← Chapters

ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(ဂ)

Vol. 57 Ch. 878

ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(ဂ)

Vol. 57 Ch. 878

နေနာရီများ၏ အကူအညီဖြင့် သူ့အစီအစဉ်၏ စတုတ္ထအဆင့်သည် ပြီးမြောက်သွားသည်။

ခရမ်းလသည် ပျောက်ကွယ်သွားပြီး ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်သည်လည်း ပျောက်ကွယ်သွားသည်။ မိုဆာဆောသည် လေထဲမှာ နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ သားရဲခန္ဓာကိုယ်သည် ဖောင်းကားလာပြီး တုန်ယင်လာသည်။

၎င်းသည် အချိန်ကြာကြာ မတောင့်ခံနိုင်ပေ။

၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ထူးခြားပြီး ကောင်းကင်ဘုံတာအို၏ အစွမ်းတိုးမြှင့်ပေးခြင်း ခံထားရသော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် အတော်လေး အားနည်းနေဆဲပင် ဖြစ်သည်။

ခရမ်းလ၏ ဖိနှိပ်ခြင်းစွမ်းအားဖြင့်ပင် ၎င်းက ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်ကို အချိန်အတော်ကြာ ပိတ်လှောင်ထားရန် ခက်ခဲလိမ့်ပေမည်။

မည်သို့ဖြစ်ပါစေ ရွှီချင်း၏ နတ်ဘုရားအခွင့်အာဏာသည် မလုံလောက်သေးပေ။ ယင်းက ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကို လုံးလုံးလျားလျား ပေါက်ကွဲထွက်လာရန် သူ့အတွက် ခက်ခဲစေသည်။ အများဆုံးအနေဖြင့် သူသည် အိပ်ပျော်နေသော ကျိန်စာကို ပြန်နိုးထလာရန်မျှသာ လုပ်ဆောင်နိုင်သည်။

သို့တိုင် ထိုသို့လုပ်ဆောင်နိုင်ခြင်းကပင် အလွန်အံ့ဩဖွယ်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူက ကျိန်စာကို အသက်သွင်းရန် သူ့ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်မှာတော့ အနီရောင်လဗိမာန်မှ နတ်တမန်တော်များသည် နတ်ဘုရားအစွမ်းကို ငှားယူရန် သူတို့ကိုယ်သူတို့ လက်ခံကောင်အဖြစ် အသုံးပြုမှသာ ကျိန်စာကို အသက်သွင်းနိုင်လိမ့်မည်။

ယင်းက တူညီပုံရသော်လည်း ၎င်းတို့ကြားမှ အနှစ်သာရသည် လုံးဝကွဲပြားခြားနားသည်။

“ ဆယ့်ငါးမိနစ်ကြာအောင် တောင့်ခံထားပါ ”

ရွှီချင်းက မိုဆာဆောကို ပြောသည်။ ထို့နောက် သူက မြင့်မြတ်မြို့တော်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ မျက်လုံးထဲမှာ ချုပ်တည်းမရအောင် ထွက်ပေါ်လာသည်။

သူက မြင့်မြတ်မြို့တော်ဆီသို့ တန်းမတ်စွာ သွားသည်။ သူ၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

“ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်… လွန်ခဲ့တဲ့တစ်လတုန်းက မင်းတို့က အတင့်ရဲပြီး ငါ့ရဲ့ ကောင်းကင်နက်နတ်တမန်တော်ကို ဒဏ်ရာရစေခဲ့တယ်… အဲ့ဒီအတွက် အပြစ်ဒဏ်အနေနဲ့ မင်းတို့မျိုးနွယ်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရမယ် ”

ရွှီချင်းသည် ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို အနီရောင်မိုးကြိုးသွားတစ်ခုသည် ရွှီချင်း၏ အနောက်ရှိ မြူခိုးထဲမှ ပျံသန်းထွက်လာပြီး မြင့်မြတ်မြို့တော်၏ အကာအကွယ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ယင်းက အလွန်အမင်း မြန်ဆန်ပြီး လျှပ်စီးတန်းအများအပြားသည် မိုးကြိုးသွားထဲမှာ လူးလွန့်သွားလာနေကြသည်။

အနီရောင်မိုးကြိုးသွားထဲမှာ ကျင်းကန်းဂိုဏ်းဘိုးဘေး ရှိသည်။ သူ၏ မျက်လုံးသည် နီရဲနေပြီး သူ၏ စိတ်ထဲမှာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒတစ်ခုတည်းသာ ရှိသည်။

သူသည် ရွှီချင်းနောက်သို့ လိုက်ပါကတည်းက အမြဲတမ်း ရွှီချင်းအတွက်သာ အလုပ်လုပ်ခဲ့သည်။ ကျန်သည့်အချိန်များတွင် မလှုပ်မယှက်ဘဲ ရှိသည်။ သို့သော်လည်း ယနေ့မှာတော့ သူသည် ရွှီချင်းက မခိုင်းစေဘဲ ဦးစွာ စတင်တိုက်ခိုက်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် အပြစ်မဲ့စွာ အသတ်ခံလိုက်ရသော သူ၏ ပုံပြင်နားထောင်သူ ပရိသတ်များအတွက် လက်စားချေချင်သောကြောင့် ဖြစ်သည်။

ထိုပုံပြင်နားထောင်သူ ပရိသတ်များ၏ အကြည့်များနှင့် အသံများကို ပြန်တွေးမိသည့်အခါတိုင်း ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ဝမ်းနည်းလာပြီး ခံပြင်းဒေါသထွက်လာသည်။

“ သတ်ပစ် ”

ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းပြီးဆုံးသွားသည့်အခါ မြင့်မြတ်မြို့တော်၏ အကာအကွယ်အလွှာသည် အားအင်ကုန်ခမ်းသွားသော အခြေအနေသို့ ရောက်ရှိသွားသည်။ လပေါင်းများစွာကြာအောင် ပြန်လည်အားဖြည့်ပြီးနောက် အစွမ်းတချို့ကို ပြန်ရရှိလာသော်လည်း ၎င်း၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရန် အတော်လေး အလှမ်းဝေးနေသေးသည်။

အစကတည်းက မှေးမှိန်နေသော အကာအကွယ်အလွှာသည် နတ်ငါးအရိုးဆူးချွန်၏ ထိုးဖောက်စွမ်းအားကို မည်သို့မှ မတားဆီးနိုင်ပေ။ ကျယ်လောင်သော ပေါက်ကွဲသံ မြည်ဟိန်းထွက်လာပြီးနောက် အနီရောင်မိုးကြိုးသွား၏ ရစ်သိုင်းခြုံခံထားရသော နတ်ငါးအရိုးဆူးချွန်သည် အလင်းအကာအကွယ်အလွှာကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး သေးငယ်သော အပေါက်တစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုအပေါက်ငယ်က ချိတ်ဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်လာစေသည်။ မကြာမီ အရေအတွက်များပြားသော အက်ကွဲရာများသည် အပေါက်ငယ်ကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

မြင့်မြတ်မြို့တော်၏ စည်းချအစီအရင်သည် အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ အကာအကွယ်အလွှာပေါ်မှာ အပေါက်ငယ်တစ်ခု ဖြစ်ပေါ်လာသော်လည်း အကာအကွယ်သည် သူ့ဘာသာ ပြန်လည်ပြုပြင်နေသည်။ သို့သော်လည်း ရွှီချင်းသည် ဤသို့လာရာလမ်းတွင် အရာအားလုံးကို ကြိုတင်တွက်ဆထားပြီး ဖြစ်၏။

ကျင်းကန်းဂိုဏ်းဘိုးဘေးက စည်းချအစီအရင်ကို ထိုးဖောက်သွားပြီး စည်းချအစီအရင်က အလိုအလျောက် ပြန်လည်ပြုပြင်လာသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံပေါ်မှ မြည်ဟိန်းထွက်လာသည်။

ဧရာမတောင်ကုန်းတစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

အဝေးမှကြည့်လျှင် ထိုတောင်ကုန်းသည် ဧရာမလူ့ဘီလူးကြီးတစ်ကောင် တင်ပျဉ်ခွေလျက် တရားထိုင်နေပုံနှင့် ဆင်တူသည်။ ထိုလူ့ဘီလူးကြီး၏ အသွင်အပြင်သည် ရွှီချင်းနှင့် တစ်ပုံစံတည်း တူညီသည်။ ၎င်း၏ ပခုံးပေါ်တွင် မှေးမှိန်သော မဟာလောကနှစ်ခုကို ထမ်းပိုးထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

ဤသည်မှာ ရွှီချင်း၏ တစ္ဆေအင်ပါယာတောင်ကုန်း ဖြစ်သည်။

ထိုတောင်ကုန်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်းက အောက်ဘက်ရှိ မြင့်မြတ်မြို့တော်၏ အကာအကွယ်အလွှာကို အကြမ်းပတမ်း ထုချလိုက်သည်။

မြေပြင်သည် တုန်ယင်သွားပြီး မြင့်မြတ်မြို့တော်၏ အကာအကွယ်အလွှာသည် ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။ ၎င်း၏ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်သည် ချက်ချင်း ရပ်တန့်သွားပြီး အကာအကွယ်အလွှာသည် အတွင်းဘက်ထဲသို့ ချိုင့်ဝင်သွားသည်။

သို့သော်လည်း စည်းချအစီအရင်သည် အဆုံးထိ လုံးလုံးမပျက်စီးသွားခဲ့ပေ။ ဆက်လက် တောင့်ခံထားဆဲပင်။ သို့သော်လည်း တစ္ဆေအင်ပါယာတောင်ကုန်း၏ ထုချမှုနှင့် နတ်ငါးအရိုးဆူးချွန်၏ ထိုးဖောက်မှုအောက်မှာ အက်ကွဲရာများသည် ပိုမိုများပြားစွာ ပျံ့နှံ့လာသည်။

ထိုအခိုက်အတန့်မှာ လောကတစ်ခွင် ပဲ့တင်ထပ်သွားမည့် အော်မြည်သံတစ်သံသည် ရွှီချင်း၏ ဦးခေါင်းထက်မှာ ပဲ့တင်ထွက်လာသည်။

အနက်ရောင်ရွှေကျီးကန်းသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်သည် ဆက်လက်ကြီးထွားလာသည်။

မျက်စိတစ်မှိတ်အတွင်း ၎င်း၏ ခန္ဓာကိုယ်သည် ပေတစ်သောင်းအထိ ကြီးထွားလာပြီး အမြှီး(၂၀၀)ချောင်းကျော်သည် ရွှေကျီးကန်း၏ အနောက်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ အနက်ရောင်ဖီးနစ်ငှက်တစ်ကောင်က ၎င်း၏ အတောင်ပံများနှင့် အမြှီးများကို ဖြန့်ကားလိုက်သည့်အလားပင်။ ၎င်းက မြင့်မြတ်မြို့တော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ရွှေကျီးကန်းသည် မြင့်မြတ်မြို့တော်၏ ကောင်းကင်ယံသို့ ချက်ချင်း ရောက်ရှိသွားပြီး အက်ကွဲနေသော အကာအကွယ်အလွှာပေါ်သို့ ကောင်းကင်ဘုံမီးတောက်ကို မှုတ်ထုတ်လိုက်သည်။

ထိုမီးတောက်သည် ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲတွင် ၎င်းဝါးမျိုထားသော ချော်ရည်ထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းက အလွန်အမင်း ပူပြင်းသည်။

၎င်းက မြင့်မြတ်မြို့တော်ကို လှည့်ပတ်ပျံသန်းနေရင်း ပမာဏများပြားသော မီးတောက်မီးလျှံများကို ဆက်လက်မှုတ်ထုတ်နေသည်။ မကြာမီ တစ်မြို့လုံးသည် ကောင်းကင်ဘုံမီးတောက်၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်။

ဤသည်မှာ ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းက နောက်တစ်ကြိမ် ကျဆင်းလာသည့်အလားပင်။

ထိုအကြောင်းအရာအားလုံးသည် ဖော်ပြရန် အချိန်အတော်ကြာ၏။ သို့သော်လည်း တကယ့်လက်တွေ့တွင် ကျင်းကန်းဂိုဏ်းဘိုးဘေးက ပျံသန်းထွက်သွားသည့်အချိန်မှစ၍ ရွှေကျီးကန်းက မီးမှုတ်ထုတ်လိုက်သည့်အချိန်အထိ ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် အသက်ရှူချိန်သုံးခါမှ ငါးခါမျှသာ ကြာမြင့်ခဲ့သည်။

မြင့်မြတ်မြို့တော်၏ အလင်းအကာအကွယ်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုအားလုံးကို တွေ့ကြုံသွားသည့်အခါ နောက်ဆုံးမှာတော့ ၎င်းက ဆက်လက် မတောင့်ခံနိုင်တော့ပေ။ နားကွဲလုမတတ် ကျယ်လောင်သော အက်ကွဲသံများအောက်မှာ အကာအကွယ်အလွှာသည် လုံးလုံးပြိုကွဲပျက်စီးသွားသည်။

တစ္ဆေအင်ပါယာတောင်ကုန်းက မြေပြင်ပေါ်သို့ ဆင်းသက်လာသည့်အခါ မြို့တစ်မြို့လုံးသည် တုန်ယင်သွားသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် မြို့ထဲသို့ ပျံသန်းသွားပြီး မျက်စိထဲမြင်မြင်သမျှ လူတိုင်းကို သတ်ဖြတ်ပစ်လိုက်သည်။

အကာအကွယ်အလွှာ၏ တားဆီးပေးမှုမရှိတော့သည့်အခါ မီးတောက်မီးလျှံများသည် မြို့ပေါ်သို့ ကျဆင်းလာပြီး အရာအားလုံးကို လောင်ကျွမ်းပြာချပစ်လိုက်သည်။

ကမ္ဘာသည် ၎င်း၏ အရောင်အသွေးကို ဆုံးရှုံးသွားသည်။

မြင့်မြတ်မြို့တော်ထဲ၌ မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များသည် သူတို့၏ ဘုရင်များနှင့် တခြားလူများက ဧရာမမိုဆာဆော၏ ဝါးမျိုခံလိုက်ရသည်ကို မြင်လိုက်ကတည်းက ကြောက်လန့်သွားကြပြီး ထိတ်လန့်ချောက်ချားသွားကြသည်။

အံ့အားသင့်မှုနှင့် ချောက်ချားမှုက သူတို့၏ နှလုံးသားကို ကြီးစိုးထားသည်။ သူတို့သည် ရွှီချင်း၏ နတ်တမန်တော်ဟူသော သရုပ်နှင့် သူတို့၏ နိုးထလာနေသော ကျိန်စာကြောင့် အစောကတည်းက ကြောက်လန့်နေကြပြီးသား ဖြစ်၏။

ဤအခိုက်အတန့်မှာ အသက်ရှူချိန်အနည်းငယ်အတွင်း မြို့တော်၏ စည်းချအစီအရင်သည် ပြိုကွဲပျက်စီးသွားပြီး ကောင်းကင်ဘုံမီးတောက်များသည် ကျဆင်းလာသည်။ ဤသည်မှာ ကမ္ဘာပျက်ကဒ်ဘေးက သူတို့အပေါ်သို့ ဆင်းသက်လာနေသည့်အလား သူတို့ခံစားမိသွားကြသည်။

သို့သော်လည်း မျိုးနွယ်စုနှစ်စုသည် သာမန်အဆင့်နိမ့်မျိုးနွယ်စုများ မဟုတ်ကြပေ။ သူတို့၏ ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများက ပိတ်လှောင်ခံထားရသော်လည်း သူတို့ဆီမှာ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူနှင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူအများအပြား ကျန်ရှိနေဆဲပင်။

စောစောတုန်းက ရုတ်တရက် အပြောင်းအလဲကို တွေ့ကြုံပြီးနောက် ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် သတိဝင်လာကြသည်။ ပုံရိပ်တစ်ခုပြီးတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်တင်လိုက်ပြီး အောက်ဘက်မှ မြင့်မြတ်မြို့တော်ပေါ်သို့ ဖိချလိုက်သည်။

ကီလိုမီတာငါးဆယ်အထိ ဖြန့်ကြက်ထားသော တားမြစ်အဆိပ်မှ သဲမုန်တိုင်းသည် ဧရာမအရိပ်ကြီးတစ်ခုသို့ ပြောင်းလဲသွားပြီး အဆုံးမဲ့သော မြူခိုးသည် မြင့်မြတ်မြို့တော်ဆီသို့ တိုးဝင်သွားသည်။

All Chapters