အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း
Vol. 46 Ch. 677
“အဲ့ဒါအတွက် ငါတို့သွားပြီး တိုက်ခိုက်သင့်လား”
စိတ်ဝိညာဉ်ကျား၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်နေပြီး သွားရောက် တိုက်ခိုက်လိုစိတ် တဖွားဖွား ပေါ်လာ၏။
“မလိုသေးဘူး”
ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး အလေးအနက် ပြောလိုက်၏။
“သာလွန်အဆင့် ပကတိအရှင်ဓမ္မလက်နက်တွေက မဆိုးဘူးဆိုပေမယ့်.. ဒီအရှုပ်တော်ပုံမှာ ငါတို့ ဝင်စွန့်စားပြီး လှုပ်ရှားရလောက်အောင် မထိုက်တန်သေးဘူး”
ရှေးဟောင်းတိုက်ပွဲမြေမှာ တာအိုအရှင်ဓမ္မလက်နက်များနှင့် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များတောင်မှ သူတို့၏ အမြုတေစိတ်ဝိညာဉ်များ၏ မီးဆေးခြင်း မရှိဘဲ အချိန်ကာလ၏ တိုက်စားခြင်း ခံရပြီးနောက် ထိုလက်နက်များရှိ ဓမ္မစွမ်းအားများက ပျက်ပြယ်ကာ ပကတိအရှင်ဓမ္မလက်နက်များအဖြစ်သို့ လျှောကျသွားခဲ့သည်မှာ ကြလေပြီဖြစ်။
တစ်ခုတည်းသော ကွာဟချက်မှာ သူတို့၏ ဓမ္မအင်းကွက်များက ရှိနေဆဲဖြစ်ပြီး သူတို့၏ အဆင့်များကတော့ ပြောင်းလဲသွားခြင်း မရှိပေ။
ထို့ကြောင့် ဒီနေရာမှာ ဓမ္မလက်နက်များ ပေါ်လာမည်ဆိုလျှင်တောင် သူတို့အများစုက ပကတိအရှင်ဓမ္မလက်နက်များသာ ဖြစ်နေပေလိမ့်မည်။
“သွားရအောင်.. ငါတို့ ဒီနေရာကနေ အရင်ထွက်ကြတာပေါ့”
ဆူဇီမိုက လက်ပြပြီး မျောက်နှင့် အခြားသူများနှင့်အတူ ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြ၏။
“မင်းတို့က ဒီနေရာကို ရောက်လာပြီးမှ ပြန်ထွက်သွားဖို့ စဉ်းစားနေတယ်ပေါ့လေ”
ဧရာမကြမ်းကြုတ်ငှက်ကြီးတစ်ကောင်က သူ၏ တောင်ပံများကို ဖြန့်ကျက်၍ ကောင်းကင်တစ်ခွင် လွှမ်းခြုံလိုက်ပြီး မြောက်များလှစွာသော သားရဲချီများကို ထုတ်လွှတ်လိုက်၏။ ထက်ရှသော အကြည့်နှင့်အတူ သူက အောက်သို့ ထိုးဆင်းလာပြီး သူ၏ ထက်ရှသော လက်သည်းများကို ထုတ်ဖော်ကာ မြေခွေးလေးကို ပစ်မှတ်ထားလိုက်၏။
မြေခွေးများက မွေးရာပါ လိင်ညှို့ဓါတ်သာ ရှိကြ၏။
သူတို့မှာ သန်မာသော နောက်ခံတစ်ခုခု မရှိလျှင် သူတို့ပေါ်လာသည်နှင့် များစွာသော သားရဲတောကောင်များက သူတို့ကို သေချာပေါက် တိုက်ခိုက်လာကြပေလိမ့်မည်။
“ဟွန့်”
ချင်ချင်က သတ်လိုဖြတ်လို အကြည့်နှင့်အတူ သူမ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။ သူက အသွင်ပြောင်းခြင်း လုံးဝ မရှိဘဲ လေထဲသို့ ခုန်တက်ကာ သူမ၏ ခြေထောက်နှစ်ဖက်ကို ထောင့်ဖြတ်လွှဲပြီး လေထဲမှာ ဆက်တိုက်ဆင့်ကဲကန်ချက်များကို အတွဲလိုက် ထုတ်ဖော်လိုက်၏။
သူမ၏ ခြေတံရှည်နှစ်ဖက်က ဧရာမ ဓါးဖြတ်စက်နှစ်ခုလို လေထဲမှာ ပေါက်ကွဲသံများကို ဆက်တိုက်ထုတ်ပေးလိုက်၏။
ချင်ချင်က သူမ၏ လူသားပုံစံမှာ အတော်လေး လှပနေပြီးဖြစ်၏။ ယခု သူမ၏ ခြေတံရှည်နှစ်ဖက်ကို လှုပ်ရှားလိုက်သောအခါ သူမက မြစ်ထဲမှာ ကူးခတ်နေသော နဂါးမလေးတစ်ကောင်လို တစ်ကယ်ကို ခံ့ညားကြော့ရှင်းလှပနေ၏။
ပတောက်.. ပတောက်..
မြေပြင်တွင် စိတ်ဝိညာဉ်ကျားသည် သူ၏ ပါးစပ်ကို ဟထားပြီး သွားရည်များက စီးကျလာ၏။ သူ့အကြည့်က ငေးငိုင်နေပြီး ပြတ်တောင်းပြတ်တောင်းနှင့် ပြောနေ၏။
“ချက်အောက်ကနေ ကွဲထွက်လာတယ်လို့ ထင်ရတဲ့ အဲ့ဒီ ခြေတံရှည်ရှည်လေးတွေက....”
ဖြောင်း..
စိတ်ဝိညာဉ်ကျားကို လည်ထွက်သွားအောင် မျောက်က လက်ပြန်ရိုက်ချလိုက်၏။
ဘန်း ဘန်း... ဘုန်း..
ချင်ချင်က ကြမ်းကြုတ်ငှက်၏ ထက်ရှသော လက်သည်းများကို ရှောင်ရှားပြီး ၎င်းကြမ်းကြုတ်ငှက်၏ ဦးခေါင်းကို သူမ၏ ခြေထောက်ဖြင့် တဖုန်းဖုန်း ဆင့်ကန်လိုက်၏။ ချက်ချင်းပင် ဦးခေါင်းက ကြေမွသွားလေသည်။
ကွပ် ကွပ်..
တောင်တစ်လုံးအရွယ်လောက် ရွှေရောင်ဖားပြုပ်ကြီးတစ်ကောင်က မျက်လုံးနှစ်ဖက်ကိုပြူး၍ ဘေးတစ်ဖက်မှာ ဆောင့်ကြောင့်ထိုင်နေ၏။ ၎င်း၏ ရင်ဘတ်က ပိန်လိုက်ဖောင်းလိုက်နှင့် ထူးဆန်းသည့် အသံကို ထုတ်ပေးနေပြီး ထိုအသံက ပိုပိုကျယ်လာ၏။
အဲ့ဒါက မိုးချုန်းသံကဲ့သို့ တအုန်းအုန်းတကျက်ကျက် မြည်လာ၏။
ရုတ်တရက်..
ရွှေဖားပြုတ်က သူ့ပါးစပ်ကြီးကို ဖြဲလိုက်၏။
ကြက်သွေးရောင်အလင်းက ဖျတ်တနဲ လက်သွားပြီး အဲ့ဒါက မြေခွေးလေးကို တည့်တည့် လာရစ်ပတ်၏။
အဲ့ဒါက တစ်ကယ်ကို ရွှေဖားပြုတ်မျိုးနွယ်၏ သွေးလျှာပင် ဖြစ်လေသည်။
၎င်း၏ အရှိန်က အရမ်းကို မြန်ဆန်ပြီး လှုပ်ရှားချိန်မှာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
အဲ့ဒါက ရွှေဖားပြုတ်ကလန်၏ အကြီးမားဆုံး သတ်ဖြတ်ကွက်လည်း ဖြစ်၏။ သူတို့သည် ဤနည်းလမ်းပေါ်မှာ မှီခိုပြီး အခြားသော သားရဲတောကောင်များကို အမဲလိုက်ကြ၏။ သားရဲတောကောင်အများစုမှာ အချိန်မီ မတုံ့ပြန်ုနိုင်ကြဘဲ ရွှေဖားပြုတ်၏ ဆွဲယူဝါးမျိုခြင်းကို ခံကြရလေသည်။
ထိုကဲ့သို့သော သတ်ဖြတ်ကွက်မျိုးကို မြေခွေးလေးသည် သူမဘာသာသူမ ခုခံနိုင်ခြင်း မရှိပေ။ သို့သော် သူမ၏ မျက်ဝန်းထဲမှာ ကြောက်ရွံ့မှု တစ်စွန်းတစ်စကိုမှ မမြင်ရ။
သူမဘေးမှာ ရပ်နေသူများထဲမှ မည်သူမဆို ထိုရွှေဖားပြုတ်ကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
ဖောက်!
သွေးလျှာက မြေခွေးလေးကို ထိတော့မည့်ဆဲဆဲမှာပင် အမွေးထူထူလက်ဝါးတစ်ဖက်က ရုတ်တရက် ပေါ်လာပြီး ရွှေဖားပြုတ်၏ သွေးလျှာကို ဖမ်းဆွဲယူလိုက်၏။
မျောက်လုံး မျက်လုံးထဲတွင် သွေးရောင်အလင်းစက်က လည်ပတ်လာပြီး မလှမ်းမကမ်းရှိ ရွှေဖားပြုတ်ကို စိုက်ကြည့်ကာ သွားဖြဲပြလိုက်၏။
ဝျှစ်..
မျောက်က သူ့လက်နှစ်ဖက်သို့ ခွန်အားကို ပို့လွှတ်ပြီး သွေးလျှာကို ဆုတ်ဖြဲလိုက်၍ သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
ဘုန်း..
ထို့နောက် ချက်ချင်းပင် မျောက်က မြေပြင်ကို ခြေဖြင့်ဆောင့်ပြီး သူ့ခန္ဓာကိုယ်က ပြန့်ကားလာ၏။ သူက ရွှေဖားပြုတ်ရှေ့သို့ ခုန်ဝင်သွားပြီး သူ၏ ကြီးမားသည့် လက်သီးကြီးကို လွှဲရမ်းကာ ပစ်ထိုးချလိုက်၏။
ရွှေဖားပြုတ်က သူ၏ ကျိုးပြတ်သွားသော လျှာကို ပြန်ရုတ်လိုက်၏။ သူ့ပါးစပ်ထဲမှာက သွေးများအပြည့်၊ သူ့မျက်လုံးထဲမှာက အမုန်းတရားများအပြည့်ဖြင့် ကြည့်နေ၏။
သူ့ကိုယ်ပေါ်တွင် လက်သီးဆုပ်အရွယ် သွေးရည်ဖုများက ရုတ်တရက် ပေါ်လာပြီး ကြီးမားသည်ထက် ကြီးမားလာလေသည်။
ဝုန်း..
ဆူဇီမိုက သူ့လက်ညိုးကို ညင်သာစွာ တောက်လိုက်သောအခါ မိုးကြိုးလုံးတစ်လုံးက ဆင်းသက်လာပြီး ရွှေဖားပြုတ်၏ ဦးခေါင်းပေါ်သို့ ပစ်ချလိုက်၏။
ရွှေဖားပြုတ်က တသိမ့်သိမ့်တုန်ယင်နေပြီး သူ့ကိုယ်ပေါ်ရှိ သွေးရည်ဖုများကလည်း ချက်ချင်း လောင်ကျွမ်းကာ မီးခိုးများက အူထွက်လာ၏။ အထဲရှိ အဆိပ်ပြည်များက မိုးကြိုးစွမ်းအားဖြင့် ချက်ချင်း သန့်စင်ခံလိုက်ရလေသည်။
ဘုန်း..
ထိုစဉ်မှာပင် မျောက်၏ လက်သီးက ရွှေဖားပြုတ်၏ ဦးခေါင်းပေါ် ကျဆင်းသွားပြီး ထိုကြမ်းကြုတ်တောကောင်ကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်လေသည်။
ပိုပိုများလာသော သားရဲတောကောင်များက ရှေ့မှာ တက်လာကြ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
“ဒီနေရာကနေ အရင်ထွက်ကြမယ်ဟေ့.. ငါ့နောက် လိုက်ခဲ့ကြ”
စကားပြောနေရင်းနှင့်ပင် ဆူဇီမိုသည် သိုလှောင်အိတ်ထဲကနေ သွေးသောက်သူကို ဆွဲထုတ်လိုက်၏။ သွေးချီက ရုန်းကန်ပေါက်ကွဲလာပြီး သူ့လမ်းတစ်လျှောက်ရှိ တောကောင်များကို သတ်ဖြတ်ကာ သွေးလမ်းကြောင်းတစ်ခုကို ဖောက်လိုက်၏။
ဆူဇီမိုတို့အုပ်စုသည် ဝရုန်းသုန်းကားနယ်မြေ၏ အစွန်အစပ်သို့ ရောက်သောအခါ နောက်ပြန်လှည့်ကြည့်လိုက်ကြ၏။
ပို၍ပို၍ များပြားလာသော သားရဲတောကောင်များနှင့် ကျင့်ကြံသူများက တောင်ထွတ်၏ ဘေးပတ်လည်မှာ စုရုံးလာကြပြီး ရတနာများအတွက် ရူးသွပ်စွာ တိုက်ခိုက်နေကြလေသည်။
ရှေးဟောင်းတိုက်ပွဲမြေဆိုတာ ဒီလိုပင်။
အခွင့်အလမ်းများနှင့် အန္တရာယ်များက ဒွန်တွဲနေ၏။
“တခြားနေရာတွေကို လိုက်စစ်ဆေးကြည့်ရအောင်.. ဒီအနီးနားတစ်ဝိုက်က နဲနဲထူးဆန်းနေသလိုပဲ”
ဆူဇီမိုသည် ကောင်းကင်အမြင်အာရုံနှင့် ကမ္ဘာမြေအကြားအာရုံကို လှည့်ပတ်လိုက်၏။ ခဏနေပြီးနောက် သူက ဦးတည်ဘက်တစ်ခုသို့ လက်ညိုးထိုးကာ လူတိုင်းကို ဦးဆောင်သွားလိုက်၏။
သိပ်မကြာမီ အားလုံး ရပ်တန့်လိုက်ကြ၏။
ရှေ့တူရူရှိ.. ရွှံ့ညွန်တောတစ်ခု၏ အလယ်မှာ နန်းတော်တစ်ခုက ပေါ်နေပြန်ပြီး.. အဲ့ဒီမှာ များပြားလှစွာသော စိတ်ဝိညာဉ်ဆေးလုံးများ၊ အံ့မခန်း ဆေးပင်များနှင့် များစွာသော လက်နက်များကပါ လေထဲမှာ လွင့်မျောနေကြ၏။
အဖွဲ့အစည်းပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ မြောက်များလှစွာသော ကျင့်ကြံသူများနှင့် သားရဲတောကောင်များက ထိုရတနာများအတွက် လေထဲမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြန်၏။
ရွှံ့ညွန်တောတစ်ခုလုံးက သွေးများဖြင့် ချင်းချင်းနီစွေးလာလေသည်။
လေထဲရှိ အလောင်းများက ရွှံ့ညွန်တောထဲသို့ တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာပြီး တဖြည်းဖြည်း နစ်မြှုပ်ပျောက်ကွယ်သွားကြ၏။
ဆူဇီမိုသည် အာရုံစိုက်ကြည့်လိုက်၏။
လေထဲတွင် လွင့်မျောနေသော လက်နက်များစွာကြားတွင်.. ဓမ္မလက်နက်အချို့လည်း ပါဝင်၏။ သို့သော် သူတို့ထဲမှ အကောင်းဆုံးမှာ ဓမ္မအင်းကွက်သုံးခုသာပါပြီး သာလွန်အဆင့် ဓမ္မလက်နက်များသာ ဖြစ်ကြလေသည်။
ကျင့်ကြံသူအများစုအတွက်တော့ သာလွန်အဆင့်ဓမ္မလက်နက်များက တိုက်ခိုက်ရဖို့ ထိုက်တန်လေသည်။
သို့သော် ခဏမျှ ချင့်ချိန်တွက်ဆပြီးနောက် ဆူဇီမိုက အဲ့ဒါကို လျစ်လျူရှုပြီး လေးနက်စွာ ပြောလိုက်၏။
“သွားကြရအောင်”
မျောက်နှင့် အခြားသူများကလည်း သေချာပေါက် ကန့်ကွက်ကြမှာ မဟုတ်ပေ။
လူတိုင်း ဆက်လျှောက်လိုက်ကြ၏။
သိပ်မကြာမီ သူတို့၏ မြင်ကွင်းရှေ့မှာ နောက်ထပ် လိုဏ်ဂူခန်းဝါတစ်ခုက ပေါ်လာပြန်၏။ အဲ့ဒီမှာလည်း လိုဏ်ဂူခန်းဝါမှာ ချန်ထားရစ်ခဲ့သော ရတနာများအတွက် ကျင့်ကြံသူများနှင့် သားရဲများက တိုက်ခိုက်နေကြပြန်၏။
ခဏမျှ စောင့်ကြည့်ပြီးနောက် ဆူဇီမိုက ခေါင်းခါကာ မျောက်နှင့် အခြားသူများနှင့်အတူ ဆက်ထွက်ခဲ့ကြပြန်၏။
နောက်တစ်ရက်အထိ သူတို့သည် ကွေ့ပတ်လှည့်လည်၍ လျှောက်သွားခဲ့ကြ၏။ ဤနယ်မြေတွင် သူတို့သည် လိုဏ်ဂူခန်းဝါပေါင်း ဆယ်ခုကျော်ထိ မြင်တွေ့ခဲ့ရပြီး အဲ့ဒီမှာ ဂိုဏ်းပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံက တိုက်ခိုက်နေကြ၏။
ထိုတိုက်ခိုက်နေသူများထဲတွင် ထိပ်သီးဂိုဏ်းကြီးမျာမှ တပည့်အချို့ကိုပင် သူတို့ မြင်တွေ့ခဲ့ကြ၏။
“ထူးဆန်းတယ်”
ဆူဇီမိုက မျက်ခုံးအနည်းငယ် တွန့်လိုက်၏။
ဘာတွေ ဖြစ်နေသလဲဆိုတာ သူ မသိပေ။ သို့သော် ဤနယ်မြေမှာ နှစ်ပေါင်းများစွာ ကွယ်လျှိုးနေခဲ့သော လိုဏ်ဂူခန်းဝါများစွာက ရုတ်တရက် အားလုံးလိုလို တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပုံရ၏။
အားလုံး ဆက်လက်လျှောက်လှမ်းကြရင်း ရှေ့တည့်တည့်မှာ တိုက်ခိုက်သံများကို နောက်တစ်ဖန် ကြားလိုက်ရပြန်၏။ အဲ့ဒါက အရမ်းကို ဆူညံပွက်လောရိုက်နေပြီး သားရဲတောကောင်ဟိန်းဟောက်သံများနှင့် ငှက်ထိုးသံများပါ ပါဝင်နေ၏။
နောက်ထပ် လိုဏ်ဂူခန်းဝါတစ်ခု..
ရွှေခြင်္သေ့၏ အကြည့်က တဖျပ်ဖျပ်လက်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“အာ.. အဲ့လူတွေ ရယူဖို့ တိုက်ခိုက်နေကြတဲ့ တောင်ဝှေးက.. ဓမ္မအင်းကွက်လေးခုနဲ့ ထိပ်တန်းအဆင့်ဓမ္မလက်နက်ဖြစ်မယ် ထင်တယ်နော်”
လေထဲတွင် ကျင့်ကြံသူနှစ်အုပ်စုက တိုက်ခိုက်နေကြ၏။
တစ်ဖက်မှာ ကျင့်ကြံသူက နှစ်ယောက်တည်းဖြစ်၏။
အခြားတစ်ဖက်မှာတော့ ဖြူဆုတ်ဆုတ်မျက်နှာများနှင့် ကျင့်ကြံသူအယောက် သုံးဆယ်လောက် ရှိလေသည်။ သူတို့၏ ဘေးပတ်လည်ရှိ ယင်ချီများက အရမ်းကို သိပ်သည်းလေးလံပြီး သူတို့၏ နှုတ်ခမ်းများက ခရမ်းရောင်သန်းနေ၏။ သူတို့ကို ကြည့်ရသည်မှာ ငရဲမှ တက်လာသော ဆိုးယုတ်တစ္ဆေများနှင့် တူလေသည်။
ထိုကျင့်ကြံသူများက မြေပြင်ပေါ်မှာ မလှုပ်မယှက် ရပ်နေကြပြီး သူတို့၏ လက်ထဲမှာ တောင်ဝှေးရှည်များကို ကိုင်စွဲထားကြ၏။ သူတို့က အသက်မဲ့နေသော အလောင်းသုံးဆယ်လောက်ကို အမိန့်ပေးခိုင်းစေနေကြ၏။
အလောင်းကောင် တစ်ကောင်ချင်းစီမှ စူးစူးရှရှ အနံ့ဆိုးများက ဖြာထွက်နေပြီး သူတို့က သတ္တုရောင်ဖြင့် လက်လက်ထနေ၏။ သူတို့က တုတ်ဓါးလက်နက်ပီးကြပြီး သူတို့ကို ဘာတွေနဲ့ စီမံထားသလဲ ဘယ်သူမှ မသိရပေ။
သူတို့၏ လက်သည်းများက ရှည်လျားပြီး ထက်ရှသော ဓါးမြှောင်များနှင့် ဆင်တူလေသည်။ သူတို့က မကောင်းဆိုးဝါးဆန်သော စိမ်းဖန့်ဖန့်ရောင်ဖြင့် တောက်ပနေပြီး အဆိပ်ရှိသည်မှာ သိသာလေသည်။
အဲ့ဒါကတော့ မိစ္ဆာဒိဋ္ဌိငါးဝါဒီမှ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း ဖြစ်လေသည်။
ထိုအလောင်းကောင်များက အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကနေ အထူးသီးသန့်နည်းလမ်းများဖြင့် စီမံပြုလုပ်ထားသော တိုက်ပွဲဝင်အလောင်းကောင်များ ဖြစ်လေသည်။ သူတို့က လက်နက်ပီးပြီး သိပ်သည်းပြင်းထန်သော ခွန်အားကို ပိုင်ဆိုင်ကြလေသည်။ သူတို့တစ်ကိုယ်လုံးက အဆိပ်များဖြင့် ပြည့်နေပြီး အလွန်တရာ ကြောက်ဖို့ကောင်းကာ ကိုင်တွယ်ရ ခက်ခဲလေသည်။
ထိုအလောင်းကောင်များက တစ်ဖက်အဖွဲ့မှ ကျင့်ကြံသူနှစ်ယောက်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြလေသည်။