← Chapters

မင်းဆက်များ၏ကံကြမ္မာ.... လူသားဧကရာဇ်၏ဂုဏ်သိက္ခာ.....

Vol. 9 Ch. 134

မင်းဆက်များ၏ကံကြမ္မာ.... လူသားဧကရာဇ်၏ဂုဏ်သိက္ခာ.....

Vol. 9 Ch. 134

"တာအိုဘိုးဘေး.....အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းက တကျန်းကို ဗျူဟာမြောက် အရင်းအမြစ်တွေ ပေးအပ်ဖို့ ဆန္ဒရှိပါတယ်...ကျန်းဂျန် အတွက် ချပ်ဝတ်တန်ဆာ အတွဲလိုက်လည်း ပြင်ဆင်ပေးထားတယ်..... "

ကျန့်ယင်းက ကျန်းချန်ရှန်းကိုကြည့်ကာ စိတ်အားထက်သန်စွာ ပြုံးလိုက်သည်။

တကျန်းမှာ ဘယ်သူအခရာကျလဲ သူသိသည်။ ဧကရာဇ်သည် နှစ်ပေါင်းဒါဇင်နှင့်ချီ၍ အနှစ်တစ်ရာသာ အသက်ရှင်နိုင်သည်။ သို့သော် တာအိုဘိုးဘေးသည် စကြဝဠာနယ်ပယ်ကို ကျော်လွန်ပြီး သူ၏သက်တမ်းက နှစ် 500 ကျော်သွားခဲ့သည်။ ဧကရာဇ်ဆက်ခံမှုသည် တာအိုဘိုးဘေးအပေါ်တွင် မူတည်သည်။

ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး.....

"အံ့သြဖွယ်ကံကြမ္မာကုန်သည်ကြီးများ အသင်းက အလွန်ကြင်နာတတ်တာပဲ...တကျန်းက ဒီကျေးဇူးကို မှတ်မိနေမှာပါ...."

ကျန့်ယင်း၏ အပြုံး ပိုမိုပီပြင်နက်နဲလာသည်။

"တာအိုဘိုးဘေး.... ရှောင်ပုခူအကြောင်းကြားဖူးလား"

ကျန်းချန်ရှန်း ခေါင်းခါလိုက်သည်။

ကျန့်ယင်းက တခြားဘာမှ မပြောခဲ့ပေ။ ရှောင်ပုခူသည် အလွန်အားနည်းပြီး သူ့ကြောင့် ချိနဲ့နေသဖြင့် တာအိုဘိုးဘေးကို မခြိမ်းခြောက်နိုင်ပေ။

သူ ဆက်မနေတော့ဘဲ သိပ်မကြာခင်မှာပဲ ထွက်သွားခဲ့သည်။

ဓားနတ်ဘုရားက..... "ဒီလူက ထင်သလောက်မရိုးရှင်းဘူး... သူတို့က စီးပွားရေးအကြောင်းတကယ်သိကြတယ်....”

ကျန်းဂျန်က..... "ဘယ်လိုပဲ ကျွန်တော်ကတော့ သူ့ရဲ့ ရိုးသားမှုကို နှစ်သက်တယ်.... အရင်ပေးပြီးမှ ပြန်ယူဖို့စဉ်းစားတယ်...ဒါက ကုန်သည်တွေအပေါ် ကျွန်တော့်အမြင်ကို ပြောင်းလဲစေတယ်.....”

ကျန်းချန်ရှန်းက သိပ်ပြီး စဉ်းစားမနေပေ။ တကျန်းကို ထောက်ပံ့ရန် အခြားအင်အားစုရှိနေသည်မှာ ကောင်းသောအရာဖြစ်သည်ဟုသာ ခံစားခဲ့ရသည်။

တိုက်ကြီးကို ပေါင်းစည်းလိုလျှင် တကျန်းကို အားကိုးရန် မလုံလောက်ပေ။ ချဲ့ထွင်ခြင်းလုပ်ငန်းစဉ်အတွင်း ၎င်းတို့သည် အမျိုးမျိုးသော စွမ်းအားများကို အဆက်မပြတ်စုပ်ယူခဲ့ရသည်။ လက်ရှိအချိန်တွင်၊ တကျန်း ၏အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာနေပြီဖြစ်သော်လည်း တိုက်ကြီးကို ပေါင်းစည်းရန်အလှမ်းဝေးနေသေးသည်။ ထို့အပြင်၊ တကျန်းတွက် တိုက်ကြီးအား တည်ငြိမ်အောင် ထိန်းနိုင်သော စစ်သူကြီးတစ်ဦး မရှိသေးပေ။

တကျန်းတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်များစွာရှိပြီး တုံးဟိုင် မင်းဆက်တွင်လည်း အလားတူပင်။ ရှေ့တန်းတွင်၊ တုံးဟိုင် မင်းဆက်၏ တပ်မှူးများက တကျန်းထက်ပင် ပို၍ထူးချွန်ကြသည်။

ဇွန်လတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာသည့် ရှုထျန်းကျီ မြို့တော်သို့ရောက်လာသည်။ ကျန်းရှုနှင့် တစ်ညလုံး စကားစမြည်ပြောပြီးနောက်တွင် သူသည် တပ်မှူးတံဆိပ်ကို မြောက်ဘက်သို့ ယူဆောင်လာခဲ့သည်။

လကုန်တွင် သိုင်းပညာလောက၏ ထိပ်တန်းသိုင်းပညာရှင် ကျုံးထျန်းဝူ မြို့တော်သို့ ရောက်ရှိလာသည်။ စီရင်စုဆယ့်သုံးစီရင်စု၏ သိုင်းလောကသည် အခြားစီရင်စုများထက် သိုင်းပညာအရင်းအမြစ်များ ပိုမိုရရှိခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သိုင်းပညာလောက၏ အထွတ်အထိပ်ဖြစ်ခဲ့ဖူးသည့်အတွက် သူ၏စွမ်းရည်က မဆိုးလှပေ။

အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာပြီးနောက် လူတစ်ဦးသည် သန်မာလာရုံသာမက သူတို့၏သက်တမ်းလည်းတိုးလာမည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ရှုထျန်းကျီနှင့် ကျုံးထျန်းဝူတို့သည် တကျန်း အတွက် နောက်ထပ်နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နိုင်သည်။

စစ်ဗိုလ်ချုပ်ဟောင်းနှစ်ဦး၏ ပြန်လာမှုသည် ကျန်းရှု၏ ယုံကြည်မှုကို ပြန်လည်ရရှိစေသည်။ သူသည် ရှုထျန်းကျီအား စစ်ဦးစီးချုပ်အဖြစ် အပ်နှင်းခဲ့ပြီး ရှုထျန်းကျီက တပ်သုံးတပ်ကို ချုပ်ကိုင်ပြီးသည်နှင့် စစ်ပွဲ စတင်မည်ဖြစ်သည်။

မနက်စောစောတွင်.....

ခြံဝင်းထဲတွင် ကျန်းချန်ရှန်း နိုးလာသည်။ မနေ့ညက သူသည် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် မုလင်းလော့ဆီသို့ နောက်ထပ်အိပ်မက်တစ်ခု ပေးပို့ခဲ့သည်။

ခြံဝင်းထဲက ထွက်လာပြီး ကျောက်စိမ်းအရိုးဝါးသစ်တောဆီသွားခဲ့သည်။ နှစ်များစွာကြာပြီးနောက် ဝါးတောက အလွန်ထူထပ်လာပြီး မျှစ်များကို စတင်ရိတ်သိမ်းနိုင်ပြီဖြစ်သည်။

ကျောက်စိမ်းအရိုးသစ်တောအတွင်းရှိ မျှစ်များသည် ကြွက်သားများနှင့် အရိုးများကို အားဖြည့်ပေးနိုင်သည်။မကြာသေးမီက၊ သူသည် ကျန်းဂျန်အတွက် မျှစ်အားလုံးကို ပုံအောပေးရန် ပြင်ဆင်နေပြီး တကျန်း အတွက် တိုက်ပွဲဝင်နိုင်ရန် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူဖြစ်လာစေရန်ရည်ရွယ်ထားသည်။

ဝါးတောအပြင်ဘက် မြူခိုးများကြားတွင် ကြီးမားသောရုပ်သဏ္ဍာန် ပေါ်လာပြီး ကြီးမားသော မြွေမျက်လုံးတစ်စုံကို ထိတ်လန့်တကြား မြင်တွေ့နိုင်သည်။

ပိုင်လုံ၏ခေါင်းပေါ်မှ အရိုးစုတစ်ခု ခုန်ဆင်စလာပြီး ကျန်းချန်ရှန်း ထံသို့ အလျင်အမြန်လျှောက်သွားပြီး မျှစ်ရိတ်သိမ်းရန် ကူညီပေးခဲ့သည်။

ကျန်းချန်ရှန်းက မျှစ်ရိတ်သိမ်းရန် သူ၏ ဝိညာဉ်စွမ်းအင် သို့မဟုတ် မန္တာန်များကို အသုံးမပြုခဲ့ပေ။ထုံးစံအတိုင်း၊ သူက ယင်အရိုးစု ရဲ့အကူအညီကို ငြင်းပယ်နေမည်မဟုတ်ပေ။

ကြယ်စင်စုဝေးခြင်းမျှော်စင်၏ လက်ဝဲသံအမတ်ဆီမှ ယူဆောင်လာသော ယင်အရိုးစုကို ကျန်းချန်ရှန်က လုံချီတောင်တွင်ဝှက်ထားခဲ့သည်။

ကျောက်စိမ်းအရိုးစိမ်း ဝါးတောကြီး ကြီးထွားလာပြီးနောက် ယင်အရိုးစုကို ဝါးတောသို့ စေလွှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခိုင်းခဲ့သည်။

ယင်အရိုးစုသည် နှစ်ပေါင်းတစ်ထောင်ကျော် တည်ရှိခဲ့ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်၏ အစွမ်းသတ္တိရှိနေဆဲဖြစ်သော်လည်း၊ ၎င်းသည် ယခင်ကာလများထက် ပိုမိုအားကောင်းလာခဲ့သည်။

"နှစ်အနည်းငယ်ကြာတဲ့အခါ မင်း ဂျန်အာနဲ့အတူလိုက်သွားဖို့ တောင်ပေါ်ကဆင်းရမယ်..... အပျော်မမက်နဲ့ ဒီကာလမှာ ပိုအားကောင်းလာဖို့ ကြိုးစားပါ....”

ယင်အရိုးစုသည် ဆယ့်သုံးနှစ်အရွယ် ကလေးငယ်လို ဉာဏ်ရည်ဉာဏ်သွေးရှိသည်။

တောင်ပေါ်မှဆင်းနိုင်သည်ဟုကြားသောအခါ ယင်အရိုးစု စိတ်လှုပ်ရှားသွားပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

ခဏအကြာ ခြံဝင်းထဲသို့ လီကျွင်းရောက်လာသည်။

ဝတ်ဖြူတော်အစောင့်ဆီစေလွှတ်ပြီးကတည်းက လီကျွင်း၏ အခြေအနေပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူသည် ကျန်းချန်ရှန်းအား အစဉ်သတင်းပို့နေဆဲပင်....အခုချိန်မှာတော့ အရင်ကလို မငယ်ရွယ်တော့ပေမယ့် ပြင်းထန်သော အသွင်အပြင်ရှိပြီး ဂုဏ်သိက္ခာနှင့် ပြည့်စုံသည်။

လီကျွင်းက ခြံဝင်းထဲသို့ မဝင်မီ ကျန်းချန်ရှန်းကို ဦးညွှတ်လိုက်သည်။

ယင်အရိုးစုက မျှစ်များကိုချ၍ လျင်မြန်စွာ မြူထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

လီကျွင်းက ကျန်းချန်ရှန်းနှင့်အတူ မြေဝိညာဉ်သစ်ပင်ဆီသို့ လိုက်သွားကာ.....

" တာအိုဘိုးဘေး၊ တိုက်ကြီးထဲမှာ လူသားဧကရာဇ်တစ်ဆူရှိပြီး သူ့အောက်မှာ တိမ်တွေလို ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိတယ်..... သူက ဒီတိုက်ကြီးအတွက် နောက်ထပ် လူသားဧကရာဇ်ကို ရွေးချယ်ပြီး တိုက်ကြီးကို ပေါင်းစည်းဖို့ ကံတရားကို အမွေဆက်ခံခိုင်းမယ်လို့ ကြေညာထားတယ်.... ”

လူသားဧကရာဇ်လား?

ကျန်းချန်ရှန်း စိတ်ထဲကနေ မေးလိုက်သည်။

"လူသားဧကရာဇ် ဘယ်လောက် တန်ခိုးကြီးသလဲ"

[အမွှေးတိုင် 100,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

မလုပ်ဘူး!

မျှော်လင့်ထားသလို သူပဲပေါ့......

ကျန်းချန်ရှန်းက “လူသားဧကရာဇ် အခု ဘယ်မှာလဲ” ဟု မေးသည်။

လီကျွင်းက "သူ တချီကို ဦးတည်နေတယ်ထင်တယ်....."

ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ... ဆက်စုံစမ်းထား..."

လီကျွင်း သူထွက်ခွာမသွားမီ နောက်ထပ်သတင်းအချို့ကို ပြောပြခဲ့သည်။

ကျန်းချန်ရှန်းမြောက်ဘက်သို့ လှည့်ကြည့်လိုက်ရင်း.....

“မျှော်လင့်ထားသလို ဒီကမ္ဘာကြီးမှာရှိတဲ့ လူတိုင်းပြောင်းလဲနေတာပဲ.... မင်းရဲ့စိန်ခေါ်မှုကို ငါမျှော်လင့်နေတယ်......"

ကျန်းချန်ရှန်းသည် နတ်ဆိုးသခင် သူ့ကို မစိန်ခေါ်သည့်အတွက် စိတ်မကောင်းဖြစ်နေမိသည်။ လူသားဧကရာဇ် သတ္တိရှိဖို့သာ မျှော်လင့်ခဲ့သည်။

ယန်တျယ်ခေတ်၏ 10 နှစ်တွင် စစ်သူကြီး ရှုထျန်းကျီ သည် ကောင်းကင်ဗျူဟာတပ်သား 350,000 ဦးဆောင်ခဲ့သည်။

မြောက်ပိုင်းဒေသရှိ တုံးဟိုင်မင်းဆက်၏ စစ်စခန်းအား အံ့အားသင့်ဖွယ် တိုက်ခိုက်ရန် ရည်ရွယ်ထားပြီး ဤတစ်ကြိမ်တွင် ကျုံးထျန်းဝူ၊ ဟွမ်းချွမ်နှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ခြောက်ယောက် လိုက်ပါသွားခဲ့သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် ခုနစ်ပါးတို့သည် တကျန်း၏ အပြင်းထန်ဆုံးတပ်ကို ဦးဆောင်ခဲ့ပြီး တုံးဟိုင် မင်းဆက်၏စစ်တပ်ကို အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်။

ရှုထျန်းကျီက သူ၏စစ်တပ်ကို မြောက်ဘက်သို့ ဆက်လက်ဦးဆောင်ခဲ့သည်။

ဤတိုက်ပွဲ၏သတင်း တကျန်းတစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားကာ ပြည်သူများကို စိတ်လှုပ်ရှားစေခဲ့သည်။အရာရှိများအားလုံးသည် ရှုထျန်းကျီကို ချီးမွမ်းကြသည်။

ရှုထျန်းကျီသည် ပင်းအန်းပြီးလျှင် ဒုတိယအောင်မြင်မှုများရရှိထားသော ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး အမြင့်ဆုံးရာထူးဖြင့် တပ်သုံးတပ်၏ စစ်ဦးစီးချုပ်လည်းဖြစ်သည်။ သူသည် ဧကရာဇ် ကျင်းတိုင်ကျုံးအတွက် အောင်ပွဲများစွာ ယူဆောင်ခဲ့ဖူးသည်။ တကျန်း ရှုံးနိမ့်သွားသောအခါတွင် သူသည် တစ်ဖန်ပြန်လာ၍ တကျန်းကို မျှော်လင့်ချက်ပေးခဲ့သည်။

ဒီတိုက်ပွဲက အခြေအနေကို ပြောင်းပြန်လှန်ပြီးနောက်၊ ရှုထျန်းကျီရဲ့ ဂုဏ်သတင်း တဟုန်ထိုးတက်လာပြီး သူ့နာမည်က တိုက်ကြီးကို တုန်လှုပ်စေခဲ့သည်။ သူသည် ပြည်သူများ၏ နှလုံးသားထဲတွင် ဗိုလ်ချုပ် ပင်းအန်းရာထူးကိုပင် တဖြည်းဖြည်း အစားထိုးခဲ့သည်။

ကျန်းရှု အင်မတန်ဝမ်းသာနေသည်။ သူသည် မြောက်ပိုင်းစီရင်စုဆယ်ခုအား ၎င်းတို့၏တပ်များကို မြောက်ဘက်သို့ရွှေ့ကာ အင်ပါယာနှစ်ခုကြားရှိ သာမန်မင်းဆက်နှစ်ခုကို သိမ်းပိုက်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။

သို့သော် ကောင်းသောအချိန်များက ကြာရှည်မခံခဲ့ပေ...

သြဂုတ်လတွင်......

ကျန်းရှုက ဆက်တိုက်သတင်းကောင်းများကို ခံစားနေချိန်တွင် အစောင့်တပ်မှ အရေးပေါ်သတင်းတစ်ခုထွက်ပေါ်လာသည်။

“အစီရင်ခံပါတယ် မင်းကြီး.....ဟုန်ရွှမ်း မင်းဆက်က ထျန်းကန် စီရင်စုလေးခုကို တပ်တွေစေလွှတ်ခဲ့တာကြောင့် ဘုရင်ခံဟန်က စစ်ကူတောင်းနေတယ်....!”

ဟုန်ရွှမ်းမင်းဆက်?

ကျန်းရှု မယုံကြည်နိုင်လောက်တဲ့ အရိပ်အယောင်နဲ့ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ...."ဟုန်ရွှမ်းမင်းဆက်က တပ်ဖွဲ့ဘယ်လောက် စေလွှတ်လိုက်တာလဲ?"

“တပ်လေးခုမှာ တပ်ဖွဲ့ဝင် ၂၀၀,၀၀၀ ရှိတယ်... စီရင်စုလေးခုစလုံး အရေးပေါ်အခြေအနေ ဖြစ်နေပြီ.... ”

ကျန်းရှု ဒေါသထွက်သွားသော်လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ထိုအချိန်တွင် ချန်လီ အလျင်အမြန်ရောက်လာပြီ.... "အရှင်မင်းကြီး ကျွန်ုပ် ထျန်းကန် စီရင်စုလေးခုကိုု အလျင်အမြန်သွားဖို့ ဆန္ဒရှိတာမို့ စစ်သူကြီးတံဆိပ်ကိုတောင်းခံပါတယ်...."

ကျန်းရှု သူ့ကို စိုက်ကြည့်ရင်း သူ့အမူအရာက တင်းမာနေသည်။

ကျန်းရှုက မျက်မှောင်ကြုတ်ပြီး......"ချန်လီ၊ မင်းမှာ တိုက်ပွဲအတွေ့အကြုံ မရှိဘူး။ မင်းဘာလို့သွားမှာလဲ...."

ချန်းလီက “ကျွန်တော်က စစ်ဗျူဟာတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ကံတရားကို တွက်ချက်နိုင်တယ်ရန်သူတွေကို အနိုင်ယူဖို့ ကံတရားနဲ့ စစ်ရေးနည်းဗျူဟာကို သုံးနိုင်တယ်.... ”

ချန်းလီက ဆက်ပြောတယ်..

“အရှင်မင်းကြီး....ကျွန်တော့်မျိုးကို အခွင့်အရေးပေးပါ....တကျန်းက လက်ရှိမှာ အင်အားကြီးမားပြီး တပ်တွေကို လေ့ကျင့်ဖို့ အချိန်တန်ပြီ.... !"

ကျန်းရှု သက်ပြင်းချလိုက်သည်။

ဧကရာဇ် ကျင်းတိုင်ကျုံး ကွယ်လွန်ခြင်းနှင့်အတူ ယခင်က အရာရှိဟောင်းများနှင့် စစ်ဗိုလ်ချုပ်ကြီးများ တဖြည်းဖြည်း လျော့နည်းလာသည်။ တကျန်းအတွက် မျိုးဆက်သစ် ဗိုလ်ချုပ်များ လိုအပ်နေပါသည်။

ကျန်းရှု၏ အကြည့်များ အေးစက်လာပြီး..... "ကောင်းပြီ၊ မင်းကို အခွင့်အရေးပေးမယ်..... သုံးကြိမ်ထက်ပိုပြီးရှုံးနိမ့်ရင်ပဲဖြစ်ဖြစ် ထွက်ပြေးရင်ပဲဖြစ်ဖြစ် ငါမင်းကိုသတ်မယ်...."

ချန်းလီ အံ့သြသွားပြီး ကျန်းရှုကို ချက်ချင်း ကျေးဇူးတင်လိုက်သည်။

ထိုနေ့တွင်၊ ကျန်းရှုသည် မြို့တော်ရှိ ဗိုလ်ချုပ်အများအပြားကို ကိုယ်တိုင်ကိုယ်ကျ ဆင့်ခေါ်ပြီး ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ရာထူးခန့်အပ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်းထိပ်တန်းသိုင်းပညာရှင်များ စစ်မြေပြင်သို့ သွားလေ့ရှိသည်။

ရက်အတော်ကြာပြီးနောက်....

ကျန်းချန်ရှန်းက လီကျွင်းကတစ်ဆင့် ဒီအကြောင်းကို ကြားသိခဲ့ရသည်။

ကျန်းဂျန် ထိုစကားကိုကြားသောအခါ ပို၍ပင် စိုးရိမ်လာသည်။

သူသည် ရွှေခန္ဓာနယ်ပယ်နှင့် အလွန်နီးစပ်သော်လည်း အဆင့်တက်ဖို့ အချိန်လိုအပ်နေသေးသည်။

"သိပြီ....."

လီကျွင်း ထွက်သွားပြီးနောက် ကျန်းဂျန်င ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။ သူ တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။

ဓားနတ်ဘုရားကတော့ ဘာမှမပြောခဲ့ပေ။ ကျန်းချန်ရှန်းက သူ့ကို စစ်ပွဲမှာ ပါဝင်ခိုင်းမှာကို သူ စိုးရိမ်နေခဲ့သည်။ သူ့မှာ တကျန်း အတွက် ဘာခံစားချက်မှ မရှိပေ။ ထို့အပြင်၊ သူသည် ဓားနတ်ဘုရားဖြစ်သည်။ မင်းဆက်အတွက် တိုက်ပွဲဝင်နေတဲ့ သတင်းတွေ ပျံ့သွားရင်တော့ ဟာသဖြစ်လိမ့်မည်။

ယန်တျယ်ခေတ် 11 နှစ်တွင် ရှုထျန်းကျီ ဦးဆောင်သော ကောင်းကင်ဗျူဟာစစ်တပ် သည် မြောက်ပိုင်းဒေသရှိ မင်းဆက်များ၏မြို့တော်များကို သိမ်းပိုက်ခဲ့ပြီး တုံးဟိုင် မင်းဆက်၏စစ်တပ်များက ၎င်းတို့ကို လုံး၀ မတားဆီးနိုင်ခဲ့ပေ။

ထျန်းကန်စီရင်စုလေးခု ခိုးဝင်တိုက်ခိုက်ခံရကြောင်း ကြားသိခဲ့ရသော်လည်း ရှုထျန်းကျီ က ခုခံကာကွယ်ရန် နောက်ပြန်မဆုတ်ခဲ့ပေ။ သူသည် သူ၏စစ်တပ်ကို ဆက်လက်ဦးဆောင်ကာ ရှေ့ဆက်တိုးခဲ့သည်။

အခြားတစ်ဖက်တွင် ထျန်းကန် စီရင်စုလေးခုမှ ထိတ်လန့်ဖွယ်ရာသတင်းများ ထွက်ပေါ်နေသည်။

ချန်းလီသည် တပ်ဖွဲ့ဝင် 30,000ကို ဦးဆောင်ပြီး ဟုန်ရွှမ်း မင်းဆက်၏ တပ်ဖွဲ့ဝင် 150,000 ကို အနိုင်ယူပြီး အခြားစစ်မြေပြင်များကို ဆက်လက်ကူညီခဲ့သည်။ ချန်းလီ၏ နာမည်သည်လည်း ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။

ကျန်းရှု ဒီသတင်းကို ကြားသောအခါ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အထင်မှားခဲ့ပြီဟု တွေးလိုက်မိသည်။ ချန်းလီတွင် ဗိုလ်ချုပ်တစ်ဦး၏ အရည်အချင်းရှိနေမည်ဟု ထင်မထားပေ။

ချန်းလီ၏အောင်ပွဲသည် စီရင်စုလေးခု၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး တန်ပြန်တိုက်စစ်ကို စတင်ခဲ့ကြသည်။

ဇူလိုင်လတွင် ဟုန်ရွှမ်း မင်းဆက်က မင်းဆက်တစ်ခုကို သိမ်းပိုက်ခဲ့ပြီး ၎င်း၏နယ်မြေက ယခုအခါ တကျန်းနှင့် ပိုမိုနီးကပ်လာခဲ့သည်။

ထိုလတွင် ဟုန်ရွှမ်းမင်းဆက်နှင့် တုံးဟိုင် မင်းဆက်တို့ မဟာမိတ်ဖွဲ့ကြောင်း ကြေညာခဲ့သည်။ နှစ်ဖက်စလုံးက တကျန်းကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် မဟာမိတ်ဖွဲ့ခဲ့သည်။ အကြောင်းပြချက်ကောင်းရှိရန် ၎င်းတို့သည် တကျန်း ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများကို စာရင်းပြုစုပြီး အများသိအောင် ကြေညာခဲ့သည်။

နောက်ထပ် သတင်းတစ်ခု ထပ်ထွက်ပေါ်လာပြန်သည်။ လူသားဧကရာဇ်သည် တုံးဟိုင် မင်းဆက်သို့ ဝင်ရောက်ခဲ့ပြီး နောက်ထပ် လူသားဧကရာဇ်ကို တွေ့ရှိခဲ့သည်ဟု သံသယရှိခဲ့သည်။

ကျန်းချန်ရှန်းက လီကျွင်း၏ အစီရင်ခံစာကို ကြားသောအခါ ချက်ခြင်းပြုံးလိုက်သည်။ လီကျွင်း အံ့ဩသွားသော်လည်း ထပ်မမေးရဲပေ။

သူက ဆေးကျိုအိုးထဲက ကျန်းဂျန်ကို ကြည့်ပြီး လှောင်ပြောင်တဲ့ အမူအရာနဲ့......

"ဒါဆို ဘယ်သူက ပိုအားကောင်းလဲ ကြည့်ရအောင်...."

ကျန်းဂျန် ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ ထိုအချိန်တွင် နတ်လက်နက်များကောင်းကင်မှ ဆင်းသက်လာပြီး စစ်မြေပြင်ကို ဖြတ်ကျော်ကာ နှစ်ဖက်စလုံးအတွက် ပိုမိုအားကောင်းသော တပ်ဖွဲ့များစေလွှတ်ရန် တွန်းအားပေးခဲ့သည်။ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါ ရှင်သန်ခြင်းဆုလာဘ်တွေကို ရိတ်သိမ်းရပေမည်။

လီကျွင်းလည်း ကျန်းဂျန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည် ။ ကျန်းဂျန် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူဖြစ်လာတော့မည်ကို သူသိသည်။

အောက်တိုဘာလတွင်

ကျန်းဂျန်သည် မရေမတွက်နိုင်သော သိုင်းပညာအရင်းအမြစ်များကိုသုံး၍အဆင့်တက်နိုင်ခဲ့သည်။

ဤနေ့တွင်၊ တိုက်ကြီး၏ကံကောင်းမှုများ မြင့်တက်လာပြီး ရွှေခန္ဓာနယ်ပယ်ပညာရှင်အသစ်တစ်ဦး ရောက်ရှိလာခြင်းကို ကြိုဆိုသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာသည်။

မြို့တော်ရှိ သိုင်းပညာရှင်အားလုံး လုံချီ ဘုရားကျောင်း၏ ဦးတည်ရာသို့ လှမ်းကြည့်ကြသည်။

တစ်ချို့က အံ့ဩကြတယ်၊ တစ်ချို့က စိုးရိမ်ပြီး ကြောက်လန့်နေကြသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ကျန်းရှုသည် လုံချီ တောင်သို့ အမြန်ပြေးပြီး ခြံဝင်းထဲသို့ ဝင်ခဲ့သည်။ တစ်ချက်ကြည့်လိုက်တော့ ရွှေနတ်ဘုရားလို လေထုထဲမှာ တရားထိုင်နေတဲ့ ကျန်းဂျန်ကို တွေ့လိုက်ရလေသည်။

All Chapters