တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားကို သတ်ဖြတ်ခြင်း.....
Vol. 9 Ch. 129
တောင်များကြားတွင် ရှန်းယန် လေထဲတွင် လွင့်ပျံနေသည်။ ပြင်းထန်သောလေပြင်းများ သူ့ပတ်ဝန်းကျင်တွင်တိုက်ခတ်နေပြီး သစ်ပင်များအလဲလဲအပြိုပြိုဖြစ်နေသည်။
ရှန်းယန် ခေါင်းမော့လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသော ကံကောင်းခြင်းများကို အာရုံခံနေသည်။
“ဒီခံစားချက်… ဒီသခင် နောက်ဆုံးတော့ အောင်မြင်သွားပြီ…”
သူသည် မကြာမီ ရှန်းရှန်တုံးထျန် ရှိလူတိုင်းလိုက်ရှာနေသည့်နယ်ပယ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
သူ၏စစ်မှန်သောချီများ အရူးအမူး တိုးပွားလာသည်ဟု ခံစားလိုက်ရကာ ရုတ်တရက် အကြံတစ်ခုရလာသည်။
အောင်မြင်ပြီးရင် တာအိုဘိုးဘေးကို အနိုင်ယူနိုင်မည်.....
ဒီအတွေး ထွက်လာတာနဲ့အမျှ ဒါဟာ အရူးအမူး ကြီးထွားနေတဲ့ မြက်ရိုင်းတွေလိုဖြစ်ပြီး ရပ်တန့်လို့မရတော့ပေ။
ယခု ရှန်းရှန်တုံးထျန်း ဆုတ်ခွာသွားပြီး နဂါးသွေးကြောတိုက်ကြီးတွင် သူ့တစ်ယောက်သာကျန်တော့သဖြင့် စမ်းကြည့်သင့်သည်။တာအိုဘိုးဘေးကို အနိုင်မယူနိုင်ရင်တောင် လွတ်မြောက်နိုင်ပါသေးသည်။
မဟုတ်ဘူး... တကျန်းကို အရင်ဖျက်ဆီးပြီး တာအိုဘိုးဘေးကို လက်စားချေနိုင်သေးတယ်....
ရှန်းယန် အစီအစဥ်များစွာကို တွေးတောခဲ့သော်လည်း ရုတ်တရက် စိုးရိမ်လာသည်။ ဤမျှကြီးမားသော ကံကြမ္မာပြောင်းလဲမှုကြောင့် တာအိုဘိုးဘေး ကြိုရောက်လာမည်လား......
“မဖြစ်နိုင်ဘူး... တကျန်းက ဒီနေရာကနေ မိုင် 200,000 ကျော်ဝေးတယ်....”
ရှန်းယန် မသိစိတ်ကြောင့် ဘေးဘီကို လှည့်ပတ်ကြည့်နေသည်။
ရုတ်တရက်!
သူ့အကြည့်တွေ ဦးတည်ရာတစ်ခုဆီကိုရောက်သွားပြီး သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
သေချာကြည့်လိုက်တော့ နှစ်မိုင်အကွာက တောင်ပေါ်မှာ ရပ်နေတဲ့ တာအိုဘုန်းကြီးတစ်ပါးကိုမြင်လိုက်ရသည်။ ၎င်းသည် တုနှိုင်းမရလောက်အောင် လှပသော တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏မျက်နှာကလည်း နတ်ဘုရားတပါးလို ချောမောသည်။ ထို့အပြင် သူသည် အလွန်ငယ်ရွယ်သည်။ တချက်ကြည့်လိုက်ရုံနှင့် သေမျိုးကမ္ဘာဆီသို့ ဆင်းသက်လာသော နတ်ဘုရားတပါးဟု ထင်ရသည်။
ထိုသူက ကျန်းချန်ရှန်း ပင်...
ကျန်းချန်ရှန်းက မျက်နှာသေနှင့် ရှန်းယန်ကို စိုက်ကြည့်နေသည်။
ရှန်းယန်၏ နှလုံးသားသယ တဒိန်းဒိန်းခုန်လာသည်။ ဤနေရာတွင် တာအိုဘုန်းကြီးတပါး မည်သို့ရှိနိုင်မည်နည်း။ ယခင်က ဤနေရာတစ်ဝိုက်ကို စူးစမ်းလေ့လာခဲ့ဖူးသော်လည်း တစ်ဖက်လူက သူသတိမထားခင် ချဉ်းကပ်နိုင်ခဲ့သည်။
တစ်ဖက်လူကို မြင်နေရသော်လည်း အော်ရာကို အာရုံခံမရသောကြောင့် အံ့ဩသွားသည်။
တာအိုဘိုးဘေး!!!!!!
ရှန်းယန် တစ်ဖက်လူ၏ ပင်ကိုယ်စရိုက်ကို ချက်ချင်း ခန့်မှန်းခဲ့သည်။ ဒါဟာ တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်....
သူ့အသက်ရှုရပ်သွားကာ ခန္ဓာကိုယ် တောင့်တင်းလာပြီး မထင်မှတ်ဘဲ ကြောက်လန့်တကြားဖြစ်သွားသည်။
အဆင့်မတက်ရသေးတဲ့အတွက် တာအိုဘိုးဘေးကိုဘယ်လိုတိုက်ခိုက်နိုင်မလဲ.....အခုမှတော့ ထွက်ပြေးလို့လဲမရတော့ဘူး......
နေစမ်းပါဉီး.... တာအိုဘိုးဘေးဆို ဘာ့ကြောင့် မတိုက်ခိုက်သေးတာလဲ...
ရှန်းယန် ရုတ်တရက် တစ်ခုခု တွေးမိလိုက်သည်။ သူသည် တာအိုဘိုးဘေးကို မတွေ့ဖူးသေးဘဲ တာအိုဘိုးဘေးက သူမည်သူဖြစ်သည်ကို မသိပေ။ ကံကောင်းခြင်း အပြောင်းအလဲအတွက်သာ ဤနေရာတွင် ရှိနေနိုင်သည်။
ကံတရားကို စွန့်လွှတ်လိုက်ရင် လွတ်မြောက်မှာလား........
ရှန်းယန် ဝေခွဲရခက်နေခဲ့သည်။
ကျန်းချန်ရှန်း ခဏတာ စောင့်ကြည့်လေ့လာပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာက ရှန်းယန်ရဲ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေပြီး အစစ်အမှန်ချီပမာဏကို ပိုအားကောင်းလာအောင် လှုံ့ဆော်ပေးနိုင်တာကို တွေ့ရှိခဲ့သည်။ သို့သော် ဤအတိုင်းဆက်သွားပါက ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာ ပျက်စီးသွားတော့မည်။
အထူးသဖြင့် ကံကြမ္မာမင်းဆက် အတွက် ကံကောင်းခြင်းရဲ့ အရေးပါမှုကို သူနားလည်လာပါပြီ။ ကံကောင်းခြင်းတွေ ပျက်စီးပြီး သဘာဝ ဘေးအန္တရာယ်တွေ စတင်လိုက်တာနဲ့ လူ့လောကကြီးဟာ အမှိုက်သရိုက် ဖြစ်သွားပါလိမ့်မည်။
ကျန်းချန်ရှန်း ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစက္ကန့်မှာတော့ လေပြင်းတစခုလို ရှန်းယန်ရဲ့နောက်မှာပေါ်လာခဲ့သည်။ ကျန်းချန်ရှန်း သူ့လက်ဖဝါးကို ရှန်းယန်ရဲ့ကျောပေါ် ဖိလိုက်ကာ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာကို ဖြတ်တောက်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ အဆင့်တက်နိုင်ဖို့ ရှန်းယန်ဆီသို့ သူ၏ဝိညာဉ်စွမ်းအင်များကိုပေးပို့ခဲ့သည်။
ရှန်းယန်သည် အောင်မြင်မှု၏ အရေးကြီးသော နေရာကို ရောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ရှန်းက ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာကို ဖြတ်ကျော်နိုင်ရန် သူ၏ဝိညာဉ်စွမ်းအင်ဖြင့် အစားထိုးခဲ့သည်။
ရှန်းယန် ထိတ်လန့်သွားသည်။ မကြာခင်မှာ သူ့ကို အဆင့်တက်ဖို့ကူညီပေးတဲ့ အင်အားကြီးတဲ့ စွမ်းအားတစ်ခုကို တွေ့ရှိခဲ့ပြီး အံ့အားသင့်သွားသည်။
တာအိုဘိုးဘေးက သူ့ကိုအဆင့်တက်ဖို့ ကူညီနေတာလာ.......
ရှန်းယန် အံ့အားသင့်သွားသည်။
ဝုန်းးး!
သူ၏အော်ရာ ရုတ်တရက် အရှိန်တက်လာပြီး အစစ်အမှန်ချီများကို ထိန်းချုပ်လို့မရတော့ပေ။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ကို လှည့်ပတ်သွားသော လေပြင်းတစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး၏ပုံသဏ္ဌာန် သူ့နောက်တွင်ပေါ်လာသည်။
ကောင်းကင်နှင့်မြေကြီး၏ ကံတရား ပြတ်တောက်သွားသည်နှင့်အမျှ သဘာဝဖြစ်စဉ်များ ကွယ်ပျောက်သွားလေတော့သည်။
သူ ငါ့ကို တကယ်မသိတဲ့ပုံပဲ...
"ကူညီပေးတာကျေးဇူးတင်ပါတယ်" ဟုပြောသောအခါ ရှန်းယန်၏မျက်လုံးများတောက်ပသွားခဲ့သည်။
ကျန်းချန်ရှန်းက..... "ကောင်းကင်နဲ့မြေကြီးရဲ့ကံကြမ္မာက သက်ရှိသတ္တဝါအားလုံးနဲ့ဆိုင်တယ်..... ပိုသန်မာလာဖို့ဆိုတာ နားလည်နိုင်ပေမယ့် မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းဖို့လိုတယ်...”
"မှန်ပါတယ်.... အဆင့်တက်ဖို့ နည်းလမ်းမရှိလို့ ဒီလောက်ဆိုးတဲ့ လုပ်ရပ်မျိုးကိုပဲ လုပ်ခဲ့တာပါ.....”
ကျန်းချန်ရှန်း တိတ်ဆိတ်သွားသည်။
တစ်နာရီကြာပြီးနောက် ကျန်းချန်ရှန်း ရပ်တန့်လိုက်သည်။ သူသည် ရှန်းယန်ကိုကူညီရန် သူ၏ဝိညာဉ်စွမ်းအင်၏ တစ်ရာခိုင်နှုန်းကိုပင် မသုံးစွဲခဲ့ပေ။ အဓိက အကြောင်းအရင်းမှာ ရှန်းယန်သည် လုံလောက်အောင် အစွမ်းထက်ပြီး အဆင့်တက်ဖို့ ခြေတစ်လှမ်းသာ ဝေးသောကြောင့် ဖြစ်သည်။
ရှန်းယန် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ နှစ်တစ်ထောင်နတ်ဆိုးကဲ့သို့ပင် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာကြီး၏ကံကြမ္မာကို မြှင့်တင်ခဲ့သည်။ ထိုအချိန်တွင်၊ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များ အထူးသဖြင့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ဤဖြစ်စဉ်သည် ရွှေခန္ဓာနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ခြင်းကြောင့်မဟုတ်ဘဲ ပိုမိုမြင့်မားသောနယ်ပယ်သို့ ဖောက်ထွင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာသိကြသည်။
ရှန်းယန် အသက်ပြင်းပြင်းရှူပြီး မကြုံစဖူး အစွမ်းထက်သော စစ်မှန်သောချီကို ခံစားလိုက်ရသည်။ သူက လှည့်ပြီး ကျန်းချန်ရှန်း ကို ဦးညွှတ်လိုက်ကာ...
"အကူအညီပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်....ဒီကျေးဇူးကို သတိရနေမှာပါ...."
နှုတ်ကသာထိုသို့ဆိုနေသော်လည်း သူ့နှလုံးသားထဲမှာ လှောင်ပြောင်နေသည်။
တာအိုဘိုးဘေး ... တောင်တန်းတွေထဲမှာ ပုန်းအောင်းရခြင်းရဲ့ အားနည်းကြောင့် ရန်သူ ဘယ်သူလဲဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး......
အတိတ်ကို ဒီအတိုင်း လွှတ်မချခဲ့နိုင်ဘူး.... သူ့ရဲ့ဂျုနီယာညီလေး တာအိုဘိုးဘေးလက်ထဲမှာ သေဆုံးသွားခဲ့ပြီး ရှန်းရှန်တုံးထျန်း သည်လည်း နဂါးသွေးကြောတိုက်ကြီး မှထွက်ခွာရန် တွန်းအားပေးခံခဲ့ရသည်။ ဤပုဂ္ဂိုလ်ကြောင့် သူ၏ထောင်စုနှစ်အုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့ရသည်။ ဒီမုန်းတီးမှုကို သူ ဘယ်လို စွန့်လွှတ်နိုင်မလဲ.....
ကျန်းချန်ရှန်းက... "ရှန်းရှန်တုံးထျန်းရဲ့ရှန်းယန်က ငါ့ရဲ့ကြင်နာမှုကို ဘယ်လိုပြန်ဆပ်ချင်တာလဲ"
သူပြောလိုက်တဲ့အခိုက်မှာ ရှန်းယန် အံ့သြသွားပြီး ထိတ်လန့်စွာ နောက်ဆုတ်လိုက်သည်။
“ငါဘယ်သူလဲဆိုတာ မင်းဘယ်လိုသိလဲ....သိနေရက်နဲ့တောင် ဘာလို့ကူညီခဲ့တာလဲ"
ကျန်းချန်ရှန်းက ရယ်မောပြီး.... “ ရွေးချယ်စရာမှမရှိတာ.... မင်း အဆင့်တက်မယ့်အချိန်ကိုစောင့်နေတာ... ဒါပေမယ့် ကံကောင်းမှုတွေ အားလုံးကို စုပ်ယူလိုက်ရင် ကမ္ဘာကြီး ဆိတ်သုဉ်းသွားလိမ့်မယ်... ဒါကို ငါလက်မခံနိုင်ဘူး၊ ဒါကြောင့် ငါကိုယ်တိုင်ပဲ ကူညီပေးလိုက်တာ...."
ရှန်းယန် တုန်လှုပ်သွားသည်။ ပတ်ဝန်းကျင်ကံတရားအားလုံးကို စုပ်ယူလိုကြောင်း တစ်ဖက်လူ မည်သို့သိသနည်း။
သူ့ရဲ့ပထမဆုံးအတွေးက ဂျူနီယာညီငယ် သူ့ကိုသစ္စာဖောက်လိုက်ပြီဟုပင်....
မဖြစ်နိုင်ဘူး!
ညီငယ်က သူ့ကို ဘယ်လို သစ္စာဖောက်မှာလဲ....
သူ မသေခင်မှာ မထင်မှတ်ဘဲ နှိပ်စက်ညှဉ်းပန်းမှုတွေ ခံစားခဲ့ရပြီး အရာအားလုံးကို ဝန်ခံခိုင်းခဲ့တာ ဖြစ်နိုင်သလား......
ထိုအတွေးကြောင့် ဒေါသများ မြင့်တက်လာပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
“တိုက်ကြရအောင်.....ဒီနေ့တော့ မင်းထွက်သွားနိုင်မှာမဟုတ်ဘူး....မင်းငါ့ကိုအနိုင်ယူမှာမဟုတ်တဲ့အတွက် အရှက်တကွဲနဲ့သေလိမ့်မယ်”
ကျန်းချန်ရှန်း သလက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ ချီလင်သားမြီးယပ်ကို သူ့ခါးပတ်ပေါ်တွင် ချိတ်ထားပြီး တိုင်ဟန်ဓားကိုလည်း ခါးတွင်ချိတ်ဆွဲထားသည်။ သူ့လက်တွေ ဗလာဖြစ်ပြီး အော်ရာမထုတ်လွှတ်ထားပေမယ့် ရှန်းယန်ကို အဆုံးမရှိ ဖိအားတွေ ပေးနေဆဲပင်.....
“ဟင့်အင်း ငါအဆင့်တက်ပြီးသွားပြီ. ငါသူ့ကိုဘာလို့ကြောက်ရမှာလဲ....."
ရှန်းယန် ချက်ချင်း တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့သည်။ သူသည် လက်များကိုဖြန့်ကာ ကောင်းကင်နှင့်မြေကြီး၏ပုံသဏ္ဍာန် သူ့နောက်တွင် ပေါ်လာပြီး ပို၍ကြီးမားလာသည်။ သူ၏ ကောင်းကင်နှင့် မြေကြီးပုံသည် သူ့ဂျုနီယာညီငယ်နှင့် အလွန်ဆင်တူသော်လည်း အထဲမှာ မရေမတွက်နိုင်သော ငှက်များ တေးဆိုနေသကဲ့သို့ အသံဗလံများကြားနေရသည်။
"ဒါဆို သေတဲ့အထိ တိုက်ကြရအောင်!"
ရှန်းယန်က ဒေါသတကြီး အော်လိုက်ပြီး သူ့ဆံပင်ဖြူတွေက လေထဲမှာ ကခုန်နေသည်။ ထိုအချိန်တွင် သူသည် နတ်ဆိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားသည်။ စကြဝဠာနယ်ပယ်ကို ကျော်လွန်သွားသော သူ၏ခွန်အားသည် ကမ္ဘာမြေကို တုန်လှုပ်စေခဲ့သည်။ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ လွင့်ပျံသွားကာ သစ်တောများပင် နဂါးငွေ့တန်းကဲ့သို့ ပြင်းထန်စွာ ယိမ်းထိုးသွားခဲ့သည်။
ကျန်းချန်ရှန်း၏ အနက်ရောင်ဆံပင်များသည်လည်း လေထဲတွင် လွင့်ပျံလာသည်။
အော်ရာကတော့မဆိုးဘူး... ဓားနတ်ဘုရားထက် အဆပေါင်းများစွာ ပြင်းထန်တယ်.....
ရှန်းယန် လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်နှင့် ပေထောင်ချီမြင့်သော ကောင်းကင်နှင့် မြေကြီးပုံသဏ္ဍာန်သည် သူ့နောက်မှ ပြေးထွက်လာသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားကာ ကျန်းချန်ရှန်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။
တခဏအတွင်းမှာပင် မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ကမ္ဘာပေါ်တွင် ပေါ်လာသည်။ ကျန်းချန်ရှန်းကို တိုက်ခိုက်စဉ် လျှပ်စီးကြောင်းများသည် သောင်းနှင့်ချီသော ငှက်များ၏ အသွင်သဏ္ဌာန်ကို ပေါင်းစပ်ထားသည်။
ကျန်းချန်ရှန်း၏မျက်နှာပေါ်တွင် လျှပ်စီးကြောင်းများ၏အရိပ်များထင်ဟပ်နေပြီး သူ၏ဝတ်ရုံ ပြင်းထန်စွာ လွင့်ပျံသွားသည်။ ပြင်းထန်သောမုန်တိုင်းနှင့် လျှပ်စီးတို့သည် သူ့ကို အနည်းငယ်မျှ မတုန်လှုပ်နိုင်ပေ။ သူဘယ်ဘက်လက်ကို မြှောက်လိုက်သည်နှင့် ထိုက်ယန်ရှန်ကုန်း ထွက်ပေါ်လာသည်။ ညာလက်ဖြင့် လေးကြိုးကို အလျင်အမြန်ဆွဲကာ ပစ်လွှတ်လိုက်သည်။
ဝုန်းးးးး—
ပိုကြောက်စရာကောင်းတဲ့ အလင်းတန်းတစ်ခု ထွက်လာပြီး ကောင်းကင်နဲ့ မြေကြီးကို ချက်ချင်း ကွဲအက်သွားသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ အရာခပ်သိမ်းကို ဖျက်ဆီးပစ်သည့် ပြင်းထန်သောအလင်းရောင်ကြောင့် ကောင်းကင်နှင့်မြေကြီးကို အရောင်ပျက်ပြယ်စေခဲ့သည်။
ရှန်းယန် မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် မျက်လုံးများပြူးကျယ်သွားသည်။
ရှောင်ရန် သို့မဟုတ် ကာကွယ်ရန်ပင် အချိန်မရှိပေ။
ခိုင်ခံ့သောအလင်းသည် သူ့အား နစ်မြုပ်စေပြီး တောင်များနှင့် မြေကြီးကို ဖြိုခွဲကာ ကမ္ဘာအဆုံးတိုင်အောင် ပျံ့လွင့်နေသည်။
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန်ကုန်းကို ဝိဉာဉ်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ပြင်းထန်သောအလင်းရောင် ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်မှာ ဖုန်တွေ ပြည့်နေပြီး ကျန်းချန်ရှန်း ရှေ့တွင် ပေတစ်ထောင်ကျယ်ပြီး ပေရာနှင့်ချီနက်သော ကြီးမားသောလျှိုကြီးတစ်ခုရှိနေသည်။
သွေးများဖြင့် ဖုံးလွှမ်းနေသော ရှန်းယန်သည် ကြီးမားသော လျှိုထဲသို့ ကျသွားသည်။ သူ၏ ကြွက်သားများနှင့် အရိုးများ ကျိုးသွားကာ သေလုမျောပါး ဖြစ်နေသည်။
ကျန်းချန်ရှန်း သူ့ဘေးနားသို့ ဆင်းလာပြီး သူ့ကိုငုံ့ကြည့်လိုက်သည်။
"တာအိုဘိုးဘေး... မင်းအနိုင်ရပြီးပြီ... ဒါပေမယ့် ရှန်းရှန်တုံးထျန်းအတွက် အခွင့်အရေးရှိသေးတယ်.. အနီးနားမှာရှိတဲ့ သမုဒ္ဒရာထဲက အင်အားစုအားလုံးကို ငါသတင်းပို့ပြီးပြီ... . မင်းရဲ့ ရန်သူတွေ တယောက်ပြီး တယောက် ရောက်လာလိမ့်မယ်..... တကျန်းကို ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲထင်လဲ....."
ကျန်းချန်ရှန်းက “ရှန်းရှန်တုံးထျန်းက သူ့ကိုယ်သူ လောကီရေးရာကနေသွေဖယ်တဲ့ သန့်ရှင်းသောမြေအဖြစ် သတ်မှတ်ထားပြီး မင်းဆက်တွေရဲ့ အရေးကို ဘာလို့ ဝင်စွက်ဖက်နေတာလဲ....”
“အဲဒါက အရင်ရှန်းယန်တွေ အရည်အချင်းမရှိလို့ … ချောင်ဂိုဏ်းနဲ့ မင်းဆက်တွေ ပေါ်ထွန်းလာဖို့ ခွင့်ပြုလိုက်ရင် ရှန်းရှန်တုံးထျန်းက အနှေးနဲ့အမြန်ဆိုသလို ပြိုလဲသွားလိမ့်မယ် … ငါ အာဏာရခဲ့မယ်ဆိုရင် ဒီနေ့လိုအဖြစ်မျိုးဖြစ်လာမှာမဟုတ်ဘူး....…ဒီစကားတွေက အဓိပ္ပါယ်မဲ့တယ်.... ငါမင်းရဲ့ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူးလို့ မျှော်လင့်ထားပြီးသား... ငါ ရှန်းရှန်တုံးထျန်းကို အဝေးပို့ပြီးပြီ.... တစ်နေ့ကျရင် ရှန်းရှန်တုံးထျန်း ပြန်လာမှာပါ... မင်းအဲ့အချိန်ထိ အသက်ရှင်နေသေးပြီး ငါ့ရဲ့အနာဂတ်တပည့်တွေကို လက်စားချေခွင့်ပေးမယ်လို့ မျှော်လင့်တယ်...'
သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေရင်း ရူးသွပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်ရှန်းက "ပြန်လာနိုင်မှာမဟုတ်ဘူး မင်းတို့ရဲ့တပည့်တွေကို အဲဒီညကတည်းက သတ်လိုက်ပြီ....”
ရှန်းယန် အေးခဲသွားပြီး သူ့နှုတ်ခမ်းများ တုန်ရီလာသည်။
ဒါဟာ မျှော်လင့်ချက်ကိုသတ်ဖြတ်လိုက်ခြင်းပင်.......
ရုတ်တရက် သွေးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး ကျန်းချန်ရှန်းကို စိုက်ကြည့်နေကာ....“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…”
"ဇူချွဲ့ မင်းက လူယုတ်မာပဲ.... ရှန်းရှန်တုံးထျန်း ကို မင်းသစ္စာဖောက်တာ!!!!!"
ရှန်းယန် ထိုသို့အော်ပြီးနောက် လည်ပင်းစောင်းပြီး သေဆုံးသွားလေသည်။
ကျန်းချန်ရှန်း ခေါင်းခါလိုက်သည်။ဇူချွဲ့သည် မြို့တော်ကို တိုက်ခိုက်ခဲ့သော စကြဝဠာနယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။ ရှန်းယန် ရဲ့ အစီအစဉ်ကို သူ ဘယ်လို သိနိုင်မလဲ..... အမှန်တော့ ရှန်းယန်ရဲ့အကြံအစည်တွေက ဇူချွဲ့ သေဆုံးပြီးမှသာ မွေးဖွားလာခြင်းဖြစ်သည်။ သို့သော်လည်း ရှန်းယန်သည် သေခါနီးတွင် အသိစိတ်ပျောက်ဆုံးနေခဲ့ဟန်တူသည်။
ကျန်းချန်ရှန်း သူ့လက်ကို ဝှေ့ယမ်းကာ အနီးနားရှိ မြေဆီလွှာကို အသုံးပြုကာ ရှန်းယန်ကို သင်္ဂြိုဟ်လိုက်သည်။
သူထွက်ခါနီးတွင် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး မျက်ခုံးပင့်ကာ အရှေ့ကို လှည့်ကြည့်လိုက်သည်။
“ဒီအော်ရာ… အမွှေးတိုင် 100,000 တန်တဲ့ ပညာရှင် ဖြစ်နိုင်ပါ့မလား”