ရှေးဟောင်းနတ်ဘုရား နေထိုင်ရာဒေသ.... ကျန်းလော့ မြို့တော်သို့ ပြန်ရောက်ပြီ......
Vol. 9 Ch. 131
တကျန်း၏ ယွီစီရင်စုရှိ ..ကမ်းရိုးတန်းဒေသတွင်....
ကျန်းလော့ ကုန်းပတ်ပေါ်တွင် ရပ်ကာ ရှေ့ကို လှမ်းကြည့်လိုက်သည်။ ရှေ့က မြေပြင်အကြမ်းဖျင်းကို မြင်တော့ သူက ပြုံးလိုက်ပြီး “ဆရာ....ကျွန်တော်တို့ရောက်ခါနီးပြီ”
နတ်ဆိုးသခင်ကလည်း သင်္ဘောပေါ်ကုန်းပတ်မှနေ၍ နဂါးသွေးတိုက်ကြီးကိုကြည့်ကာ ကျန်းလော့နှင့်ဘေးချင်းကပ်ရပ်နေ၏။
“အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်း သင်္ဘောက အရမ်းမြန်တယ်.... မြူခိုးတွေကြားမှာတောင် လမ်းပျောက်မသွားဘူး....”
သူတို့ ထျန်းဟိုင်ကိုသွားတုန်းက ကမ်းပေါ်မတက်ခင် နှစ်အတော်ကြာအောင် သမုဒ္ဒရာထဲမှာ လှည့်ပတ်နေခဲ့ရသည်။
နတ်ဆိုးသခင်က... “တကယ်တော့ အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းက သမုဒ္ဒရာထဲမှာ အနှစ်ရှစ်ရာနေထိုင်ခဲ့ကြတာ.... သူတို့ ကျွမ်းကျင်တဲ့ ပင်လယ်ပျော် စွမ်းရည်တွေက ငါတို့ စိတ်ကူးယဉ်တာထက် ကျော်လွန်တယ်”
ကျန်းလော့က မျက်လုံးကို မှိတ်ထားပြီး...... “ဆရာ....ဘာလို့ ပင်လယ်ထဲမှာ သင်္ဘောတွေ ဒီလောက်များနေတာလဲ.... သံချပ်ကာတပ်သားတွေပါတဲ့ စစ်သင်္ဘောတွေလည်းရှိနေတယ်....”
နတ်ဆိုးသခင်က..... “ဒါက တကျန်းရဲ့ ရေတပ် ဖြစ်နိုင်တယ်..ငါတို့မထွက်ခွာခင်မှာ တကျန်းက အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီဖြစ်လို့ ရေတပ်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပုံမှန်ပါပဲ.....”
ကျန်းလော့ သင်္ဘောများကို ဆက်လက် စိုက်ကြည့်နေသည်။
သင်္ဘောများသည် ကမ်းရိုးတန်းနှင့် နီးကပ်လာသည်နှင့်အမျှ သင်္ဘောပေါ်တွင် "တုံးဟိုင်" ဟူသော စာလုံးပါသော အလံများကို ရုတ်တရက် တွေ့လိုက်ရသည်။
" တုံးဟိုင် ?" ကျန်းလော့ မျက်မှောင်ကြုတ်လိုက်သည်။
နတ်ဆိုးသခင်က "ဒါဆို တုံးဟိုင်မင်းဆက်ကပေါ့ .... တုံးဟိုင်မင်းဆက်ရဲ့ သမုဒ္ဒရာရှာဖွေရေးက မင်းဆက်များစွာထဲမှာ အအောင်မြင်ဆုံးပဲ....တချီတောင် သူ့ကိုလိုက်မမှီဘူး.... တုံးဟိုင်မင်းဆက်က သမုဒ္ဒရာကိုဖြတ်ပြီး တကျန်းရဲ့တောင်ဘက်ဆီ သွားနေတာပဲ.... မင်းဆက်နှစ်ဆက် စစ်ဖြစ်နေပြီထင်တယ်”
ကျန်းလော့ မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ထခုန်ကာ တုံးဟိုင်မင်းဆက်၏ ရေတပ်ဆီသို့ ပြေးသွားသည်။
လေထဲမှာ ပျံနေတယ် ?????အစစ်အမှန်နတ်ဘုရားနယ်ပယ်......
နတ်ဆိုးသခင်က ပြုံးကာ မကြာခင်ဖြစ်ပေါ်လာမည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စောင့်မျှော်နေပါသည်။
......................
အိပ်မက်ထဲတွင် ကျန်းချန်ရှန်းနှင့် မုလင်းလော့တို့ အတူလေ့ကျင့်နေသည်။
အသက်ဆယ့်ငါးနှစ်အရွယ် မုလင်းလော့ သည် အဖြူရောင်အဝတ်အစားတွေကိုသာဝတ်ဆင်ထားသည်။ သူမလက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားပြီး သူမ၏ လှုပ်ရှားမှုများက ငန်းတစ်ကောင်ကဲ့သို့ လျင်မြန်သည်။ သို့သော် သူမ၏ ဓားပညာ မည်မျှပင် ထူးချွန်သည်ဖြစ်စ ကျန်းချန်ရှန်းကို မထိခိုက်စေနိုင်ပေ။
ကျန်းချန်ရှန်းက ရှောင်တိမ်းရင်းနဲ့ ...."နှေးလွန်းတယ်... သတ်ဖြတ်လိုစိတ်အားနည်းနေသေးတယ်....... ..."
မုလင်းလော့က မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် သူမ၏ ဘယ်ဘက်လက်ဖြင့် လက်ဟန်အမူအရာအချို့ပြုလုပ်လိုက်ပြီး သူမ၏အရှိန်နှင့်အော်ရာတို့ တဟုန်ထိုး တိုးလာသည်။
နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်......
သူမ နတ်ဘုရားနယ်ပယ်တွင်ရှိနေပြီဖြစ်ပြီး နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်၏အကူအညီဖြင့် သူမ၏ခွန်အားတဟုန်ထိုးတက်လာခဲ့သည်။ သူမ၏ အသွင်အပြင်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ သာမာန်ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်တော့ပေ။
သူတို့နှစ်ယောက် တစ်နာရီနီးပါးကြာအောင် တိုက်ခိုက်ခဲ့ကြပြီး ရုတ်တရက် ကျန်းချန်ရှန်း က သူ့ရဲ့ညာဖက်လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး သူမရဲ့နဖူးကို ဖိလိုက်ကာ သူ့ရဲ့ ဘယ်လက်က သူမရဲ့ ခါးပတ်ကို ဆုပ်ကိုင်လိုက်ပြီး ဟန်ချက်ပျက်သွားပြီး မြေပြင်ကို ပြုတ်ကျစေခဲ့သည်။
မြေပြင်ပေါ် လဲကျပြီးနောက် မုလင်းလော့ မျက်လုံး ပြူးကျယ်သွားသည်။ ကျန်းချန်ရှန်းသည် သူမ၏ နဖူးပေါ်ကို ဖိထားသဖြင့် သူမ မထနိုင်ပေ။
"မင်း ရှုံးပြန်ပြီ"
မုလင်းလော့ နှုတ်ခမ်းစူပြီး ဖြည်းညှင်းစွာ ထလိုက်သည်။
ဤဘဝတွင် သူမ၏ ရုပ်ရည် အလွန်လှပသည်။ သူမ၏ မျက်နှာသွင်ပြင်သည် သပ်ရပ်လှပပြီး အသားအရေကလည်း နှင်းကဲ့သို့ဖြူစင်သည်။ ယခင်ဘဝကထက် ပိုလှသည်။ သူမ၏ မျက်လုံးများနှင့် စိတ်နေစိတ်ထားတို့သည် ကျန်းချန်ရှန်းနှင့် အတော်လေး ဆင်တူသည်။ဒါဟာလည်း သူမကို ကျန်းချန်ရှန်း လွှမ်းမိုးထားတာ ကြာလွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
“ဒါ မင်းအိပ်မက်ပဲလေ.... မင်းငါ့ကိုတကယ်အနိုင်ယူချင်ရင် မင်းငါ့ကိုအနိုင်ယူဖို့အိပ်မက်မက်နိုင်တယ်"
မုလင်းလော့က အော်ဟစ်ပြီး " ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ... ရှင့်ကိုသတိရတဲ့အခါတိုင်းအိမ်မက်မက်တယ်... ဒါပေမယ့် အဲ့အိပ်မက်က သိပ်ပြီးလက်တွေ့မကျဘူး"
ကျန်းချန်ရှန်းက သူမ အိမ်မက်ထဲမှာ လာလည်ရင် သူမရဲ့ အိပ်မက်က တကယ်ဖြစ်နေသလိုလက်တွေ့ဆန်လွန်းသည်။ အိပ်မက်မှ နိုးလာပြီးနောက်ပိုင်း သူမ မှတ်မိနေသေးသည်။ ဤသည်မှာ ကျန်းချန်ရှန်း ၏ အသွင်အပြင်ကို စီရင်ဆုံးဖြတ်ခြင်းအတွက် အခြေခံဖြစ်သည်။ ဤအရာကြောင့် ကျန်းချန်ရှန်းသည် သူမစိတ်ကူးယဉ်သောလူမဟုတ်ဘဲ အမှန်တကယ်တည်ရှိနေသူတစ်ဦးဖြစ်ကြောင်း သူမ အတိအကျခံစားခဲ့ရသည်။ သူတို့ဟာ အိပ်မက်ထဲမှာပဲ ဆက်စပ်နေခဲ့ပြီး ဘယ်သူမှ မသိခဲ့ကြပေ။
သူတို့နှစ်ယောက် သစ်ပင်တစ်ပင်အောက်သို့ လျှောက်လာပြီး ထိုင်ကြသည်။ ကျန်းချန်ရှန်း က ထုံးစံအတိုင်း မုလင်းလော့ ပြောသမျှကို စတင်နားထောင်ခဲ့သည်။
သူမ နတ်ဘုရားနယ်ပယ်ရောက်ရှိခဲ့ပြီး မု မိသားစု၏ စံချိန်ကို ချိုးဖျက်ခဲ့သည်။ သူမ ကြီးပြင်းလာပြီး ဥာဏ်ရည်ထက်မြက်လာသည်နှင့်အမျှ သူမ၏ အဆင့်အတန်းသည်လည်း မြင့်တက်လာခဲ့သည်။ မိသားစုတွင် သူမ၏ အာဏာက မိဘများထက် သာလွန်သည်။ သူ့အဖိုးရဲ့မျက်နှာသာပေးမှုကြောင့် ဘယ်သူမှ သူ့ကို အနိုင်ကျင့်ဝံ့ပေ။
“မကြာသေးမီက အဘိုးက ကျွန်မကို သူတော်စင်စံအိမ်မှာ သိုင်းပညာ လေ့ကျင့်ဖို့ စေလွှတ်ချင်တယ်လို့ပြောနေတယ်...ပါရမီရှင်တွေသာ သူတော်စင်စံအိမ် သို့ ဝင်ရောက်နိုင်တယ်လို့ ကြားထားတယ်.. သူတော်စင်စံအိမ်ကနေထွက်လာရင် သူတို့ဘယ်လောက်ပဲဆိုးရွားနေပါစေ အနည်းဆုံး ရွှေခန္ဓာကိုယ်နယ်ပယ်ကိုရောက်နိုင်ကြတယ်... ကျွန်မရဲ့ အရည်အချင်းနဲ့ ဆိုရင် အဖိုးက ဒီထက့်သာတဲ့နယ်ပယ်အထိရောက်နိုင်မယ်လို့ပြောတယ်...."
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး..... "ဒါက ကောင်းတာမဟုတ်ဘူးလား.... မင်းဘာလို့ မသွားချင်တာလဲ......"
မုလင်းလော့က သူ့ကိုကြည့်ပြီး မျက်တောင်ခတ်လိုက်ကာ..... "အစ်ကိုချန်ရှန်းရှိနေတာပဲကို သူတော်စင်စံအိမ်ကိုသွားစရာလိုမယ်မထင်ဘူး...ဒါ့အပြင် မု မိသားစုရဲ့ သိုင်းပညာကလည်း မဆိုးလှပါဘူး.... သူတော်စင်စံအိမ်က အရင်းအမြစ်တွေ ပေါများနေရုံပါပဲ.... မိသားစုက ကျွန်ုပ်သည် ထူးချွန်သူတွေနဲ့ မိတ်ဖွဲ့နိုင်ပြီး မိသားစုအတွက် အဆက်အသွယ်တွေ တိုးပွားလာစေချင်နေတာ...."
ဒီကောင်မလေးကတော့....
ဒီကလေးမ သူနှင့် အလွန်တူသည်ဟု ခံစားမိသည်...
နှစ်များတစ်လျှောက် သူ၏သွန်သင်ချက်များ ထိရောက်ပုံပေါက်သည်။
မုလင်းလော့က ရုတ်တရက် သိချင်စိတ်ဖြင့်" အစ်ကိုချန်ရှန်းကဘယ်မှာနေတာလဲ...အစ်ကိုက လူလား တစ္ဆေလား... လူသားတစ်ယောက်ဆိုရင် အစ်ကို့ကို လက်တွေ့ဘဝမှာ ရှာတွေ့နိုင်မလား...."
ကျန်းချန်ရှန်းက သူမ ခေါင်းကို ပွတ်ကာ ပြုံးလိုက်သည်။
" ငါက လူသားပါ....ဒါပေမယ့် ငါက ဟိုးအဝေးကြီးမှာနေတာ... လောလောဆယ် မင်းငါ့ကို ရှာမတွေ့နိုင်သေးဘူး.... မင်း သန်မာလာတဲ့အခါ ငါဘယ်မှာနေလဲ ပြောပြမယ်...."
မုလင်းလော့က ခေါင်းညိတ်ပြီး " သေချာပေါက် ရှာတွေ့မှာပါ" ဟု လေးနက်စွာ ပြောခဲ့သည်။
"ဟုတ်လား? ဒါဆို မင်းကိုစောင့်နေမယ်။"
သူ့အပြုံးကိုကြည့်ရင်း မုလင်းလော့ ရှက်သွေးဖြာနေသည်။
အချိန်တွေကုန်တာမြန်လိုက်တာ... မသိလိုက်ခင်မှာ ဒီကောင်မလေးတောင် အရွယ်ရောက်လာခဲ့ပြီ.....
သူမ ငယ်ငယ်လေးကတည်းက မုလင်းလော့ ကို သူ့လိုဖြစ်အောင် တမင်တကာ မလုပ်ခဲ့ပေ။ လေ့ကျင့်ခြင်းမှလွဲ၍ သူသည် အချိန်အများစုကို နားထောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ငယ်ငယ်တည်းက သူ့ကို သဘောကျအောင် တကူးတကလုပ်ခဲ့တာမဟုတ်ပေမယ့် ဒီကောင်မလေး သူ့ကိုယုံကြည်နေဆဲပင်.....
အင်မော်တယ်ကျင့်ကြံသူ၏ အရိပ်အယောင်က ထူးခြားပြီး သူသည် အသက်ဆယ့်ရှစ်နှစ်အရွယ် အသွင်အပြင်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ မုလင်းလော့ တွေ့ဖူးတဲ့ ရွယ်တူတွေကြားထဲမှာ သူ့ထက် ပိုချောမောပြီး စိတ်ထားကောင်းတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ယုံကြည်ခဲ့သည်။
မုလင်းလော့သည် မုမိသားစုမှ ကောင်းစွာကာကွယ်ထားပြီး သူမ၏စံနှုန်းများကလည်း အလွန်မြင့်မားသည်။ သူမသည် မုမိသားစုနှင့်ကောင်းမွန်သော ဆက်ဆံရေးကို အလေးအနက်ပြုလိုသော ပါရမီရှင်များကို ဘယ်သောအခါမှ အခွင့်ရေးမပေးခဲ့ပေ။
ကျန်းချန်ရှန်းက... " သူတော်စင်စံအိမ်မှာ စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတွေ အများကြီးရှိလား"
“ရှိလောက်မယ်ထင်တယ်....မုမိသားစုမှာတောင်ဆယ်ယောက်လောက်ရှိတယ်ဆိုတော့ သူတော်စင်စံအိမ်က သိုင်းလောကရဲ့ သန့်ရှင်းတဲ့နယ်မြေမို့ မရေမတွက်နိုင်အောင် ရှိလိမ့်မယ်....”
ဘယ်လောက်ကြောက်စရာကောင်းလဲ....
ကျန်းချန်ရှန်းသည် ရှေးဟောင်းနတ်ဘုရားတိုက်ကြီးရှိ အပြင်းထန်ဆုံး ကျွမ်းကျင်သူထက်များစွာ အားနည်းသော်လည်း နဂါးသွေးတိုက်ကြီးနှင့် ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကြား ကွာဟချက် ကြီးမားသည်ဟု မဆိုလိုပေ။ မုလင်းလော့၏ အဆိုအရ ရှေးဟောင်းနတ်ဘုရားတိုက်ကြီးရှိ သိုင်းလောကသည် နှစ်ထောင်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နတ်လက်နက်မျိုးစုံကိုပင် ဖန်တီးခဲ့သည်။ အချို့သော တန်ခိုးကြီးသော နတ်လက်နက်များသည် သိုင်းပညာရှင်များကိုသွေးချောင်းစီးစေနိုင်သည်။ မုလင်းလော့ ၏ အဆိုအရ မုမိသားစုတွင် အထူး အာကာသကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် နေရာကူပြောင်းရေးအစီအရင် ရှိသည်။
၎င်း သည်ဝိညာဉ်ကျောက်များလိုအပ်သော အစီအရင်လိုမဟုတ်ပေ။ သို့သော်လည်း အာကာသကျောက်တုံးများသည် အလွန်ရှားပါးပြီး မိသားစု၊ ဂိုဏ်းဂဏ သို့မဟုတ် မင်းဆက်တိုင်းတွင် မရှိနိုင်ပေ။
..........................
မွန်းတည့်ချိန်တွင် ကျန်းဂျန်က ဆေးဖက်ဝင်အိုးထဲတွင်ထိုင်ပြီး ဓားနတ်ဘုရားက သူ့အတွက် ဆေးဖက်ဝင်ပစ္စည်းများကို ထည့်ပေးရင် သူ၏ အစစ်အမှန်ချီကို ဖြန့်ကျက်လိုက်သည်။
“ဒီဆေးဖက်ဝင်ပစ္စည်းတွေက တကယ့်ကို မရိုးရှင်းဘူး....တာအိုဘိုးဘေးက ရှန်းရှန်တုံးထျန်းရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းလိုက်တာလား...?"
ကျန်းရှုသည် သိုင်းပညာလေ့ကျင့်ရာတွင် အသုံးပြုသည့် ဆေးဖက်ဝင်ပစ္စည်းများကို ပို့ဆောင်ရန် လူများကို မကြာခဏ စေလွှတ်ခဲ့သော်လည်း ကျန်းချန်ရှန်း ထုတ်ယူခဲ့သည့်အရာနှင့် နှိုင်းယှဉ်၍မရပေ။
ဆေးဖက်ဝင်ပစ္စည်းများ အများအပြားက ဓားနတ်ဘုရားကိုပင် သွေးဆောင်နိုင်သည်။
တစ်ဖက်တွင်၊ ကျန်းချန်ရှန်းက ဆေးဖက်ဝင်ပစ္စည်းများကို သေးငယ်သော ဆေးအိုးကြီးတစ်ခုရှေ့တွင် နေရာချထားနေပြီး ပိုင်ချီကတော့ မီးဖိုဘေးတွင် လဲလျောင်းနေပြီး ခွေးတစ်ကောင်လို လျှာတန်းလန်းနှင့် မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ကျန်းချန်ရှန်းက သူမကို အဆင့်တက်ဖို့ကူညီပေးနေသည်။
သူမသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်နယ်ပယ်တွင် အကြာကြီးပိတ်မိနေသည်။
သို့သော် ဖြတ်ကျော်နိုင်သည်ဖြစ်စေ၊ မဖြတ်နိုင်သည်ဖြစ်စေ သူ့ကံပေါ်မူတည်သည်။
ရှန်းယန်ကတော့ အောင်မြင်မှုရရန် ခြေတစ်လှမ်းသာလိုတော့သဖြင့် ကျန်းချန်ရှန်း အနည်းငယ်သာကူညီခဲ့ရသည်။
ကျန်းချန်ရှန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်များက ထူးခြားကြောင်းနှင့် သိုင်းပညာစနစ်၏ အထူးစည်းမျဉ်းများဖြင့် ကန့်သတ်ထားသည်ဟု နားလည်ခဲ့သည်။ဒါဟာ အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ရောက်ဖူးသူများသာ ၎င်းတို့၏သက်တမ်းကို တိုးမြင့်စေနိုင်သည့် အကြောင်းရင်းဖြစ်နိုင်သည်။
သိုင်းပညာလောကတွင်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်နယ်ပယ်သည် နယ်နိမိတ်ပိုင်းခြားထားသောစည်းမျဉ်းတစ်ခုဖြစ်နေသည်။
“မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်အောင် တလလောက်ကူညီပေးမယ် မင်းမအောင်မြင်ရင်လက်လျှော့လိုက်ပါ” လို့ ကျန်းချန်ရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ပိုင်ချီ ထိုစကားကိုကြားသောအခါ ပို၍ပင် ကြောက်ရွံ့လာသည်။
မအောင်မြင်ရင် တောင်ပေါ်ကနေ နှင်ထုတ်ခံရမှာလား......
တစ်ချိန်တည်းမှာပင်...တော်ဝင်စာကြည့်ဆောင်၌......
ကျန်းရှုသည် ဝတ်ဖြူတော်အစောင့်တပ်၏သတင်းကိုကြားသောအခါတွင် ရွှင်လန်းသောအမူအရာဖြင့် လက်ခုပ်တီးကာ ဝမ်းသာအားရဖြင့် . “တကျန်းသိုင်းပညာလောကရဲ့ ကျွမ်းကျင်သူတွေက အရေးယူဆောင်ရွက်သွားပုံပါပဲ..... ဟားဟား၊ တုံးဟိုင် မင်းဆက်တော့ ကံဆိုးပြီပဲ...."
အစောင့်တပ်များ အဆိုအရ တုံးဟိုင် မင်းဆက်မှ စေလွှတ်သော ရေတပ်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
စောရနတ်ဘုရားက မျက်မှောင်ကြုတ်ကာ “အရှင်မင်းကြီး.... သတိထားရမည့် အခြေအနေတစ်ခု ရှိသေးတယ်...တုံးဟိုင် မင်းဆက်ရဲ့ ရေတပ်စစ်သည်အားလုံး ခြောက်သွေ့ကုန်ပြီလို့ ဆိုကြတယ်...ဒါက ကောင်းကင်သံသရာစက်ဝန်းကျင့်စဉ်ကြောင့်မဖြစ်နိုင်ဘူးလား..."
ကျန်းရှုက မျက်မှောင်ကြုတ်ပြီး "မင်းဆိုလိုတာက တရားခံက တကျန်းဘက်က မဟုတ်ဘူးပေါ့...."
စောရနတ်ဘုရားက ခေါင်းညိတ်ပြီး ...“မဟာယာနနဂါးမျှော်စင်ကို မမေ့ပါနဲ့.... မဟာယာနနဂါးမျှော်စင်ကို တာအိုဘိုးဘေးက ဖျက်စီးခဲ့တယ်လို့ ကြားသိရပေမယ့် တကယ်တော့ မဟာယာနနဂါးမျှော်စင်ထဲက သိုင်းပညာရှင် ငါးဆယ်ထက်မနည်း သူ့လက်ထဲမှာ သေဆုံးသွားခဲ့တာ....”
စောရနတ်ဘုရား အစောင့်တပ်သားက ထွက်သွားခိုင်းလိုက်သည်။
ကျန်းရှုက သက်ပြင်းချပြီး....."ခဏလေးတောင် စိတ်မအေးရပါလား....ကိုယ်တော်က စစ်တိုက်ဖို့ မသင့်တော်ဘူးထင်တယ် .....စစ်ပွဲစပြီးကတည်းတခဏလေးတောင် စိတ်မအေးနိုင်ဘူး"
စောရနတ်ဘုရားက မှတ်ချက်မပေးဘဲတိတ်ဆိတ်နေသည်။ တကျန်းက အလွန်ကြီးမားပြီး ကျန်းရှုတွင် ကိုင်တွယ်ဖြေရှင်းရမည့် အရာများစွာရှိသည်။
ကျင်းတိုင်ကျုံးလောက် ထက်မြက်သူမဟုတ်တာကိုတော့ ဝန်ခံရပေမည်။
ကျင်းတိုင်ကျုံး၏ စစ်တိုက်နေချိန်တွင် ကျန်းရှုက သူ့အား ပြည်တွင်းရေးကိစ္စများကို ကူညီပေးခဲ့သည်။ တစ်ဖက်တွင်၊ ကျန်းရှု ၏သားများကတော့ ထိုသို့အရည်အချင်းမရှိကြပေ။
ထိုစဉ် မိန်းမစိုးတစ်ယောက် အမြန်ဝင်လာပြီး ဦးညွှတ်လိုက်သည်။..... "အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းရဲ့ ဌာနခွဲခေါင်းဆောင် ကျန့်ယင်းက အရှင်မင်းမြတ် တုံးဟိုင်မင်းဆက်ကို အနိုင်ယူဖို့ ကူညီပေးနိုင်တဲ့အရာတစ်ခုကို ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်.....”
ကျန်းရှု ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများ တောက်ပလာပြီး "မြန်မြန်ခေါ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့!”
......................
ညနေဆည်းဆာနေရောင်အောက်တွင်...
ကျန်းလော့နှင့်နတ်ဆိုးသခင်တို့ မြို့တော်ထဲသို့ လျှောက်လာရင်း စည်ကားနေသော လမ်းများကို တွေ့ရတော့ အံ့သြသွားကြသည်။
"တကျန်းရဲ့မြို့တော်က တချီမင်းဆက်ထက် မနိမ့်ကျဘူး"
နတ်ဆိုးသခင်က ခေါင်းညိတ်ပြီး ...“ကျန်းမင်းဆက်ရဲ့ အစွမ်းအစကို ငါလည်းလျှော့တွက်ခဲ့မိတယ်”
နှစ်ယောက်သား တည်းခိုရန် တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့သည်။
စားပွဲထိုးကို ကျန်းလော့က သိချင်တာအချို့မေးလိုက်သည်။
"ဧကရာဇ်ကို ဘယ်လိုထင်လဲ"
ကျန်းလော့သည် သူ့ဖခင်အပေါ် နိုင်ငံသားများ၏ အကဲဖြတ်ချက်ကို နားထောင်ချင်သည်။