← Chapters

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(ခ)

Vol. 57 Ch. 885

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(ခ)

Vol. 57 Ch. 885

သို့သော်လည်း ယခုတော့ ကောင်းကင်ဘုံမီးတောက်အကြွင်းအကျန်သည် ကောင်းကင်ပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာပြီး ပေတစ်ထောင်အကွာအဝေးကို လွှမ်းခြုံထားသည်။ ထို့ပြင် ယင်းက ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဘုရင်၏ အပေါ်မှာ ထွက်ပေါ်လာရုံမျှသာမဟုတ်ဘဲ အစဉ်မပြတ် အောက်သို့ ကျဆင်းလာနေသည်။

ကောင်းကင်ဘုံမီးတောက်သည် အံ့ဖွယ်စွမ်းအားနှင့် အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဘုရင်သည်လည်း အတော်လေး ရှိန်လောက်ဖွယ်ကောင်းပြီး အံ့ဩဖွယ်ကောင်းသည်။ သူက လျှို့ဝှက်ရတနာသိုက်ကို ဖောက်ခွဲပြီးသည့်တိုင် သူ၏ စွမ်းအားအများစုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

သို့ဖြစ်၍ သူက ချက်ချင်း အဝေးသို့ ရွေ့လျားသွားသည်။ သူက မီးလောင်ခံလိုက်ရသော်လည်း ကောင်းကင်ဘုံမီးတောက်ကို လက်တစ်လုံးခြား၍ ရှောင်ရှားနိုင်သွားသည်။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဘုရင်သည် ဇဝေဇဝါဖြစ်သွားပြီး အစဉ်မပြတ် ကျဆင်းလာနေသော ကောင်းကင်ဘုံမီးတောက်ကို ကြည့်လိုက်သည်။

သို့သော်လည်း ထူးဆန်းသော ဖြစ်စဉ်သည် ထိုမျှဖြင့် မပြီးဆုံးသေးပေ။

မရေမတွက်နိုင်သော မိုးကြိုးသွားများသည် မည်သည့်အကြောင်းအရင်းမှမရှိဘဲ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး သူ့အား ပစ်ခတ်လာသည်။

မိုးကြိုးသွားများသည် ထောင်သောင်းများစွာ ရှိသည်။

ပုံမှန်အားဖြင့် ထိုသို့ကိစ္စမျိုးသည် မည်သို့မှ မဖြစ်လာနိုင်ပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ အမှန်တကယ် ဖြစ်ပျက်လာသည်။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဘုရင်သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး အရူးအမူး ခုခံတားဆီးသည်။ မိုးကြိုးသွားများ၏ တရစပ် ပေါက်ကွဲမှုအောက်မှာ သူသည် သွေးအန်လိုက်ရသည်။

နောက်ဆုံးမှာတော့ သူသည် မိုးကြိုးပစ်ခတ်သော ဧရိယာစက်ကွင်းထဲမှ ဒယိမ်းဒယိုင်ဖြင့် လွတ်မြောက်သွားသည်။

သို့သော်လည်း သူသက်ပြင်းမချနိုင်မီ သူ၏ ခန္ဓာကိုယ်သည် လေထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အမူအရာသည် မြင်မကောင်း ရှုမကောင်းအောင် အရုပ်ဆိုးအကျည်းတန်နေ၏။ သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။

သူက ဖြည်းညင်းစွာ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က မြန်ဆန်စွာ ခြောက်သွေ့လာနေသည်ကို မြင်သွား၏။

သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာနိုးထမှုသည် အစက သူ၏ ကျင့်ကြံခြင်းကြောင့် ဖိနှိပ်ခံထားရသည်။ သို့သော်လည်း လျှို့ဝှက်ရတနာသိုက်၏ ပေါက်ကွဲမှုနှင့် မျှော်လင့်မထားသော ကိစ္စရပ်များကြောင့် ဖိနှိပ်ခံထားရသော ကျိန်စာသည် ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

နီလာနတ်သမီး၏ ကျိန်စာနိုးထမှုသည် သေခြင်းတရားကိုသာ ဖြစ်စေလိမ့်မည်။

နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်သည် ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။ သူက မသေဆုံးမီ တခြားလူများကို ကြည့်လိုက်သည်။ တခြားလူများသည်လည်း အခြေအနေမကောင်းလှပေ။

ထိုမြင်ကွင်းသည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူကို ကြောက်လန့်တုန်လှုပ်သွားစေပြီး သူ၏ နှလုံးသားထဲမှ ချောက်ချားမှုကို အဆုံးစွန်ထိ ရောက်ရှိသွားစေသည်။

“ ကံကြမ္မာဆိုး ”

သူက အလန့်တကြား အော်ဟစ်လိုက်သည့်အခိုက် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများသည် ကောင်းကင်ပေါ်ရှိ တခြားတည်နေရာမှ ပျံ့လွင့်ထွက်လာသည်။

ဤသည်မှာ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဘုရင်ဖြစ်သည်။ သူက ကံကြမ္မာဆိုး၏ သက်ရောက်ခြင်းမခံရဟန် ရသည်။ သူ၏ အကွာအဝေးရှည် တည်နေရာပြောင်းရွှေ့အဆောင်သည် ချောမွေ့စွာ အသက်ဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူက ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသည်။

ထိုကိစ္စအားလုံးဖြစ်ပျက်နေစဉ် နတ်ဘုရားလက်ချောင်းထံမှ နတ်ဘုရားအစွမ်းသည် ထပ်မံပျံ့လွင့်လာပြီး ပေ(၃၀၀)ရှည်လျားသော ဧရာမခန္ဓာကိုယ်ကြီးသည် လျှို့ဝှက်ရတနာသိုက်လေးခု၏ ပေါက်ကွဲမှုများကြားမှ ထွက်လျှောက်လာသည်။

အပေါ်ယံမှကြည့်လျှင် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်အပြောင်းအလဲမှ မရှိပေ။ ရွှေရောင်အလင်းသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ဆက်လက် တောက်ပနေဆဲဖြစ်ပြီး မည်သည့်ဒဏ်ရာမှ မရှိပေ။ ဤသည်မှာ လျှို့ဝှက်ရတနာသိုက်လေးခု၏ ပေါက်ကွဲမှုက ၎င်းအတွက် သေးငယ်သော မီးပန်းလေးခုပေါက်ကွဲမှုမျှသာ ဖြစ်ဟန်ရသည်။

သို့သော်လည်း အမှန်တကယ်တော့ နတ်ဘုရားလက်ချောင်းသည် ဤအခိုက်အတန့်မှာ တုန်ယင်နေသည်။

၎င်းသည် ဤခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် ရွေးချယ်စရာမရှိသည့်အဆုံး ၎င်း၏ နတ်ဘုရားအစွမ်းကို ထုတ်သုံးခဲ့ရသည်။ သို့ဖြစ်၍ မူလကတည်းက ဆာလောင်မွတ်သိပ်နေသော နတ်ဘုရားလက်ချောင်းသည် ဤအခိုက်အတန့်မှာ အလွန်အမင်း ဆာလောင်နေသည်။ ၎င်း၏ မျက်လုံးထဲမှာ ပြင်းပြသော ဝါးမျိုခြင်းစိတ်ဆန္ဒ ထွက်ပေါ်နေလေသည်။

“ ဗိုက်ဆာတယ်… ဆာတယ်… ဆာတယ် ”

နတ်ဘုရားလက်ချောင်းသည် မထိန်းချုပ်နိုင်အောင် သွားရည်ကျလာသည်။ ၎င်း၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ရှားသွားပြီး အဝေးရှိ မြေပြင်ပေါ်တွင် ရုန်းကန်နေသော ဝိညာဉ်သိုက်ကျင့်ကြံသူဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ နတ်ဘုရားလက်ချောင်း၏ ပုံရိပ်သည် စိတ်ပျက်နေသော ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူထံသို့ ရုတ်တရက် ရောက်ရှိသွားပြီး သူ့ကို ဝါးမျိုလိုက်သည်။

ဆာလောင်မွတ်သိပ်သော ခံစားမှုသည် ဆက်လက် ပြင်းထန်နေဆဲပင်။ တဂွီဂွီဟူသော မြည်သံများသည် မိုးခြိမ်းသံသဖွယ် ၎င်း၏ အစာအိမ်ထဲမှ မြည်ဟိန်းထွက်လာသည်။

သို့ဖြစ်၍ နတ်ဘုရားလက်ချောင်းသည် ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ခေါင်းလှည့်လိုက်သည်။ ၎င်းက မျိုးနွယ်စုနှစ်စု၏ မြင့်မြတ်မြို့တော်ဆီသို့ ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ ရုန်းကန်သော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

အစားအစာက မည်မျှအရသာဆိုးဝါးပါစေ ယင်းက ယခု ၎င်းခံစားနေရသော အစွန်းရောက် ဆာလောင်မွတ်သိပ်မှုနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပါချေ။

ကြမ်းတမ်းသော လှုပ်ရှားမှုဖြင့်အတူ ၎င်းက မြင့်မြတ်မြို့တော်၏ ကောင်းကင်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ မျိုးနွယ်စုနှစ်စု၏ စိတ်ပျက်အားလျော့မှုကြားမှာ ၎င်းက ပြင်းထန်စွာ စုပ်ယူလိုက်သည်။

ချက်ချင်းဆိုသလို ၎င်း၏ ဦးခေါင်းပေါ်မှ ဝဲကတော့သည် ထစ်ချုန်းလာပြီး အောက်သို့ ဆင်းသက်လာကာ မြို့ကို လွှမ်းခြုံသွားသည်။

မရေမတွက်နိုင်သော ငိုကြွေးသံများနှင့် အော်ဟစ်သံများသည် နေရာတိုင်းမှ ပျံ့လွင့်လာသည်။ အရေအတွက်များပြားသော မျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်များသည် ဝဲကတော့၏ ဝါးမျိုခံလိုက်ရသည်။

ထိုဖြစ်စဉ်သည် မနှေးကွေးပေ။ ယင်းက အသက်ရှစ်ခါရှူချိန်မျှသာ ကြာမြင့်ခဲ့သည်။ အခြေခံအားဖြင့် မြင့်မြတ်မြို့တော်သည် ဟာလာဟင်းလင်း ဖြစ်သွားသည်။

“ အရသာက ဆိုးလိုက်တာ… တကယ် စားမကောင်းတာပဲ… ဆိုးလိုက်တာ ”

နတ်ဘုရားလက်ချောင်းသည် မကျေမနပ် အော်ဟစ်လိုက်သည်။ ၎င်း၏ အသံသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားပြီး ကောင်းကင်ကို လှုပ်ခါသွားစေသည်။

ရင်ပြင်ပေါ်မှာ ထိုင်နေသော သွမ့်မူကျန်းသည် ကောင်းကင်ပေါ်မှ ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏ မျက်စိဖြင့် မြင်တွေ့နေရသော အရာကို သူမယုံကြည်နိုင်ပေ။

“ အပြင်ဘက်က လူသားတွေက အဲ့လောက်အစွမ်းထက်တာလား ”

သွမ့်မူကျန်းသည် ထိုနားလည်မှုက မှားယွင်းနေကြောင်း သိထားသည့်တိုင် ထိုသို့မတွေးမိဘဲ မနေနိုင်ပေ။

ကံကောင်းစွာဖြင့် နတ်ဘုရားလက်ချောင်းမှာ စဉ်းစားဆင်ခြင်နိုင်စွမ်းတချို့ ရှိသေးသဖြင့် ၎င်းက သူ့ကို မဝါးမျိုခဲ့ပေ။

၎င်းသည် ဟိန်းဟောက်လိုက်ပြီးနောက် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိသွားသဖြင့် ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။ ၎င်းက ပါးစပ်ကို ကျယ်လောင်စွာ ဟထားလေရာ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလားပင်။

မကြာမီ တည်နေရာပြောင်းရွှေ့အားလှိုင်းများက ပျံ့နှံ့ထွက်လာပြီး ပုံရိပ်တစ်ခုက နတ်ဘုရားလက်ချောင်း၏ ပါးစပ်အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသူသည် တည်နေရာပြောင်းရွှေ့အဆောင်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဘုရင်မှလွဲ၍ တခြားမဟုတ်ချေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ဆိုးဝါးသော အခြေအနေဖြင့် ပြန်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းအများစုသည် ပျောက်ဆုံးနေပြီး ကြေးမုံသည်လည်း အစိတ်စိတ်အမွှာမွှာ အက်ကွဲနေသည်။ အက်ကွဲရာများဖြင့် ပြည့်နှက်နေသော ကြေးမုံပေါ်မှာ စိတ်ပျက်အားလျော့သော မျက်နှာတစ်ခု ထွက်ပေါ်နေသည်။

သူသည် အမှန်တကယ် တည်နေရာပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူပြန်ပေါ်လာသော နေရာသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အောက်ခြေမှာဖြစ်ပြီး လွတ်မြောက်ရန် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။ သူက မီးတောက်ပင်လယ်ထဲမှ အမြန်ထွက်ပြေးချင်သော်လည်း အစွမ်းကြီးမားသော သန္ဓေပြောင်းသားရဲများနှင့် တွေ့ဆုံခဲ့သည်။

သူသည် အကူအညီမဲ့မှုကို ခံစားသွားမိသည်။ ယင်းက ကံကြမ္မာဆိုး၏ သက်ရောက်မှုကြောင့်ဖြစ်ကြောင်း သူသိထားသည့်တိုင် အသက်ရှင်ရန်အတွက် နောက်တစ်ကြိမ် တည်နေရာပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။

ဒုတိယအကြိမ် တည်နေရာပြောင်းရွှေ့နေစဉ်အတွင်း သူက ဤနေရာမှာ ပြန်ပေါ်လာသည်။

သူက စိတ်ပျက်အားငယ်နေစဉ် လူ့ဘီလူးကြီးသည် သူ့ကို တိုက်ရိုက် ကိုက်စားပစ်လိုက်သည်။ အသက်တစ်ခါရှူချိန်အတွင်း သူက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလို နတ်ဘုရားလက်ချောင်းသည် ခါးကိုင်းလိုက်ရပြီး ထပ်မံအော့အန်လိုက်ရသည်။ သူက ကြီးစွာသော ခံပြင်းဒေါသထွက်ခြင်းကို ခံစားမိသည်။

ထို့နောက် ၎င်းက ဟာလာဟင်းလင်းဖြစ်နေသော မြို့ဆီသို့ ဆင်းသက်သွားသည်။ မြေပြင်ပေါ်သို့ ၎င်းခြေချလိုက်သည့်အခါ ပေ(၃၀၀)ကျော်ရှည်လျားသော ၎င်း၏ ဧရာမခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး နောက်ဆုံးမှာတော့ ပုံမှန်လူတစ်ယောက်၏ အရွယ်အစားသို့ ပြန်ရောက်ရှိသွားသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်တောက်ပမှုသည် ပျောက်ကွယ်သွားပြီး ၎င်း၏ မျက်လုံးထဲမှ ရွှေရောင်အလင်းသည် တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ တည်ငြိမ်သော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသောအခါ သူက ရင်ပြင်ဆီသို့ လျှောက်သွားသည်။

သူ၏ အသိစိတ်ထဲတွင် နတ်ဘုရားလက်ချောင်းသည် သိပ်သည်းသော ကျိန်စာအရှိန်အဝါကို ထုတ်လွှတ်နေလျက် မကျေမနပ် အော်ပြောသည်။

“ လဝတ်ပြုဒေသကြီးထဲမှာ အစားအစာအားလုံးကို အမှတ်အသားပြုလုပ်ထားတယ်… မင်းက သူတို့ကို သတ်လိုက်တာပဲဖြစ်ဖြစ် စားလိုက်တာပဲဖြစ်ဖြစ် ကမ္မလိုမျိုး နီလာနတ်သမီးရဲ့ ကျိန်စာသင့်လိမ့်မယ် ”

“ ငါမစားချင်ပါဘူးလို့ မင်းကို ပြောခဲ့သားပဲ ”

All Chapters