← Chapters

အခန်း (၂၇၅)

Vol. 24 Ch. 275

အခန်း (၂၇၅)

Vol. 24 Ch. 275

“မြို့ဝန်ကို နှုတ်ခွန်းဆက်သပါတယ်”

လီဟမ်ရှန်းက လက်သီးဆုပ်ပြီး အရိုအသေပေးခဲ့ပါသည်။

“ယဉ်ကျေးလွန်းနေပါပြီ။ ယဉ်ကျေးလွန်းနေပါပြီ။ အရမ်းတွေ ယဉ်ကျေးလွန်းစရာ မလိုပါဘူး သူရဲကောင်းလီ။ ကျုပ်တို့အားလုံးက ဒီမှာမိသားစုတွေပါပဲ”

ကျန်းကောမြို့ဝန်က ရှက်ရွံ့သည့်ဟန်ပန်နှင့် ပြောလိုက်ပါသည်။

လီဟမ်ရှန်းက ထိုစကားကို တကြိမ်ထက်မက ကြားဖူးခဲ့ပါသည်။

ထိုစကားမှာ မကြာခဏ ပြောနေကျစကားလည်းဖြစ်ပါသည်။

သို့သော် ထူးဆန်းစွာဖြင့် ကျန်းကောမြို့ဝန်ပြောဆိုသည့်အချိန်တွင်တော့ ယန်ပါးထောင်တို့ ပြောသည့်နှင့် မတူညီသောခံစားချက်ကို ခံစားခဲ့ရပါသည်။

သူ့အပြောမှ မရိုးသားသည့် ခံစားချက်ကို အနည်းငယ်ခံစားနေရပါသည်။

ယန်ပါးထောင်နှင့် ယန်မိသားစုတို့၏ အပြောမှာမူ ထိုသို့ မဟုတ်ပဲ သူ့အပေါ်တကယ်ဂရုစိုက်သည့် ခံစားချက်ကို ရရှိပါသည်။

“ကျေးဇူးပြုပြီး ထိုင်ကြပါ”

“လမ်းခရီးမှာ ပင်ပန်းနေမှာပေါ့ သူရဲကောင်းလီ။ ဒီညမှာတော့ ကောင်းကောင်းအနားယူလိုက်ပါ” ကျန်းကောမြို့ဝန်က အပြုံးနှင့် ပြောလိုက်ပါသည်။

“ကျုပ်ကောင်းကောင်းပြုစုပေးပါရစေ”

“မြို့ဝန်က အရမ်းကို ကြင်နာတတ်လွန်းနေပါပြီ”

လီဟမ်ရှန်းက ပြန်ဖြေလိုက်သည်။

“လမ်းခရီးမှာ ကျွန်တော်က အရမ်းကို ကြန့်ကြာနေခဲ့ပြီးပါပြီ။ မြို့ဝန်က တရားဥပဒေစိုးမိုးရေးစီမံချက်တွေကို အခက်အခဲမရှိပဲ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အခုပဲ ကျားနက်ကန်ကို အမြန်သတင်းသွားပို့လိုက်ပါ့မယ်။ ကျားနက်ကန်က အခုချိန်မှာ စီမံမယ့်လူမရှိပဲ တစ်လလောက်တောင်ကြာပြီဆိုတော့ ဖြေရှင်းစရာတွေ အများကြီးရှိနေမှာပဲဆိုတာကို စိုးရွံ့မိပါတယ်”

ကျားနက်ကန်မှ လူများကို ထကြွမသောင်းကျန်းရဲအောင် ရီချင်းချန်က ရိုက်နှက်ခဲ့သည်ဟု ပြောသည့်တိုင် ရီချင်းချန်မရှိသည်မှာ တလကျော်ကြာပြီဖြစ်သောကြောင့် ပြသနာမည်မျှတက်နေမလဲဆိုသည်ကို ဘယ်သူကမှ မသိနိုင်ပါချေ။

ထိုစကားကြောင့် ကျန်းကောမြို့ဝန်မှာ သူ၏ လက်များကို ဝှေ့ယမ်းလိုက်ကာ ရယ်လျက်ပြောလိုက်၏။

“လောစရာမလိုဘူး။ လောစရာမလိုဘူး။ သူရဲကောင်းလီက ရောက်ရောက်ချင်းမှာ တာဝန်ကျတဲ့နေရာကို သွားလိုက်ရင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကသာ ပြန်သိရင် ကျုပ်က အိမ်ရှင်ကောင်းမဟုတ်ဘူးလို့ ထင်ကြလိမ့်မယ်။ ကျုပ်ပြောတာကို အရင်နားထောင်ပါ။ အရင်ဆုံးညစာစားကြတာပေါ့။ ပြီးတော့ စိတ်အပန်းဖြေရမယ့်နေရာတွေကို ခေါ်သွားပေးမယ်။ ကျန်းကောစံအိမ်ရဲ့ ရှုခင်းတွေကိုလည်း အေးဆေးသွားကြည့်ကြတာပေါ့”

“တကယ်ပဲ မလိုအပ်ပါဘူးခင်ဗျာ”

လီဟမ်ရှန်းမှာ ငြင်းဆန်နေ၏။ သူက ရှုခင်းကြည့်ဖို့လည်း စိတ်မပါပါချေ။

“အခြေအနေတွေက အရေးပေါ်ဖြစ်နေပါတယ်။ အချိန်ရပြီးေ နာက်မှပဲ မြို့ဝန်ဆီကို လာလည်ပါတော့မယ်”

လီဟမ်ရှန်းက ခေါင်းညိတ်ပြီးနောက် ဦးညွတ်ကာ အရိုအသေပေးလိုက်ပါတော့၏။

“ဒါကတော့…”

မြို့ဝန်က တခဏကြာသည်အထိ တုန့်ဆိုင်းနေခဲ့ပါသည်။ ထို့နောက်မှ ခေါင်းညိတ်ပြခဲ့ပါသည်.

“အဲ့လိုဆိုရင်လည်း သဘောပါ။ သူရဲကောင်းလီက အရမ်းစိုးရိမ်မှုများနေတာပဲ”

ထို့နောက်တွင် ကျန်းကောမြို့ဝန်က ပြုံးလိုက်ပြီးနောက် အပြင်တွင်ရှိသော တယောက်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်ပါသည်။

ချက်ချင်းဆိုသလိုပင် လူအိုကြီးတစ်ယောက်ရောက်လာပြီး သေတ္တာတလုံးကို ကမ်းပေးပါသည်။

သေတ္တာကိုဖွင့်လိုက်ရာ အတွင်းတွင် အရောင်တောက်ပနေသော ရွှေရောင်တိုကင်ပြားတခုကို တွေ့ရမည် ဖြစ်သည်။

ကျန်းကောမြို့ဝန်က ထိုတိုကင်ပြားကို လီဟမ်ရှန်းထံသို့ ကမ်းပေးရင်း အပြုံးနှင့်ဆိုလိုက်ပါသည်။

“အဲ့ဒါဆိုရင် စစ်ဆေးရေးမှုးလီက တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို အနာဂတ်မှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ မဖြေရှင်းနိုင်တဲ့ကိစ္စရပ်တွေ ရှိလာရင်တော့ အချိန်မရွေး ကျုပ်ဆီကိုလာပြောပါ”

“ကျေးဇူးတင်ပါတယ် မြို့ဝန်”

လီဟမ်ရှန်းက တိုကင်ကိုယူပြီး စစ်ဆေးပြီးနောက်တွင် မျက်မှောင်ကြုံ့သွားခဲ့ပါသည်။

တကယ့်ကိုပဲ စစ်ဆေးရေးမှုးတိုကင်ဖြစ်သည့်တိုင် ကျားနက်ကန်၏ တိုကင်ဟုတ်မနေပဲ၊ မြွေဖြူလမ်း၏ တိုကင်ဖြစ်နေခဲ့ပါ၏။

“မြို့ဝန် ကျွန်တော့်ကို တိုကင်များမှားပေးတာပါလား” လီဟမ်ရှန်းက တိုကင်ကို ပြန်ပေးကာ ပြောလိုက်၏။

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက တပည့်တွေက ကျားနက်ကန်မှာပဲ စခန်းချပြီး တာဝန်ယူတာပါ။ ဒါက မြွေဖြူလမ်းကြီးဖြစ်နေတယ်”

“အဲ့လိုလား” ကျန်းကောမြို့ဝန်က တံဆိပ်ကို ပြန်ယူကာ အံ့အားသင့်နေသည့်ဟန်ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် တိုကင်ကို စေ့စေ့စပ်စပ်နှင့် စစ်ဆေးနေခဲ့ပါ၏။

ထိုအချိန်မှာပင် သူ့နံဘေးက လူအိုကြီးက လှမ်းသတိပေးသည်။

“မြို့ဝန်က ဘယ်လိုဖြစ်လို့ မေ့သွားတာလဲ။ အဲ့ဒီ့မြွေဖြူလမ်းကြောင်းက ဖန်းကျစ်လျိုကို နေရာရွှေ့ထားတယ်လေ”

“အိုး ဟုတ်သား ဟုတ်သားပဲ”

မြို့ဝန်က သူ၏ နဖူးကို ရိုက်လိုက်ပြီးရယ်မောလျက်ပြောလိုက်ပါသည်။

“ဘယ်လိုဖြစ်လို့များ မေ့နေရတာလဲ။ ဒီလိုအရေးကြီးကိစ္စကို မေ့နေရတယ်လို့”

မြို့ဝန်က လီဟမ်ရှန်းကို ရှင်းပြလိုက်ပါသည်။

“သိပ်မကြာခင်တုန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ရီချင်းချန်ထွက်သွားပြီးတော့ ကျားနက်ကန်က ခေါင်းဆောင်မဲ့နေခဲ့တာပဲ။ အဲ့ဒီ့အချိန်မှာ နယ်ခံအင်အားစုတွေက ထကြွလာတာကြောင့် မြွေဖြူလမ်းက စစ်ဆေးရေးမှုး ဖန်းကျစ်လျိုကို ကျားနက်ကန်ကိုသွားပြီး ဖိနှိပ်ခိုင်းထားရတာပါ”

“ဖန်းကျစ်လျိုက အရမ်းကို ထိရောက်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး အဲ့ကအခြေအနေတွေကို ဖြေရှင်းခဲ့တာကြောင့် အဲ့ကလူတွေက သူ့အမိန့်ကို လုံးဝကို လိုက်နာပြီး ပြသနာမရှာရဲကြတော့ဘူး။ နောက်ပိုင်းမှာ ကျုပ်ကတွေးမိလာတယ်။ ဖန်းကျစ်လျိုကို အဲ့နေရာမှာပဲ တာဝန်ချလိုက်တာက ပိုကောင်းမယ်ဆိုပြီးတော့ပေါ့။ ဖန်းကျစ်လျိုကို မေးကြည့်တော့ သူကလည်း မငြင်းပဲ သူ့ရဲ့ ရွှေတိုကင်ကို ပြန်အပ်ခဲ့တာ”

ကျုပ်ကလည်း လုံးဝကို အလုပ်ရှုပ်နေပြီးတော့ ဒီအကြောင်းကို မေ့နေခဲ့တော့တာပါပဲ။ ကျားနက်ကန်က အရင်တုန်းက အရမ်းကို ဗရမ်းဗတာဖြစ်နေခဲ့တာ။ သူရဲကောင်းလီရဲ့ ခွန်အားနဲ့ဆိုရင်တော့ ကိုင်တွယ်နိုင်မှာ မဟုတ်လို့ ဒီဆုံးဖြတ်ချက်ကို ကျုပ်က ချမှတ်ခဲ့ရတာပါ။ ဒါပေမယ့် အဆင်ပြေတယ်။ မြွေဖြူလမ်းက တကယ့်ကို ရတနာသိုက်။ ပတ်ဝန်းကျင်ရှုမျှော်ခင်းတွေကလည်း သိပ်ကို လှပသလို၊ အဲ့က အုပ်ချုပ်ရေးအခြေအနေကလည်း သိပ်ကို ကောင်းတာနော်။ အဲ့ကို သွားတာနဲ့ သူရဲကောင်းလီက အေးဆေးနေလို့ရပြီ”

“ဟား ဟား ဟား”

ကျန်းကောမြို့ဝန်က ရွှင်ပျစွာ ပြောလိုက်သည်။

လီဟမ်ရှန်းက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“ဒီလိုမျိုး နေရာအပြောင်းအလဲကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို အကြောင်းကြားထားပြီးပြီလား”

ထိုစကားကိုကြားသော် ကျန်းကောမြို့ဝန်၏ မျက်နှာထက်မှ အပြုံးသည် တဖြေးဖြေးနှင့် ပျောက်ကွယ်သွားတော့သည်။

သူ မပြောနိုင်ခင်မှာပင် လူအိုကြီးက အော်ဟစ်လိုက်သည်။

“သူရဲကောင်းလီရဲ့ စကားအဓိပ္ပာယ်က ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့မြို့အရှင်က သူရဲကောင်းလီကို အဆင်ပြေမယ့်အနေအထားကို စီစဉ်ပေးတာလေ။ သူရဲကောင်းလီက မြို့အရှင်ရဲ့ စေတနာကို သံသယဝင်နေတာလား”

“နောက်ထပ်တခု သတိပေးပါရစေ။ ကျန်းကောစံအိမ်က မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ နယ်နမိတ်ထဲမှာနော်။ မဟာယွမ်မင်းဆက်ဖြစ်ဖြစ်၊ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းပဲ ဖြစ်ဖြစ် ဒီကိုလာတာက လူအင်အားထောက်ပံ့တဲ့အဆင့်မှာပဲရှိတာကို မမေ့စေလိုဘူး”

“ကျုပ်တို့ မြောက်ပိုင်းအေးခဲနိုင်ငံကို ဆုံးဖြတ်ချက် ဘယ်လိုချရမလဲဆိုတာကို သင်ပေးနေစရာမလိုဘူး။ ဒီကိုလာတာက စစ်ဆေးရေးမှုးလာလုပ်တာ၊ အပန်းဖြေခရီးလာထွက်တာမဟုတ်ဘူးမဟုတ်လား။ မင်းရဲ့ တာဝန်ကျတဲ့နေရာကို မင်းစိတ်ကြိုက်ရွေးဖို့အာဏာ မင်းမှာမရှိဘူး”

“လူအိုကြီးဟူ”

ကျန်းကောမြို့ဝန်က ခံစားချက်မဲ့စွာဆိုလိုက်သည်။

“စကားကို ဘယ်လိုပြောနေတာလဲ။ ဒါက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ပါရမီရှင်နော်။ ခင်ဗျားစကားပြောတာ ကြမ်းတမ်းနေပြီ”

“ကောင်းပြီ သူရဲကောင်းလီ။ ဒီကိုရောက်ပြီးမှတော့ တာဝန်ကျနေရာကို မသွားခင်မှာ ညစာလေးစားသွားပါဦး။ ကျုပ်က အစေခံတွေကို သေရည်နဲ့ စားစရာတွေကို ပြင်ဆင်ခိုင်းပြီးပါပြီ”

ကျန်းကောမြို့ဝန်က ဟန်လုပ်ပြုံးကာ ဆိုလိုက်သည်။

“မလိုဘူး”

လီဟမ်ရှန်းမှာ ထိုလူနှစ်ယောက်၏ အပြုအမူနှင့် လုပ်ကွက်များကို ထွင်းဖောက်မြင်ပြီးသား ဖြစ်ပါသည်။

တိုကင်ကို ဆတ်ကနဲ ဆွဲယူကာ လီဟမ်ရှန်းက ဝူစန်းထောင်နှင့် အတူတူပြန်ထွက်သွားခဲ့ပါ၏။

လီဟမ်ရှန်း၏ ကျောပြင်ကို ကြည့်ရင်းနှင့် မြို့ဝန်မျက်နှာထက်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပါသည်။ သူ့အကြည့်များမှာ ရွံရှာစက်ဆုပ်မှုများအပြည့်နှင့် ဖြစ်သွားခဲ့ပါ၏။

“ဟမ့် အစွမ်းအစက မရှိတဲ့အပြင် ဒေါသကပါ ကြီးနေသေးတယ်။ သောက်ရှက်လည်း မရှိဘူး”

“ဒီလူက စစ်ဆေးရေးမှုးရာထူးကို လာယူတာတောင် သူ့အကို ရီချင်းချန်လိုပဲ လက်ဗလာနဲ့လာနေသေးတယ်။ နှစ်ယောက်စလုံးက တထပ်တည်းဆင်တူတယ်”

“မဟုတ်ဘူး မဟုတ်ဘူး” ကျန်းကောမြို့ဝန်က အမြန်ပြောလိုက်သည်။

“မဟုတ်သေးဘူး လူအိုကြီးဟူ၊ ကျုပ်က ဒီကလေးကို သဘောမကျပေမယ့် ရီချင်းချန်နဲ့ တတန်းတည်းထားပြောတာကတော့ များသွားပြီ”

လူအိုကြီးဟူမှာ တိတ်ဆိတ်သွားပါသည်။

ထိုရီချင်းချန်မှာ မိနစ်ပိုင်းမျှသာ စကားပြောလိုက်ရုံနှင့် ရိုက်သတ်ချင်အောင် လုပ်နိုင်သည့် အစွမ်းရှိသူဖြစ်သည်။

လီဟမ်ရှန်းမှာ ထိုအဆင့်သို့ မရောက်သေးမှန်း သိသာလှပေ၏။

“ဘာပဲဖြစ်ဖြစ် သူကော သူ့စီနီယာအကိုကောက သောက်မြင်ကပ်စရာတွေကြီးပဲ။ အဲ့တော့ မြွေဖြူလမ်းက လူတွေက သင်ခန်းစာကောင်းကောင်းပေးပါစေ”

ထိုစကားကိုပြောပြီးနောက်တွင် ကျန်းကောမြို့ဝန်၏ မျက်လုံးများတွင် အေးစက်သောအရှိန်အဝါများ ဖြတ်ပြေးသွားခဲ့ပါတော့သည်။

All Chapters