်လျက် မြောက်ပိုင်းတစ္ဆေဂိုဏ်းကြီး ရှိရာသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း ရှေ့တိုးလာခဲ့သည်။

ဝမ်ဖုန်းနှင့် သူ့လူများထံမှ မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်နေခြင်း မရှိသော်လည်း သူတို့ခြေတလှမ်း လှမ်းလိုက်တိုင်းတွင် မြောက်ပိုင်းတစ္တေဂိုဏ်းသားများသည် ကြောက်လန့်သွားကြပြီး အနောက်သို့ ခြေလှမ်းများဆုတ်မိလိုက်ကြသည်။

" သေစမ်း၊ ငါတ်ို့ကမြောက်ပိုင်းတစ္ဆေဂိုဏ်းသားတွေပဲကွ။ သူတို့ကို သတ်ပစ်လိုက်ကြ။ "

ဂိုဏ်းသားတစ်ယောက်သည် သတ္တိများကို စုစည်းလိုက်ပြီး ကျယ်ကျယ်လောင်လောင်အော်ဟစ်ပြောဆိုလိုက်သည်။ သူဟာ လက်များကို ဝေ့ရမ်းလိုက်ပြီး စွမ်းအားများကို ထုတ်ဖော်လျက် ဝမ်ဖုန်းနှင့်အခြားလူများကို အချိန်မရွေး တိုက်ခိုက်တော့မည့်ဟန် ပြုလုပ်လိုက်သည်။

ထိုသူ့နောက်ကွယ်ရှိ ဂိုဏ်းသားများမှာ ထိုသူ၏ တိုက်ခိုက်မည့် အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ သတ္တိများရှိလာကြပြီး သူတို့၏ ခန္ဓာကိုယ်များမှ စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့ဟာ ဝမ်ဖုန်းနှင့်အခြားသူများထံ ပြေးဝင်တိုက်ခိုက်လိုက်လေသည်။

သို့ပါသော်လည်း အစဦးဆုံး တ်ိုက်ခိုက်မည့်ဟန် ပြုလုပ်လိုက်သော ဂိုဏ်းသားသည် တခြားသော ဂိုဏ်းသားများပြေးဝင်တိုက်ခိုက်သွားသည်ကို တွေ့မြင်လိုက်ရသောအခါ ဂိုဏ်းဘက်သို့ တချိုးတည်းလှည့်ပြေးတော့သည်။ သူ၏ ဂိုဏ်းတူညီလေးများက ဒီလူများကို မတားဆီးနိုင်ပါလျှင် သူဟာ ဂိုဏ်းသို့ပြန်ပြေးပြီး ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို သတိပေးရမည်ဖြစ်သည်။

နောက်တဒင်္ဂအကြာမှာပဲ ထိုဂိုဏ်းသား၏ စိတ်ဝိညာဥ်သည် တုန်ယင်သွားပြီး ခြေထောက်များကတောင် ပျော့ခွေသွားမတက် ဖြစ်သွားတော့သည်။ ဝမ်ဖုန်းတို့ထံ ပြေးဝင်သွားသော သူ၏ ဂိုဏ်းတူညီလေးများမှာ အလင်းတန်းတစ်ချက် လက်သွားခြင်းနှင့်အတူ အပိုင်းပိုင်း အစစပြတ်တောက်၍ သေဆုံးသွားပြီဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်။

" ငါ-ိုး၊ ငါ ဉာဏ်ကောင်းပေလို့ပဲ။ "

အဆိုပါ မြောက်ပိုင်းတစ္ဆေဂိုဏ်းသားသည် မျက်တောင်တခက်အတွင်းမှာပဲ အလွန်လျင်မြန်သောနှုန်းဖြင့် ထွက်ပြေးပျောက်ကွယ်သွားတော့သည်။ သူ၏ အလျင်နှုန်းမှာ သူ၏ လက်ရှိကျင့်ကြံဆင့်ထက်တောင်မှ ကျော်လွန်နေခဲ့သေးသည်။ ထွက်ပြေးသွားသော မြောက်ပိုင်းတစ္ဆေဂိုဏ်းသားကို လျစ်လျူရှု့လိုက်ရင်း ဝမ်ဖုန်းက ခေါင်းခါယမ်းလိုက်သည်။ သူသည် ကျန်းစန်ဖုန်းနှင့် အခြားသူများကို ခေါ်ဆောင်လျက် မြောက်ပိုင်းတစ္တေဂိုဏ်းကြီး ရှိရာသို့ တရွေ့ရွေ့ဆက်လျက် ချဥ်းကပ်သွားလိုက်သည်။

" ရဲတင်းလိုက်လေ! ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ကျူးကျော်ရဲတယ်လား။ ''

ဝမ်ဖုန်းနှင့် အခြာသူများသည် မြောက်ပိုင်းတစ္ဆေဂိုဏ်း ဂိတ်တံခါးအတွင်းသို့ ခြေလှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် ကျယ်လောင်သော အသံကြီးတစ်သံသည် မြောက်ပိုင်းတစ္ဆေဂိုဏ်း တစ်ဂိုဏ်းလုံးကို ပဲ့တင်ထပ် မြည်ဟီးထွက်ပေါ်လာလေသည်။ ယင်းနောက် ဝမ်ဖုန်းနှင့်အခြားသူများ၏ ရှေ့၌ လူဒါဇင်ကျော် ထွက်ပေါ်လာခဲ့သည်။

ထိုသူများကို ဦးဆောင်လာသူမှာ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်တစ္ဆေဘုရင်မူ ပဲဖြစ်သည်။ သူ၏ဘေးမှာတော့ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲ ဝူဖုန်းနှင့် အခြားသောအကြီးအကဲများရှိနေခဲ့သည်။

တစ္ဆေဘုရင်မူ နှင့် အကြီးအကဲများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မြောက်များစွာသော မြောက်ပိုင်းတစ္တေဂိုဏ်းသားများလည်း တဖြည်းဖြည်း ထွက်လာကြပြီး ဝမ်ဖုန်းနှင့် အခြားသူများကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။

တစ္ဆေဘုရင်မူသည် ဝမ်ဖုန်းတို့ကို စူးစိုက်ကြည့်ရှုလိုက်သည်။ သူတို့က စောနကထွက်ခွာသွားသော ထူးခြားဆန်းကြယ်သည့်သူ မဟုတ်ဘူးဆိုတာကို တွေ့မြင်လိုက်ရသောအခါ တစ္ဆေဘုရင်မူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။

သို့ပါသော်လည်း နောက်တခဏအကြာမှာ တစ္ဆေဘုရင်မူ တစ်ယောက် ဒေါသထွက်လာရသည်။ သူ၏မြောက်ပိုင်း တစ္ဆေဂိုဏ်းမှာ ထျန်းလန်မြောက်ပိုင်းဒေသတွင် အသန်မာဆုံးဂိုဏ်းကြီး ၇ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။ ဘယ်အချိန်တုံးက မြောက်ပိုင်းတစ္ဆေဂိုဏ်းကို လူတွေ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရသွားတာလဲ။

တာအိုဘုရင်အဆင့် စွမ်းအားရှင်တစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံရသည်က သည်းခံနိုင်ပါသေးသည်။ သို့ပါသော်လည်း သူ့ရှေ့ရှိလူများက အဘယ်သူများနည်း။ မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ရန်စခြင်းတိုင်း စလို့ရမယ်လို့ ထင်နေရော့သလား။

" သတ်ပစ်လိုက် "

တစ္ဆေဘုရင်မူသည် သူ၏ ဒေါသများကို မြိုသိပ်လိုက်ပြီး ထူးမခြားနားအမူအရာဖြင့် ပြောဆိုလိုက်သည်။ မြောက်ပိုင်းတစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဖြစ်သည်နှင့်အညီ သူဟာ အမူအရာများကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သူဟာ ဒေါသထွက်နေရင်တောင် ထုတ်ဖော်မပြသသင့်ပေ။ ဒီလူတွေက သူတို့ဂိုဏ်းထဲကို အကြောက်လန့်မရှ်ိ ဝင်ရောက်လာတဲ့ ခွေးတသိုက်ပါပဲလေ။ သူ့ရဲ့ ဒေါသနှင့် အဘယ်မှာ ထိုက်တန်ပါမည်နည်း။

တစ္ဆေဘုရင်မူ၏ အမိန့်ကို ကြားလိုက်ရသည့်အခါ မြောက်ပိုင်းတစ္ဆေဂိုဏ်း အကြီးအကဲများသည် ချက်ချင်းပဲ ပြေးထွက်လာကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်နေသောအမူအရာများရှိနေကြသည်။ ဂိုဏ်းချုပ်၏ အရှေ့တွင် သူတို့အကောင်းဆုံး စွမ်းဆောင်ပြရမည် ဖြစ်သည်။

အုံး...

မြောက်ပိုင်းတစ္ဆေဂိုဏ်း အကြီးအကဲသုံးယောက် ထွက်လာခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်သော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ တာအိုနန်းတော် အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားများသည် မြောက်ပိုင်းတစ္တေဂိုဏ်းတစ်ခုလုံးသို့

ပျံ့နှံ့သွားခဲ့သည်။

" မြောက်ပိုင်းတစ္ဆေဂိုဏ်းရဲ့ အကြီးအကဲတွေဆိုတဲ့အတိုင်းပါပဲလား။ တကယ့်ကို သန်မာလိုက်တာနော်။ "

" ငါလဲ ဘယ်တော့များမှ အကြီးအကဲတွေလို သန်မာမှာလဲ မသိဘူး။ "

" အဲဒီလူတွေက ကောင်းကင်ကြီး ဘယ်လောက်မြင့်တယ်ဆိုတာ မသိကြဘူး။ သူတို့က ငါတ်ို့မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဝင်ချင်းတိုင်းဝင်လို့ရမယ်လို့ ထင်နေတာလေ။ "

မြောက်ပိုင်းတစ္ဆေဂိုဏ်းမှ ဂိုဏ်းသားများသည် အကြီးအကဲများ၏ ခမ်းနားကြီးကျယ်သော စွမ်းအားများကို ခံစားလိုက်ရသည့်အခါ အံ့အားသင့်နေသော အမူအရာများဖြင့် ထုတ်ဖော်ပြသလျက် တစ်ဦးနှင့် တစ်ဦး စကားပြောဆိုလိုက်ကြသည်။

တစ္ဆေဘုရင်မူ သည် ဝမ်ဖုန်းတို့ အုပ်စုကို စူးစိုက်ကြည့်လိုက်သည်။ သူဟာ ဒေါသထွက်နေသော်လည်း ဆင်ခြင်တုံတရားတော့ ရှိနေသေးသည်။ အဆိုပါလူများမှာ သူ၏မြောက်ပိုင်းတစ္ဆေဂိုဏ်းသို့ လာရောက်ရန်စဝင်သည်ဖြစ်ရာ ဝှက်ဖဲတချို့တော့ ရှိနေလိမ့်ပေမည်။

မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ အကြီးအကဲသုံးယောက်နှင့် ရင်ဆိုင်နေရတာတောင် ဝမ်ဖုန်းနှင့် အခြားသူများက တည်ငြိမ်နေဆဲဖြစ်ပြီး ကြောက်လန့်မှုတစ်စုံတစ်ရာရှိမနေခဲ့ပေ။ ဝမ်ဖုန်းတို့အုပ်စု၏ စိတ်နေသဘောထားက တစ္ဆေဘုရင်မှုကို အနည်းငယ်လှုပ်ရှားသွားစေခဲ့သည်။ တာအိုဘုရင်အဆင့်ရှိသော ထူးခြားဆန်းကြယ်သည့်လူ ပေါ်လာပြီးသည့် နောက်တွင် တစ္ဆေဘုရင်မူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။

" ငါတို့အတူတူ အဆုံးသတ်လိုက်ရအောင်။ "

တစ္ဆေဘုရင်မူသည် စိတ်ပိုင်းဖြတ်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

ထိုစကားဆုံးသွားသည်နှင့် တပြိင်နက် တစ္ဆေဘုရင်မူသည် တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်ရှိ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ကြီးကျယ်ခမ်းနားသော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်မှ မီးတောင်ကြီးပေါက်ကွဲထွက်လာသကဲ့သို့ ထွက်ပေါ်လာခဲ့လေသည်။ သူဟာ ဝမ်ဖုန်းနှင့်အခြားသူများရှိရာဆီသို့ လက်သီးချက်တစ်ချက် ထိုးသွင်းလိုက်သည်။ အဆိုပါလက်သီးချက်ကလေထုအတွင်း အပေါက်ကြီးတစ်ပေါက်ဖြစ်သွားစေခဲ့သည်။

တစ္ဆေဘုရင်မူ၏ ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းက မြောက်ပိုင်းတစ္ဆေဂိုဏ်း အကြီးအကဲများကို အနည်းငယ်ကြောင်အသွားစေခဲ့သည်။ သို့ပါသော်လည်း သူတို့ဟာ တစ္ဆေဘုရင်မူ၏ ဦးဆောင်ခြင်းနှင့်အတူ ဟစ်ကြွေးလိုက်ကြပြီး သူတို့၏ အသန်မာဆုံးတိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။

တစ္ဆေဘုရင်မူ၏ ဦးဆောင်မှုအောက်တွင် မြောက်ပိုင်းတစ္ဆေဂိုဏ်းမှ ဒါဇင်ချီသော အကြီးအကဲများသည် ဝမ်ဖုန်းနှင့် အခြားသူများကို တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုကြီးများမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် မြောက်ပိုင်းတစ္ဆေဂိုဏ်းကြီးတစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေခဲ့သည်။

မြောက်ပိုင်းတစ္ဆေဂိုဏ်းသားများ၏ မျက်နှာထက်တွင်လည်း လေးစားအားကျသော အမူအရာများဖြစ်ပေါ်လာကြသည်။ ဤသည်မှာ သူတို့မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများပင်ဖြစ်တော့သည်။ တကယ်ကို စွမ်းအားကြီးပြီး ထိတ်လန့်စရာကောင်းလိုက်တာ။

" ဒီလူတွေက ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားရလောက်အောင် တန်လို့လား။ "

" အင်း။ ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေကိုယ်တိုင်လှုပ်ရှားခဲ့တာဆိုတော့ ဒီလူတွေ သေသွားရင်တောင် ဂုဏ်ယူလို့ရပြီ။ "

မြောက်ပိုင်းတစ္ဆေဂိုဏ်းသားများသည် မတ်တပ်ရပ်နေဆဲဖြစ်သော ဝမ်ဖုန်းနှင့် အခြားသူများကို စူးစိုက်ကြည့်လျက် အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။ သူတို့၏ အမြင်တွင် ဝမ်ဖုန်းနှင့် အခြားသူများသည် ရူးနှမ်းပြီး ကြောက်လန့်နေပုံပေါ်သည်။

" သွားတော့ "

မြောက်ပိုင်းတစ္ဆေဂိုဏ်းအကြီးအကဲများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် အခါ ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို အနောက်ပစ်လျက် ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။ သူ၏ မျက်နှာထက်တွင် မည်သည့်ထိတ်လန့်မှု အမူအရာမှ ရှိမနေခဲ့ပေ။

ကောင်းကင်ကြီးတစ်ခုလုံး စုတ်ပြဲသွားလျှင်တောင်မှ ဝမ်ဖုန်းကတော့ အစဥ်အမြဲ တည်ငြိမ်နေမှာဖြစ်သည်။

ဝမ်ဖုန်း၏ စကားဆုံးသွားသည်နှင့် တပြိုင်နက် ကျန်းစန်ဖုန်း ၊ တုကူချိုးပိုင် ၊ ယန်ကွမ်းထူနှင့် တုကူကျန်းတို့်၏ မျက်လုံးများ၌ ထူးဆန်းသော အလင်းတစ်ခု ဖြတ်သန်းသွားပြီး ချက်ချင်းပဲပြေးထွက်သွားကြသည်။

ကျန်းစန်ဖုန်း ၊ ယန်ကွမ်းထူနှင့် တုကူကျန်းတို့်က မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ အကြီးအကဲများနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ကြပြီး တုကူချိုးပိုင်ကတော့ တစ္ဆေဘုရင်မူကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

တုံ့ဖန်းပုပိုင်နှင့် အခြားသူများကတော့ လှုပ်ရှားခြင်းမပြုခဲ့ပေ။ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ စွမ်းအားရှင်များမှာ စွမ်းအားကြီးမားလှသော်လည်း ကျန်းစန်ဖုန်းတို့ လေးယောက်သည် တာအိုဘိုးဘေးအဆင့်ကို ရောက်ရှိနေပြီးဖြစ်သည်။ ဒါ့အပြင် သူတို့၏ တိုက်ပွဲဝင်စွမ်းအားများကလည်း သာမာန်စွမ်းအားရှင်များထက် အဆမတန်သာလွန်နေသေးသည်။

" တစ္ဆေဘုရင်လက်သီး "

ပြေးဝင်လာသော တုကူချိုးပိုင်ကို တွေ့မြင်လိုက်ရသောအခါ တစ္ဆေဘုရင်မူသည် လှောင်ပြုံးပြုံးလိုက်သည်။ ဒီအချိန်တွင် ကျန်းစန်ဖုန်း နှင့် အခြားသူများ၏ စွမ်းအားများ ထွက်ပေါ်လာပြီးဖြစ်ရာ တစ္ဆေဘုရင်မူသည် သူတို့၏ ကျင့်ကြံဆင့်ကို အာရုံခံရရှိလိုက်သည်။ သူတို့ဟာ တာအိုဘိုးဘေးအစောပိုင်းအဆင့်၌သာ ရှိနေသေးသည်။

တစ္ဆေဘုရင်မူသည် ထိတ်လန့်နေခြင်းမရှိတော့ပေ။ သူဟာ ခမ်းနားကြီးကျယ်သော စွမ်းအားများကို စီးဆင်းစေလျက် သူ၏လက်သီး၌ စုစည်းလိုက်သည်။ အနက်ရောင် အလင်းတန်းများ လွှမ်းခြုံထားသော ဧရာမလက်သီးကြီးတစ်ခု လေထုအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ အနက်ရောင်လက်သီးကြီးမှာ လူများကို ဝါးမြိုစားသောက်တော့မည့်အလား ထင်မှတ်ရလေသည်။ တစ္ဆေဘုရင်မူ၏ လက်သီးချက်ထွက်ပေါ်လာသည့်အခါ လေထုသည်ကွဲကြေသွားသော မှန်တစ်ချက်အလား အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ လက်သီးချက်ကိုထုတ်ဖော်လိုက်ပြီးသည့်နောက်တွင် တစ္ဆေဘုရင်မူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တုကူချိုးပိုင်ကို လှောင်ရယ်သည့်အပြုံးဖြင့် စောင့်ကြည့်လိုက်သည်။ သူ၏အမြင်တွင် တုကူချိုးပိုင်သည် တာအိုဘိုးဘေး အစောပိုင်းအဆင့်၌သာ ရှိနေသေးသည်။ သူ့ခွန်အားအကုန် သုံးထားသော လက်သီးချက်ကို အဘယ်မှာလျှင် ရင်ဆိုင်နိုင်မည်နည်း။

တစ္ဆေဘုရင်မူ၏ လက်သီးချက်ကို ရင်ဆိုင်နေရတာတောင် တုကူချိုးပိုင်က မကြောက်လန့်နေပေ။ သူဟာ သူ၏ ရုပ်ခန္ဓာကို ချက်ချင်းပဲ အသုံးပြုလိုက်ပြီး နှစ်တစ်ထောင်ရေခဲတမျှအေးစက်သော ပြိုင်ဘက်ကင်းဓားဆန္ဒက တုကူချိုးပိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

တုကူချိုးပိုင်သည် လေထုအတွင်း လက်ကိုဖမ်းဆုပ်လိုက်သည့်အခါ ထက်မြသောဓားတစ်ချောင်းက သူ၏လက်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ အဆိုပါဓားမှ သိပ်သည်းသောဓားဆန္ဒအလင်းများ ဖြာထွက်လျက်ရှိပြီး ကမ္ဘာကြီးတစ်ခုလုံးကို လင်းလက်သွားစေခဲ့သည်။

All Chapters