← Chapters

ရှန်းရှန်တုံးထျန်း....ပျက်စီးခြင်း.....

Vol. 9 Ch. 124

ရှန်းရှန်တုံးထျန်း....ပျက်စီးခြင်း.....

Vol. 9 Ch. 124

ယန်တျယ်ခေတ်၏ဒုတိယနှစ်တွင်၊ တကျန်း ပိုမို ကြီးပွားချမ်းသာလာခဲ့သည်။

နှစ်သစ်ကူးရောက်တော့မှာမို့ မြို့တော်မှာ လှုပ်ရှားမှုတွေနဲ့ သက်ဝင်စည်ကားနေသည်။ ပွဲတော်ရာသီအတွက် သိုင်းတောင်ထွတ်တွင်လည်း မီးပုံးများ၊ ဖဲကြိုးများဖြင့် အလှဆင်ထားသည်။

လုံချီတောင်၏ ကြီးမားသော၀င်္ကပါ နှစ်ခုကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း၀င်္ကပါ က လုံချီတောင်ကို ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝစေခဲ့ပြီး ပုံရိပ်ယောင်၀င်္ကပါ က လုံချီတောင်ကို မြူခိုးထဲမှာဖုံးကွယ်ပေးထားသည်။ ထိုကဲ့သို့သော မြင်ကွင်းအကြောင်း သာမန်လူများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။ သို့သော်လည်း သူတို့သည် တာအိုဘိုးဘေး၏ အံ့ဖွယ်အမှုများကို ကျင့်သားရနေပြီဖြစ်သောကြောင့် အလွန်အမင်းစိုးရိမ်ခြင်းမရှိပေ။

ကျန်းရှုလည်း ကျန်းချန်ရှန်းဆီသို့ လာရောက်လည်ပတ်ခဲ့သည်။ ကျန်းချန်ရှန်း ဤနေရာတွင် ရှိနေကြောင်း သေချာမှသာ သက်ပြင်းချနိုင်ခဲ့သည်။ သူ့အဖိုး တကျန်းကနေ ထွက်သွားပြီး အဆင့်မြင့် သိုင်းပညာလောကကို လျှောက်လှမ်းမှာကို သူ တကယ်စိုးရိမ်နေသည်။

ကျန်းဇီယု သေဆုံးမှုကြောင့် ဝမ်းနည်းကြေကွဲနေသော ပင်းအန်းကို ကျန်းရှုက လုံချီ ဘုရားကျောင်းသို့သာ ပြန်ပို့လိုက်ရသည်။ ကျန်းဂျန်သည် ပင်းအန်းကိုတွေ့ရတော့ အလွန်စိတ်လှုပ်ရှားနေပြီး မကြာခင်မှာပင် သူတို့နှစ်ဦး အဆင်ပြေသွားခဲ့သည်။ သူတို့နှစ်ယောက် မကြာခဏဆိုသလို အင်အားပြိုင်ဆိုင်ကြပြီး ကျန်းချန်ရှန်း၏ ခြံဝင်းသည်လည်း သက်ဝင်လှုပ်ရှားစပြုလာသည်။

အိမ်မှာ ကလေးတွေရှိတာ ပိုကောင်းသားပဲ.....

ကျန်းချန်ရှန်း ..ပင်းအန်းကို ကြည့်ကာ သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

အဲဒီနေ့ နေ့လည်မှာ.....

ကျန်းချန်ရှန်း ဘာမှလုပ်စရာမရှိတာမို့ မြေဝိဉာဉ်သစ်ပင်ပေါ်တွင် ရပ်ကာ အကန့်အသတ်မဲ့အမြင်အာရုံသည်ကို အသုံးပြု၍ ရှန်းရှန်တုံးထျန်းကို စောင့်ကြည့်ခဲ့သည်။

သူသတ်ခဲ့သော စကြာဝဠာနယ်ပယ်ပညာရှင်ဆီကနေ ရှန်းရှန်တုံးထျန်းမှ ကျွမ်းကျင်သူများ၏ လျှို့ဝှက်နေရာမျိုးစုံကို သိရှိခဲ့သည်။ထို့ကြောင့် သူ့မှာ ဘာမှလုပ်စရာမရှိတဲ့အခါ၊ သူတို့ကို စောင့်ကြည့်နေခဲ့သည်။

နှစ်များစွာကြာပြီးသည့်တိုင် ရှန်းရှန်တုံးထျန်းရောက်မလာသေးသည့်အတွက် ကျန်းချန်ရှန်ယ စိတ်မရှည်နိုင်တော့ပေ။

ထိုအချိန်တွင် တစ်စုံတစ်ခု လွဲချော်နေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

ရှန်းရှန်တုံးထျန်း၏ အသိုက်များ အားလုံး လွတ်နေသည်။ စကြဝဠာနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို ကြည့်လိုက်တော့ ကမ္ဘာကြီး၏ ကံကြမ္မာကို တစ်ဖန်ပြန်လည်စုပ်ယူရန် ကြိုးစားနေကာ ဂူထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။

သူထွက်မပြေးရသေးဘူးပဲ...နေဉီး... ဒီလူက ကံကြမ္မာကိုစုပ်ယူချင်တာကြောင့် မပြေးသေးဘူးဆိုတော့ စုပ်ယူပြီးရင် ပြေးတော့မှာပေါ့......

ကျန်းချန်ရှန်း ရှန်းရှန်တုံးထျန်း၏ ဦးတည်ချက်ကို စတင်ရှာဖွေလေပြီ....

အချိန်အတော်ကြာပြီးနောက်၊ ရှန်းရှန်တုံးထျန်း၏ တပည့်များကို မြင်လိုက်ရသည်။၎င်းတို့အားလုံး မြောက်ဘက်ကမ်းရိုးတန်းတွင် စုရုံးနေကြပြီး လက်ရှိတွင် လူပေါင်းရာနှင့်ချီရှိပြီး တပည့် အများအပြားကတော့ လမ်းကြောင်းအမျိုးမျိုးသို့ ပြေးလွှားနေကြသည်။

ကြီးမားသော သင်္ဘောကြီးများ ကမ်းခြေတွင် ရပ်နားထားသည်ကို မြင်တွေ့နိုင်သည်။ တကျန်းမှာ ဒီလောက်ကြီးမားတဲ့ သင်္ဘောကြီးကို သူ တစ်ခါမှ မမြင်ဖူးပေ။ အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းမှာတောင် တစ်စင်းလောက်ပဲရှိနိုင်သည်။

မဟုတ်သေးဘူး!!!!ဒီကောင်တွေလွတ်သွားလို့မဖြစ်ဘူး.....စိတ်ကြိုက်ပြေးနိုင်မယ်များထင်နေကြလား...

သူတို့ထွက်ပြေးပြီးသည်နှင့် အနာဂတ်တွင် သူ့အတွက် ရှင်သန်ခြင်းဆုလာဘ်တွေဘယ်သူလာပေးမည်နည်း...

ကျန်းချန်ရှန်း တစ်ချက်ကြည့်လိုက်ပြီး ခဏလောက်စောင့်ဖို့ ဆုံးဖြတ်လိုက်ကာ ထွက်ခွာရန် အသင့်ဖြစ်သောအခါ အားလုံးကို သတ်ပစ်ခဲ့သည်။

ရှန်းရှန်တုံးထျန်းတွင် အပြစ်မဲ့သူ အများအပြား ရှိကောင်းရှိနိုင်သော်လည်း ရှန်းရှန်တုံးထျန်းမှ စကြဝဠာနယ်ပယ်ကျွမ်းကျင်သူက တိုက်ခိုက်ခဲ့စဉ်က မြို့တော်မှ နိုင်ငံသားများကို အပြစ်ကင်းသည်ဟု တွေးခဲ့မည်မဟုတ်ပေ။

နွေဦးရာသီသစ်တွင်....

ဧကရာဇ်သည် မင်းဆက်အသီးသီးမှ သံတမန်များကို နန်းတော်ရှိ လူသားဧကရာဇ်၏ ကျောက်စာတိုင်သို့ လာရောက်ရန်ဖိတ်ကြားခဲ့သည်။

ညအချိန်၌ မြို့တော်တွင် မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး စည်ကားသိုက်မြိုက်နေသည်။ ဤမီးရှူးမီးပန်းများကို အံ့ဖွယ်ကံကြမ္မာ ကုန်သည်အသင်းမှ ရောင်းချခဲ့ပြီး တကျန်း ၏ ပြည်သူများ၏ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်ခဲ့သည်။ ဧကရာဇ်သည် ၎င်းတို့ကိုမြင်ပြီးနောက် ချက်ချင်းသဘောကျသွားပြီး နွေဦးရာသီတွင် မြို့အနှံ့မီးရှူးမီးပန်းများပစ်လွှတ်ရန် အမိန့်ပေးခဲ့သည်။ နွေဦးရာသီ ရောက်ရှိလာခြင်းအတွက် တကျန်းကို ဂုဏ်ပြုပြီး နိုင်ငံရပ်ခြားမှလာသူများ တကျန်း၏ခေါတ်သစ်ကို မြင်တွေ့ခွင့်ရစေခဲ့သည်။ ယခုအကြိမ် ရောက်ရှိလာသော သံတမန်များသည် ကံကြမ္မာမင်းဆက်တစ်ခုဖြစ်သော ဟုန်ရွှမ်းမင်းဆက်အပါအဝင် မင်းဆက် ၂၃ ဆက်မှ ဖြစ်ကြသည်။

ကျန်းရှုသည် စားပွဲ၏ထိပ်ဆုံးထိုင်ပြီး မင်းဆက်အမျိုးမျိုးကဆက်သထားသော မုန့်များကို သုံးဆောင်နေသည်။ တကျန်း၏ အမျိုးသမီးအဆိုတော်ရှင်များနှင့်ကချေသည်များကြောင့် ခန်းမအတွင်းရှိ အငွေ့အသက်က ကြည်နူးစရာပင်.....

“သိုင်းဘိုးဘေး....ဧကရာဇ်ဝမ်....ခမည်းတော်...…ကျွန်တော် တကျန်းကိုကောင်းကောင်းစောင့်ရှောက်နေတယ်ဆိုတာကို ကောင်းကင်ဘုံကနေ ကြည့်နေကြတယ်မလား........"

ကျန်းရှုသည် ခံစားချက်များနှင့်ရောထွေးပူလောင်နေသောစိတ်အစဉ်ကိုဖြေလျော့ဖို့ ဝိုင်တစ်ခွက် မော့သောက်လိုက်သည်။

နန်းတက်ပြီး နှစ်နှစ်အကြာတွင် တကျန်း ကြီးပွားတိုးတက်လာခဲ့သည်။ လူတွေက သူ့ကို အကဲဖြတ်ကြတယ်.... ကျင်းတိုင်ကျုံး မသေဆုံးခင်ကတည်းက သူဟာ နိုင်ငံတော်အရေးကို တာဝန်ယူခဲ့သူမို့ အတွေ့အကြုံရှိပြီးသားဖြစ်ပြီး ကျင်းတိုင်ကျုံး၏ဖိနှိပ်မှုမရှိဘဲ၊ သူ၏ကြီးမားသောရည်မှန်းချက်များကိုပြသနိုင်သောကြောင့် ပို၍ပင်ရဲရင့်ပြီး အထိန်းအကွပ်မဲ့နေပါသည်။

နန်းတော်တစ်ခုလုံး စည်ကားသက်ဝင်နေချိန်တွင်.....

ကျန်းချန်ရှန်းက နံရံပေါ်တွင်ရပ်ကာ ထိုက်ယန်ရှန်ကုန်းကို ထုတ်ယူလိုက်သည်။

ကျန်းဂျန်သည် ထိုက်ယန်ရှန်ကုန်းကိုမြင်သောအခါ တုန်တုန်ယင်ယင်ဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။...

"ဆရာတော်ဘိုးဘိုး... ဘာလုပ်မလို့လဲ"

ကျန်းချန်ရှန်း သူ့အဘိုးဖြစ်ကြောင်း သိထားပြီးဖြစ်သော်လည်း ကျန်းချန်ရှန်းက သူ့ကို လျှို့ဝှက်ထားရန် တောင်းဆိုခဲ့သည်။ ပထမအချက်မှာ ၎င်းသည်နောင်တချိန်တွင် ဒုက္ခဖြစ်စေနိုင်သည်။ ဒုတိယအချက်မှာ အခြားမင်းဆက်များနှင့် ဂိုဏ်းခွဲများအနေဖြင့် ဤဆက်ဆံရေးအကြောင်း မသိသောကြောင့် ဆယ်စုနှစ်များစွာကြာပြီးနောက် တကျန်းနှင့် ရန်သူဖြစ်ရန် အတင့်ရဲလာပေမည်။ ထိုအခြေအနေမျိုးတွင်၊ သူသည် ရှင်သန်ခြင်းဆုလာဘ်များကို ပိုမိုရရှိနိုင်သည်။

အမွှေးတိုင်အရေအတွက်များက အတိဒုက္ခကို ကျော်လွှားနိုင်ရုံမျှမက ရှင်သန်ခြင်းဆုလာဘ်များကလည်း သူ၏ ခွန်အားတိုးပွါးမှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

ကျန်းချန်ရှန်းသည် ကောင်းကင်နှင့်မြေပြင်၏ အကန့်အသတ်မဲ့အမြင်အာရုံကို အသုံးပြုကာ သူ့မျက်လုံးများက ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး.....

"မြို့တော်က အရမ်းအသက်ဝင်နေတယ်.... ဒါကြောင့် ပိုအသက်ဝင်အောင်လုပ်ပေးမလို့...."

ဓားနတ်ဘုရားက ရှုပ်ထွေးသောအမူအရာဖြင့် ထိုက်ယန်ရှန်ကုန်းကို ကြည့်လိုက်သည်။ အဲဒီနေ့က သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့တဲ့ လေးပဲ......

ပင်းအန်းက စပ်စုလိုသောအမူအရာဖြင့် ကျန်းချန်ရှန်းနားသို့ ရောက်လာသည်။ သူသည် ထိုက်ယန်ရှန်ကုန်းကိုထိချင်သော်လည်း ကျန်းချန်ရှန်း စိတ်ဆိုးသွားမှာကြောက်နေသည်။

ပိုင်ချီလည်း အံ့သြနေသည်။ သူဘာကြောင့် ဒီလိုလက်နက်မျိုးကို သုံးရတာလဲ.....

ကျန်းချန်ရှန်း လေးညှို့ကို စတင်ဆွဲလိုက်သည်။

ဝုန်းးးးးးးးးးးးး

လုံချီ ဘုရားကျောင်း တုန်ခါသွားပြီး ပိုင်လုံလန့်နိုးသွားသည်။ မြို့တော်ရှိ နိုင်ငံသားများနှင့် သိုင်းပညာရှင်များလည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့ မတုံ့ပြန်ခင်မှာ လုံချီ တောင်ရဲ့ မြူခိုးတွေထဲကနေ အလင်းတန်းတစ်ခု ထွက်လာပြီး မြို့တော်ကို ဖြတ်ကျော်သွားသည်။

ကျန်းချန်ရှန်းသည် သူ၏ညာလက်ကို လျင်မြန်စွာလှုပ်ရှားပြီး မြှားခုနစ်စင်းကို ဆက်တိုက်ပစ်ခဲ့သည်။ မြှားခုနစ်စင်းသည် ညကောင်းကင်ကိုဖြတ်၍ မီးရှူးမီးပန်းများအားလုံးကိုပင် မှိန်ဖျော့သွားစေသည်။

“ပြေးချင်နေကြတယ်ပေါ့....ငါ့လက်ကလွတ်မယ်ထင်နေကြတာလား...."

ကျန်းချန်ရှန်းက ထိုက်ယန်ရှန်းကုန်းကို ချလိုက်ပြီး အေးအေးဆေးဆေး စဉ်းစားနေသည်။

ပေတစ်ထောင်ကျယ်သော အလင်းတန်းခုနစ်ခုကြောင့် မြို့တော်ကို နေ့ခင်းဘက်အတိုင်းလင်းထိန်စေခဲ့သည်။မြှားတွေ မိုးကုပ်စက်ဝိုင်းအဆုံးမှာ ပျောက်ကွယ်သွားတော့မှသာ ညအချိန်မှန်းသတိရမိလိုက်ကြသည်။

နန်းတော်ထဲမှ မင်းဆက်အသီးသီး၏ သံတမန်များ အံ့အားသင့်နေကြသည်။

အဲ့ဒါဘာလဲ?

ကျန်းရှုက ရယ်လိုက်ပြီး...." တာအိုဘိုးဘေးက တကျန်းကိုပိုပြီး သက်ဝင်စည်းကားအောင်လုပ်ပေးနေတာပါ....စကြဝဠာနယ်ပယ်ရောက်နေတဲ့ ဓားနတ်ဘုရားကလည်း ဒီလိုမြှားချက်ကြောင့်ပဲရှုံးနိမ့်သွားတာလေ...မောင်မင်းတို့ .စကြဝဠာနယ်ပယ်ကိုသိကြတယ်မလား...."

သံတမန်များ တယောက်ပြီး တယောက် ခေါင်းယမ်းလိုက်ကြသည်။ဟုန်ရွှမ်းမင်းဆက်၏ သံတမန်များပင် ပဟေဠိဖြစ်ခဲ့ကြသည်။

ကျန်းရှုက သံတမန်များကို သိုင်းပညာနယ်ပယ်ကို စတင်ရှင်းပြခဲ့သည်။ စကြဝဠာနယ်ပယ်သည် ရွှေခန္ဓာနယ်ပယ်အထက်တွင် ရှိနေကြောင်း ကြားသိရသောအခါ သံတမန်များ ထိတ်လန့်တုန်လှုပ်သွားကြသည်။

တကျန်း၏ တာအိုဘိုးဘေးက အလွန်တန်ခိုးကြီးသဖြင့် သူ့နယ်ပယ်အကြောင်းကို တစ်ခါမျှ မကြားဖူးကြပေ။

ထိုအချိန်တွင်၊ ဟုန်ရွှမ်းမင်းဆက်အပါအဝင်အခြားသောမင်းဆက်များကလည်း တကျန်း နှင့် ယှဉ်ပြိုင်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။

သာမာန်မင်းဆက်အများစုတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်များရှိပြီးအရေအတွက် အလွန်နည်းပါးပါသည်။ ကံကြမ္မာမင်းဆက်များတွင် ရွှေခန္ဓာနယ်ပယ်များ ရှိကြသော်လည်း ၎င်းတို့သည် နှစ်ပေါင်းများစွာ မပေါ်သေးသော ဘိုးဘေးများဖြစ်နေဆဲပင်။ စကြဝဠာနယ်ပယ်၊ ရွှေခန္ဓာနယ်ပယ်နှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ပညာရှင်များ ရှိသော တကျန်းနှင့် မည်သူယ ရင်ဆိုင်ဝံ့ကြမည်နည်း။

ကံကောင်းထောက်မစွာ၊ တကျန်းသည် ယုံကြည်ထိုက်သော မင်းဆက်ဖြစ်သောကြောင့် မိတ်ဖွဲ့ရန် ကြိုးကြိုးစားစား ပြင်ဆင်ခဲ့ကြသည်။

လုံချီ တောင်ပေါ်တွင်.......

ဓားနတ်ဘုရားက မြှားတွေရဲ့လမ်းကြောင်းကိုကြည့်ပြီး တစ်ခုခုမှားနေပြီမှန်း ရုတ်တရက် သဘောပေါက်သွားသည်။

ဖြစ်နိုင်ပါ့မလား…

ကျန်းချန်ရှန်းကို ကြောက်လန့်တကြား ကြည့်သည်။ ကျန်းချန်ရှန်း လုပ်နေတာတွေကို သူနားလည်ခဲ့ပြီ....

ကမ္ဘာကြီးက တကယ်ကို ပြောင်းလဲသွားခဲ့ပြီပဲ.........

"တောင်ပိုင်းကနေ မြောက်ပိုင်းကိုမြှားနဲ့လှမ်းပစ်တယ်.....ဘယ်နယ်ပယ်ရောက်နေပြီလဲ... "

ဓားနတ်ဘုရား မယုံနိုင်စွာ တွေးတောနေခဲ့သည်။ ဤလှုပ်ရှားမှုကို သိုင်းပညာဆိုင်ရာ နည်းစနစ်တစ်ခုအဖြစ် အမှန်ပင် မှတ်ယူနိုင်သည်။ နောက်ဆုံးတွင်၊ ကျန်းချန်ရှန်း ၏ခန္ဓာကိုယ်မှ အစစ်အမှန်ချီများ ထွက်လာသည်ကို မြင်ခဲ့သည်။

သိုင်းပညာဆိုင်ရာ နည်းစနစ်များသည် အများအားဖြင့် စစ်မှန်သောချီ ကို အသုံးပြုမှုအပေါ် အခြေခံပြီး အသုံးပြုရမည်ဖြစ်သည်။ စစ်မှန်သောချီ စီးဆင်းမှုကို မရှိလျှင် ၎င်းကို အင်မော်တယ် နည်းစနစ်ဟုသာထင်နေမိလိမ့်မည်။

ရှေးခေတ်ကတည်းက သိုင်းပညာရှင်တို့ နားမလည်နိုင်သော နည်းစနစ်များနှင့် စွမ်းအားများသည် အင်မော်တယ်များဆီသို့ အမြဲ ဦးတည်နေပါသည်။

ကျန်းဂျန်က “မဆိုင်တဲ့သူတွေထိကုန်မှာမစိုးရိမ်ဘူးလား” ဟု စပ်စုလိုက်သည်။

ထိုအလင်းတန်းခုနစ်ခုသည် အလွန်ကြီးမားသောကြောင့် တောင်များနှင့် မြစ်များကို တိုက်မိသွားနိုင်သည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... “စိတ်မပူပါနဲ့.....ငါသူတို့ကို မြောက်ဘက်စွန်းက သမုဒ္ဒရာထဲကို ပစ်လိုက်တာ......”

ဒါဟာ အမှန်တရားပင်.... ပထမအသုတ်သင်္ဘောများ ရှန်းရှန်တုံးထျန်းမှထွက်ခွာသွားသော်လည်း အများစုမှာ ပင်လယ်ပြင်တွင်သာရှိနေသေးသည်။ မြှားတွေ သမုဒ္ဒရာထဲ ကျရောက်ခဲ့ရင်တောင် အပြစ်မဲ့ မင်းဆက်တွေ ဒါမှမဟုတ် နိုင်ငံသားတွေ ထိခိုက်မိမည်မဟုတ်ပေ။

ထိုက်ယန်မြှားတွေ ဘယ်လောက်မြန်လိုက်သလဲ......

တကျန်း မြောက်ပိုင်းဒေသရှိ ညကောင်းကင်ကြီး တောက်ပနေခဲ့သည်။ ဤမြင်ကွင်းကို မရေမတွက်နိုင်သော နိုင်ငံသားများ မြင်တွေ့ခဲ့ရပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကာအရာရှိတွေတောင် အံ့အားသင့်စွာ အော်ဟစ်ခဲ့ကြသည်။

တောတွင်းအနက်ပိုင်းတွင် လေ့ကျင့်နေသော လျှို့ဝှက်ကျွမ်းကျင်သူများနှင့် သိုင်းပညာဂိုဏ်းခွဲများသည်လည်း ထိတ်လန့်သွားကြသည်။ ဒီအလင်း ဘာလဲဆိုတာ သူတို့ နားမလည်နိုင်ကြပေ။

ကောင်းကင်ဘုံကလား?

မကြာမီ အလင်းတန်းခုနစ်ခုသည် တကျန်းမှ ထွက်ခွာသွားပြီး မြောက်ဘက်သို့ ဦးတည်သွားကာ ထိုနေရာက မင်းဆက်များကို ထိတ်လန့်စေခဲ့သည်။

လမ်းတစ်လျှောက်တွင် တော်ဝင်မိသားစုများ၊ ချောင်ဂိုဏ်းဝင်များနှင့် ကျွမ်းကျင်ပညာရှင် မည်မျှထိတ်လန့်နေမည်ကို မည်သူမျှ မသိနိုင်ပေ။

ကျန်းချန်ရှန်းကတော့ တိတ်တိတ်လေး ကြည့်နေသည်။

ကံကြမ္မာကို စုပ်ယူနေဆဲဖြစ်သော စကြဝဠာနယ်ပယ်ကျွမ်းကျင်ပညာရှင်မှလွဲ၍ ရှန်းရှန်တုံးထျန်းမှ အခြားသော သိုင်းပညာရှင်များ သမုဒ္ဒရာထဲသို့ အမြန်ပြေးသွားကြသည်ကို သူသတိပြုမိသည်။ အဲဒီလူက သူ့တပည့်တွေ သေတော့မည်ကို မသိရှာသေးပေ။

ကျန်းချန်ရှန်းက သူ့ကို မသတ်ခင် ကံကောင်းခြင်းတွေ အားလုံးကို စုပ်ယူဖို့ ခွင့်ပြုထားလိုက်သည်။

သူ၏အတွေ့အကြုံအရ၊ ဤတိုက်ခိုက်မှုသည် ရှင်သန်ခြင်းဆုလာဘ်ကို ယူဆောင်လာသင့်သည်။

ဘေးဥပဒ်မဟုတ်သော်လည်း ကံကြမ္မာကိုကယ်တင်ပေးသည်ဟု ယူဆနိုင်သည်။ နောက်ဆုံးတွင် သူသည် တစ်ကြိမ်တွင် ကံကြမ္မာကိုကယ်တင်ပြီး ရှင်သန်ခြင်းဆုလာဘ် ရရှိခဲ့ဖူးသည်။

တိုက်ကြီး၏ မြောက်ပိုင်းဒေသတွင် ပထမအသုတ်သင်္ဘောများ စတင်ထွက်ခွာနေပြီဖြစ်သည်။ အဆိုပါအသုတ်တွင် စုစုပေါင်းသင်္ဘောကိုးစင်းရှိပြီး ကမ်းရိုးတန်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောလေးဆယ်ကျော်ရှိသည်။ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော သန့်ရှင်းသောနယ်မြေတစ်ခုအနေဖြင့် ရှန်းရှန်တုံးထျန်း တွင် တပည့်ပေါင်း တစ်သန်းကျော်ရှိပြီး ၎င်းတို့၏ သိုင်းပညာနယ်ပယ်သည် သာမန်သိုင်းပညာရှင်ထက် ပိုမိုမြင့်မားသည်။

သို့သော်လည်း လူအများစုကတော့ အဘယ်ကြောင့် ထွက်ပြေးနေကြသည်ကို နားမလည်နိုင်သေးပေ။

"ငါတို့ဘာလို့ထွက်သွားရမှာလဲ နိုင်ငံခြားကို မရောက်ဖူးဘူး.....ငါတို့နေစရာနေရာ တကယ်ရှိပါ့မလား"

“ရှိမှာပါ...."

“အင်း..... ဒါတွေက တာအိုဘိုးဘေးကြောင့်ပဲ.... စီနီယာတစ်ယောက် တကျန်းမှာအသတ်ခံလိုက်ရတယ်လို့တော့ကြားတာပဲ..."

"သူလည်း လူပဲလေ..... မင်းဘာကိုကြောက်နေတာလဲ... ကမ္ဘာပေါ်မှာ ရှန်းရှန်တုံးထျန်း ထက် အားကောင်းနိုင်တဲ့ အင်အားစုရှိသေးလို့လား...."

“မင်းမသိသေးပါဘူးကွာ... တာအို ယဘိုးဘေးရဲ့ စွမ်းဆောင်ရည်တွေက ပဲစေ့တွေကို စစ်သားများအဖြစ် ပြောင်းလဲတာ... မိုင် ၃၀၀၀ အကွာက တောင်ကို ရွှေ့ပစ်တာ...ပြီးတော့ မိုးရွာအောင် ဆုတောင်းပေးတာလဲပါသေးတယ်.... ဓားနတ်ဘုရားလည်း သူ့လက်ထဲမှာပဲ သေသွားခဲ့တာ.... သူ့ရဲ့ ခွန်အားက စိတ်ကူးမယဉ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ....."

"ဟုတ်ရဲ့လားကွာ? ဒီကမ္ဘာမှာ ဘာလို့ဒီလိုနတ်ဆိုးမျိုးရှိနေတာလဲ"

ကမ်းခြေရှိ တပည့်များ အချင်းချင်း ဆွေးနွေးကြသည်။ တပည့်များ များပြားမှုကြောင့် လူအုပ်ကြီးသည် မိုင်ပေါင်းများစွာအထိ ထူထပ်နေသည်။

ထိုအချိန်တွင် သူတို့နောက်ကွယ်မှ ပြင်းထန်သောအလင်းတန်းတစ်ခုကို ရုတ်တရက် သတိပြုမိပြီး ကောင်းကင်ကြီး တောက်ပလာခဲ့သည်။ သူတို့ မသိစိတ်ကြောင့် လှည့်ကြည့်လိုက်ပေမယ့် အဲဒါကို မမြင်ခင်မှာ ပြင်းထန်တဲ့ အလင်းရောင်က သူတိုကို ဖုံးလွှမ်းသွားခဲ့ချေပြီ....

ဝုန်းးးးးဝုန်းးးးဝုန်းးးးး

အလင်းတန်း ခုနစ်ခုလုံး မိုင်ရာနှင့်ချီသော ဧရိယာအတွင်း တရစပ် ကျရောက်ခဲ့သည်။ ရွက်လွှင့်လာသော သင်္ဘောကြီး ကိုးစင်းသည် ပထမအလင်းတန်းကြောင့် နစ်မြုပ်သွားခဲ့ပြီး သမုဒ္ဒရာထဲမှ လှိုင်းလုံးကြီးများမြင့်တက်လာခဲ့သည်။

ထိုက်ယန်မြှားတွေက အင်မတတ်မြန်လွန်းလှသည်။

ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတွေတောင် အချိန်မီ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်းသည်။

မိုင်တစ်ထောင်အကွာအဝေးအတွင်း၌ နေ့ခင်းဘက်ကဲ့သို့လင်းထိန်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတိုက်ခတ်မှုကြောင့် သစ်တောများ ပြိုလဲကုန်သည်။

လေပြင်းတိုက်ခတ်မှုနှင့် ငလျင်လှုပ်ခတ်မှုဒဏ်ကို အနီးဆုံးမြို့ကတောင် မခံစားခဲ့ရပေ။

ကံကောင်းထောက်မစွာ၊ ရှန်းရှန်တုံးထျန်းသည် သူတို့ထွက်ပြေးသည်ကိုလူသိမှာစိုးသောကြောင့် သူတို့ရွေးချယ်သောနေရာက လူနေထိုင်ရာအရပ်နှင့် အလွန်ဝေးကွာသည်။ အနီးဆုံးမြို့တောင် မိုင်လေးထောင်အကွာတွင် ရှိနေသောကြောင့် အပြစ်မဲ့ပြည်သူများကို မထိခိုက်စေခဲ့ပေ။

ကျန်းချန်ရှန်းသည် တိုက်ကြီး၏တောင်ဘက်ကနေ ထိုမြင်ကွင်းကိုကြည့်နေကာ.....

“ရက်စက်လိုက်တာဆိုပြီး ငါ့ကို အပြစ်မတင်နဲ့....ဒါဟာ မင်းတို့ရဲ့ခေါင်းဆောင် ငါ့ရဲ့ တကျန်းကို ဖျက်ဆီးချင်တဲ့ အကျိုးဆက်ပဲ..."

ရှန်းရှန်တုံးထျန်း ဤတိုက်ကြီးပေါ်တွင် ဆက်လိုက်နေထိုင်မည်ဆိုပါက အခုလိုသုတ်သင်ခံရမည်မဟုတ်ပေ။

ကျန်းချန်ရှန်း ဂရုတစိုက်ကြည့်နေပြီး ဘယ်သူမှ မလွတ်မြောက်ကြောင်း သေချာပြီးနောက်မှာတော့ စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့ရဲ့ မြှားချက်ကြောင့် လူအများအပြား သေဆုံးခဲ့သည်။

ထိုအချိန်တွင် ကံကြမ္မာကိုစုပ်ယူနေဆဲဖြစ်သော စကြဝဠာနယ်ပယ်ကျွမ်းကျင်သူမှလွဲ၍ ဤတိုက်ကြီးတွင် ရှန်းရှန်တုံးထျန်း၏ အခြားတပည့်များ မရှိကြတော့ပေ။ တပည့်အချို့သည် တိုက်ကြီးမှ ထွက်ခွာသွားကြပြီ ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျန်းချန်ရှန်းသည် မနက်ဖြန် ရှန်းရှန်တုံးထျန်း၏ အမွေအနှစ်များကို သိမ်းယူရန် ကိုယ်ပွားထုတ်လွှတ်ဖို့ ပြင်ဆင်ခဲ့သည်။အလွယ်တကူသယ်မသွားနိုင်သော သဘာဝရတနာများနှင့် သိုင်းပညာအရင်းအမြစ်များစွာကျန်နေပေလိမ့်မည်...ဒါတွေကိုအကုန်သိမ်းယူရမည်။

ဒါပေမယ့် ဒီညတော့ ရှင်သန်ခြင်းဆုလာဘ်ကို စောင့်မျှော်နေလိုက်ဉီးမည်. ...

All Chapters