သိုင်းဧကရာဇ်ကျွန်းက နဂါးသွေးကြောနဲ့ပေါင်းစည်းချင်တယ်.....
Vol. 9 Ch. 133
ကျန်းလော့၏ စိတ်ရှုပ်ထွေးနေမှုကြောင့် ကျန်းချန်ရှန်း ဘာမှမဖုံးကွယ်ဘဲ ဟန်ဖုန်း အကြောင်းကို ပြောပြလိုက်သည်။
သူ့ဦးလေး သူ့ကို ဒီလောက် ဂရုစိုက်လိမ့်မယ်လို့ ကျန်းလော့ မမျှော်လင့်ထားပေ....
ကျန်းချန်ရှန်းက ပိုင်ချီကို ကူညီနေပြီး ကျန်းဂျန်ကတော့ အလွန်စိတ်အားထက်သန်စွာဖြင့် နှစ်များတစ်လျှောက် သူ၏အတွေ့အကြုံများအကြောင်း မေးမြန်းခဲ့သည်။ စိတ်အားထက်သန်သော ဤညီငယ်ကြောင့် ကျန်းလော့ အလွန်ရှက်သွားပြီး မေးသမျှတိုင်းကို ပြန်ဖြေခဲ့သည်။
ညီအစ်ကိုနှစ်ဦးကြား ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ ခြံဝင်းအတွင်းရှိ လေထုလည်း ပိုမိုကောင်းမွန်လာသည်။
ကျန်းဂျန် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်သည်ကို သိသောအခါ ကျန်းလော့ အံ့သြသွားသည်။ ထိုမှသာ သူ့ညီငယ်က မရိုးရှင်းကြောင်း သဘောပေါက်ခဲ့သည်။
သူသည် ရှန်းရှန်တုံးထျန်းတွင် လေ့ကျင့်သင်ကြားပြီး နတ်ဆိုးသခင်နောက်သို့ လိုက်ပြီးနောက်၊ သူ၏ ခွန်အားသည် သူ့ညီထက် အဆပေါင်းများစွာ ကျော်လွန်သင့်သည်ဟု ထင်ခဲ့သည်။
သုံးခွချွန်လှံရှည်ကို ကောက်ကိုင်လိုက်သောအခါ ကျန်းဂျန်ကို လျှော့တွက်မိကြောင်း သိလိုက်ရသည်။
ဤမျှလေးလံသောလက်နက်ကိုသုံးနိုင်လျှင် ကျန်းဂျန် မည်မျှအစွမ်းထက်မည်နည်း။
ကျန်းလော့အနေဖြင့် ကျန်းဂျန်နှင့် ယှဉ်ပြိုင်ချင်သည်။ သို့သော်လည်း ကျန်းဂျန်သည် လောလောဆယ်တွင် ဆေးစိမ်နေရသဖြင့် ထင်သလိုမတိုက်ခိုက်နိုင်သေးပေ။
ကျန်းချန်ရှန်း မြေဝိညာဉ်သစ်ပင်ဆီသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ သူက ကျန်းလော့ကို သူ့ဆီလာဖို့ ခေါ်လိုက်ပြီး မြေးအဖိုးနှစ်ယောက် စကားပြောဖြစ်ခဲ့ကြသည်။
ကျန်းချန်ရှန်းက ရှန်းရှန်တုံးထျန်းကပညာရှင်တွေနဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်းတွေ ပြောပြခဲ့ပြီး ကျန်းလော့က ဂရုတစိုက်နားထောင်ခဲ့သည်။
သမုဒ္ဒရာလေးစင်းပဏ္ဍိတ ကြောက်လန့်သွားသည့်အကြောင်း ကြားလိုက်ရသောအခါ သူ့အမူအရာ ထူးဆန်းလာသည်။
ဒါက သူ့ဆရာပြောတာနဲ့ မတူဘူး.....ဘာပဲဖြစ်ဖြစ် တာအိုဘိုးဘေးက သူ့ဆရာထက်အားကောင်းနေတာပဲ.....
ကျန်းချန်ရှန်းက "မင်း ရှေ့လျှောက်ဘာဆက်လုပ်မှာလဲ...."
ကျန်းလော့ ခဏလောက် နှုတ်ဆိတ်နေခဲ့သပြီး....
"ရှန်းရှန်တုံးထျန်းကို လက်စားချေပြီး တခြားမင်းဆက်တွေရဲ့ နဂါးသွေးကြောတွေကို စုပ်ယူဖို့ နတ်ဆိုးသခင်နောက်လိုက်သွားမယ်
..."
ကျန်းချန်ရှန်းက “နဂါးသွေးပြန်ကြောတွေကို မစုပ်ယူတာ အကောင်းဆုံးပဲ.... နဂါးသွေးပြန်ကြောတွေကို ရှေးခေတ်သိုင်းပညာရှင်တွေက ဖန်တီးခဲ့ကြတာ... နဂါးသွေးကြောတွေကို စုပ်ယူလိုက်တာနဲ့ ဒီတိုက်ကြီးမှာ ကပ်ဘေးတွေဖြစ်လာပြီး သမုဒ္ဒရာအောက်ခြေအထိတောင် နစ်မြုပ်သွားနိုင်တယ်.... ရှန်းရှန်တုံးထျန်းကို ရှာဖို့ မလိုတော့ဘူး...သူတို့တွေမရှိကြတော့ဘူး....."
ကျန်းလော့ မျက်မှောင်ကြုတ်ကာ..... "ရှန်းရှန်တုံးထျန်း ဘယ်ရောက်သွားလို့လဲ... "
နဂါးသွေးကြောများနှင့် နှိုင်းယှဉ်ပါက၊ သူသည် ရှန်းရှန်တုံးထျန်းကို ပိုဂရုစိုက်သည်။
ကျန်းချန်ရှန်းက ကျန်းလော့ထံ အသံပို့လွှတ်ကာ အမှန်အတိုင်း ပြောပြခဲ့သည်။ ကျန်းလော့ အံ့သြသွားပြီး သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဘယ်သူ့ကိုမှ မပြောနဲ့....ဒါကို ငါတို့ရဲ့လျှို့ဝှက်ချက်အဖြစ် သိမ်းထားပါ...."
ပိုင်ချီနဲ့ ကျန်းဂျန်က သိချင်ပေမယ့် ထပ်မမေးရဲပေ။
ကျန်းလော့ အသက်ပြင်းပြင်းရှူပြီး ကျန်းချန်ရှန်းကို လေးလေးနက်နက် ပထမဦးဆုံးအကြိမ် ကြည့်လိုက်သည် ။
ကျန်းချန်ရှန်းက "မင်းအနောက်မှာနေပြီး မင်းအစ်ကိုကို ကူညီချင်တာလား..... အခုအချိန်မှာတော့ တကျန်းရဲ့ အခြေအနေက မကောင်းသလို စစ်မြေပြင်ကို ပံ့ပိုးဖို့ ကျွမ်းကျင်သူတွေ လိုအပ်နေတယ်....”
ကျန်းလော့ က တုံ့ဆိုင်းနေပြီး ချက်ချင်းပြန်မဖြေခဲ့ပေ။
ကျန်းချန်ရှန်းက သူ့ကို အတင်းအကြပ် ဖိအားပေးတာမျိုးမလုပ်ခဲ့ပေ။
ညနေစောင်းလာသည်နှင့် ကျန်းလော့ နတ်ဆိုးသခင်ကို သွားတွေ့ခဲ့သည်။
နတ်ဆိုးသခင်သည် တာအိုဘိုးဘေးနှင့်တွေ့ဆုံသည့်အကြောင်း တခွန်းမှ မမေးခဲ့ပေ။ နှစ်ယောက်သား အတွေးကိုယ်စီဖြင့် တိတ်တိတ်ဆိတ်ဆိတ်ပင် တောင်ပေါ်မှဆင်းသွားကြသည်။
........................
တောတောင်အစွန်းတွင်၊ သမုဒ္ဒရာကိုမျက်နှာမူထားသော မဏ္ဍပ်တစ်ခု တည်ရှိသည်.....
မဏ္ဍပ်ထဲမှာ အစိမ်းရောင်၀တ်စုံ ၀တ်ထားတဲ့ လူတစ်ယောက် ဇီသာတီးခတ်နေသည်။ သူ့တွင် နုပျိုသောမျက်နှာနှင့် သန့်စင်သော စိတ်ဓာတ်ရှိသည်။ သူသည် ဇီသာတီးခတ်နေရင်း တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ နက်နဲသောအကြည့်ဖြင့် သမုဒ္ဒရာကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သိုင်းပညာရှင်တစ်ဦး တောထဲမှ ထွက်လာကာ သူ့အနားသို့ရောက်လာပြီး ဒူးထောက်က..... “ဆရာကြီး၊ စုံစမ်းပြီးပြီ....ရှန်းရှန်တုံးထျန်း အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီ.... သူတို့ ထွက်သွားတာ ဖြစ်နိုင်တယ်... သူတို့ဘာကြောင့် ထွက်သွားရတာလဲ....တကျန်းရဲ့တာအိုဘိုးဘေးနဲ့ တစ်ခုခုတော့ ဆက်စပ်နေမယ်ထင်တယ်....."
“ရှေးခေတ်ကတည်းက၊ မင်းဆက်တွေကို နှိမ်နှင်းတဲ့ ချောင်ဂိုဏ်းတွေနဲ့ ချောင်ဂိုဏ်းတွေကို နှိမ်နင်းခဲ့တဲ့ ရှန်းရှန်တုံးထျန်းဆိုပြီး တည်ရှိခဲ့တာ.. တကျန်းရဲ့တာအိုဘိုးဘေးက သူ့တပည့် ကျင်းတိုင်ကျုံးကို ကူညီခဲ့ပြီး ချောင်ဂိုဏ်းတွေကို ဖြုတ်ချပြီး တကျန်းရဲ့ ထွန်းကားလာမှုကို ပံ့ပိုးပေးခဲ့တယ်... ရှန်းရှန်တုံးထျန်းက တကျန်းကို ထိန်းချုပ်ချင်ပေမယ့် တကျန်းကို ဖျက်ဆီးဖို့ စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်ခဲ့တာတောင် မအောင်မြင်ခဲ့ဘူး... တာအိုဘိုးဘေး သူတို့ကို လက်စားချေမှာစိုးလို့ နဂါးသွေးကြောတိုက်ကြီးကနေထွက်သွားတာနေမှာပေါ့....."
အစိမ်းရောင်ဝတ်ထားသော အမျိုးသားက အမူအရာ မပြောင်းလဲဘဲ.... “တာအိုဘိုးဘေးရဲ့ အထောက်အထားကို စုံစမ်းပြီးပြီလား...."
“သူက တကျန်းမှာရှိတဲ့ လုံချီဘုရားကျောင်းက ခေါ်ယူမွေးစားထားတဲ့ မိဘမဲ့ကလေးလို့ ပြောပေမယ့် အဲဒါက မှန်သလားဆိုတာတော့ ဘယ်သူမှ မသိဘူး.... အနှစ်တစ်ရာ ကုန်လွန်ခဲ့ပြီး အရာရာ ပြောင်းလဲသွားခဲ့ပြီမို့ တာအို ဘိုးဘေးက မိဘမဲ့တစ်ဦးဖြစ်တာကို မည်သူမျှ အတိအကျသက်သေမခံနိုင်ကြတော့ဘူး....."
"ဟမ့်... တစ်ယောက်ယောက်က အနှစ်တစ်ရာအတွင်းမှာ စကြဝဠာနယ်ပယ်ကို ဘယ်လိုရောက်သွားနိုင်မလဲ ရှန်းရှန်တုံးထျန်းကို ဆုတ်ခွာဖို့တောင် ဖိအားပေးနိုင်တယ်ဆိုတော့ တာအိုဘိုးဘေးက ဒဏ္ဍာရီလာကောင်းကင်နယ်ပယ်နဲ့ထိတွေ့နေလောက်ပြီ...."
သိုင်းပညာရှင်က တိတ်ဆိတ်နေ၏။ သူလည်း ဒီလိုပဲ ခံစားနေရသည်။ တာအိုဘိုးဘေး၏ အောင်မြင်မှုများကို စူးစမ်းလေ့လာခဲ့ပြီး တကယ်ကို ထိတ်လန့်စရာပင်။
အစိမ်းရောင်ဝတ်ထားသူက “လုံချီဘုရားကျောင်းရဲ့အင်အားကရော.....တုံးဟိုင်းမင်းဆက်ကို ကိုင်တွယ်ဖြေရှင်းဖို့ တာအိုဘိုးဘေးက တကျန်းကို ထောက်ခံခဲ့လား....."
သိုင်းပညာရှင်က “လုံချီ ဘုရားကျောင်းမှာ တပည့် အများကြီးမရှိဘူး.... သူတို့ရဲ့ ခွန်အားက သာမန်လောက်ပါပဲ...လက်ရှိမှာ တာအိုဘိုးဘေးကလွဲရင် အစစ်အမှန်နတ်ဘုရားနယ်ပယ်နှစ်ယောက်ပဲရှိတယ်... သူတို့ထဲက တစ်ယောက်က စစ်မြေပြင်မှာ... နောက်တစ်ယောက်ကတော့ တာအိုဘိုးဘေးဆီမှာ သိုင်းပညာသင်ယူနေတဲ့ မင်းသားတစ်ပါးပါ...."
အစိမ်းရောင်ဝတ်ထားသူက မတ်တပ်ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သိုင်းပညာရှင်က... “ဂိုဏ်းချုပ်.... တာအို ဘိုးဘွားရဲ့ အပြုအမူတွေကတကယ်ထူးဆန်းတယ်။ သူက တကျန်းမှာ မွန်မြတ်တဲ့ အဆင့်အတန်းရှိပေမယ့် သိုင်းပညာ အရင်းအမြစ်တွေ စုဆောင်းဖို့ မတောင်းဆိုခဲ့သလို တကျန်းရဲ့ ကံကြမ္မာကိုလည်း မထိပါးခဲ့ဘူး....လုံချီ ဘုရားကျောင်းအတွက်တောင် သိပ်ဂရုစိုက်တာမဟုတ်ဘူး.... မဟုတ်ရင် လုံချီ ဘုရားကျောင်းက ဟိုးအရင်ကတည်းက ပေါ်ထွန်းလာလိမ့်မယ်..... သူက တကယ်ကို သိုင်းပညာပဲ ဝါသနာပါပုံရတယ်......အရင်တုန်းက တပည့်တွေကိုပဲ ကူညီခဲ့တယ်ဆိုပေမယ့် တကျန်း နှစ်ပေါင်းများစွာ စစ်တိုက်နေတာတောင် အကြိမ်အနည်းငယ်လောက်ပဲလှုပ်ရှားဖူးတာ.... ဒါက သူကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းတစ်ခုလို့ပဲ မြင်တယ်..... ”
ယခုအချိန်တွင်၊ တကျန်းသည် တုံးဟိုင် မင်းဆက်၏ ပိတ်ဆို့ခြင်းကို ခံနေရပြီး တစ်ခုပြီးတစ်ခု ရှုံးနိမ့်မှုကို ခံစားနေရသည်။ သို့သော် တာအိုဘိုးဘေးက အရေးယူခြင်းမပြုသေးပေ။ တုံးဟိုင်မင်းဆက်က သူတို့ရဲ့ ကန့်သတ်ချက်တွေကို သိထားပြီး ချောင် ဂိုဏ်းတွေကို အရေးယူဖို့ မဖိတ်ခေါ်ခဲ့သည့်အတွက် တခြားဂိုဏ်းတွေကလည်း စောင့်ကြည့်နေကြသည်။
အစိမ်းရောင်ဝတ်ထားသူက .... " သူတကယ် ဆန္ဒမရှိတာပဲဖြစ်ဖြစ် ဟန်ဆောင်နေတာပဲဖြစ်ဖြစ်၊ ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီး စွန့်လွှတ်လိုက်ပြီလို့ ကြေညာလိုက်.... သိုင်းဧကရာဇ်က နဂါးသွေးကြောတိုက်ကြီးအတွက် အမျိုးမျိုးသော အင်အားစုတွေကို ရပ်တန့်ခိုင်းမှာမဟုတ်ဘူး.... နဂါးသွေးကြောတိုက်ကြီးက အခုဆို မကြုံစဖူး ပရမ်းပတာအခြေနေမျိုးနဲ့ကြုံရလိမ့်မယ်... တုံးဟိုင် မင်းဆက်အတွက် သိုင်းပညာအရင်းအမြစ်တွေနဲ့ နတ်လက်နက်တွေထောက်ပံ့ပေးလိုက်.... အင်အားများလွန်းလာတဲ့အခါ တာအိုဘိုးဘေး နောက်ဆုတ်သွားလိမ့်မယ်”
သိုင်းပညာရှင်က ခေါင်းညိတ်ပြပြီး ဒါက ဖြစ်နိုင်တယ်လို့ ခံစားရသည်။
ယန်တျယ်ခေါတ်၏ 9 နှစ်တွင် .............
ကျန်းချန်ရှန်း မြေဝိညာဉ်သစ်ပင်၏ အကိုင်းအခက်ပေါ်တွင် ထိုင်ကာ သာယာဝပြောသောမြို့တော်ကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်လိုက်သည်။
ကျန်းလော့က နတ်ဆိုးသခင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
နတ်ဆိုးသခင်က နဂါးသွေးကြောတွေကို စုပ်ယူမှာမဟုတ်ဘူးလို့ ကတိပေးခဲ့ပေမယ့် ရှန်းရှန်တုံးထျန်း ပျောက်ကွယ်သွားတာကို သူ့မျက်လုံးတွေနဲ့ အတည်ပြုချင်ခဲ့သည်။ ကျန်းလော့ကတော့ သူနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိပြီး သူ့ဆရာသခင်ကို ထိုကဲ့သို့ မထားခဲ့ချင်ပေ။ ထို့ကြောင့် ဆရာတပည့်နှစ်ယောက် မြောက်ဘက်သို့ ခရီးနှင်ခဲ့ကြသည်။
လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ်စီရှိကြတာမို့ ကျန်းချန်ရှန်းက သူ့မြေးကို ရွေးချယ်ဖို့ အတင်းအကြပ် မလုပ်ခိုင်းခဲ့ပေ။
ဤအချိန်ကာလအတွင်း ပိုင်ချီသည် နောက်ဆုံးတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်နယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမသည် အလွန်မာန်တက်နေပြီး လုံချီ ဘုရားကျောင်းသို့ မကြာခဏ သွားခဲ့သည်။ စကားပြောနိုင်တဲ့ နတ်ဆိုးဝံပုလွေတစ်ကောင်ဟာ အံ့ဩစရာဖြစ်ပြီး သူမရဲ့ နာမည်က မြို့တော်အနှံ့ ပျံ့နှံ့နေပါပြီ။
ကျန်းဂျန်ကတော့ နေ့တိုင်း သူ့ခန္ဓာကိုယ်ကြံ့ခိုင်စေရန် ဆေးဖက်ဝင်အပင်များကို အားကိုးခဲ့သည်။ သူ၏ ကြံ့ခိုင်မှုနှင့် စွမ်းရည်များ တိုးမြင့်လာကာ ရွှေခန္ဓာနယ်ပယ်နှင့် နီးကပ်လာသည်။
အခုချိန်မှာတော့ သူ့ အသက် 43 နှစ်ပဲ ရှိပါသေးသည်။
သူသည် ရွှေခန္ဓာနယ်ပယ်သို့ အလျင်မြန်ဆုံးရောက်ရှိနိုင်သူဖြစ်နိုင်သည်။ အနည်းဆုံးတော့ ဓားနတ်ဘုရားက အဲဒီလို ယုံကြည်ထားသည်။
ကျန်းဂျန်ကလည်း ကျန်းရှုကို ကူညီနိုင်ရန်ရွှေခန္ဓာနယ်ပယ်သို့အမြန်ဆုံးရောက်ရှိလိုခဲ့သည်။
မြောက်ပိုင်းလေ့လာရေးခရီး မအောင်မြင်သောကြောင့် ကျန်းရှုသည် တပ်များကိုရုပ်သိမ်းပြီး စစ်ပွဲကိုရပ်ဆိုင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။ တုံးဟိုင် မင်းဆက်က မြောက်ပိုင်း တကျန်း ဒေသအပြင်ဘက်မှာ သူတို့ရဲ့တပ်တွေကို တပ်စွဲထားနေဆဲပင်..
ထင်ရှားသည်မှာ၊ တုံးဟိုင်မင်းဆက်သည် တကျန်းကို ဝါးမျိုချင်နေသည်။ သူတို့သည် တကျန်း၏အကြံအစည်ကို တွက်ချက်ခဲ့ပြီး ယခုအခါ ၎င်းတို့၏နှလုံးသားများကို အနိုင်ယူရန် အခြားမင်းဆက်များကို ကာကွယ်ရန် အကြောင်းပြချက်ကို အသုံးပြုနေပါသည်။
တကျန်း၏ မြောက်ဘက်ရှိ မင်းဆက်များက တုံးဟိုင်မင်းဆက်နှင့် နီးကပ်လာသည်။
အခြားတစ်ဖက်တွင်၊ မြောက်ဘက်ရှိ တချီ ပြန်လည်ကောင်းမွန်လာသည်။ စစ်ပွဲစတင်ခဲ့သည်မှာ ဆယ်နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို မမြင်နိုင်ပေ။
နေ့ခင်းဘက်တွင်......
ကျန့်ယင်း ရောက်ရှိလာပြီး ကျန်းချန်ရှန်း ခြံဝင်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
ကျန့်ယင်း မြေဝိညာဉ်သစ်ပင်အောက်သို့ လျင်မြန်စွာရောက်ရှိလာပြီး သစ်ပင်ပေါ်က ကျန်းချန်ရှန်းကို မော့ကြည့်လိုက်သည်။
"တာအိုဘိုးဘေး....အခု ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီးကို စွန့်လွှတ်လိုက်တဲ့အတွက် အမျိုးမျိုးသော အင်အားစုတွေ မငြိမ်မသက် ဖြစ်နေကြပြီ..အချို့သောအင်အားစုတွေ နဂါးသွေးကြောတိုက်ကြီးဆီပြောင်းရွှေ့လာနေပြီ..... "
ပိုင်ချီ.... "ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့အတိုင်းပဲ..အရင် ရှန်းရှန်တုံးထျန်းရှိတုန်းကဘာလို့မလာကြတာလဲ... "
ကျန့်ယင်းက သူ့ခေါင်းကို လှည့်လိုက်ပြီး .
"ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီးကို ထိန်းချုပ်ဖို့ သိုင်းဧကရာဇ်ဆီက ခွင့်ပြုချက်ယူထားတာ....တာအိုဘိုးဘေးက နဂါးသွေးကြောတိုက်ကြီးကို ပေါင်းစည်းပြီး သိုင်းဧကရာဇ်ကျွန်းကိုသွားပြီး သိုင်းဧကရာဇ်ရဲ့ခွင့်ပြုချက်ရယူလိုက်မယ်ဆို အခြားအင်အားစုတွေ မလာရဲဘူး...ဒါ့အပြင်၊ ရှန်းရှန်တုံးထျန်းမှာကြီးမားတဲ့ကွန်ရက်ရှိပြီး အကျိုးကျေးဇူးတွေကို မျှဝေတာမို့ သာမာန်အင်အားစုတွေက ရှန်းရှန်တုံးထျန်းကို အလွယ်တကူ ထိပါးရဲမှာမဟုတ်ဘူး....အခု ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီး ကို စွန့်လွှတ်လိုက်တာက သူတို့ရဲ့ အခြေခံအုတ်မြစ်ကို စွန့်လွှတ်လိုက်တာနဲ့အတူတူပဲ . . ”
သူက စိတ်ခံစားချက်နဲ့ သက်ပြင်းချလိုက်သည်။ နှစ်ထောင်ပေါင်းများစွာ ရပ်တည်ခဲ့သော ရှန်းရှန်တုံးထျန်း ပြိုလဲသွားခဲ့ချေပြီ.....
“သိုင်းဧကရာဇ်က ဘယ်သူလဲ။ သူက အရမ်းသန်မာနေလို့လား...." ဟု ကျန်းဂျန်က မေးလိုက်သည်။
"ကမ္ဘာပေါ်က တိုက်ကြီးတွေနဲ့ ကျွန်းတွေအားလုံးရဲ့ ကံကောင်းခြင်းတွေကို သိုင်းဧကရာဇ်ကျွန်းဆွယ်က ဖန်တီးပေးထားတာ.... သိုင်းဧကရာဇ်က အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့တည်ရှိမှုတစ်ခုဖြစ်တယ်.... သူ့ရဲ့ရုပ်ရည်အစစ်ကို ဘယ်သူကမှ မသိနိုင်သလို သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ဘယ်သူမှ မသိဘူး....”
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ သူ့စိတ်ထဲတွင် ချက်ချင်းမေးလိုက်သည်။
" သိုင်းဧကရာဇ် ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ငါသိချင်တယ်"
[အမွှေးတိုင် 10,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
မလုပ်ဘူး!
10,000 ပဲရှိတယ်....အားနည်းနေသလားလို့....
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ သိုင်းဧကရာဇ်ကို အစားထိုးလိုက်တာ ဖြစ်နိုင်ပါ့မလား။
" သိုင်းဧကရာဇ်ကျွန်းဆွယ် ဘယ်လောက် အစွမ်းထက်လဲ သိချင်ပါတယ် .."
[အမွှေးတိုင် 50,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
အမွှေးတိုင်အရေအတွက် သန်း ၅၀.....
ကျန်းချန်ရှန်း တုန်လှုပ်သွားသည်။ ဖိအားက အရမ်းပြင်းလွန်းတယ်.... သူသာ သိုင်းဧကရာဇ်ကျွန်းဆွယ်ကို စော်ကားလိုက်မိရင် ပြေးဖို့တလမ်းပဲကျန်လိမ့်မယ်.....
ပိုင်ချီက ...."ရှန်းရှန်တုံးထျန်းက သူတို့ကို ကူညီပေးဖို့ သိုင်းဧကရာဇ်ကို သွားမရှာဘူးလား...."
ကျန့်ယင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ...." ဘယ်လို ဖြစ်နိုင်မှာလဲ....သိုင်းဧကရာဇ်က လောကီရေးရာတွေကို ဂရုမစိုက်ဘူး.... သမုဒ္ဒရာထဲက တပ်ဖွဲ့တွေ သိုင်းဧကရာဇ်ကျွန်းကို သွားရမယ့် တစ်ခုတည်းသော အကြောင်းအရင်းကတော့ သူ့ခွင့်ပြုချက်နဲ့ ကံကောင်းခြင်းနည်းလမ်းကို ရယူဖို့ပဲ.... ရှေးခေတ်ကတည်းက သိုင်းဧကရာဇ်က သမုဒ္ဒရာရဲ့ အရေးကိစ္စတွေမှာတောင် ဝင်ရောက်စွက်ဖက်ခဲတယ်...နဂါးသွေးကြောတိုက်ကြီးလို အခြေအနေမျိုးက ထူးဆန်းတာမှမဟုတ်တာ..... သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို မနှောင့်ယှက်ဘဲ လူသားမျိုးနွယ်တိုးတက်နေသ၍ သိုင်းဧကရာဇ်ကျွန်းဆွယ်က ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး...."
“ဒါပေမယ့် အခုအချိန်အထိ နဂါးသွေးတိုက်ကြီးကို ဖြတ်ကျော်ဖို့ အင်အားမရှိကြသေးဘူး.... သူတို့က တာအိုဘိုးဘေးကို ကြောက်ပြီး ကမူးရှူးထိုး မတိုက်ခိုက်ရဲကြဘူး..... ”
အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းသည် ရှည်လျားသော သမိုင်းကြောင်းရှိသော်လည်း ၎င်းတို့နှင့် ထိတွေ့ဖူးသော အပြင်းထန်ဆုံးသူမှာ ကျန်းချန်ရှန်း ဖြစ်သည်။
အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းတွင် တကျန်းက နဂါးသွေးကြောတိုက်ကြီးကို ပေါင်းစည်းမည်ဟူသော ကြိုတင်သတိပေးချက်ရှိသည်။ အကယ်၍ ၎င်းတို့သည် တိုက်ကြီးတစ်ခုတွင် အကြီးဆုံးသော ကုန်သွယ်မှုကုန်သည်ကြီးများ ဖြစ်လာနိုင်လျှင် အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်း၏ အရှိန်မြင့်လာမည်ဖြစ်သည်။