← Chapters

ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်။

Vol. 16 Ch. 223

ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်။

Vol. 16 Ch. 223

တိတ်ဆိတ်နေ၏!

သုသာန်တစပြင်အလား တိတ်ဆိတ်နေ၏!

‌

နေရာရှိလူအားလုံးမှာ မျက်လုံးအပြူးသားနှင့် မိစ္ဆာတစ်ကောင်ကဲ့သို့သော ပိန်ပါးသည့်ပုံရိပ်ကို ကြောင်အစွာကြည့်နေခဲ့ကြသည်။

တစ္ဆေဘုရင်မုနှင့် တစ္ဆေဂိုဏ်း၏အကြီးအကဲများမှာ တိတ်ဆိတ်ငြိမ်သက်နေလျက် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ ထိုလူငယ်သည် တာ့အိုဘုရင်အဆင့်ကျင့်ကြံသူအား တူဖြင့်ထုချေပစ်ခဲ့၏။ သို့ဖြစ်ရာ ထိုလူငယ်နှင့် မိမိတို့မှာ အဘယ်သို့များ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါမည်နည်း။

ဝမ်ဖုန်း၏နောက်ရှိ ကုချိုးနှင့်ကုကန်းချိုးတို့၏ အပြစ်ကင်းစင်ဟန်သော မျက်လုံးအစုံတို့မှာ တောက်ပလာကြပြန်၏။ ဓားပြများ၏ ဓလေ့ထုံးတမ်းဟူသည် အဘယ်နည်း။ သူတို့အတွက် ဓားပြတိုက်လုယက်ခြင်းသည်သာ အရာအားလုံးဖြစ်ပါ၏။

ကုချိုးနှင့် ကုကန်းချိုးတို့မှာ အနည်းငယ်တုန်လှုပ်မိကြရသည်။ မိမိတို့မှာ ထိုကဲ့သို့သောတည်ရှိမှုအား ဆရာတင်မြှောက်ရပါလျှင် ကောင်းကောင်းမလေ့ကျင့်မိပါက မိမိတို့သည်လည်း သေအောင်ထုသတ်ခံရလိမ့်မည်လော?

ထုသတ်ခံရနိုင်သည်ဟူသောအတွေးတွင် ကုချိုးတို့ညီအစ်ကိုနှစ်ဦးမှာ မထိန်းချုပ်နိုင်စွာ တုန်လှုပ်မိကြလေသည်။ သူတို့သည် ကောင်းကျိုးဆိုးကျိုးသိတတ်သော ဓားပြများဖြစ်ကြပါ၏။

“ဂိုဏ်းချုပ်”

အားလုံးမှ အံ့အားမင်သက်နေကြချိန်တွင် လီယွမ်ပသည် တူနှစ်လက်ကိုကိုင်ဆောင်၍ ခန္ဓာကိုယ်မှာ အလင်းအလျင်ဖြင့် ဝမ်ဖုန်း၏ရှေ့တွင် ‌ထွက်ပေါ်လာခဲ့သည်။

လီယွမ်ပ၏ခန္ဓာကိုယ်မှ မွန်းကြပ်ဖွယ်စွမ်းအင်သည် ဝမ်ဖုန်း၏ဘေးရှိ တုံ့ဖန်းပုပိုင်နှင့် အခြားသူများကို မထိန်းချုပ်နိုင်စွာ တုန်လှုပ်စေ၏။ လီယွမ်ပသည် မိမိတို့ဘက်တော်သားဖြစ်သည်ကို သိထားကြပါသော်ငြား ဤမျှရက်စက်ကြမ်းကြုတ်သည့်တည်ရှိမှုသည် ရန်သူများကို ကြောက်ရွံ့‌တုန်လှုပ်စေရုံမျှမက တစ်ဖက်တည်းသားများကိုလည်း တုန်လှုပ်စေနိုင်မြဲဖြစ်၏။

မိမိရှေ့ရှိ လီယွမ်ပကိုကြည့်လျက် ဝမ်ဖုန်း ပြုံးရယ်လိုက်သည်။ သို့သော် စိတ်နှလုံးအတွင်းတွင်တော့ ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားပူပန်နေမိပါ၏။ မိမိမှ တည်ငြိမ်သည့်ဟန်ပန်ကို ထိန်းမထားနိုင်ပါလျှင် လီယွမ်ပမှ တူဖြင့်ထုချေသတ်လိုက်မည်ကို စိုးရိမ်နေမိပေသည်။

“ကံကောင်းထောက်မစွာနဲ့ ယွမ်ပရှိပလို့ပဲ!”

ဝမ်ဖုန်း ပြုံးလျက်နူးညံ့စွာပြောလိုက်သည်။

ဝမ်ဖုန်း၏စကားကြောင့် လီယွမ်ပသည် ဝမ်းမြောက်စွာဖြင့်ပြုံးလိုက်သည်။ သို့သော် လီယွမ်ပ၏ထိုအပြုံးကြောင့် နေရာရှိလူအားလုံးမှာ ထိတ်လန့်သွားကြ၏။

လီယွမ်ပသည် အိမ်နီးချင်းကောင်ငယ်လေးကဲ့သို့ ပုံပန်းသွင်ပြင်ရှိသော်ငြား မကြာသေးခင်က ပြသခဲ့သည် ကြောက်မက်ဖွယ်မြင်ကွင်းသည် အားလုံး၏စိတ်နှလုံးတွင် နက်ရှိုင်းစွာထင်ဟပ်ခဲ့ပြီး ဖြစ်လေသည်။

“ပြီးသွားပြီ”

ယခုမြင်ကွင်းကြောင့် တစ္ဆေဂိုဏ်း၏စွမ်းအားမြင့်ကျင့်ကြံသူများတွင် အကြံတချို့ထွက်ပေါ်လာခဲ့၏။

“အားလုံးအဆုံးသတ်လိုက်တော့”

ဝမ်ဖုန်းမှ တစ္ဆေဂိုဏ်းသားများသို့ကြည့်၍ အေးစက်စွာပြောလိုက်၏။

“ဟုတ်”

ဝမ်ဖုန်း၏စကားအဆုံးတွင် တကုကူချိုးပိုင်နှင့် အခြားသူများမှ လေးစားစွာဖြင့် ဖြေကြား၍ တစ္ဆေဂိုဏ်းသားများကို သတ်ဖြတ်ရန်ထွက်သွားကြ၏။

လီယွမ်ပလည်း ထွက်သွားခဲ့သည်။ လီယွမ်ပသည် သူ၏တူနှစ်လက်ကို သယ်ဆောင်၍ လေပွေကဲ့သို့လှည့်၏။ လီယွမ်ပ ဖြတ်သန်းသွားရာနေရာတိုင်းတွင် အလောင်းတောင်နှင့် သွေးပင်လယ်တို့ဖြစ်တည်သွားခဲ့ကာ အသွေးအသားစများ နေရာအနှံ့ပြန့်ကျဲလျက် အလွန်တရာ သွေးသံရဲရဲမြင်ကွင်းအဖြစ် ကျန်ရစ်ခဲ့လေသည်။

တစ္ဆေဘုရင်မုနှင့် တစ္ဆေဂိုဏ်း၏အကြီးအကဲများသည် ထွက်ပြေးလိုကြသော်ငြား လီယွမ်ပမှ လိုက်မီသွားခဲ့လေရာ တူတစ်ကြိမ်လွှဲရမ်းသည်နှင့် တစ်ဦးအသက်ပျောက်သွားရလေသည်။ နာရီဝက်ခန့်အချိန်အတွင်း၌ တစ္ဆေဂိုဏ်းအကြီးအကဲများနှင့် တစ္ဆေဘုရင်မုတို့သည် လီယွမ်ပ၏လက်တွင် အသက်ပျောက်သွားကြတော့သည်။

ထိုမြင်ကွင်းကြောင့် ကုချိုးတို့ညီအစ်ကိုနှစ်ဦးမှာ တစ်စုံတစ်ရာကို အဖန်တလဲလဲတွေးတောနေရင်းဖြင့် တုန်ရီနေကြ၏။ သူတို့သည် အသက်မဆုံးရှုံးလိုပေ။ ‌ရိုးသားပွင့်လင်းသည့် ကောင်းကျိုးဆိုးကျိုးသိတတ်သော ဓားပြများအဖြစ်သာ ရှင်သန်လိုကြပါ၏။

နောက်ထပ်၁၅မိနစ်ခန့်ကြာပြီးနောက်တွင် တစ်ချိန်တစ်ခါက ထျန်းလန်မြောက်ပိုင်းဒေသတွင် ချမ်းသာကြွယ်ဝ၍ နာမည်ကျော်ကြားခဲ့သော တစ္ဆေဂိုဏ်းသည် အလောင်းနှင့်သွေးပင်လယ်ကြီးအဖြစ် အလုံးစုံပြောင်းလဲသွားခဲ့လေသည်။ ပြင်းထန်သောသွေးညှီနံ့သည် ‌တစ္ဆေတောင်ကြားတစ်ခွင်၌ ဖုံးလွှမ်းသွား၏။

ဤမြင့်မားသောတောင်ထွဋ်သည် ကြောက်မက်ဖွယ်တိုက်ပွဲ၏ ဖျက်ဆီးခြင်းကို ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ မူလအမြင့်ထက် တစ်ဝက်ကျော်ခန့်မျှ နိမ့်သွားလေသည်။ ပတ်ဝန်းကျင်မြေပြင်တို့မှာ ပင့်ကူအိမ်အလား အက်ကွဲကြောင်းများ ယှက်သန်းနေကာ ထိုအက်ကွဲကြောင်းများမှ နက်ရှိုင်းသည့်မြေအောက်အထိ မြင်တွေ့နိုင်ပေသည်။

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏လီယွမ်ပမှ တာ့အိုဘုရင်အစောပိုင်းအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်တစ်သိန်းနှင့် တာ့အိုအဆင့်ကျပန်းထီလက်မှတ်တစ်ခု ရရှိပါတယ်”

“ဒင်! ထျန်းလန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တစ်ဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၈သန်းနှင့် တာ့အိုအဆင့်ကျပန်းထီလက်မှတ်၁၅ခု ရရှိပါတယ်”

စိတ်တွင်းမှ အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မျက်နှာအမူအရာပြောင်းလဲသွား၏။ ယခုရရှိသည့်ဂိုဏ်းအမှတ်ဖြင့်ပေါင်းလိုက်လျှင် သူ့တွင် ဂိုဏ်းအမှတ်၉.၁၉သန်း ရှိပြီးဖြစ်သည်။ ၎င်းဂိုဏ်းအမှတ်သည် ဂိုဏ်းအဆင့်နှင့် စနစ်အဆင့်တို့ကို တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်ရန် မလုံလောက်ပေ။

“ဒင်! စနစ်အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ ပြီးမြောက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စနစ်အဆင့်ကို မြှင့်တင်ပြီးပါပြီလား?”

“စနစ် စနစ်အဆင့်နဲ့ ဂိုဏ်းအဆင့်ကို အဆင့်၆ထိ တစ်ပြိုင်တည်းမြှင့်တင်ဖို့ ဂိုဏ်းအမှတ်ဘယ်လောက်လိုလဲ”

ဝမ်ဖုန်းမှ မျက်လုံးများမှေးကျဉ်းလျက် မေး၏။

“ဒင်! စုစုပေါင်း ဂိုဏ်းအမှတ်၁၀သန်းလိုအပ်ပါတယ်။ စနစ်နဲ့ဂိုဏ်းကို အဆင့်၆မြှင့်တင်တဲ့အခါ တစ်မျိုးအတွက် ဂိုဏ်းအမှတ်၅သန်းစီ လိုအပ်ပါတယ်”

စိတ်တွင်းမှအေးစက်သည့်အသံကိုကြားသည်တွင် ဝမ်ဖုန်းသည် ထိုသို့မျှော်လင့်ထားခဲ့သည်ဟူသော မျက်နှာအမူအရာဖြစ်တည်လာ၏။ ဒီသောက်ကျိုးနည်းစနစ်က ဘယ်တုန်းကမှ မပြတ်မသားမလုပ်ဘူးလေ!

“စနစ် အရင်ဆုံး စနစ်အဆင့်ကို အဆင့်၆မြှင့်လိုက်ပါ”

ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွားလျက် စိတ်ထဲမှပြောလိုက်သည်။

စနစ်အဆင့်တိုးမြှင့်သွားသည်နှင့်အမျှ ဆင့်ခေါ်နိုင်သည့်ပုဂ္ဂိုလ်များသည်လည်း ပို၍စွမ်းအားမြင့်မားလာမည်ဖြစ်ကာ ပို၍အင်အားကြီးမားပေလိမ့်မည်။ အင်အားလုံလောက်ပါလျှင် ဂိုဏ်းအမှတ်ရှာဖွေရန်မှာ ရိုးရှင်းလွယ်ကူလိမ့်မည် မဟုတ်ပါလော?

စနစ်အဆင့်မြှင့်တင်ရန် စောင့်ဆိုင်းနေစဉ်တွင် ပြန်‌ရောက်လာသည့် တုကူချိုးပိုင်နှင့် အခြားသူများကို ဝမ်ဖုန်း ကြည့်၍ပြော၏။

“ကံကောင်းထောက်မစွာနဲ့ အကြီးအကဲတွေက ဒီတစ္ဆေတောင်ကို ပြောင်းလဲထားပေလို့ပဲ။ အခုကစပြီး ဒီတစ္ဆေဂိုဏ်းက ငါတို့အပိုင်ဖြစ်သွားပြီ။ ဒီတစ္ဆေတောင်ဟာ ထျန်းလန်မြောက်ပိုင်းဒေသမှာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဌာနဖြစ်သွားပြီ”

“ဟုတ်!”

အကြီးအကဲများသည် ရိုသေလေးစားစွာတုံ့ပြန်ခဲ့ကြပြီး ဘေးသို့ရပ်၍ ရှန်ရှန့်ကျုံဂိုဏ်း၏ နေထိုင်ရန်အဆောင်ခန်းကို မည်သို့စီစဉ်ရမည်ကို စတင်တွေးတောကြလေသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ဖုန်းမှာ နတ်ဆိုးအိုကြီးကို အနည်းငယ်လွမ်းဆွတ်သွားရ၏။ နတ်ဆိုးအိုကြီးရှိပါလျှင် စဉ်းစားတွေးတောရန်ပင် မလိုအပ်ဘဲ ထူးခြားပြောင်မြောက်စွာသော ဂိုဏ်းခန်းမဆောင်များကို ချက်ချင်းတည်ဆောက်ပေးပေလိမ့်မည်။

“ဒင်! ဂိုဏ်းအမှတ်၅သန်းကိုအသုံးပြု၍ စနစ်အဆင့်ကို အဆင့်၆သို့မြှင့်တင်ခြင်းအတွက် ဂုဏ်ပြုပါတယ်”

ထိုအချိန်တွင် စနစ်၏အေးစက်သည့်အသံ ထွက်ပေါ်လာ၏။ ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေလျက် ‌ အေးဆေးစွာပြော၏

“စနစ် စနစ်အဆင့်၆ရဲ့လုပ်ဆောင်ချက်တွေကို ပြောပြပါဦး”

ခုလေးတင်ပဲ ၅သန်းသုံးထားရတာမလား? အေးဆေးမေးရမှာပေါ့။

“ဒင်! စနစ်ကို အဆင့်၆သို့မြှင့်တင်ပြီးတာကြောင့် တာ့အိုအဆင့်ကြိုတင်ဆင့်ခေါ်ခွင့် ဖွင့်လှစ်လိုက်ပါပြီ။ ဆင့်‌ခေါ်နိုင်သည့်ပုဂ္ဂိုလ်၏ အနိမ့်ဆုံးအဆင့်သည် တာ့အိုနက်နဲမှုအဆင့်ဖြစ်ပြီး အမြင့်ဆုံးအဆင့်က တာ့အိုနတ်ဘုရားအထွတ်အထိပ်အဆင့် ဖြစ်ပါတယ်။ အမြင့်ဆုံးအဆင့်ကို ဆက်လက်တိုးမြှင့်ရန် စနစ်အဆင့်ကို အဆင့်၇သို့ မြှင့်တင်ရပါမယ်”

“တာ့အိုအဆင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်တစ်ခုအတွက် တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်လေးခုပေါင်းစပ်ပြီး ရယူနိုင်ပါတယ်။ တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ်”

“ထို့အပြင် သခင်သေဆုံးခြင်းကို ကာကွယ်ရန်အတွက် လုပ်ဆောင်ချက်အသစ်တစ်ခု ဖွင့်လှစ်လိုက်ပါပြီ။ ကပ်ဆိုက်ကာလအထူးဆင့်ခေါ်ခွင့်ပါ”

စိတ်ထဲမှ အေးစက်သောစနစ်၏အသံကြောင့် ဝမ်ဖုန်းမှာ မင်သက်သွားရသည်။ ဘယ်သူက သေမှာလဲ? မင်းက စနစ်ဖြစ်တာနဲ့ပဲ ငါသခင်ကို မဟုတ်မမှန်ပြောလို့ရတယ် မတွေးသင့်ဘူးလေ!

သံသယများစွာတို့ဖြင့် ဝမ်ဖုန်း သိချင်စိတ်ပြင်းပြစွာ‌ မေးလိုက်သည်။

“ကပ်ဆိုက်ကာလကံ‌ကောင်းမှုအထူးဆင့်ခေါ်ခွင့်ဆိုတာ ဘာလဲ?”

“ဒင်! ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ဟာ သာမန်အခြေအနေတွေမှာ အသုံးပြုလို့မရနိုင်ပါဘူး။ သခင့်အနေနဲ့ ဆင့်ခေါ်ထားတဲ့ဇာတ်ကောင်တွေ၊ အစောင့်အရှောက်တွေ ဖြေရှင်းမပေးနိုင်တဲ့ ကပ်ဆိုက်ခြင်းနဲ့ ကြုံတွေ့ရချိန်မှာသာ ကံကောင်းမှုကိုသုံးစွဲခြင်းဖြင့် ဆင့်ခေါ်နိုင်ပါတယ်။ ကပ်ဆိုက်ကာလကံကောင်းမှုအထူး‌ဆင့်ခေါ်ခွင့်မှ ဆင့်ခေါ်တဲ့ဇာတ်ကောင်မှာ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်မရှိပါဘူး။ အနိမ့်ဆုံးအဆင့်ကတော့ အစောင့်အရှောက်ထက်သာလွန်တဲ့ ကြီးမြတ်တဲ့အဆင့်ပါ”

“မှတ်ချက်: သုံးစွဲတဲ့ကံကောင်းမှုချီ ပမာဏများသည်နှင့်အမျှ ဆင့်ခေါ်နိုင်သည့်ဇာတ်ကောင်သည် ပို၍အင်အားကြီးမားလိမ့်မည်။ အပြန်အလှန်အနေဖြင့် ကံကောင်းမှုချီနည်းလျှင် ဆင့်ခေါ်နိုင်သည့် ဇာတ်ကောင်အင်အားနည်းလိမ့်မည်။ ကံကောင်းမှုချီကို အကုန်အစင်အသုံးမပြုရန် သတိပေးလိုပါတယ်။ သို့မဟုတ်ရင် ကပ်ဆိုက်ကာလကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ နောက်ထပ်ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်”

စိတ်တွင်းမှ အေးစက်သောအသံသည် ဝမ်ဖုန်း၏မျက်နှာအား တောက်ပသွားစေ၏။ မမျှော်လင့်စွာဖြင့် စနစ်အား အဆင့်၆သို့ မြှင့်တင်ပြီးနောက်တွင် ဤသို့အင်အားကြီးမားသည့် လုပ်ဆောင်ချက်အသစ်မျိုး ဖွင့်လှစ်လာခဲ့သည်။

တုနှိုင်းမရချေ!

ထိုကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ကို ဆန္ဒအလျောက် အသုံးမပြုနိုင်ခြင်းသည် နှမြောဖွယ်ဖြစ်၏။ အမှန်တကယ် ကပ်ဆိုက်ခြင်းနှင့် ကြုံတွေ့ရမှသာလျှင် အသုံးပြုနိုင်လေသည်။ သို့မဟုတ်ပါက သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှာ တကယ်ကြီး ပြိုင်ဘက်ကင်းဂိုဏ်းတော်ကြီး ဖြစ်သွားနိုင်ပေသည်။

“စနစ် အခုငါ့မှာ ကံကောင်းမှုချီ ဘယ်လောက်ရှိလဲ? ပြီးတော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကံကောင်းမှုချီကို သုံးလို့ရလား?”

ဝမ်ဖုန်း စိတ်ထဲမှ မေးလိုက်သည်။

“ဒင်! သခင်၏ကိုယ်ပိုင် ကံကောင်းမှုချီဖြစ်စေ၊ ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီဖြစ်စေ ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်အတွက် အသုံးပြုနိုင်ပါတယ်။ သခင်ရဲ့ ကိုယ်ပိုင်စွမ်းရည်ဇယားကို ကြည့်ရှုပြီး ကံကောင်းမှုချီပမာဏကို စစ်ဆေးနိုင်ပါတယ်”

All Chapters