← Chapters

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(ဂ)

Vol. 57 Ch. 886

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(ဂ)

Vol. 57 Ch. 886

“ အခုတော့ သွားပြီ… နီလာနတ်သမီး နိုးလာတာနဲ့ ငါတို့က ပထမဆုံး အစားခံရလိမ့်မယ် ”

“ ငါအိပ်ချင်တယ်… ငါအိပ်ချင်တယ်… နောက်တစ်ခါ မင်းမှာ ဘာကိစ္စပဲရှိရှိ ငါလုံးဝနိုးမလာတော့ဘူး ”

ရွှီချင်းသည် စိတ်ဆိုးသွားသော နတ်ဘုရားလက်ချောင်းကို ချော့မြူလိုက်သည်။ နတ်ဘုရားလက်ချောင်းသည် ရွှီချင်း၏ စကားကို အရေးမစိုက်ဘဲ (ဃ၁၃၂)ထဲသို့ တန်းမတ်စွာ ဦးတည်သွားပြီး မြန်ဆန်စွာ အိပ်မောကျသွားသည်။

ဤသည်ကို မြင်သောအခါ ရွှီချင်းသည် ရင်ပြင်ဆီသို့ လျှောက်သွားပြီး သွမ့်မူကျန်းကို ကြည့်လိုက်သည်။

သွမ့်မူကျန်းသည် အလိုအလျောက် ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားသော်လည်း သူ့ကိုယ်သူ အမြန်ပြန်ထိန်းသိမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

“ မင်း… မင်း ရွှီချင်းဟုတ်ပါတယ်နော် ”

ရွှီချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ကျရောက်သွားသည်။

အခြေခံအားဖြင့် ဤမြင့်မြတ်မြို့တော်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။ အသက်ရှင်ကျန်ရစ်သူ တချို့တလေ ကျန်ရှိနေနိုင်သေးသော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်ကြောင့် သူတို့သည် အချိန်ကြာကြာ အသက်မရှင်နိုင်ကြပေ။

သွမ့်မူကျန်းသည် မိန်းမောတွေဝေနေသည်။ အတိတ်တွင် သူသည် မျိုးနွယ်စုနှစ်စု၏ မြင့်မြတ်မြို့တော်ကို ဖျက်ဆီးပစ်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ထိုသို့သူမလုပ်နိုင်ခဲ့ပေ။

ယခု မြင့်မြတ်မြို့တော်၏ ပျက်စီးမှုကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ ယင်းက အစစ်အမှန်မဟုတ်သည့်ပမာ ခံစားသွားမိသည်။

အချိန်အတော်ကြာပြီးနောက် သွမ့်မူကျန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးက ဝင်းလက်လာသည်။

မည်သို့ဖြစ်ပါစေ သူသည် ပိုးစုန်းကြူးမြို့၏ ခေါင်းဆောင်ဖြစ်ပြီး သူ့ဘဝတစ်လျှောက်တွင် မမျှော်လင့်ထားသော ကိစ္စအများအပြားကို တွေ့ကြုံဖူးသူ ဖြစ်သည်။ ယခုအချိန်မှာ အရေးကြီးဆုံးအရာသည် နောက်ဆက်တွဲကိစ္စကို မည်သို့ဖြေရှင်းသင့်ကြောင်း ဖြစ်၏။

“ ရွှီချင်း… ငါတို့ ဒီမြို့ကို လိုအပ်တယ်… မင်း ငါ့ကိုကူညီပြီး ဒီမြို့ကို ရှင်းလင်းပေးနိုင်မလား ”

“ ပြီးသွားရင်… ငါ့လူတွေကို သွားပြန်ခေါ်မယ် ”

သွမ့်မူကျန်းသည် ရွှီချင်းကို ကြည့်လိုက်သည်။

“ ရတာပေါ့ ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ့ကို တည်နေရာပြောပြလိုက်သည်။ သူက အခြေအနေကို တွေးတောပြီး မေးသည်။

“ အနီရောင်လဗိမာန်… ”

သွမ့်မူကျန်းသည် မတ်တတ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် ဖြတ်ပြေးသွားသည်။ ဤအခိုက်အတန့်မှာ သူက သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို လုံးလုံးလျားလျား ဖိနှိပ်နိုင်သွားပြီး နောက်ဆက်တွဲအခြေအနေများကို စတင်သုံးသပ်လိုက်သည်။

ရွှီချင်း၏ စကားကို ကြားသည့်အခါ သူက ခေါင်းခါလိုက်သည်။

“ အနီရောင်လဗိမာန်က အဆင့်အတန်းမြင့်မားပြီး အစွမ်းကြီးမားတယ်… သူတို့က မျိုးနွယ်စုနှစ်စုရဲ့ သေဆုံးမှုကို ဂရုစိုက်မှာ မဟုတ်ဘူး… သူတို့ဂရုစိုက်တာက ဆက်ကြေးပဲ… ဒါကြောင့် ဆက်ကြေးပေးဆောင်ဖို့ ငါတို့တွေ အမြန်ဆုံး ပြင်ဆင်ရလိမ့်မယ် ”

“ မျိုးနွယ်စုနှစ်စုရဲ့ လက်ရွေးစင်တွေပဲ မြင့်မြတ်မြို့တော်မှာ နေထိုင်ဖို့ အရည်အချင်း ပြည့်မီကြတယ်… အပြင်ဘက်မှာ သူတို့မျိုးနွယ်ဝင်တွေ အရေအတွက် ငါးသိန်းကျော်လောက် ကျန်ရှိနေသေးတယ် ”

“ အဲ့ဒီကိစ္စကို ငါ့တာဝန်ထားလိုက်ပါ… သူတို့က ဒီကကိစ္စတွေကို မသိကြသေးဘူး… အဲ့ဒါကို ငါကိုင်တွယ်လိုက်ပါ့မယ်… သူတို့တွေက ငါတို့အတွက် ဆက်ကြေးဖြစ်လာလိမ့်မယ် ”

သွမ့်မူကျန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံကို အာရုံခံလိုက်သည်။ ရွှီချင်းသည်လည်း ကုသရေးဆေးလုံးများကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ကမ်းပေးလိုက်သည်။

ဆေးလုံးကို လက်ခံယူပြီးသောအခါ သွမ့်မူကျန်းသည် ပြုံးလိုက်ပြီး ဘေးဘီသို့ စစ်ဆေးကြည့်လိုက်သည်။

“ ငါတို့မှာ အချိန်ပိုမရှိဘူး ”

“ ရွှီချင်း… ဒီနေရာကို ငါမင်းဆီ လွှဲခဲ့မယ် ”

ထိုသို့ပြောပြီးနောက် သွမ့်မူကျန်းသည် ဆေးလုံးကို ဝါးမျိုလိုက်ပြီး ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သွမ့်မူကျန်း၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီးနောက် ရွှီချင်းသည် ရင်ပြင်ပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ သူက ထိုနေရာမှာ အချိန်အတော်ကြာ နှုတ်ဆိတ်နေသည်။

သွမ့်မူကျန်းက ဤကိစ္စအား မည်သို့ဖြေရှင်းမည်ကို သူအာရုံစိုက်ရန် မလိုအပ်ပေ။ ဤကဲ့သို့ ပရမ်းပတာပတ်ဝန်းကျင်မျိုးတွင် လူသားမျိုးနွယ်အတွက် မြို့တစ်မြို့ကို တည်ဆောက်နိုင်ခဲ့ပြီး ဤအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သော သွမ့်မူကျန်းထံမှာ ထူးခြားမှုတစ်စုံတစ်ရာ သေချာပေါက်ရှိရလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ဟာလာဟင်းလင်းဖြစ်နေသော မြို့ကို ကြည့်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

သူက အရှေ့သို့ လျှောက်သွားသည်နှင့် ဤနေရာတွင် ကျန်ရှိနေဆဲဖြစ်သော တားမြစ်အဆိပ်လှိုင်းများသည် အရပ်မျက်နှာအသီးသီးမှ စုဝေးရောက်ရှိလာကြပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။ ဤနေရာ၌ စိမ့်ဝင်ပျံ့နှံ့နေသော ဒြပ်နှောများသည်လည်း ထို့အတူပင်။

လမ်းတစ်လျှောက်တွင် သူသည် ကံကောင်းထောက်မ၍ နတ်ဘုရားလက်ချောင်း၏ ဝါးမျိုမခံလိုက်ရသော မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်တချို့ကို မြင်သွားသည်။ သို့သော်လည်း သူတို့သည် အဆိပ်၏ အကျိုးသက်ရောက်မှုအောက်မှာ ရုန်းကန်နေကြရသည်။

ထိုသူများကိုတွေ့သည့်အခါ ရွှီချင်းက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးမီ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အလျင်စလို ပျံသန်းထွက်လာပြီး သူတို့အားလုံးကို သတ်ပစ်လိုက်လေသည်။

ထိုသို့ဖြင့် နှစ်ရက်ကြာပြီးသောအခါ ကဒ်ဘေးဆိုးကို တွေ့ကြုံခဲ့ရသော ဤမြို့သည် တားမြစ်အဆိပ်နှင့် ဒြပ်နှောများထံမှ လုံးဝကင်းလွတ်သွားသည်။ မြို့သည် ဟာလာဟင်းလင်းဖြစ်နေသော်လည်း နန်းတော်တစ်ခုပေါ်မှာ ထိုင်နေသော ရွှီချင်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

အချိန်အတော်ကြာ မခံစားခဲ့ရသော ငြိမ်းချမ်းမှုကို ယခုအချိန်မှာ သူခံစားမိသွားသည်။

သူ၏ ကျင့်ကြံခြင်းသည်လည်း အတော်လေး တိုးမြှင့်သွားသည်။ နတ်ဘုရားလက်ချောင်းသည် အရာအားလုံးကို ဝါးမျိုပစ်ခဲ့ပြီး ရွှီချင်းသည် ထိုအတွက် အများကြီး မရရှိခဲ့သော်လည်း ယခင်က သူ၏ လုပ်ကြံသတ်ဖြတ်မှုနှင့် စုပ်ယူမှုကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်နတ်သူငယ်အားလုံးသည် မသိလိုက်မသိဘာသာ အစွမ်းတိုးမြှင့်သွားကြသည်။ ယခု ၎င်းတို့အားလုံးသည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ဆွဲဆောင်ရန် သိပ်မလိုတော့ပေ။

“ သိပ်မလိုတော့ဘူး ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်သည် မည်းမှောင်နေပြီး အလင်းရောင်ပေးမည့် လမရှိပေ။

အမှောင်ထုက ကြီးစိုးနေသော ဤလောကထဲတွင် ရွှီချင်းသည် ထိုနေရာမှာ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူက အသားပုံဖြစ်သွားသော လူသားမျိုးနွယ်ဝင်များနှင့် ဖန်ယန်ကို စဉ်းစားမိသွားသည်။

အချိန်အတော်ကြာပြီးနောက် သူက ခရမ်းရောင်ပုလွေတစ်ချောင်းကို ထုတ်လိုက်ပြီး သူ၏ ပါးစပ်အရှေ့တွင် တေ့ထားလိုက်ကာ နတ်မိမယ်ကျစ်ရွှမ်း သူ့အား သင်ကြားပေးခဲ့သော တေးသွားကို တီးမှုတ်လိုက်သည်။

သိမ်မွေ့သော ပုလွေသံသည် ဟာလာဟင်းလင်းဖြစ်နေသော မြို့ထဲသို့ ငြိမ့်ညောင်းသာယာစွာ ပဲ့တင်ထပ်သွားသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

ဆယ်ရက်ကြာပြီးနောက် လူသားများသည် ရောက်ရှိလာကြသည်။

လူပေါင်းတစ်သိန်းကျော်က ရွှီချင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည့်အခိုက် အဖြူရောင် အလင်းတန်းတစ်ခုသည် အဝေးမှ ပြေးလွှားလာနေသည်။ ယင်းက အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ဖြစ်ပြီး ရွှီချင်းဆီသို့ ဦးတည်လာနေခြင်း ဖြစ်သည်။

ယင်းက ချက်ချင်း ချဉ်းကပ်လာနေသည်။

“ အကိုရွှီချင်း ”

လင်းအာသည် အဝေးမှ ပြေးလာပြီး ရွှီချင်းကို ဖက်လိုက်သည်။

ရွှီချင်းသည် လင်းအာ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ အပြုံးတစ်ခုသည် သူ၏ အမူအရာကင်းမဲ့သော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လင်းအာနှင့်အတူ ပြန်ရောက်လာသော အရိပ်လေး၊ ကျောက်တုံးခြင်္သေ့နှင့် ခေါင်ကြီးကိုလည်း မြင်သွားသည်။

ခေါင်းကြီးက မည်သည့်စကားမှ မပြောနိုင်ခင် ရွှီချင်းက လက်ဝှေ့ယမ်းလိုက်ပြီး သူတို့ကို (ဃ၁၃၂)ထဲသို့ ပြန်ထည့်သွင်းလိုက်သည်။

အရိပ်လေးသည်တော့ ရိုသေကျိုးနွံ့စွာ ရွှီချင်း၏ ခြေထောက်အောက်သို့ ဝင်ရောက်သွားသည်။

“ သွားပြီး သူတို့ကို ကြိုဆိုရအောင် ”

ရွှီချင်းသည် နူးညံ့စွာ ပြောပြီး လူအုပ်ကြီးဆီသို့ လျှောက်သွားသည်။

နောက်ရက်များတွင် အရာအားလုံးကို အစီအစဉ်တကျ ဆက်လက်လုပ်ဆောင်သွားသည်။

လူပေါင်းတစ်သိန်းကျော်၏ ရောက်ရှိလာမှုသည် ဟာလာဟင်းလင်းဖြစ်နေသော ဤမြို့ကို တဖန်ပြန်အသက်ဝင်လာစေသည်။ ဝမ်းနည်းပူဆွေးမှုသည် ဆက်ရှိနေဆဲဖြစ်သော်လည်း အနာဂတ်မျှော်လင့်ချက်သည် မျိုးစေ့အဖြစ် ပြောင်းလဲသွားကာ သူတို့၏ နှလုံးသားထဲမှာ ရှင်သန်ကြီးထွားလာသည်။

ပျက်စီးထိခိုက်သွားသော အဆောက်အဦးများစွာသည် ရှင်းထုတ်ခံလိုက်ရပြီး အသစ်ပြန်လည်ဆောက်လုပ်ခဲ့ကြသည်။ ပြိုလဲပျက်စီးသွားသော မြို့နံရံများကိုလည်း ပြန်လည်ပြုပြင်ခဲ့ကြသည်။

တဖြည်းဖြည်း ရယ်မောသံများသည် မြို့တော်ကို တဖန်လွှမ်းခြုံလာသည်။

သွမ့်မူကျန်းသည်လည်း တစ်လကြာပြီးနောက် ပြန်ရောက်လာသည်။

သူက မည်သည့်နည်းလမ်းကို အသုံးပြုခဲ့ကြောင်း မသိရသော်လည်း သူ၏ အနောက်တွင် ဧရာမလှောင်ချိုင့်ကြီးများ တစ်ထောင်နီးပါး ရှိသည်။ ထိုလှောင်ချိုင့်များထဲတွင် မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်သည် အလွန်ကျယ်ပြောသောကြောင့် လှောင်ချိုင့်များစွာရှိခြင်း ဖြစ်သည်။ သို့သော်လည်း အလုံးစုံခြုံငုံကြည့်လျှင် ဆက်ကြေးပေးရမည့်အရေအတွက်သည် ငါးသိန်းကျော်သည်။

သူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့မှုဖြင့် ပြည့်နှက်နေသည်။ သူတို့၏ အသက်မဲ့နေသော အကြည်သည် အတိတ်တွင် လူသားမျိုးနွယ်ဝင်များက အစားအစာအဖြစ် ဆက်ဆံခံရစဉ်ကနှင့် အတူတူ ဖြစ်သည်။

ရွှီချင်းသည် မျိုးနွယ်စုနှစ်စုအပေါ် နည်းနည်းလေးမှ သနားကြင်နာခြင်းမရှိပေ။

ထိုသို့ဖြင့် သူတို့သည် မြို့၏ အပြင်ဘက်မှာ နေရာချထားခံရပြီး သူတို့အပေါ် ကျရောက်လာမည့် ကံကြမ္မာကို စောင့်ဆိုင်းနေကြရသည်။

All Chapters