← Chapters

လူသားဧကရာဇ် ပေါ်လာပြီ..... တည်းခိုဆောင်တွင်အနားယူခြင်း......

Vol. 9 Ch. 130

လူသားဧကရာဇ် ပေါ်လာပြီ..... တည်းခိုဆောင်တွင်အနားယူခြင်း......

Vol. 9 Ch. 130

ကျန်းချန်ရှန်း ထိုပညာရှင်ကို ရှာဖွေရန် မရည်ရွယ်ခဲ့ပေ။ နောက်ဆုံးတွင်၊ သူတို့ကြားတွင် အာဃာတမရှိခဲ့ချေ။

သူထွက်ခွာခါနီးတွင် ရှန်းယန်ကို မြှုပ်နှံထားသောနေရာသည် ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များကို ဖြည်းညှင်းစွာစုပ်ယူနေကြောင်း ရုတ်တရက်တွေ့ရှိခဲ့သည်။

သေဆုံးပြီးတာတောင် စုပ်ယူနိုင်သေးတယ်?????

သူသည် ရှန်းယန်းအလောင်းကို မတူးဖော်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ သူသည် သိုင်းပညာကို လေ့လာရန် မလိုအပ်သော်လည်း ၎င်းကို ကျန်းရှုထံ လွှဲပြောင်းပေးနိုင်သည်။ ကျန်းဇီယု အုပ်ချုပ်စဉ်အတွင်း ဒါတွေကို လေ့လာရန် အထူးလျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သည်။

ဤနယ်ပယ်နှစ်ခုနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုအချို့ရရှိစေရန်အတွက် ရွှေခန္ဓာနယ်ပယ်နှင့် စကြဝဠာနယ်ပယ်သည် ၎င်းတို့၏ သွေးကြောများနှင့် စစ်မှန်သော ချီလည်ပတ်စီးဆင်းမှုကို ရင်းနှီးစေရန်စူးစမ်းလေ့လာရပေမည်။

သူသည် ရှန်းယန်၏အလောင်းနှင့်အတူ ထွက်ခွာသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အချင်းမိုင်ရာနှင့်ချီရှိသော ရေကန်ကြီးတစ်ခုတွင်....

ရေကန်၏ အလယ်ဗဟိုသည် ရုတ်တရက် နစ်မြုပ်သွားပြီး၊ အမှောင်ထဲမှာ ပုံသဏ္ဍာန်တစ်ခု တဖြည်းဖြည်း မြင့်တက်လာသည်။

ထိုသူရဲ့ဆံပင်တွေ ဖွာလန်ကျဲနေပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ဗလာဖြစ်နေသည်။ သူ၏ကြွက်သားများသည် အလွန်သန်မာပြီးတစ်ကိုယ်လုံး စိုစွတ်နေကယ သူ့ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့်မြေကြီး၏ ဖြစ်စဉ် ယောင်ဝါးဝါးပေါ်လာပြီး ရေကန်တစ်ခုလုံးကို ဖုံးအုပ်ကာ တံလျှပ်ကဲ့သို့ ဖျတ်ကနဲပေါ်လာသည်။

ထိုစဉ် အနက်ရောင်၀တ်စုံဝတ် အဘိုးကြီးရောက်လာပြီး သန်မာသောလူ၏နံဘေးသို့ လျင်မြန်စွာပျံသန်းကာ လေထဲတွင် ဒူးထောက်၍.... “ကြိုဆိုပါတယ် လူသားဧကရာဇ် ”

ဒီသန်မာတဲ့လူက လူသားဧကရာဇ်ပင်ဖြစ်သည်။

လူသားဧကရာဇ် ခေါင်းမော့လိုက်တော့ သူ့မျက်နှာက ရာသီဥတုဒဏ်ကြောင့် အသက်လေးဆယ်ကျော်လောက်ရှိသည်ထင်ရပြီး သူ့မျက်လုံးတွေကသွေးရောင်တောက်ပနေသည်။

“ကံကောင်းခြင်း အဓိကရုဏ်းတွေ ပျောက်ကွယ်သွားပြီ.... …”

သူသည် အနက်ရောင်ဝတ်အဘိုးအိုထံသို့ လှည့်၍ ....“ကျုပ် တံခါးပိတ်ကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ” ဟု မေးသည်။

ဝတ်ရုံနက်အဘိုးကြီးက စိတ်လှုပ်ရှားမှုကို ထိန်းကာ “နှစ်ပေါင်းလေးရာရှိပြီ…”

ထိုစကားကိုကြားသောအခါ မျက်လုံးမှေးမှိန်သွားပြီး တိုးတိုးလေး ဟစ်အော်လိုက်သည်။

“အနှစ်လေးရာ.... အသက်ရှင်ဖို့ နှစ်တွေအများကြီး မကျန်တော့ဘူးပဲ....”

"သွားကြရအောင်.... ကျုပ်ကို ကံတရားဆီပြန်ခေါ်သွားပြီး လွန်ခဲ့တဲ့ နှစ်လေးရာအတွင်း အပြောင်းအလဲတွေအကြောင်း ပြောပြပါ...... နောက်ထပ် လူသားဧကရာဇ်ဖြစ်ဖို့ ဘယ်သူက သင့်တော်တယ်ဆိုတာလည်းပြောပြပေးဉီး....”

သူတို့နှစ်ဦးသည် ရေကန်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြပြီး ရေကန်၏မျက်နှာပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ကျန်းချန်ရှန်းသည် ရှန်းယန်၏အလောင်းကို နန်းတော်ထဲသို့ ပစ်ချပြီး ကျန်းရှုထံသို့ အလောင်းကို စစ်ဆေးဖို့ အသံ ပေးပို့ခဲ့သည်။ ကျန်းရှုသည် တစ်ဖက်လူက စကြဝဠာ နယ်ပယ်ကို ကျော်လွန်နေသူဖြစ်ကြောင်းကြားသောအခါ သဝဏ်လွှာများကိုပစ်ချပြီး ကိုယ်တိုင် သွားကြည့်ခဲ့သည်။

တစ်ဖက်တွင် ကျန်းချန်ရှန်းကတော့ ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။

ကျန်းဂျန်က .... "ဘိုးဘိုး....ယ်ရောက်နေတာလဲ။ ကံကောင်းခြင်းတွေ ရုတ်တရက် ပုံမှန်ပြန်ဖြစ်လာတာ ဘိုးဘိုးကြောင့်ပဲလား...."

ဓားနတ်ဘုရားက ကျန်းချန်ရှန်းကို လေးလေးစားစားနဲ့ ကြည့်နေခဲ့သည်။ သူဘာဖြစ်ခဲ့သည်ကို မသိသော်လည်း ကျန်းချန်ရှန်း ဤတိုက်ကြီးကို ကယ်တင်ခဲ့ကြောင်း သူသိသည်။

ကျန်းချန်ရှန်းက သူ့လက်ကို ဝှေ့ယမ်းပြီး

ယ "ပြဿနာကို ငါဖြေရှင်းပြီးပြီမို့ အနားယူဖို့ အခန်းထဲပြန်တော့မယ်"

ကျန်းဂျန်က ကျန်းချန်ရှန်း တံခါးပိတ်နေတာကိုကြည့်ရင်း စိတ်ပူသွားသည်။

သူက ဓားနတ်ဘုရားကိုကြည့်ကာ “ ဒဏ်ရာရသလား” ဟု မေးသည်။

ဓားနတ်ဘုရားက ခေါင်းခါပြီး “မဟုတ်ဘူး”

ပိုင်ချီက ဒေါသတကြီးနဲ့ ...."အဖိုးတန်တာတခုခုရလာလို့....."

အိမ်အတွင်းပိုင်းတွင်.....

ကျန်းချန်ရှန်း စောင့်နေရင်း သိပ်မကြာခင်မှာပဲ သူ့မျက်လုံးရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။

[ယန်တျယ် ခေတ် 7 နှစ်တွင် ရှန်းရှန်တုံးထျန်း ၏ ရှန်းယန်က မလွတ်မြောက်မီ တိုက်ကြီး၏ ကံကြမ္မာကို စုပ်ယူချင်သည်။ ကံကောင်းထောက်မစွာ၊ သင် သူ့ကို ရပ်တန့်နိုင်ခဲ့ပြီး ဘေးဆိုးကြီးကနေ လွတ်မြောက်ခဲ့သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ်

မှော်လက်နက်တစ်ခုဖြစ်သော 'ရွှေအကြေးခွံတောင်ဝှေးကိုရရှိသည်။]

ရွှေအကြေးခွံတောင်ဝှေးလား?

ရွှေအကြေးခွံကျောက်စိမ်းသစရွက်တွေနဲ့ဘယ်လိုဆက်စပ်နေသလဲ..

ကျန်းချန်ရှန်း ၎င်းကို ချက်ချင်း အမွေဆက်ခံခဲ့သည်။

၎င်းသည် ကံကြမ္မာကို ချိုးနှိမ်နိုင်ပြီး နတ်ဆိုးများကို ဖယ်ရှားနိုင်သည့် အစွမ်းထက်သော မှော်လက်နက်တစ်ခုဖြစ်သည်။ ကျောက်စိမ်းသစ်ရွက်များနှင့် ချိတ်ဆက်ထားပါက ၎င်းသည် အနန္တအစွမ်းထက်သော မှော်ဆန်သည့်လက်နက် ဖြစ်လာမည်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ၎င်းသည် ကျောက်စိမ်းသစ်ရွက်များနှင့် လိုက်ဖက်သော မှော်ဆန်သည့်လက်နက်တစ်ခုဖြစ်သည်။

ကျန်းချန်ရှန်း တောင်ဝှေးကို ထုတ်ယူလိုက်တေယ့ ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ်ဖျပ်ခတ်ပြီး ငါးပေရှည်သော ရွှေတောင်ဝှေးတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။

တောင်ဝှေးသည် အရွယ်ရောက်ပြီးသူ၏ လက်မောင်းကဲ့သို့ ထူထဲပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် နဂါးအကြေးခွံ

ပုံစံများဖြင့် ထွင်းထုထားသည်။ ဒါဟာ ကွက်ကွက်ကွင်းကွင်းဖြစ်ပြီး အလွန်ထူးခြားလှပေသည်။

ရွှေအကြေးခွံတောင်ဝှေးကို သန့်စင်ခြင်းသည် ထိုက်ယန်ရှန်ကုန်းကိုသန့်စင်သလို ခက်ခဲသည်။ ကောင်းကင်နယ်ပယ် ပြိုင်ဘက်ထံမှ ဆုလာဘ်သည် မျှော်လင့်ထားသည့်အတိုင်းအစွမ်းထက်ပေသည သို့သော်၊ ရှန်းယန်၏ ကောင်းကင်နယ်ပယ်ကို ကျန်းချန်ရှန်းက တွန်းအားပေးခဲ့သဖြင့် သူရရှိသောဆုသည် ကောင်းကင်နယ်ပယ်ကို အံတုနိုင်သည်တော့မဟုတ်ပေ။

သို့သော်၊ ကျန်းချန်ရှန်းသည် ရွှေအကြေးခွံတောင်ဝှေး၏ အစိတ်အပိုင်းအားလုံးကို စုဆောင်းနိုင်လျှင် ဤရတနာသည် သူ့ကို အံ့အားသင့်စေမည်မှာ သေချာပါသည်။

နောက်တစ်နေ့တွင် ကျန်းချန်ရှန်း အိမ်ထဲမှထွက်လာပြီး မြေဝိဉာဉ်သစ်ပင်အောက်သို့ ရောက်လာသည်။

ကျန်းဂျန်က မနေ့ က ဖြစ်ခဲ့တာတွေကို မေးဖို့မအောင့်အီးနိုင်တော့ပေ။

ကျန်းချန်ရှန်း အကြောင်းရင်းကို မထုတ်ဖော်မီ ခဏမျှ တုံ့ဆိုင်းသွားသည်။

"ရှန်းရှန်တုံးထျန်းရဲ့ ရှန်းယန်က အဆင့်တက်နိုင်ဖို့ ဒီတိုက်ကြီးရဲ့ကံကောင်းခြင်းကို စုပ်ယူခဲ့တယ်.... သူအောင်မြင်ပြီးတာနဲ့ တိုက်ကြီးတစ်ခုလုံး ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...ကံကောင်းထောက်မစွာနဲ့ သူ့ကိုအချိန်မီတားနိုင်ခဲ့တယ်....”

ကျန်းချန်ရှန်းက ပေါ့ပေါ့ပါးပါးပြောသော်လည်း ကျန်းဂျန် နှင့်ဓားနတ်ဘုရားတို့က အန္တရာယ်များကို စိတ်ကူးကြည့်နိုင်သည်။

ဓားနတ်ဘုရားက မျက်မှောင်ကြုတ်ပြီး... "ရှန်းယန် ရူးသွားပြီလား...."

ကျန်းချန်ရှန်းက ..."သူတို့က ဒီတိုက်ကြီးကို စွန့်ခွာချင်ကြတယ်...ဒါကြောင့် သူတို့မထွက်ခွာခင်မှာ ဒီတိုက်ကြီးကို လျစ်လျူရှုပြီး စကြဝဠာနယ်ပယ်ထက် သာလွန်တဲ့ ပညာရှင်တစ်ယောက်ကို ပြုစုပျိုးထောင်ချင်ကြတယ်....."

ကျန်းဂျန်က ဒေါသတကြီးနှင့်... " သူတို့က ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကို အနိုင်ကျင့်ပြီး မြို့တော်ကို တိုက်ခိုက်ဖို့ လူတချို့ စေလွှတ်လိုက်သေးတယ်... အခုကျပြန်တော့လည်း တိုက်ကြီးတစ်ခုလုံးကို မငြိမ်မသက်ဖြစ်စေချင်တယ်..... အနာဂတ်မှာ သူတို့ကို ရှာတွေ့ရင် သေချာပေါက် ရှင်းပစ်မယ်"

ဓားနတိဘုရားက ခေါင်းယမ်းပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့ သူနားလည်သွားခဲ့ပြီ.....

ထိုညတွင် တာအိုဘိုးဘေးပစ်လိုက်သော မြှားများကြောင့် ရှန်းရှန်တုံးထျန်း တကယ်ပျောက်ကွယ်သွားပုံရသည်။

သို့သော် သိချင်နေသေးသည်။ ဤနေရာတွင် ရှိနေစဉ်၊ တာအိုဘိုးဘေးက ရှန်းရှန်တုံးထျန်း ဆုတ်ခွာသွားတော့မည်ကို မည်သို့သိသနည်း၊ မည်ကဲ့သို့ တိကျစွာ ပစ်သတ်ခဲ့သနည်း။

ဒါကရော သိုင်းပညာပဲလား....

ဒါမှမဟုတ် တာအိုဘိုးဘေးက သူ့ရဲ့ ကောင်းကင်မျက်လုံး(တတိယမျက်လုံး)ကို ဖွင့်ခဲ့တာလား....

............................

ထျန်းဟိုင်....ကျွန်းတစ်ကျွန်း၏ဆိပ်ကမ်းတွင်...

သင်္ဘောတစ်စင်း ကမ်းစပ်တွင် ကမ်းကပ်နေစဉ် လူနှစ်ဦး သင်္ဘောပေါ်မှဆင်းလာသည်။

ထိုနှစ်ယောက်က ကျန်းလော့ နှင့် နတ်ဆိုးသခင် ဖြစ်သည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီး ယခု ကျန်းလော့သည် လူလတ်ပိုင်းဖြစ်နေပြီဖြစ်သည်။ တစ်ဖက်တွင်မူ နတ်ဆိုးသခင်ကတော့ အသက်ကြီးပုံမပေါ်သေးပေ။

စျေးတစ်ခုဆီသို့ လျှောက်သွားကာ တည်းခိုခန်းတစ်ခုထဲသို့ ဝင်သွားကြသည်။

ဤတည်းခိုခန်းသည် ယခင်က ကျန့်ယင်း ရောက်ဖူးသော တည်းခိုခန်းဖြစ်ပြီး ၎င်းအား စိတ်အေးကြည်သာတည်းခိုခန်းဟု အမည်တွင်သည်။

သူတို့ နှစ်ယောက် တည်းခိုခန်းထဲဝင်သွားပြီးနောက် အစစ်အမှန်နတ်ဘုရားနယ်ပယ် စားပွဲထိုးက ချက်ချင်းပြေးလာကာ.... “ဧည့်သည်တို့ ဘာများသုံးဆောင်ကြမလဲ...."

ကျန်းလော့က "အကောင်းဆုံးဝိုင်နှစ်အိုးနဲ့ အကောင်းဆုံးဟင်းပွဲလေးပွဲ..."

“ကောင်းပါပြီ...ခဏစောင့်ပေးပါ...!”

စားပွဲထိုးက ချက်ချင်းလှည့်ထွက်သွားသည်။

ကောင်တာရှေ့မှာ ထိုင်နေတဲ့ ဆိုင်ရှင်က ကျန်းလော့နဲ့ နတ်ဆိုးသခင်ကို ဖျတ်ကနဲကြည့်ပြီး စာရင်းစစ်နေသည်။

ကျန်းလော့က "ဆရာ...ကျွန်တော်တို့ တကယ်ပြန်မှာလား?"

သူတို့ နဂါးသွေးကြောတိုက်ကြီးမှ ဆယ့်ခုနစ်နှစ်ကြာ ဝေးကွာနေခဲ့သည်။ သမုဒ္ဒရာသို့ ထွက်သွားပြီးနောက် တစ်စုံတစ်ဦးကို မြင်တိုင်း အစစ်အမှန်ချီများကို စုပ်ယူခဲ့ကြသည်။ ထို့ကြောင့်၊ အထူးသဖြင့် နတ်ဆိုးသခင်၏ခွန်အားများ တိုးလာခဲ့သည်။ သူ၏ ခွန်အားသည် စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

နတ်ဆိုးသခင်က ပြုံးလိုက်ပြီး “ပြန်ချိန်တန်ပြီ.....ရှန်းရှန်တုံးထျန်းကို မဖျက်ဆီးခင် နဂါးသွေးပြန်ကြောတွေဖမ်းကြရအောင်......"

ခဏကြာတော့ သူ့အကြည့်တွေက စားပွဲကို သုတ်နေတဲ့ အစေခံတစ်ယောက်ဆီ ရုတ်တရက်ပြောင်းသွားသည်။ထိုအစေခံသည် ရှန်းရှန်တုံးထျန်းဟူသော စကားကိုကြားသောအခါ သူ့ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ဒါကိုမြင်တော့ နတ်ဆိုးသခင် မျက်မှောင်ကျုံ့ လိုက်မိသည်။

ထိုအချိန်တွင် စားပွဲထိုးက ဝိုင်အိုးနှစ်လုံးနှင့် ရောက်လာပြီး နှစ်ယောက်စလုံးအတွက် ဝိုင်ငှဲ့ပေးနေသည်။ သူသည် နတ်ဆိုးသခင်၏အကြည့်ကို သတိပြုမိပြီး ချက်ချင်ခေါင်းလှည့်ကာ "ခူ... မင်း ဒီစားပွဲကို ဘာလို့ မသုတ်တာလဲ...."

ခူ လို့ အမည်ပေးထားတဲ့ အစေခံက အမှန်တကယ်တော့ ရှောင်ပုခူကို ဖြစ်နေသည်။

အရင်ကနဲ့ ယှဉ်ရင် ရှောင်ပုခူဟာ လုံးဝခြားနားတဲ့လူတစ်ယောက်လိုဖြစ်နေသည်ယ အခု သူအရမ်းကို ရှက်နေပုံရပြီး စားပွဲတွေကို ဂရုတစိုက် သုတ်နေသည်။

ကျန်းလော့က မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်ကာ.... "အစ်ကို၊ ရှန်းရှန်တုံးထျန်း အကြောင်း ကြားဖူးလား..."

ရှောင်ပုခူက အလျင်စလို ခေါင်းခါလိုက်သည်။

စားပွဲထိုးက ပြုံးပြီး.... “ ဖောက်သည်... သူက ဒီမှာမွေးပြီ ဒီမှာပဲကြီးပြင်းခဲ့သူပါ...မွေးရာပါဆွံအနေသူမို့စကားမပြောနိုင်ဘူး...သိချင်တာရှိရင် ကျွန်တော့်ကိုမေးလို့ရပါတယ်..."

နတ်ဆိုးသခင်က လက်ဝှေ့ယမ်းကာ ရှောင်ပုခူကို ထွက်သွားခိုင်းလိုက်သည်။

စားပွဲထိုးက ရှောင်ပုခူကို ချက်ချင်းဆွဲခေါ်သွားကာ လမ်းလျှောက်ရင်း ကန်ကျောက်ပြီး ဆဲဆိုနေသည်။

ကျန်းလော့က တိုးညှင်းသောလေသံဖြင့်..... "ဆရာ၊ စားပွဲထိုးရဲ့ အရည်အချင်းက တော်တော်ကောင်းတယ်.... ဒီဆိုင်က မရိုးရှင်းဘူး ”

နတ်ဆိုးသခင်က.... “လောကမှာ ပုန်းအောင်းနေတဲ့ ပညာရှင်တွေ ရှိမှာပဲလေ.. ..အရင်တစ်ခေါက်ကတွေ့ခဲ့တဲ့ တံငါသည်ကို မမေ့နဲ့.... သူက ပျော့ညံ့ပုံရပေမယ့် အမှန်တကယ်တော့ ရွှေခန္ဓာနယ်ပယ်ရောက်နေပြီလေ. ငါတို့တွေကံသီလို့လွတ်ခဲ့ကြတာ.... ”

ကျန်းလော့ ခေါင်းညိတ်လိုက်သည်။

“ဆရာ....ကျွန်တော် တကျန်းကို ပြန်သွားလို့ရမလား... အဖေနဲ့အမေကို တွေ့ချင်လိုက်တာ...... သူတို့ကို နောင်အနာဂတ်မှာ တွေ့ခွင့်ရှိမှာကို ကြောက်တယ်..... သူတို့အတွက် ခံစားချက်တွေ လေးနက်မှုမရှိပေမယ့် ရည်ရွယ်ချက်ကောင်းနဲ့ ရှန်းရှန်တုံးထျန်းကို ပို့ပေးခဲ့ကြတာပဲလေ.... ”

နတ်ဆိုးသခင်က ပြုံးပြီး... “ဟုတ်ပါတယ်။ လုံချီဘုရားကျောင်းကိုလည်း သွားကြည့်ကြမယ်....”

ယန်တျယ်ခေတ် ၈ နှစ်တွင်......

ကျန်းရှု စားပွဲပေါ်မှ ပစ္စည်းများကို ရိုက်ခွဲနေပြီး သူ့မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

ချန်းလီနှင့် စောရနတ်ဘုရားကတော့ နှုတ်ဆိတ်နေသည်။

ကျန်းရှု ဒေါသကို ထိန်းရန် အပြင်းအထန် ကြိုးစားနေကာ အသံနက်ကြီးနဲ့....

" တုံးဟိုင်မင်းဆက်က အတော်လွန်လွန်းနေပြီ.... ဘယ်မင်းဆက်ကိုမဆို ငါတိုက်ခိုက်ချိုရင်ထောက်ခံရပဲ.... ငါတို့ နယ်မြေနဲ့ဝေးတဲ့ မင်းဆက်နှစ်ဆက်ကို တိုက်ခိုက်နေတာတောင် လမ်းတလျှောက်မှာ မင်းဆက်တွေရှိနေတုန်းဘဲ၊ ဒါပေမယ့် တုံးဟိုင် မင်းဆက်ရဲ့ တပ်တွေနဲ့ မြင်းတွေကိုတော့ သူတို့ နှစ်သက်သလို သွားလာခွင့်ပေးလိုက်တာကတော့...."

ချန်းလီက " တုံးဟိုင်မင်းဆက်ဟာ အနှစ် 200သက်တမ်းရှိတဲ့အပြင် သူတို့က မဟာကန္တရမင်းဆက်လို မဟုတ်ဘူး....ယခင်နှစ်များက တိုက်ပွဲများဖြစ်ပွားနေချိန် နှစ် (၁၀၀)ကြာ အနားယူနေခဲ့တယ်... သူတို့တွေ သတိကြီးတာကြောင့် ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်ကို သဘာဝကျကျသိကြနေတယ်.... မြောက်ပိုင်း ဘုရင်ခံသုံးပါးဆီကနေတပ်သားတွေတောင်းပြီး တုံးဟ်ိုင်မင်းဆက်ဆီပို့သင့်တယ်...."

စောရနတ်ဘုရားက... "ဟုန်ရွှမ်းမင်းဆက်မှာလည်း သတိထားဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး... ဟုန်ရွှမ်းမင်းဆက်ထဲရောက်နေတဲ့ ဝတ်ဖြူတော်အစောင့်တပ်သားတွေက ဟုန်ရွှမ်းမင်းဆက်မှာ တပ်ဖွဲ့ဝင်တွေ စုဆောင်းနေတာကိုတွေ့ရှိခဲ့တယ်.... ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး.....”

ကျန်းရှုက ထိုင်ချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်... “ရွှေခန္ဓာနယ်ပယ် တစ်ယောက်ယောက်ရှိနေရင် ငါဒီလိုအဆုံးသတ်မှာ မဟုတ်ဘူး....ဒါပေမယ့်ဗိုလ်ချုပ်ပင်းအန်းက စစ်တိုက်ချင်စိတ်မရှိတော့ဘူး..."

ချန်းလီက... "အရှင်.. နဝမမြောက်မင်းသားက တာအိုဘိုးဘေးဆီမှာ သိုင်းပညာသင်ယူနေပြီး ရွှေခန္ဓာနယ်ပယ်ကို ရောက်တာနဲ့ တောင်ပေါ်ကနေ ထွက်သွားနိုင်ပါတယ်.... နှစ်အတော်ကြာပြီဆိုတော့ ရွှေခန္ဓာနယ်ပယ်နဲ့ နီးစပ်နေလောက်ရောပေါ့....”

“ငါလည်း ဒါကိုပဲ စောင့်နေတ..... နဝမညီတော်က ကိုယ်တော်ကို ကူညီမယ်လို့လည်း ကတိပေးခဲ့တယ်...ဒါပေမယ့် ရွှေခန္ဓာနယ်ပယ်ကို ဖြတ်ကျော်ဖို့ဆိုတာ မလွယ်ဘူး....”

ကျန်းရှု မျက်မှောင်ကြုတ်လိုက်သည်။

ချန်းလီက... "အရှင်မင်းကြီး၊ ပင်းအန်းကိုအဆင့်မြှင့်တင်ပေးခဲ့တဲ့ ရှေးယခင်ဧကရာဇ်ရဲ့ လုပ်ရပ်ကို ဘာကြောင့် မတုပတာလဲ"

သူလည်း ဒီအကြောင်းကို တွေးခဲ့ဖူးပေမယ့် သူကိုယ်တိုင် လုပ်ဖို့ မစွမ်းဆောင်နိုင်သေးပေ။

ကျန်းဂျန်သည် ပင်းအန်း မဟုတ်ပေ။ပင်းအန်းက ဉာဏ်ရည်ချို့တဲ့သူမို့ ထိန်းချုပ်ရလွယ်ကူသည်။ကျန်းဂျန်၏အောင်မြင်မှုများသူ့အပေါ်လွှမ်းမိုးနေပါက၊ ကျန်းဂျန် အနာဂတ်တွင် အိမ်ထောင်ပြုပြီး သားသမီးယူမည်ဆိုပါက၊ သူ၏သားတော်ကို ဧကရာဇ်ဖြစ်စေလိုလျှင်..........

ဒီဖြစ်နိုင်ချေတွေကို သေသေချာချာ စဉ်းစားရပေမည်။

ကျန်းဂျန်ကို ပျိုးထောင်ခြင်းနှင့်ယှဉ် လျှင်သူသည် တော်ဝင် မိသားစုမှ မဟုတ် သော ပါရမီရှင်ကိုရွေးချယ်ကာ ရွှေ ခန္ဓာကိုယ်နယ်ပယ်သို့ရောက်အောင် ပျိုးထောင် ချင် သည်။ ကျန်းဂျန်၏သားစဉ်မြေးဆက်များ ပုန်ကန်ခဲ့လျှင် ၎င်းတို့သည် ကျန်းမိသားစု၏ သွေးရင်းဖြစ်နေဆဲဖြစ်သောကြောင့် သူ့အဖိုးဒီအတိုင်းကြည့်နေလိမ့်မည်။ သို့သော် ပြင်ပလူများ ပုန်ကန်လျှင် သူ့အဖိုးက သူတို့ကို နှိမ်နင်းမည်မှာ သေချာသည်။

ကျန်းရှု အကျပ်ရိုက်နေသည်။

ချန်းလီနှင့်စောရနတ်ဘုရားက သူ့ကို မနှောင့်ယှက်ဝံ့ပေ။

ထိုအချိန်တွင်အစောင့်တစ်ဦးသည် အခန်းထဲသို့ အလျင်အမြန်ဝင်ရောက်လာပြီး လျှို့ဝှက်စာတစ်စောင်ကို ဆက်သခဲ့သည်။

ကျန်းရှု ထိုစာကိုဖွင့်ဖတ်ပြီးသည်နှင့် လျှို့ဝှက်စာတစ်စောင်ကို အပိုင်းပိုင်းစုတ်ဖြဲကာ ဒေါသူပုန်ထနေလေ၏။

ချန်းလီက "ဘာဖြစ်တာလဲ" ဟု အလျင်စလို မေးလိုက်သည်။

ကျန်းရှုက အသက်ပြင်းပြင်းရှူပြီး ....." တုံးဟိုင် မင်းဆက်က ရေတပ်သားအမြောက်အမြားကို သမုဒ္ဒရာကိုဖြတ်ကျော်ဖို့ စေလွှတ်လိုက်တယ်.... နောက်ပြီး တောင်ဘက်ကို လူသူလက်နက်အပြည့်အစုံနဲ့ ဝိုင်းထားကြပြီ..."

All Chapters