အနှစ်တစ်ထောင်သက်တမ်းရှိသော နတ်ဆိုး.... ကမ္ဘာကြီး ပြိုလဲတော့မည်....
Vol. 9 Ch. 128
ဆယ့်တစ်နှစ်သားအရွယ်နှင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ရောက်နေသည့် မိန်းကလေးငယ်တစ်ဦးကြောင့် ကျန်းဂျန် သည် ပို၍ပင် လေ့ကျင့်လာခဲ့သည်။
ဘယ်သူလဲဆိုတာ မသိပေမယ့် သူ့အဖိုးက သူ့အကြောင်းကို သိနေတော့ သူ့အဘိုးရဲ့တပည့်ပဲဖြစ်ရမည်.... ဒါက သူ့ကို အကျပ်အတည်းတစ်ခုကြုံတွေ့ရသလိယြု ခံစားရစေသည်။
ကျန်းယု၏သေဆုံးမှုသည် ကြားဖြတ်သတင်းတပုဒ် သက်သက်သာဖြစ်သည်။ ကျန်းချန်ရှန်းကတော့ ဆက်လက်ရှင်သန်နေဆဲပင်.....
မျက်စိတစ်မှိတ်အတွင်း....ယန်တျယ်ခေတ်၏ ၆ နှစ်သို့ရောက်ရှိလာခဲ့သည်။
တကျန်း၏ မြောက်ပိုင်းခရီးသည် ချောမွေ့စွာ ရွက်လွှင့်ခြင်းမဟုတ်ပေ။ တုံးဟိုင် မင်းဆက်က တကျန်းရဲ့ ရည်ရွယ်ချက်တွေကို ကြိုမြင်ပြီး သူတို့ရဲ့ ကျူးကျော်မှုကို တားဆီးဖို့ တပ်တွေကို စည်းရုံးခဲ့သည်။နှစ်ဖက်စလုံး သာမန်မင်းဆက်နယ်မြေတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဟုန်ရွှမ်းမင်းဆက်က ဘေးမှာထိုင်ပြီး ကျားတွေ တိုက်ခိုက်တာကို ကြည့်နေကာ နှစ်ဖက်စလုံးကို ထောက်ခံဖို့ စိတ်ကူးမရှိခဲ့ပေ။
ကျန်းရှု ဒေါသကို ထိန်းထားပြီး ဟုန်ရွှမ်း မင်းဆက်ထံမှ အကူအညီမတောင်းခဲ့ပေ။ သူသည် ပြင်ပအဖွဲ့အစည်းထံမှ အကူအညီတောင်းပါက တိုက်ကြီးကို မည်သို့ ပေါင်းစည်းနိုင်မည်နည်း။
ကျန်းရှုသည် တုံးဟိုင်မင်းဆက်ကို အနိုင်ယူမည်ဟု ကတိပြုပြီး မြောက်ဘက်သို့ ကောင်းကင်ဗျူဟာတပ်သား ၄၀၀,၀၀၀ ကို ချက်ချင်းစေလွှတ်ခဲ့သည်။
ရှုထျန်းကျိနှင့် ဧကရာဇ်ယန်ကျောက်တို့က အသက်ကြီးနေပြီဖြစ်၍ ၎င်းတို့၏ချပ်ဝတ်တန်ဆာများကို ဖယ်ရှားပြီး သိုင်းလောကသို့ ပြန်လာခဲ့ကြသည်။ မကျော်ကြားသေးသော စစ်ဗိုလ်ချုပ်များက စစ်ပွဲကို ဦးဆောင်နေသောကြောင့် သာမန်ပြည်သူလူထုကို စိုးရိမ်စေပါသည်။
ထိုနေ့ညတွင်.....
မုလင်းလော့ဆီသို့ ကျန်းချန်ရှန်း သွားရောက်လည်ပတ်နေပြီး ယင်လုံပြိုင်ပွဲအကြောင်း သူမ ပြောပြနေသည်ကို နားထောင်နေပါသည်။ ပြိုင်ပွဲက တစ်လကြာမြင့်ခဲ့ပြီး မုလင်းလော့၏နာမည်ဂုဏ်သတင်းကျော်ကြားလာခဲ့သည်။ သူမ၏ပြိုင်ဘက်အားလုံးသည် အသက်ဆယ့်ခြောက်နှစ်အောက် ပါရမီရှင်များဖြစ်သော်လည်း သူမ၏ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ခွန်အားနှင့် နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်တို့ဖြင့် တွန်းလှန်နိုင်ခဲ့သည်။
“အဖေနဲ့အမေက ကျွန်မ လေ့ကျင့်နေတဲ့ သိုင်းပညာကို သိချင်ပေမယ့် မပြောပြခဲ့ဘူး.... ကံကောင်းထောက်မစွာနဲ့ အဖိုးက ကျွန်မကို ကာကွယ်ပေးခဲ့တယ်။း.... အခုချိန်မှာတော့ သူတို့တွေ အများကြီးမမေးရဲကြဘူး...”
မုလင်းလော့က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူမသည် ကျန်းချန်ရှန်းရှေ့တွင်သာ ပြောချင်တာမှန်သမျှ ပြောနိုင်ပြီး လွတ်လွတ်လပ်လပ် ရယ်မောနိုင်သည်။
ကျန်းချန်ရှန်းက သူမရှေ့မှာထိုင်ပြီး.... "ဒီသိုင်းပညာပြိုင်ပွဲမှာ မင်းကို အခက်တွေ့စေတဲ့ ပါရမီရှင်တွေရှိလား"
မုလင်းလော့က ခဏလောက်စဉ်းစားပြီးမှ..... "ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်နေတဲ့အပြင် အစွမ်းထက်တဲ့သိုင်းပညာတတ်ကျွမ်းထာစပြီး တော်တော်အားကောင်းတဲ့သူ တစ်ယောက်တော့ရှိတယ်.. နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်ကို အသုံးမပြုခဲ့ဘူးဆိုရင် ကျွန်မ ရှုံးသွားနိုင်တယ်... သူ့နာမည်ဘယ်လိုခေါ်လဲတော့ မမှတ်မိဘူး.... သူ့မျိုးရိုးနာမည်က လင်း.... ကျွန်မထက် တစ်နှစ်ကြီးတယ်။”
ရှေးဟောင်းနတ်ဘုရားတိုက်ကြီးတွင် ပါရမီရှင်များစွာ ရှိပါသေးသည်။မည်သို့ပင်ဆိုစေ ရှေးဟောင်းနတ်ဘုရားတိုက်ကြီးသည် သူရှိနေသည့် တိုက်ကြီးထက် များစွာ အားကောင်းခဲ့သည်။
ကျန်းချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်.... "မင်းရဲ့ပြိုင်ဘက်နာမည်ကို ဘာလို့မမှတ်မိရတာလဲ"
မုလင်းလော့က လျှာထုတ်လိုက်ပြီး.... ."ကျွန်မထက် အားနည်းတဲ့လူတွေကို စိတ်မဝင်စားဘူး.....နောက်ပြီး ဒီကောင်တွေက အရမ်းပျင်းဖို့ကောင်းတယ်... သူတို့အားလုံး သိုင်းပညာမကျွမ်းကျင်ပေမယ့် အလွန်မောက်မာကြတာမို့သူတို့ကိုမကြိုက်ဘူး....."
ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ပြီး..... " အနာဂတ်မှာ ဒီကိစ္စကိုသင်ခန်းစာယူရမယ်... ရန်သူတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ကို အလေးအနက်ထားပြီး တတ်နိုင်သမျှ မြန်မြန် အနိုင်ယူရမယ်....သေရေးရှင်ရေးတိုက်ပွဲနဲ့ကြုံရင် ရန်သူများကို အစွမ်းကုန်ကြိုးစားပြီးသတ်ပစ်ရမယ်... မင်း ဂရုမစိုက်ဘဲ စိတ်ကြီးဝင်နေလို့မရဘူး....."
မုလင်းလော့ ခေါင်းညိတ်လိုက်သည်။ သူမက ကျန်းချန်ရှန်း၏လက်မောင်းကိုဆွဲကိုင်လိုက်ပြီး "အစ်ကိုချန်ရှန်း....ကျွန်မတော်တယ်မလား?"
“အင်းပါ... တော်တယ်”
“ဟဲဟဲ.... အစ်ကိုချန်ရှန်းကို အနိုင်ယူပြီးမှသာ တော်တယ်လို့သတ်မှတ်နိုင်မှာ”
“ဒါဆို မင်းတစ်သက်လုံး နိုင်မှာမဟုတ်ဘူး ”
"ဟင့်အင်း....အခုလေ့ကျင့်ရအောင်!"
“ဒါဆို လာ...”
နှစ်ယောက်သား မတ်တပ်ရပ်ကာ လက်ရည်စမ်းခဲ့ကြသည်။
မုလင်းလော့ရှေ့တွင်၊ ကျန်းချန်ရှန်းသည် အတော်ပင် ငယ်ရွယ်နုပျ်ိုသွားပြီဟု ခံစားမိသည်။ တော်တော်စိတ်ဝင်စားဖို့ကောင်းသားပဲ.......
ထုံးစံအတိုင်း၊ ဤလက်ရည်စမ်းပွဲသည် မုလင်းလော့၏ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားသည်။
လရောင်ကွယ်ပြီး အာရုဏ်တက်ချိန်ရောက်တဲ့အခါ.....
ကျန်းချန်ရှန်း အိပ်မက်မှ နိုးလာပြီး အိမ်ထဲမှထွက်ကာ မြေဝိညာဉ်သစ်ပင်အောက်တွင်ကျင့်ကြံနေခဲ့သည်။
အဲဒီနေ့ နေ့လည်မှာ......
ကောင်းကင်မှာ တိမ်ပင်လယ်တွေဖွဲ့စည်းလာပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာတွေ တဟုန်ထိုးမြင့်တက်လာသည်။ ဤဖြစ်စဉ်ကြောင့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးမွေးဖွားလာသည်ဟု ထင်မြင်စေခဲ့သည်။
ပိုင်ချီ ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ နံရံတစ်ခုပေါ်သို့ ခုန်တက်ပြီး လေးနက်သောအမူအရာဖြင့် အနောက်မြောက်ဘက်ကို ကြည့်လိုက်သည်။
ဓားနတ်ဘုရားက မျက်မှောင်ကြုတ်ပြီး ....“ကံတရားအတက်အကျက တစ်ခုခုတော့ မှားနေပြီ.... ဒါဟာ ရွှေခန္ဓာနယ်ပယ် ဖြစ်စဉ်မဟုတ်လောက်ဘူး.....”
ကျန်းဂျန်က အံ့အားသင့်စွာဖြင့်.... "စကြာဝဠာနယ်ပယ်ဖြစ်နိုင်မလား"
စကြဝဠာနယ်ပယ်အကြောင်းကို သူသိပြီးကတည်းက ၎င်းသည် သူလိုချင်တောင့်တခဲ့သော နယ်ပယ်ဖြစ်လာခဲ့သည်။
“ဒါက ဖြစ်နိုင်ချေ အရမ်းများပေမယ့်…” ဓားနတ်ဘုရားသခင်က ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
ကျန်းချန်ရှန်းသည် အကန့်အသတ်မရှိသော အမြင်အာရုံကိုအသုံးပြုလိုက်တော့သူ့အမြင်အာရုံများ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
သူ၏အမြင်အာရုံသည် တောင်များ၊ မြစ်များ၊ မင်းဆက်များ၊ မြို့များနှင့် သဲကန္တာရများကို ဖြတ်ကျော်သွားခဲ့သည်။ ခဏကြာတော့ သူ့ပစ်မှတ်ကိုတွေ့လိုက်ရသည်။
မိုးကြိုးတိမ်တိုက်များ တက်လာပြီး အောက်ဘက်ကတောင်တန်းများပေါ် ဆက်လက် ပြန့်ကျဲနေသည်။ ဧရာမပုံရိပ်တစ်ခုက ချောက်ကမ်းပါးပေါ်တွင် ရပ်နေ၏။
မြင်းဖြူတစ်ကောင်၏ခန္ဓာကိုယ်နှင့် ကြောင်ဦးခေါင်းတွဲစပ်ထားသော ဧရာမနတ်ဆိုးကြီးဖြစ်သည်။၎င်းသည်ပေသုံးဆယ်မြင့်မားပြီး ခေါင်းပေါ်တွင်ဦးချိုများပါရှိသည့်အပြင် အနက်ရောင်တောင်ပံတစ်စုံလည်း ရှိနေသည်။
ကောင်းကင်နှင့်မြေပြင်ကြားရှိ ဝိညာဉ်စွမ်းအင်များ ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာကာ ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရောယှက်နေသော လျှပ်စီးများနှင့် မိုးခြိမ်းသံများကို ဖြစ်ပေါ်စေသည်။
ဒီကောင်ကြီးကဓားနတ်ဘုရား ပြောခဲ့တဲ့ အနှစ်တစ်ထောင် နတ်ဆိုးလား....
ကျန်းချန်ရှန်း စိတ်ဝင်တစားကြည့်နေရင်းကနေ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ ဤနတ်ဆိုးကြီးသည် ယုယန်ရိ ပြောပြခဲ့ဖူးသော ပိုင်ဇီနှင့်ဆင်တူသော်လည်း ၎င်း၏အတောင်များ၏အရောင်မှာ ကွဲပြားသည်။
ယုယန်ရိပြောခဲ့တဲ့အတိုင်းဆို ပိုင်ဇီ မသေဆုံးခင် အကူအညီတောင်းခဲ့တာလား.....
ကျန်းချန်ရှန်း သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။
ဧရာမနတ်ဆိုးကြီးသည် တကျန်းမှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောကြောင့် ၎င်းသည် ခြိမ်းခြောက်မှုမဟုတ်ပေ။
ပိုင်ချီ ခြံထဲကို ပြန်ဆင်းလာပြီး.. “ဒါ နတ်ဆိုးတွေရဲ့ ဆင့်တက်တာနဲ့တူတယ်... နတ်ဆိုးတွေရဲ့ အော်ရာကိုခံစားခဲ့ရတယ်....”
သူမ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးတွင် သူမသည်လည်း နတ်ဆိုးတစ်ကောင်လည်းဖြစ်သည်။
ဓားနတ်ဘုရားက သက်ပြင်းချလိုက်ပြီး...... “စကြဝဠာနယ်ပယ် နတ်ဆိုးသားရဲဆိုတာ သေချာပေါက် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နတ်ဆိုးဟောင်းတစ်ကောင်ပဲ.... အဆုံးမဲ့တောင်တန်းတွေရဲ့ အနက်ပိုင်းမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နိုင်တယ်.... ချီမင်းဆက်ရဲ့ အနောက်ဘက်ခြမ်းတွင် အလွန်ကျယ်ပြန်တဲ့နယ်မြေတစ်ခုရှိတယ်...အဲ့မှာ နတ်ဆိုးတွေ အများအပြား ပုန်းနေကြပြီး.. နတ်ဆိုးသားရဲတွေရဲ့ စုဆောင်းမှုကြောင့် သိုင်းပညာ အရင်းအမြစ်တွေ အလွန်ပေါများတယ်....အရင်တုန်းကတော့ ရှန်းရှန်တုံးထျန်းက အမြဲတမ်း ဖိနှိပ်ထားခဲ့ကြတာ.... ထူးဆန်းတာက ဖိနှိပ်ခံနေရတာတောင် အဆင့်တက်နိုင်သေးတယ်...."
သူ့စကားရုတ်တရက်ရပ်သွားပြီး ကျန်းချန်ရှန်းကိုကြည့်လိုက်သည်။
ကျန်းချန်ရှန်းက သူ့ကို အေးအေးဆေးဆေးပြန်ကြည့်ပြီး “ဘယ်လိုပဲဖြစ်ဖြစ် ဒီနတ်ဆိုးသားရဲအဆင့်တက်တာက တိုက်ကြီးအတွက် ဘေးဥပဒ်ဖြစ်စေ သေချာတယ်... အနီအနား ပတ်ဝန်းကျင်က မင်းဆက်တွေအရင်ဆုံးဒဏ်ခံရမှာ.... တကျန်းကတိုက်ကြီးရဲ့တောင်ဘက်မှာ တည်ရှိတာကြောင့် အခုအချိန်ထိတော့ စိုးရိမ်စရာ မလိုသေးဘူး...."
ရှန်းရှန်တုံးထျန်း အမှန်တကယ်ကွယ်ပျောက်သွားပြီလား!!!!
အရင်ကတည်းက ဒီလိုမှန်းဆထားပေမယ့် မဖြစ်နိုင်ဘူးလို့ ခံစားရတယ်.... မြှားခုနစ်စင်းတည်းနဲ့ ရှန်းရှန်တုံးထျန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ပါသလား......
ရှန်းရှန်တုံးထျန်းကပညာရှင်တွေက တော်ရုံသန်မာကြသူတွေမဟုတ်ပေ။ အားလုံးကိုတပြိုက်နက်သတ်ပစ်ဖို့ကတော့.......
ရှန်းရှန်တုံးထျန်း၏ စကြဝဠာနယ်ပယ်ကျွမ်းကျင်သူများ တာအိုဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ တပည့်များက နတ်သားရဲများကို မနှိမ်နင်းနိုင်ခြင်း ဖြစ်လောက်ပေမည်။
သို့သော်၊ ရှန်းရှန်တုံးထျန်း အမှန်တကယ် ပျက်စီးသွားခဲ့ပါက တာအိုဘိုးဘေး မည်မျှ တန်ခိုးကြီးသနည်း.......
တိုက်ကြီး၏တောင်ဘက်စွန်းမှ မြောက်ဘက်စွန်းအထိ၊ သူသည် ၎င်းတို့ကို မြှားခုနှစ်စင်းဖြင့် ရှန်းရှန်တုံးထျန်းကို ဖျက်ဆီးခဲ့သည်။
ဓားနတ်ဘုရား တစ်ဖန် တုန်လှုပ်သွားပြန်သည်။ သူ့နှလုံးသားထဲတွင် ကျန်းချန်ရှန်း၏ အဆင့်အတန်း အဆမတန် မြင့်တက်သွားခဲ့သည်။
“ကြည့်လိုက်ပါ....ငါတို့တွေ ကျယ်ရှန့်သားရဲကို မသတ်ခဲ့သင့်ဘူး....အခုဆို ကောင်းကင်ဘုံက ပြစ်ဒဏ်ခတ်နေပြီ....”
“နတ်ဆိုးသားရဲတွေတောင် စကြဝဠာနယ်ပယ်ကိုရောက်နိုင်တယ်... သည်းမခံနိုင်ဘူး!"
ကျန်းဂျန် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် သုံးခွချွန်လှံရှည်ကို ကောက်ကိုင်လိုက်ပြီး ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ အတူလေ့ကျင့်ရန်ပြင်ဆင်နေသော ပင်းအန်းကိုလည်းခေါ်သွားခဲ့သည်။
ပိုင်ချီသည်လည်း လေးလေးနက်နက် နှိုးဆွခံခဲ့ရသည်။ သူမမြေပြင်ပေါ်တွင် လှဲချလိုက်ပြီး နတ်ဆိုးစွမ်းအားများ တိုးမြင့်လာစေရန် ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ ပေးပို့ခဲ့သည်။
ထိုဖြစ်စဉ်ပြောင်းလဲလာသည်နှင့်အမျှ တကျန်း ပြည်နယ် 72 မှလူများသည်လည်း ၎င်းကိုအာရုံစိုက်ခဲ့ကြသည်။ သို့သော် ယင်းဖြစ်စဉ်သည် သူတို့၏ဘဝများကို မထိခိုက်စေသောကြောင့် တုန်လှုပ်ချောက်ချားမှုများစွာ မဖြစ်ပေါ်စေခဲ့ပေ။
သို့သော်လည်း နောက်ပိုင်းကာလများတွင် ဧကရာဇ်က ကောင်းကင်ဘုံကို စစ်တိုက်တော့မည်ဟူသော ကောလဟာလများ စတင်ပျံ့နှံ့လာခဲ့သည်။
ယန်တျယ်ခေတ် 7 နှစ်တွင်၊ ကောင်းကင်ဗျူဟာစစ်တပ်သည် တုံးဟိုင်မင်းဆက်နှင့်တွေ့ဆုံခဲ့ပြီး သွေးချောင်းစီးတိုက်ပွဲဆင်နွှဲခဲ့သည်။
ကောင်းကင်ဗျူဟာစစ်တပ်သည် အတားအဆီးမရှိ ရန်သူအားလုံးကို သတ်ပစ်ခဲ့သည်။ ကျန်းရှုသည် မိုင်တစ်ထောင်နတ်လင်းယုန်မှတဆင့် သတင်းများကို သိလိုက်ရသောအခါတွင် ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ့နှလုံးသားထဲမှ စိုးရိမ်မှုများကို ဖယ်ရှားပစ်လိုက်သည်။
သို့သော် တစ်လခွဲကြာသောအခါ၊ ကောင်းကင်ဗျူဟာတပ်ဖွဲ့သည် တုံးဟိုင် မင်းဆက်၏ ထိပ်တန်းစစ်တပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ အချိန်အတော်ကြာ အတားအဆီးမရှိ အောင်ပွဲခံခဲ့သော ကောင်းကင်ဗျူဟာတပ်ကို တွန်းလှန်ပစ်ခဲ့ကြသည်။
ရန်သူစစ်တပ်ထဲမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ငါးယောက်ရှိနေသည်။ ကောင်းကင်ဗျူဟာစစ်တပ်တွင်လည်း အစစ်အမှန်နတ်ဘုရားနယ်ပယ်ရှိသော်လည်း၊ အရေအတွက်ထက်က ရန်သူထက်လျော့နည်းနေသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်များကြားက စစ်ပွဲသည် မင်းဆက်နှစ်ဆက်ကြားက စစ်ပွဲအခြေနေ နောက်ပြန်ဆုတ်လို့မရကြောင်းပြသနေသည်။
ကျန်းရှုသည် စစ်မြေပြင်သို့ အစစ်အမှန်နတ်ဘုရားနယ်ပယ်လေးယောက်ကို ချက်ချင်းစေလွှတ်ခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ ဖူယွဲ့ မိသားစုမှဖြစ်သည်။
မကြာမီတွင် သူသည် ဟွမ်းချွမ်နှင့် ပင်းအန်း တို့ကို အကူအညီတောင်းရန် လုံချီ ဘုရားကျောင်းသို့ လာခဲ့သည်။
သို့သော်လည်း ပင်းအန်းသည် စစ်မတိုက်လိုတော့ဘဲ မည်သို့ပင်ဖြစ်စေ သဘောမတူခဲ့ပေ။ ကျန်းဇီယု ကွယ်လွန်ပြီးကတည်းက သူ့ရဲ့ရန်လိုမှုတွေ လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ ယခုတော့ သူသည် နေ့စဉ်ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေသည်။
ကျန်းရှုက သူ့ကို အတင်းအကြပ် အမိန့်မပေးနိုင်တာကြောင့် ဟွမ်းချွမ်ကို အကူအညီတောင်းရုံပဲ ရှိတော့သည်။ ဟွမ်းချွမ်၏ ခွန်အားသည် မကြာသေးမီက မတိုးတက်နိုင်ခဲ့သောကြောင့် သူ့တောင်းဆိုချက်ကို သဘောတူခဲ့သည်။ သူသည် စစ်မြေပြင်သို့ သွားချင်ပြီး အောင်မြင်မှုတစ်ခု ရနိုင်မလားဆိုတာ စမ်းကြည့်ချင်သည်။
ကျန်းဂျန်သည်လည်း တိုက်ပွဲတွင် ပါဝင်လိုသော်လည်း ကျန်းချန်ရှန်းက ခွင့်မပြုပေ။ သူသည် ရွှေခန္ဓာနယ်ပယ်သို့ ဦးစွာရောက်ရှိရန် လိုအပ်သည်။
အကြောင်းကြားချက် ရုတ်တရက်ထွက်ပေါ်လာသောအခါ ကျန်းချန်ရှန်း အတော်အံ့သြသွားသည်။
[ယန်တျယ်ခေါတ်၏၇နှစ်...သင် အမှတ်သားပြုထားသော သမုဒ္ဒရာလေးစင်းပဏ္ဍိတ အောင်မြင်စွာ လူပြန်ဝင်စားပြီး ထျန်းဟိုင်တွင် မွေးဖွားခဲ့သည်။]
ဟမ်?ဒီလူ သေပြန်ပြီလား....
ကျန်းချန်ရှန်း တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ ဤသူသည် အလွန်ဆုံး နှစ်ဆယ့်ခုနစ်နှစ်သာ အသက်ရှင်ခဲ့သည်။
ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ.....
ကျန်းချန်ရှန်းက သူ့ကို ကောင်းကောင်းပြန်ဝင်စားဖို့ တိတ်တဆိတ် ဆန္ဒပြုခဲ့သည်။
သူသည် သ ဆရာတော်ချင်ရှုကို ရုတ်တရက် တွေးမိသည်။ အခုလောက်ဆို ဆရာတော်လည်း ကွယ်လွန်နေလောက်ပြီ.... ကံမကောင်းသည်က ချင်ရှုမထွက်ခွာမီ လူဝင်စားခြင်း၏အမှတ်အသားကိုမရရှိသေးပေ။
ကျန်းချန်ရှန်းသည် ဆရာတော်ချင်ရှု အတွက် ခံစားချက်အချို့ရှိသော်လည်း များများစားစားမရှိပေ။
နောက်ဆုံးတွင်၊ ဆရာတော်ချင်ရှုသည် ကျန်းယွမ်၏ဆန္ဒကို လိုက်နာသောကြောင့် သူ့ကို ခေါ်ယူခဲ့သည်။ မူလက ဆရာတော်ချင်ရှု သေဆုံးတော့မလိုဖြစ်ခဲ့သော်လည်း သူသည် နတ်ဆိုးဂိုဏ်း၏ အဆိပ်ကို ကုသရန်အတွက် အဆိပ်ဖြေဆေးကို တီထွင်ခဲ့သည်။ ယခု သူသည် ဆရာတော်ချင်ရှုအတွက် လုံချီ ဘုရားကျောင်းကိုပင် စောင့်ကြပ်ပေးနေရသည်။
အောက်တိုဘာလတွင်.....
မြို့တော်အထက် ကောင်းကင်မှာ မိုးတိမ်တွေ ဖုံးလွှမ်းနေပြီး သိပ်သည်းသောလေဖိအားကြောင့် အသက်ရှူရခက်ခဲလာသည်။
ဟန်ထျန်းကျိီ ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ အသက်အရွယ်ကြီးရင့်သော အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာကို ဂရုတစိုက် ခံစားသိရှိရန် သူ၏ စွမ်းအင်များကိုဖြန့်ကျက်ခဲ့သည်။
မျက်မှောင်ကြုတ်ရင်း အမူအရာလေးနက်လာပြီး သူ့ခန္ဓာကိုယ် တုန်လှုပ်လာသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ...ဘာလို့ဒီလိုဖြစ်ရတာလဲ...''
ဟန်ထျန်းကျိီ ထိတ်လန့်နေတာကိုမြင်တော့ ချန်းလီက.... “ဆရာ... ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
ဒါကိုကြားတော့ ဟန်ထျန်းကျိီ သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ကောင်းကင်ပေါ်က မိုးကြိုးတိမ်တွေကို ကြည့်လိုက်ကာ မချိတင်ကဲပြုံးလိုက်သည်။ “ဒီတိုက်ကြီးပျက်စီးတော့မယ်…”
ဤတိုက်ကြီးရှိ မင်းဆက်တိုင်းသည် ကံတရားပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော နက္ခတ်ဗေဒဆိုင်ရာ ဖြစ်စဉ်ကို ခံစားနေရသည်။
ခြံဝင်းထဲတွင်.....
ကျန်းချန်ရှန်းလည်း ကံတရား အပြောင်းအလဲကို ခံစားလိုက်ရသည်။ ချက်ခြင်းပဲ ဦးတည်ရာတစ်ခုကိုကြည့်ဖို့ အကန့်အသတ်မဲ့အမြင်အာရုံကို အသုံးပြုလိုက်သည်။
ခဏကြာတော့ ပစ်မှတ်ကို မြင်လိုက်ရသည်။
သူက ပြုံးလိုက်ပြီး ...."နောက်ဆုံးတော့ ခင်ဗျားထွက်လာပြီပေါ့.... "
သူ မတ်တပ်ထရပ်ပြီး ပျောက်မသွားခင် စကားတစ်ခွန်းကို ချန်ထားခဲ့သည်။ "ငါ မကြာခင် ပြန်လာခဲ့မယ်....."
ကျန်းဂျန်နှင့်ပိုင်ချီတို့သာမက ပင်းအန်းလည်း အံ့သြသွားသည်။
ဓားနတ်ဘုရားက မျက်မှောင်ကြုတ်ပြီး....“ဒီရာသီဥတုအခြေနေက တကယ့်ကို ထူးဆန်းတယ်.... ကောင်းကင်နဲ့မြေပြင်ကြားက ကံကြမ္မာ ဘာကြောင့် ရုတ်တရက်ပြောင်းလဲသွားတာလဲ.... အရင်ဆုံး နှစ်တစ်ထောင် သက်တမ်း နတ်ဆိုးတစ်ကောင်ကစကြဝဠာနယ်ပယ်ကိုအဆင့်တက်သွားတယ်....နောက်ကျတော့ ကံကြမ္မာ အပြောင်းအလဲတွေဖြစ်လာပြီ....ဒါဟာ တိုက်ဆိုင်မှုပဲလား......"