← Chapters

လက်ဆောင်ပဏ္ဏာတစ်ခု၊ လုယက်မှုတစ်ကြိမ်

Vol. 17 Ch. 227

လက်ဆောင်ပဏ္ဏာတစ်ခု၊ လုယက်မှုတစ်ကြိမ်

Vol. 17 Ch. 227

“အစ်ကို ဂိုဏ်းချုပ်က ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။ သူပြောတာက အများကြီးပဲ”

ကုချိုးသည် ဝမ်ဖုန်းအားကြည့်၍ ကုကန်းချိုးအား တီးတိုးပြော၏။

“ငါတို့လမ်းလျှောက်ထွက်ကြရင်ရော?”

ကုကန်းချိုးသည်လည်း ရှုပ်ထွေးနေခဲ့သည်။ ထို့ကြောင့် မျက်ဖြူလှန်ပြလျက် အကြံပေး၏။

“ကောင်းပြီ ငါတို့ရဲ့ ဓားပြတိုက်လုယက်ဖို့အစီအစဉ်အတွက် ကွက်တိပဲ။ ငါတို့ဓားပြမတိုက်ရတာ ကြာပြီဆိုတော့ နည်းနည်းတောင် အကျွမ်းတဝင်မရှိတော့သလို ခံစားရတယ်”

ကုချိုးမှ စိတ်အားထက်သန်စွာခေါင်းညိတ်လျက် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြော၏။

“ဒါပေမဲ့ ဂိုဏ်းချုပ်ကိုမပြောဘဲနဲ့ ဒီတိုင်းခိုးထွက်သွားတာ မကောင်းဘူးလားလို့”

ကုကန်းချိုးမှ တွေဝေ၍ပူပန်နေပေသည်။

“ငါ့ကိုကြည့်”

ကုချိုးသည် သူ၏ရင်ဘတ်ကိုပုတ်ပြလျက် ယုံကြည်ချက်အပြည့်ဖြင့်ပြော၏။ ကုကန်းချိုး၏ အံ့အားသင့်နေသည့်အကြည့်များအောက်တွင် ခေါင်းကိုမော့ချီလျက် လမ်းလျှောက်ထွက်သွားလေသည်။

“ဂိုဏ်းချုပ်”

ထျန်းလန်မြောက်ပိုင်းဒေသတွင် ရှန်ရှန့်ကျုံဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းစန်ဖုန်းတို့နှင့် ဆွေးနွေးနေသော ဝမ်ဖုန်းသည် ကုချိုးအား အံ့အားသင့်စွာဖြင့်ကြည့်လျက် အပြုံးဖြင့်မေးလိုက်သည်။

“ကုချိုး ဘာကိစ္စရှိလို့လဲ”

“ဂိုဏ်းချုပ်ကို ဖြေကြားပါတယ်။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ရုတ်တရက်အကြံဉာဏ်ရသွားလို့ပါ။ လျှို့ဝှက်ဆန်းကြယ်ပြီး ကောက်ကာငင်ကာဆိုပေမယ့် ကျွန်တော်တို့ရဲ့ကျင့်ကြံမှု ထိုးဖောက်အဆင့်တက်တော့မှာမလို့ပါ။ ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကို အပြင်ထွက်ပြီး ဘယ်လိုအဆင့်ထိုးဖောက်ကျော်ဖြတ်ရမယ်ဆိုတာကို လေ့လာခွင့်ပေးဖို့ မျှော်လင့်ပါတယ်”

ကုချိုး၏စကားကြောင့် ဝမ်ဖုန်း၊ ကျန်းစန်ဖုန်းနှင့် အခြားသူများသည် ကုချိုးအား အံ့ဩမင်သက်စွာဖြင့် ကြည့်ကုန်ကြလေသည်။

မင်းတို့က တာ့အိုနက်နဲမှုအဆင့်ကို ထိုးဖောက်အဆင့်တက်ကြမလို့လား? တာ့အိုအရှင်သခင်အဆင့်ငါတို့က ဘာလို့ဘာမှမခံစားမိတာပါလိမ့်?

ကုချိုး၏အသက်ရှူနှုန်းသည် တည်ငြိမ်နေလျက်ဖြင့် အဆင့်ထိုးဖောက်မည့် လက္ခဏာအလျဉ်းမရှိချေ။

အဲ့တော့ သူက ယုံကြည်ချက်ရှိရှိထွက်လာပြီး မျက်လုံးအပြူးသားနဲ့ ပေါက်ကရတွေပြောနေတာပေါ့လေ?

ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။ ဤညီအစ်ကိုနှစ်ဦးသည် ဉာဏ်မကောင်းသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းသားများပင် ဖြစ်ကြလေရာ မှားယွင်းဆက်ဆံခြင်းမျိုး မဖြစ်သင့်ပေ။ ဝမ်ဖုန်း လက်ဝှေ့ယမ်း၍ ညီအစ်ကိုနှစ်ဦးအား သွားနိုင်ကြောင်း အချက်ပြလိုက်သည်။

“ဂိုဏ်းချုပ်ကိုကျေးဇူးတင်ပါတယ်”

ကုချိုး၏မျက်နှာ တောက်ပသွား၏။ လက်နှစ်ဖက်ယှက်၍ အရိုအသေပေးပြီးနောက် ခန်းမဆောင်မှ ပြေးထွက်သွားလေသည်။ ပြေးသွားနေစဉ်တွင် ကုကန်းချိုးအား မျက်လုံးတစ်ဖက်မှိတ်ပြ‌လိုက်သေး၏။

ကုကန်းချိုးသည်လည်း ကုချိုးနောက်မှလိုက်၍ ခန်းမထဲမှ ပြေးထွက်သွားခဲ့သည်။

ထိုအရူးညီအစ်ကိုနှစ်ယောက်ကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် ကျန်းစန်ဖုန်း၊ အခြားသူများနှင့် ဆက်လက်ဆွေးနွေး၏။ ရှန်ရှန့်ကျုံဂိုဏ်း ပို၍အင်အားကြီးမားလာသည်နှင့်အမျှ အချို့သောစည်းမျဉ်းများကို ပြင်ဆင်ရန်လိုအပ်၏။ ဂိုဏ်းအဆင့်ကို အဆင့်၆သို့မြှင့်တင်ပြီးလျှင် ဤစည်းမျဉ်းများဖြင့် စနစ်အား ပြီးမြောက်စေမည်ဖြစ်သည်။

…..

“အစ်ကို ငါတို့ဘယ်ကိုသွားပြီး ဓားပြတိုက်မှာလဲ”

ခန်းမထဲမှထွက်လာပြီးနောက်တွင် ကုချိုးမှ ကုကန်းချိုးအား ကြောင်အစွာကြည့်လျက်ပြော၏။

“စိတ်မပူနဲ့. ဂိုဏ်းချုပ်က ငါတို့ကို ရှန်ရှန့်ကျုံဂိုဏ်းက ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး။ ဒီလမ်းအတိုင်း တောင်ဂိတ်တံခါးဆီသွားပြီး လှိုင်းဂယက်တွေများရှိမလား သွားကြည့်ကြတာပေါ့။ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ငါတို့ရဲ့‌ေထာက်ပံ့မှုကို ဂိုဏ်းချုပ်မြင်တွေ့ပါစေ.. ပြီးမှ ဓားပြတိုက်လုယက်ဖို့ ခွင့်တောင်းကြတာပေါ့”

ကုကန်းချိုး၏ပူပန်သော မျက်နှာအမူအရာမှာ အလင်းတစ်စဖြတ်ပြေးသွားလျက် နူးညံ့စွာပြောလာခဲ့သည်။

“ဒါဆို ဘာလို့ဂိတ်တံခါးဆီသွားမှာလဲ”

“ဂိတ်တံခါးကိုစောင့်ကြပ်တာအပြင် တခြားဘာဖြစ်နိုင်ဦးမှာလဲ”

ကုကန်းချိုးသည် ကုချိုးအား စိတ်ပျက်စွာကြည့်လိုက်၏။ ထို့နောက်တွင် နောက်ပြန်လှည့်မကြည့်‌ဘဲ တောင်ဂိတ်တံခါးဝသို့ ဦးတည်သွားတော့သည်။

“အာ အစ်ကို! ငါ့ကိုစောင့်ဦးလေ”

ထိုအချိန်၌ ဝတ်ရုံဖြူဖြင့် ခါးထက်တွင် ဓားရှည်ချိတ်ဆွဲထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ရှန်ရှန့်ကျုံဂိုဏ်း၏ တောင်ဂိတ်တံခါးဝသို့ ဆင်းသက်လာခဲ့သည်။

သူ၏တစ်ကိုယ်လုံးမှာ ထူးခြားသည့်ပင်ကိုဟန်တို့ လွှမ်းခြုံနေ၏။ သို့သော် မည်သည့်အရှိန်အဝါကိုမျှ ထုတ်ဖော်ပြသခြင်း မရှိပေ။ ထိုသူမှာ ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်ပြုရန်ရောက်ရှိလာသည့် အကြီးအကဲချုပ်ရွှယ်မု ဖြစ်သည်။

ရွှယ်မုသည် မျက်လုံးကိုပင့်လျက် ရှန်ရှန့်ကျုံဂိုဏ်း၏ တောင်ဂိတ်တံခါးဝကို ကြည့်လိုက်သည်။ ရွှယ်မုသည် တောက်ပသည့်မျက်လုံးတို့ဖြင့် ဝတ်ရုံကို ကျကျနနပြင်င်လိုက်ပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်းသားများကို အသိပေးရန် လည်ချောင်းရှင်းလိုက်၏။

ရုတ်တရက်ပင် ရွှယ်မု၏မျက်လုံးများ မှေးကျဉ်းသွားလျက် ရှန်ရှန့်ကျုံဂိုဏ်းဂိတ်တံခါးအား ကြည့်လိုက်၏။ ပုံရိပ်နှစ်ခုသည် တီးတိုးစကားဆိုရင်းဖြင့် ဂိတ်တံခါးဝသို့ လျှောက်လာနေကြသည်။

ရွှယ်မု ကိုယ်ကိုမတ်လိုက်ကာ ထိုရှန်ရှန့်ကျုံဂိုဏ်းသားနှစ်ဦးအား လာရင်းအကြောင်းရင်းကို အသိပေးရန် အသင့်ပြင်လိုက်၏။

“ဟေး အစ်ကို ဟိုမှာတစ်ယောက်ယောက်ရှိနေတယ်”

ကုချိုးမှ ရွှယ်မုအား မြင်သွားခဲ့၍ အံ့အားသင့်စွာဖြင့် ရုတ်ချည်းပြောလာ၏။

“ကောင်းရော.. ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလန်မြောက်ပိုင်း‌ဒေသမှာ အခုမှ အခြေချရုံရှိသေးတာကို တစ်ယောက်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းကို ရိုင်းပျဖို့လာဝံ့နေပြီ။ ငါတို့အဲဒီ့လူကို ဓားပြတိုက်မလုယက်ရင် ဂိုဏ်းချုပ်ရဲ့ငါတို့အပေါ် ဂရုစိုက်ကြင်နာမှုအတွက် စိတ်မကောင်းဖြစ်ရလိမ့်မယ်”

ကုကန်းချိုးသည်လည်း အချိန်ခဏမျှ မင်သက်သွားခဲ့သည်။ ကုကန်းချိုးကြည့်လိုက်ရာ ရွှယ်မု၏မျက်လုံးများသည် ဝေ့ဝဲကြည့်နေသည်ကို မြင်တွေ့ရ၏။ ပုံစံမှာ အနည်းငယ်ထူးဆန်းနေပေသည်။ သို့ဖြစ်၍ ကုကန်းချိုးသည် ဒေါသဖြစ်သွားလျက် ဟိန်းဟောက်၏။

ဟိန်းဟောက်ခြင်းနှင့်အတူ ကုကန်းချိုးသည် ဦးခေါင်းကိုမော့ချီလျက် ရွှယ်မုသို့ ဦးတည်သွားခဲ့သည်။

ကုချိုးသည် အချိန်ခဏမျှ ကြောင်အနေခဲ့ပြီးနောက် တစ်စုံတစ်ရာကို တွေးမိသွားရန်ရလေသည်။ မျက်လုံးများမှာ တောက်ပသွား၏။ ခဏအကြာတွင် ကုချိုး၏မျက်နှာမှာ မည်းမှောင်သွားလျက် ဒေါသဖြစ်ဟန် လုပ်ယူလိုက်၏။ ထို့နောက် ကုကန်းချိုး၏နောက်သို့လိုက်၍ ရွှယ်မုသို့ လျှောက်သွားခဲ့သည်။

ကုချိုးတို့နှစ်ဦး လျှောက်လာသည်ကိုမြင်ချိန်တွင် ရွှယ်မုသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် ရပ်နေခဲ့သည်။ ထို့နောက်တွင် ကုချိုးတို့၏ကျင့်ကြံဆင့်ကို ချက်ချင်းခံစားမိလိုက်၏။ ရွှယ်မုသည် ကုချိုးတို့နှစ်ဦးမှာ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ သို့ဖြစ်၍ ရွှယ်မုအနေဖြင့် ဂိုဏ်းတပည့်မျှကို ယဉ်ကျေးမှုဖြင့် ဆက်ဆံနေရန် မလိုအပ်ပါချေ။ သူတို့သည် ဂိုဏ်းတပည့်မျှသာဖြစ်ပြီး မိမိသည် အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲချုပ် မဟုတ်ပါလော။

ရွှယ်မု ဖြေးညှင်းစွာပြောလိုက်သည်။

“အစွန်းရောက်ဆီးနှင်းမြို့ရဲ့ အကြီးအကဲချုပ် လာရောက်…”

“လုယက်စမ်း!”

ရွှယ်မု၏စကားမဆုံးမီ၌ပင် အသံကျယ်ကြီးမှ ‌ကြားဖြတ်နှောင့်ယှက်လေရာ ရွှယ်မုမှာ အနည်းငယ်ရှုပ်ထွေးသွားရသည်။

အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေ ဘာပြောလိုက်တာလဲ? လုယက်မယ်တဲ့လား? ဘယ်သူ့ကိုလုယက်မှာလဲ?

ရွှယ်မုမှာ အခြားသူများ ရှိနေသေးသည်လားဟု ဘေးဘီဝဲယာကို ကြည့်လိုက်သေးသည်။

“မင်း‌ကိုပြောနေတာလေ။ ဘယ်ကိုကြည့်နေတာတုန်း? ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်လိုက်တာနဲ့ကို လူကောင်းဟုတ်မနေဘူး။ ရှန်ရှန့်ကျုံဂိုဏ်းကိုများ လာပြီးရိုင်းပျရဲသေးတယ်.. မင်းရဲ့ပိုင်ဆိုင်မှုလေးတွေကိုပဲ အရင်သေချာသိမ်းဆည်းထားစမ်းပါဦး! မင်းတော့ ဒီဂိတ်တံခါးဝကနေ ထွက်မသွားနိုင်လောက်တော့ဘူး!”

ကုကန်းချိုးသည် ရွှယ်မုအား ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆို၏။

လက်ရှိအချိန်၏ ကုချိုးနှင့်ကုကန်းချိုးတို့သည် ဆယ်နှစ်ကျော်မျှ လုယက်တိုက်ခိုက်ခဲ့ဖူးသည့် လူမိုက်ဘုရင်များအလား ကြမ်းကြုတ်ခက်ထန်နေကြပေသည်။

“မဟုတ်ဘူး ငါအကြီးအကဲက…”

“ဘာအကြီးအကဲလဲ?! မင်းဖအေငါ့ကိုသာ ရှိသမျှဥစ္စာ‌ေတွ မြန်မြန်လွှဲပေးလိုက်စမ်းပါ”

ကုကန်းချိုးသည် အစွန်းရောက်ဆီးနှင်းမြို့အကြီးအကဲချုပ်ရွှယ်မုအား ရိုင်းပျစွာကြားဖြတ်၍ အော်ဟစ်ပြောဆိုလေသည်။

“အတင့်ရဲလိုက်တာ!”

ရွှယ်မု၏မျက်နှာသည်လည်း မည်းမှောင်သွားခဲ့ပြီး အေးစက်စွာလှောင်ရယ်၏။ ရွှယ်မုထံမှ ခမ်းနားကြီးကျယ်သောအရှိန်အဝါများ ဖြာထွက်လာခဲ့ပြီး ညီအစ်ကိုနှစ်ဦးမှာ လွင့်ပျံထွက်သွားကြလျက် ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်သွားကြရလေသည်။

တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်နှင့် တာ့အိုနက်နဲမှုအစောပိုင်းအဆင့်ရှိ ညီအစ်ကိုနှစ်ဦးသည် ရွှယ်မု၏အရှိန်အဝါကို အဘယ်သို့များ ခုခံနိုင်ပါမည်နည်း။

ရွှယ်မုသည် ထိန်းသိမ်းမှုအလျဉ်း မရှိပါချေ။ မိမိသည် ဂုဏ်သရေကြီးမြတ်သော အစွန်းရောက်ဆီးနှင်းမြို့၏ ထူးခြားထင်ရှားသည့်အဆင့်အတန်းဖြင့် အကြီးအကဲချုပ်ဖြစ်သည်။ ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးတွင် မိမိသည် ပထမတန်းစား အဆင့်အတန်းဖြစ်၏။ သွားရောက်သည့်နေရာတိုင်းတွင် လေးစားမှုဖြင့်ဆက်ဆံခံရသူဖြစ်သည်။

သို့သော် ယခုတွင်တော့ ရှန်ရှန့်ကျုံဂိုဏ်းတပည့်နှစ်ဦးမှ သူ့အား အဖန်တလဲလဲ ပြစ်မှားစော်ကားနေခဲ့သည်ဖြစ်ရာ ရွှယ်မုမှာ အဘယ်သို့များ ဒေါသမဖြစ်ဘဲ ရှိနိုင်ပါမည်နည်း။

ပုရွက်ဆိတ်နှစ်ကောင်ထံမှ ဤသို့ဆက်ဆံခံရခြင်းသည် ရွှယ်မှုအတွက် အရှက်ရမှုကြီးဖြစ်၏။

“ရှန်ရှန့်ကျုံဂိုဏ်း ဒါက မင်းတို့ဂိုဏ်းရဲ့တပည့်တွေကို သင်ကြားပေးတဲ့ပုံစံလား? အစွန်းရောက်ဆီးနှင်းမြို့အရှင်က မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို အကောင်းမြင်ပေးနေခဲ့တာကို.. အခုတော့ကြည့်ရတာ မင်းတို့ရဲ့အဆင့်က ဒီထက်ဘာမှမပိုဘူးထင်တယ်”

ရွှယ်မုသည် လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေမြဲဖြင့် ကုချိုးနှင့်ကုကန်းချိုးတို့အား အထင်မြင်သေးဟန်ဖြင့်ကြည့်လျက် အေးစက်စွာအော်ဟစ်ပြောဆို၏။

ကနဦး၌ ရွှယ်မုသည် တစ္ဆေဂိုဏ်းကိုဖျက်ဆီးနိုင်ခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းကို စူးစမ်းသိလိုစိတ် ပြင်းပြခဲ့သည်။ တစ္ဆေဂိုဏ်းကို ဤမျှမြန်မြန် ဖျက်ဆီးနိုင်ခဲ့ခြင်းသည် ရှန်ရှန့်ကျုံဂိုဏ်းသည် သေချာပေါက် အားမနည်းဟု ပြသနေခြင်းဖြစ်၏။ အစွန်းရောက်ဆီးနှင်းမြို့နှင့် မယှဉ်နိုင်လျှင်သော်မှ အထင်မြင်သေး၍ မဖြစ်ချေ။ စောင့်ကြည့်နေရမည့် အင်အားစုဖြစ်၏။

သို့သော် ယခုအချိန်တွင်မူ ရွှယ်မု၏စိတ်နှလုံး၌ ဒေါသတရားသာ ဖုံးလွှမ်းနေတော့၏။ ဂုဏ်သရေကြီးမြတ်သော အစွန်းရောက်ဆီးနှင်းမြို့အကြီးအကဲချုပ်သည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်နှစ်ဦး၏ လုယက်ခြင်းကို ခံရသည်တဲ့။ ၎င်းသတင်းစကားသာ ပျံ့နှံ့သွားခဲ့ပါလျှင် သူ၏တစ်သက်တာဂုဏ်သိက္ခာတို့မှာ ပျက်စီးသွားချေရော့မည်။

“မင်းတို့သိရဲ့လား ဒီအကြီးအကဲက မင်းတို့ကိုသတ်ပစ်လိုက်ရင်တောင်မှ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ဒီအကြီးအကဲကို ဘာမှမလုပ်နိုင်ဘူးဆိုတာလေ”

ရွှယ်မု၏မျက်လုံးများ၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တဖြေးဖြေးထင်ရှားလာခဲ့လျက် ခံစားချက်ကင်းမဲ့စွာဖြင့်ပြော၏။

အရှက်ရမှုဟူသည် သွေးဖြင့်ဆေးကြောရန် လိုအပ်၏!

ဤနေရာတွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်နှစ်ဦးသာ ရှိသည်။ မိမိမှ ထိုဂိုဏ်းတပည့်နှစ်ဦးကို သတ်လိုပါလျှင် သတ်လိုက်ရုံမျှသာဖြစ်ပြီး ထိုဂိုဏ်းတပည့်နှစ်ဦးအတွက်နှင့် မည်သူမျှ မိမိအား အပြစ်ပြုဝံ့မည်မဟုတ်ချေ။

All Chapters