← Chapters

အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်

Vol. 46 Ch. 681

အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်

Vol. 46 Ch. 681

ကြားလိုက်ရသော စကားတွင် ဆူဇီမိုသည် အံ့အားသင့်သွား၏။

ဘယ်လောက်တောင် ရက်ရောလိုက်သလဲ..

ဒဏ္ဍာရီလာ ဤအုတ်ဂူသခင်က သူ၏ ရတနာများနှင့် အမွေအနှစ်ကို ကွယ်ဝှက်ဖို့အတွက် အာရုံလွှဲလိုဏ်ဂူခန်းဝါများစွာကို ပင်းပန်းဆင်းရဲခံ၍ ခင်းကျင်းထားခဲ့၏။

အဲ့ဒါထက် ထိုအာရုံလွှဲလိုဏ်ဂူခန်းဝါများမှာ ရတနာအတော်များများကို ထည့်သွင်းပေးထားပြီး အဲ့ဒါက မြောက်များလှစွာသော ကျင့်ကြံသူများနှင့် သားရဲများစွာကိုပင် အသေအကြေ တိုက်ခိုက်ယူရလောက်အောင် အဖိုးတန်လေသည်။

ဆူဇီမိုက ကောက်ချက်ချလိုက်၏။

“သူက ဒီလောက်များတဲ့ ရတနာတွေကိုတောင် ရက်ရက်ရောရော ပေးကမ်းနိုင်ပုံထောက်ရင် အဲ့ဒီအုတ်ဂူသခင်ရဲ့ ဂုဏ်အဆင့်အတန်းက ရိုးရိုးသာမန်တော့ ဟုတ်မယ်မထင်ဘူး”

“အုတ်ဂူသခင်က ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ” ဖက်တီးလေးက ခိုင်မာသေချာစွာ ပြောလိုက်၏။

“မထူးဆန်းတော့ဘူးပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကသာလျှင် အပြင်လူများကို အာရုံလွှဲပြောင်းနိုင်သော ထိုသို့ ရှပ်ထွေးပွေလီသော နည်းလမ်းများကို စီစဉ်ချမှတ်သွားဖို့ အစွမ်းအစ ရှိနိုင်လေသည်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဖက်တီးလေးက အမှန်အတိုင်း ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်၏။

“အဲ့ဒီ စွမ်းအားကြီးပုဂ္ဂိုလ်က အတိတ်ကာလတုန်းက အုတ်ဂူဂိုဏ်းရဲ့ မည်ကာမတ္တတပည့် ဖြစ်ခဲ့ဖူးတယ်”

“အာ”

ဆူဇီမိုသည် လန့်သွား၏။

ဘုရားကျောင်းအိုမှ ဘုန်းကြီးအိုက သူ့ကို တစ်ခါ သတိပေးခဲ့ဖူး၏။ အမွေခံတပည့်များအပြင် ထိပ်သီးဂိုဏ်းကြီးများ၏ တစ်ကယ့် အသန်မာဆုံး အရိုက်အရာဆက်ခံသူများမှာ မည်ကာမတ္တတပည့်များဖြစ်သည်ဟု ဆို၏။

ဒါ့အပြင် ဂိုဏ်းတစ်ဂိုဏ်းမှာ မည်ကာမတ္တတပည့်က တစ်ယောက်သာလျှင် ရှိလေသည်။

သူတို့က ဂိုဏ်း၏ အမွေခံတပည့်များထဲတွင်မှ တစ်ကယ့် လက်ရွေးစင် ဖြစ်လေသည်။

ဂိုဏ်းတစ်ဂိုဏ်း၏ အမွေခံတပည့် ဖြစ်လာဖို့ဆိုလျှင် ထိုသူက အခြားသော ပြိုင်စံရှားများအားလုံးကို အနိုင်ယူရပေမည်။

မည်ကာမတ္တတပည့်တစ်ယောက်က တစ်ကယ့်ကို အနှိုင်းမဲ့ ပြိုင်စံရှားတစ်ယောက်ဖြစ်၏။

မည်ကာမတ္တတပည့်များက ထိပ်သီးဂိုဏ်းကြီးများ၏ မျက်နှာဖုံးများ ဖြစ်ကြပြီး လောကတစ်ခွင် အုပ်စိုးနိုင်ကြလေသည်။ ဂိုဏ်းထဲတွင် သူတို့၏ အဆင့်အတန်းက အလွန်တရာ ထူးခြားပြီး အခြားသော တပည့်များအားလုံးကို အမိန့်ပေးခိုင်းစေနိုင်လေသည်။

တစ်ကယ်ဆို သူတို့၏ အဆင့်အတန်းက ဂိုဏ်းထဲရှိ အကြီးအကဲအများစုထက်ပင် ပို၍ မြင့်မားနေသေး၏။

သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ ဆူဇီမိုသည် အစစ်အမှန် မည်ကာမတ္တတပည့်တစ်ယောက်အဖြစ် အဆူရာ.. ယန်ပေးချန်နှင့်သာ တွေ့ကြုံဖူးသေးလေသည်။

ဆန်းကြယ်တောင်ထွတ်တိုက်ပွဲတွင် ပြသခဲ့သော ယန်ပေးချန်၏ နည်းလမ်းများကို ပြန်စဉ်းစားကြည့်လိုက်လျှင် မည်ကာမတ္တတပည့်များက ဘယ်လောက်တောင် သန်မာကြောင်း သိသာထင်ရှားလေသည်။

ထိုခေတ်မျိုးဆက်တွင်.. ယန်ပေးချန်သည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ကိုပင် ရယူနိုင်ခဲ့၏။

အတိတ်ကာလက အုတ်ဂူဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက်အနေဖြင့် ဤစွမ်းအားကြီးပုဂ္ဂိုလ်သည် အတိတ်ကာလတစ်ခုက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဂုဏ်ကျက်သရေ ထွန်းပြောင်ခဲ့ပြီး ကမ္ဘာကြီးကို အပေါ်စီးကနေ ကြည့်ရှုုနိုင်ခဲ့ပေမည်။

ဖက်တီးလေးက ညည်းတွားရေရွတ်လိုက်၏။

“ကံဆိုးစွာနဲ့ပဲ.. အဲ့ဒီစီနီယာက မဟာယာနအဆင့်ကို မတက်လှမ်းနိုင်ဘဲနဲ့ နောက်ဆုံး ဒီနေရာမှာ ခေါင်းချခဲ့ရတယ်”

ပေါင်းစည်းခန္ဓာအဆင့်ပြီးလျှင် မဟာယာနအဆင့် လာလေသည်။

လူလောက၌ ဆိုးရိုးစကားတစ်ခု ရှိသည်မှာ.. လူတစ်ယောက်က မဟာယာနအဆင့်သို့ မဝင်ရောက်သေးသရွေ့.. နတ်ဘုရားစွမ်းအားကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့က မဟာယာနအဆင့်သို့ ဝင်ရောက်ပြီးမှသာ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။

ဓမ္မစွမ်းအားများက အကန့်အသတ်မဲ့ပြီး နတ်ဘုရားစွမ်းအားများကတော့ ကျယ်ပြောလွန်းလှ၏။

ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များတောင်မှ သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ အချုပ်အနှောင်ကနေ မလွတ်မြောက်နိုင်သေးဘဲ ဓမ္မစွမ်းအားနှင့် ဓမ္မပညာရပ်များကိုသား အသုံးချနေရဆဲ ဖြစ်လေသည်။

သို့သော် ဓမ္မစွမ်းအားများက နတ်ဘုရားစွမ်းအားများကို မည်သို့မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျင့်ကြံရေးလောကတွင် စိတ်ဝိညာဉ်စွမ်းအင်က ဓမ္မစွမ်းအားများထက် အားနည်းသလို ဓမ္မစွမ်းအားများကလည်း နတ်ဘုရားစွမ်းအားများထက် အားနည်းလေသည်။

နတ်ဘုရားစွမ်းအားဆိုတာက ဘယ်လိုတွေလဲ..

သူတို့က တစ်ကယ့်ကို အံ့မခန်းဖြစ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းထက် များစွာ ကျော်လွန်လေသည်။

အဲ့ဒါတွေက နတ်ဘုရားအဆင့်သို့ရောက်ပြီး မိုးကောင်းကင်သို့ တက်လှမ်းနိုင်သော စွမ်းပကားများ ဖြစ်ကြလေသည်။

နတ်ဘုရားစွမ်းအားများကို အသုံးပြုလာနိုင်လျှင် ကောင်းကင်နှင့် မြေကြီး၏ အချုပ်အနှောင်ကနေ လွတ်မြောက်ပြီး များစွာပို၍ ကြောက်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိလာပေလိမ့်မည်။

(ဤနေရာတွင် အချုပ်အနှောင်ဆိုသည်မှာ အို၊ နာ၊ သေဘေးနှင့် ကံကြမ္မာ၏ သက်ရောက်မှုများကို ဆိုလိုလေသည်။)

အုတ်ဂူဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက်တောင်မှ မဟာယာနအဆင့်သို့ မတက်လှမ်းနိုင်ဘဲ ကွယ်လွန်သွားခဲ့ရသည်ဆိုတော့.. ထိုအဆင့်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲ စဉ်းစားကြည့်နိုင်လေသည်။

ဖက်တီလေးက ပြော၏။

“နောင်ကြီး.. ကျုပ် ခင်ဗျားတို့ကို လျှိုမထားတော့ပါဘူး.. ဒီတစ်ခေါက် ကျုပ် ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်လာခဲ့ရတဲ့ အကြောင်းရင်းကလဲ.. ကျုပ်တို့ဂိုဏ်းကနေ ကျုပ်တို့အတွက် ချန်ထားတဲ့ စမ်းသပ်ချက်တစ်ခုကြောင့်ပဲ”

“စမ်းသပ်ချက်လား”

ဆူဇီမိုက မျက်ခုံးနည်းနည်းပင့်ပြီး မေးလိုက်၏။

“မင်းတွေလား”

“ဟုတ်ပါတယ်”

ဖက်တီးလေးက ခေါင်းညိတ်ပြ၏။

“ဂိုဏ်းရဲ့အဆုံးစွန် ရတနာတစ်ခုက အဲ့ဒီစီနီယာဆီမှာ ပါသွားခဲ့တယ်.. သူ ပျောက်ကွယ်သွားတဲ့နောက် ဂိုဏ်းကလဲ အဲ့ပစ္စည်းကို ဆုံးရှုံးလိုက်ရတော့တာပဲ”

“ပြီးခဲ့တဲ့ နှစ်ပေါင်းအနည်းငယ်လောက်က ကျုပ်တို့ရဲ့ဂိုဏ်းချုပ်က ပဟေဠိနန်းတော်ကို အသနားခံ အကူအညီသွားတောင်းရာကနေ အဲ့ကိစ္စက တစ်ဖန်ပြန်ပြီး ဆန်းသစ်လာခဲ့တာပဲ.. အဲ့တုန်းက သူတို့က ဗေဒင်တွက်ချက်ကြည့်တဲ့အခါ.. ဂိုဏ်းရဲ့စီနီယာက ကွယ်လွန်သွားခဲ့ပြီတဲ့.. ပြီးတော့ သူက ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ခေါင်းချသွားခဲ့တယ်ဆိုတာကို အကြမ်းဖျင်း တွက်ချက်နိုင်ခဲ့ကြတယ်”

ဆူဇီမိုက နားလည်သွား၏။

“အဲ့တော့ မင်းတို့အတွက် ဂိုဏ်းရဲ့ စမ်းသပ်ချက်ဆိုတာ.. အဲ့ဒီစီနီယာရဲ့ အုတ်ဂူကို ရှာပြီးတော့ အဆုံးစွန်ရတနာကို ပြန်ရှာယူလာရမယ်ဆိုပါတော့”

“ဟုတ်တယ် အဲ့လိုပဲ”

ဖက်တီးလေးက ပြန်ဖြေလိုက်၏။

“အဲ့ဒီအဆုံးစွန်ရတနာကို အပလောကဧကရာဇ်က ပိုင်တာ.. အဲ့ဒါက ဂိုဏ်းအတွက် အရမ်းကိုမှ အရေးကြီးတယ်.. ကျုပ်ရဲ့ အဝါရောင်ငရဲမြစ်အမြုတေနယ်မြေက သိပ်ပြီး မသန်မာရတာလဲ.. အဲ့ဒီအဆုံးစွန်ရတနာကို ပျောက်ဆုံးနေလို့ပဲ”

“ငါ သိပြီ”

ရုတ်တရက်.. ဆူဇီမိုက သဘောပေါက်သွား၏။

စောစောက ဖက်တီးလေးသည် အဝါရောင်ငရဲမြစ်အမြုတေနယ်မြေကို ထုတ်ဖော်သောအခါ.. ထိုအမြုတေနယ်မြေ၏ တစ်ကယ့်အစစ်အမှန်စွမ်းအားက အပြည့်အဝ ထွက်ပေါ်လာခြင်း မရှိသေးဟု သူ ခံစားမိနေခဲ့ပြီးဖြစ်၏။

အစစ်အမှန် အဝါရောင်ငရဲမြစ်က အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၀ အတွင်း သေချာပေါက် ရှိရပေမည်။

ဖက်တီးလေးက ဆက်ပြော၏။

“ဒါပေမယ့်လို့.. ဒီစမ်းသပ်ချက်က ကျုပ်တစ်ယောက်ထဲအတွက် မဟုတ်ဘူး.. အဲ့ဒီမှာ ကျုပ်ရဲ့စီနီယာအစ်ကိုတစ်ယောက်လဲ ပါသေးတယ်.. ဂိုဏ်းရဲ့ အဆုံးစွန်ရတနာကို ဘယ်သူပဲအရင်ရရ အဲ့လူက ဒီဘက်ခေတ် အုတ်ဂူဂိုဏ်းရဲ့ မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်လာဖို့ အဆင့်မီသွားလိမ့်မယ်”

ဖြစ်ပျက်နေသည်ကို ဆူဇီမိုသည် သဘောပေါက်နားလည်သွား၏။

ဖက်တီးလေးအတွက် စမ်းသပ်ချက်က အုတ်ဂူနှင့် အပလောကဧကရာဇ် ပိုင်ဆိုင်သောအရာကို ရှာဖွေဖို့တင် မဟုတ်ဘဲ အဲ့ဒါကို အခြားတစ်ယောက်ထက် အရင်ရအောင်လုပ်ဖို့လည်း လိုလေသည်။

ဤစမ်းသပ်ချက်က ဖက်တီးလေး၏ အနာဂတ်ကို အဆုံးအဖြတ် ပေးပေလိမ့်မည်။

ဆူဇီမိုက မေးလိုက်၏။

“မင်းက တခြားသူတွေရဲ့ အကူအညီကိုရော ယူလို့ ရလား”

“ဒါပေါ့.. ရတာပေါ့” ဖက်တီးလေးက ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက လောဆော်လိုက်လေသည်။

“အဲ့ဒါဆိုလဲ မြန်မြန်လုပ်လေ.. အချိန်ဖြုန်းမနေနဲ့.. ရှေ့ကနေ လမ်းပြ”

ဖက်တီလေးက စကားပြောချင်သော်လည်း မပြောဘဲ ချက်ချင်း မလှုပ်ရှားနိုင်သေးပေ။

“ဘာဖြစ်လို့လဲ”

ဆူဇီမိုက စဉ်းစားရခက်သွား၏။

တုံ့ဆိုင်းနေသော အမူအယာဖြင့် ဖက်တီးလေးက ပြောလိုက်၏။

“ကျုပ်ရဲ့ အဲ့ဒီစီနီယာအစ်ကိုက အုတ်ဂူဂိုဏ်းမှာပဲ ကြီးပြင်းလာခဲ့တာ.. သူက အလယ်ပိုင်းဒေသကိုတောင် တစ်ခါ ခရီးသွားခဲ့ဖူးပြီးတော့ အဲ့ဒီက ထိပ်သီးဂိုဏ်းကြီးတွေရဲ့ တပည့်တွေနဲ့ မိတ်ဆွေတွေဖြစ်ပြီး အဆက်အဆံကောင်းတွေ ရှိခဲ့ကြတယ်.. ကျုပ်သေချာပြောရဲတယ်.. အခုကိစ္စအတွက် အဲ့လူတွေထဲက အချို့က သူ့ကို ကူညီကြမှာပဲ.. နောင်ကြီး ခင်ဗျား...”

ဖက်တီးလေးက ဆက်မပြောသော်လည်း ဆူဇီမိုက နားလည်သွား၏။

ဖက်တီးလေးက သူ့အတွက် စိုးရိမ်နေခြင်းပင်။

သူက ဖန်သားနန်းတော်နှင့် ရန်းကြွေးရှိထားပြီးဖြစ်၏။ ဤကိစ္စအတွက် သူက နောက်ထပ် ထိပ်သီးဂိုဏ်းအချို့ကိုပါ ဆန့်ကျင်မိလျှင် တမင်သေကြောင်းကြံစည်နေခြင်းနှင့် တူပေလိမ့်မည်။

“ဘာမှ မဖြစ်ပါဘူးကွာ”

ဆူဇီမိုက သာမန်အတိုင်း ပြုံး၍ ဖက်တီးလေး၏ ပုခုံးကိုပုတ်ပြီး စိတ်အေးလက်အေးအမူအယာဖြင့် ပြောလိုက်၏။

“ငါတောင် မကြောက်တာ.. မင်းက ဘာကို စိုးရိမ်နေတာလဲ”

“ဒါပေမယ့်လဲ....”

ဆူဇီမိုက ရယ်မော၍ ဖြတ်ပြောလိုက်၏။

“သူတို့ကို ငါရန်စမိမှာစိုးလို့ မင်းက ပြောနေတာမလား.. မင်း မေ့သွားပြီလား.. လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် လူသားဧကရာဇ်နန်းတော်အောက်မှာကထဲက ငါက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေ အကုန်လုံးကို ရန်စထားခဲ့ပြီးပြီ”

“နောင်ကြီး...”

ဖက်တီးလေးက စိတ်ခံစားချက်များဖြင့် သူ့မျက်လုံးများက စိုစွတ်လာလေသည်။

ဘာပဲပြောပြော သူက အုတ်ဂူဂိုဏ်းကို နောက်ပိုင်းမှ ရောက်လာခဲ့၏။

သူက အဆုံးစွန်ရတနာအတွက် ထိုစီနီယာအစ်ကိုနှင့် ယှဉ်ပြိုင်ရတော့မည်ဟု သူတို့ကြားသောအခါ.. စီနီယာအချို့အပါအဝင် သူ၏ မည်သည့်ဂိုဏ်းသားအဖော်ကမှ သူ့ဘက်မှာ မရပ်တည်ခဲ့ကြပေ။

ကျင့်ကြံရေးလောကမှာ သူသိကျွမ်းသော လူကလည်း သိပ်များများစားစား မရှိပေ။

ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်ရောက်လာပြီးနောက် ဖက်တီးလေး၏ စီနီယာအစ်ကိုက သူ့ကို ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ပြီး ထိပ်သီးဂိုဏ်းကြီးများမှ အကူအညီတချို့ကို ရှာဖွေရယူရန် ထွက်သွားခဲ့၏။

ထိုသို့ဖြင့် ဖက်တီးလေးက တစ်ယောက်တည်း ကူကယ်ရာမဲ့စွာ ကျန်ရစ်ခဲ့၏။

ဤနှစ်တွေထဲ ဖက်တီးလေးသည် ဆင်းရဲဒုက္ခများကို မခံစားခဲ့ရဟု ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။

သို့သော်လည်း သူခံစားရတာတွေက ဘယ်လောက်ပဲများများ သူ ကြိတ်မှိတ်သည်းခံရဦးမည်ဆိုတာကို သူသိထားလေသည်။

သူပိုပြီးတော့ သည်းခံနိုင်လေလေ.. အနာဂတ်မှာ သူ၏ အောင်မြင်မှုများကလည်း ပိုမိုကြီးမားလာပေလိမ့်မည်။

ယခုအချိန်မှာ ဆူဇီမို၏ စကားများကို ကြားသောအခါ ဖက်တီးလေး၏ နှလုံးသားက နွေးထွေးသွားလေသည်။ သူက နှာရှုံ့၍ သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။

“ငါ့မှာလဲ ငါ့နောင်ကြီးရဲ့ အကူအညီ ရှိလာပြီကွ.. လမ့်မင်.. မင်း ငါ့ကို ဆက်ပြီး အနိုင်ကျင့်နိုင်ဦးမလား ကြည့်ရသေးတာပေါ့ကွာ”

All Chapters