နတ်ကိုးပါးတိုက်ပွဲ ကျွမ်းကျင်မှု.... မုလင်းလော့၏လျှို့ဝှက်ချက်......
Vol. 9 Ch. 125
တစ်နာရီကြာသည်အထိ မြို့တော်၌ ရွှင်မြူးမှု မပြီးဆုံးသေးပေ။
ကျန်းချန်ရှန်းက အခန်းထဲသို့ ပြန်လာခဲ့ပြီး ရှင်သန်ခြင်း ဆုလာဘ်ကို စောင့်မျှော်နေသည်။
"ယန်တျယ်ခေတ်၏ဒုတိယနှစ်တွင်၊ ရှန်းရှန်တုံးထျန်းသည် ရှန်းယန်၏ကာကွယ်မှုနှင့်အကူအညီကိုရယူရန် နိုင်ငံရပ်ခြားသို့သွားလိုခဲ့သည်။ နောင်တွင် ကလဲ့စားချေ ရန်ရှာခြင်းမှ တားရန် သင်သည် ၎င်းတို့အား သုတ်သင်၍ ရေစက် ပယ်ဖြတ်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် တာအိုကျင့်စဉ်တစ်ခုဖြစ်သော 'အမှန်တရားကိုးပါး' ကို ရရှိခဲ့သည်။
ဆုလာဘ်က မျှော်လင့်ထားသည့်အတိုင်းပင်!
အမှန်တရားကိုးပါးဟူသည် လင်၊ ပင်း၊တု၊ကျယ်၊ကျဲ့၊လေ့၊ကျိုက်၊ချန်၊ရှင်း ဟူသော ၏ တာအိုစကားလုံးများဖြစ်သည်။
စကားလုံးတစ်လုံးစီတွင် မတူညီသော ကျင့်ကြံနည်းစနစ်များနှင့် မတူညီသော စွမ်းအားများရှိကြသည်။ စကားလုံးကိုးလုံးကို ပေါင်းစပ်လိုက်သောအခါ ဤကျင့်စဉ်၏ အဖျက်စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။ထို့အပြင် ဤနောက်ဆုံးနည်းစနစ်ကို ကျင့်ကြံခြင်းစနစ်အားလုံးတွင်အသုံးပြုနိုင်သည်။ တစ်နည်းဆိုရသော် သိုင်းပညာရှင်များပါ ဤနည်းစနစ်ကိုကျင့်ကြံနိုင်သည်။ သို့သော် ၎င်း၏စွမ်းအားကို စစ်မှန်သောချီမှတဆင့်သာ ပြသနိုင်သည့်အတွက် စွမ်းအားအလွန်နိမ့်ကျပေမည်။
ကျန်းချန်ရှန်း ထိုဆုလာဘ်ကို အမွေဆက်ခံပြီးနောက်၊ ဤနည်းစနစ်သည် မည်သူနှင့်မဆို သင့်လျော်ကြောင်း နားလည်ခဲ့သည်။ ၎င်းသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဝိညာဉ်စွမ်းအားများကိုပင် အားကောင်းစေနိုင်သည်။
တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နည်းစနစ်တစ်ခုပင်.....
အကယ်၍ ၎င်းအား သိုင်းပညာ နည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲမည်ဆိုပါက၊ ၎င်းသည် ကမ္ဘာပေါ်ရှိ သိုင်းပညာနည်းစနစ်အားလုံးကို ချိုးနှိမ်နိုင်မည်ဖြစ်သည်။
...............
ဂူတစ်ခုထဲတွင်....
ရှန်းယန် စိတ်မသက်မသာသလို ခံစားလာရသည့်အတွက် မျက်လုံးဖွင့်ပြီး တွေးလိုက်မိသည်က...
“ရှန်းရှန်တုံးထျန်းကလူတွေ ထွက်သွားလောက်ပြီ.... စိတ်ပူစရာမလိုတော့ဘူး.…”
တာအိုဘိုးဘေးသည် လုံချီဘုရားကျောင်းတွင် တစ်နေ့လုံး ပုန်းနေပြီး တောင်ပေါ်မှ ဆင်းခဲသည်။ ရှန်းရှန်တုံးထျန်းက နောက်ဆုတ်ရန် ပြင်ဆင်နေမှန်း သူ မသိသင့်ပေ။ ထို့အပြင် ရှန်းရှန်တုံးထျန်က မြောက်ဘက်မှ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ တာအိုဘိုးဘေးအနေနဲ့ ဒီလျှို့ဝှက်စစ်ဆင်ရေးအကြောင်း မည်သို့သိနိုင်မည်နည်း။ထို့ကြောင့် အမှားအယွင်းမရှိသင့်ဘဲ အရာရာအဆင်ပြေနေသည်ဟု ဆိုနိုင်ပါသည်။
“အချိန်တွေကို အကောင်းဆုံးအသုံးချရမယ်....ဒီတိုက်ကြီးထဲက ကံကောင်းခြင်းတွေ အားလုံးကို စုပ်ယူပြီးရင် ထွက်သွားမယ်.... ရှန်းရှန်တုံးထျန်း ပိုအားကောင်းလာတဲ့အခါ ငါပြန်လာမယ်......"
တာအိုဘိုးဘေးရဲ့ နယ်ပယ်နဲ့ သူ့ရဲ့ သက်တမ်းက ရှည်လျားပေမယ့် ရှန်းရှန်တုံးထျန်းမှာ လက်စားချေဖို့ အခွင့်အရေး ရှိနေဆဲပင်....
သူစိတ်မကောင်းဖြစ်မိပေမယ့် ဒါက အကောင်းဆုံးဖြေရှင်းချက်ပင်..... အမှန်တော့၊ ယခင် ရှန်းယန်ပင်လျှင် စကြာဝဠာနယ်ပယ်ပညာရှင်ကို မသတ်နိုင်ပေ။ ဆိုလိုသည်မှာ တာအိုဘိုးဘေးသည် စကြဝဠာနယ်ပယ်ကို ကျော်လွန်ပြီး ရှန်းရှန်တုံးထျန်းက စီနီယာများ လိုက်မမှီနိုင်သော နယ်ပယ်သို့ ရောက်ရှိသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဒီလို အင်အားကြီးတဲ့ ရန်သူကို သူတို့ အနိုင်ဖို့မဖြစ်နိုင်ပေ။ တာအိုဘိုးဘေးသာ ရှန်းရှန်တုံးထျန်းကို ရှာတွေ့ခဲ့ပါက ပျက်စီးကိန်းဆိုက်ကုန်လိမ့်မည်။
ကောင်းကင်သုံးခုနယ်ပယ်.....
ရှန်းယန်၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ရှန်းရှန်တုံးထျန်းဟုခေါ်သည်မှာ ဤနယ်ပယ်ကြောင့်ဖြစ်သည်။
ရှေးခေတ်ကတည်းက ကောင်းကင် နယ်ပယ်ကျွမ်းကျင်ပညာရှင်များ အများအပြားမွေးဖွားခဲ့ဖူးသည်။သို့သော်လည်း နောက်ဆုံးသော ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူက လွန်ခဲ့သောနှစ်ပေါင်း၉၀၀ကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
“ဒီတိုက်ကြီးရဲ့ ကံကြမ္မာကို ငါစုဆောင်းပြီး အားလုံးကို စုပ်ယူလိုက်တဲ့အခါ ဒီတိုက်ကြီး လုံးဝဆိတ်သုဉ်းသွားလိမ့်မယ်.... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းကလိုသာဆို နောက်ဆက်တွဲ ပြသာနာတွေကို တာအိုဘိုးဘေးရင်ဆိုင်ရလိမ့်မယ်...."
ရှန်းယန်၏ ပါးစပ်ထောင့်များ ကွေးညွတ်သွားသည်။ ထို့နောက် မျက်လုံးကိုမှိတ်ထားပြီး သူ၏အစစ်အမှန်ချီ ဖြန့်ကျက်ခြင်းကို အာရုံစိုက်လိုက်သည်။
လက်ရှိတွင် သူသည် ရှန်းရှန်တုံးထျန်းမှထွက်ခွာရန် ကြိုးစားနေသူများနှင့် အလွန်အလှမ်းဝေးသော တိုက်ကြီး၏ဗဟိုတွင် ရှိနေသည်။ ထို့ကြောင့် သူသည် မည်သည့်အတက်အကျကိုမျှ မခံစားခဲ့ရပေ။
ပထမတော့ သူထွက်သွားဖို့ လွယ်ကူအောင်
သူ့တပည့်တွေအားလုံးကို ဖယ်ထုတ်ပစ်ခဲ့သည်။ အမှန်တော့၊ သူတစ်ယောက်တည်း ပြေးခြင်းက သူနဲ့အတူ သန်းပေါင်းများစွာသော တပည့်တွေကို ခေါ်ဆောင်တာထက် ပိုမြန်မှာ သေချာပါသည်။
သို့သော်လည်း ယခုတွင် ရှန်းရှန်တုံးထျန်း သည် ၎င်းတို့၏ နယ်မြေသာမက ၎င်းတို့၏ အနာဂတ်ကိုပါ ဆုံးရှုံးခဲ့ချေပြီ......
အထူးသဖြင့် မြောက်ဘက်ရှိ မင်းဆက်များကို ထိတ်လန့်စေသော အလင်းတန်း ခုနစ်ခုရှိသော်လည်း မည်သူမျှ မစုံစမ်းရဲကြပေ။
တစ်လကြာပြီးနောက်....
ကျန်းချန်ရှန်း၏ကိုယ်ပွား ၁၀၀ သည် ရှန်းရှန်တုံးထျန်းတွင်ကျန်ခဲ့သောရတနာများကိုယူဆောင်ခဲ့ပြီး လုံချီတောင်သို့ပြန်ပို့ခဲ့သည်။ ထို့အပြင် ၎င်းတို့ကို သိုလှောင်ရန် ဂူတစ်လုံးကိုပါ ဆောက်လုပ်ခဲ့သည်။
ထိုအချိန်တွင် မြောက်ပိုင်း မင်းဆက်အများစုသည် ပင်လယ်ကမ်းစပ်က အခြေအနေကို စုံစမ်းရန် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့သည်။ ထိုက်ယန်မြှား၏ စွမ်းအားက အလွန်အစွမ်းထက်သဖြင့် အလောင်းတစ်လောင်းမျှ မကျန်ရစ်ခဲ့ပေ။ မိုင်တစ်ထောင်အတွင်း အပျက်အစီးများ ပြိုကျခဲ့ပြီး တိုက်ရိုက် မြှားချက်ကျဆင်းခဲ့သော ကမ်းရိုးတန်းသည် ကြီးမားသော ကုန်းတွင်းပိုင်းပင်လယ်အော်ကြီး ဖြစ်လာခဲ့သည်။ အမျိုးမျိုးသော မင်းဆက်များ အချင်းချင်း ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ဒီအဖြစ်အပျက်ဟာ အာကာသထဲက ဥက္ကာခဲတစ်ခုကြောင့် ဖြစ်ခဲ့တာဟူ၍သာ ကောက်ချက်ချ၍ နိဂုံးချုပ်ခဲ့သည်။
ရှန်းရှန်တုံးထျန်းအဖွဲ့ဝင်များ ထွက်ပြေးရန် ပြင်ဆင်နေမှန်း မည်သူမျှ မသိခဲ့ကြပေ။ ပုံမှန်အားဖြင့်၊ ရှန်းရှန်တုံးထျန်းကသာ ကိုယ်ထင်မပြလျှင် ချောင်ဂိုဏ်းများပင်လျှင် ၎င်းတို့၏တည်နေရာကို ရှာဖွေရန် ခက်ခဲသည်။
ထိုကဲ့သို့ပင်၊ ဤတိုက်ကြီးကို နှစ်ထောင်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သော ရှန်းရှန်တုံးထျန်း မည်သူမျှ သတိမပြုမိဘဲ ကွယ်ပျောက်သွားခဲ့ချေပြီ.....
ကျန်းချန်ရှန်းက ပွင့်ပွင့်လင်းလင်း အရေးယူခဲ့ပေမယ့် ရှန်းရှန်တုံးထျန်းရဲ့ လျှို့ဝှက်အစီအစဉ်ကြောင့် ဒီကိစ္စကို မည်သူမျှမသိခဲ့ကြပေ။ ကျန်းချန်ရှန်းကလည်း ဘယ်သူ့ကိုမှ မပြောခဲ့သလို ဓားနတ်ဘုရားတစ်ယောက်သာ ယောင်ဝါးဝါးမှန်းဆနိုင်ခဲ့သည်။
ကျန်းချန်ရှန်းသည် နေ့ဘက်တွင် စွမ်းအင်ကျင့်ကြံပြီး ညအချိန်တွင် အမှန်တရားကိုးပါးကို လေ့ကျင့်သင်ယူခဲ့သည်။
တစ်နှစ်ခွဲအကြာတွင် သူသည် အမှန်တရားကိုးပါးကို လုံးလုံးလျားလျား ကျွမ်းကျင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် နတ်ကိုပါးတိုက်ပွဲဝင်နည်းစနစ် ဟုခေါ်သော ပညာရပ်တစ်ခုကို ဖန်တီးခဲ့သည်။
ထိုပညာရပ်ကိုလွယ်လွယ်ကူကူ သင်ပေးလို့ မရနိုင်ပေ။ ဤပညာရပ်ကို စတင် လေ့ကျင့်ရန် အခက်အခဲ မြင့်မားနေပြီဖြစ်သောကြောင့် ၎င်းကို တာအိုဘိုးဘေး၏ အမွေအနှစ်အဖြစ် ထားခဲ့ခြင်းကသာ သင့်လျော်လိမ့်မည်။
ကျန်းဂျန်နှင့် ပင်းအန်းတို့ကတေယ့ သင်ယူနိုင်သည်။ ဓားနတ်ဘုရားသည်လည်း လှုပ်ရှားမှုတစ်ခု သို့မဟုတ် နှစ်ခုကို သင်ယူနိုင်ခဲ့သည်။ မုလင်းလော့လည်း သင်ယူနိုင်သည်။ သူမသည် အလွန်ဝေးကွာသော ရှေးဟောင်းနတ်ဘုရားတိုက်ကြီးတွင် ရှိနေသောကြောင့် ကျန်းချန်ရှန်း သူမကို အချိန်ပြည့် ဂရုမစိုက်နိုင်ပေ။ထို့ကြောင့် ဤပညာရပ်ကို သင်ပေးလျှင် သူမအတွက် ပိုလုံခြုံမည်ဖြစ်သည်။
အမှန်တရားကိုးပါးသည် မည်သည့်နယ်ပယ်အတွက်မဆို သင့်လျော်ပြီး တိုက်ခိုက်ရေးစွမ်းအားကို များစွာတိုးမြှင့်နိုင်သည်။ ဤပညာရပ်ဖြင့် နယ်ပယ်မြင့်သူများကိုပါ တိုက်ခိုက်ရန် ဖြစ်နိုင်ကြောင်း ခံစားမိခဲ့သည်။
ဒါက စိတ်ကူးယဉ်ဝတ္ထုရဲ့ အဓိကဇာတ်ဆောင်အတွက် မရှိမဖြစ်လိုအပ်သော အမိုက်စားကျင့်စဉ် တစ်ခု မဟုတ်ပေဘူးလား.......
ဆောင်းဦးတွင် ကြွေကျနေသော အရွက်များ မြေပြင်တွင်ပုံထပ်နေသည်။
ကျန်းချန်ရှန်းသည် ကျန်းဂျန်နှင့်ပင်းအန်းတို့ကို နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်ကို သင်ကြားပေးနေသည်။
“ဒါက ငါ ဖန်တီးထားတဲ့ ပညာရပ်တစ်ခုပဲ.... ဒါကို နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ် လို့ခေါ်တယ်... ငါ မင်းတို့ကို ပထမဆုံး လှုပ်ရှားမှုဖြစ်တဲ့ လင်း စည်းတံဆိပ်ကို သင်ပေးမယ်.... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ချေးငှားပြီး အချိန်တိုအတွင်းမှာ ခန္ဓာကိုယ်ကို ခိုင်ခံ့စေပြီး ခွန်အားကို အဆပေါင်းများစွာ တိုးမြင့်လာစေနိုင်တယ်…”
ကျန်းချန်ရှန်းက သစ်ပင်အောက်မှာထိုင်ပြီး သေချာရှင်းပြပေးနေသည်။
ဓားနတ်ဘုရားနှင့် နှင့် ပိုင်ချီတို့လည်း စူးစမ်းလိုစိတ်ဖြင့် နားထောင်နေကြသည်။
သူတို့ ပိုနားထောင်လေ၊ အထူးသဖြင့် ဓားနတ်ဘုရား ပိုတုန်လှုပ်လာလေပင်....
ဘယ်လိုပညာရပ်မျိုးလဲ.....ကောင်းကင်နှင့်မြေပြင်က စွမ်းအားကို ချေးငှားနိုင်တာလား....
ဓားနတ်ဘုရား၏ ကောင်းကင်နှင့်မြေပြင်၏ဓားဆန္ဒမှာလည်း ထိုကဲ့သို့ နက်နဲမှု ရှိသော်လည်း၊ ၎င်း၏ ဓားဆန္ဒသည် စစ်မှန်သောချီကို အခြေခံအုတ်မြစ်အဖြစ် မှီခိုနေရဆဲပင်..... သို့သော် လင်းစည်းတံဆိပ်သည် လူတစ်ဦး၏ ခွန်အားကို အဆပေါင်းများစွာ ပိုမိုသန်မာလာစေနိုင်သည်။ ဒါမျိူး သူတခါမျှမကြားဖူးခဲ့ပေ။
အခွင့်အရေးတစ်ခုရောက်လာပြီဟု ရုတ်တရက်ခံစားလိုက်ရသည်။
သူသည် ဤပညာရပ်မှ ဉာဏ်အလင်းအချို့ ရယူနိုင်ပြီး ပိုမိုအားကောင်းသောဓား တာအို ကို နားလည်လာနိုင်သည်။
ကျန်းချန်ရှန်းက သူတို့ကို တစ်နာရီကြာ သင်ပေးပြီးနောက်တွင် သူတို့ကို ဂရုမစိုက်တော့ပေ။ တာအိုကျင့်စဉ်၏ အဋ္ဌမအဆင့်သို့ အမြန်ဆုံးရောက်အောင် အားထုတ်ရပေဉီးမည်။
ညအချိန်တွင် ...
ကျန်းချန်ရှန်းက မုလင်းလော့ကို အိပ်မက်ထဲတွင် လင်းစည်းတံဆိပ်ကို သင်ပေးခဲ့သည်။ သာမန်လူတွေက သူတို့ရဲ့အိပ်မက်တွေကို မှတ်မိဖို့ခက်ပေမယ့် ဒီကောင်မလေးကတော့ အများနှင့်မတူပေ။ သူမ အိပ်မက်ထဲတွင် ကျန်းချန်ရှန်းနှင့်ပြောခဲ့သမျှစကားလုံးတိုင်းကို အလွယ်တကူ မှတ်မိနိုင်သည်။
လင်းစည်းတံဆိပ်ကို ပထမဆုံးအကြိမ် သင်ယူပြီးနောက် မုလင်းလော့က..." အရမ်းအစွမ်းထက်တာပဲ....အခုချိန်ထိ သင်ယူထားတာတွေထက်တောင် ပိုကောင်းတယ်...”
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး ...“အဲဒါကို ဘယ်သူမှမသိစေနဲ့... ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်ပဲ....ငါက မင်းရဲ့လျှို့ဝှက်ချက်....."
မုလင်းလော့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
လေးနှစ်၊ငါးနှစ်သားအရွယ်တွင် မိဘများကို အိမ်မက်အကြောင်း ပြောပြခဲ့သော်လည်း သူမကို မယုံသောကြောင့် ထပ်မပြောခဲ့ပေ။ အသက်ကြီးလာသည်နှင့်အမျှ သူမ၏ထူးခြားသောစွမ်းရည်များကြောင့် သက်တူရွယ်တူများကြားတွင် သူမကို လိုက်မှီသူမရှိတော့ပေ။ ယခုတော့ ကျန်းချန်ရှန်း နေ့တိုင်းလာနေတာက သူမအတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာပြီး အမြဲတမ်း အိမ်မက်ထဲမှာ သူ့ကိုတွေ့ချင်နေမိတော့သည်။
သူမ အချိန်တိုင်း အိပ်မက်မမက်နိုင်သော်လည်း ဤအိပ်မက်များက အလွန်စစ်မှန်သည်ဟု ခံစားမိသည်။ အိပ်မက်ထဲကလမ်းညွှန်မှုများက သူမ၏ခွန်အားကို အမှန်တကယ်တိုးပွားစေနိုင်သောကြောင့် အစ်ကိုချန်ရှန်းသာ် အမှန်တကယ်တည်ရှိနေသူဖြစ်ရမည်။
ဒီရှာဖွေတွေ့ရှိမှုက သူမကို အင်မတန်စိတ်လှုပ်ရှားစေခဲ့သည်။ ဒါက သူ့မိဘတွေပြောခဲ့တဲ့ အခွင့်အရေးပဲလို့ ခံစားခဲ့ရသည်။ ထို့ကြောင့် ကျန်းချန်ရှန်း၏တည်ရှိမှုကို လျှို့ဝှက်ထားကာ ဘယ်သူ့ကိုမှ မပြောခဲ့ပေ။
ယန်တျယ်ခေတ် တတိယနှစ်.......
စာကြည့်ဆောင်၌ ကျန်းရှုသည် ဟန်းထျန်းကျီ၊ ချန်းလီ၊ စောရနတ်ဘုရားတို့နှင့်အတူ သဲစားပွဲရှေ့တွင် ရပ်နေခဲ့သည်။
စောရနတ်ဘုရားသည် လွန်ခဲ့သော 43 နှစ်က လုံချီဘုရားကျောင်းသို့ ခိုးဝင်ခဲ့ပြီး ကျန်းချန်ရှန်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူသည် ဆယ်နှစ်ကြာ တံမြက်စည်းလှဲခဲ့ရပြီးနောက် ကျန်းရှု နောက်ကို လိုက်ခဲ့သည်။ နှစ်များစွာကြာပြီးနောက်၊ သူသည် ကျန်းရှု ၏ယုံကြည်စိတ်ချရသောလက်ထောက်ဖြစ်လာပြီး ဝတ်ဖြူတော်အစောင့်တပ်၏ဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရသည်။
ဧကရာဇ်တိုင်းတွင် လက်ရုံးတော်များ ရှိကြစမြဲပင်...
ချန်းလီသည် ဟန်းထျန်းကျီ၏ တပည့်ဖြစ်ပြီး ကျန်းရှုသည် တကျန်း၏ ကံကြမ္မာ တိုးပွားစေရန် သူ၏အကူအညီကို လိုအပ်သောကြောင့် ကျန်းရှု၏ အကြံပြုချက်အရ ချန်းလီသည်လည်း သူ၏ ယုံကြည်ရသော လက်ထောက်ဖြစ်လာခဲ့သည်။
“ကိုယ်ချင်းစာတရားဆိုတာ ကိုယ့်တာဝန်လို့ အမြဲမှတ်ယူထားပေမယ့် စေတနာက ကိုယ့်လူမျိုးအတွက်ပဲ.....အရင်ဧကရာဇ်ရဲ့ နောက်ဆုံးဆန္ဒကို ဘယ်တော့မှ မမေ့ဘူး....တကျန်းက ကမ္ဘာကြီးကို စည်းလုံးအောင် ကူညီပေးမယ်လို့လည်း ကတိပြုထားတယ်.... အခုက တိုက်ကြီးတစ်ခုလုံး တည်ငြိမ်ပြီး တိုင်းပြည် အင်အားကြီးမားလာတဲ့အတွက် ကိုယ်တော်တို့ နယ်မြေချဲ့ထွင်ဖို့ အချိန်တန်ပြီ.....”
ဟိုယခင်က ခမည်းတော်ကျန်းဇီယုကို နားမလည်ခဲ့သော်လည်း အမှန်တကယ် နန်းတက်သောအခါတွင် သူ၏ စိတ်နှလုံးသား ပြောင်းလဲသွားခဲ့ချေပြီ.....
ချန်းလီက......"အရှင်မင်းကြီးမှာ ဒီလိုမျိုး ပြင်းပြတဲ့ဆန္ဒတွေရှိတာက တကျန်းအတွက် ကောင်းချီးပေးလိုက်သလိုပါပဲ.... တကျန်း က အခု အင်အားကြီးမားပေမဲ့ အသန်ဆုံးတော့ မဟုတ်သေးဘူး..... မြောက်ဘက်မှာ ကျွန်တော်မျိုးတို့ထက် အင်အားကြီးတဲ့ မင်းဆက်နှစ်ဆက်ရှိနေသေးတယ်...သူတို့ထဲကတစ်ခုကပိုကြောက်စရာကောင်းပြီး အခုထိနယ်မြေချဲ့ထွင်နေတုန်းပဲ.... အချိန်တန်ရင် မြောက်ဘက်ကနေ တောင်ဘက်ကို စစ်ချီလာကြမှာပဲ...."
စောရနတ်ဘုရားက ခေါင်းညိတ်လိုက်ပြီး.... “အခုအချိန်မှာ တကျန်းရဲ့ စစ်တပ်တွေ အားကောင်းပြီးနေရာအနှံ့ဖြန့်ကျက်ထားတယ်..... အချိန်အကြာကြီး ပျင်းရိနေရင် ဒုက္ခဖြစ်စေဖို့ လွယ်ကူလိမ့်မယ်....ဝေ့ဝမ် ဘုရင်ဖြစ်စဥ်က အရင်ဧကရာဇ်တွေရဲ့ အောင်မြင်မှုတွေကို အတုယူခဲ့တာပဲလေ....”
စစ်သားများနှင့် သိုင်းပညာရှင် အများအပြားသည် နေ့စဉ်နေ့တိုင်း အပြင်းအထန် လေ့ကျင့်ခဲ့ကြသော်လည်း ၎င်းတို့၏ စွမ်းရည်များကို မပြသနိုင်ခဲ့ပေ။ ဒီအတိုင်းဆက်သွားရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဒုက္ခတွေ ပေါ်လာလိမ့်မည်။
ဟန်းထျန်းကျီက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ပြုံးလိုက်သည် သူက အနားယူဖို့ ပြင်ဆင်နေပြီး ဧကရာဇ်က အငြိမ်းစားမပေးသေးသောကြောင့်သာ ဤနေရာတွင်ရှိနေခြင်းဖြစ်သည်။
“စစ်တိုက်ချင်ရုံသက်သက်နဲ့ မျက်စိကန်းတစ္ဆေလိုလုပ်နေလို့တော့ မဖြစ်ဘူး... ပန်းတိုင်တစ်ခုကို ဦးတည်တိုက်ခိုက်ပြီး လမ်းတစ်လျှောက်က မင်းဆက်တွေကို နှိမ်နင်းရမယ်...ဟုန်ရွှမ်းမင်းဆက်က တကျန်းနဲ့ အနီးစပ်ဆုံးဖြစ်ပေမယ့် သဘောထားကောင်းမွန်ကြပြီး ကုန်သွယ်ရေးအဆင်ပြေဖို့ တကျန်း ကိုအများကြီးကူညီပေးထားတယ်.... တကျန်းက ယုံကြည်မှုအပေါ်အခြေခံတကြောင့် သူတို့ကိုတိုက်ခိုက်လို့မဖြစ်ဘူး..... အနောက်မြောက်ဘက်က ထျန်းဟန် မင်းဆက်ကိုပဲ တိုက်ခိုက်ကြမလား..." ဟု ကျန်းရှုက မေးလိုက်သည်။
ကျန်းရှုတွင် စစ်တိုက်သည့် အတွေ့အကြုံမရှိသည့်အတွက် ဆုံးဖြတ်ချက်မချနိုင်ပေ။
ချန်းလီက..... "ဟုန်ရွှမ်းမင်းဆက်ကို ကျော်ဖြတ်ပြီး တုံးဟိုင်မင်းဆက်ကို တိုက်ခိုက်တာ ပိုကောင်းမယ်ထင်တယ်...ဒါဟာ
လမ်းတစ်လျှောက်က နယ်မြေအချို့ကို သိမ်းပိုက်ဖို့ အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်တယ်... ကျွန်တော်မျိုးတို့ တုံးဟိုင်မင်းဆက်ကို သိမ်းပိုက်ပြီးရင် ဟုန်ရွှမ်းမင်းဆက်ကသာ ပုန်ကန်ဝံ့ရင် သူတို့ကို အလွယ်တကူ ထောင်ချောက်ဆင်နိုင်ပါလိမ့်မယ်...."
စောရနတ်ဘုရားက ခေါင်းညိတ်လိုက်ပြီး.....
“အနောက်ဘက်ကို လိုက်သွားမယ်ဆိုရင် နယ်မြေက အရမ်းရှည်လိမ့်မယ်..... နယ်မြေကို ဒေါင်လိုက်ပဲ ချဲ့ထွင်သင့်တယ်.....”
ကျန်းရှု ၏အကြည့်များ မြေပုံပေါ်မှ တုံးဟိုင်မင်းဆက်အပေါ်သို့ ရောက်သွားသည် ။
တစ်ခြားဘက်တွင်မူ.......
ယုယန်ရိတစ်ယောက် ကျန်းချန်ရှန်းဆီသို့ အလည်အပတ်ရောက်လာသည်။
"ကျယ်ရှန့်သားရဲ ပိုင်ဇီ မြောက်ဘက်မှာပေါ်လာတယ်.... ပိုင်ဇီရဲ့သွေးက လူတစ်ဦးရဲ့ သက်တမ်းကို ရှည်စေပြီး ကြွက်သားတွေနဲ့ အရိုးတွေကို ကြံ့ခိုင်စေတယ်....ဆရာတော် စိတ်ဝင်စားလား....အခုအချိန်မှာ သိုင်းလောကသားအားလုံးက အဲဒါအတွက် တိုက်ပွဲဝင်နေကြတယ်...."
ပိုင်ဇီက အနှစ်တစ်ထောင်မှာ တစ်ကြိမ်သာ မြင်တွေ့ရတဲ့ ရှားပါးတဲ့သားရဲမို့ ကျွန်မ အဖေတောင် ငါ့အဖေက အဲဒီနေရာကို အဖွဲ့သားတွေစေလွှတ်ထားတယ်...."
ကျန်းချန်ရှန်းက ....“ဒါဟာ လူသားမျိုးနွယ်ကို ကောင်းချီးပေးခဲ့တဲ့ သားရဲမျိုးပဲ.... သတ်ပစ်လိုက်လို့ဘယ်ဖြစ်မလဲ....”
ဓားနတ်ဘုရားက.....“လူတစ်ယောက်အတွက် သက်တမ်းတိုးလာတာက အဓိပ္ပာယ်မရှိပေမယ့် ခွန်အားတိုးစေတာတော့ အမှန်ပဲ..ဒီတိုက်ကြီးမှာ ကျယ်ရှန့်သားရဲတွေ နည်းပါးလာရတဲ့ အကြောင်းရင်းက လူသားတွေရဲ့လောဘကြောင့်ပဲလေ... ပိုင်ဇီရဲ့သွေးပးက အလွန်အစွမ်းထက်တယ်...ရှေးခေတ်ကတည်းက လူသားတွေ သူ့ကို ၎င်းကို အောင်မြင်စွာ အမဲလိုက်နိုင်ခြင်း မရှိသေးဘူး.... အချိန်တိုင်း အသေအပျောက်တွေများပြားခဲ့တယ်....”
ယုယန်ရိက ကူကယ်ရာမဲ့စွာဖြင်... “ကျွန်မတို့ မသွားရင်တောင် တခြားသူတွေ သွားမှာပဲလေ...ချောင်ဂိုဏ်း....ဒါမှမဟုတ် ရှန်းရှန်တုံးထျန်းကသာ သူ့ကိုရသွားရင် ဘယ်သူ့အတွက်မှကောင်းမှာမဟုတ်ဘူး...."
ရှန်းရှန်တုံးထျန်း အကြောင်းပြောသောအခါ၊ ဓားနတ်ဘုရားက ကျန်းချန်ရှန်းကိုကြည့်လိုက်သည်။
သူသည် ရှန်းရှန်တုံးထျန်း၏ လက်ရှိအခြေအနေကို အမြဲမေးချင်နေခဲ့သည်။
ထိုညတွင် ပစ်ခတ်လိုက်သော မြှားများသည် ရှန်းရှန်တုံးထျန်း၏အဖွဲ့ဝင်များဆီသို့ သေချာပေါက် ချိန်ရွယ်ထားသည်။
ထိုသို့သော စွမ်းအားမျိုးနှင့်သာဆို အသေအပျောက် အများအပြား ရှိကောင်း ရှိပေလိမ့်မည်။
သူ့ခန့်မှန်းချက်တစ်ဝက်မှန်ကြောင်း သူနည်းနည်းမှ မသိခဲ့ပေ။ သို့သော်၊ ရှန်းရှန်တုံးထျန်းသည် မြောက်ဘက်တည်ရှိသဖြင့် ကျန်းချန်ရှန်းက ၎င်းတို့၏ အခြေစိုက်စခန်းကိုဖျက်စီးပစ်ရန် မရည်ရွယ်ထားပေ။