← Chapters

တာအိုဘုရင်ရောက်လာပြီ။

Vol. 16 Ch. 220

တာအိုဘုရင်ရောက်လာပြီ။

Vol. 16 Ch. 220

တုကူချိုးပိုင်၏ ဓါးချက်ထွက်ပေါ်လာသည့်အခါ တစ္ဆေဘုရင်မူသည် အံ့အားသင့်သွားသည်။ သူဟာ ဘယ်တုန်းကမှ ဤမျှလောက်ထက်မြသော ဓါးအလင်းတန်းကို တွေ့မြင်ဖူးခြင်းမရှိပေ။ အဆိုပါ ဓါးအလင်းတန်းသည် နှစ်တစ်ထောင်ရေခဲကဲ့သို့ အေးစက်သောအရှိန်အဝါများကိုသယ်ဆောင်လာကာ သူ၏စိတ်ဝိညာဥ်ကိုတောင် ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။

ဘုံး...

ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပြီး စွမ်းအင်အရှိန်အဝါများသည် အရပ်မျက်နာအသီးသီးသို့ ပျံ့နှံ့သွားသည်။ များစွာသော မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းသားများသည် ထိတ်လန့်သွားကြပြီး အရပ်မျက်နာအသီးသီး ထွက်ပြေးတိမ်းရှောင်သွားကြသည်။

တစ္ဆေဘုရင်မူသည် ခြေလှမ်းအနည်းငယ် နောက် ဆုတ်လိုက်ရပြီး သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ တာအိုဘိုးဘေးအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့လို တာအိုဘိုးဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူရဲ့ အင်အားကုန်သုံး တိုက်ကွက်ကို ခုခံနိုင်သည်တဲ့လား။ ဘယ်လိုမကောင်းဆိုးဝါးမျိုးပါလိမ့်။

"မြောက်ပိုင်းတစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းချုပ်တဲ့လား? ဒါကမင်းရဲ့ ခွန်အားအကုန်ပဲလား?"

တုကူချိုးပိုင်သည် တစ္ဆေဘုရင်မူကို စူးစိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။

"မောက်မာလိုက်လေ... မင်းမှာ စွမ်းဆောင်ရည်နည်းနည်းလောက်ရှိတာနဲ့ ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား? ၊ ဒီဂိုဏ်းချုပ်က အစစ်အမှန်စွမ်းအားကို သင်ပြပေးလိုက်မယ်ကွ..."

တစ္ဆေဘုရင်မူ၏ မျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူဟာ ကြီးမြတ်သော မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်ပင်မဟုတ်ပါလော။

ထိုသို့ပြောလိုက်ပြီးနောက် တစ္ဆေဘုရင်မူက သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ရိုက်ချလိုက်သည်။ မူလကဖြူဖွေးသော လက်တစ်စုံသည် ကောင်းကင်ယံသို့ ရောက်ရှိသွားပြီးနောက် မကောင်းဆိုးဝါး၏ လက်ဝါးကြီးကဲ့သို့ အနက်ရောင်လက်ဝါးကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။

တုကူချိုးပိုင်၏ ဓါးအလင်းတန်းသည် ထက်မြက်ပြီး ကြောက်မက်ဖွယ်ကောင်းသော်လည်း လက်ရှိအချိန်မှာ တစ္ဆေဘုရင်မူက အလွန်အမင်း တည်ငြိမ်နေသည်။ သူဟာ တုကူချိုးပိုင်၏ ဓါးချက်ကို လက်ဝါးတစ်ချက်ထဲ ရိုက်သွင်းလိုက်သည်။ အနက်ရောင် လက်ဝါးကြီးနှင့် ဓါးအလင်းတန်းတို့ ထိတွေ့မိသည့်အခါ ပွတ်တိုက်မိသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဤအချိန်တွင် တစ္တေဘုရင်မူသည် အလွန်အမင်းရဲရင့်လှကာ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်တည်းဟူသော ဂုဏ်ပုဒ်ကို ဖော်ပြနေသည်။ တစ္ဆေဘုရင်မူမှာ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အဖြစ် ရပ်တည်နေသည်ဖြစ်ရာ သူဟာလည်း ကြီးကျယ်သော စွမ်းအားများ ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ယောက်ပဲဖြစ်သည်။

တုကူချိုးပိုင်၏ တိုက်ခိုက်ရေးစွမ်းအင်မှာ အလွန်သန်မာသော်လည်း ဘာပဲဖြစ်ဖြစ်သူသည် တာအိုဘိုးဘေး အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။ ထို့အတွက်ကြောင့် တစ္ဆေဘုရင်မူနှင့် ရင်ဆ်ိုင်တိုက်ခိုက်ရသည့်အခါ တိုက်ပွဲသည် အချိန်တစ်ခုကြာသည်အထိ အနိုင်အရှုံးကွဲပြားလိမ့်မည်မဟုတ်ပေ။

"တာအိုဘိုးဘေးအစောပိုင်းအဆင့်လောက်နဲ့ ဒီလိုခွန်အားမျိုးရှိတာ မဆိုးဘူး.... ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဝင်လာခဲ့လိုက် အတိတ်တွေအားလုံးကို ချေဖျက်ပေးမယ် ၊ ဒီအချိန်ကစပြီး မင်းမြောက်ပိုင်းတစ္ဆေဂိုဏ်းကို ဝင်လာမယ်ဆိုရင် လူထောင်ပေါင်းများစွာရဲ့ အထက်က ပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်"

တုကူချိုးပိုင်နှင့်တိုက်ခိုက်နေရင်းမှ တစ္ဆေဘုရင်မူသည် တုကူချိုးပိုင်၏ ခွန်အားများကို သဘောကျလာကာ ပြောဆိုလိုက်သည်။

တစ္ဆေဘုရင်မူ၏စကားများကို ကြားလိုက်ရသည့်အခါ တုကူချိုးပိုင်၏ မျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူဟာ ဓါးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ခုတ်ပိုင်းလိုက်ရာ အေးစက်သော ဓါးအလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အဆိုပါဓါးအလင်း တန်း၏ အရှိန်မှာအလွန်အမင်းမြန်ဆန်လှသည်။ အေးစက်မြန်ဆန်သော ဓါးအလင်းတန်းသည် တစ္ဆေဘုရင်မူ၏ ရှေ့သို့ ရုတ်ချည်းပြေးထွက်သွားရာ တစ္ဆေဘုရင်မူသည်လည်း လက်ဝါးချက်တစ်ချက်နှင့်အတူ အလျှင်အမြန်တုံ့ပြန်လိုက်ရသည်။

သို့ပါသော်လည်း တစ္တေဘုရင်မူ မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တုကူချိုးပိုင်၏ ဓါးသည် ဦးတည်ရာ ချက်ချင်းပြောင်းလဲသွားပြီး တစ္ဆေဘုရင်မူ၏ လက်ကောက်ဝတ်ကို တိုက်ရိုက်ပိုင်းဖြတ်ချလိုက်သည်။ ရေတံခွန်ကဲ့သို့သော နီစွေးသည့် သွေးများသည် တရဟော ထွက်ပေါ်လာခဲ့ပြီး လေထု၏အတွင်း၌ ပြင်းထန်သော သွေးရနံ့များ ထွက်ပေါ်လာခဲ့သည်။ တုကူချိုးပိုင်၏ ဘဝသက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တိုက်ပွဲများကို ကျော်ဖြတ်ပြီးပြီဖြစ်ရာ သူ၏တိုက်ပွဲဝင်အတွေ့အကြုံများမှာ အလွန်အမင်းများပြားလှပေသည်။ သူက တစ္ဆေဘုရင်မူနှင့်ခဏတာသာ တိုက်ခိုက်ခဲ့ရသော်လည်း တစ္ဆေဘုရင်မူ၏ လက်ကို ဖြတ်တောက်ခြင်းကသာ အနိုင်ရခြင်းကို ဦးတည်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။

"ဘာ...."

တစ္ဆေဘုရင်မူသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည် ။ သို့ပါသော်လည်း တုကူချိုးပိုင်၏ ဓါးအလင်းတန်းသည် တစ္ဆေဘုရင်မူ၏ အရိုးများအတွင်းသို့ မျော့တစ်ကောင်ကဲ့သို့တွယ်ကပ်နေခဲ့သည်။

သေရေးရှင်ရေး အခိုက်အတန့်တွင် တစ္ဆေဘုရင်မူသည် တာအိုဘိုးဘေးအထွတ်အထိပ်အဆင့်ရှိ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ပြီး တုကူချိုးပိုင်ကို အတင်းအကြပ်နောက်ဆုတ်စေ ခဲ့ကာ အန္တရာယ်ရှိသည့် အခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်။

တစ္ဆေဘုရင်မူသည် အသက်ကိုပြင်းပြင်းရှုရှိုက်ကာ တုကူချိုးပိုင်ကို မဲမှောင်နေသော မျက်နှာကြီးဖြင့် စိုက်ကြည့်လိုက်သည်။ တုကူချိုးပိုင်ဤမျှအထိ သန်မာနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ အနှီလူက မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သူ၏လက်ကို ဖြတ်တောက်ခဲ့သည်တဲ့လား?။ တစ္ဆေဘုရင်မူ၏ ကျင့်ကြံဆင့်ဖြင့်ဆိုပါက ဖြတ်တောက်ခံရသော လက်သည် ပြင်းပြင်းထန်ထန်ထိခိုက်စေမည်တော့ မဟုတ်ပါချေ။ သူဟာဆက်လက်တိုက်ပွဲဝင်နိုင်ဆဲသာ ဖြစ်သည်။ သို့ပါသော်လည်း အသည်က တစ္ဆေဘုရင်မူကို အရှက်ရသွားစေပြီး အလွန်အမင်းဒေါသထွက်လာစေခဲ့သည်။

တစ္တေဘုရင်မူဟာ ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်ရှုလိုက်သည့်အခါ မြောက်ပိုင်းတစ္ဆေ၏ဂိုဏ်းအကြီး အကဲများစွာမှာ ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ အချိန်တိုအတွင်း သတ်ဖြတ်ခံလိုက်ရပြီဆိုတာကို တွေ့ရှိသွားခဲ့သည်။

"မင်းတို့က ဘယ်သူတွေလဲ?... ငါ့မှာ ဘယ်သူနဲ့မှလည်းရန်ငြိုးမရှိဘူး... မင်းတို့ဘာလို့ငါတို့ဂိုဏ်းကို လာပြီးတိုက်ခိုက်နေရတာလဲ?" တစ္ဆေဘုရင်မူသည် သူ့နှလုံးသားအတွင်းရှိ နာကြည်းမှုများကို မမြိုသိပ်နိူင်တော့ဘဲ ဟစ်ကြွေးမေးမြန်းလိုက်သည်။

"ငါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲပဲ... ဘယ်လိုအမုန်းတရားတွေ ရှိနေလည်းဆိုတာကိုတော့ မင်းတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းကပဲ သိမှာပေါ့" တုကူချိုးပိုင်သည် တစ္ဆေဘုရင်မူကို ထူးမခြားနားစွာ စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

တုကူချိုးပိုင်၏ စကားသံ ထွက်ပေါ်လာခြင်းနှင့်အတူ ကျန်းစန်ဖုန်းတို့အုပ်စုကလည်း မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ နောက်ထပ်အကြီးအကဲတစ်ယောက်ကို သတ်ဖြတ်လိုက်သည်။ တစ္ဆေဘုရင်မူ၏မျက်လုံးများအတွင်း၌ တုန်လှုပ်မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သတ်ဖြတ်ခံလိုက်ရသူမှာ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ ပဥ္စမမြောက်အကြီးအကဲဖြစ်သည်။

ဒါ့အပြင် မြောက်ပိုင်းတစ္ဆေဂိုဏ်းက ရှေးဟောင်းကမ္ဘာကြီးကို စေလွှန်ခဲ့သော ဖုန်းသွမ့်ဟန်နှင့် ကွေ့ဝူတို့ကလည်း သူ၏ ဂိုဏ်းသားများပဲဖြစ်သည်။ အစက သူ၏ဂိုဏ်းသားများ ရှေးဟောင်းကမ္ဘာအတွင်း၌ သတ်ဖြတ်ခံရသည်ကို ကြားခဲ့ရစဥ်က တစ္ဆေဘုရင်မူဟာ အရမ်းကိုဒေါသထွက်သွားပြီး သိပ်မကြာခင်မှာ နောက်ထပ်ဂိုဏ်းသားများ ထပ်မံစေလွှတ်ရန်စီစဥ်ထားခဲ့သည်။ သူဟာ ရှေးဟောင်းကမ္ဘာကြီးအတွင်းသို့ ဂိုဏ်းသားများ ပိုမိုစေလွှတ်ပြီး သူ၏အစီအစဥ်ကိုဖျက်ဆီးခဲ့သော ပုရွက်ဆိတ်ဂိုဏ်းအား အပြီးအတိုင်ဖျက်ဆီးချင်ခဲ့သည်။

သို့ပါသော်လည်း သူပုရွက်ဆိတ်ဂိုဏ်းဟု ပြောဆိုနေသည့်ဂိုဏ်းက သူ၏မြောက်ပိုင်းတစ္ဆေဂိုဏ်းရှိရာအရပ်သို့ တစ်ချိန်ချိန်တွင် ရောက်လာလိမ့်မည်ဟုတော့ တစ္ဆေဘုရင်မူတစ်ယောက် ထင်မထားခဲ့ပါ။သူအိပ်မက်မက်နေတာများလား?။

"အခု... ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းရဲ့ အကြီးအကဲတော်တော်များများကိုလည်း သတ်ပြီးပြီ ၊ ငါကိုယ်တိုင်လည်း ဒဏ်ရာရနေပြီ ဘာလို့ဒီမှာ မရပ်ရမှာလဲ... မင်းတို့ကောင်တွေက အရမ်းအစွမ်းထက်တယ် ဆိုပေမယ့်လည်း ငါတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းကို အပြီးတိုင်ချေမှုန်းဖို့ဆိုရင် တန်ကြေးကြီးကြီးမားမားပေးဆပ်ရမှာပဲ..."

တစ္ဆေဘုရင်မူသည် တုကူချိုးပိုင်ကို စူးစိုက်ကြည့်ကာ အေးတိအေးစက်ပြောဆိုလိုက်သည်။

တစ္ဆေဘုရင်မူက တုကူချိုးပိုင်နှင့် အခြားသူများကို ကြောက်လန့်ခြင်းမဟုတ်ပေ။ သို့ပါသော်လည်း သူတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းသည် ထူးခြားဆန်းကြယ်သော တာအိုဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခြိမ်းခြောက်မှုကိုလည်း ခံထားရသေးသည်။ သူသာ တုကူချိုးပိုင်တို့အဖွဲ့ကို လက်လွတ်စလွယ်တိုက်ခိုက်လိုက်မည်ဆိုပါက တာအိုဘုရင်အဆင့်ကျင့်ကြံသူ ထွက်ပေါ်လာသည့်အခါ ဆက်လက်ကိုင်တွယ်ရန် စွမ်းအားရှိတော့မည်မဟုတ်ပေ။

"ငါတို့နဲ့ ညှိနှိုင်းဖို့ မင်းတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းက အဆင့်မမှီသေးဘူး" တုကူချိုးပိုင်သည် တစ္ဆေဘုရင်မူကို စူစိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။

"မင်း..."

တုကူချိုးပိုင်၏ စကားကိုကြားလိုက်ရသည့်အခါ တစ္ဆေဘုရင်မူမှာ အရမ်းကိုဒေါသထွက်သွားသည်။ သူဟာ တုကူချိုးပိုင်ကို စူးစူးရဲရဲစိုက်ကြည့်ပြီး တစ်စုံတစ်ခုကို ပြောဆိုတော့မည့်အချိန်မှာဘဲ ထိတ်လန့်ဖွယ်အရှိန်အဝါကြီးတစ်ခုသည် မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ အထက်ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။

ဘုံး...

အဆိုပါကြောက်လန့်ဖွယ်အရှိန်အဝါကြီးထွက်ပေါ်လာသည့်အခါ လူတိုင်းသည် တိုက်ခိုက်နေခြင်းကို ရုတ်ချည်းရပ်တန့်လိုက်ကြသည်။ ကျန်းစန်ဖုန်းနှင့် အခြားသူများသည်လည်း ရပ်တန့်လိုက်ကြသည် ဤသည်မှာ သန်မာသော တာအိုဘုရင်တစ်ပါး၏ အရှိန်အဝါဘဲဖြစ်သည်။

လူတိုင်း၏ အကြည့်များအောက်မှာပဲ ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ သက်ဆင်းလာခဲ့သည်။ သူဟာလက်နှစ်ဖက်ကို နောက်ပစ်လျှက် မတ်တက်ရပ်နေပြီး ရှိနေကြသည့် လူများအားလုံးကို အထင်အမြင်သေးသော မျက်ဝန်းတစ်စုံဖြင့် စူးစိုက်ကြည့်လိုက်သည်။

ထိုလူ့ကိုတွေ့မြင်လိုက်ရသည့်အခါ တစ္ဆေဘုရင်မူ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏မျက်နှာကြီးမှာလည်း မဲမှောင်လာခဲ့သည်။ ထိုလူမှာ အခြားမဟုတ်ပေ။ သူတို့မြောက်ပိုင်းတစ္ဆေဂိုဏ်းက်ို အညံ့ခံရန် လာရောက်ပြောဆိုခဲ့သော တာအိုဘုရင်လူငယ်ပဲဖြစ်သည်။

"ဒီအရှင်သခင်ရဲ့တောင်းဆိုချက်ကို လက်ခံပေးမယ်ဆိုရင် ဒီအရှင်သခင်က အဲ့ဒီပုရွက်ဆိတ်လေးတွေကို သတ်ဖြတ်ဖို့ ကူညီပေးမယ်"

လူငယ်သည် ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် တစ္ဆေဘုရင်မူဘက်သို့ လှည့်ကြည့်ကာ ထူးမခြားနားအမူအရာဖြင့် ပြောဆိုလိုက်သည်။

"မင်းရဲ့အကူအညီမရှိရင်တောင် ဒီကောင်တွေကို ငါသတ်နိုင်တယ်ကွ..." တစ္ဆေဘုရင်မူက လူငယ်လေးကို အရုပ်ဆိုးအကျည်းတန်နေသော မျက်နှာဖြင့် စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

ထိုလူငယ်သည် ငယ်ရွယ်ပုံပေါ်သော်လည်း သူ့ထံမှ ထွက်ပေါ်လာသော ဖိအားက တုကူချိုးပိုင်ထက်တောင် သာလွန်နေသေးသည်။ ဘာပဲဖြစ်ဖြစ်ထိုလူငယ်မှာ တာအိုဘုရင်တစ်ပါးပဲ ဖြစ်သည်။ တာအိုဘုရင်တစ်ပါး၏ ခွန်အားကို မည်သူကမှ အထင်မသေးရဲကြပေ။

"ဒါပေမယ့်... ငါက သူတို့ကိုကူညီပေးရင်ရော မင်းတို့ရဲ့ မြောက်ပိုင်းတစ္ဆေဂိုဏ်းက ဆက်လက်ရပ်တည်နိုင်ဦးမှာလား?..".လူငယ်လေးသည် ရွှတ်နောက်နောက်အမူအရာဖြင့် ထပ်မံပြောဆိုလိုက်သည်။

သူ၏ပစ်မှတ်မှာ မြောက်ပိုင်းတစ္ဆေဂိုဏ်းတစ်ခုတည်း မဟုတ်ခဲ့ပေ။ သူသည် ဝမ်ဖုန်းတို့အုပ်စုကို တွေ့မြင်လိုက်ရသည့်အခါ စိတ်ပါဝင်စားသွားခဲ့သည်။ အစကနေအဆုံးထိ သူဟာအမှောင်ထဲမှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ တုကူချိုးပိုင်တို့အုပ်စု ထုတ်ဖော်ပြသခဲ့သည့် ခွန်အားများမှာ သူ့ကို အဆုံးအစမဲ့ ထိတ်လန့်သွားစေခဲ့သည်။ တုကူချိုးပိုင်တို့လို ပါရမီရှင်များသည် လင်းယွင်ဂိုဏ်းကို ဝင်ရောက်ရန် အရည် အချင်းပြည့်မှီပေသည်။

All Chapters