← Chapters

ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(ခ)

Vol. 57 Ch. 877

ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(ခ)

Vol. 57 Ch. 877

နတ်ဘုရားလက်ချောင်းသည် ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောသည်။

ရွှီချင်းသည် သူ့ကို လျစ်လျူရှုလိုက်သည်။ ဤသို့လမ်းရာလမ်းတွင် သူ၏ ရည်ရွယ်ချက်ကို မပေါက်ကြားစေရန် အတိတ်တုန်းက ခေါင်းဆောင်နှင့်အတူ သန့်စင်ရေလှိုင်းမျိုးနွယ်ဆီသို့ သူသွားခဲ့စဉ်က စားသုံးခဲ့သော ရွှမ်ကောင်းကင်မိစ္ဆာလဆေးလုံးကို လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံးကျန်ရှိသော ဆေးအာနိသင်ကို ထုတ်လွှတ်လိုက်ကာ သူ့ကိုယ်သူ ကောင်းကင်နက်မျိုးနွယ်ဝင်အဖြစ် ထပ်မံရုပ်ဖျက်လိုက်သည်။

သူက မြင့်မြတ်မြို့တော်ကို စိုက်ကြည့်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ မြို့၏ အထက်ကောင်းကင်ယံသို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းပင် ကောင်းကင်သည် တလိပ်လိပ် ထကြွလာသည်။ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ခရမ်းလသည် လေထဲမှာ ဘွားခနဲ ပေါ်လျှိုးလာပြီး မြင့်မြတ်မြို့တော်၏ ကောင်းကင်ထက်သို့ မြှောက်တတ်သွားသည်။

ခရမ်းလဆင်းသက်လာသည့်အခါ ကမ္ဘာ၏ အရောင်အသွေးသည် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ အရာအားလုံးသည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်၊ မြေပြင်နှင့် မြို့တော်သည်ပင် ခရမ်းရောင်၏ လွှမ်းမိုးခြင်းခံလိုက်ရသည်။

အရာအားလုံးသည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

နတ်ဘုရားအစွမ်းသည် ပျံ့လွင့်ထွက်လာပြီး ကမ္ဘာကို လွှမ်းခြုံသွားသည်။ ထိုထဲတွင် အလွန်သိပ်သည်းသော နီလာနတ်သမီး၏ နတ်ဘုရားအခွင့်အာဏာ ပါရှိသည်။ ယင်းက အနီရောင်လဗိမာန်ရှိ နတ်တမန်တော်အားလုံးထက် သာလွန်သည်။

ဤသည်မှာ နတ်ဘုရားသားတော်ရောက်ရှိလာသည့်အလား မြို့တော်တစ်ခုလုံးသည် ပုံပျက်တွန့်လိမ်သွားပြီး ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာသည်။

အလွန်သိပ်သည်းသော ဒြပ်နှောများသည် မြို့တော်ထဲရှိ နေရာတိုင်းမှ ပေါက်ကွဲထွက်လာပြီး မျိုးနွယ်စုနှစ်စုဆီသို့ ကျူးကျော်ဝင်ရောက်လာသည်။

မြန်ဆန်သော အသက်ရှူသံ၊ အလန့်တကြား အော်ဟစ်သံများနှင့် ချောက်ချားဖွယ်ကောင်းသော ငိုကြွေးသံများသည် မြို့တော်ထဲရှိ နေရာတိုင်းမှ ပျံ့လွင့်ထွက်လာသည်။

ရင်းနှီးကျွမ်းဝင်သော ထိုခံစားမှုသည် မျိုးနွယ်စုနှစ်စုထဲမှ ကျင့်ကြံသူအများအပြားကို အလိုအလျောက် ဒူးထောက်သွားစေသည်။ သူတို့၏ နှလုံးသည် အဆုံးစွန်ထိ တုန်လှုပ်လာသည်။

မြို့တော်၏ ကောင်းကင်ယံမှ ဝိညာဉ်သိုက်အဆင့် ပုံရိပ်လေးခု၏ အမူအရာသည်လည်း သိသာစွာ ပြောင်းလဲသွားသည်။

မျိုးနွယ်စောင့်ရှောက်သူအပါအဝင် သူတို့၏ နှလုံးသည် ပြင်းထန်စွာ လှိုင်းထလာသည်။ သူတို့၏ မျက်နှာပေါ်မှ အမူအရာသည် စောစောတုန်းကကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။ သူတို့၏ မျက်လုံးထဲမှာ အကြောက်တရားများ ပေါ်လျှိုးလာသည်။

လဝတ်ပြုဒေသကြီးထဲမှာ မွေးဖွားလာသော သက်ရှိအားလုံး၏ ခန္ဓာကိုယ်ထဲတွင် အနီရောင်လ၏ ကျိန်စာရှိသည်။ ထိုကျိန်စာသည် သူတို့၏ သွေးထဲမှာ မျိုးဆက်ပေါင်းများစွာအထိ တည်ရှိနေပြီး လဝတ်ပြုဒေသကြီးထဲမှ သူတို့ထွက်မသွားနိုင်စေရန် တားဆီးထားသည်။ တစ်ဆက်တည်းမှာ ယင်းက အနီရောင်လဗိမာန်နှင့် သူတို့တွေ့ဆုံသည့်အခါ နတ်ဘုရားထံမှ ဖိအားကို ရှင်းလင်းစွာ အာရုံခံနိုင်စေသည်။

ပုံမှန်အားဖြင့် ထိုကျိန်စာသည် နက်ရှိုင်းစွာ အိပ်မောကျနေသော သားရဲတစ်ကောင်နှင့် ဆင်တူသည်။ လဝတ်ပြုဒေသကြီးထဲမှ လွတ်မြောက်ရန် သူတို့ကြိုးစားသည့်အခါမှသာ ယင်းက ထွက်ပေါ်လာလေ့ ရှိသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူလေးယောက်နှင့် မြို့တော်ထဲရှိ မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူအားလုံးသည် သူတို့၏ သွေးမျိုးစက်ထဲမှ ကျိန်စာက အသက်ဝင်လာနေသည်ဟု ခံစားမိသွားကြသည်။

ယင်းက ပေါက်ကွဲထွက်လာရန် အဝေးကြီး လိုသေးသော်လည်း ကျိန်စာ၏ လှုံ့ဆော်မှုသည် သူတို့၏ အသက်ချည်မျှင်များကို ဆွဲနုတ်တော့မည့်အလားပင်။ ဤသည်မှာ သေမင်းခေါင်းလောင်းသံက သူတို့၏ နားထဲသို့ ပျံ့လွင့်လာဟန်ရပြီး သူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မရအောင် တုန်ယင်စေသည်။

ငါးကီလိုမီတာအဝေး၌ အဖွားအို၏ ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် အရာအားလုံးကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ မျိုးနွယ်စုနှစ်စုက ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတွေအားလုံး အပြင်ထွက်လာပြီး ဒီတမန်တော်ကို လာကြိုကြစမ်း ”

ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ခရမ်းရောင်အလင်းသည် ရုတ်တရက် တလက်လက် တောက်ပလာသည်။ နတ်ဘုရားအစွမ်းသည် ပိုပြီးကြောက်စရာကောင်းလာပြီး ကမ္ဘာသည် ပိုပြီးပုံပျက်တွန့်လိမ်လာသည်။

အရာအားလုံးသည် လှုပ်ခါလာသည်။ မြို့ထဲမှ တချို့သေမျိုးများသည် ဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ စတင်အော်ဟစ်ကြသည်။

သူတို့၏ ခန္ဓာကိုယ်သည် စတင်သန္ဓေပြောင်းလဲလာပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာသည် ပေါက်ကွဲထွက်လာသည်။ ယင်းက သူတို့၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး သူတို့ကို နှလုံးကွဲကြေသော အော်ဟစ်သံများ ထွက်ပေါ်လာစေသည်။ သူတို့၏ ခန္ဓာကိုယ်သည် ဆက်လက် ခြောက်သွေ့သွားသည်။

ယင်းက မျိုးနွယ်စုနှစ်စုမဟာမိတ်ထဲမှ လူတိုင်းကို ကြောက်လန့်သွားစေသည်။ မျိုးနွယ်စောင့်ရှောက်သူအပါအဝင် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူလေးယောက်သည် ချက်ချင်း မြို့အပြင်သို့ ထွက်လာကြပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

မျိုးနွယ်စုနှစ်စု၏ နန်းတော်များထဲမှ ပို၍အားကောင်းသော စွမ်းအင်အတတ်အကျလှိုင်းနှစ်ခုသည် ကောင်းကင်ယံသို့ ထိုးတတ်သွားသည်။

သူတို့သည် မျိုးနွယ်စုနှစ်စု၏ ဘိုးဘေးများနှင့် ဘုရင်များ ဖြစ်သည်။

သူတို့၏ အမူအရာပေါ်မှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် အံ့အားသင့်သော အမူအရာလည်း ရှိ၏။ ခရမ်းလနှင့် အနီရောင်လကြားမှာ ကွာခြားမှုရှိဆဲပင်။ သို့သော်လည်း သူတို့၏ အရှိန်အဝါနှင့် နတ်ဘုရားအစွမ်းသည် တစ်ပုံစံတည်း တူညီသည်။

ထို့ကြောင့် သူတို့သည် ရွှီချင်းကို ချက်ချင်း ရန်မပြုဝံ့ကြချေ။ သူတို့သည် ပျံသန်းထွက်လာပြီးနောက် တာအိုပျိုးထောင်ခြင်းအဆင့် ဝိညာဉ်သိုက်ကျင့်ကြံသူလေးယောက်နှင့်အတူ ရွှီချင်းဆီသို့ ပျံသန်းသွားကြသည်။ သူတို့သည် အနားမကပ်ဝံ့သောကြောင့် ရွှီချင်းနှင့် ပေတစ်သောင်းအကွာမှာ ရပ်လိုက်ကြသည်။

“ နတ်တမန်တော်ကို နှုတ်ဆက်ပါတယ် ”

မျိုးနွယ်စုနှစ်စုမှ ဘိုးဘေးများသည် တည်ကြည်လေးနက်စွာ လက်သီးဆုပ်လိုက်ကြသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ ဤသည်မှာ ဤသို့လာရာလမ်းတွင် သူစဉ်းစားထားသော အကြံအစည်၏ ပထမအဆင့် ဖြစ်သည်။

သူသည် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်စလုံးကို အတူတကွစုစည်းရှိနေရန် လုပ်ဆောင်ရမည်။

ဤသည်မှာ ခက်ခဲသော အလုပ်မဟုတ်ချေ။ အကယ်၍ သူက အနီရောင်လဗိမာန်၏ သရုပ်ကို အသုံးပြုမည်ဆိုလျှင် ထိုအဆင့်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။

ပထမအဆင့်သည် ပြီးမြောက်သွားပြီ ဖြစ်သည်။ သူတို့က ဦးညွတ်လိုက်သည်နှင့်ချက်ချင်း ကောင်းကင်ယံမှ ခရမ်းလသည် ဝုန်းခနဲ မြည်ဟိန်းလာပြီး သူတို့ခြောက်ယောက်၏ အပေါ်သို့ မျောလွင့်လာကာ သူတို့ကို ဖိနှိပ်လိုက်သည်။

ဤသည်မှာ ဒုတိယအဆင့် ဖြစ်သည်။

ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူများသည် ငတုံးငအမဟုတ်ကြောင်း ရွှီချင်းသိသည်။ အထူးသဖြင့် ဘိုးဘေးများပင်။ သူတို့ကို သူလျှော့မတွက်နိုင်ပေ။ အစပိုင်းတွင် သူ၏ အတုယောင်သရုပ်ဖြင့် သူတို့ကို လှည့်စားနိုင်သော်လည်း မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်မလာနိုင်ဘူးဟု သူကျိန်းသေမပြောနိုင်ပေ။

သို့ဖြစ်၍ သူသည် ကြန့်ကြာနေ၍ မဖြစ်ပေ။ သူတို့စိတ်ရှုပ်ထွေးနေစဉ်မှာ တိုက်ပွဲကို အမြန်ဆုံး သူအဆုံးသတ်ရလိမ့်မည်။ ထို့ကြောင့် ဒုတိယအဆင့်တွင် သူက ခရမ်းလစွမ်းအားကို အမှီသဟဲပြု၍ သူတို့ကို ဖိနှိပ်ပြီး တစ်ခဏကြာ မိန်းမောတွေဝေစေမည် ဖြစ်သည်။

ဤအခိုက်အတန့်၌ ခရမ်းလ၏ ဖိနှိပ်မှုအောက်မှာ မျိုးနွယ်စုနှစ်စုမဟာမိတ်မှ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာစွမ်းအားသည် လှုပ်ခတ်လာသည်။

သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ကျိန်စာက လုံးလုံးပေါက်ကွဲထွက်မလာခင် ယင်းကို သူတို့ဖိနှိပ်နိုင်သွားကြသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ နေနာရီလက်တံအားလုံးကို ဆွဲနုတ်လိုက်သည်။

ဤသည်မှာ တတိယအဆင့် ဖြစ်သည်။

ဒုတိယအဆင့်၏ အချိန်နှောင့်နှေးမှုသည် သူ့အတွက် မလုံလောက်ပေ။ စတုတ္ထအဆင့်သို့ ဆက်သွားနိုင်ရန် တတိယအဆင့်၏ အားဖြည့်ပေးမှုကို သူလိုအပ်သေးသည်။

နေနာရီလက်တံများကို ဆွဲနုတ်လိုက်သည့်အခါ အချိန်ရပ်တန့်ခြင်းစွမ်းအားသည် နေနာရီငါးခုစလုံးမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ယင်းက ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်၏ ဘေးပတ်ဝန်းကျင်မှ အချိန်ကို ချက်ချင်း ရပ်တန့်သွားစေသည်။

နောက်အခိုက်အတန့်မှာ ကောင်းကင်ဘုံတာအိုမိုဆာဆောသည် ၎င်း၏ ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်ဖြင့် ထွက်ပေါ်လာသည်။ ခရမ်းလ၏ ဖိနှိပ်မှုကို ခုခံနေကြရပြီး အချိန်ရပ်တန့်ခြင်းစွမ်းအားကြောင့် လှုပ်ရှားမှုကင်းမဲ့နေကြသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်သည် မိုဆာဆော၏ ဝါးမျိုခြင်းခံလိုက်ရသည်။

၎င်းက ကျင့်ကြံသူခြောက်ယောက်နှင့် ခရမ်းလကို ဝါးမျိုလိုက်သည်။

ဤသည်မှာ ရွှီချင်း၏ စတုတ္ထအဆင့် ဖြစ်သည်။

ထိုအတွက် ပေးဆပ်ရန် အဖိုးအခသည် အလွန်အမင်း ကြီးမားသည်။

ရွှီချင်း၏ နေနာရီငါးခုသည် ပြိုလဲပျက်စီးသွားပြီး အပိုင်းပိုင်း အက်ကွဲသွားသည်။

ရွှီချင်းသည် ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အလွန်အားအင်ချည့်နဲ့လာသည်။

သို့သော်လည်း သူ၏ သွေးမျိုးစက်မှ ဖြစ်တည်လာသော သက်စောင့်မီးအိမ်များသည် နေနာရီလက်တံများသာ ဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်းသည် အများကြီး လျော့ကျမသွားချေ။

နေနာရီများသည်တော့ ခရမ်းသလင်းကျောက်မှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ သူ၏ အတွေ့အကြုံအရ ၎င်းတို့က သူ့ဘာသာ ပြန်ကောင်းမွန်လာနိုင်ကြောင်း သူသိသည်။ ထိုအတွက် အချိန်လိုအပ်ရုံမျှသာ ဖြစ်သည်။

All Chapters