← Chapters

နတ်ဆိုးဝိဉာဉ်။

Vol. 16 Ch. 224

နတ်ဆိုးဝိဉာဉ်။

Vol. 16 Ch. 224

“စနစ် ငါ့ရဲ့စွမ်းရည်ဇယားကိုစစ်မယ်”

ဝမ်ဖုန်း၏မျက်လုံးများ‌ တောက်ပသွား၍ စိတ်ထဲမှပြောလိုက်သည်။

“ဒင်! သခင်ရဲ့စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်

သခင်: ဝမ်ဖုန်း

ကျင့်ကြံဆင့်: တာ့အိုနန်းတော်အထွတ်အထိပ်အဆင့်

ဂုဏ်ပုဒ်: ကံကောင်းခြင်းသခင်လေး

ရုပ်ခန္ဓာ: မရှိ

သွေးမျိုးဆက်: မရှိ

အထူးသီးသန့်ကျင့်ကြံမှုလမ်းစဉ်: တာ့အိုလမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်း

အထူးသီးသန့်ဆန်းကြယ်စွမ်းရည်: ဓားတစ်လက်ဖြင့်‌ကမ္ဘာလောကကိုကယ်တင်

ဆန်းကြယ်စွမ်းရည်များ: ကောင်းကင်ပြပ၌ အမတများပျံသန်းခြင်း၊ မင်ယွိကုန်း၊ ဟွားကွမ်းဓားသိုင်း၊ သက်နုတ်ဓား၁၅သွယ်၊ ကောင်းကင်နတ်‌ဆိုးလမ်းစဉ်၊ နဂါးထိန်းချုပ်လက်ဝါး၁၈ဖြာ၊ လှုပ်ရှားမှု၆ဖြာနတ်ဘုရားဓား၊

မှော်စွမ်းအင်: နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီ

ဖန်တီးထားသောဂိုဏ်း: ရှန်ရှန့်ကျုံဂိုဏ်း

ဂိုဏ်းအမှတ်: ၄.၁၉သန်း

သခင်၏ကံကောင်းမှုချီပမာဏ: ၅သန်း (အနီရောင်ကံကောင်းမှုချီ)

ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီပမာဏ: သန်း၅၀ (ရှုပ်ထွေးကံကောင်းမှုချီ)”

“မှတ်ချက်: ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီအများစုမှာ ချိပ်ပိတ်ခံထားရပါတယ်။ ကံကောင်းမှုချီများထဲမှ သန်း၂၀သည် သခင်မှ တစ်လျှောက်လုံး လုယူ၊သတ်ဖြတ်ထားသည့်၊ ဖျက်ဆီးထားသည့် အင်အားစုများ၏ ကံကောင်းမှုချီများကို စနစ်မှယူဆောင်ထားတာ ဖြစ်ပါတယ်”

ရှေ့တွင်‌ထွက်ပေါ်လာသည့် စွမ်းရည်ဇယားကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း အချိန်ခဏမျှ မင်သက်သွားသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ကံကောင်းမှုချီသည် ထိပ်တန်းရှုပ်ထွေးကံကောင်းမှုချီ ဖြစ်နေခဲ့သည်လော?

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီသည် ရှန်ရှန့်ကျုံဂိုဏ်းသားအားလုံး၏ ကံကောင်းမှုချီအားလုံးကို ပေါင်းစည်းထားခြင်းဖြစ်ပါတယ်”

အေးစက်သည့်အသံ‌ကိုကြားသည်တွင် ဝမ်ဖုန်း ခေါင်းညိတ်လိုက်၏။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ပုန်းကွယ်နေသည့်နဂါး၊ ဝပ်နေသည့်ကျားဖြစ်၏။ အခြားအရာများကို မဆိုထားနှင့် ဝမ်ဖုန်း တစ်ဦးတည်းသည်ပင် ကံကောင်းမှုချီ၅သန်းရှိလေရာ ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံးပေါင်းစည်းခြင်းမှာ တွေးတောရန်ပင် မလိုတော့ချေ။

ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်အတွက် ကံကောင်းမှုချီ အလုံအလောက်ရှိကြောင်း သိရှိပြီးသောအခါ ဝမ်ဖုန်း၌ စိုးရိမ်ပူပန်မှု မရှိတော့ပါချေ။ ဝမ်ဖုန်း တုကူချိုးပိုင်နှင့် အခြားသူများကို ကြည့်လိုက်၏။ တစ္ဆေတောင်တစ်ခုလုံးမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး မိမိတို့လူများသာ ရှိတော့ပေသည်။ မြေပြင်မှ နန်းတော်ကြီးလည်း ဖြစ်တည်လာခဲ့၏။

ဝမ်ဖုန်း သက်ပြင်းမသိမသာချလိုက်၏။ ထာဝရရှင်သန်ခြင်းသည် အမှန်တကယ် ကောင်းမွန်လှသည်။ မည်ကဲ့သို့သော ကြိုတင်အားဖြည့်ထားသည့်စစ်ကူကို လိုအပ်သည်ဖြစ်စေ ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် စည်းမျဉ်းများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး နန်းတော်လည်း ရောက်ရှိလာပေမည်။

“စနစ် တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်၁၆ခုကို တာ့အိုအဆင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်၄ခုနဲ့ လဲလှယ်လိုက်ပါ။ ပြီးရင် တာ့အိုအဆင့်ကြိုတင်ဆင့်ခေါ်ခွင့်၃ခုကို တာ့အိုဧကရာဇ်အဆင့်ကျင့်ကြံသူကို ဆင့်ခေါ်ဖို့အတွက် သုံးလိုက်ပါ”

ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။ ယခု သူ့တွင် တာ့အိုအဆင့်,ဆင့်ခေါ်ခွင့်၁၉ခု ရှိနေပြီဖြစ်သည်။ မိမိ၏အင်အားကို ပို၍ကြီးမားစေရန် လှိုင်းဂယက်တစ်ခု မဖန်တီးပါလျှင် အဘယ်သို့များ လင်းယွမ်ဂိုဏ်း၏အစီအစဉ်ကို ဖျက်ဆီးနိုင်ပါမည်နည်း။

ထျန်းလန်မြောက်ပိုင်းဒေသ၌ လင်းယွမ်ဂိုဏ်းတစ်ဂိုဏ်းသည်သာ လှုပ်ရှားမှုရှိသည်။ ထျန်းလန်အလယ်ပိုင်းဒေသသည် လင်းယွမ်ဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများ လှုပ်ရှားသည့်နေရာဖြစ်ပြီး ဦးဆောင်မှုကြီးတစ်ခုလည်း ဖြစ်၏။

ထိုလင်းယွမ်ဂိုဏ်းချုပ်သည် သူ၏ဂိုဏ်းတပည့်များကို ခေါ်ဆောင်သွား၍ သူ၏ရည်မှန်းချက်များအတွက် ဖူးသစ်စတပည့်များသို့ ထိန်းချုပ်အသုံးချဝံ့၏။ ထိုလင်းယွမ်ဂိုဏ်းချုပ်သည် ဆန္ဒအလျောက် အရာအားလုံးကို လုပ်ဆောင်နေပေသည်။

“ဒင်! တာ့အိုအဆင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်တစ်ခုနှင့် တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့် ဆင့်ခေါ်ခွင့်တစ်ခု ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ချက်ချင်းဆင့်ခေါ်မယ်”

ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွားလျက် ပြောလိုက်သည်။

အစောင့်အရှောက်လွီပုသည် ကပ်ဆိုက်ချိန်တွင်သာ လှုပ်ရှားနိုင်သည်မှာ နှမြောတသဖွယ်ဖြစ်၏။ သို့မဟုတ်ပါက ဝမ်ဖုန်းမှ တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်ကို ဆင့်ခေါ်‌ချိန်တွင် လွီပု၏ကျင့်ကြံဆင့်သည် တာ့အိုသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်နိုင်၍ ဂိုဏ်း၏တစ်ဝက်ကျော်ခန့်သော စွမ်းအားမြင့်ကျင့်ကြံသူများမှာ လွီပု၏ပြိုင်ဘက် မဟုတ်နိုင်တော့ချေ။

သို့သော် စိုးရိမ်ဖွယ်မရှိပေ။ အချိန်ယူနိုင်ပါ၏။ ဝမ်ဖုန်းမှ လင်းယွမ်ဂိုဏ်းအား စိတ်ပျက်အားငယ်မှုနှင့်ဒုက္ခတို့ကို ခံစားစေလိုရခြင်းမှာ ယခင်က သူနှင့် ရှန်ရှန့်ကျုံဂိုဏ်းသားများ ခံစားခဲ့ရသည့် စော်ကားပြစ်မှားမှုကို လင်းယွမ်ဂိုဏ်းမှ ပြန်လည်ပေးဆပ်စေလိုခြင်းအတွက် ဖြစ်သည်။

“ဒင်! တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့် ဆင့်ခေါ်ခွင့်မှ လီရော့ဟိုင်အား ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ တာ့အိုအဆင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်မှ ချီကျွမ်းရှင်းကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ သူတို့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးလိုပါသလား”

“စစ်ဆေးမယ်”

ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၍ ပြောလိုက်သည်။

ဝမ်ဖုန်းသည် လီရော့ဟိုင်နှင့် ချီကျွမ်းရှင်းတို့၏အမည်ကို ကြားသိဖူးပါ၏။ လီရော့ဟိုင်သည် ဖောင့်ပန်း၊ လောင်ဖန်းယွင်တို့တွင် ဒုတိယမြောက်ဖြစ်၏။ လီရော့ဟိုင် မသေဆုံးမီတွင် တိုက်ကွက်၁၈ကွက်ဖြင့် ဖောင့်ပန်းအား ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။

“ဒင်! လီရော့ဟိုင်၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်

အမည်: လီရော့ဟိုင်

အမည်: နတ်ဆိုးဝိဉာဉ်

ကျင့်ကြံဆင့်: တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ: နတ်ဆိုးဝိဉာဉ်သိဒ္ဓိခန္ဒာ (အသက်သွင်းပြီးနောက်တွင် ခန္ဓာကိုပိုင်ဆိုင်ရန် ရှေးဟောင်းနတ်ဆိုးဝိဉာဉ်ကို ဆင့်ခေါ်ခြင်းဖြင့် အင်အားများစွာတိုးပွားသည်)

သွေးမျိုးဆက်: နတ်ဆိုးဝိဉာဉ်သွေးမျိုးဆက် (အသက်သွင်းပြီးနောက်တွင် နတ်ဆိုးဝိဉာဉ်စီးနင်းခြင်း၏ နတ်ဆိုးစိတ်ဆန္ဒကို အောင်မြင်စွာကျော်ဖြတ်၍ မိမိ၏ကိုယ်ပိုင်အသိစိတ်ကို ထိန်းသိမ်းပြီး နတ်ဆိုးဝိဉာဉ်စီးနင်းမှုကို ပြီးပြည့်စုံစွာ ထိန်းချုပ်သည်)

တာ့အို: နတ်ဆိုးတာ့အို၊ ပစ်ခတ်ခြင်းတာ့အို

ဆန်းကြယ်စွမ်းအင်များ: လှံတံအသုံးပြုနတ်ဆိုးဝိဉာဉ်တိုက်ကွက်၊ နဂါးလှံတံ၊ လူနှင့်လှံတံပေါင်းစည်းခြင်း၊ ဝိဉာဉ်ဖြိုခွင်းလှံတံ၊

မှော်စွမ်းအင်: လျောင်ယွမ်ကျွမ်းကျင်ပစ်ခတ်မှု

လက်နက်: ကျန်းအာ၏အနီရောင်လှံတံ”

“ဒင်! ချီကျွမ်းရှင်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်

အမည်: ချီကျွမ်းရှင်း

ဂုဏ်ပုဒ်: ပင်လယ်ဓားပြ

ကျင့်ကြံဆင့်: တာ့အိုအရှင်သခင်အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ: မီးလျှံအရှင်သခင်ခန္ဓာ (အသက်သွင်းပြီးနောက်တွင် လူမှာ မီးတောက်မီးလျှံအလား အလွန်အမင်း ပေါက်ကွဲလွယ်၍ ရုပ်ပိုင်းဆိုင်ရာအင်အားသည်လည်း တိုးမြင့်လာသည်)

သွေးမျိုးဆက်: မီးလျှံအရှင်သခင်သွေးမျိုးဆက် (အသက်သွင်းပြီးနောက်တွင် သွေးမျိုးဆက်စွမ်းအင်သည် မီးလျှံအရှင်သခင်ချပ်ဝတ်တန်ဆာအဖြစ် ဖြစ်တည်လာပြီး ခုခံစွမ်းရည်များစွာတိုးတက်နိုင်သည်)

တာ့အို: မီးကျင့်စဥ်တာ့အို၊ ကြီးစိုးခြယ်လှယ်စွမ်းရည်

ဆန်းကြယ်စွမ်းရည်များ: ပြိုင်ဘက်ကင်းလက်သီး၊ မီးလျှံလှံတံ၊ ဓားအရှင်သခင်၊ ကောင်းကင်ဧကရာဇ်ပုဆိန်သွားတပ်လှံရှည်၊ လေနတ်ဘုရားဓား၊

မှော်လွန်စွမ်းအင်: ရုပ်ခန္ဓာမှော်စွမ်းအင် (စီရင်ပြီးနောက်တွင် သူ၏လက်ထဲရှိ မည်သည့်လက်နက်ဖြစ်စေ အပြည့်အဝစွမ်းရည်ပြသနိုင်ပြီး ပေါင်းစည်းနိုင်သည်)

လက်နက်များ: သံမဏိဒိုင်းကာကြီး၊ သံမဏိလှံတံကြီး”

“မှတ်ချက်: ဤတစ်ကြိမ်ဆင့်ခေါ်ခဲ့သည့် လီရော့ဟိုင်နှင့် ချီကျွမ်းရှင်းတို့သည် သူတို့၏ အထွတ်အထိပ် အစစ်အမှန်သို့ မရောက်ရှိသေးပါ”

ရှေ့တွင်‌ထွက်ပေါ်လာသည့် စွမ်းရည်ပြဇယားတို့ကို ကြည့်ရှုပြီးနောက် ဝမ်ဖုန်းမှာ အံ့အားသင့်နေသော မျက်နှာအမူအရာ ဖြစ်သွားရသည်။ မိမိသည် အလွန်အင်အားကြီးမားသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်နှစ်ဦးကို တစ်ပြိုင်တည်းဆင့်ခေါ်နိုင်ခဲ့၏။ ပျော်ရွှင်ရမည်လော၊ စိတ်ပျက်ရမည်လော မသိတော့ချေ။ ခြုံငုံလိုက်ပါလျှင် ထိုနှစ်ဦးမှာ ခိုင်မာသောပင်ကိုဗီဇများ ရှိကြ၏။

ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်သည်။ မကြာမီအချိန်အတွင်း၌ ဝမ်ဖုန်းသည် ဆင့်ခေါ်ထားသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်များကို သူတို့၏ စစ်မှန်သောအထွတ်အထိပ် သို့မဟုတ် ၎င်းထက် ပိုသာလွန်သည့်အဆင့်သို့ ရောက်ရှိစေမည်ဖြစ်သည်။

“စနစ် ထီလက်မှတ်အတွက် ဂိုဏ်းအမှတ်၂သန်း သုံးလိုက်ပါ”

ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။ ယခုတွင် စွမ်းအားမြင့်ပုဂ္ဂိုလ်နှစ်ဦးကို ဆင့်ခေါ်ပြီးဖြစ်ရာ မိမိ၏စွမ်းအင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏စွမ်းအင်တို့ကို မြှင့်တင်သည်မှာ သဘာဝကျသည့်ကိစ္စရပ် ဖြစ်ပါ၏။

“ဒင်! လီရော့ဟိုင်၏ကျင့်ကြံမှု ဆယ်ပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်! ချီကျွမ်းရှင်း၏ကျင့်ကြံမှု ငါးပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်….!”

ဆင့်ခေါ်မှုများအပြီးတွင် ဝမ်ဖုန်းသည် စိတ်တွင်းမှ စနစ်၏အချက်ပေးသံတို့ကို ပိတ်မထားခဲ့ပါလျှင် အဆက်မပြတ်မြည်နေမည့် အချက်ပေးသံတို့ကြောင့် ဝမ်ဖုန်း ရူးသွပ်သွားနိုင်၏။

“စနစ် ငါနဲ့ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ‌ကောင်းချီးပေးလိုက်ပါ။ အသက်ရှူနှုန်းကို ဟန့်တားလိုက်”

ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၍ တည်ကြည်လေးနက်စွာဖြင့်ပြော၏။

ဘုန်း!

ဝမ်ဖုန်း၏စကားအဆုံးတွင် ‌ဤလောက၌ ခမ်းနားကြီးကျယ်သောစွမ်းအင်ကြီး ပေါ်ထွက်လာခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်သော စွမ်းအင်ရောင်ခြည်တန်းကြီးမှ လွှမ်းခြုံနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စနစ်၏ လေထုအကာအကွယ်ကြီး ရှိနေခဲ့၍တော်သေးသည်။ ဤမျှ ကြီးမားထင်ရှားသော မြင်ကွင်းကြီးကိုပင် ‌ထျန်းလန်မြောက်ပိုင်းဒေသ၏ကျင့်ကြံသူများမှ လေ့လာခံစားမိခြင်း မရှိချေ။ သို့သော် ကုချိုးနှင့် ကုကန်းချိုးတို့သည်တော့ ကြောက်ရွံ့ထိတ်လန့်၍ တုံးအကြသည်ဖြစ်ရာ နေရာ၌ပင် ကြောင်အစွာ ရပ်နေကြလေသည်။

“အစ်ကို ဘာတွေဖြစ်နေတာလဲ? ဘာလို့ သူတို့ကျ သန့်စင်တဲ့စွမ်းအင်တွေ စုပ်ယူလို့ရနေပြီး ငါတို့မှာကျ ဘာလို့မရှိတာလဲ? ငါတို့က သူတို့နဲ့ အတူတူ မဟုတ်ဘူးလား?”

ကုချိုးမှ ကုကန်းချိုးအား ကြောင်အစွာကြည့်၍ စိတ်မကောင်းဝမ်းနည်းဟန်ဖြင့် ပြောလေသည်။

“ဖြစ်နိုင်တာက.. ဖြစ်နိုင်တာက ငါတို့က တကယ်ကြီး သူတို့နဲ့ တစ်ဖွဲ့တည်းသား မဖြစ်သေးတာဖြစ်မယ်။ နောက်ပိုင်းကျရင် ငါတို့ အကြိမ်နည်းနည်းလောက်ပိုပြီး လုယက်ပေးကြရအောင်။ အဲဒါနဲ့ ဂိုဏ်းချုပ်နဲ့လူကြီးတွေကို ‌ဆည်းကပ်ပြီး နောက်တစ်ချိန်ကျ ငါတို့လည်း ‌အတူတူစုပ်ယူကြတာပေါ့”

ကုကန်းချိုးမှ ဖြေးနှေးလေးကန်စွာဖြင့် ပြန်ပြော၏။

“အကြံကောင်းပဲဗျ”

ကုချိုး၏မျက်လုံးများ တောက်ပသွားလျက် သဘောတူညီလေသည်။

ထို့နောက်တွင် အရူးညီအစ်ကိုနှစ်ဦးသည် ဝမ်ဖုန်းနှင့်အခြားသူများမှ ကြောက်မက်ဖွယ်သော သန့်စင်စွမ်းအင်တို့ကို စုပ်ယူနေကြပြီး ကျင့်ကြံဆင့်များ တိုးမြှင့်နေကြသည်ကို အားကျသည့်အမူအရာတို့ဖြင့် စောင့်ကြည့်နေခဲ့ကြပေသည်။

All Chapters