← Chapters

အခန်း (၂၇၁)

Vol. 24 Ch. 271

အခန်း (၂၇၁)

Vol. 24 Ch. 271

“သေရည်ဆိုင်?”

ကျန်းဖုကွမ်းက တအံ့တဩနှင့် မေးလိုက်ပါသည်။

“သခင်ကြီးက အရက်ချက်တတ်လို့လား”

“ဒါပေါ့”

လီချန်ချင်းမှာ အရက်ကို အကြိုက်ကြီးမဟုတ်သည့်တိုင် သူ၏ အတိတ်ဘဝတုန်းက ယောက္ခထီးဖြစ်သူမှာ အရက်ချက်ရုံထောင်ထားသောကြောင့် လီချန်ချင်းမှာ သွားရောက်ကူညီခဲ့ရဖူးပါသည်။ ထို့ကြောင့် အကျွမ်းကျင်ကြီးမဟုတ်သည့်တိုင် အခြေခံလိုအပ်ချက်သဘောတရားများကိုတော့ လီချန်ချင်းက သဘောပေါက်နားလည်သည်ဟု ပြော၍ရပါသည်။

ယန်မိသားစုနှင့် အတူတကွ မနေထိုင်စဉ်ကာလတုန်းက လီချန်ချင်းက ဝိုင်အိုးများကို ဖောက်လုပ်ခဲ့ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ထည့်ကာ သိုလှောင်ထားခဲ့ဖူးပါ၏။

ကိုယ်တိုင်ချက် ဟင်းလျာများကိုလည်း ထိုနေရာ၌တွင် သိုလှောင်ထားခဲ့ပြန်ပါ၏။

ထို့အပြင် ဤလောကရှိဝိုင်များမှာ အရသာကိုသာ ချိုအီအောင်လုပ်ထားပြီး အဲကိုဟောပမာဏကို နည်းပါးစွာပါဝင်အောင် ပြုလုပ်ထားသည့် ဝိုင်များသာရှိပေသည်။ လီချန်ချင်းက အဲကိုဟောပမာဏကို များများထည့်သွင်းပြီး နည်းနည်းသောက်တာနဲ့ များများမူးတာကို ကြိုက်သူများအတွက် စပါယ်ရှယ်ဟူသော အမည်တပ်ကာ ရောင်းချရန်အတွက် ကြံထား၏။

လီချန်ချင်းက သူဖောက်လုပ်ထားသော ဝိုင်ကို ကျန်းဖုကွမ်းအား မြည်စမ်းခိုင်းရန်အတွက် ရည်ရွယ်ထား၏။ သို့သော် သူ၏ သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည့်အခိုက်တွင် သွေးအရိပ်ဂိုဏ်းဝင် လုပ်ကြံသူ၏ အလောင်းမှာ လက်စွပ်ထဲတွင် ရှိသေးသည့်အကြောင်းကို သတိရသွားခဲ့ပါသည်။

“ဟူး မင်းရဲ့ အလုပ်ကလည်း ခက်ခဲလိုက်တာ”

လီချန်ချင်းက မှတ်ချက်ပြုလိုက်ပြီးသည့်နောက်တွင် အလောင်းအား အိမ်နောက်ဖေးတွင် မြုတ်နှံရန် ပြင်ဆင်လိုက်ပါသည်။

ရက်နည်းနည်းကြာပြီးသည့်နောက်တွင်တော့…

ကျိဝူမြို့၏ တုန်းဟွာလမ်းကြားတွင် ခေတ်မှီသည့်ပုံစံနှင့် ချန်ချင်းသေရည်ဆိုင်ဟူသော ဆိုင်တဆိုင်မှာ တိတ်တဆိတ် အသစ်ဖွင့်လာခဲ့ပါသည်။ ဆိုင်ဖွင့်ပွဲအခမ်းအနားများသည်လည်း ရှိမနေခဲ့ပါချေ။

အရက်ဆိုင်ရှေ့တွင် ဆိုင်ဖွင့်သောအထိမ်းအမှတ်နှင့် အလံလေးများကိုတော့ စိုက်ထူထားသည်ကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။ ထိုသေးငယ်သောဆိုင်လေးမှာ သပ်သပ်ရပ်ရပ်ရှိပြီး စားပွဲခုံမှာ ခြောက်လုံးခန့်ရှိပါသည်။

နံရံ၌လည်း ရရှိနိုင်သော ဟင်းအမယ်များစာရင်းကို ချိတ်ဆွဲထားသော နံရံကပ်သစ်သားပြားများကို မြင်တွေ့ရမည်ဖြစ်သည်။

ချန်ချင်းအရက်ဆိုင်၏ စပါယ်ရှယ်လက်ရာ ဝိုင်အရက်စာရင်းကိုပါ တပါတည်း တွေ့ရှိမည် ဖြစ်၏။

မက်မွန်ပန်းဝိုင်

ရှောင်တောက်ကျီဝိုင်

သူတို့နှစ်ခုစလုံးတွင် အရက်ပါဝင်မှုပမာဏက များပြားသည့်တိုင်အောင် အရသာကတော့ ကွဲပြားနေခဲ့ပါသည်။

လီချန်ချင်းက ထိုအရက်များကို ချက်လုပ်ပြီးသည့်အခိုက်တွင် ကျန်းဖုကွမ်းကို မြည်စမ်းခိုင်းခဲ့ပါ၏။

မက်မွန်ပန်းဝိုင်မှာ မက်မွန်ပန်း၏ သင်းရနံ့ကို ရောယှက်ထားသောကြောင့် လွန်စွာမှကို မွှေးပျံ့ကာ ချောမွေ့လှပါ၏။ နွေဦးလေပြေထဲတွင် လမ်းလျှောက်နေရသည့်ခံစားချက်မျိုးကို ပေးစွမ်းလိမ့်မည် ဖြစ်သည်။

ရှောင်တောက်ကျီကတော့ မတူညီပေ။ သူက ပို၍ ပြင်းရှရှအရသာရှိပြီး ဦးနှောက်ထဲကို ထိုးဖောက်သွားစေမည့် စပ်ပြဲနေသည့်ခံစားချက်ကို ပေးစွမ်းပါသည်။ ဓားတချောင်း၏ ထက်မြမှုဟူသည့် အရှိန်အဝါကို ခံစားသွားစေရမည် ဖြစ်ပါသည်။

ထိုအရသာများက ကွဲပြားနေသည့်တိုင် နှစ်ခုစလုံးက ရွှင်ပျလန်းဆန်းစေသည့် ခံစားချက်ကို ပေးစွမ်းလိမ့်မည် ဖြစ်သည်။

ဝိုင်နှစ်မျိုးစလုံးမှာ ပြိုင်ဘက်ကင်းလှသောကြောင့် ကျန်းဖုကွမ်းကို မှင်သက်သွားစေခဲ့ပါ၏။ ထိုဝိုင်များမှာ သူအရသာခံကာ သောက်သုံးဖူးသမျှတွင် အကောင်းတကာ့အကောင်းဆုံးများ ဖြစ်ပါသည်။

ယခင်က သူသောက်သုံးခဲ့ဖူးသော အပြင်းဆုံးအရက်မှာ ထိုနှစ်ခုနှင့် နှိုင်းယှဉ်လျှင်တော့ မှေးမှိန်သွားခဲ့ပါ၏။

ထိုကဲ့သို့သော အဖြစ်မှာ သာမန်ဆိုသည်ကို လီချန်ချင်းက သိပြီးသားပင်ဖြစ်သည်။ ဝိုင်နှစ်မျိုးစလုံးမှာ ၅၀ဒီဂရီထက်ကို သာလွန်နေခြင်းကြောင့်ပင် ဖြစ်သည်။

အစားအသောက်မီနူးတွင် ရရှိမည့် စားစရာများကတော့ အအေးစာများဟု ပြော၍ရသည်။

-ပဲလှော်

-သခွားသီးထောင်း

-ကြက်ဥမြေပဲ

-အမဲသားခြောက်

ထိုအရာများအားလုံးမှာ အမြည်းများသာဖြစ်ပြီး လွန်စွာ ရိုးရှင်းပါ၏။

ကြက်ဥမြေပဲများမှာမူ လီချန်ချင်းက ယန်အိမ်၌ နေထိုင်စဉ်ကာလတုန်းက ပျင်းလွန်းသောကြောင့် လျှောက်လုပ်ထားခြင်း ဖြစ်ပါသည်။ တခါတရံတော့ သူက အပျင်းပြေဝါးဖြစ်၏။

ယခုတော့ ထိုလုပ်ထားသော ကြက်ဥမြေပဲများမှာ ရောင်းချရန်အတွက် အခွင့်အရေးရခဲ့ပြီ။

ကြက်ဥမြေပဲများကို စန်းယွမ်တိုက်ကြီး၌ ဘယ်သူမှ မစားဖူးကြချေ။

ကျန်းဖုကွမ်းက စိတ်ဝင်စားသောကြောင့် တကြိမ်တော့ မြည်းကြည့်ပါသည်။ မြည်းကြည့်ပြီးသည့်နောက်တွင် သူက အန်ထွက်လုနီးပါးဖြစ်ခဲ့၏။

သူ့အတွက်တော့ ထိုအရသာမှာ ဆိုးရွားလှပေသည်။

ဘယ်သူမှ ထိုအစားအစာကို မစားပါဟု ကျန်းဖုကွမ်းက တထစ်ချပြောခဲ့ပါသည်။

သို့သော် လီချန်ချင်းက ကျားသားရေငရုတ်ကောင်းမှုန့်ဖြူးကာ ရှာလကာရည်ကို အခြေခံကာ ပြုလုပ်ထားသော အချဉ်ရည်ကို ဖန်တီးပြီးနောက်တွင် အရသာမှာ လုံးဝကို ကွဲပြားကာ ပြောင်းလဲသွားခဲ့တော့သည်။

ကျန်းဖုကွမ်းမှာ လွန်စွာမှကို အံ့အားသင့်သွားခဲ့ပါသည်။

မိုးမှာ တဖွဲဖွဲနှင့် ရွာနေခဲ့ပါသည်။

မိုးရေများမှာ ကျိဝူမြို့ကို တိတ်ဆိတ်စွာဖြင့် ပက်ဖျန်းနေခဲ့လေ၏။

လီချန်ချင်းက အဝင်ဝတွင် ထိုင်နေရင်းနှင့် သားဖြစ်သူရောက်လာမည့်ရက်ကို လက်ချိုကာ တွက်ချက်နေခဲ့ပါသည်။

ယခင်တရက်တုန်းက လီချန်ချင်းက စာစောင်ရေးခဲ့သည်။ ထိုစာမှာ မဟာယွမ်မင်းဆက်သို့ ပို့ဆောင်ခဲ့ပြီး ယွမ်ဝူတိသို့ ဟု အမည်တပ်ထားခဲ့ပါသည်။

စာကို ချင်းလဲ့ဓားသခင်အနေနှင့် ရေးသားထားခဲ့ပြီး ကျန်းကောစံအိမ်တွင် တာဝန်ကျနေသည့် မဟာယွမ်မင်းဆက်မှ တပည့်များက လီဟမ်ရှန်းကို ကောင်းမွန်စွာ ဂရုစိုက်ပေးရန်အတွက် မျှော်လင့်ကြောင်းကို ရေးသားခဲ့ပါ၏။

နောက်စာတစောင်မှာမူ ကျန်းမူကျီအတွက် ဖြစ်ပါသည်။ သူက မြောက်ပိုင်းအေးခဲနိုင်ငံတွင် ရှိနေပြီဖြစ်သောကြောင့် လူကိုယ်တိုင်သွားရောက်လည်ပတ်ရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။

သို့သော် တော်ဝင်နေပြည်တော်သို့ ရောက်သည့်အခိုက်တွင်တော့ ကျန်းမူကျီက တံခါးပိတ်ကျင့်ကြံနေသည်ကို သိလိုက်ရပါသည်။

ကျန်းမူကျီနှင့် မတွေ့လိုက်ရသောကြောင့် လီချန်ချင်းကလည်း ပြန်လာခဲ့ရပါတော့သည်။

ကျန်းကောစံအိမ်တွင် စခန်းချထားသည့် အခြားသော တပည့်များကမူ ရှောင်မိသားစုမှ ဖြစ်ပေသည်။ လီချန်ချင်းက ရှောင်မိသားစုကို မသိပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများက တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲတွင် ဝင်ရောက်မဆင်နွှဲခဲ့သောကြောင့်ပင်။

“သခင်ကြီးလီချန်ချင်း”

ကျန်းဖုကွေးက မိုးရွာထဲမှ ချဉ်းကပ်လာပါသည်။

“ကျုပ်တို့ဆိုင်ဖွင့်တာ သုံးရက်တောင်ရှိပြီ။ ဘယ်သူမှလည်း လာမသောက်ကြဘူး”

“ဒီနေရာက အဲ့လောက်တောင်မှ ခေါင်ခိုက်နေရတာလား”

“လူမရှိပဲ တိတ်ဆိတ်တာကိုး” လီချန်ချင်းက ပြုံးလိုက်ပါသည်။

“အမြတ်များများရမယ်လို့လည်း မမျှော်လင့်ထားပါဘူး”

“မှန်ပါတယ်” ကျန်းဖုကွမ်းက ခေါင်းညိတ်ပြလိုက်ပါသည်။

မိုးရေစက်များမှာ ကျဆင်းလာခဲ့ပြီးနောက် ပတ်ဝန်းကျင်ကို လှပအောင် ပြုလုပ်ပေးနေခဲ့သည်။

လီချန်ချင်းမှာ သေးငယ်သည့် ခွေးခြေခုံလေးတလုံးတွင် ထိုင်ကာ အတွေးရေယဉ်ကျောထဲတွင် နစ်မြောနေခဲ့ပါ၏။

နေ့ခင်းအထိ မိုးများမှာ တဖွဲဖွဲနှင့် ရွာသွန်းနေခဲ့သောကြောင့် တုန်းဟွာလမ်းကြားလေးကို ပို၍ ခြောက်ကပ်နေစေခဲ့တော့သည်။

ခပ်သွက်သွက်နှင့် ပြေးလာသည့် ခြေသံများ ထွက်ပေါ်လာခဲပါသည်။

ကိုယ်ကာယတောင့်တင်းကြံ့ခိုင်သော လူတဦးသည် မိုးရွာထဲမှ အရက်ဆိုင်သို့ ပြေးလာခဲ့သည်။ သူ၏ မျက်နှာထက်တွင်လည်း ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာအပြည့်နှင့် ဖြစ်ပါသည်။

ချန်ချင်းသေရည်ဆိုင်ကို မြင်သောကြောင့် တုန့်ဆိုင်းမှုမရှိပဲ ပြေးလာခဲ့ခြင်းလည်း ဖြစ်၏။

“တိတ်တိတ်နေကြစမ်း၊ အသံထွက်တာနဲ့ သတ်ပစ်မယ်”

သူက ကျန်းဖုကွမ်းနှင့် လီချန်ချင်းကို ခြိမ်းခြောက်ကာ စားပွဲခုံတလုံး၏ အောက်တွင် ဝင်ပုန်းလိုက်ပါသည်။

All Chapters