အခန်း (၂၆၅)
Vol. 24 Ch. 265
လီချန်ချင်း၏ နှလုံးသားထဲတွင်တော့ မိုးကြိုးအစင်းတရာ ပစ်ချလိုက်သလိုကို အကြိမ်ကြိမ် တုန်လှုပ်နေခဲ့ပါသည်။
ယခု အခြေအနေကို ကြည့်ခြင်းအားဖြင့် သားဖြစ်သူမှာ အကုန်လုံးကို သိနေသည့်ပုံစံ ရှိသည်။
လီချန်ချင်းက လုချောင်းချောင်းနှင့် အဆက်အသွယ်ရှိတာ လီဟမ်ရှန်းက သိချင်မှ သိပေလိမ့်မည်။ ဖြစ်နိုင်တာက ဆန်ပြုတ်ခြောက်ပွဲကို သောက်သည်ဟူသော စကားကြောင့် လီချန်ချင်းက လုချောင်းချောင်းနှင့် အဆက်အသွယ်ရှိမှန်းကို လီဟမ်ရှန်းက ကြိမ်းသေပေါက်သိသွားခဲ့ပုံရသည်။
လုချောင်းချောင်းနှင့် အဆက်အသွယ်မရှိပါက သူ ပေါက်ကရဇာတ်လမ်းထွင်ကာ ပြောခဲ့သည့်အကြောင်းကို လီချန်ချင်းက သိစရာ အကြောင်းမရှိပါချေ။
ရထားလုံးအတွင်းတွင် လီဟမ်ရှန်းမှာ ထိုင်ခုံကိုမှီကာ သူ၏ မျက်ဝန်းများကို မှိတ်ထားပါသည်။ သူ၏ မျက်လုံးများမှာ မှိတ်ထားသည့်တိုင် အရာတော်တော်များများမှာ သူ့အတွက်ရှင်းလင်းလာခဲ့ပါသည်။
ရွှဲ့ယီမှာ လုချောင်းချောင်းနှင့် ကျိုးကျွင်းသာမှန်ပါက ယခင်က အဓိပ္ပာယ်မရှိသောအရာများမှာ ယခုတွင်တော့ အဓိပ္ပာယ်ရှိသွားခဲ့ချေပြီ။
လုချောင်းချောင်းက သူ့အား အမိန့်များစွာ ပေးခဲ့သည်ဟု ကျိုးကျွင်းက ပြောခဲ့သည့်တိုင် လီဟမ်ရှန်းက လုံးဝကို မယုံကြည်ခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်ပတ်သက်သော အကြောင်းအရာတော်တော်များများကို လုချောင်းချောင်းအနေနှင့် အဝေးကနေပြီး သိစရာ အကြောင်းမရှိပါချေ။ ကျိုးကျွင်းကလည်း ထိုအကြောင်းများကို သိမည်မဟုတ်ပေ။
တခါတရံမှာေတာ့ ကျိုးကျွင်းက ဂိုဏ်းတာဝန်များကို အပြင်သို့ ထွက်ကာ လနှင့်ချီကြာအောင် ထွက်လုပ်ရသည်များ ရှိပါ၏။
ဒါပေမယ့် သူနှင့်ပတ်သက်သည့်အကြောင်းအရာများကို သိသော အခြားလူတစ်ဦးတော့ရှိပါသည်။
ထိုသူမှာ သူ၏ဖခင် လီချန်ချင်းပင် ဖြစ်သည်။
လီချန်ချင်းသာ လုချောင်းချောင်းနှင့် အဆက်အသွယ်ရှိခဲ့ပြီး သူမ၏ စကားများကိုသာ ယုံကြည်ခဲ့မိမည်ဆိုလျှင် လီချန်ချင်းမှာ လုချောင်းချောင်း၏ အသုံးချခြင်းကို အစကတည်းက ခံနေရတာ ဖြစ်နိုင်ပါသည်။
သူတို့သားအဖနှစ်ယောက်စလုံး၏ အခြေအနေများ၊ အချက်အလက်များအားလုံးမှာ လုချောင်းချောင်းက အလိုလို ရရှိကာ သိနေပြီးသား ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် လီချန်ချင်း၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် လီချန်ချင်း၏ သူ့အပေါ်ဂရုစိုက်မှုများမှာ ရင်ထဲမှ လာသည်ဆိုသည်ကို သူက သေချာကို ပြောနိုင်ခဲ့ပါသည်။
ဖခင်မှ သူ၏ ကလေးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာဆိုတာကို သူက ခံစားမိခဲ့ပါသည်။
သူထွက်မသွားခင်မှာ လီဟမ်ရှန်းက လီချန်ချင်းကို မေးချင်သည့် မေးခွန်းမှာ “ခင်ဗျားက တကယ်ပဲ ကျုပ်အဖေလား”ဟူ၍ပင် ဖြစ်ပါသည်။
ဒါပေမယ့် လီဟမ်ရှန်းက ထိုမေးခွန်းကို ထုတ်မေးရလောက်အောင် သတ္တိရှိမနေခဲ့ပါချေ။
လီဟမ်ရှန်းမှာ သူပြန်ရလာမည့်အဖြေကို ကြောက်ရွံ့နေခြင်းကြောင့်သာ ဖြစ်သည်။
လီချန်ချင်းပြန်ဖြေမည့် အဖြေကို သူအလွန်တရာမှကို ကြောက်ရွံ့နေခဲ့ပါသည်။
သူက အကိုအရင်းလိုချစ်ခင်ရသောသူ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။
ဘဝကြီးတခုလုံးနှင့် ရင်းကာ ချစ်မြတ်နိုးခဲ့သည့် အမျိုးသမီးကိုလည်း ဆုံးရှုံးခဲ့ရပြန်သည်။
(ဗီလိန်တွေ ဘယ်လိုစဖြစ်လာလဲသိလား။ အဲ့လိုအခြေအနေမျိုးတွေကို ကြုံတွေ့ပြီးတော့ ဗီလိန်ဖြစ်လာကြရတာပဲ)
လောကတွင် နောက်ဆုံးကျန်ရစ်သော သွေးသားရင်းဖြစ်သူ ဖခင်ကိုပါ သူထပ်မဆုံးရှုံးချင်တော့ပါချေ။
ထိုမေးခွန်းကို မမေးလိုက်ခြင်းအားဖြင့် လီဟမ်ရှန်းက သူ့ကိုယ်သူ မျှော်လင့်ချက်ပေးလိုက်ခြင်းပင် ဖြစ်ပါ၏။
တဖြေးဖြေးဝေးကွာသွားသည့် ရထားလုံးကို ကြည့်နေရင်းနှင့် လီချန်ချင်း၏ နှလုံးသားမှာ ဗလာဟင်းလင်းဖြစ်လာခဲ့ပါတော့၏။
“အကုန်လုံးက အတုတွေကြီးပဲ။ အားလုံးက အတုအယောင်တွေကြီးပဲလား”
လီချန်ချင်းက သူ့ကိုယ်သူ လှောင်ပြောင်လိုက်ပါသည်။ သူလုံးဝပြင်ဆင်ထားသည်များကိုပါ ပြန်တွေးလိုက်မိပါသည်။
အဆုံးသတ်မှာတော့ သူက ရှာတွေ့ခံသွားရတယ်မဟုတ်ပါလား
နောက်ဆုံးမှာ လီဟမ်ရှန်းက သူ့အားမေးချင်နေသည့် မေးခွန်းကို လီချန်ချင်းလို လူပါးတယောက်က နားမလည်ပဲ နေပါ့မလား
သူက တကယ့်ဖခင်အစစ်ကောဟုတ်လားလို့ မေးချင်နေခဲ့တာ
နောက်ဆုံးမှာတော့ လီဟမ်ရှန်းက မမေးခဲ့ပါချေ။
သို့သော် ထိုအချိန်တွင် လုချောင်းချောင်းကို မယုံကြည်ရန်အတွက် လီဟမ်ရှန်း၏ သတိပေးသည့်စကားကို ရုတ်တရက် သူသတိရလာခဲ့ပါတော့သည်။
ထိုစကားမှာ လီချန်ချင်း၏ နှလုံးအိမ်ကို ပြင်းစွာလှုပ်ခါနိုင်ခဲ့ပါသည်။
လုချောင်းချောင်းမှာ သူ့သား၏ နှလုံးသားထဲတွင် မည်ကဲ့သို့သော နေရာတွင်ရှိသည်ကို သူက ကောင်းကောင်းကို သိခဲ့ပါသည်။
အချစ်ဦး
သူ၏ အချစ်ရဆုံးသော ဂျူနီယာညီမလေး
ပြီးတော့ လုချောင်းချောင်းကလည်း သူ့သားအပေါ်ကို မြတ်မြတ်နိုးနိုးကို ချစ်နေတယ်မဟုတ်လား
ဘာလို့ ရုတ်တရက်ကြီး ဒီစကားကို ထပြောခဲ့တာလဲ
လီချန်ချင်း၏ မျက်ခုံးများမှာ တွန့်ကွေးသွားခဲ့ချေပြီ။ သူ့သား၏ အားအင်ကုန်ခမ်းကာ အသည်းကွဲမတက် ငိုကြွေးနေသည့် ပုံရိပ်ကို မြင်ယောင်ပြီး လီချန်ချင်းက ချက်ချင်းကို သဘောပေါက်သွားခဲ့သည်။ သူ၏ လက်မောင်းအတွင်းတွင် ကလေးတယောက်လို ငိုကြွေးမှုမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းကော၊ ကျိုးကျွင်းကြောင့်ကော ဟုတ်မနေခဲ့ပေ။
ဒါဆိုရင်…
ဖြစ်နိုင်တာက…
လုချောင်းချောင်းကလည်း ထာဝရရှင်သန်ခြင်းဂိုဏ်းကများ ဖြစ်နေမလား
လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကို အဖမ်းခေါ်ခံလိုက်ရတာမဟုတ်ဘူးလား
လီချန်ချင်းက သူ၏ ခြံဝင်းလေးထဲသို့ ပြန်လာပြီးသည်အထိ အတွေးနက်နေဆဲဖြစ်သည်။
လုချောင်းချောင်း၏ ပြောစကားအရတော့ သူမက သူ၏ နတ်ဘုရားဝိဉာဉ်ကို လှမ်းဆက်သွယ်နိုင်ခြင်းမှာ ရတနာတခု၏ အကူအညီကြောင့်ဟု ပြောခဲ့၏။
သူ၏ နတ်ဘုရားဝိဉာဉ်က သန်မာလွန်းသောကြောင့် သူမက သူ့ကို ဆက်သွယ်၍ ရခဲ့သည်ဟု ပြောခဲ့သည်မဟုတ်လား
နေစမ်းပါဦး
လီချန်ချင်း၏ မျက်ခုံးများမှာ ပို၍ပင် တွန့်ကွေးလာခဲ့၏
ထိုစကားမှာ လုချောင်းချောင်း၏ တဖတ်သတ်စကားသာ ဖြစ်ပါသည်။
သူက သံသယလုံးဝမဝင်ပဲနဲ့ကို ယုံကြည်ခဲ့မိတာပဲ
လုချောင်းချောင်းသာ သူ့ကို ညာနေတာဆိုရင်…
အဲ့ဒီ့နည်းကို အသုံးပြုပြီးတော့ သူမက ကျိုးကျွင်းကိုပါ ဆက်သွယ်နေခဲ့တာဆိုရင်ကော
အဲ့ဒါသာအမှန်ဆိုရင် သူမက သူ့ကိုကော၊ သူ့သားရဲ့ လှုပ်ရှားမှုတွေကိုပါ သိနေပြီးသားပဲ။ အဲ့ထက်အရေးကြီးတာက သူ့ရဲ့စွမ်းအားအစစ်အမှန်ကိုပါ သူမက သိနေပြီးသားပေါ့
လုချောင်းချောင်းကို နောက်ထပ် သူယုံကြည်မိနေခြင်းမှာ သူမကို အဆုံးမဲ့ညရှေးဟောင်းနိုင်ငံက တစ္ဆေမျိုးနွယ်တွေက ချီရှန်းအမိန့်ပြားကနေတဆင့် ချီရှန်းတစ္ဆေအရှင်ကို အကူအညီတောင်းဖို့အတွက် အကျယ်ချုပ်ထားတာလို့ပဲ သိထားခဲ့ရတာလေ
တစ္ဆေမျိုးနွယ်တွေက သူမကို စောင့်ကြည့်နေမှတော့ သူမက အခုလိုမျိုး လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်နေတာက အဓိပ္ပာယ်မှ မရှိနေတာဟ
ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ပတ်သက်ပြီးတော့ ဒီလောက်အချက်အလက်အများကြီးကို လုချောင်းချောင်းက ဘယ်ကနေရရှိနေရတာလဲ
အဆုံးမဲ့ညရှေးဟောင်းနိုင်ငံရဲ့ စုံစမ်းမှုတွေက ရတယ်ဆိုတဲ့ စကားကကော တကယ်ပဲလား?
သေချာတွေးကြည့်လေလေ အဓိပ္ပာယ်မရှိလေလေ ဖြစ်နေတယ်မဟုတ်ဘူးလား
ထို့အပြင် လုချောင်ချောင်းက ထာဝရရှင်သန်ခြင်းဂိုဏ်း၏ လီဟမ်ရှန်းနှင့်ရွှယ်ချမ်းပိုင်အပါအဝင် အခြားသောလူများ၏ လုပ်ကြံခံရနိုင်မည့်စာရင်းကို ပြောပြခဲ့၏။
နောက်ထပ် လုပ်ကြံသူ ကျိချင်းစုန်၏ အချက်အလက်နှင့်ပတ်သက်ပြီးတော့လည်း ပြောပြခဲ့သေးသည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ရွှဲ့ယီဟုခေါ်သော သူလျိုရှိသည်ကိုလည်း သူမ ပြောပြခဲ့ပါသေး၏။
ထိုအချက်အလက်များမှာ လွန်စွာမှကို အရေးကြီးကာ လျို့ဝှက်ထားရမည့် လျို့ဝှက်အချက်အလက်များနှင့် ဆင်တူနေခဲ့၏။
သို့သော် သေချာသာ စစ်ဆေးကြည့်ပါက ထိုအချက်အလက်များအားလုံးမှာ အသုံးမဝင်သည့်အချက်အလက်များပင် မဟုတ်ပါလား
ရွှယ်ချမ်းပိုင်ကော လီဟမ်ရှန်းပါ ပါဝင်သည့် အလုပ်ကြံခံရမည့်စာရင်းမှာ လုချောင်းချောင်းမပြောပြလျှင်ပင် သူက သိလာလိမ့်မည်ဖြစ်သည်။ စာရင်းထဲတွင် ပါရှိသော အခြားလူများမှာမူ သူတို့ကိုသိလည်းမသိသောကြောင့် လီချန်ချင်းက ဦးနှောက်ထဲတွင် မထည့်ခဲ့ပါချေ။
ကျိချင်းစုန်ဟူသော လုပ်ကြံရေးသမားမှာ တစ္ဆေမျိုးနွယ်ကျိမိသားစုမှ လူဆိုသည်က လွဲပြီး ဘာမှ အသုံးဝင်သော အချက်အလက်ဟုတ်မနေပေ။
တိမ်တိုက်နယ်မြေသို့သွားကာ သူ့သားကို လုပ်ကြံသောကြောင့် ကျိမိသားစုကို သူက လက်စားသွားချေရလောက်မည်အထိ မလုပ်ဆောင်နိုင်ပေသေးချေ။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းက သူလျိုရှိတာက လုချောင်းချောင်းမပြောပြခင်ကတည်းက သိထားနှင့်ပြီးသားသတင်းမဟုတ်ပါလား
လုချောင်းချောင်းက သူ့ကို သူလျို၏ အမည်ဝှက်တခုတည်းကိုသာ ပြောပြခဲ့ခြင်းပင်။
အခြားသော အချက်အလက်များကိုမူ မပြောပြခဲ့ပါချေ။
ထို့ကြောင့် သေချာတွေးကြည့်ပါက အစကနေ အဆုံးအထိ လုချောင်းချောင်းက သူ့အား အချက်အလက်နှင့် သတင်းများစွာတို့ကို ပြောပြခဲ့သည်တိုင် ထိုအချက်အလက် တခုလေးတောင်မှ သူ့အတွက် အသုံးဝင်တာ မရှိနေခဲ့ပါချေ။
ထိုအစား သူ့သားက စာထဲတွင် ရေးသမျှအကြောင်းအရာများ၊ လှုပ်ရှားမှုများအားလုံးကို သူက လုချောင်းချောင်းအား ယုံကြည်ကာ အကုန်လုံးကို ပြောပြခဲ့မိသည် မဟုတ်ပါလား
“ဟားဟားဟား တကယ့်ကို ခန့်မှန်းလို့ မရခဲ့တာပဲ”
လီချန်ချင်းက အဝေးသို့ မျှော်ကြည့်လိုက်မိသည်။
သူက ကလေးမလေးတယောက်၏ အရူးလုပ်ခြင်းကိုခံခဲ့ရသည် မဟုတ်ပါလား
သူသေချာတွေးတောလေလေ၊ ထိုအရာမှာ ကြိမ်းသေလေလေဖြစ်ကြောင်းကို သူ့နှလုံးသားထဲမှ သိလာခဲ့ပါတော့သည်။
ညရောက်လာပြီ
လီချန်ချင်းက အိပ်ပျော်သွားခဲ့ပါတော့၏။
သိပ်မကြာခင်မှာပင် သူ့အား လှမ်းခေါ်သည့်အသံကို လီချန်ချင်းက ကြားလိုက်ရပါသည်။
သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ရေကန်ကို ရောက်သွားခဲ့၏။ ဒီတကြိမ်မှာလည်း သူက လုချောင်းချောင်းကို တွေ့ခဲ့ပြန်သည်။
သို့သော် ဤတကြိမ်တွင်တော့ လုချောင်းချောင်းက လီချန်ချင်းကို ထူးဆန်းသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့ပါ၏။
သူမ၏ အရှိန်အဝါမှာ ယခင်ကနှင့်မတူပဲ ပြောင်းလဲနေခဲ့ပါသည်။
တချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ လွန်စွာမှကို အားနည်းနေသည့်ဟန်ရှိနေခဲ့သည်။
“စီနီယာချန်ချင်း”
လုချောင်းချောင်းက စတင်၍ စကားပြောသည်။
“အကိုလီက ကျန်းကောတောင်ကို သွားပြီလား”
ထိုစကားကိုကြားသော် လီချန်ချင်း၏ မျက်ဝန်းများမှာ မှေးစင်းသွားကာ ပြောလိုက်၏။
“ဒီသတင်းကို မင်းက ဘယ်လိုသိတာလဲ”
လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတွင်ရှိပြီး ကျိုးကျွင်းက ထွက်သွားသည်မှာ ကြာပြီမဟုတ်လား။ ထိုသတင်းကို ကျိုးကျွင်းမသိသောကြောင့် သူမက ကျိုးကျွင်းထံမှ သိစရာအကြောင်းမရှိပါချေ။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ လီဟမ်ရှန်းထွက်လာသည့်သတင်းကို လုချောင်းချောင်းက ဘယ်လိုသိနေတာလဲ
ဖြစ်နိုင်တာက…
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာများ နောက်ထပ်တစ္ဆေတကောင်ကျန်နေသေးတာများလား??