← Chapters

ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(က)

Vol. 57 Ch. 892

ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(က)

Vol. 57 Ch. 892

သုံးရက်ကြာပြီးနောက် ဆက်ကြေးပေးဆောင်ရမည့်နေ့က အဆုံးသတ်လာသောအခါ ကောင်းကင်ပေါ်မှ အနီရောင်လဗိမာန်သည် အနီရောင်အလင်းကို ထုတ်လွှတ်လာပြီး အဝေးသို့ ပျံသန်းသွားသည်။

ဒါဇင်ပေါင်းများစွာရှိသော အရွယ်အစားစုံလင်သည့် ဥက္ကာပျံများသည် ဧရာမနှလုံး၏ ဘေးပတ်ဝန်းကျင်မှာ ရွေ့လျားနေကြသည်။

မျိုးနွယ်စုများသည် ချိုင့်ဝှမ်းထဲမှ မထွက်သွားကြသေးပေ။ သူတို့အားလုံးသည် တစ်ညီတစ်ညာတည်း မျက်နှာဖုံးတပ်ထားကြသည်။ သူတို့သည် မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်လိုက်ကြပြီး အနီရောင်လဗိမာန်ကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။

အနီရောင်လဗိမာန်၏ ထွက်ခွာမှုသည် သူတို့ကို စိတ်သက်သာရာရစေသည်။ ဧရာမနှလုံးက အဝေးသို့ ရောက်သွားသည့်အခါ သူတို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ အနည်းဆုံးတော့ သူတို့သည် နောက်ငါးနှစ်အထိ ဆက်ကြေးပေးရမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။

သို့သော်လည်း တစ်ချိန်တည်းမှာ သူတို့သည် ပြင်းထန်သော ဖိအားကို ခံစားမိသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် အချိန်ကာလအရ အနီရောင်လရောက်ရှိလာတော့မည့် အချိန်သည် နီးကပ်လာနေပြီ ဖြစ်၏။

ယေဘုယျအားဖြင့် လဝတ်ပြုဒေသကြီးဆီသို့ အနီရောင်လရောက်ရှိလာသည့် အချိန်သည် ကိန်းသေမဟုတ်ပေ။ သို့သော်လည်း ဝိသေသလက္ခဏာတစ်ရပ်သည် သူတို့အား အကြမ်းဖျဉ်းခန့်မှန်းနိုင်စေရန် ခွင့်ပြုပေး၏။

ဤသည်မှာ ဘုရားကျောင်းက ဆက်ကြေးလိုက်လံသိမ်းဆည်းသော အကြိမ်အရေအတွက် ဖြစ်သည်။

ဘုရားကျောင်းက သုံးနှစ်ခြားတစ်ခါ သို့မဟုတ် ငါးနှစ်ခြားတစ်ခါရောက်ရှိလာလျှင် ယင်းက အနီရောင်လသည် အချိန်မရွေး ရောက်ရှိလာနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

သို့ဖြစ်၍ ဤတစ်ကြိမ်ဘဝစက်ဝန်းက အဆုံးသတ်ခါနီးသည့်အခါ မိစ္ဆာဆန်သော လုပ်ရက်အားလုံးသည် ပိုပြီးများပြားစွာ ထွက်ပေါ်လာလိမ့်မည်။ အဆုံးသတ်မှာ လဝတ်ပြုဒေသကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်လာပြီး မျိုးနွယ်စုအားလုံးသည် စစ်ပွဲဆင်နွှဲရလိမ့်မည်။

အနီရောင်လ ရောက်လာခါနီးတိုင်း ထိုသို့ဖြစ်လေ့ရှိသည်။ ဤတစ်ကြိမ်တွင်လည်း ချွင်းချက်မဟုတ်ပေ။

“ အရှင်လတ်လတ်ငရဲကျတဲ့ ဖြစ်ရပ်က မကြာခင် လဝတ်ပြုဒေသကြီးမှာ ဖြစ်ပေါ်လာတော့မယ် ”

ဧရာမနှလုံးပေါ်၌ ဝတ်စုံနီအမျိုးသမီးသည် ဘုရားကျောင်း၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေလျက် မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းသည် ဝတ်စုံနီအမျိုးသမီး၏ ဘေးမှာ မတ်တတ်ရပ်နေပြီး အဝေးမှ ချိုင့်ဝှမ်းကို လှမ်းကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ ခြေထောက်အောက်မှ မြေပြင်ကို ကြည့်လိုက်သည်။

ဤသုံးရက်အတောအတွင်းမှာ သူသည် ဘုရားကျောင်းကို ဆောက်လုပ်ထားသော ဧရာမနှလုံးကို စစ်ဆေးလေ့လာခဲ့သည်။

ဤနှလုံးသည် ထူးဆန်းသည်။ ၎င်းမှာ အသက်ဓာတ်ရှိပြီး နှလုံးသည် ခုန်နေဆဲပင်။ ၎င်း၏ နှလုံးခုန်သံသည် တစ်စုံတစ်ယောက်၏ အသိစိတ်ကို လှုပ်ခါသွားစေနိုင်စွမ်း ရှိသည်။

“ အနီရောင်လဗိမာန်ရဲ့ အပြင်ဘက်ဧရိယာမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ပြည့်နှက်နေတယ် ”

ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ ဝတ်စုံနီအမျိုးသမီးသည် တည်ငြိမ်စွာ ပြောသည်။

“ စီနီယာ… အဲ့ဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ဘယ်သူ့ဟာတွေလဲ မင်းသိပါသလား ”

ရွှီချင်းက မေးသည်။

ဝတ်စုံနီအမျိုးသမီးသည် ခေါင်းခါလိုက်သည်။

“ အရင်က ငါလည်း စစ်ဆေးကြည့်ဖူးတယ်… သူတို့က ငါ့ညီအကိုမောင်နှမတွေ မဟုတ်ဘူး… ဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲမှာ သန့်စင်ခံထားရတဲ့ အရိပ်အမြွက်တချို့ ရှိတယ် ”

“ ငါက အချိန်အတော်ကြာ ချိပ်ပိတ်ခံထားရတယ်… ဒါကြောင့် အပြင်လောကအကြောင်း အများကြီးမသိဘူး… ဘုရားကျောင်းထဲက လူတွေကို စားသောက်ပြီးတဲ့နောက်မှ အပြင်လောကနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ငါသိခဲ့ရတယ် ”

“ ကံမကောင်းစွာပဲ သူတို့အဆင့်က အရမ်းနိမ့်ကျတာကြောင့် အဲ့ဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ဘယ်သူ့ဟာလဲဆိုတာ သူတို့မသိထားကြဘူး ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူက ဝတ်စုံနီကို ပြောင်းလဲဝတ်ဆင်ထားပြီးပြီ ဖြစ်သည်။

ဤသည်မှာ အနီရောင်လဗိမာန်၏ ရိုးရာဝတ်စုံဖြစ်သည်။ ယင်ယန်ပန်းပွင့်ဂိုဏ်း၏ တပည့်ဖြစ်သည့်အပြင် သူသည် နတ်ကျေးကျွန်ဖြစ်ခွင့်ကိုလည်း ရရှိထားသည်။

“ စီနီယာ… ငါတစ်ခါက ရှေးဟောင်းစာအုပ်တွေကနေ မင်းရဲ့ဖခင်က အနီရောင်လကို ဆန့်ကျင်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်… ပြီးတော့ နောင်တလွင်ပြင်နဲ့ပတ်သက်ပြီး ဒဏ္ဍာရီအများအပြား ရှိပါသေးတယ်… ”

ရွှီချင်းသည် ထိုအကြောင်းကို တွေးတောပြီးနောက် သူ၏ စိတ်ထဲမှ အကြီးမားဆုံး သံယယကို ထုတ်မေးလိုက်သည်။

နီလာနတ်သမီး၏ အစစ်အမှန်ဇစ်မြစ်ကို သူသိချင်သည်။

ဝတ်စုံနီအမျိုးသမီးသည် စကားပြန်မပြောမီ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

“ နီလာနတ်သမီးက အရင်က တစ်ခါသေဖူးတယ်… သူက ငါ့ဖခင်ရဲ့ အသတ်ခံခဲ့ရတယ်… အဲ့ဒီအချိန်တုန်းက သူတို့ကြားမှာ နာကြည်းချက်တွေ ခံစားချက်တွေနဲ့ ရန်ငြိုးအာဃာတတွေ ရှိခဲ့တယ် ”

“ သူက နောက်တစ်ကြိမ် ပြန်ရောက်လာတဲ့အခါ နတ်ဘုရားဖြစ်နေပြီ… အဲ့ဒီအချိန်တုန်းက သူက ဝမ်ကူးကမ္ဘာမြေကနေ ပြန်ရောက်လာတာလို့ ငါ့ဖခင်ပြောတာကို ငါကြားခဲ့တယ် ”

ဝတ်စုံနီအမျိုးသမီးက ထိုစကားနှစ်ကြောင်းကို ပြောလိုက်သည်နှင့်တစ်ပြိုက်နက် ကျယ်လောင်သော မိုးခြိမ်းသံသည် ကောင်းကင်ပေါ်မှာ ရုတ်ချည်း ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

မိုးခြိမ်းသံနှင့်အတူ ရွှီချင်း၏ နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။ ဤသည်မှာ နီလာနတ်သမီးနှင့်ပတ်သက်သော ပုံပြင်ကို ပထမဆုံးအကြိမ် သူကြားဖူးခြင်းဖြစ်သည်။ သို့ဖြစ်၍ သူက မမေးမြန်းဘဲ မနေနိုင်ပေ။

“ အတိတ်တုန်းက နီလာနတ်သမီးက နတ်ဘုရားတစ်ပါးမဟုတ်ဘူးလား… ပြီးတော့ ဝမ်ကူးကမ္ဘာမြေဆိုတာ ဘာလဲ ”

ဝတ်စုံနီအမျိုးသမီးသည် ရွှီချင်း၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တမူထူးခြားသော အလင်းရောင်ဖြင့် ပြည့်နှက်နေသည်။

ထို့နောက် သူက ရွှီချင်းကို လှည့်ကြည့်လိုက်ပြီး လေးလေးနက်နက် စဉ်းစားချင့်ချိန်ပြီးနောက် ပြောသည်။

“ တချို့နတ်ဘုရားတွေက နတ်ဘုရားတွေအဖြစ် မွေးဖွားလာကြတယ်… တချို့က နောက်ပိုင်းမှ နတ်ဘုရားဖြစ်လာကြတယ်… တချို့က အပြင်ဘက်ကနေ ရောက်ရှိလာကြတယ်… တချို့က ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းကနေ ရောက်ရှိလာကြတယ် ”

သူက ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း မိုးခြိမ်းသံသည် နောက်တစ်ကြိမ် မြည်ဟိန်းထွက်လာပြီး သက်ရှိအားလုံးကို ခြောက်လှန့်နေသည်။

ကောင်းကင်သည် ပုံမှန်မဟုတ်ကြောင်း ရွှီချင်း အာရုံခံမိသွားသည်။ ဤအခိုက်အတန့်မှာ မြူခိုးတချို့သည် ဘေးပတ်ဝန်းကျင်မှာ အမှန်တကယ် ပေါ်ထွက်လာသည်။

ထို့နောက် လေကြမ်းများ တိုက်ခတ်လာပြီး မုန်တိုင်းတစ်ခုသည် အစပျိုးလာသည်။ အဝေးတွင် နှင်းမှုန်များပင် စတင်ကျဆင်းလာနေသည်။

ထိုသို့အပြောင်းအလဲများက ဤလောကကြီးမှာ တစ်ချိန်တည်း ထွက်ပေါ်လာသည့်အခါ ရွှီချင်းသည် ကောင်းကင်ဘုံတာအိုနိယာမများကို မစဉ်းစားမိသွားဘဲ မနေနိုင်ပေ။

“ မင်း ဆက်ပြီး နားထောင်ရဲသေးလား ”

ဝတ်စုံနီအမျိုးသမီးသည် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ကောင်းကင်ကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်ပျက်စီးသွားပြီးနောက် ဖြည်းညင်းစွာ ပြန်ကောင်းမွန်လာနေသော မိုဆာဆောကို အာရုံခံလိုက်သည်။ သူက အင်မော်တယ်အူခွေသစ်ပင်များမှ မြင်ကွင်းကို ပြန်အမှတ်ရသွားပြီး ခေါင်းညိတ်လိုက်သည်။

“ မင်းက ဆက်နားထောင်ရဲသေးတယ်… ကောင်းပြီလေ… ဒါဆို မင်းဘယ်လောက်ကြာကြာ နားထောင်နိုင်မလဲ ငါ့ကိုပြစမ်း ”

ဝတ်စုံနီအမျိုးသမီးသည် ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ ဝမ်ကူးကုန်းမြေအောက်က လောကကြီးရဲ့ တည်ရှိမှုသမိုင်းကြောင်းက ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ရှေးဘုရင်တွေ တစ်ယောက်ပြီးတစ်ယောက်ရဲ့ ဖျက်ဆီးတာကို ခံခဲ့ရတယ်… အဲ့ဒါကြောင့် လူနည်းစုလောက်ပဲ ဒီအကြောင်းကို သိထားကြတယ်… အဲ့ဒီနေရာကို ရှေးခေတ်ကာလကတည်းက ဟွမ်ကောင်းကင်လို့ သိကြတယ် ”

“ ဝမ်ကူးကုန်းမြေရဲ့ အစောဆုံးမျိုးနွယ်စုတွေက အဲ့ဒီကနေ ရောက်လာကြတာလို့ ကောလဟာလတွေ ရှိတယ် ”

“ နောက်ပိုင်းမှာ ရှေးဘုရင်ရွှမ်ယုံက အဲ့ဒီနေရာကို ကမ္ဘာမြေနယ်ပယ်လို့ နာမည်ပေးခဲ့တယ် ”

ပိုပြီးချောက်ချားဖွယ်ကောင်းသော အသံများသည် ကောင်းကင်ယံမှာ မြည်ဟိန်းထွက်လာသည်။ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ပြင်းထန်စွာ ဖရိုဖရဲဖြစ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် လောကကြီးထံမှ ဆင်းသက်လာသည်။

ကောင်းကင်သော်လည်းကောင်း တောင်တန်းနှင့် မြစ်ချောင်းသော်လည်းကောင်း ဤအခိုက်အတန့်မှာ စိတ်ဆန္ဒတစ်ခုသည် ထိုအရာအားလုံးထံမှ မြှောက်တတ်ထွက်ပေါ်လာနေသည်။

ကြီးမားသော ထိုစိတ်ဆန္ဒအောက်မှာ ရွှီချင်း၏ မျက်နှာသည် ဖြူဖျော့လာပြီး သူ၏ စိတ်သည် ပရမ်းပတာ လှုပ်ခတ်လာသည်။

ဤလောကကြီးမှ အပြောင်းအလဲသည် ထိုစကားများက ဝမ်ကူးကုန်းမြေ၏ တားမြစ်ချက်များဖြစ်ကြောင်း ရွှီချင်းအား အသိပေးနေဟန် ရသည်။

ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံတာအိုများသည် ထိုအကြောင်းကို ပျံ့နှံ့စေရန် ခွင့်မပြုကြပေ။

“ စိတ်ဝင်စားစရာပဲ… ဒီစကားတွေကိုကြားပြီးတာတောင် ကောင်းကင်ဘုံတာအိုက နှုတ်ပိတ်ခြင်းနဲ့ မေ့လျော့ခြင်းအစွမ်းကို တကယ်ကြီး မစေလွှတ်ခဲ့ဘူး… ကောင်လေး ကောင်းကင်ဘုံတာအိုက မင်းအပေါ် အရမ်းမျက်နှာသာပေးတာပဲ ”

ဝတ်စုံနီအမျိုးသမီး၏ မျက်လုံးသည် ဝင်းလက်လာပြီး သူက ရွှီချင်းကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ရှုလိုက်သည်။

ရွှီချင်းသည် စိတ်တည်ငြိမ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် ပေါ်လျှိုးလာနေသော စိတ်ဆန္ဒသည် သူ့၏ နှလုံးကို အဆက်မပြတ် ခုန်မြည်အောင် ပြုလုပ်နေဆဲပင်။

“ ဒါဆို ငါမင်းကို နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်… တကယ်တော့ နတ်ဘုရားတွေအားလုံးရဲ့ အန္တိမပန်းတိုင်က… ”

ဝတ်စုံနီအမျိုးသမီးသည် စိတ်ဝင်စားသော အမူအရာဖြင့် ပြောသည်။

All Chapters