← Chapters

နဂါးသွေးကြောတိုက်ကြီး.... မဟာယာနနဂါးမျှော်စင်၏ စိတ်ပျက်အားငယ်ခြင်း......

Vol. 9 Ch. 127

နဂါးသွေးကြောတိုက်ကြီး.... မဟာယာနနဂါးမျှော်စင်၏ စိတ်ပျက်အားငယ်ခြင်း......

Vol. 9 Ch. 127

မြေးအဖိုးတတွေ စကားစမြည်ပြောဖြစ်ခဲ့ကြသည်။ ကျန်းရှုသည် ဤကာလအတွင်း သူကြားသိခဲ့ရသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ပြောပြခဲ့သည်။ လစဉ်လတိုင်း နိုင်ငံခြားသားတွေ သူ့ကိုတွေ့ဖို့ မြို့တော်ကို ရောက်လာကြပြီး သူတို့အများစုဟာ သူ့ကို စိတ်ကျေနပ်စေဖို့ ဒါမှမဟုတ် တကျန်းမှာ စီးပွားရေးလုပ်ဖို့ ဒီကိုလာခဲ့ကြခြင်းဖြစ်သည်။

“ဒီကမ္ဘာမှာ သားရဲတွေကို ထိန်းကျောင်းဖို့ အထူးပြုတဲ့ ဂိုဏ်းတစ်ခု ရှိနေမယ် ထင်မထားညူး. သူတို့က နတ်ဆိုးတွေကို ယဉ်ပါးအောင် ထိန်းကျောင်းပြီး တိုက်ပွဲဝင်ခိုင်းနိုင်ကြတယ်.... နတ်ဆိုးတွေက လူတွေနဲ့ ပေါင်းလိုက်တဲ့အခါ အစွမ်းထက်တဲ့ သိုင်းပညာကိုတောင် ပြသနိုင်တယ်…”

ကျန်းရှု ဒါကိုပြောတဲ့အခါ ပိုင်ချီ မနေနိုင်တော့ဘဲ မျက်လုံးဖွင့်ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက လက်ဖက်ရည်သောက်ရင်း နားထောင်နေကာ စိတ်ဝင်စားဖို့ကောင်းမှန်း သိလိုက်သည်။

ခဏကြာ စကားပြောပြီးနောက် ကျန်းရှုက ရုတ်တရက်.... "ဆရာဘိုးဘိုး... ဧကရာဇ်ဖြစ်ဖို့ အိမ်ရှေ့မင်းသားနဲ့ ဒုတိယမင်းသားနှစ်ယောက်မှာ ဘယ်သူက ပိုသင့်တော်မယ်ထင်လဲ...."

ကျန်းချန်ရှန်းက တည်တည်ငြိမ်ငြိမ်နဲ့..... "အိမ်ရှေ့မင်းသားက ပထမမြေးတော်ဖြစ်ပြီး အိမ်ရှေ့စံဖြစ်နေပြီပဲ.... မင်းဘာလို့ တုံ့ဆိုင်းနေတာလဲ"

ကျန်းရှုက ကူကယ်ရာမဲ့စွာဖြင့်.... “ဒီကလေးက ဉာဉ်မကောင်းဘူး.... အရွယ်ရောက်နေတာတောင် အစိုးရပိုင်းကိစ္စတွေကို တာဝန်မယူနိုင်သေးဘူး...တနေကုန် အပျော်ရှာဖို့ပဲတွေးနေတာ....ပြီးတော့ ဆောင်ကြာမြိုင်တွေဆီခဏခဏသွားတတ်နေပြီ... "

သူ့သားအကြီးဆုံးအပေါ် မျှော်လင့်ချက်ထားခဲ့ပေမယ့် သူဘာမှ မလုပ်နိုင်ခဲ့ပေ။ သူ့ကို ဆွဲဆောင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပေမယ့်လည်း မအောင်မြင်ခဲ့ပေ။

ကျန်းချန်ရှန်းက. .. "ဒါဆို ဒုတိယမင်းသားက အိမ်ရှေ့မင်းသားထက် ပိုတော်လို့လား...."

ကျန်းထျန်ချီသည် သိုင်းပညာစွမ်းရည် မြင့်မားသော်လည်း၊ အပျော်အပါး နှစ်သက်သည်။ အိမ်ရှေ့မင်းသားက မိန်းမရှုပ်သည်ဆို ဒုတိယမင်းသားက လောင်းကစားသမားပင်.... သူသည် လောင်းကစားမျိုးစုံကို စွဲလန်းနေခဲ့သည်။နောက်ဆုံး ကြက်တိုက်၊ပုရစ်တိုက်ခြင်းပါမချန်အကုန်လုပ်ဖူးသည်။ အိမ်ရှေ့မင်းသားထက် သာလွန်ကောင်းမွန်သော တစ်ခုတည်းသောအချက်မှာ သူ့တွင် အရေးကြီးသောရာထူးတစ်ခုရှိပြီး အခွန်ဌာနတွင် လေ့ကျင့်သင်ကြားနေခြင်းဖြစ်သည်။

“အတူတူနဲ့အနူနူပါပဲ.... အဲဒါကြောင့် ခေါင်းကိုက်နေရတယ်... တကျန်းရဲ့ မျိုးဆက်သစ်တွေအတွက် တကယ်ကို စိုးရိမ်မိပါတယ်....”

ကျန်းရှု သက်ပြင်းချလိုက်သည်။

ကျန်းချန်ရှန်းအနေဖြင့် မြေးမြစ်များပေါ်တွင် ခံစားချက်များစွာမရှိခဲ့ပေ။ သူသည် မျိုးဆက်တိုင်းနှင့် မနီးစပ်နိုင်မည်မဟုတ်ပေ။

ကျန်းချန်ရှန်းက.... “မင်းကိစ္စတွေကို အာရုံစိုက်မနေနဲ့.... နဂါးအစစ်မွေးလာရင် သဘာဝအတိုင်း ပေါ်လွင်လာလိမ့်မယ်... နဂါးအစစ်မရှိရင် ကံကြမ္မာအတိုင်းလို့သာသတ်မှတ်လိုက်တော့.....”

ကမ္ဘာပေါ်တွင် မည်သည့်မင်းဆက်များက မျိုးဆက်များအထိ ပညာရှိစွာ အုပ်ချုပ်နိုင်မည်နည်း။

ကျန်းရှုက ဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။အရင်က ကျန်းဇီယုသည်လည်း သူ့ကို ထီးနန်းအမွေမဆက်ခံနိုင်မည်ကို စိုးရိမ်ခဲ့ဖူးသည်။သူသည် ယခုအချိန်တွင် ထီးနန်းကိုကောင်းစွာထိန်းသိမ်းထားနိုင်နေပြီဖြစ်သည်။

ညနေပိုင်းတွင် ကျန်းရှုက မင်းသားနှစ်ပါးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျန်းဂျန်ခြံထဲသို့ ပြန်လာပြီး ခေါင်းယမ်းလိုက်သည်။ “အစ်ကို့ရဲ့သားနှစ်ယောက်က အဆင်မပြေဘူး... သူတို့ရဲ့ သိုင်းပညာက အားနည်းလွန်းတယ်.....”

ပင်းအန်းကလည်း ရယ်မောလိုက်ပြီး “ဟုတ်တယ်...ဟုတ်တယ်” ဟု ထောက်ခံခဲ့သည်။

ပင်းအန်း လုံချီဘုရားကျောင်းကို ပြန်ရောက်ပြီးနောက် နှစ်ယောက်စလုံး တိုက်ခိုက်ရတာကို နှစ်သက်တာကြောင့် ကျန်းဂျန်နဲ့ လက်ရည်စမ်းရသည်ကို နှစ်သက်နေသည်။ ကျန်းဂျန် မကြာခဏ ရိုက်နှက်ခံရသော်လည်း ၎င်းကို ဘယ်တော့မှ မငြီးငွေ့ခဲ့ပေ။

ကျန်းချန်ရှန်းက သူတို့ကို လျစ်လျူရှုပြီး ကျင့်ကြံဖို့သာ အာရုံစိုက်ထားသည်။

ဓားနတ်ဘုရားက ပင်းအန်းကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

ဒီဇင်ဘာလတွင် တကျန်း၏ သိုင်းပညာလောကကို တုန်လှုပ်စေသည့် သတင်းတစ်ပုဒ်ထွက်ပေါ်လာသည်။

ကျယ်ရှန့်သားရဲ ပိုင်ဇီသည် မင်းဆက်များစွာ၏ သိုင်းပညာရှင်များကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

ထိုသတင်းက တောမီးလို ပျံ့နှံနေပြီး မြို့တော်မှာရှိတဲ့ တည်းခိုခန်းတွေအားလုံးမှာလည်း ဒီအကြောင်းကိုသာ ဆွေးနွေးနေကြသည်။ လုံချီ ဘုရားကျောင်း၏ တပည့်များပင်လျှင် ၎င်းကို ဆွေးနွေးကြသည်။

ကျန်းချန်ရှန်းသည် ယုယန်ရိထံမှ ထိုအကြောင်းကို သိခဲ့ရသည်။ သူမက ကူကယ်ရာမဲ့..... “ဒီပညာရှင်ရဲ့ လှုပ်ရှားမှုက အရမ်းမြန်တယ်....ရွှေခန္ဓာနယ်ပယ် စီနီယာနှစ်ယောက်တောင် သူ့ကိုတားနိုင်မှာ မဟုတ်ဘူး.....”

ကျန်းဂျန်က... "ဒါဆို အဲ့လူက ပိုင်ဇီရဲ့သွေးကို တစ်ယောက်တည်း အပိုင်သိမ်းသွားတာပေါ့...."

“မဟုတ်လောက်ဘူး... ပိုင်ဇီက မသေဆုံးမီတွင် ငိုကြွေးခဲ့ပြီး နတ်ဆိုးသားရဲများစွာကို သတိပေးခဲ့တယ်.... အပြန်လမ်းမှာ ဖူယွဲ့ မိသားစုဝင်တွေ နတ်ဆိုးသားရဲတွေကိုတွေ့ခဲ့တယ်... သူတို့အားလုံး လမ်းကြောင်းတစ်ခုတည်းကိုဉီးတည်နေတာဆိုတော့ ပိုင်ဇီကို ကယ်တင်ဖို့လား ဒါမှမဟုတ် တခြား အကြောင်းပြချက်ရှိလား မသိဘူး....”

ယုယန်ရိက ပိုင်ချီကိုကြည့်ပြီး... " တစ်ခုခု ခံစားမိလား"ဟုမေးလိုက်သည်။

ပိုင်ချီက ကြောင်တက်တက်နဲ့ ....“ဟင့်အင်း...ငါက ခြံထဲမှာ တစ်နေ့လုံး စားလိုက်အိပ်လိုက်လုပ်နေတာ... ငါ မင်းကို ဘာမှ မပြောနိုင်ဘူး...."

တံမြက်စည်းလှည်းနေသော ဓားနတ်ဘုရားက မျက်မှောင်ကြုတ်ပြီး.... “နတ်ဆိုးသားရဲတွေ စုဝေးနေမယ်ဆို ပရမ်းပတာဖြစ်လာနိုင်ပြီး တောင်အနက်ပိုင်းမှာ နေထိုင်တဲ့ အနှစ်တစ်ထောင်နတ်ဆိုးသားရဲကိုတောင် ဆွဲဆောင်နိုင်တယ်....ဒီလိုသာဆို ဒုက္ခများပြီပဲ.... နေရာအနှံ့အလောင်းတွေပြန့်ကျဲနေတော့မှာ....နှစ်တစ်ထောင်နတ်ဆိုးသားရဲက ရွှေခန္ဓာနယ်ပယ်နဲ့တောင်နှိုင်းယှဉ်နိုင်တယ်...ဒါပေမယ့် ရှန်းရှန်တုံးထျန်းနဲ့ ချောင်ဂိုဏ်းတွေရှိနေတာကြောင့်ပေါ်လာရဲမှာမဟုတ်ဘူး... "

ဓားနတ်ဘုရားက ကျန်းချန်ရှန်းကို ကြည့်နေပြန်သည်ယ ကျန်းချန်ရှန်း၏ အမူအရာသည် ပုံမှန်အတိုင်း ဖြစ်နေသည်ကို သူမြင်လိုက်ရသောအခါ သူ့စိတ်နှလုံး ငြိမ်သက်သွားသည်။

ဓားနတ်ဘုရား၏နားလည်မှုအရ၊ နောက်ဆုံးနတ်ဆိုးသားရဲအဓိကရုဏ်းသည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာခန့်က ဖြစ်ပွားခဲ့သည်။ နှစ်တစ်ထောင်သက်တမ်းရှိသော နတ်ဆိုးသားရဲတစ်ကောင်သည် မင်းဆက်တစ်ခုကို သိမ်းပိုက်ရန် သန်းပေါင်းများစွာသော နတ်ဆိုးသားရဲများကို ဦးဆောင်ခဲ့သည်။ တစ်လခွဲခန့် တိုတောင်းသောကာလတွင် ထိုမင်းဆက်၏ နေရာတိုင်း၌ အလောင်းများ စုပုံနေသည်။ နောက်ပိုင်းတွင်၊ ရှန်းရှန်တုံးထျန်းမှ အဖွဲ့ဝင်တစ်ဦးက အနှစ်တစ်ထောင်သက်တမ်းရှိသော နတ်ဆိုးသားရဲကို သတ်ဖြတ်ခဲ့သည်။ ထိုနတ်ဆိုးသားရဲတို့ သေသည်ဖြစ်စေ၊ ပြေးသည်ဖြစ်စေ အဓိကရုဏ်းကြောင့် မင်းဆက်တိုင်းကို နိုးနိုးကြားကြားဖြစ်စေပြီး နတ်ဆိုးသားရဲများကိုလိုက်လံရှာဖွေသော ဂိုဏ်းခွဲများစွာ မင်းဆက်တိုင်းတွင် ပေါ်လာသည်။

ကျန်းချန်ရှန်းက ဒါကို စိတ်ပူနေမည်မဟုတ်ဆပ။ တကျန်းကို နတ်ဆိုးသားရဲတွေ ဆင်းသက်ခဲ့ရင်တောင်မှ သူ့ကို ရှင်သန်ခြင်း ဆုလာဘ်တစ်ခု ပေးရုံအပြင်မပိုပေ။

အပြာရောင်ကောင်းကင်အောက်မှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ မရေမတွက်နိုင်တဲ့ ကျွန်းစုတွေရှိနေသည်။

ကောင်းကင်၌ ပျံဝဲနေသော နတ်ဆိုးသားရဲများမှာ မရေမတွက်နိုင်အောင်များပြားလှသည်။

"အံ့ဖွယ်ကံကြမ္မာ" ဟူသော စာလုံးပါသည့် ကုန်သည်သင်္ဘောတစ်စင်း ကမ်းကပ်လာပြီး ဌာနခွဲခေါင်းဆောင်ကျန့်ယင်းက ကုန်းပတ်ပေါ်မှ ခုန်ဆင်းလိုက်ကာ...

"ရှောင်ကွေး.... တပည့်တွေကို ပစ္စည်းပို့ဖို့ စီစဉ်ပေးလိုက်...ငါ ဝိုင်သောက်လိုက်ဦးမယ်...."

စကားဆုံးသည်နှင့် အဖြေကို မစောင့်ဘဲ ကမ်းနားရှိ မြို့ငယ်လေးဆီသို့ လျှောက်သွားလေ၏။

မကြာခင် တည်းခိုခန်းတခုထဲကို ဝင်သွားခဲ့သည်။

"ဆိုင်ရှင်၊ ထုံးစံအတိုင်း!"

ကျန့်ယင်းက လှမ်းအော်လိုက်ပြီး စားပွဲဝိုင်းတခုတွင် ဝင်ထိုင်လိုက်သည်။

ထျန်းဟိုင်သို့ ပြန်ရောက်ပြီးနောက် ကန့်သတ်ချက်များနှင့် စည်းကမ်းများစွာ မရှိဘဲ သူ၏ တကယ့်အစစ်အမှန် အတိုင်းနေခွင့်ရပြီဖြစ်သည်။

စားပွဲထိုးက ဝိုင်နှစ်ပုလင်းနဲ့အတူ ရောက်လာပြီး သူ့အတွက် ငှဲ့ပေးရင်း..... "ဌာနခွဲခေါင်းဆောင်ကျန့်.... မတွေ့ရတာ နှစ်နှစ်လောက်ရှိပြီ...စီးပွားရေးလုပ်ဖို့ ဘယ်ကိုသွားနေတာလဲ..."

ကျန့်ယင်းက ... "မြောက်ပိုင်းက နဂါးသွေးကြောတိုက်ကြီး"

စားပွဲထိုးက သူ့ဘေးမှာ ထိုင်ချလိုက်ပြီး ထူးဆန်းတဲ့အမူအရာနဲ့ ...“နဂါးသွေးကြောတိုက်ကြီး? ရှေးခေတ်ကတည်းက သိုင်းပညာရှင်တွေ ကံကောင်းခြင်းတွေ ဖန်တီးတဲ့နေရာမလား.....ထျန်းဟိုင်နဲ့ အရမ်းဝေးတယ်.... ရံဖန်ရံခါ၊ နဂါးသွေးကြောတိုက်ကြီးကလူတွေသာ ဒီနေရာကို ရောက်လာတတ်ကြတာ.... သူတို့တွေ ပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာ ရွက်လွှင့်ခဲ့ကြရတာ... တစ်ချို့တွေဆို လမ်းကြောင်းကိုတောင် မသိကြဘဲ နှစ်ပေါင်းများစွာ လမ်းပျောက်ခဲ့ကြတယ်တဲ့.... ”

“ဟုတ်တယ်...အရမ်းဝေးတယ်.... ဒါပေမယ့် ကုန်သည်ကြီးတွေက ကျုပ်ကို သွားဖို့ အမိန့်ပေးတော့ သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ....” ကျန့်ယင်း ပြုံးလိုက်မိသည်။

ထိုအချိန်တွင် ဆံပင်တစ်ဝက်ခန့်ဖြူနေသော အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးသည် ပန်းကန်လုံးတစ်လုံးနှင့် ဝိုင်ပုလင်းတစ်လုံးကို ကိုင်ဆောင်လာပြီး ကျန့်ယင်း ရှေ့မှာထိုင်ပြီး ....."ကျုပ်က ရှောင်ပုခူ ပါ.... လွန်ခဲ့တဲ့ 36 နှစ်က နဂါးသွေးကြောတိုက်ကြီး ကနေ ဒီကိုရောက်လာတာ....ခင်ဗျား ဘယ်မင်းဆက်ကိုရောက်ခဲ့လဲ သိခွင့်ရမလား."

ရှောင်ပုခူသည် မန်ချွဲ့ဟေး၏သူငယ်ချင်းဟောင်းနှင့် မဟာယာနနဂါးမျှော်စင်၏ အကြီးအကဲ ရှောင်တုထျန်း၏သားဖြစ်သည်။

ကျန့်ယင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "တကျန်း" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဒါကိုကြားတော့ ဝိုင်ပန်းကန်ကို ကိုင်ထားတဲ့ ရှောင်ပုခူရဲ့လက်တွေ တုန်ရီသွားသည်။ သူက တည်ငြိမ်အောင် ကြိုးစားပြီး.... “တကျန်းမှာ အခု ဘယ်နှစ်ရောက်ပြီလဲ” လို့ မေးလိုက်သည်။

"ယန်တျယ်ခေါတ်ရဲ့ စတုတ္ထနှစ်"

"ဧကရာဇ်ကွမ်းဝူ ကွယ်လွန်သွားပြီလား"

"ဟုတ်တယ်၊ အသက်ကြီးမှသေတာ...."

" တာအိုဘိုးဘေးရော ရှိသေးလား "

“ရှိသေးတယ်... သူနဲ့တောင် တွေ့ဖူးတယ်...."

နဂါးသွေးကြောတိုက်ကြီးမှလူများသည် တာအိုဘိုးဘေး၏တည်ရှိမှုပုံစံကိုသိသည်ဟု သူယုံကြည်သည်။

ဒါကိုကြားတော့ ရှောင်ပုခူ ချက်ချင်း ထထွက်သွားဖို့ပြင်လိုက်သည်။

ကျန့်ယင်းက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး.... "ဒီအတိုင်း ထွက်သွားမလို့လား?"

ရှောင်ပုခူက မျက်မှောင်ကြုတ်ပြီး ....“ဒီဝိုင်ပုလင်းက မင်းအတွက်ပဲ” လို့ပြောလိုက်သည်။

ကျန့်ယင်းက သူ့ကို အကဲခတ်ပြီ..... "ခင်ဗျားက ထင်သလောက်အားမနည်းပါဘူး....ခင်ဗျား အရင်က တာအိုဘိုးဘေးကို မြင်ဖူးလို့လား"

ရှောင်ပုခူက ကူကယ်ရာမဲ့စွာဖြင့်... "ဘယ်လိုဖြစ်နိုင်မှာလဲ... တာအိုဘိုးဘေးက ရွှေခန္ဓာနယ်ပယ်ရောက်နေပြီ.... မဟုတ်ဘူး...သူက ရွှေခန္ဓာနယ်ပယ်ကိုတောင် ကျော်သွားနိုင်တယ်။ ငါသူ့ကိုဘယ်လိုမြင်ဖူးမှာလဲ...."

"ဒါဆို ခင်ဗျား မှားသွားပြီ....တာအိုဘိုးဘေးက ရွှေခန္ဓာနယ်ပယ်မဟုတ်ဘူး....စကြဝဠာနယ်ပယ် ကျွမ်းကျင်သူထက်တောင် ပိုအားကောင်းတယ်... သူသာ ထျန်းဟိုင်ကိုလာမယ်ဆို ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာမှာသေချာတယ်...."

ရှောင်ပုခ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရရးကာ မျက်လုံးပြူးပြီး “မင်းဘယ်လိုသိလဲ” လို့မေးပြန်သည်။

ကျန့်ယင်းက ပခုံးတွန့်ပြပြီး ...."မင်း ကြားဖူးမှာပါ....ရှန်းရှန်တုံးထျန်းက နဂါးသွေးကြော

တိုက်ကြီးကို အုပ်စိုးထားတဲ့ဂိုဏ်းလေ.... သူတို့က တာအိုဘိုးဘေးကိုစိန်ခေါ်ဖို့ စကြဝဠာနယ်ပယ် ကျွမ်းကျင်သူကို စေလွှတ်ခဲ့တယ်....အဲ့ဒီ့ပညာရှင်သေဆုံးခဲ့တဲ့အပြင် အနှစ်လေးရာနေထိုင်ခဲ့တဲ့ ဓားနတ်ဘုရားကလည်း အခုဆို လုံချီ ဘုရားကျောင်းမှာ တံမြက်စည်းလှည်းနေရတယ်.... ဒီလို ခွန်အားမျိုးကြောင့် တာအိုဘိုးဘေးက စကြဝဠာနယ်ပယ်ထက် သာလွန်တဲ့ တည်ရှိမှုတစ်ခုဖြစ်နေပြီပဲလေ...."

ရှောင်ပုခူ တုန်တုန်ယင်ယင်နဲ့ ခုံပေါ် ထိုင်ချလိုက်ရသည်။

စိတ်ပျက်အားငယ်မှုကိုလည်း ခံစားနေရသည်။

စကြာဝဠာနယ်ပယ်အထက်ကနယ်ပယ်....????? ဒါ..ဘယ်လိုနယ်ပယ်လဲ....

ရှောင်ပုခူ သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားသလိုခံစားနေရသည်။ မဟာယာနနဂါးမျှော်စင်အတွက် မျှော်လင့်ချက်မရှိနိုင်တော့တာ သေချာနေပြီ.....

ထျန်းဟိုင်ကို နှစ်အတော်ကြာအောင် ရွှက်လွှင့်လာခဲ့စဉ် သမုဒ္ဒရာထဲက ဆိုးယုတ်သောသိုင်းသမားများ၏ လုယက်ခြင်းကို ခံခဲ့ရသည်။ ယခုအချိန်တွင် သူ့တွင် အရင်းအနှီးမရှိတော့ပေ။ မကြာသေးမီနှစ်များအတွင်းတွင် တကျန်းကို ပြန်သွားကြည့်ဖို့ တုံ့ဆိုင်းနေခဲ့သည်။ ယခုတော့ တာအိုဘိုးဘေး၏ အစွမ်းသတ္တိကို ကြားသိရပြီးနောက် သူ မည်သို့ပြန်သွားဝံ့မည်နည်း။

သူ့အမူအရာကိုကြည့်ရင်း၊ သူနှင့်တာအိုဘိုးဘေးတို့ကြားတွင် ဆက်စပ်နေသည့် ပုံပြင်တစ်ပုဒ်ရှိသည်ကို ကျန့်ယင်း သိလိုက်သည်။

သူက တာအိုဘိုးဘေးရဲ့ရန်သူလား.....

ကျန့်ယင်း၏ မျက်လုံးများ တောက်ပလာပြီး အကြံတစ်ခု ထွက်ပေါ်လာသည်။ ဒီအကြံအတိုင်းသာဆို တာအိုဘိုးဘေး သူ့အပေါ်အကြွေးတစ်ခုတင်နေမည်သာ....

ရှောင်ပုခူက တစ်ခုခုကို ခံစားမိသွားပုံပေါ်တာကြောင့် ချက်ချင်း ထွက်သွားလေတော့သည်။

ကျန့်ယင်းက စားပွဲထိုးကို ကြည့်လိုက်ပြီး....

“သူ့နောက်ကိုလိုက်သွား.... မျက်ချေမပြတ်စေနဲ့..... "

စားပွဲထိုးက ရယ်မောလိုက်သည်။

"ဌာနခွဲခေါင်းဆောင်ကျန့် ...မင်းဘာတွေစိတ်ပူနေတာလဲ....ကျုပ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ပါ.... အချိန်အတော်ကြာအောင် စားပွဲထိုးလုပ်ခဲ့တော့ ကျုပ်ကို စားပွဲထိုးတစ်ယောက်လို့ မင်းတကယ်ထင်နေတာလား....."

စကားဆုံးသည်နှင့် မတ်တပ်ထရပ်ကာ အိမ်နောက်ဘက်သို့ လျှောက်သွားခဲ့သည်။

ကျန့်ယင်းက ဝိုင်ကိုသာမော့သောက်နေပြီး သူဘာတွေတွေးနေလဲ ဘယ်သူမှမသိခဲ့ပေ.....

ယန်တျယ်ခေတ်၏ ပဉ္စမနှစ်......

ချင်ဝမ်သည် အသက် 103 နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဧကရာဇ်က ချင်ဝမ်ကို သင်္ဂြိုဟ်ရန် အမိန့်ထုတ်ပြန်ပြီး သူ၏ဒဏ္ဍာရီဆန်သော ဘဝဇာတ်ကြောင်းကို ကမ္ဘာသိအောင်ကြေညာခဲ့သည်။

တကျန်း ကျဆုံးခါနီးအချိန်တွင် ချင်ဝမ်က မားမားမတ်မတ် ရပ်တည်ပြီး တကျန်းကို မျှော်လင့်ချက်ပေးခဲ့သည်။ ဒီလိုအောင်မြင်မှုတွေကို ကမ္ဘာက မမေ့သင့်ပေ။

ကျန်းယု၏ ရုပ်အလောင်းကို မြို့တော်သို့ ပြန်ပို့ပြီး တော်ဝင်ဂူဗိမာန်တွင် မြှုပ်နှံထားသည်။

ကျန်းချန်ရှန်း ချောက်ကမ်းပါးဘေးတွင် ရပ်ကာ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ကျန်းယုက သူ၏ ညီအရင်းဖြစ်သော်လည်း နက်နဲသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ ကျန်းယုနဲ့ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျန်းယုသည်လည်း နိုင်ငံရေး လှေကားထစ်ကို တက်ရန် သူ့အတွက် အင်အားကွာဟမှု ကြီးမားလွန်းသည်ဟု ခံစားမိနေပေမည်။ ကျန်းယု ကွယ်လွန်ချိန်အထိ ကျန်းချန်ရှန်း၏ အမည်ရင်းကို မသိခဲ့ပေ။

ကျန်းချန်ရှန်းက သူ့မိသားစုကို တမင်တကာအသိမပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းယုအနေဖြင့် ကောင်းမွန်သောဘဝဖြင့် နေထိုင်ခဲ့သည်။ သူ့တွင်ဇနီးများစွာနှင့်ကိုယ်လုပ်တော် အများအပြားရှိ၍ သားသမီးများစွာလည်း ရှိသည်။ထို့အပြင် သူသည် နိုင်ငံတော်ကို စောင့်ရှောက်သော ဘုရင်ခံတစ်ပါးလည်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ မတူညီတဲ့ဘဝတွေရှိနေပြီမို့လို့ ဘာကြောင့် အတင်းအကျပ် ပေါင်းစည်းနေရမည်နည်း.....

ကျန်းယု ဤမျှကြာအောင် အသက်ရှည်နိုင်သည်မှာ ကျန်းချန်ရှန်း၏ ဆေးဖက်ဝင်ဆေးအချို့ကြောင့်ဖြစ်သည်။ ကျန်းဇီယုကတဆင့် ကျန်းယုဆီ ဆေးတွေပို့ပေးခဲ့ပြီး ကျန်းဇီယုကလည်း သူ့ဦးလေးအရင်းဖြစ်ကြောင်း သိထားသောကြောင့် ကျန်းယု ကို အလွန်အလေးထားခဲ့သည်။ ကျန်းယု သည် ဇာတ်သိမ်းကောင်းမွန်သော ပထမမျိုးဆက်မင်းသားများထဲမှ တစ်ဦးတည်းသောသူဖြစ်သည်။

ထိုစဉ်ကျန်းဂျန် ရောက်လာပြီး.. "ဉီးရီသတော်ချင်ကိုတွေ့ဖို့ တောင်ပေါ်ကဆင်းချင်လား" ဟု မေးခဲ့သည်။

ကျန်းချန်ရှန်းက... “မလိုအပ်ပါဘူး.... သွားစရာအကြောင်းလည်းမရှိဘူး....”

သာယာဝပြောပြီး သက်ဝင်လှုပ်ရှားနေသော မြို့တော်ကို ကြည့်လိုက်တော့ ကျန်းချန်ရှန်း ရုတ်တရက် ဝမ်းနည်းသွားသည်။

သူ့မိဘ၊ ညီအစ်ကို၊ ဇနီး၊ သားသမီးတွေ အားလုံး ဆုံးပါးသွားကြပြီး သူ့မြေးမြစ်တွေသာ ကျန်တော့သည်။ သူ ဘယ်လောက် အထီးကျန်ခဲ့သလဲ......

"ကျွန်တော် သေချာပေါက် သိုင်းပညာ ကြိုးစားလေ့ကျင့်ပြီး ဘိုးဘိုးကိုအဖော်ပြုပေးမယ်... "

ကျန်းချန်ရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ.... "မင်း ရွှေခန္ဓာနယ်ပယ်ရောက်မှဆက်ပြောကြတာပေါ့....ကျော်တက်မသွားစေနဲ့..."

ကျန်းဂျန်က " ဘယ်သူက ကျွန်တော့်ကို

ကျော်နိုင်မှာလဲ...."

“ကလေးမလေးတစ်ယောက်..... သူက ဆယ့်တစ်နှစ်အရွယ်နဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ရောက်နေပြီ....."

All Chapters