← Chapters

ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(က)

Vol. 57 Ch. 876

ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(က)

Vol. 57 Ch. 876

လဝတ်ပြုဒေသကြီး၏ အရှေ့ပိုင်းဒေသမှ ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ ထူးခြားဝိသေသများနှင့် ပူပြင်းသော ပတ်ဝန်းကျင်အခြေအနေကြောင့် ဤနေရာတွင် မျိုးနွယ်စုအများအပြား မနေထိုင်နိုင်ကြချေ။

ဤနေရာတွင် နေထိုင်နိုင်ကြသော မျိုးနွယ်စုများထဲတွင် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်နှင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်သည် အဓိကမျိုးနွယ်စုများ ဖြစ်ကြသည်။

ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ ကောင်းကင်မီးသလင်းကျောက်များသည် အနီရောင်လဗိမာန်မှ သတ်မှတ်ထားသော ယဇ်ပူဇော်ပစ္စည်းများအနက် တစ်ခုဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် မကြာခဏဆိုသလို တခြားမျိုးနွယ်စုများ၏ လုယက်ခြင်းခံကြရသည်။

ထို့ကြောင့် မျိုးနွယ်စုနှစ်စုသည် ပြင်ပအန္တရာယ်များကို ကာကွယ်ရန် မဟာမိတ်ဖွဲ့ရန်မှတပါး တခြားရွေးချယ်စရာ မရှိခဲ့ပေ။

သူတို့သည် မြင့်မြတ်မြို့တော်ကိုပင် တည်ဆောက်နိုင်ခဲ့သည်။

မြို့တော်သည် နှစ်တစ်ထောင်ကျော်ကြာအောင် တည်တံ့နေပြီး ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းကို အကြိမ်ကြိမ် ကျော်လွှားခဲ့ကာ မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်အမြောက်အများကို ကာကွယ်ပေးခဲ့သည်။

အလယ်ပိုင်းနှစ်တွင် မြို့တော်သည် ဖျက်ဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

သို့ဖြစ်၍ မျိုးနွယ်စုနှစ်စု၏ နှလုံးသားထဲတွင် ဤမြို့တော်သည် လေးနက်သော အဓိပ္ပာယ်ရှိသည်။

မျိုးနွယ်စုနှစ်စု၏ သမိုင်းကြောင်းကို မှတ်တမ်းသက်သေပြုပေးခဲ့သော ဤမြို့တော်သည် သူတို့၏ အနာဂတ်ကိုလည်း ဆက်လက် သက်သေပြုပေးဦးလိမ့်မည်ဟု သူတို့က ယုံကြည်ထားကြသည်။

သို့သော်လည်း ကောင်းကင်ဘုံမီးတောက်ပင်လယ်နယ်မြေထဲရှိ အဆင့်နိမ့်မျိုးနွယ်စုများအတွက်တော့ ယင်းက ကြောက်စရာကောင်းသော တစ္ဆေမြို့တော်ဖြစ်သည်။ မျိုးနွယ်စုနှစ်စု၏ ဖမ်းဆီးခံရလေ့ရှိသော လူသားမျိုးနွယ်နှင့် တခြားအဆင့်နိမ့်မျိုးနွယ်စုများ၏ အမြင်မှာ ဤနေရာသည် သေခြင်းနှင့် မိစ္ဆာတို့ဖြင့် ပြည့်နှက်နေသောနေရာ ဖြစ်သည်။

အမှန်မှာတော့ ဤနေရာတွင် သေဆုံးသွားကြသော တခြားမျိုးနွယ်ဝင်များ၏ အရေအတွက်သည် အနီရောင်လဗိမာန်ကို ဆက်ကြေးပေးဆောင်ရမည့် ပမာဏထက်ပင် ကျော်လွန်သည်။

အဘယ့်ကြောင့်ဆိုသော် ရက်စက်ကြမ်းကြုတ်ခြင်း သဘာဝသည် ထိုမျိုးနွယ်စုနှစ်စု၏ အရိုးများထဲမှာ ထာဝရ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။

မျှော်လင့်ချက်မဲ့သော လဝတ်ပြုဒေသကြီးထဲမှာ နေထိုင်ကြစဉ် သူတို့သည် တခြားလူများ၏ စိတ်ပျက်အားလျော့သော အမူအရာအား ကြည့်ရှုရသည်ကို နှစ်သက်ကြသည်။

ဤသည်မှာ သူတို့ကိုယ်သူတို့ မြင့်မြတ်သည်ဟု ခံစားမိစေပြီး ဘဝ၏ ပျော်ရွှင်မှုကို ရှာတွေ့စေဟန် ရသည်။

ဤအခိုက်အတန့်မှာ မြို့တော်တစ်ခုလုံး ရယ်မောသံဖြင့် ပြည်နှက်နေသော်လည်း ထိုရယ်သံအောက်မှာ ဖုံးကွယ်ခြင်းခံထားရသော အော်ဟစ်သံများနှင့် ညည်းတွားသံများလည်း ရှိသည်။

ကြာပွတ်ရိုက်သံများ၊ အော်ငေါက်ကြိမ်းမောင်းသံများနှင့် ညှဉ်းပန်းနှိပ်စက်သံများသည် မြို့တော်၏ နေရာတိုင်းနီးပါးမှ ပဲ့တင်ထပ်နေသည်။

တစ်မြို့လုံးသည် သွေးစွန်းနေပြီး မရေမတွက်နိုင်သော အရိုးများသည် နေအိမ်တိုင်း၏ အပြင်ဘက်မှာ တောင်ပုံရာပုံရှိနေသည်။

ဤနေရာတွင် လူသားမျိုးနွယ်တစ်ခုတည်း အစာဖြစ်လာခြင်း မဟုတ်ချေ။

ဤတစ်ကြိမ်တွင် ဆက်ကြေးပေးရမည့် ပမာဏက ပြည့်မီသွားပြီဖြစ်၍ ပိုလျှံနေသော သားကောင်များသည် သူတို့အတွက် အစားအစာနှင့် ဆော့ကစားစရာ ဖြစ်လာကြသည်။

ထိုအဆင့်နိမ့်မျိုးနွယ်စုများကို မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များသည် သူတို့ဆန္ဒအလျှောက် ဝယ်ယူနိုင်ကြသည်။ သူတို့သည် သေခြင်းထက် ပို၍ဆိုးဝါးသော ဘဝတွင် နေထိုင်ကြရပြီး အဆုံးမဲ့သော ညှဉ်းပန်းနှိပ်စက်ဒဏ်ကို ကြိတ်မှိတ်သည်းခံနေရင်း မျိုးနွယ်စုနှစ်စုပေါ်သို့ အပျက်အစီးကဒ်ဘေးကျရောက်လာရန် ကျိန်ဆဲလေ့ရှိသည်။

ယနေ့မှာတော့ မိုးခြိမ်းသံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေသည်။ သူတို့မျှော်လင့်နေသော အပျက်အစီးကဒ်ဘေးက ကျရောက်လာပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရက်စက်သော ဤမြို့တော်ထဲတွင် ပျော်ပွဲရွှင်ပွဲလုပ်နေကြသော မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များ၏ ရယ်သံသည် ရပ်တန့်သွားသည်။ သူတို့က အဝေးမှ ကောင်းကင်ယံဆီသို့ အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ကီလိုမီတာငါးဆယ်အထိ ဖြန့်ကြက်ထားသော သဲမုန်တိုင်းကြီးသည် သူတို့ထံသို့ ဧရာမအရိပ်ကြီးတစ်ခုသဖွယ် ချဉ်းကပ်လာနေသည်။

ယင်းက ကောင်းကင်ကို ပိတ်ကွယ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် လွှမ်းခြုံထားသည်။

သဲမုန်တိုင်း၏ အကျယ်အဝန်းတစ်ခုတည်း အံ့ဩစရာကောင်းခြင်းမဟုတ်ပေ။ မုန်တိုင်းအတွင်းတွင် မရေမတွက်နိုင်သော လျှပ်စီးသွားများသည် လူးလွန့်လှုပ်ရှားနေကြသည်။ မိုးခြိမ်းသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်နေသည်။

မြေပြင်သည်လည်း သက်ရောက်ခံလိုက်ရပြီး ပို၍များပြားသော သဲမုန်တိုင်းများကို အရပ်မျက်နှာအဘက်ဘက်သို့ ဆက်လက်လှည့်ပတ်သွားရန် လှုံ့ဆော်နေသည်။

မှောင်မည်းနေသော ကောင်းကင်သည် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာသည်။ ထူထဲသော ဒြပ်နှောများသည် သဲမုန်တိုင်းကို ဗဟိုထား၍ ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည်။

ယင်းက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်တည်း။

မည်သူမဆို သဲမုန်တိုင်းထဲမှ ဧရာမပုံရိပ်တစ်ခုကို ဝိုးတိုးဝါးတား မြင်နိုင်လိမ့်မည်။

ထိုဧရာမပုံရိပ်သည် ဝတ်ရုံနက်ကို ခြုံထားပြီး မုန်တိုင်းပေါ်မှာ ရွေ့လျားနေသည်။ ဤသည်မှာ သက်ရှိအားလုံး၏ ကျိန်ဆဲသံကိုကြား၍ လူသားကမ္ဘာမြေဆီသို့ ဆင်းသက်လာသော သေမင်းတမန်အလားပင်။

ထိုမြင်ကွင်းသည် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဖြည်းဖြည်းချင်း ဆွဲဆောင်သွားသည်။ မကြာမီ တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရင်ပြင်ပေါ်တွင် သွမ့်မူကျန်းကို သန့်စင်နေသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူသည် ခေါင်းမော့လိုက်ပြီး ကြည့်လိုက်သည်။ သူက ကောင်းကင်ကို ကြည့်လိုက်သည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားအသိစိတ်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ကောင်းကင်ဘုံမိုးကြိုးက ထစ်ချုန်းသွားသည့်အခါ သဲမုန်တိုင်းထဲမှ ဝတ်စုံနက်အဖွားအိုနှင့် အရွယ်အစားတူညီသော ပုံရိပ်တစ်ခုသည် မြို့တော်၏ ကောင်းကင်ယံမှာ မတ်တတ်ရပ်လိုက်သည်။

“ ရပ်စမ်း ”

အေးစက်စက် စကားသံက ထိုသူ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသောအခါ အဆုံးမဲ့သော မိုးကြိုးသွားများသည် ဘေးပတ်ဝန်းကျင်၌ ပစ်ခတ်သွားသည်။

တစ်ချိန်တည်းမှာ အရေအတွက်များပြားသော နတ်ဘုရားအသိစိတ်များသည် မြင့်မြတ်မြို့တော်ထဲမှ ပျံသန်းထွက်လာကြပြီး သဲမုန်တိုင်းကို အာရုံစိုက်လာကြသည်။

ထိုနတ်ဘုရားအသိစိတ်များထဲတွင် အားလှိုင်းသုံးခုသည် မျိုးနွယ်စောင့်ရှောက်သူကဲ့သို့ အားကောင်းကြသည်။ သူတို့က ထိတ်လန့်ဖွယ်ကောင်းသော ပုံရိပ်များသို့ အသွင်ပြောင်းလဲသွားကြပြီး မုန်တိုင်းကို အေးစက်စက် စိုက်ကြည့်လိုက်ကြသည်။

ထိုပုံရိပ်လေးခုမှ ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျများသည် ဝိညာဉ်သိုက်အဆင့် ဖြစ်သည်။ သူတို့က ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုကို မမွေးဖွားနိုင်သေးသော်လည်း တာအိုပျိုးထောင်ခြင်းအဆင့်၏ ဖိအားသည် အလွန်အမင်း အားကောင်းသန်မာဆဲပင်။

ရင်ပြင်ပေါ်တွင် သေအံ့ဆဲဆဲ အခြေအနေမှာရှိသော သွမ့်မူကျန်းသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က နာကျင်ကိုက်ခဲနေသည့်ကြားမှ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

သူက အလွန်ကျယ်ပြောသော သဲမုန်တိုင်းနှင့် မုန်တိုင်းအတွင်းမှ ဧရာမပုံရိပ်ကြီးကို မြင်သွားသည်။ ထို့ပြင် ဧရာမပုံရိပ်၏ ဦးခေါင်းပေါ်တွင် ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေဟန် ရ၏။

ထိုပုံရိပ်သည် လူသားအသွင်မပေါ်ချေ။ ယင်းအစား ကောင်းကင်နက်မျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်။

သူ့မှာ မီးခိုးရောင်အသားအရေ၊ ကြီးမားသော ဦးခေါင်းနှင့် ဦးခေါင်းပေါ်တွင် ချွန်ထက်သော ဆူးချွန်များ ရှိသည်။

ဤအခိုက်အတန့်မှာ ကြောက်စရာကောင်းသော သဲမုန်တိုင်းသည် မြင့်မြတ်မြို့တော်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်ရောက်ရှိလာသည်။ နောက်ဆုံးမှာတော့ မြင့်မြတ်မြို့တော်ထဲရှိ မျိုးနွယ်စုနှစ်စုမှ ဖိအားအောက်မှာ ၎င်းက မြို့တော်နှင့် ငါးကီလိုမီတာအဝေးတွင် ရပ်တန့်သွားသည်။

ငါးကီလိုမီတာအကွာအဝေးသည် သဲမုန်တိုင်းထဲမှ ထစ်ချုန်းသံများနှင့် တားမြစ်အဆိပ်၏ ပျံ့နှံ့ခြင်းကို မရပ်တန့်နိုင်ပေ။

သို့ဖြစ်၍ ပါးလွှာသော မြူခိုးနက်သည် မြင့်မြတ်မြို့တော်၏ ကောင်းကင်ပေါ်သို့ ရွေ့လျားသွားသည်။ ဤသည်မှာ လကို မြူခိုးက ဖုံးကွယ်သွားသည့်အလားပင်။

ယင်းက မြင့်မြတ်မြို့တော်၏ အကာအကွယ်အစီအရင်ကို တိုက်စားနေသဖြင့် တကျစ်ကျစ်ဟူသော မြည်သံများ ထွက်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်တွင် နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။

“ ဆရာကြီးပုံစံဟန်ဆောင်နေတယ် ”

မြို့မြတ်မြို့တော်၏ အပေါ်တွင် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူသည် လေးနက်သော အသံဖြင့် ပြောပြီး သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို မြင့်မြတ်မြို့တော်၏ ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော မြူခိုးသည် အနောက်သို့ တလိပ်လိပ် ပြန်ဆုတ်သွားသည်။ သို့သော်လည်း ယင်းက လုံးလုံးလျားလျား မပျောက်ကွယ်သွားပေ။ ယင်းအစား မြူခိုးသည် နောက်တဖန် ပျံ့လွင့်လာပြီး စုဝေးသွားပြန်သည်။

ထိုမြင်ကွင်းသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူကို နှလုံးတုန်သွားစေသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ငါးကီလိုမီတာအဝေးသို့ ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ ငါးကီလိုမီတာအဝေး၌ တားမြစ်အဆိပ်မြူခိုးမှ ဖြစ်ပေါ်လာသော သဲမုန်တိုင်းထဲတွင် အဖွားအိုတစ်ယောက်သည် ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။

တစ်ချိန်တည်း၌ အဖွားအို၏ ဦးခေါင်းပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်း၏ ပုံရိပ်သည်လည်း ထွက်ပေါ်လာသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက အေးတိအေးစက် အကြည့်ဖြင့် ငှက်သိုက်သဖွယ်ဖြစ်နေသော သူ၏ အရှေ့မှ မြင့်မြတ်မြို့တော်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သူ၏ နတ်ဘုရားအသိစိတ်ကို ခန္ဓာကိုယ်ထဲရှိ (ဃ၁၃၂)ထဲသို့ ပို့လွှတ်လိုက်သည်။

“ မင်းတကယ် မစားဘူးလား ”

“ ငါမစားဘူး… လုံးဝမစားဘူး… ဘယ်တော့မှ မစားဘူး… ချီးပဲ သူတို့အားလုံးက နီလာနတ်သမီးအတွက် ယဇ်ကောင်တွေ… သူတို့ကို ငါမစားရဲဘူး… ပြီးတော့ သူတို့ခန္ဓာကိုယ်ထဲမှာ ကျိန်စာတစ်ခုရှိတယ်… သူတို့က ပုပ်သိုးနေတဲ့ အသားတွေ… မင်းပဲ သူတို့ကိုစား ”

All Chapters