← Chapters

အမွှေးတိုင်အရေအတွက်ဆယ်သန်း.....ကျင်းတိုင်ကျုံး.....

Vol. 9 Ch. 122

အမွှေးတိုင်အရေအတွက်ဆယ်သန်း.....ကျင်းတိုင်ကျုံး.....

Vol. 9 Ch. 122

ကျန်းဇီယုသည် လက်ထဲတွင် လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ဆောင်ကာ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာနေသော မိုးကို ပြတင်းပေါက်ဘေးကနေ တိတ်တဆိတ် ကြည့်နေသည်။

နှစ်တွေကြာလာတာနဲ့အမျှ သူအသက်ကြီးလာတာ အရမ်းမြန်သည်။ အသက် ခုနစ်ဆယ် အရွယ်တွင် သူသည် ယခင်ကဲ့သို့ ဂုဏ်သိက္ခာ မရှိတော့ပေ။ ဘဝနေမဝင်ခင်အချိန်များကို သာမန်လူတစ်ယောက်လိုပင်ဖြတ်သန်းနေသည်။

“ဒါဆို အဖေ့စကားမှန်တယ်... အဖေက တကျန်းရဲ့ ကံကြမ္မာပဲ......"

ကျန်းဇီယု ပြုံးပြီး ရေရွတ်လိုက်သည်။ သူ့ဘဝတစ်လျှောက်လုံးဂုဏ်သိက္ခာကြီးမားခဲ့သည်မှာ သူ့အဖေ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

အခုတော့ထွက်ခွာရန် အချိန်တန်ခဲ့လေပြီ.....

တစ်နာရီအကြာတွင်၊ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြင်မှ ပူလောင်သောအပူရှိန်ကို ကျန်းချန်ရှန်း ဆက်လက်တွန်းထုတ်နေချိန်တွင် လေဟာနယ်ထဲတွင် ဖြတ်ကနဲ ပျောက်ကွယ်သွားခဲ့သည်။

အခြားတစ်ဖက်တွင်၊ ကျန်းချန်ရှန်း၏ရုပ်သွင် ချန်းပြည်နယ်အထက်တွင် ပေါ်လာပြီး ချန်းပြည်နယ်မှ ပြည်သူများအား မိုးသည်းထန်စွာရွာသွန်းစေကာ မိုးသက်လေပြင်းများတိုက်ခတ်စေခဲ့သည်။

ခြံဝင်းအတွင်းတွင်.....

ကျန်းချန်ရှန်း လက်ရှိတွင် တရားထိုင်နေသည်။ သူထုတ်လွှတ်လိုက်သမျှတွေက ကိုယ်ပွားတွေချည်းသာပင်.... တကျန်းက အရမ်းကြီးမားတဲ့အတွက် လေနှင့်မိုးဆင့်ခေါ်ခြင်းနတ်ဘုရားစွမ်းရည်ကိုသုံးနိုင်သော်လည်း တကျန်း တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူသည် မိုးရွာရန် ဆုတောင်းပေးဖို့ သင့်လျော်သောနေရာကို ရှာဖွေရန် သူ၏ အခြားကိုယ်ပွား ၇၂ ခုကို ထုတ်ပေးပြီး နှစ်ရက်ကြာအောင် နေထိုင်ခဲ့သည်။ ထို့နောက် သူသည် သူ၏ကိုယ်ပွားနည်းပညာကို မဖော်ထုတ်နိုင်စေရန် မိုးရွာရန် ဆုတောင်းပေးသည်။ အများစုကတော့ တာအို ဘိုးဘေး တစ်နေရာကနေတစ်နေရာ နေရာကူးတာ အရမ်းမြန်တယ်လို့သာ ထင်နေလိမ့်မည်။

ကျန်းချန်ရှန်း သူ့အခန်းထဲမှာ ပုန်းနေသည်ကို ဓားဘုရားနဲ့ ကျန်းဂျန်တို့တောင် မသိခဲ့ကြပေ။

နေ့တစ်ဝက်ခန့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခဲ့သည်။ မိုးရွာပြီး ကောင်းကင် ကြည်လင်လာပြီးနောက် တစ်မြို့လုံး ရွှင်မြူးနေကြသည်။

လာမည့်ရက်အနည်းငယ်အတွင်း၊ ကျန်းချန်ရှန်း၏ကိုယ်ပွားများသည် မိုးသက်လေပြင်းတိုက်ခတ်မှုကို အဆက်မပြတ်ပြသခဲ့ပြီး ပြည်နယ် 72 ခုတွင် မိုးလုံလောက်စွာရရှိစေခဲ့သည်။ ဤအံ့ဖွယ်အမှုကို အနီးနားရှိ မင်းဆက်များကိုလည်း သိစေခဲ့သည်။ တာအိုဘိုးဘေး၏ စွမ်းဆောင်နိုင်မှုကြောင့် တကျန်း တပြည်လုံး အံ့သြသွားကြသည်။ ထိုအချိန်မှစ၍ ဘိုးဘေးအတွက် သာမန်လူများအပြင် သိုင်းပညာရှင်များကပါ ၎င်းတို့၏နေအိမ်များတွင် အမွှေးတိုင်ထွန်းညှိပူဇော်ခဲ့ကြသည်။

တောင်ဘက်သစ်တောတစ်ခုတွင် ...

ချီယွမ်နှင့်တပည့်တစ်စုသည် အသစ်တည်ဆောက်ထားသော တာအိုဘုရားကျောင်းရှေ့တွင် မိုးရွာနေသဖြင့် ပျော်ရွှင်စွာ ရပ်နေကြသည်။

"တကယ် မိုးရွာနေတယ်! တာအို ဘိုးဘေးက တကယ့်ကို အမတနတ်ဘုရားပဲ!”

"ဆရာပြောတာမှန်တယ်....တာအိုဘိုးဘေးက ကြွားလုံးထုတ်တာ မဟုတ်ဘူး.....”

“အံ့သြစရာကောင်းတယ်..... ဒီအတိုင်း မိုးရွာလာတာကိုပဲကြည့် ဒီနေရာက ရှီပြည်နယ်နဲ့ မိုင်လေးသောင်းဝေးတယ်..... ”

" တာအိုဘိုးဘေးကို ယုံကြည်ပါ... စစ်ပွဲတွေ ဆက်ဖြစ်မှာ မဟုတ်ဘူး.....ကံတရားက ငါတို့ဘက်မှာရှိတယ်!”

“ဒါဆို ဒီကမ္ဘာမှာသိုင်းပညာအပြင် အင်မော်တယ်ပညာတွေရှိတယ်ပေါ့....”

သူတပည့်များ၏ ညည်းတွားသံကို နားထောင်ရင်း၊ ထိုနေ့တွင် ကျန်းချန်ရှန်း တောင်ကို ရွေ့လျားနေသည့် မြင်ကွင်းကို ချီယွမ် သတိရသွားသည်။

ကျန်းချန်ရှန်းသည် သူ့ရှေ့တွင် သိုင်းတောင်ထိပ်ကို ဖယ်ထုတ်ခြင်းကို သက်သေခံနေသည်မှာ တောင်ကို မြှောက်ပြီး ရှေ့သို့ ရွေ့သွားသည်ကို မြင်တွေ့ရသည်ထက် ပို၍ တုန်လှုပ်စေခဲ့သည်။

ထိုနေ့မှစ၍ ကျန်းချန်ရှန်းသည် ချီယွမ် ၏နှလုံးသားထဲတွင် အမတနတ်ဘုရားတစ်ဆူဖြစ်လာခဲ့သည်။

ချီယွမ်က စိတ်ခံစားမှုတွေ လွှမ်းခြုံနေသောအသံဖြင့်.....

" တာအိုဘိုးဘေးက ငါတို့ကို ကာကွယ်ပေးတဲ့အတွက် မင်းရဲ့ဆန္ဒက ခိုင်မာရမယ်..... အနာဂတ်မှာကမ္ဘာကြီး ငြိမ်းချမ်းတဲ့အခါ ကျုပ်တို့တွေ ကြီးစွာသော ကုသိုလ်တရားတွေ ရရှိကြပြီး သေဆုံးပြီးရင် နတ်ဘုရားတွေ ဖြစ်လာကြလိမ့်မယ်.....”

တပည့်များက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မားကြလာသည်။

သုံးရက်လောက်ကြာသောအခါ.....

ကျန်းချန်ရှန်း အိမ်ထဲမှပျောက်ကွယ်သွားပြီး မြေကြီးဝိညာဉ်သစ်ပင်အောက်တွင် ပေါ်လာသည်။

ကျန်းဂျန်နဲ့ပိုင်ချီက သူ့ကိုတွေ့တော့ စိတ်လှုပ်ရှားသွားပြီး အခြေအနေကို မေးမြန်းဖို့ ရောက်လာသည်။

"ဘိုးဘိုး.... တကျန်းတစ်ခုလုံးမှာ မိုးရွာနေပြီလား...." ကျန်းဂျန်က မျှော်လင့်တကြီး မေးလိုက်သည်။

ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူသည် ပထမဆုံးအကြိမ်အဖြစ် ဝိဉာဉ်စွမ်းအားများကို အများအပြားသုံးစွဲခဲ့ခြင်းပင်.... ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသည့်အတွက် သူ၏ကိုယ်ပွားများ အားလုံး ပျောက်ကွယ်သွားကာ ပြန်မလာနိုင်တော့ပေ။

ကျန်းဂျန် ထိုစကားကိုကြားသောအခါ အလွန်အံ့သြနေသည်။

ပိုင်ချီက ကျန်းချန်ရှန်း၏ဖိနပ်များကို လျာဖြင့်ယက်ချင်သော်လည်း ကျန်းချန်ရှန်းက သူမ၏နဖူးကို လက်ချောင်းတစ်ချောင်းဖြင့် ဖိကာ ရှေ့မတိုးနိုင်စေရန် တားထားရသည်။

အဝေးမှာရပ်နေသော ဓားနတ်ဘုရားက..... “ဒါက သိုင်းပညာလား.. ဒါမှမဟုတ် အင်မော်တယ်နည်းစနစ်လား သိခွင့်ရှိမလား...”

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီ..... "ဒီကမ္ဘာမှာ အင်မော်တယ်နည်းစနစ်ဆိုတာ မရှိပါဘူး.... မင်းရဲ့နယ်ပယ် ပိုမြင့်လာတဲ့အခါ မင်းလည်း ဒါမျိုးတွေ လုပ်နိုင်မှာပါ....."

ထိုစကားကြောင့် ဓားဘုရား စိတ်သက်သာရာရသွားခဲ့သည်။ ၎င်းသည် အင်မော်တယ်နည်းစနစ်မဟုတ်သေးသရွေ့ သူအမီလိုက်နိုင်ရန် မျှော်လင့်ချက်ရှိသေးသည်။

ကျန်းချန်ရှန်း နောက်ကိုလိုက်ဖြစ်မည်ဆိုပါက သူရရှိမည့်တိုးတက်မှုကို တွေးကြည့်ရင်း သူ၏အကြည့်များ တောက်လောင်လာသည်။

ကျန်းချန်ရှန်းက “လေနဲ့မိုးကို ဖိတ်ခေါ်တာဟာ ကောင်းကင်နဲ့မြေကြီးရဲ့ အလိုဆန္ဒတစ်မျိုးပါပဲ....အဲဒါကို စဉ်းစားကြည့်ပါ....”

ဒါကိုကြားတော့ ဓားဘုရား တုန်လှုပ်သွားသည်။သူ ချက်ချင်းပဲ ထောင့်နားကို လျှောက်သွားပြီး တရားထိုင်လိုက်တော့သည်။

စီနီယာက သူ့ကို လမ်းညွှန်ပေးနေပြီ.....

ကျန်းဂျန် လေးလေးနက်နက် လေ့ကျင့်စပြုလာသည်။ ရွှေကိုယ်ထည်နယ်ပယ်က မလုံလောက်တော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။အခု သူ၏ ပန်းတိုင်မှာ စကြဝဠာ နယ်ပယ်ထက် ပိုမြင့်သော နယ်ပယ် ဖြစ်နေခဲ့ပြီ......

ကျန်းချန်ရှန်းသည် နောက်ထပ် တစ်နှစ်ခွဲကြာအောင် ပူပြင်းသော အပူဒဏ်ကို ဖြတ်ကျော်နိုင်ရန် တကျန်းကို ကူညီဖို့ လစဉ်မိုးရွာရန် ဆုတောင်းပေးခဲ့သည်။

ကောင်းကင်မှ နှင်းများကျလာပြီး ဘေးဆိုးကြီး ကုန်ဆုံးသွားသည့် ဆောင်းရာသီသို့ရောက်လာသည့်အခါ....

"ချန်းဝူခေတ်၏ 49 နှစ်တွင်၊ တစ်နှစ်ခွဲမိုးခေါင်ခဲ့သည်။ သင်သည် ဘေးဆိုးမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် ၀င်္ကပါမှတ်တမ်းကို ရရှိခဲ့သည်။"

မျှော်လင့်ထားသည့်အတိုင်း၊ နောက်ထပ် ရှင်သန်ခြင်းဆုလာဘ်ကို ရရှိခဲ့သည်။

ကျန်းချန်ရှန်းသည် ၀င်္ကပါမှတ်တမ်း ကို တိတ်တဆိတ် လက်ခံရရှိခဲ့ပြီး စိတ်ကောင်းဝင်နေသည်။ ၀င်္ကပါမှတ်တမ်းသည် ပုံနှိပ်စာအုပ်ဖြစ်ပြီး ၀င်္ကပါများတည်ဆောက်ပုံကို အသေးစိတ်ရေးသားထားသည်။ ဤ၀င်္ကပါမှတ်တမ်းတွင် ၀င်္ကပါ ရာပေါင်းများစွာကို မှတ်တမ်းတင်ထားသော်လည်း ၎င်းတို့အားလုံးသည် အခြေခံများဖြစ်သည်။ ၀င်္ကပါ တွေမှာ ဖျက်အားပြင်းတဲ့ စွမ်းအားမရှိပေမယ့် ကျန်းချန်ရှန်းအတွက် လုံလောက်ပေသည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲတွင်၊ ကျန်းချန်ရှန်း၏ အမွှေးတိုင်တန်ဖိုး တဟုန်ထိုးတက်လာခဲ့ပြီး ယခင်က အမွှေးတိုင်တန်ဖိုး တိုးလာသည့်နှုန်းကို ကျော်လွန်သွားခဲ့သည်။ ထို့အပြင်၊ သူသည် ပြည်နယ် ၇၂ ခုတွင် တစ်ကြိမ်ထက်ပို၍ မိုးသက်လေပြင်းဆင့်ခေါ်ခြင်းကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံသားများက သူ့ကို နတ်ဘုရားအဖြစ် သတ်မှတ်ကြသည်။

နှစ်ကုန်တွင် သူ၏ အမွှေးတိုင်အရေအတွက် ဆယ်သန်းကျော် ရှိခဲ့သည်။ တစ်နည်းဆိုရသော် တစ်နှစ်ခွဲအတွင်း လူသန်းပေါင်းများစွာက သူ့အတွက် အမွှေးတိုင်များ ထွန်းညှိပူဇော်ပေးခဲ့ကြသည်။ ဤနံပါတ်သည် ကြောက်မက်ဖွယ်ဖြစ်နေပြီဖြစ်ပြီး ကြီးမြတ်သော ဂုဏ်သိက္ခာကို ပြသရန် လုံလောက်ပါသည်။

ချန်းဝူခေါတ်၏ နှစ်ငါးဆယ်တွင်.....

ကျန်းချန်ရှန်းက ကျန်းဂျန်ကို ကျန်းဇီယုဆီသို့ ခေါ်သွားခဲ့သည်။ ကျန်းဇီယုသည် အခြားမင်းသားများနှင့် တွေ့ဆုံနေပြီး ကျန်းရှု လည်း ရှိနေပါသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျန်းဇီယုသည် မယုံနိုင်လောက်အောင် အားနည်းနေသည်။ သူ့ကိုဒီလိုမြင်တော့ ကျန်းဂျန်စိတ်ရှုပ်သွားကာ ကုတင်ဘေးမှာ ထိုင်ပြီး သူ့အခြေနေကို မေးမြန်းနေသည်။

ကျန်းဇီယုက ကျန်းဂျန်၏ ခေါင်းကို ပုတ်ပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။

“အဖေ… အသုံးမကျတဲ့ဒီသားက အရင်သွားနှင့်ပါတော့မယ်...."

သူထိုသို့ ပြောလိုက်သည့်အခိုက်တွင် ကျန်းဂျန် မျက်လုံး ပြူးကျယ်လာပြီး ကျန်းချန်ရှန်းကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ…

ဆရာတော်ဘိုးဘိုးက တကယ်ပဲ သူ့အဖိုးလား.....

ဘာတွေဖြစ်ကုန်တာလဲ?

ကျန်းချန်ရှန်း အိပ်ရာပေါ်သို့ ရောက်ရှိလာပြီး ကျန်းဇီယုအတွက် ခွန်အားပြန်လည်ရရှိစေရန် ပြန်လည်နုပျိုခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။

မကြာခင်မှာပဲ ကျန်းဇီယု ခွန်အားတွေ ပြန်ရလာသလို ခံစားလိုက်ရပြီး ကုတင်ပေါ်ကနေ ဖြည်းညှင်းစွာ ထထိုင်လိုက်ကာ ....“အဖေက အကောင်းဆုံးပဲ.....”

ကျန်းချန်ရှန်းက "မင်းမှာ မပြည့်စုံသေးတဲ့ ဆန္ဒတွေရှိလား"

သူ့တွင် သားလေးတစ်ယောက်သာရှိသောကြောင့် သူနှင့်မခွဲနိုင်ပေ။

ကျန်းဇီယုက ပြုံးလိုက်ပြီး...."တကျန်းက ကမ္ဘာကြီးကို ပေါင်းစည်းဖို့ဆိုတဲ့ဆန္ဒကပြည့်ပြီးနေပြီလဲ...ဘာလဲအဖေ ကျွန်တော့်ကို ပုံရိပ်ယောင်တွေနဲ့ပုံဖော်ပြမလို့လား...ဟားးးဟားးးး"

ကျန်းဂျန် တုန်လှုပ်နေဆဲပင်... ကျန်းရှုကို လှည့်ကြည့်လိုက်တော့ ငြိမ်သက်နေတာကို တွေ့လိုက်ရသည်။ သူ့အစ်ကို အမှန်တရားကို သိနေပြီမှန်း နားလည်လိုက်သည်။

“မင်းတို့ နှစ်ယောက် အေးဆေးစကားသွားပြောကြ...ငါ မင်းတို့အဘိုးနဲ့ သီးသန့်စကားပြောချင်တယ်..." ကျန်းဇီယုက လက်ကို ဝှေ့ယမ်းပြီး နှင်ထုတ်လိုက်သည်။

ကျန်းရှုက ကျန်းဂျန်ကို ဘေးခန်းသို့ ချက်ချင်းဆွဲခေါ်သွားလေသည်။

ကျန်းချန်ရှန်း ကုတင်ဘေးတွင် ထိုင်လိုက်တာကိုမြင်တော့ ကျန်းဇီယုက ငယ်ငယ်တုန်းကလို သူ့ပေါင်ပေါ်မှာ လှဲလျောင်းလိုက်သည်။ ကျန်းချန်ရှန်းသည် အသက်ဆယ့်ရှစ်နှစ်အရွယ်လိုနုပျိုနေသော်လည်း သူကတော့ မကြာခင်မီးစာကုန်တော့မည့်သူပင်....မည်သို့ပင်ဆိုစေ သူ့စိတ်ထဲတွင် ကျန်းချန်ရှန်းသည် အမြဲတမ်းသူ့အပေါ် ကာကွယ်ပေးထားသော မဟာတံတိုင်းကြီးတစ်ခုပင်.......

“အဖေ....အမေ့ကို ရုတ်တရက် သတိမိတယ်.... သူက ငယ်ငယ်ကတည်းက ကျွန်တော့်ကို စောင့်ကြည့်နေခဲ့တ...ကျန်းဇီဟန်နဲ့ ရန်ဖြစ်တုန်းကအကြောင်း မှတ်မိနေသေးတယ်... ကျန်းဇီဟန် ကျွန်တော့်ကို ရိုက်နှက်ဖို့ လူတစ်စုကို ခေါ်ခဲ့ပေမယ့် အမေ ရုတ်တရက် ပေါ်လာတယ်....."

ကျန်းဇီယုက သူပြောချင်တာတွေကို တခုချင်းစီပြန်ပြောနေသည်။ ကျန်းချန်ရှန်း သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန်းဇီယု လုံချီဘုရားကျောင်းတွင်နေခဲ့တုန်းကလို သူ့ကျောကို ညင်သာစွာ ပွတ်သပ်ရင်း သူ့သားပြောသမျှကို ဂရုတစိုက်နားထောင်ပေးခဲ့သည်။

ဝေ့ဝမ်သည် ကမ္ဘာကြီးကို တုန်လှုပ်စေသော တကျန်းဧကရာဇ်အဖြစ် ကြီးပြင်းလာခဲ့သည်။ နှစ်ထောင်ပေါင်းများစွာအတွင်း မည်သူမျှ မမြင်ဖူးသော ကြီးမားသော အောင်မြင်မှုများကိုလည်း ပြီးမြောက်အောင်မြင်ခဲ့သည်။

ကျန်းဇီယု၏ဘဝကို ပြီးပြည့်စုံသည်ဟု ယူဆနိုင်သည်။ ငယ်စဉ်အခါက မင်းဆက်အတွက် အလှည့်အပြောင်းများကိုဆောင်ကျဉ်းပေးခဲ့ပြီး နယ်မြေများစွာကို သိမ်းပိုက်ခဲ့သည်။ သူ့ဘဝရဲ့နောက်ဆုံးချိန်အထိ သူဟာ အလုပ်ကြိုးစားပြီး ဘာအမှားမှ မလုပ်ခဲ့ဖူးပေ။

ကျန်းချန်ရှန်းအနေဖြင့် ကျန်းဇီယုအတွက် အလွန်ဂုဏ်ယူခဲ့သည်။ ကျန်းဇီယုကို ထောက်ခံဖို့အတွက် အင်အားကြီးသော ရန်သူများနှင့်ပင် ရင်ဆိုင်ခဲ့ရသည်။ ကျန်းဇီယု၏ ကြိုးစားအားထုတ်မှုကြောင့် မင်းဆက်၏ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်သည်လည်း ကောင်းမွန်စွာလည်ပတ်နိုင်ပြီဖြစ်သည်။ ခက်ခက်ခဲခဲလုပ်ရတဲ့ ဒီအလုပ်တွေက သာမန်လူတွေ စိတ်ကူးယဉ်လို့ရသည့်အရာမျိုးမဟုတ်ပေ။

သားအဖနှစ်ယောက် စကားအကြာကြီး ပြောဖြစ်ခဲ့ကြသည်။ထို့နောက် ကျန်းချန်ရှန်း ထွက်ခွာသွားပြီး ကျန်းဂျန်ကတော့ သူ့ဖခင်နှင့်အတူကျန်ခဲ့သည်။

ဇူလိုင်လတွင်......

သက်တော် ၇၁ နှစ်အရွယ်တွင် ဧကရာဇ်ကျန်းဇီယု နတ်ရွာစံခဲ့သည်။

အိမ်ရှေ့မင်းသား ကျန်းရှုက ထီးနန်းဆက်ခံပြီး ဧကရာဇ်နတ်ရွာစံခြင်းကြောင့် တကမ္ဘာလုံး ပူဆွေးခဲ့ကြသည်။

ကျန်းဇီယု၏ပံ့ပိုးကူညီမှုကို စီရင်စုဆယ့်သုံးခုမှနိုင်ငံသားများသာ သိရှိကြပြီး မင်းကောင်းမင်းမြတ်တပါးကိုမည်သူလက်လွတ်ချင်မည်နည်း......

ကျန်းဇီယု ကွယ်လွန်သောအခါ ကျန်းချန်ရှန်း သည် သူ့အား ကောင်းချီးပေးရန် အမွှေးတိုင် 200,000 ကို တိတ်တဆိတ် ပေးပို့ခဲ့ပြီး သူ့အား နောင်ဘဝတွင် ပိုမိုကောင်းမွန်သော အရည်အချင်းများရရှိစေရန် ဆုတောင်းပေးခဲ့သည်။

ယခုဆို ကျန်းချန်ရှန်းလည်း အသက်တစ်ရာတိတိရှိပြီဖြစ်သည်။ ယခုနှစ်သည် တကျန်းကိုတည်ထောင်ခဲ့သည်မှာ နှစ် 100 ပြည့် အထိမ်းအမှတ်ဖြစ်သည်။ဒီလိုနှစ်မျိုးမှာ ချောက်ကမ်းပါးတစ်ခုရှေ့မှာ ရပ်ပြီး သူ့သားကို တိတ်တဆိတ် လက်လွှတ်ပေးခဲ့ရချေပြီ.....

ကျန်းဂျန် လုံချီဘုရားကျောင်းသို့ ပြန်လာခဲ့ပြီး ယခင်ကထက် ပို၍ပင် လုံ့လစိုက်ထုတ်လာခဲ့သည်။ တကျန်းအနေဖြင့် ကမ္ဘာကြီးကို သိမ်းပိုက်ရန် မလွယ်ကူကြောင်း သူသိလာသောကြောင့် ၎င်းကို ကာကွယ်ရန် တာဝန်ထမ်းဆောင်ရတော့မည်။

စက်တင်ဘာလတွင်.....

ကျန်းရှု အောင်မြင်စွာ နန်းတက်ခဲ့သည်။ နောက်နှစ်မှစပြီး သူ့ခေတ်နာမည်ကို ယန်တျယ် အဖြစ်ပြောင်းလဲခဲ့သည်။ ကျန်းဇီယု ၏ဆန္ဒကို လိုက်နာပြီး တိုင်ကျုံးဘွဲ့ကို အပ်နှင်းခဲ့ပြီး ကျန်းဇီယုအတွက် ခေတ်လွန်ဘွဲ့ကို ကျင်းတိုင်ကျုံးအဖြစ် ပေးအပ်ခဲ့သည်။

လရောင်အောက်တွင်.....

ကျန်းချန်ရှန်းတစ်ယောက် သစ်ကိုင်းပေါ်တွင် ထိုင်ကာ သာယာဝပြောသောမြို့တော်ကို ကြည့်နေရင်း သူ့ဘဝရဲ့လွန်ခဲ့သော အနှစ်တစ်ရာကို ပြန်သတိရနေသည်။

ရန်သူ၊မိတ်ဆွေဟောင်း၊ မိသားစုဝင်များတစ်ယောက်ပြီးတယောက် သူ့ကိုထားရစ်ခဲ့ကြပြီ.....ထို့ကြောင့် ဝမ်းနည်းမှု၊ စိတ်ဓာတ်ကျမှု၊ အကူအညီမဲ့မှုကို ခံစားခဲ့ရသည်။

စိတ်ခံစားမှုအမျိုးမျိုးတို့သည် မြဲမြံသော တာအိုနှလုံးသားအဖြစ်သို့ ပြောင်းလဲသွားသည်။

သူငယ်ချင်းဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားတဲ့အတွက် ကျင့်ကြံဖို့ ပိုကြိုးစားရတော့မည်။

ဆက်လက်အသက်ရှင်နေမှသာလျှင် ဒီလူတွေကို ဂရုတစိုက်ရှိနေကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။ ဒါကလည်း သူ့ရဲ့ မူလ ရည်ရွယ်ချက်ပင်....

သူသည် ကောင်းကင်နှင့်မြေပြင်၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ အင်မော်တယ်တာအို နှင့်အမတနတ်ုရားတို့ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင်၊ သူသည် အမတနတ်ဘုရားတို့၏ အကြွင်းမဲ့အုပ်ချုပ်သူဖြစ်လာပေမည်။

ဒါက ဝေးကွာတဲ့ ပန်းတိုင်တစ်ခုပင်.... အောင်မြင်သည်နှင့် သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်ပေမည်။ ဒါပေမယ့် အခုချိန်မှာတော့ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နေရဆဲပင်......

သူသည် တကျန်းကို သူ့မိသားစုအတွက် အကာအကွယ်မပေးတော့ဘဲ သူ့ကိုယုံကြည်သောသူများကို ကျေးဇူးဆပ်ရန်သာရည်ရွယ်ထားသည်။ လူသားတို့၏စိတ်နှလုံးသားကိုအကြွင်းမဲ့သိမ်းပိုက်နိုင်ခြင်းသည် သူ့အတွက်ကောင်းကျိူးဆောင်ကျဉ်းပေးနိုင်သည်။လူသားတွေကိုကူညီခြင်းဖြင့် သူ့အတွက်ရှင်သန်ခြင်းဆုလာဘ်များရရှိနိုင်သည်။ဒါဟာနှစ်ဖက်စလုံးအတွက်အကျိုးရှိသောကိစ္စပင်.......

ပိုင်ချီ မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး သူ့ကို တိတ်တဆိတ် ကြည့်နေသည်။

ကျန်းဂျန်ကတော့ လေ့ကျင့်နေသည်။

ဓားဘုရားက ဓားတောင်းကို ပွေ့ဖက်ပြီး လရောင်ကိုငေးမောနေသည်။ သူ့မှာလည်း သူငယ်ချင်းဟောင်းတွေရှိခဲ့ဖူးသည်။

သူသည်လည်း ကျန်းချန်ရှန်းလို ဆက်ဆံရေးဟောင်းကြောင့် မည်သည့်အခါမျှ ထိခိုက်မည်မဟုတ်ပေ။ သူသည် ဆန္ဒကို တွန်းအားအဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ချီတက်နေမည်သာ......

ယန်းတျယ်ခေါတ်၏ပထမနှစ်တွင်....

ဧကရာဇ်အသစ်ကြောင့် အပြောင်းအလဲအသစ်များ ကြုံတွေ့ရမည်မှာ သဘာဝပင်....

ညဘက်တွင် ကျန်းချန်ရှန်းက အိပ်မက်ထဲကတဆင့် မုလင်းလော့ဆီသို့ အလည်သွားခဲ့သည်။ ယခုနှစ်တွင် မုလင်းလော့ အသက် ရှစ်နှစ်နီးပါးရှိပြီဖြစ်သည်။

အိပ်မက်ထဲမှာ

မုလင်းလော့က ဧရာမ ရေတံခွန်ကြီးရှေ့မှာ ရပ်နေပြီးဓားသိုင်းလေ့ကျင့်နေသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့လှုပ်ရှားမှုတွေက အရမ်းပြင်းထန်နေပြီ။ သူမ၏ဓားချက်တိုင်းတွင် ဓားချီများပျံလွှင့်နေသည်။

ဒီကောင်မလေးက တကယ်ကို အိပ်မက်ထဲမှာတောင် သိုင်းပညာလေ့ကျင့်နေသည်။

ကျန်းချန်ရှန်း ရေကန်ဘေးတွင် ရပ်ကာ သူမလေ့ကျင့်နေသည်ကို ငြိမ်သက်စွာ ကြည့်နေသည်။

မုလင်းလော့က ကျန်းချန်ရှန်းကို တစေ့တစောင်း မြင်လိုက်ရပြီး ချက်ချင်းပင် ရွှင်မြူးသွားသည်။ သူမ ကျန်းချန်ရှန်း၏နံဘေးသို့ ချက်ချင်းရောက်လာပြီး ခေါင်းကိုမော့ကာ .....

"အစ်ကိုချန်ရှန်း...အစ်ကို့ကို အိပ်မက်မမက်တာ ခြောက်လကြာပြီ...... လွန်ခဲ့တဲ့ခြောက်လလုံးလုံး ဘယ်သွားနေတာလဲ....?"

All Chapters