← Chapters

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(ဃ)

Vol. 57 Ch. 887

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(ဃ)

Vol. 57 Ch. 887

သွမ့်မူကျန်း၏ ပြန်ရောက်လာမှုသည် မြို့၏ ပြန်လည်နာလန်ထူမှုကို ပိုပြီးအရှိန်မြှင့်သွားစေသည်။ တဖြည်းဖြည်း စည်းချအစီအရင်သည် ပြန်လည်ပြုပြင်လာပြီး အခြေခံအားဖြင့် အသက်ဝင်လာသည်။

အကာအကွယ်အလွှာက သူတို့အား လွှမ်းခြုံသွားသည်နှင့် အော်ဟစ်ချီးမြှောက်သံများသည် လူပေါင်းတစ်သိန်းကျော်ထံမှ ထွက်ပေါ်လာကြသည်။ လင်းအာသည်လည်း ထပ်တူစိတ်လှုပ်ရှားမိသည်။

တခြားမျိုးနွယ်စုများ၏ အမြင်တွင် အစာအဖြစ် သတ်မှတ်ခံထားရပြီး စွန့်ပစ်မိုင်းတွင်းထဲမှာသာ နေထိုင်ရသော လူသားများအတွက် ဤကဲ့သို့ ဘေးကင်းလုံခြုံမှုကို မခံစားရသည်မှာ နှစ်အတော်ကြာသွားပြီ ဖြစ်သည်။

ရွှီချင်းသည် မြို့၏ နံရံပေါ်တွင် ထိုင်နေလျက် ထိုအရာအားလုံးကို ကြည့်နေစဉ် သူ၏ နှလုံးသားထဲမှ ကောင်းချီးမင်္ဂလာကို ခံစားမိသွားသည်။ ထို့နောက် သူက အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။

သူထွက်သွားရမည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။

“ သူတို့အတွက် ကျိန်စာကို ဖြေလွှတ်ပေးနိုင်မယ့်နည်းလမ်း ငါ့မှာ မရှိသေးတာ စိတ်မကောင်းစရာပဲ ”

ရွှီချင်းသည် သူ၏ စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။

သွမ့်မူကျန်း၏ ဝေဝါးသော ပုံရိပ်သည် ထိုနေရာမှာ ထွက်ပေါ်လာသည်။ သူ၏ ပုံရိပ်က ကြည်လင်လာသည့်အခါ သူက သေရည်ပုလင်းတစ်လုံးကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်ပြီး ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက လူအုပ်ကြီးဆီသို့ သနားကြင်နာသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

“ ရွှီချင်း… ကျေးဇူးတင်ပါတယ် ”

အချိန်အတော်ကြာပြီးနောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး သေရည်ကို သောက်လိုက်သည်။

“ မဟုတ်တာပဲ… ဒါက ငါလုပ်ရမယ့်အရာပါ ”

သွမ့်မူကျန်းသည် လေးနက်သော အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ သူက ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်လက်မပြောတော့သလို အတိတ်တွင် သူမြင်ခဲ့သည့်အရာများနှင့်ပတ်သက်ပြီး မမေးမြန်းပေ။ သူက ထိုအရာအားလုံးကို အလိုအလျောက် မေ့ပစ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် လူတိုင်းထံတွင် ကိုယ်စီလျှို့ဝှက်ချက်များရှိသည်ကို သူနားလည်သောကြောင့် ဖြစ်သည်။ တချို့အရာများသည် မစူးစမ်းသင့်သလို မမေးမြန်းသင့်ပေ။

“ ဒါနဲ့ တံခါးဖြတ်ကူးသူတွေအကြောင်းကို ငါရှာတွေ့ထားတယ်… သူတို့ရဲ့ ခြေရာလက်ရာအများစုက အရှေ့ပိုင်းဒေသရဲ့ အလယ်ဗဟိုမှာ စုဝေးနေကြတယ်… အဲ့ဒီနေရာက မျိုးနွယ်စုအသီးသီးက ဆက်ကြေးပေးလာဖို့ အနီရောင်လဗိမာန်က စောင့်ဆိုင်းနေတဲ့နေရာပဲ ”

“ ဘာပဲပြောပြော အခုရာသီက တံခါးဖြတ်ကူးသူတွေအတွက် စီးပွားရေးလုပ်ဖို့ အကောင်းဆုံးအချိန်အခါပဲ ”

သွမ့်မူကျန်းသည် သေရည်တစ်ငုံသောက်လိုက်ပြီး ပြောသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ယခင်က သူသည် တာဝေးတည်နေရာပြောင်းရွှေ့အစီအရင်နှင့်ပတ်သက်ပြီး သွမ့်မူကျန်းကို မေးမြန်းခဲ့သည်။ သူသည် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းဆီသို့ သွားရောက်ချင်သည်။ ထိုတောင်ကုန်းသည် လဝတ်ပြုဒေသကြီး၏ တောင်ပိုင်းဒေသမှာ တည်ရှိသည်။

ယင်းက သူ၏ လက်ရှိတည်နေရာဖြင့် အလွန်အမင်း ဝေးကွာသည်။

ရွှီချင်းသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်သို့ ရောက်ရှိလာပြီးနောက် ဖုန်းဟိုင်ဒေသငယ်မှာကဲ့သို့ တည်နေရာပြောင်းရွှေ့အစီအရင်ကို တစ်ခုတစ်လေပင် မမြင်တွေ့ခဲ့ပေ။

ဤမြင့်မြတ်မြို့တော်မှာပင် မရှိပေ။ တည်နေရာပြောင်းရွှေ့အဆောင်များနှင့် ထိုသို့တူညီသော ရတနာများသာလျှင် ရှိသည်။ သို့သော်လည်း အများစုသည် ကြုံရာကျပန်း တည်နေရာပြောင်းရွှေ့ခြင်းသာ ဖြစ်သည်။

သို့ဖြစ်၍ သူက သွမ့်မူကျန်းကို ထိုအကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ ထိုသို့တည်နေရာပြောင်းရွှေ့အစီအရင်ကို လဝတ်ပြုဒေသကြီးထဲ၌ မျိုးနွယ်စုကြီးများသာလျှင် ထိန်းချုပ်နိုင်ကြသည်ဟု တစ်ဖက်လူက ပြောပြသည်။

ယေဘုယျအားဖြင့်ဆိုရလျှင် အကယ်၍ တစ်စုံတစ်ယောက်က ဤဒေသကြီးထဲမှာ တည်နေရာပြောင်းရွှေ့ချင်လျှင် တံခါးဖြတ်ကူးသူများ၏ အကူအညီကို ယူရလိမ့်မည်။

တံခါးဖြတ်ကူးသူများသည် ထူးခြားသော မျိုးနွယ်စုတစ်စု ဖြစ်သည်။ သူတို့သည် တံခါးတစ်ချပ်ဖြင့်အတူ မွေးဖွားလာကြသည်။ ထိုမျိုးနွယ်စုတွင် အတည်တကျ နေထိုင်သော နေရာတစ်နေရာ မရှိပေ။

မျိုးနွယ်ဝင်တစ်ယောက်စီသည် အရွယ်ရောက်လာသည့်အခါ ကျယ်ပြောသော ဒေသကြီးထဲ၌ လှည့်လည်ခရီးသွားလာရန် မျိုးနွယ်ထံမှ စွန့်ခွာသွားကြလေ့ ရှိသည်။

ထိုမျိုးနွယ်၏ မွေးရာပါစွမ်းရည်သည် တည်နေရာကို သူတို့၏ တံခါးပေါ်သို့ တံဆိပ်ရိုက်နှိပ်ပြီးနောက် ထိုနေရာသို့ တည်နေရာပြောင်းရွေ့ရန် သူတို့အား အသုံးပြုနိုင်သည်။

သူတို့၏ ကျင့်ကြံခြင်းအစွမ်းပေါ်မူတည်၍ တည်နေရာပြောင်းရွှေ့ပေးနိုင်သော အကွာအဝေးသည် ခြားနားသွားသည်။

ဤသည်မှာ ထိုမျိုးနွယ်၏ ဘဝနေထိုင်မှုဖြစ်သည်။ အနီရောင်လဗိမာန်က ဆက်ကြေးများကို လိုက်လံသိမ်းဆည်းသည့်အခါတိုင်း တည်နေရာပြောင်းရွှေ့အစီအရင်မရှိသော မျိုးနွယ်စုများသည် တံခါးဖြတ်ကူးသူများ၏ ဖောက်သည်များဖြစ်လာကြသည်။

“ ဒီတော့ မင်း ငါနဲ့အတူ အရှေ့ပိုင်းဒေသဆီ သွားနိုင်တယ်… ငါလည်းပဲ ဘုရားကျောင်းဆီ ဆက်ကြေးပေးဖို့အတွက် မကြာခင် ဒီကနေ ထွက်ခွာတော့မှာ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

အကယ်၍ ဤနေရာမှ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းဆီသို့ အမြန်သွားနိုင်မည့် တည်နေရာပြောင်းရွှေ့အစီအရင်မရှိလျှင် သူ့အတွက် အချိန်အများကြီး အလဟဿဖြစ်လိမ့်မည်။ ထို့ပြင် ထိုအချိန်အတောအတွင်း မမျှော်လင့်ထားသော အပြောင်းအလဲတချို့ ဖြစ်ပေါ်လာနိုင်လောက်၏။ အရေးကြီးဆုံးမှာ စီနီယာအကိုကြီးနှင့် သူချိန်းဆိုထားသော အချိန်သည် ကျော်လွန်သွားပြီ ဖြစ်သည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်နိုင်ကြပေ။ သို့ဖြစ်၍ တစ်ခဏတွေးတောပြီးနောက် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလကို အာရုံခံလိုက်သည်။ ယခင်တစ်ခေါက်က ဘုရားကျောင်းကို သူမြင်လိုက်စဉ် တစ်ဖက်လူသည် သူ့အား အာရုံမခံမိခဲ့ကြောင်း ပြန်အမှတ်ရသွားသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။

ထိုသို့ဖြင့် သုံးရက်ကြာပြီးနောက် နံနက်ခင်းအချိန်တွင် ရွှီချင်းသည် လင်းအာကို ခေါ်ဆောင်လျက် သွမ့်မူကျန်း၏ ခရီးသွားယာဉ်တန်းဖြင့်အတူ မြို့တော်မှ ထွက်ခွာသွားသည်။

မြို့တော်မှ သူတို့ထွက်ခွာသွားသည့်အခိုက် မြို့ထဲမှ လူပေါင်းတစ်သိန်းကျော်သည် တစ်ညီတစ်ညာတည်း ထွက်လျှောက်လာကြပြီး ရွှီချင်း၏ ဦးတည်ရာဆီသို့ ဒူးထောက်ချလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲမှာ ကောင်းချီးပေးမှုဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ရွှီချင်း၏ ခရီးစဉ် ဘေးကင်းလုံခြုံရေးအတွက် ဆုတောင်းပေးကြသည်။

ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး အနောက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး ပြန်လည်အရိုအသေပေးလိုက်သည်။

ကောင်းကင်သည် မည်းမှောင်နေပြီး တစ်ခါတစ်ရံ ထွက်ပေါ်လာသော သဲမုန်တိုင်းသည် လူတိုင်း၏ အမြင်အာရုံကို ဖုံးကွယ်နေသည်။ သို့သော်လည်း ယင်းက ဤမြို့ထဲမှာ မြင့်တတ်လာနေသော မျှော်လင့်ချက်အလင်းရောင်ကိုတော့ မဖုံးကွယ်နိုင်ပေ။

ရွှီချင်းသည် အရှေ့သို့ ပြန်လှည့်လိုက်ပြီး ခရီးသွားယာဉ်တန်းဖြင့် ထွက်ခွာသွားသည်။

လေပြင်းတိုက်ခတ်မှုအောက်မှာ သွမ့်မူကျန်း၏ အက်ရှရှအသံသည် ထွက်ပေါ်လာသည်။

“ ရွှီချင်း… လဝတ်ပြုဒေသကြီးမှာ ဒဏ္ဍာရီတစ်ခု ရှိတယ်… ဒဏ္ဍာရီအရ ကျိန်စာရဲ့တည်ရှိမှုကြောင့် သေဆုံးသွားကြတဲ့ သက်ရှိအားလုံးရဲ့ ဝိညာဉ်တွေက သံသရာစက်ဝန်းဆီ မဝင်ရောက်နိုင်ကြဘူး… အဲ့ဒီအစား အနီရောင်လဗိမာန်ဆီ ပြန်ရောက်သွားကြတယ် ”

“ နီလာနတ်သမီးက ဆင်းသက်လာပြီး ယဇ်ကောင်တွေကို စားသုံးပြီးတဲ့အခါ အဲ့ဒီဝိညာဉ်တွေက နောက်တဖန် ပြန်လည်မွေးဖွားလာဖို့ မျိုးစေ့အဖြစ် အသုံးပြုခံရလိမ့်မယ် ”

“ အဲ့ဒါကြောင့် အနီရောင်လဗိမာန်ကို စိတ်ဝိညာဉ်ခြံဝန်းလို့ ခေါ်ဆိုကြတာပဲ… ဒီဒေသကြီးမှာ နေထိုင်ကြတဲ့ သက်ရှိတိုင်းက မျိုးဆက်အစဉ်အဆက် ဒီနာကျင်မှုဒဏ်ကို ခံစားကြရလိမ့်မယ်… လဝတ်ပြုဒေသကြီးကနေ လွတ်မြောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ”

“ ဒီတော့… ဖန်ယန်က သေသွားပေမဲ့ သူ့ရဲ့ဝိညာဉ်က ဘုရားကျောင်းမှာ ရှိနေနိုင်လောက်တယ် ”

All Chapters