← Chapters

အခန်း (၂၇၀)

Vol. 24 Ch. 270

အခန်း (၂၇၀)

Vol. 24 Ch. 270

“အိုး ဒါကသိပ်ကိုကောင်းတာပဲပေါ့”

လီချန်ချင်းမှာ တော်တာ်လေးကို စိတ်ဝင်စားနေခဲ့ပါသည်။

“မင်းက ဘယ်မှာပုန်းနိုင်တာလဲ”

ကျန်းဖုကွမ်းက တုန့်ဆိုင်းနေခဲ့သည်။ သူ၏ ပုန်းကွယ်နိုင်သည့်စွမ်းရည်အား ထုတ်ဖော်လိုက်ခြင်းသည် သူ့အတွက် သေလမ်းကို ကိုယ်တိုင်ဖွင့်ပေးလိုက်သည်နှင့် အတူတူသာ ဖြစ်ပါသည်။

သို့သော် လီချန်ချင်းက မေးသောကြောင့် သူကလည်း ဖြေခဲ့ရပါသည်။

“အရိပ်တွေ”

“ကျွန်တော်က အရိပ်ထဲမှာ ပုန်းနိုင်ပါတယ်”

လီချန်ချင်းမှာ ထိတ်လန့်သွားခဲ့ပါ၏။

အရာရာတိုင်းမှာ အရိပ်ရှိတာပဲ

“ဘယ်လောက်တောင်မှ စွမ်းအားကြီးပြီး ကြောက်ဖို့ကောင်းလိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူလဲ”

သူက တွေးလိုက်၏

လီချန်ချင်းက ထိတ်လန့်ရင်းနှင့် ဆက်ပြောသည်။

“ကျုပ်ကို တိုက်ခိုက်ကြည့်ပါ”

ကျန်းဖုကွမ်းက မြေကြီးထဲ့သို့ စိမ့်ဝင်သွားသကဲ့သို့ပင် ချက်ချင်းပျောက်ကွယ်သွားခဲ့လေ၏။ လီချန်ချင်း၏ နတ်ဘုရားစိတ်ဝိဉာဉ်ပင်လျှင် သူ၏ တည်ရှိမှုကို ရှာမတွေ့ပါတော့ချေ။

လီချန်ချင်းမှ သူ့အား ဘယ်လိုမှ အာရုံခံ၍ မရပါတော့ချေ။ ထိုအချိန်ကျမှသာ သွေးအရိပ်ဂိုဏ်း၏ ကြောက်ဖို့ကောင်းမှုကို သိလိုက်ရပါတော့သည်။

“အခွင့်အရေးရရင် ကျုပ်ကို သတ်ဖို့ကြိုးစားကြည့်ပါ”

လီချန်ချင်းက အလုပ်လုပ်ရန် ထသွားရင်း အော်ပြောလိုက်ပါ၏။

ကျန်းဖုကွမ်းမှာ အခွင့်အရေးရရှိမည့် အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့၏။ သွေးအရိပ်ဂိုဏ်း၏ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်နိုင်စွမ်းရည်ကို လီချန်ချင်းကို ပြသရန်အတွက် ဆုံးဖြတ်ထားခဲ့ပါသည်။

နာရီပေါင်းများစွာ ကြာမြင့်သည်အထိ မတိုက်ခိုက်သေးသည့်အတွက်ကြောင့် ကျန်းဖုကွမ်းက သေရည်သွားသောက်ပြီလားဟုပင် လီချန်ချင်းက ထင်မြင်ခဲ့မိပါ၏။

“ဖေဖေ ဘယ်မှာလဲ” ကျန်းစစ်ယောင်က စိတ်ရှုပ်ထွေးသည့် အမူအရာနှင့် လာမေးရှာသည်။

“သေရည်သွားသောက်တာထင်တယ်၊ သိပ်မကြာခင် ပြန်လာလိမ့်မယ်နော် သမီးလေး” လီချန်ချင်းက ကလေးမလေးကို ချော့မော့လိုက်ပါ၏။

မကြာမီ ကျန်းစစ်ယောင်မှာ အိပ်မောပြန်ကျသွားခဲ့သည်။

သူမက အခန်းတံခါးပိတ်ကာ ပြန်ဝင်သွားသည့်အခိုက်မှာပင် သစ်ပင်၏ အရိပ်ထဲမှ ကျန်းဖုကွမ်းက ရုတ်တရက် ထွက်လာပြီး လီချန်ချင်း၏ လည်မျိုကို ချိန်ကာ တိုက်ခိုက်လိုက်ပါသည်။

လီချန်ချင်း၏ တုန့်ပြန်မှုမှာ ပို၍ပင် လျင်မြန်ပေသည်။ သူ၏ လက်ချောင်းများမှာ ကျန်းဖုကွမ်း၏ မျက်ခုံးနှစ်ခုကြားသို့ ရောက်နေပြီ ဖြစ်၏။

လေထုထဲတွင် လွင့်ခါနေသည့် ဓားအရှိန်အဝါများမှာ မြောက်မြားစွာသော ဓားသွားများနှင့် ဓားကျင့်စဉ်များ ရောယှက်ထားသည့် အဆင့်သို့ရောက်နေခြင်းကြောင့် ကျန်းဖုကွမ်းကို လန့်ဖြန့်သွားစေခဲ့ပါသည်။

“မင်း အစွမ်းကုန်ထုတ်ပြီး မတိုက်တာလား” လီချန်ချင်းက မျက်ခုံးတဖက် မြင့်တင်လိုက်၏။

“မဟုတ်ပါဘူး” ကျန်းဖုကွမ်းက လီချန်ချင်း၏ အလျင်ကို အံ့အားသင့်မပြယ်သေးပဲနှင့် ခေါင်းခါပြခဲ့ပါသည်။

“တိုက်ပွဲက စိတ်ဝင်စားစရာပဲ”

လီချန်ချင်းက ပျော်ရွှင်စွာ ရေရွတ်လိုက်ပါသည်။

“အဲ့နေရာကနေ မင်းထွက်လာလိမ့်မယ်လို့ ငါတကယ်ကို မမျှော်လင့်ခဲ့ဘူး”

“ဘယ်လိုများ မြန်မြန်တုန့်ပြန်နိုင်ခဲ့တာလဲ” ကျန်းဖုကွမ်းမှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါသည်။

သူ၏ လုပ်ကြံသတ်ဖြတ်မှုမှာ တခါမှ မကျရှုံးဖူးခဲ့ပါချေ။ လင်းချင်းကျီကို ထည့်မတွက်ရင်ပေါ့

အခု သူက ထပ်ပြီး ရှုံးနိမ့်သော ခံစားချက်ကို ခံစားလိုက်ရပြန်သည်။

“ဒီလောကကြီးမှာရှိတဲ့ သူရဲကောင်းတွေကို မင်းက အထင်သေးနေခဲ့တာပဲ”

လီချန်ချင်းက သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကြောင့် အခုလိုမျိုး လျင်မြန်စွာ တုန့်ပြန်နိုင်ခဲ့ကြောင်းကို ရှင်းပြလိုက်ပါသည်။

“ရှုံးနိမ့်သွားသလိုမျိုး မခံစားပါနဲ့”

ကျန်းဖုကွမ်းမှာ အံ့အားသင့်သွားခဲ့သည်။ သူက ပန်းချီသူတော်စင်ကို လုပ်ကြံရာ၌ အောင်မြင်ခဲ့သည့်တိုင် လီချန်ချင်းကို လုပ်ကြံရာ၌ ကျရှုံးခဲ့သည်ကို ဝန်ခံလိုက်၏။

“ဘာလို့်လဲဆိုတော့ အဲ့ဒီ့ပန်းချီသူတော်စင်က ငါ့လောက်မတော်လို့လေ”

လီချန်ချင်းက ကြွားဝါသည့်အမူအရာနှင့် ဆိုလိုက်ပါသည်။

ကျန်းဖုကွမ်းမှာ ပြောစရာစကားပင် ရှာမရအောင်ကို ဆွံ့အနေခဲ့ပါသည်။

“ထွက်သွားဖို့ကို မတွေးနဲ့တော့။ ငါနဲ့သာနေ။ မင်းကိုယ်မင်းကော၊ စစ်ယောင်လေးကော လုံခြုံဖို့ပဲတွေးထား။ ကျန်တာကို ငါကိုင်တွယ်လိုက်မယ်”

လီချန်ချင်းက ထိုစကားကို နောက်ဆုံးပြောကာ အိပ်စက်ရန်အတွက် ထထွက်သွားခဲ့ပါသည်။

ကျန်းဖုကွမ်းမှာလည်း လီချန်ချင်း၏ ခွန်အားကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ပြီးသည့်နောက်တွင် ဤနေရာ၌ ဆက်နေထိုင်ရန်အတွက် ဆုံဖြတ်ခဲ့ပါသည်။

နောက်တနေ့နံနက်ခင်းတွင် လီချန်ချင်းက အစောကြီး ထလာခဲ့ပါ၏။

“မင်္ဂလာနံနက်ခင်းပါ သခင်ကြီးလီ” ကျန်းဖုကွမ်းက ခြံကို တံမြက်စည်းလှည်းနေရင်းနှင့် လှမ်းနှုတ်ဆက်လိုက်ပါသည်။

“ဒီအလုပ်တွေကို အစေခံတွေကိုပဲ လုပ်ခိုင်းလိုက်ပါ။ မင်းက ဒါကို မလုပ်ရဘူး” လီချန်ချင်းက အကြံပေးလိုက်သည်။

“ကျုပ်က စီးပွားရေးသေးသေးလေးတခု စလုပ်ဖို့ တွေးထားတယ်။ အဲ့နေရာမှာ ခင်ဗျားရဲ့ အကူအညီကို လိုအပ်လိမ့်မယ်။ ပြီးတော့ သီးသန့်ကျောင်းတွေကို ကျုပ်ရှာတွေ့ထားတာလည်း ရှိတယ်။ အဲ့ဒီ့နေရာမှာ ကျန်းစစ်ယောင်လေးကို အပ်လို့ရတယ်”

သူ့သမီး၏ ပညာရေးနှင့် ပတ်သက်ပြီး လီချန်ချင်း၏ အမျှော်အမြင်ကြီးမှုကို ကြားရပြီး ကျန်းဖုကွမ်းမှာ နှလုံးသားထဲတွင် ထိသွားခဲ့ပါ၏။

“ဘယ်လိုစီးပွားရေးမျိုးကို လုပ်မယ်လို့ တွေးထားတာများလဲ” ကျန်းဖုကွမ်းက မေးလိုက်ပါသည်။

“အရမ်းကြီး မထင်ပေါ်တဲ့ဟာမျိုးပေါ့ကွာ။ ကျုပ်က သေရည်ဆိုင်သေးသေးလေးဖွင့်မယ်လို့ တွေးထားတယ်။ အမြတ်ရတာ မရတာက အဓိကမဟုတ်ဘူး။ ကျုပ်ရဲ့ အဓိက ရည်ရွယ်ချက်က သားဖြစ်သူနဲ့ နေတဲ့နေရာ နီးဖို့ပဲ”

All Chapters