မိုးအောက်မြေပြင် နံပါတ်နှစ်.... တောင်ဝိညာဉ်မြွေသားရဲ....
Vol. 9 Ch. 132
“ဧကရာဇ်က တကယ်တော်တယ်... ခေတ်နာမည်အတိုင်းပဲ သူက တကယ့်ကို စေတနာကောင်းပြီး ပြည်သူကို ဂရုစိုက်တယ်...ဒါပေမယ့် မကြာသေးမီနှစ်များအတွင်းမှာ ကွယ်လွန်သူဧကရာဇ်ရဲ့ နယ်မြေချဲ့ထွင်လိုတဲ့ ဆန္ဒကို အမွေဆက်ခံခဲ့တယ်...ဒါ့ကြောင့်မို့ စစ်ပွဲက တကျန်း မှာရှိတဲ့ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နိုင်မလားလို့ တွေးမိတယ်....."
တကျန်း ပြည်သူပြည်သားများသည်
စီရင်စု ၇၂ ခု၏ အရင်းအမြစ်များပေါ်တွင် ထိုင်ကာ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ထုံးစံအတိုင်း တိုင်းပြည် ငြိမ်းချမ်းသာယာပြီး စစ်ပွဲများ နည်းပါးလာမည်ဟု သူတို့ မျှော်လင့်ထားကြသည်။
ဧကရာဇ်၏စစ်ပွဲကို မကျေနပ်ကြသော်လည်း သူ၏အောင်မြင်မှုများကို မည်သူမျှ ငြင်းဆိုခြင်းမရှိပေ။
အများသူငှာ ဤကဲ့သို့ ဆွေးနွေးနိုင်သည်မှာ ဧကရာဇ်၏သက်ညှာပေးမှုကြောင့်ပင်.... ကျင်းတိုင်ကျုံးလက်ထက်မှာသာဆိုရင် ဧကရာဇ်မင်းမကောင်းကြောင်းပြောရင် ခေါင်းဖြတ်ခံရလိမ့်မည်။
"ယခင်ဧကရာဇ်ရဲ့ဆန္ဒ? ဧကရာဇ်ကျင်းဝမ်က အပျော်မက်ပြီး ခက်ထန်တဲ့ အုပ်ချုပ်သူ မဟုတ်ဘူးလား.. "
ကျန်းလော့ အံ့သြစွာမေးလိုက်သည်။
စားပွဲထိုးက ပိုလို့တောင် အံ့အားသင့်သွားပြီး.... "ဧည့်သည်.. ယခင်ဧကရာဇ်က ကျင်းတိုင်ကျုံးပါ... ချန်းဝူခေါတ်ကုန်ဆုံးခဲ့တာကြာလှပြီ... အခုဆို ယန်တျယ်ခေါတ်ရဲ့ 8 နှစ်မြောက်ဖြစ်နေပြီ.....”
ယန်တျယ်ခေါတ်ရဲ့ ၈ နှစ်မြောက်...
ကျန်းလော့ မိုးကြိုးပစ်ခံရသလို တောင့်တင်းသွားပြီး အမူအရာသည်လည်း အလွန်ရုပ်ဆိုးသွားခဲ့သည်။
စားပွဲထိုးက ထိတ်လန့်ပြီး အလျင်အမြန် ဆုတ်ခွာသွားကာ တံခါးကို ပိတ်လိုက်သည် ။
ကျန်းလော့ စားပွဲဆီသို့ လျှောက်လာပြီး ထိုင်ချလိုက်သည်။ သူ့ညာလက်ကို စားပွဲပေါ်တင်ပြီး သူ့ခံစားချက်တွေကို ထိန်းဖို့ကြိုးစားရင်း လက်သီးဆုပ်ထားလိုက်သည်။
မူလက သူသည် ဤအမျိုးအနွယ်ကို ဂရုမစိုက်ဟု ထင်ခဲ့သော်လည်း သူ့အဖေဆုံးပါးသွားကြောင်းကို ကြားလိုက်ရသောအခါ ကမ္ဘာပျက်သွားသလိုခံစားနေရသည်။
ဒါဟာ ဝမ်းနည်းမှုလား ဒေါသလားဆိုတာ ကိုယ်တိုင်တောင်မခွဲခြားနိုင်တော့ပေ။
"ဘာလို့ အစောကြီးကွယ်လွန်သွားတာလဲ...ကျွန်တော့်ကို မေ့သွားပြီလား…”
ကျန်းလော့ ထိိုသို့ ရေရွတ်လိုက်ပြီး သူ့နှုတ်ခမ်းတွေ ဖျော့တော့လာသည်။
ကျန်းဇီယု အသက်တစ်ရာကျော်မနေရမှာ စိုးရိမ်သောလည်း စောစီးစွာကွယ်လွန်မည်ဟုထင်မထားခဲ့ပေ။
ထိုအချိန်တွင် ကျန်းလော့သည် မကြုံစဖူးသော အထီးကျန်မှုကို ခံစားလိုက်ရသည်။
သမုဒ္ဒရာလေးစင်းပဏ္ဍိတ ကွယ်လွန်သွားခဲ့ပြီး သူ့ဖခင်လည်း ကွယ်လွန်ခဲ့ပြီ...... ဒီကမ္ဘာကြီးမှာ သူ့ကိုမှတ်မိနေမယ့်သူရှိပါဉီးမလား....
ကျန်းလော့ ရှုပ်ထွေးသောအမူအရာဖြင့် နန်းတော်ကို ကြည့်လိုက်သည်။
မကြာခင်မှာပဲ သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။
ညဘက်တွင် လက်ရှိဧကရာဇ်မင်းမြတ်အား ကြည့်ရှုရန် နန်းတော်သို့သွားခဲ့သည်။
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး မြို့တော်ကို မကြည့်ခင် ဆေးကျိုအိုးထဲက ပိုင်ချီကို ကြည့်လိုက်သေးသည်။
“စကြဝဠာနယ်ပယ်အော်ရာ.... အခုခေတ်မှာ စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတွေ ဘာကြောင့်များ ဒီလောက်များနေရတာလဲ.....”
ကျန်းချန်ရှန်း ၎င်းကို တိတ်တဆိတ် စောင့်မျှော်နေပြီး တစ်ဖက်လူက သူ့ကို စိန်ခေါ်ရန် ဤနေရာတွင် ရှိနေမည်ဟု မျှော်လင့်ထားသည်။
စကြဝဠာနယ်ပယ် ဘယ်လောက် တန်ခိုးကြီးသလဲ..... သူတို့ ဒီကို အပန်းဖြေခရီးထွက်လာတော့မဖြစ်နိူင်ဘူး.....
သို့သော်၊ ဤစကြဝဠာနယ်ပယ် ကျွမ်းကျင်သူ၏ အရှိန်အဝါသည် ဓားနတ်ဘုရားထက် အနည်းငယ်နိမ့်ပါးနေသည်။
ကျန်းချန်ရှန်းက ကျန်းလော့၏ လူဝင်စားအမှတ်အသားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ဒီကလေးက စကြဝဠာနယ်ပယ် ကျွမ်းကျင်သူရဲ့ ဘေးမှာ ရှိနေတယ်...ဒါဆိုခုနက စကြဝဠာနယ်ပယ်ကျွမ်းကျင်သူက နတ်ဆိုးသခင်များလား....
ဓားနတ်ဘုရားက နတ်ဆိုးသခင်ရောက်လာတာကို သတိမထားမိပေ။
ပင်းအန်းကတော့ ပျော်ရွှင်စွာဖြင့် ကျန်းဂျန် အတွက်ကူညီပေးနေသည်။
တောင်ပေါ်တွင် အချိန်အတော်ကြာနေပြီးနောက်၊ ဓားနတ်ဘုရားက ကျန်းဂျန်ကို အလွန်တန်ဖိုးထားလေးမြတ်ခဲ့သည်။ သူတို့မှာ တူညီတဲ့ အကျင့်စရိုက်ရှိသည်ဟု ခံစားမိတဲ့အတွက် ကျန်းဂျန်ကို သူ့မြေးအဖြစ်သတ်မှတ်ထားသည်။ ကျန်းဂျန် တစ်ခုခုဖြစ်သွားမှာကိုလည်း သူစိုးရိမ်နေမိသည်။ ဟုတ်ပါတယ်၊ သူက ကျန်းဂျန်ရဲ့ အနာဂတ်ကို ပိုမျှော်လင့်နေသည်။ ကျန်းဂျန် ဆက်လက်ကြီးထွားနေသရွေ့ သူသည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသည်။
မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ ဒုတိယ....
ကျန်းချန်ရှန်းကတော့ ကျန်းဂျန်အတွက် စိတ်မပူခဲ့ပေ။ အဲဒီကလေးက မဟာတာအိုဘိုးဘေးထက် တစ်ဆင့်နိမ့်တဲ့ တာအိုမျက်လုံးပိုင်ဆိုင်ထားသည့်အတွက် လွယ်လွယ် သေနိုင်မည့်သူမဟုတ်ပေ။
ညအချိန်တွင်....
ကျန်းချန်ရှန်း တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသောအခါ နန်းတော်ဘက်ကိုလှည့်ကာ မျက်လုံးများကို မှိတ်ထားသည်။
ဒီကလေး ဘာလို့ နန်းတော်ထဲကို ဝင်လာတာလဲ......
ကျန်းချန်ရှန်း နန်းတော်၏အခြေအနေကို စတင်အာရုံစိုက်ခဲ့သည်။ ကျန်းလော့သည် ရှန်းရှန်တုံးထျန်းတွင် ကြီးပြင်းလာသောကြောင့် သူ့မွေးချင်းများနှင့် နက်ရှိုင်းသောဆက်ဆံရေးမရှိခဲ့ပေ။ အမှန်တော့ သူ့ကို သင်းကွဲဟုပင်သတ်မှတ်နိုင်သည်။
သူသည် နတ်ဆိုးသခင်နှင့် နှစ်အတော်ကြာအတူနေခဲ့သောကြောင့် ကျန်းလော့ သူ့ညီအစ်ကိုများကို အန္တရာယ်ပြုမည်ကို စိုးရိမ်ခဲ့သည်။ အဲဒီလိုဖြစ်ရင် အရေးယူဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
သူ ကျန်းလော့ကို သတ်မှာမဟုတ်ဘဲ အဲဒီအစား သူ့ကို တောင်ပေါ်မှာ ထိန်းသိမ်းထားပြီး သင်ခန်းစာပေးရမည်။ နောက်ဆုံးတော့ ကျန်းလော့ရဲ့ဘဝဟာ တကယ့်ကို ခက်ခဲကြမ်းတမ်းခဲ့ပြီး လမ်းမှားရောက်ဖို့လွယ်ကူခဲ့သည်။
နန်းတော်အတွင်းတွင်........
ကျန်းလော့ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားနေပြီး နန်းတော်တွင် အစောင့်အကြပ်များ ထူထပ်စွာရှိသော်လည်း မည်သူမျှ သူ့ကိုသတိမပြုမိကြပေ။
"မင်းက ဧကရာဇ်တစ်ယောက်ဖြစ်ပြီး ပေါ့လျော့လွန်းတယ်..... ညသန်းခေါင်မှာ ရန်သူတွေ မင်းကိုလာသတ်မှာ မစိုးရိမ်ဘူးလား...."
ကျန်းလော့က ဧကရာဇ်ကို တိတ်တဆိတ် မထီမဲ့မြင်ပြုကာ မကျေမနပ်ဖြစ်နေသည်။
သူသည် နောက်ဆုံးတွင် ကျန်းရှုကို စာကြည့်ဆောင်တွင်တွေ့ရှိခဲ့သည်။
ဧကရာဇ်သည် နိုင်ငံရေးတွင် လုံ့လဝီရိယရှိ၍ မအိပ်သေးဘဲ သဝဏ်လွှာများဖတ်ရှုနေသည်။ တံခါးအပြင်ဘက်တွင် မိန်းမစိုးများနှင့် ဝတ်ဖြူတော်အစောင့်များစွာ ရှိနေသည်။
သူသည် စာကြည့်ဆောင် ပြတင်းပေါက်သို့ရောက်လာပြီး သူအသုံးပြုနေသည့် သိုင်းပညာနည်းစနစ်ကို မသိရသေးသော်လည်း နံရံနှင့် တူညီသောအရောင်အဖြစ် ပြောင်းလဲရန် အဆိုပါနည်းပညာကို အသုံးပြုခဲ့သည်။
သူက ခေါင်းကို ငုံ့ထားပြီး ပြတင်းပေါက်ကနေ သဝဏ်လွှာဖတ်ရှုနေသည့် ကျန်းရှုကိုကြည့်နေခဲ့သည်။
ကျန်းလော့သည် သူ့နှင့်တစ်ထပ်တည်းတူညီသော ရုပ်သွင်ကို ကြည့်ရင်း မှင်တက်သွားသည်။
ကျန်းရှု အဆက်မပြတ် သမ်းဝေနေကာ မောပန်းနွမ်းနယ်နေမှန်း သိသာသည်။ သူ့မျက်လုံးတွေနီရဲနေပြ စားပွဲပေါ်မှ ဆေးပုလင်းကို သွန်ချလိုက်ပြီး ဆေးလုံးအချို့ မျိုချလိုက်သည်။ ထို့နောက် မျက်နှာကို ပွတ်သပ်ကာ သဝဏ်လွှာမျာကို ဆက်လက်ဖတ်ရှုနေသည်။
စားပွဲပေါ်မှာရော ကြမ်းပြင်ပေါ်မှာပါ သဝဏ်လွှာတွေစုပုံနေဆဲပင်.....
ကျန်းရှု မည်မျှ လုံ့လဝီရိယ ရှိသည်ကို မြင်သောအခါ ကျန်းလော့၏ နှလုံးသားထဲမှ မကျေနပ်မှုများ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
ဒီအချိန်မှာပဲ!
ကျန်းလော့ ရုတ်တရက် ခုန်ဆင်းလာလိုက်တော့ စောရနတ်ဘုရားက ဓားမြှောင်တစ်လက်နဲ့ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
စောရနတ်ဘုရားက ခေါင်းကို လှည့်ပြီး နံရံပေါ် ဆင်းလာတဲ့ ကျန်းလော့ကို ကြည့်လိုက်ကာ.... “ဘယ်လိုသတ္တိမျိုးနဲ့ နန်းတော်ထဲကျူးကျော်ဝံ့တာလဲ...."
ကျန်းရှု ထိတ်လန့်သွားပြီး ပြတင်းပေါက်နားကနေ ချက်ချင်းလှည့်ပြေးလေတော့သည်။
ကျန်းလော့က လရောင်ကို ကျောပေးထားသောကြောင့်သူ့မျက်နှာကို မမြင်နိုင်ပေ။ သို့သော် ကျန်းလော့ကတော့ ကျန်းရှု ၏မျက်နှာကို မြင်နိုင်သည်။
၎င်းတို့သည် အမွှာများဖြစ်သော်လည်း ကျန်းလော့အနေဖြင့် ကျန်းရှုကို မွေးကတည်းက မမြင်ဖူးပေ။
သူတို့ဟာ အကောင်းဆုံး ညီအစ်ကိုတွေလို့ ယူဆခဲ့ကြပေမယ့် အခုချိန်မှာတော့ သူစိမ်းတွေလိုပါပဲ။
ဒီအချက်ကြောင့် ကျန်းလော့ စိတ်မကောင်းဖြစ်မိသည်။
ကျန်းလော့ အနီးတစ်ဝိုက်သို့ ဝတ်ဖြူတော် အစောင့်အများအပြား ပြေးလာကာ အဖက်ဖက်ကနေဝိုင်းရံထားသည်။
ကျန်းရှုက ကျန်းလော့ကို ကြည့်ပြီး သူ့နှလုံးသားတွေ နားမလည်နိုင်အောင် တုန်ခါနေသည်။အကြောင်းတစ်ခုခုကြောင် ထိုသူ လူသတ်သမားမဟုတ်ဘူးလို့ ခံစားနေရသည်။
“သူ့ကိုဖမ်းထား.... မနာကျင်စေနဲ့”
စောရနတ်ဘုရား ချက်ချင်းပြေးလာသည်နှင့် ကျန်းလော့က ကောင်းကင်သို့ တိုက်ရိုက်ခုန်တက်ကာ လူတိုင်းကို ငုံ့ကြည့်နေသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်.....
ကျန်းလော့ လှည့်ပြီးထွက်မသွားခင် ကျန်းရှု ကို ခဏလောက်ကြည့်နေခဲ့သည်။
ကျန်းရှု ၏အမူအရာမှာ ရှုပ်ထွေးလာပြီး “မင်း…”
နန်းတော်ထဲမှ ဘေးကင်းစွာ ထွက်ခွာနိုင်သည်ဆိုတော့ ထိုလူသည် ကျန်းမိသားစုမှ ဖြစ်ပေမယ်.....
ကျန်းမိသားစု၏ တစ်ပါးတည်းသော အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ကျန်းဂျန် ဖြစ်သော်လည်း ကျန်းဂျန်အနေဖြင့် ညဉ့်နက်မှ သူ့ကို ချောင်းကြည့်ရန် မဖြစ်နိုင်ပေ။
မဟုတ်ဘူး၊ နောက်တစ်ယောက်ရှိနေသေးတယ်......ကျန်းမိသားစုဝင်တွေ မေ့လျော့နေတဲ့ မိသားစုဝင်တစ်ဉီး..........
ကျန်းချန်ရှန်းကတော့ ကျန်းလော့ နန်းတော်မှ ထွက်သွားသည်ကို ကြည့်နေသည်။ ကျန်းလော့ မည်သူ့ကိုမျှ မထိခိုက်စေသည်ကို မြင်လိုက်ရသဖြင့် ကလေး၏ အတွေးကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။
နောက်တစ်နေ့ နေထွက်ချိန် ရောက်လာခဲ့သော်လည်း ကျန်းလော့ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
နတ်ဆိုးသခင် သူ့ဆီရောက်လာပြီး လုံချီ ဘုရားကျောင်းကို အတူတူသွားချင်လားလို့ မေးခဲ့သည်။
ကျန်းလော့သည်လည်း တာအိုဘိုးဘေးကို အလွန်စိတ်ဝင်စားခဲ့သည်။ သူသည် အဝတ်တစ်ထည်ကို ဆုတ်ဖြဲကာ သူ၏ မွေးရာပါ အမှတ်အသားကို ဖုံးကွယ်ရန် နဖူးတွင် ချည်နှောင်ထားသည်။ ထို့နောက် သူ့ကိုယ်သူ ရုပ်ဖျက်ပြီး နတ်ဆိုးသခင်နှင့်အတူ လုံချီ ဘုရားကျောင်းသို့ လိုက်သွားခဲ့သည်။
သူတို့နှစ်ဉီး သိုင်းတောင်ထွတ်သို့ရောက်သောအခါ တောင်ပေါ်သို့တက်ရန် တန်းစီကြသည်။ ကျန်းလော့သည် သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များနှင့် ဘုရားဝတ်ပြုသူများ တန်းစီနေသော ရှည်လျားလှသော မြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားသည်။
"တောင်ပေါ်တက်တဲ့သူတွေ အများကြီးဆိုတော့ လုံချီဘုရားကျောင်း အမွှေးတိုင်အလှူငွေတွေကိုဂရုစိုက်တုန်းပဲလား.......
ဤသည်မှာ တကျန်း၏သန့်ရှင်းသောမြေဖြစ်သည်။
နတ်ဆိုးသခင်က ပြုံးပြီး.... "တာအိုဘိုးဘွားရဲ လုပ်ရပ်တွေက ခန့်မှန်းလို့မရဘူး"
တစ်နာရီလောက်ကြာတော့ အပေါက်ဝကို ရောက်လာခဲ့ကြပြီး နတ်ဆိုးသခင်က တာအိုဘိုးဘေးကို မစိန်ခေါ်ခဲ့ပေ။ အဲဒီအစား သူက အမွှေးတိုင်ဝယ်ဖို့သာ တန်းစီနေခဲ့သည်။
ထိုအချိန်တွင် တံမြက်စည်းကိုင်ထားသော အဖိုးအိုတစ်ဦး ရောက်လာပြီး နတ်ဆိုးသခင်နဲ့ ကျန်းလော့ဆီကို လျှောက်လာကာ...." တာအိုဘိုးဘေး မင်းကိုတွေ့ချင်နေတယ်.... ငါ့နောက်လိုက်ခဲ့ပါ....."
ဒီလူရဲ့အော်ရာကို အာရုံမခံနိုင်တာကြောင့် နတ်ဆိုးသခင်မျက်မှောင်ကြုံ့လိုက်သည်။
ဓားနတ်ဘုရားက နတ်ဆိုးသခင်ကိုစိုက်ကြည့်နေသည်။ သူ၏ ပင်ကိုယ်အသိက ဒီလူ စကြဝဠာနယ်ပယ်တွင် ရှိနေကြောင်း ပြောပြနေသည်။
ကျန်းလော့ အံ့ဩသွားပြီး နတ်ဆိုးသခင်ကို လှမ်းကြည့်လိုက်သည်။
နတ်ဆိုးသခင်က ပြုံးပြီး.... “သွားပါ...ငါဒီကစောင့်နေမယ်...”
ကျန်းလော့ အသက်ပြင်းပြင်းရှူပြီး ဓားနတ်ဘုရားနှင့်အတူ ဘုရားကျောင်းထဲသို့ လိုက်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ ဧည့်သည်များ ရုတ်ရုတ်သဲသဲဖြစ်ပြီး တပည့်များစွာက ကျန်းလော့ကို အံ့သြစွာကြည့်ကြသည်။
လမ်းတစ်လျှောက်တွင် ကျန်းလော့ အလွန်စိတ်လှုပ်ရှားနေသည်။ တာအိုဘိုးဘေး၏ ဂုဏ်သတင်းများက ပြင်းထန်လွန်းလှသည်။ သူ့သခင်တောင် သူ့ကို ထိပ်တိုက်မတိုက်ဆိုင်ရဲပေ။
ငါ့ကို ဘာလို့တွေ့ချင်တာလဲ... ငါမနေ့ညက နန်းတော်ထဲခိုးဝင်ခဲ့တာကြောင့်လား....
ကျန်းလော့ မနေ့ညက အကြောင်းများကို တွေးတောရင်း ရုတ်တရက် ကြောက်လန့်သွားသည်။
ဓားနတ်ဘုရားသည်လည်း လျှို့ဝှက်စွာ ပဟေဋ္ဌိဖြစ်ခဲ့သည်။ တာအိုဘိုးဘေးက ဒီကလေးကို ဘာကြောင့်တွေ့ချင်လဲ နားမလည်နိုင်တော့ပေ။
နှစ်ယောက်သား စကားမပြောဖြစ်ဘဲ သိုင်းတောင်ထွတ်မှ ထွက်ခွာပြီး လုံချီ တောင်သို့ ရောက်ရန် တံတားပေါ်မှ ဖြတ်ကူးကြသည်။
လုံချီ တောင်သို့ ရောက်သွားသည်နှင့် တပြိုင်နက် ကောင်းကင်မှ မြူမှုန်များ လေထဲတွင် ပြည့်လျှံနေသဖြင့် ကျန်းလော့ ပို၍ပင် ကြောက်ရွံ့သွားလေသည်။
ချက်ခြင်းပင် သူသည် အခိုးအငွေ့များထဲမှ ကြီးမားသော သားရဲတစ်ကောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသားရဲကြီး သူ့ကိုပြန်ကြည့်သည့်အခါ ကြက်သီးဖြန်းဖြန်းထသွားခဲ့သည်။
"စိတ်မပူပါနဲ့ တောင်ဝိညာဉ်မြွေက လူစိမ်းမို့စူးစမ်းရုံပါ.... နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာမို့ မင်းကို ဒုက္ခမပေးပါဘူး.....”
ဓားနတ်ဘုရား၏ အသံ ပျံ့လွင့်လာသဖြင့် ကျန်းလော့ ပို၍ပင် စူးစမ်းချင်လာမိသည်။
တောင်ဝိညာဉ်မြွေ?
ခဏအကြာတွင် သူတို့သည် ကျန်းချန်ရှန်း ၏ ခြံဝင်းဆီသို့ ရောက်လာကြသည်။
"အားးးးးး!"
ကျန်းလော့ ရောက်တာနဲ့ ပိုင်ချီ ရဲ့ အော်သံကို ကြားလိုက်ရသည်။ ခြံထဲသို့ဝင်ပြီးနောက် ဆေးကျိုအိုးနှစ်လုံးကို တွေ့လိုက်ရသည်။ ဆေးကျိုအိုးထဲမှာ လူတစ်ယောက် ထိုင်နေပြီး ဘီလူးတစ်ကောင်လို လူတစ်ယောက်က မီးဖိုရှေ့တွင်ရှိနေသည်။ အခြားအိုးတစ်လုံးထဲတွင် ခွေးဖြူတစ်ကောင်လည်း ရှိသေးသည်။ ထိုခွေးဖြူထွက်မပြေးနိုင်အောင် တာအိုဘုန်းကြီးငယ်တစ်ပါးကဖိနှိပ်ထားသည်။
ကျန်းလော့၏ အကြည့်က တာအိုဘုန်းကြီးငယ်ဆီသို့ ကျရောက်သွားသည်။
သူတို့နှစ်ယောက်စလုံးက ယောက်ျားတွေဖြစ်ပေမယ့် ကျန်းချန်ရှန်းကို ရုပ်ချောတယ်လို့ ခံစားရသည်။ ဒါက သာမန်လူတွေရဲ့ စိတ်ကူးကို ကျော်လွန်တဲ့ အသွင်အပြင်ဖြစ်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားနဲ့လည်း အတူတူပင်.....
ဓားနတ်ဘုရား ခြံဝင်းထဲသို့ ဝင်ပြီးနောက်၊ ကျန်းလော့ကို လျစ်လျူရှုလိုက်သည်။
ကျန်းလော့ စိတ်မသက်မသာဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ကျန်းချန်ရှန်းက သူ့ကို မကြည့်ဘဲ.....
"ကောင်စုတ်လေး...ဘာလို့ ဒီကိုမလာသေးတာလဲ.... ငါကိုယ်တိုင်မင်းကိုလာခေါ်ရမှာလား”
ကျန်းချန်ရှန် သူ့ကို ကောင်စုတ်လေးလို့ ခေါ်တာကိုကြားတော့ ကျန်းလော့ ထိတ်လန့်သွားပြီး ရုတ်တရက်ဆို့နင့်ဝမ်းနည်းလာသည်။
ဒီကမ္ဘာမှာ သူ့ကို အခုထိ မှတ်မိနေတဲ့ သူတစ်ယောက်ရှိနေပြီဆိုတာ သိလိုက်ရချေပြီ.....
ကျန်းဂျန် မျက်လုံးဖွင့်ပြီး ကျန်းလော့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ပိုင်ချီ လည်း နာကျင်မှုကို မေ့သွားပြီး ကျန်းလော့ ကို လှည့်ကြည့်လိုက်သည်။
လူတိုင်း၏အကြည့်အောက်တွင် ကျန်းလော့ အသက်ပြင်းပြင်းရှူပြီး ကျန်းချန်ရှန်းကို ဦးညွှတ်လိုက်သည်။
ကျန်းချန်ရှန်း ခေါင်းကိုလှည့်ပြီး ပြုံးပြလိုက်ကာ.... "ဂျန်အာ... ဒါက မင်းရဲ့ ဒုတိယအစ်ကိုကျန်းလော့..."
ကျန်းဂျန် မျက်လုံးပြူးပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်ကာ အံ့အားသင့်စွာ အော်ဟစ်ပြီး..... “ဒုတိယအစ်ကို၊ နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့.... အစ်ကို့အတွက် လက်စားချေပေးဖို့ ရှန်းရှန်တုံးထျန်းကို သွားချင်ပေမယ့် ရွှေခန္ဓာနယ်ပယ်ကို မရောက်သေးဘဲ တောင်ပေါ်က ဆင်းခွင့်မပေးဘူး...."
ဒါကိုကြားတော့ ကျန်းလော့ဟာ ကျန်းဂျန် ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
ကျန်းဂျန်ကို သူ မသိပေမယ့် တစ်ဖက်က သူ့ကို အစ်ကိုအရင်းမှန်း သိနေပြီး သူ့အတွက် စိတ်ပူပေးနေသည့်အတွက် ထိတ်လန့်နေလို ရှက်လည်းရှက်နေမိသည်။
ကျန်းလော့က ကျန်းချန်ရှန်းကိုကြည့်ကာ "ကျွန်တော့်အကြောင်း ဘယ်လိုသိတာလဲ"