← Chapters

တူလက်နက်၏စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏!

Vol. 16 Ch. 222

တူလက်နက်၏စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏!

Vol. 16 Ch. 222

ဝူဖုန်း၏ကြောက်မက်ဖွယ် လက်သီးထိုးချက်ကို မြင်တွေ့သောအခါ လီယွမ်ပသည် မထီမဲ့မြင်ဟန်ဖြင့် ရယ်‌မော၏။ ထို့နောက် တူတစ်လက်ကို ပစ်လွှတ်လိုက်သည်။ ရွှေတူလက်နက်ကြီးသည် လျင်မြန်စွာလည်နေလျက်ဖြင့် အလွန်လျင်မြန်သည့်အရှိန်နှုန်းဖြင့် လွင့်ထွက်သွားခဲ့သည်။ ထိုတူကြီး၏ ပြိုင်ဘက်ကင်းစွမ်းအင်သည် ကျယ်ပြန့်သည့်လေဟာပြင်အား အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့သည်။ ထို့နောက် ဝူဖုန်း၏လက်သီးထိုးချက်ကို တိုက်ရိုက်ထုချေလေသည်။

ဘုန်း!

တာ့အိုဘိုးဘေးအဆင့်ကျင့်ကြံသူများကို မင်သက်သွားစေနိုင်သည့် လက်သီးထိုးချက်သည် ဧရာမတူကြီး၏အောက်တွင် ကြေမွသွားခဲ့လေသည်။ လက်သီးထိုးချက်အား ထုချေပြီးနောက်တွင် ဧရာမတူကြီးသည် ရပ်တန့်မသွားသေးဘဲ ဆက်လက်လည်နေခဲ့ကာ ဝူဖုန်းသို့ ဆက်လက်ဦးတည်သွားနေခဲ့သည်။

လီယွမ်ပမှ သူ၏လက်သီးချက်ဖြင့် အသက်ထွက်သွားမည့်မြင်ကွင်းကို မျှော်လင့်စောင့်စားနေခဲ့သည့် ဝူဖုန်းသည် ထိုမြင်ကွင်းကြောင့် မျက်လုံးအိမ်တို့မှေးကျဉ်းသွားရလျက် မယုံကြည်နိုင်သော မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ?”

ဝူဖုန်း အံ့အားသင့်စွာဖြင့် ရေရွတ်၏။ ဝူဖုန်းသည် တာ့အိုဘုရင်အထွတ်အထိပ်အဆင့်တွင် ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ထိုကောင်ငယ်လေးသည် တာ့အိုနန်းတော်အထွတ်အထိပ်အဆင့်ဖြစ်၏။ အဘယ်သို့များ သူ၏လက်သီးထိုးချက်ကို ဖျက်ဆီးနိုင်ခဲ့သနည်း?

ဝူဖုန်းသည် ဖော်ပြနိုင်စွမ်းမရှိလောက်အောင် အံ့ဩထိတ်လန့်သွားခဲ့သော်ငြား မရပ်တန့်ခဲ့ပါချေ။

ဘုန်း!

လက်သီးထိုးချက်နှင့် တူလက်နက်တို့ ထိခတ်သွားခဲ့၏!

ကြောက်မက်ဖွယ်စွမ်းအင်နှစ်ခု ထိခတ်သွားခဲ့ပြီး ဝူဖုန်းသည် အကြိမ်များစွာ အထက်အောက်ပြန်လှန်၍ လွင့်ထွက်သွားခဲ့သည်။ အချိန်ခဏကြာပြီးနောက်တွင်မှ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့၏။

အဟွတ်!

‌ဝူဖုန်း သွေးတစ်ပွက်အန်ထွက်သွားရသည်။ ဝူဖုန်းသည် သူ၏လက်မှ ‌ဖြူဖျော့သည့်အရိုးများကို ကြည့်ရင်းဖြင့် မင်သက်နေခဲ့၏။ သူ၏နှလုံးအိမ်တွင်းမှ အရှက်ရသောခံစားချက်မှာ ပို၍ပင် နာကျင်နေခဲ့သည်။

ဒီလောကကြီးမှာ ဘာတွေဖြစ်ကုန်တာလဲ…?

မိမိသည် တာ့အိုဘုရင်အစောပိုင်းအဆင့်ဖြစ်၏။ တာ့အိုနန်းတော်အဆင့်တစ်ဦးအား သတ်ဖြတ်ခြင်းသည် ပုရွက်ဆိတ်‌တစ်ကောင်အား ဖိချေသတ်သည်ကဲ့သို့ လွယ်ကူနေသင့်သည် မဟုတ်ပါလော?

ထိုအခိုက်အတန့်တွင် ဝူဖုန်းသာမက နေရာရှိလူများအားလုံးမှာ အံ့အားသင့်သွားခဲ့ကြသည်။ အားလုံး၏မျက်လုံးများမှာ ပြူးကျယ်သွားကြလျက် လက်ကိုင်ရိုးရှည်တူကြီးကို မှီရပ်နေသည့် လီယွမ်ပအား ကြောင်အစွာ ကြည့်နေကြလေသည်။

“ဂလု!”

ဝမ်ဖုန်းသည် တံတွေးမျိုချနေခြင်းကို မရပ်တန့်နိုင်ဘဲ ရှိနေရသည်။ ဝမ်ဖုန်း၏မျက်လုံးများမှာ မျက်အိမ်မှ ကျွတ်ကျတော့မည့်အလားဖြင့် လီယွမ်ပ၏တူကြီးသည် သူ၏သွေးကို ပွက်ပွက်ဆူစေ၏။

တုကူချိုးပိုင်နှင့် ကျန်းစန်ဖုန်းတို့သည်လည်း ထိုကဲ့သို့သော စွမ်းအင်မျိုးကို ပြသနိုင်စွမ်းရှိပါသော်ငြား လီယွမ်ပကဲ့သို့ အံ့ချီးဖွယ်မဟုတ်ချေ။

ဤသည်မှာ စစ်မှန်သောစွမ်းအင်ထုတ်လွှတ်မှုဖြစ်၏။ ယောက်ျားစင်စစ်တစ်ယောက်၏ တိုက်ခိုက်မှုဖြစ်၏။ တူနတ်ဘုရားဖြင့်ရင်ဆိုင်ရလျှင် ရန်သူမှာ မည်သို့သောနတ်ဘုရားဖြစ်စေ၊ မိစ္ဆာဖြစ်စေ တိုက်ကွက်တစ်ကွက်တွင် အသက်ဆုံးရှုံးရပေလိမ့်မည်။

တကယ့်ကို ဩဇာကြီးမား၍ ကြောက်မက်ဖွယ်ကောင်းလှပါ၏!

“လူငယ်လေး မင်းအနေနဲ့ ငါ့ရဲ့လင်းယွမ်ဂိုဏ်းကို ဝင်ရောက်ဖို့ဆန္ဒရှိရင် မင်းရဲ့အရည်အချင်းနဲ့ဆို လင်းယွမ်ဂိုဏ်းရဲ့ပထမတန်းစားတပည့်ဖြစ်လာနိုင်တယ်။ အခွင့်အရေးက မင်းရဲ့လက်တစ်ကမ်းမှာပဲ”

ခဏမျှအံ့ဩထိတ်လန့်နေပြီးနောက်တွင် ဝူဖုန်းမှ တည်ကြည်လေးနက်စွာဖြင့် ပြော၏။

ဝူဖုန်းသည် လီယွမ်ပါး၏အင်အားကို ခံစားမိပြီးဖြစ်၍ မိမိမှာ လီယွမ်ပါးအား အနိုင်မရနိုင်မည်ကို စိုးရိမ်မိပေသည်။ သို့ဖြစ်ရာ ထိုလူအား မိမိဘက်တော်သားအဖြစ် သွတ်သွင်းရပေမည်။

ထိုမျှသော ကြောက်မက်ဖွယ်ပါရမီရှင်ကို သူ၏လင်းယွမ်ဂိုဏ်းသို့ဝင်ရောက်ရန် ဖိတ်ခေါ်နိုင်ခဲ့ပါလျှင် မိမိသည်လည်း ဆုလာဘ်များစွာ ရနိုင်ကောင်း၏။ လင်းယွမ်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ တပည့်များတွင်လည်း ဂိုဏ်းခွဲများရှိကြသည်။ လီယွမ်ပမှ မိမိ၏ဂိုဏ်းခွဲသို့ ဝင်ရောက်နိုင်ခဲ့ပါလျှင် သူ၏ဂိုဏ်းခွဲသည် အခြားသောဂိုဏ်းခွဲများထက် ပို၍သာလွန်နိုင်ပေသည်။

“ပျော့တိပျော့ဖတ်နဲ့အားနည်းတဲ့ကောင်စုတ်လေး မင်းဘယ်လိုတောင် ရေးကြီးခွင်ကျယ်တွေလုပ်နေရတာလဲ”

လီယွမ်ပသည် ဝူဖုန်းအား အထင်မြင်သေးစွာကြည့်လျက် အေးစက်စွာလှောင်ရယ်၏။ လီယွမ်ပသည် သူ၏လက်ကိုင်ရိုးရှည်တူလက်နက်အား တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

“သေချင်နေတာပဲ!”

ဝူဖုန်းမှာ အလွန်အမင်း ဒေါသထွက်လွန်း၍ သူ၏ဦးခေါင်းခွံမှာ ဒေါသကြောင့်ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရ၏။ ဝူဖုန်းသည် လီယွမ်ပကို စူးရဲစွာစိုက်ကြည့်လျက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဝူဖုန်း၏ပုံသဏ္ဍာန်မှာ သူ၏ဒေါသကိုနှိုးဆွခဲ့သည့်ရန်သူကို ထုချေပစ်တော့မည့် ဒေါသကြီးနေသည့် သားရဲကောင်ကြီးအလား ဖြစ်နေခဲ့သည်။

အား!!

ဝူဖုန်းသည် အထက်ကောင်းကင်သို့ ဟိန်းဟောက်၏။ သူ၏ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါသောစွမ်းအင်များ ဖြာထွက်လာခဲ့ပြီး သူ၏လက်သီးမှ တောက်ပသောအလင်းတို့သည် တောက်ပသည့်နေမင်းအလား လင်းလက်တောက်ပနေခဲ့ကာ ကြမ်းကြုတ်ခက်ထန်စွာ ထု‌ချေလာခဲ့သည်။

ယခုလက်သီးထိုးချက်သည် ယခင်လက်သီးထိုးချက်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်း၏။ လက်သီးထိုးချက်ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လေဟာပြင်ကိုဆုတ်ဖြဲ၍ စွမ်းအင်လှိုင်းများကြောင့် လေဟာပြင်မှာ တွန့်လိမ်ပုံပျက်သွားရသည်။

လင်ထျန်းလက်သီး!

လင်းယွမ်ဂိုဏ်း၏ မှော်စွမ်းအင်များထဲမှတစ်ခုဖြစ်ပြီး လောကပြိုင်ဘက်ကင်းလက်သီးဟု ကျော်ကြား၏။

ထိုလက်သီးထိုးချက်ကို ထုတ်လွှတ်လိုက်သောအခါ နေရာရှိလူအားလုံးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြလျက် တစ္ဆေဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်သည့် တစ္ဆေဘုရင်မုသည်ပင် ထိုကြောက်မက်ဖွယ်စွမ်းအင်၏ သက်ရောက်မှုကိုခံစားရမည်ကို စိုးရွံ့သောကြောင့် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားလေသည်။

“ဘယ်လိုလက်သီးထိုချက်ကြီးလဲကွာ! မင်းအဖိုးငါ့ရဲ့ ဟူထျန်းဖျက်စီးခြင်းသံမဏိတူ ခံစားကြည့်လိုက်စမ်းပါဦး!”

လီယွမ်ပမှ အထင်မြင်သေးစွာဖြင့်ပြုံးရယ်၏။ သူ၏အသံမှာ မိုးခြိမ်းသံအလား တူလက်နက်ကြီးနှင့်အတူ ထွက်လာခဲ့သည်။ လူတစ်ကိုယ်လုံးကို လေဟာပြင်တွင်လှည့်၍ သူ၏လက်ထဲရှိရွှေတူကြီးသည်လည်း အဆက်မပြတ်လည်နေခဲ့သည်။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေလေရာ အရာအားလုံးမှာ မွစာကြဲပျက်စီးကုန်ကြလေသည်။

ဟူထျန်းဖျက်စီးခြင်းသံမဏိတူ! လီယွမ်ပ၏ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည်။

၎င်းမှာ လီယွမ်ပါးမှ ၂သန်း၊၃သန်းသော စစ်သည်များကို ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် တူလက်နက်အနည်းငယ်ဖြင့် မျက်ကွယ်စေခြင်းဖြင့် လက်နက်ကိုခံစားသိရှိစေခဲ့ကာ ၎င်းဟူထျန်းဖျက်စီးခြင်းသံမဏိလက်နက်ကို ဖန်တီးခဲ့ခြင်းဖြစ်၏။

ဤတိုက်ကွက်သည် စည်းမျဉ်းအလျဉ်းမရှိဘဲ တူလက်နက်အချို့နှင့် တူလက်နက်များ ကျပန်းထွက်ပေါ်လာခြင်း‌ဖြစ်သောကြောင့် တစ်ဖက်ရန်သူမှာ ဖြေရှင်းနည်းကို မရှာဖွေနိုင်ဘဲ ရှိချေလိမ့်မည်။ ၎င်းမှာ အားနည်းချက်လုံးဝကင်းမဲ့လုနီးပါးသော တိုက်ကွက်ဖြစ်၏။ တစ်ခုတည်းသောအားနည်းချက်မှာ လီယွမ်ပထက် အင်အားကြီးမားသောတည်ရှိမှု၏ ဖြိုခွင်းဖျက်ဆီးခြင်းကို ခံရနိုင်ခြင်းသာဖြစ်လိမ့်မည်။

လေဟာပြင်ကို ကြေမွစေသော ထိုကြောက်မက်ဖွယ်စွမ်းအင်ကြီးကို ကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာထက်တွင် ပျော်ရွှင်ခြင်းအပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ ဝမ်ဖုန်းအကြိုက်ဆုံးသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကို ရွေးချယ်ခိုင်းပါလျှင် ထိုသူမှာ သေချာပေါက် လီယွမ်ပဖြစ်ပေမည်။

သူမရှိပါက လီယွမ်ပသည် ဦးနှောက်အလုပ်မလုပ်သူဖြစ်သောကြောင့် အရူးငတုံးလေးဟု ဆိုနိုင်ပေသည်။ ဝမ်ဖုန်းမှ လီယွမ်ပကို အသိအမှတ်ပြုသ၍ လီယွမ်ပသည် ဝမ်ဖုန်း၏နောက်သို့ အစဉ်အမြဲလိုက်ပါမည်ဖြစ်၏။ အခြားသူများ၏ရှေ့တွင် လီယွမ်ပသည် ကြမ်းကြုတ်သော ပြိုင်ဘက်ကင်းအရှင်သခင်တစ်ပါးဖြစ်နိုင်၏။ သို့သော် လူပုံအလယ်တွင် ဝမ်ဖုန်းမှ သူ့အား အသိအမှတ်ပြုပေးပါလျှင် လီယွမ်ပမှာ သိုးပေါက်လေးတစ်ကောင်ကဲ့သို့ အလွန်နာခံတတ်သူ ဖြစ်ပေလိမ့်မည်။

ဘုန်း!

ကျယ်လောင်သောအသံကြောင့် ဝမ်ဖုန်း အလျင်အမြန် မော့ကြည့်လိုက်၏။ ဝမ်ဖုန်းမှာ ပါးစပ်အဟောင်းသားနှင့် မျက်နှာမှာ ဖော်မပြနိုင်စွမ်းသော အံ့အားသင့်မှုတို့ ဖြစ်တည်သွားရသည်။

လေဟာပြင်ထက်ရှိ လီယွမ်ပသည် ဟူထျန်းဖျက်ဆီးခြင်းသံမဏိတူကို အသုံးပြု၍ အရှေ့လေဟာပြင်ကိုဖြတ်သန်း၍ ဝူဖုန်းအား ကြောက်မက်ဖွယ်အရှိန်နှုန်းဖြင့် တိုက်ခိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဝူဖုန်း၏လင်ထျန်းလက်သီးသည် လီယွမ်ပါး၏တူလက်နက်မုန်တိုင်းဖြင့် ထိခတ်သည်နှင့်တစ်ပြိုင်နက် အလွယ်တကူ ကွဲကြေသွားခဲ့ကာ ကြယ်မှုန်များအလား ပြန့်ကျဲပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် လီယွမ်ပါးသည် အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ရှေ့ဆက်တိုးလာရာ ဝူဖုန်း၏မျက်လုံးအိမ်တို့မှာ အံ့ဩထိတ်လန့်မှုကြောင့် မှေးကျုံ့သွား၏။ ဝူဖုန်းမှာ အချိန်မီ မတုံ့ပြန်နိုင်ဘဲနှင့် အလျင်စလိုဖြင့် လီယွမ်ပ၏တူလက်နက်မုန်တိုင်းကို တောင့်ခံရန်သာ တတ်နိုင်ခဲ့သည်။

ဝူဖုန်း၏ ကြောက်ရွံ့ထိတ်လန့်နေသောမျက်လုံးများအောက်တွင် လီယွမ်ပသည် တူလက်နက်ကိုလွှဲရမ်းလိုက်သည်။ ‌လက်ကိုင်ရိုးရှည်ရွှေတူကြီးသည် ဝူဖုန်းအား တိုက်ရိုက်ထုချေပစ်လိုက်၏။

ဘုန်း!

ကမ္ဘာတုန်စေအောင်သော ထိခတ်သံကြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။ အားလုံး၏ အံ့ဩတုန်လှုပ်နေသည့် အကြည့်များအောက်၌ပင် ဝူဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အမြှောက်ဆန်တစ်ခုအလား ‌အပေါက်အောက်ပြန်လှန်လွင့်ထွက်သွားခဲ့သည်။ နောက်ဘက်သို့လွင့်ထွက်သွားချိန်တွင် ဝူဖုန်း၏ခန္ဓာကိုယ်သည် သွေးစိုင်သွေးခဲများအဖြစ် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ကာ အသွေးအသားများကြေမွသွားလေသည်။ ထိုသို့ကြေမွသွားခြင်းနှင့်အတူ သွေးများသည် မီတာထောင်ချီတိုင် လွင့်စင်ထွက်လာခဲ့၏။

လောကတစ်ခွင်၌ သွေးမိုးရွာသွန်းသွားခဲ့ကာ သွေးညှီနံ့ပြင်းပြင်းသည်လည်း လောကတစ်ခွင် ဖုံးလွှမ်းသွားခဲ့သည်။ နေရာရှိလူများအားလုံးသည် ခန္ဒာကိုယ်သာမက ဝိဉာဉ်ထိတိုင် တုန်ယင်နေကြကုန်တော့သည်။

တူလက်နက်၏စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏!

ခုနက တိုက်ကွက်တွင် လီယွမ်ပသည် ဟူထျန်းဖျက်ဆီးခြင်းသံမဏိတူတိုက်ကွက် တစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်ဟုထင်ရ၏။ သို့သော် ရွှေတောင်ပံဂဠုန်ရုပ်ခန္ဓာ၊ ရွှေတောင်ပံဂဠုန်သွေးမျိုးဆက်နှင့် ဟူထျန်းဖျက်ဆီးခြင်းသံမဏိတူဟူ၍ သုံးမျိုးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်ကို လီယွမ်ပတစ်ဦးတည်းသာ သိထားပေသည်။

ရွှေတောင်ပံဂဠုန်ရုပ်ခန္ဓာနှင် ရွှေတောင်ပံဂဠုန်သွေးမျိုးဆက်တို့၏ ကောင်းချီးအောက်တွင် တူလက်နက်၏အင်အားသည် မယုံကြည်နိုင်ဖွယ်ကြီးမားနိုင်၏။

“ပျော့တိပျော့ဖတ်နဲ့အားနည်းရုံတင်မကဘူး. တုံးလည်းတုံးသေးတယ်။ ငါအရှင်သခင်က တစ်ကြိမ်ကြွေးကြော်တာနဲ့ပဲ တကယ်ကြီး တိုက်ကွက်တစ်ခုပဲသုံးမယ်လို့ တွေးရသလား? ငတုံးကောင်ပဲ!”

လီယွမ်ပသည် တူလက်နက်ကိုကိုင်ဆောင်၍ လေဟာပြင်တွင်ရပ်နေလျက် သွေးမြူခိုးထုအဖြစ်ပြောင်းလဲသွားသည့် မြင်ကွင်းကို အထင်မြင်သေးစွာ ကြည့်နေခဲ့သည်။ ထို့နောက် ခပ်သာသာ ရေရွတ်ခဲ့၏။

All Chapters