မုမိသားစုကို အားကောင်းစေခြင်း.... ရှန်းယန်၏အစီအစဉ်......
Vol. 9 Ch. 123
“ခွဲခွာခြင်းကသာ တွေ့ဆုံမှုကို အဖိုးတန်စေတယ်.....ခွဲခွာနေရမှသာ ပြန်ဆုံတွေ့ဖို့ မျှော်လင့်နိုင်မှာပါ”
ကျန်းချန်ရှန်းက မုလင်းလော့၏ ခေါင်းကို ပုတ်ကာ ရယ်လိုက်သည်။
မုလင်းလော့ကတော့ ဘာမှနားမလည်ပေမယ့် စိတ်လှုပ်ရှားစွာနဲ့.....
“ကျွန်မ မကြာသေးမီက ဓားသိုင်းတစ်ခု သင်ယူခဲ့တယ်...အစ်ကိုချန်ရှန်း...အတူ လေ့ကျင့်ရအောင်....."
ရှစ်နှစ်သားအရွယ်တွင်၊ သူမသည် ကျိုးကြောင်းဆီလျော်စွာတွေးခေါ်တတ်နေပြီဖြစ်သည်။ သူမတွင် အရည်အချင်းရှိမှန်း သူမ သိပြီးသားပင်.... ကျန်းချန်ရှန်း၏ လွှမ်းမိုးမှုကြောင့် သိုင်းပညာကိုလည်း နှစ်သက်သည်။
သူ့မိသားစုက လိုအပ်တာကြောင့် သိုင်းပညာကို လေ့ကျင့်စေချင်ပြီး ကျန်းချန်ရှန်း က သူမကို အသက်ပိုရှည်စေချင်တာကြောင့် သိုင်းပညာကို လေ့ကျင့်စေချင်သည်။
မုလင်းလော့၏တောင်းဆိုမှုကို ကျန်းချန်ရှန်း သည် ငြင်းဆန်မည်မဟုတ်ပေ။ဤသို့ဖြင့် သူတို့နှစ်ဦး သိုင်းပညာ ဖလှယ်ခဲ့ကြသည်။
ထုံးစံအတိုင်း ကျန်းချန်ရှန်းက မုလင်းလော့ကို ချက်ချင်း အနိုင်မယူခဲ့ပေ။
တစ်နာရီကြာပြီးနောက် မုလင်းလော့ မောပန်းနွမ်းနယ်နေပြီဖြစ်သည်။
ကျန်းချန်ရှန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
အိပ်မက်ထဲမှာတောင် ပင်ပန်းနေတာလား....
သူတို့နှစ်ဦး ရေကန်ဘေးတွင်ထိုင်ကြပြီး မုလင်းလော့က သူမ၏စိုးရိမ်မှုများအကြောင်းကို စတင်ပြောဆိုခဲ့သည်။
သူမသည် ထူးထူးခြားခြား မွေးဖွားလာခဲ့ပြီး သူမ၏ မိသားစုက သူမအပေါ် မျှော်လင့်ချက်များစွာ ထားခဲ့သည်။ အသက်ကြီးလာသည်နှင့်အမျှ လွတ်လပ်ခွင့် ဆုံးရှုံးကာ တစ်နေ့တာလုံး လေ့ကျင့်ရင်းနှင့်သာအချိန် ကုန်ဆုံးခဲ့သည်။ သူမ၏မိသားစုသည် သူမအတွက် ဆရာကြီးငါးဦးကို စီစဉ်ပေးထားပြီး အတွင်းအား၊ ဓားသိုင်း၊ သိုင်းပညာ၊ လှုပ်ရှားမှုစွမ်းရည်နှင့် သိုင်းပညာသမိုင်းကြောင်းအပါအဝင် မတူညီသောစွမ်းရည်များကို သင်ကြားပေးခဲ့သဖြင့် တနေ့တာလုံးအချိန်ဇယားပြည့်နေသည်။
ကျန်းချန်ရှန်း သဘောကျသွားသည်။ သူမ၏အချိန်ဇယားတွင် အတွင်းအားလေ့ကျင့်ဖို့အချိန် ပါနေသည်....
မုမိသားစုက တကယ့်ကိုထူးခြားတာပဲ...
သူ ဂရုတစိုက် နားထောင်ပြီး စိတ်ထဲတွင် သေချာတွေးတောနေခဲ့သည်ယ
မိုးသောက်ခါနီးအချိန်တွင် ကျန်းချန်ရှန်းက မုလင်းလော့ကို နှုတ်ဆက်ခဲ့သည်။
မုလင်းလော့က ငယ်ရွယ်သေးပြီး သူမ ကြီးပြင်းလာသည်နှင့်အမျှ ကျန်းချန်ရှန်းကလည်း သူမနှင့် အတူလိုက်ပါနေလိမ့်မည်။ ရံဖန်ရံခါတွင် သူသည် သူမအား သိုင်းပညာဆိုင်ရာ ညွှန်ပြချက်အချို့ပေးကာ သူမ၏ အတွေးများကို နားထောင်ပေးသည်။
ကျန်းချန်ရှန်း အိပ်မက်ထဲကနေထွက်ကာ မျက်လုံးဖွင့်လိုက်သည်။
“ရှေးဟောင်းနတ်ဘုရားတိုက်ကြီးရဲ့ အသန်မာဆုံး ပညာရှင်ကို ငါသိချင်တယ်....”
“နယ်ပယ်က အရမ်းကြီးတယ်.... လောလောဆယ် တွက်လို့ မရဘူး..... ဒီစနစ်ဟာ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ခံစားသိရှိနိုင်ဖို့ အချိန်လိုပါတယ်....”
"မုလင်းလော့ရဲ့မိသားစု ဘယ်လောက်အင်အားကြီးလဲ ငါသိချင်တယ်..."
“နယ်ပယ်က အရမ်းကြီးတယ်.... လောလောဆယ် တွက်လို့ မရဘူး.....ဒီစနစ်ဟာ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ခံစားသိရှိနိုင်ဖို့ အချိန်လိုပါတယ်.....”
ကျန်းချန်ရှန်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ နှစ်တွေကြာလာတာနဲ့အမျှ သူဟာ ဒီတွက်ချက်မှုကို မကြာခဏ ပြုလုပ်ခဲ့ပေမယ့် အဖြေမရရှိခဲ့ပေ။
ရှေးဟောင်းနတ်ဘုရားတိုက်ကြီးက ဘယ်လောက်ဝေးသလဲ.....
သူသည် ထိုအကြောင်းကို မတွေးတော့ဘဲ ကျင့်ကြံမှုတွင်သာ အာရုံစိုက်ခဲ့သည်။
ကျန်းရှု နန်းတက်သည့်ပထမနှစ်တွင်၊ သူသည် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြင့် ဝတ်ဖြူတော်အစောင့်များ၊ ကမ္ဘာ့ဌာနခွဲအဖွဲ့ဝင်များနှင့် ကုန်သည်များ မြို့တော်သို့ လာလည်ကြသည့် အရေအတွက်က ယခင်ကထက် ကျော်လွန်သွားခဲ့သည်။
သူသည် ထုတ်လုပ်မှုကို အားတက်သရော မြှင့်တင်ကာ တောင်တန်းနှင့်မြစ်များထဲမှ အရင်းအမြစ်များကို ဖော်ထုတ်ကာ ပြည်နယ် ခုနစ်ဆယ့်နှစ်ခုအတွင်း ကုန်သွယ်မှုကို မြှင့်တင်ကာ ပြင်ပကမ္ဘာနှင့် ကူးသန်းရောင်းဝယ်ခဲ့သည်။ သူ့ပုံစံက အနီးနားက မင်းဆက်တွေကို သက်ပြင်းချစေခဲ့သည်။
ဤသည်ကိုကြည့်ချင်းအားဖြင့် လက်ရှိဧကရာဇ်သည် ကျင်းတိုင်ကျုံးလို ရည်မှန်းချက်ကြီးကြီးမားမားမရှိကြောင်း ထင်ရှားသည်။
ကျန်းရှုသည် မြေးတော် ကျန်းထျန်ချွဲ့ကို အိမ်ရှေ့မင်းသားဘွဲ့ အပ်နှင်းခဲ့သည်။ ရာဇပလ္လင်ကို သိမ်းပိုက်မည့်အန္တရာယ်ကို ဖယ်ရှားရန်အတွက် အိမ်ရှေ့မင်းရာထူးကို တိုက်ရိုက်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကျန်းရှုသည် ယခုနှစ်တွင် အသက် 36 နှစ်ဖြစ်ပြီး 37 နှစ်ပြည့်တော့မည်ဖြစ်သည်။
လုံချီဘုရားကျောင်းသည် ဧကရာဇ်အသစ်၏ လေးစားမှုကိုခံရဆဲဖြစ်ပြီး ဘုရားဖူးအရေအတွက်သည်လည်း တစ်နေ့ထက်တစ်နေ့ တိုးလာခဲ့သည်။မဟာကန္တရမင်းဆက်မှ သာမန်လူများ၊ ကုန်သည်များနှင့် သိုင်းပညာရှင်တို့ ရှီပြည်နယ်သို့ အပြေးအလွှားရောက်လာကြသည်။ ကျင်းတိုင်ကျုံး၏ အုပ်ချုပ်မှုအောက်တွင် တကျန်းပိုင်းဆိုင်သော စီရင်စု 72 ခုရှိသော်လည်း စီရင်စု 13 ခုကသာ လွှမ်းမိုးထားဆဲဖြစ်သည်။ သိုင်းပညာအရင်းအမြစ်များကို စီရင်စု 13 ခုတွင်လည်း စုစည်းထားသည်။ ထို့အပြင် သိုင်းလောက၏ မွန်မြတ်သောနယ်မြေနှစ်ခုသည်လည်း ရှီပြည်နယ်တွင် တည်ရှိသည်။သို့ပါသောကြောင့် စီးပွားရေး၊ အရာရှိများ သို့မဟုတ် သိုင်းပညာများပင် စီရင်စု 13 ခုတွင်နေထိုင်လို့ကြသည်။ရှီပြည်နယ်ကိုတော့ ကမ္ဘာအလယ်ဗဟိုအဖြစ် လူသိများသည်။
နွေရာသီရောက်လာပြန်သည်......
ယုယန်ရိကလူစိမ်းတစ်ယောက်နှင့်အတူ ကျန်းချန်ရှန်းဆီသို့ လာရောက်လည်ပတ်ခဲ့သည်။ ၎င်းမှာ အံဖွယ်ကံကြမ္မာကုန်သည်အသင်း၏ ဌာနခွဲမှူး ကျန်းယင် ဖြစ်သည်။
ကျန်းချန်ရှန်းက သူတို့ကို လက်ခံတွေ့ဆုံခဲ့သည်။
“ကျွန်တော်က အံ့သြဖွယ်ကံကြမ္မာ ကုန်သည်အသင်းက ကျန်းယင် ပါ.....တာအိုဘိုးဘေးကို နှစ်အတော်ကြာကတည်းက ကြည်ညိုခဲ့တာမို့ အခုလို လာရောက်လည်ပတ်ခဲ့တာပါ...” ကျန်းယင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဤပုဂ္ဂိုလ်၏ သိုင်းပညာနယ်ပယ်သည် နတ်ဘုရားနယ်ပယ်၌ ရှိနေသောကြောင့် ပျော့ညံ့သူမဟုတ်ပေ။ သူနဲ့တွေ့ရတဲ့ အကြောင်းရင်းက အဓိကကတော့ ထျန်းဟိုင်ကနေ လာတာကြောင့်ပင်....
ဤတိုက်ကြီးတွင် အသန်မာဆုံးပညာရှင်သည် အမွှေးတိုင်အရေအတွက် 90,000 သာတန်ဖိုးရှိပြီး ထျန်းဟိုင်တွင် အသန်မာဆုံးပညာရှင်သည် အမွှေးတိုင်အရေအတွက်190,000 တန်ကြေးရှိသည်။ ဤသည်မှာ နေရာနှစ်ခုကြား ခြားနားချက်ကို ပြသရန် လုံလောက်ပါသည်။
ယုယန်ရိက "အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းက လုံချီ ဘုရားကျောင်းကိုလက်ဆောင်တစ်ခုပေးပို့ဆန္ဒရှိနေတယ်.... သူတို့မှာ ဆရာတော်နဲ့ ဆွေးနွေးဖို့ တခြားကိစ္စတွေ ရှိသေးတယ်..... "
ကျန်းယင်အနေဖြင့် တာအိုဘိုးဘေးကို တွေ့ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း တွေ့ဆုံရန် နည်းလမ်းမရှိပေ။ ကျန်းရှုကို အကြံပေးဖို့ တောင်းဆိုခဲ့ပေမယ့် အကြောင်းနှစ်ရပ်ကြောင့် လိမ္မာပါးနပ်စွာ ငြင်းပယ်ခံခဲ့ရသည်။ ပထမအကြောင်းရင်းမှာ ကျန်းချန်ရှန်းကို အနှောက်အယှက်ဖြစ်စေမှာစိုးသောကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ ကျန်းချန်ရှန်းကို အပါခေါ်သွားမှာစိုးသောကြောင့်ပင်.....
ကျန်းချန်ရှန်းက "ဘာကိစ္စရှိလို့လဲ?"
ကျန်းယင် တခဏလောက် ငြိမ်သက်သွားသည်။ ကျန်းချန်ရှန်းကို ပထမဆုံးတွေ့တုန်းက သူအတော် အံ့ဩသွားသည်။ တာအိုဘိုးဘေး ၏ မိုးရွာသွန်းရန် ဆုတောင်းမှုကိုမြင်ခဲ့ဖူးသောကြောင့် လက်တွေ့ ရင်ဆိုင်ရသောအခါ ကြောက်ရွံ့နေခဲ့သည်။
"အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းကို ထျန်းဟိုင်မှာ ထူထောင်ခဲ့တာ နှစ်ပေါင်းရှစ်ရာရှိနေပါပြီ.... ထျန်းဟိုင်မှာ အရင်းအမြစ်များပေါများတာမို့ သိုင်းပညာ ထွန်းကားပါတယ်... တကျန်း တည်ရှိရာ တိုက်ကြီးက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သိုင်းလောက စစ်ပွဲကြီးကို ရင်ဆိုင်ခဲ့ရပြီး ကံကြမ္မာ ပျက်စီးသွားခဲ့တယ်...ဒီနေရာမှာ လေ့ကျင့်နေရင် ဆရာတော်အနေနဲ့ စကြဝဠာ နယ်ပယ်ကိုပဲရောက်နိုင်ပါလိမ့်မယ်..ကျွန်တော် သိသလောက်တော့ ထျန်းဟိုင်မှာ ထက်မြက်တဲ့ သိုင်းပညာရှင်တွေ မွေးထုတ်ပေးနိုင်တယ်....ဆရာတော်ရဲ့ခွန်အားနဲ့သာဆို တကျန်းကိုစွန့်ခွာပြီး ထျန်းဟိုင်ကိုသွားတာပိုကောင်းပါလိမ့်မယ်...."
“ဒီကမ္ဘာပေါ်က ဒဏ္ဍာရီတွေဟာ တကယ်တော့ ရှေးကျတဲ့ သိုင်းပညာရှင်တွေရဲ့ စွမ်းဆောင်မှုပဲ.... ထာဝစဉ်အသက်မရှင်နိုင်တာကလွဲရင် သိုင်းပညာရဲ့အထွတ်အထိပ်နယ်ပယ်ကို ဘယ်သူမှမသိနိုင်သေးဘူး.... တာအိုဘိုးဘေးကို အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းရဲ့ အကြီးအမှူးအဖြစ် ဖိတ်ခေါ်လိုပါတယ်... အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းကလည်း တာအိုဘိုးဘေးအတွက် ပံ့ပိုးကူညီဖို့ ဆန္ဒရှိနေပါတယ်.... ထျန်းဟိုင်ရဲ့ သိုင်းပညာ အရင်းအမြစ်တွေက တကျန်းထက် များစွာ သာလွန်တာမို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ဖို့ဖိတ်ခေါ်ပါရစေ......”
ကျန်းယင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ တာအိုဘိုးဘေးသည် ကျင်းတိုင်ကျုံး ၏ဆရာသခင်ဖြစ်သည်ကို သူသိသည်။ ကျင်းတိုင်ကျုံး ကွယ်လွန်သွားသည့်အတွက် သူ့ကို ဖိတ်ခေါ်ဖို့ သတ္တိရှိနေခြင်းဖြစ်သည်။
ကျန်းချန်ရှန်းက ခေါင်းခါပြီး..... “မင်းရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်....ငါ တကျန်းကို မထားခဲ့ချင်ဘူး......"
ကျန်းယင် ချက်ချင်းပင် စိုးရိမ်လာသည်။ သူ့ကို ဆက်ပြီး စည်းရုံးချင်ပေမယ့် ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ပေ။
သူက ခြေတစ်လှမ်းဆုတ်ပြီး.... “အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းက ကြွက်သားတွေနဲ့ အရိုးတွေကို ပျော့ပျောင်းစေပြီး အာဟာရဖြစ်စေဖို့ သင့်လျော်တဲ့ ဆေးဝါးတွေရယ်၊ လုံချီဘုရားကျောင်းအတွက် နတ်လက်နက်တွေနဲ့ ဆေးဖက်ဝင်မျိုးစေ့တွေကို လက်ဆောင်အဖြစ်ပို့ပေးလိုက်ပါ့မယ်... ”
ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်လိုက်ကယ ကျန်းယင်ကို ပြန်ပို့ဖို့ ကျန်းဂျန်ကိုအမိန့်ပေးလိုက်သည်။
ကျန်းယင်ထွက်သွားပြီးနောက် ယုယန်ရိ သူ့အနားရောက်လာပြီး .....“ကျွန်မအဖေက အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းနဲ့ပူးပေါင်းဖို့ တပည့်တစ်စုကို စေလွှတ်ဖို့ ပြင်ဆင်နေတယ်..... ရှေးခေတ်ကတည်းက ပြည်ပ ကုန်သည်ကြီးတွေ ဒီတိုက်ကြီးသို့ ရောက်ရှိလာတာ ပထမဆုံး အကြိမ် မဟုတ်တော့ဘူး.... နိုင်ငံရပ်ခြားမှာ အခြားသော အင်အားကြီး မင်းဆက်တွေရှိနေကြသေးတယ်..... အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်း တကျန်းကိုရောက်လာတယ်ဆိုကတည်းက သူ့ရဲ့ အလားအလာကို သက်သေပြဖို့ လုံလောက်နေပြီ......”
ကျန်းချန်ရှန်းက “ဟုတ်ပါတယ်.....အဲဒါနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး.....”
တကျန်းသည် ကမ္ဘာကြီးကို စည်းလုံးစေချင်ပါက၊ တိုးတက်မှုအတွက်၊ အသစ်အသစ်သော ပြောင်းလဲမှုများကိုလက်ခံရန်လိုအပ်သည်။
တစ်ခြားဘက်တွင်.......
ကျန်းဂျန်နှင့်ကျန်းယင်တို့ လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်။
"ဌာနခွဲခေါင်းဆောင်ကျန်း.....ဒီသုံးခွချွန်လှံရှည်ရဲ့ အလေးချိန်ကို တိုးပေးနိုင်တဲ့ ပစ္စည်းရှိသလား"
ကျန်းဂျန်က ပြုံးပြီး မေးလိုက်တော့ ကျန်းယင်က ခေါင်းညိတ်လိုက်ကာ....
"ဘယ်လောက် လေးလံချင်လဲ"
ကျန်းဂျန် ခဏလောက်စဉ်းစားပြီး ....."ကီလိုတစ်သန်း? မဟုတ်ဘူး၊ အရမ်းများတယ်..... ကီလို 500,000 "
ကျန်းယင် ထိုစကားကိုကြားသောအခါ အံ့သြသွားပြီ...
“မင်းဘယ်နယ်ပယ်ရောက်ပြီလဲ”
“အစစ်အမှန်နတ်ဘုရားနယ်ပယ်....”
“မင်းအစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိနေရင်တောင် အလေးချိန်ကီလို 500,000 ရှိတဲ့ နတ်လက်နက်ကို ကိုင်ဖို့ အဆင်မပြေဘူးလေကွာ.....”
ကိုင်ဆောင်နိုင်ခြင်းနှင့် အသုံးပြုနိုင်ခြင်းတို့မှာ မတူညီသော အရာနှစ်ခုဖြစ်သည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်တိုင်းသည် အလေးချိန်ကီလို 500,000 လေးလံသောပစ္စည်းများကို သယ်ဆောင်ရန် ၎င်းတို့၏စစ်မှန်သောချီကို အားကိုးနိုင်သော်လည်း ၎င်းကိုလက်နက်အဖြစ်အသုံးပြုခြင်းသည် အခြားအယူအဆတစ်ခုဖြစ်သည်။ အဲဒီအစား၊ ဒါဟာ လူတစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်ကို လျော့ကျသွားစေနိုင်သည်။
“အဆင်ပြေပါတယ်....လေ့ကျင့်ဖို့သက်သက်အတွက်ပဲလိုအပ်တာပါ.... တောင်ပေါ်ကဆင်းဖို့ အလျင်လိုနေတာမှမဟုတ်တာ.... ရွှေခန္ဓာနယ်ပယ်ရောက်တဲ့အခါ ကီလိုတစ်သန်းအလေးချိန်ရှိတဲ့ လက်နက်ကိုလုပ်ဖို့ ခင်ဗျားကိုလာရှာမယ်....”
“…ကောင်းပြီ…’
"ဟားဟား၊ ကျေးဇူးတင်ပါတယ် ဌာနခွဲခေါင်းဆောင်ကျန်း!"
"ဒီနှစ် မင်းအသက်ဘယ်လောက်ရှိပြီလဲ.... မင်းက တော်တော်ငယ်သေးတဲ့ပုံပဲ"
" ၃၅ နှစ်။"
“အသက် ၃၅ နှစ်နဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်နေပြီ… အထင်ကြီးစရာပဲ....”
ကျန်းယင် တကယ်ကို အံ့သြသွားသည်။ ထျန်းဟိုင်မှာတောင် အသက် 35 နှစ်အရွယ် အစစ်အမှန်နတ်ဘုရားနယ်ပယ်အကြောင်း တစ်ခါမှ မကြားဖူးပေမယ့် အံ့အားသင့်လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပေ။
သူ့နှလုံးသား ရုတ်တရက် ပူလောင်လာသည်။ တာအိုဘိုးဘေးတွေကို အပါခေါ်လို့မရရင် ဒီကောင်လေးကို အပါခေါ်ရမယ်....
ထိုသို့သောစွမ်းရည်များဖြင့်၊ အနာဂတ်တွင် စကြဝဠာနယ်ပယ်သို့ရောက်ရှိရန် အခွင့်အလမ်းမြင့်မားပါသည်။
မဟုတ်ဘူး၊ သေချာပေါက် ဖြစ်နိုင်သည်။
တစ်ရက်ခွဲကြာတော့ ဝတ်ဖြူတော်
အစောင့်တွေ ရောက်လာကြပြီး ဒါဇင်နဲ့ချီတဲ့ သေတ္တာတွေကို ပို့ပေးခဲ့ကြသည်။
ကျန်းချန်ရှန်းက သူတို့တွေ ခြံဝင်းထဲက မထွက်ခင်မှာပင် သေတ္တာတွေကို သူ့ရဲ့ မဟာဝိဉာဉ်လက်စွပ်ထဲထည့်သိမ်းလိုက်သည်။
ဒါကိုမြင်တော့ ဓားနတ်ဘုရား မျက်မှောင်ကြုံ့လိုက်သည်။
ဘယ်လိုလှည့်ကွက်လဲ?????
သူသည် ကျန်းချန်ရှန်း၏စကားကို ရုတ်တရက် သံသယဝင်သွားသည်။ သူ့အရင်လုပ်ရပ်တွေကို ဘယ်လိုရှင်းပြနိုင်မလဲ....
သေတ္တာကြီးများကို လေထဲမှာ ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သည့် သိုင်းပညာမျိုး သူ တစ်ခါမှ မကြားဖူးပေ။
ကျန်းချန်ရှန်းက သူ့အတွေးတွေကို ဂရုမစိုက်ခဲ့ပေ။လာမေးရင်တောင်မှ သူ့ကို ဆက်ပြီး လိမ်ညာနေဉီးမည်သာ....
သူသည် လုံချီ တောင်ခြေသို့ဆင်းပြီး၀င်္ကပါ တည်ဆောက်ရန် ပြင်ဆင်ခဲ့သည်။ပထမဆုံးအနေဖြင့် လုံချီတောင်တွင် ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်သည့် ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း၀င်္ကပါတစ်ခုတည်ဆောက်မည်ဖြစ်သည်။
ထို့နောက်တွင်၊ လုံချီတောင်တွင် မြူခိုးများဖုံးကွယ်ကာ လျှို့ဝှက်ဆန်းကြယ်လာစေရန် ပုံရိပ်ယောင်၀င်္ကပါတစ်ခုဖြစ်သော အင်မော်တယ်မြုူခိုး၀င်္ကပါ ကို တည်ထောင်ရန်လည်း ရည်ရွယ်ခဲ့သည်။ မဆင်မခြင်ကျူးကျော်လာသူတိုင်း မြူခိုးတွေကြားမှာ လမ်းပျောက်နေပေလိမ့်မည်။
ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်၀င်္ကပါတည်ဆောက်ခြင်း ဖြစ်သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။
ခုနစ်ရက်ကြာပြီးနောက်၊ သူသည် ၀င်္ကပါ များကိုတည်ဆောက်ရာတွင် အောင်မြင်ခဲ့သည်။ ၀င်္ကပါနှစ်ခုကိုအသက်သွင်းရန် အချိန်အနည်းငယ် ယူရသေးသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် ယှဉ်နိုင်သော နဂါးဖြူသည် တစ်စုံတစ်ခုကို အာရုံခံစားမိပြီး ကျန်းချန်ရှန်းကို မော့ကြည့်လိုက်သည်။
"ဆရာ.... ဘာလုပ်လိုက်တာလဲ"
အဆင့်တက်ပြီးနောက်ပိုင်းတွင် ပိုင်လုံသည် လူသားဘာသာစကားကို ပြောနိုင်နေပြီဖြစ်သည်။ သူ့အသံက ပိုင်ချီ နဲ့ တော်တော်တူသည်။
ကျန်းချန်ရှန်းက ဘာမှမပြောဘဲ ထွက်သွားသဖြင့် ပိုင်လုံ အူလည်လည်ဖြစ်နေရှာသည်။
နှစ်ကုန်သောအခါတွင်.....
ကျန်းယင်သည် ကျန်းဂျန် လိုချင်သောပစ္စည်းများကို ပို့ဆောင်ရန် ပြန်လာခဲ့ပြီး ကျန်းဂျန်ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
ကျန်းချန်ရှန်း သူ၏သုံးခွချွန်လှံရှည် အလေးချိန်ကို ကီလိုဂရမ် 500,000 အထိ တိုးနိုင်ခဲ့သည်။
အကယ်၍ သူ၏ ခစစ်မှန်သောချီကိုမဖြန့်ကျက်ဘဲ လှံရှည်ကို ကိုင်ဆောင်ရန် အလွန်ခက်ခဲပေမည်။
....................................
မှောင်မည်းနေသော လှိုဏ်ဂူထဲတွင် ဆီမီးခွက်များ နံရံများပေါ်တွင် ချိတ်ဆွဲထားပြီး ရှန်းရှန်တုံးထျန်း ၏ရှန်းယန်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော လေဝင်ပေါက်များဖြင့် ဝိုင်းရံထားသော ယဇ်ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေသည်။
ခြေသံများနှင့်အတူ ကံကြမ္မာအရှင်သည် ရှန်းရှန်တုံးထျန်းမှ သိုင်းပညာရှင်နှစ်ဦးနှင့်အတူ ရောက်လာခဲ့သည်။
ကံကြမ္မာအရှင်က ရှန်းယန်၏ ရှေ့၌ ရပ်ကာ...
“အောင်မြင်ဖို့ဘယ်လောက်ကြာဉီးမှာလဲ..."
ရှန်းယန်က မျက်လုံးမဖွင့်ဘဲ.... “အစောဆုံး... ငါးနှစ်...အကြာဆုံး ဆယ်နှစ်.....”
ကံကြမ္မာအရှင် နှုတ်ဆိတ်နေသည်။
“ဓားနတ်ဘုရား ရှုံးသွားပြီး သူ့ကံကြမ္မာကို မသိနိုင်သေးဘူး... ရှန်းရှန်တုံးထျန်းရဲ့တပည့်တွေအားလုံးကို ပြန်ခေါ်ပြီး ပင်လယ်ရပ်ခြားကတပ်ဖွဲ့တွေကို တိုက်ကြီးထဲကို ဝင်ခွင့်ပြုဖို့ ပြင်ဆင်ထားတယ်... တကျန်းသာ နယ်မြေ ဆက်လက် တိုးချဲ့နေရင် ပိုမိုအားကောင်းတဲ့ ရန်သူတွေကို ဆွဲခေါ်သလိုဖြစ်လာလိမ့်မယ်...ဒါကြောင့်မို့ တာအိုဘိုးဘေးကိုဖိနှိပ်ဖို့တွေးနေစရာမလိုတော့ဘူး....”
ရှန်းယန်က ဘာမှမထူးခြားသော လေသံဖြင့်ပြောလိုက်တော့ ကံကြမ္မာအရှင်က ခေါင်းမော့ကာ ဒေါသတကြီးဖြင့်.....
“ဘာလို???ခင်ဗျားမှာ ဘာလုပ်ပိုင်ခွင့်ရှိလဲ..
. ရှန်းရှန်တုံးထျန်းရဲ့ တာဝန်က ဒီမြေကို ကာကွယ်ဖို့ပဲ.... နိုင်ငံရပ်ခြားတပ်တွေကို ဝင်ခွင့်ပြုရင် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကလို ကပ်ဘေးတွေ ထပ်ဖြစ်ဦးမယ်.....ခင်ဗျား ရူးနေပြီလား?"
ထိုအချိန်တွင် သူ့နောက်မှ သိုင်းပညာရှင် နှစ်ယောက်က ရုတ်တရက် သူ့ပုခုံးကို ဖိချုပ်လိုက်ကြသည်။ ကံကြမ္မာအရှင်ကလည်း ချက်ချင်းရုန်းကန်ပြီး ထိုနှစ်ယောက်ကို အကြောပိတ်လိုက်သည်။
ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်များ၏ သွေးကြောများက အလွန်ခိုင်မာသည်။ ဒါပေမယ့် သူတို့ရဲ့ သွေးကြောတွေကို ဖိနှိပ်ဖို့ အစွမ်းထက်တဲ့ အစစ်အမှန်ချီကို အသုံးပြုခဲ့သည်။
ရှန်းယန်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး..... "ကမ္ဘာကြီး ပြောင်းလဲသွားပြီ..... ငါ့ရဲ့ဂျူနီယာညီအစ်ကိုတွေ တာအို ဘိုးဘေးရဲ့လက်ထဲမှာ သေဆုံးသွားသောအခါ ရှန်းရှန်တုံးထျန်းမှာ အနိုင်ရဖို့အခွင့်အရေးဆုံးရှုံးသွားခဲ့တယ်.... ရှန်းရှန်တုံးထျန်းက ဒီမြေကို နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်.... ဒီလောက်ဆို လုံလောက်ပြီ......”
“မင်းအသက်ပေးပြီး ငါတို့ကိုကူညီခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်.... အပေါ်ယံကြည့်ရင် မင်းက ကမ္ဘာကြီးကို ကူညီနေတယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ မင်းလဲကိုယ်ပိုင်အကျိုးအတွက်သာ လုပ်ဆောင်နေတာပဲလေ.... ငါတို့ကြားက ကွာခြားချက်မရှိဘူး.....ဒါပေမယ့် မင်းက ဒီလောကကြီးကနေ အရင်ထွက်သွားရတော့မယ့်သူ...."
ရှန်းယန်သည် ညာလက်ကို မြှောက်ကာ ကံကြမ္မာအရှင်၏လည်ချောင်းကို ထိုးဖောက်သွားသော စွမ်းအင်စီးကြောင်းကို ပစ်လွှတ်လိုက်သည်။