← Chapters

ညှာတာမှုကင်းမဲ့သည့်ဖိနှိုပ်မှု။

Vol. 17 Ch. 230

ညှာတာမှုကင်းမဲ့သည့်ဖိနှိုပ်မှု။

Vol. 17 Ch. 230

“ခင်ဗျားတို့ ပြဇာတ်ကလို့ပြီးကြပြီလား? ခင်ဗျားက လူကြီးလူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ဖို့ရော ထိုက်တန်လို့လား? ဟာသပဲ!”

ရွှယ်မုနှင့်အခြားအကြီးအကဲများ၏ ဖိနှိပ်သည့်မေးခွန်းများကို ဝမ်ဖုန်းသည် လှောင်ရယ်ခြင်းဖြင့် အရေးမထားဟန် ပြန်တုံ့ပြန်ခဲ့သည်။

ကနဦး၌ မှားယွင်းခဲ့သူမှာ ရှန်ရှန့်ကျုံဂိုဏ်းဖြစ်ခဲ့ပါ၏။ သို့ဖြစ်၍ ဝမ်ဖုန်းဘက်မှ ချက်ချင်းတောင်းပန်ခဲ့သည်။ သို့သော် အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲချုပ်သည် အတောမသတ်နိုင်ချေ။ ထိုအကြီးအကဲသည် ရှန်ရှန့်ကျုံဂိုဏ်းမှာ အားနည်း၍ အနိုင့်ကျင့်နိုင်သည်ဟု တွေး‌ထင်နေ၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် လူတိုင်း အနိုင်ကျင့်ရနိုင်သည့်ဂိုဏ်း မဟုတ်နေချေ။

ထို့ပြင် လက်ဆောင်ပဏ္ဏာပေးအပ်ခြင်းသည် လက်ဆောင်ပဏ္ဏာပေးအပ်ခြင်းသာဖြစ်၏။ လာရောက်ခဲ့သည်ကို အကြောင်းကြားခြင်းမရှိဘဲ ဟိုကြည့်သည်ကြည့်စူးစမ်းနေခဲ့သည်ဖြစ်ရာ ညီအစ်ကိုနှစ်ဦးသည် ရန်‌ပြုရန်လာရောက်သည်ဟု အထင်လွဲမှား၍ လုယက်ခဲ့သည်။ ဤဖြစ်ရပ်မှာ အထင်လွဲမှားခြင်းသာဖြစ်၏။ ရှန်ရှန့်ကျုံဂိုဏ်းထံမှ လိမ်လည်လှည့်ဖျား၍ အခွင့်ကောင်းရယူလိုပါလျှင် ဝမ်ဖုန်းမှ ရိုင်းပျသည်ဟု အပြစ်မတင်သင့်ပေ။

ဝမ်ဖုန်း၏စကားအဆုံးတွင် ရွှယ်မုတို့အုပ်စုမှာ ဝမ်ဖုန်းအား မယုံကြည်နိုင်စွာကြည့်လျက် အချိန်ခဏမျှ ကြောင်အသွားကြ၏။ စုချင်းသည်ပင် ကြောင်အသွားခဲ့လေသည်။

ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဒီလောက်တောင် မာကျောတာလား?

အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲရွှယ်မု၏ကျင့်ကြံဆင့်သည် တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်သည်။ အဆင့်အတန်းပင်ဖြစ်စေ၊ အင်အားအရာ၌ဖြစ်စေ ရွှယ်မုသည် ထျန်းလန်မြောက်ပိုင်းဒေသ၏ ထိပ်တန်းကျင့်ကြံသူများတွင် တစ်ယောက်အပါအဝင်ဖြစ်၏။ စုချင်းသည်ပင် လျစ်လျူမရှုဝံ့ပါချေ။

ဤရှန်ရှန့်ကျုံဂိုဏ်းသည် မထီမဲ့မြင်ပြုလွန်းနေ၏။

သူက တကယ်ပဲ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ အကြီးဆုံးဂိုဏ်းတော်ကြီး အစွန်းရောက်ဆီးနှင်းမြို့ကို လုံးဝ မကြောက်ဘူးလား?

“ဘယ်လိုတောင်အတင့်ရဲတာလဲ! တချို့လူတွေက ဂိုဏ်းကြီးတစ်ဂိုဏ်းကို ဖျက်ဆီးနိုင်လိုက်တယ်ဆိုတာနဲ့ အစွန်းရောက်ဆီးနှင်းမြို့ကိုပါ လျစ်လျူရှုလို့ရပြီလို့ တွေးနေပုံပဲ! တကယ့်ဟာသပဲ!”

ရွှယ်မုသည် အေးစက်စွာလှောင်ရယ်လျက် ဝမ်ဖုန်းအား ‌အထင်မြင်သေးစွာကြည့်‌၏။ ရွှယ်မု၏တစ်ကိုယ်လုံးမှ အဟုန်တစ်ခု ဖြာထွက်နေခဲ့ပြီး တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်၏စွမ်းအင်တို့သည် လောကတစ်ခွင်ဖြာထွက်နေကာ ပတ်ဝန်းကျင်လေဟာပြင်သည်လည်း ရုတ်ချည်းတုန်ခါလာခဲ့သည်။

“အကြီးအကဲရွှယ် ရှန်ရှန့်ကျုံဂိုဏ်းက အကြီးအကဲရဲ့ကောင်းခြင်းဆိုးခြင်းကို မသိမှတော့ သေချာလေးပြသပေးလိုက်ပါတော့. ကျွန်တော်တို့ စောင့်ကြည့်နေပါ့မယ်”

ရွှယ်မု၏ဘေးရှိ ယုဖုန်းတို့အကြီးအကဲများသည်လည်း စွမ်းအင်များ ဖြာထွက်ထုတ်လွှတ်နေခဲ့လျက် လှောင်ရယ်ပြောဆို၏။

သူတို့သည် အမှန်တကယ် လက်ဆောင်ပေးအပ်ရန် လာရောက်ကြခြင်းမဟုတ်ပေ။ လက်ဆောင်ပဏ္ဏာဟူသည် ဆင်ခြေမျှသာဖြစ်၏။ အမှန်တရားမှာ ရှန်ရှန့်ကျုံဂိုဏ်းကို စူးစမ်းစစ်ဆေးရန်ဖြစ်သည်။ ယခု၌ အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် တိုက်ခိုက်ရန်ဆန္ဒရှိနေသည်ဖြစ်ရာ သူတို့အနေဖြင့် သဘာဝကျကျပူးပေါင်းပေး၍ နောက်တွင်ရပ်တည်သင့်ပေသည်။

ထျန်းလန်မြောက်ပိုင်းဒေသ၌ အကြီးဆုံးအစ်ကိုကြီးဟူသည် တစ်ဦးသာရှိနိုင်၏။ ၎င်းမှာ အစွန်းရောက်ဆီးနှင်းမြို့ဖြစ်သည်။

“သတ်!”

ဝမ်ဖုန်းမှ လက်ကိုဝှေ့ယမ်း၍ ဖြေးဆေးစွာပြော၏။

ဝမ်ဖုန်း၏စကားသံအဆုံးတွင် ကျန်းစန်ဖုန်းမှ ရှေ့သို့ထွက်ရပ်လျက် ရွှယ်မုတို့အုပ်စုအား အထင်‌မြင်သေးစွာကြည့်လိုက်၏။

“ဟား လာနောက်နေတာပဲ!”

ရွှယ်မုမှ လှောင်ရယ်၍ သူ၏တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်စွမ်းအင်များမှာ တွန့်ဆုတ်နေခြင်းမရှိတော့ပေ။ ရုတ်ချည်းပေါက်ကွဲထွက်လျက် မုန်တိုင်းအလား ပြင်းထန်လှစွာဖြင့် ဝန်းကျင်တစ်ခွင်ကို ဖြတ်သန်းသွားခဲ့သည်။

ရွှယ်မု လက်သီးထိုးချက်တစ်ခု ပစ်လွှတ်လိုက်၏။ ပျံ့နှံ့နေသည့်စွမ်းအင်များမှာ ဧရာမလက်သီးသဏ္ဍာန်ကြီးအသွင်သို့ ရုတ်ချည်းဖြစ်တည်သွားခဲ့လျက် ကျန်းစန်ဖုန်းသို့ ဦးတည်သွားခဲ့သည်။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြောင့် လေဟာပြင်မှာ ကွဲအက်သွား‌ရ၏။

ယုဖုန်းတို့အကြီးအကဲများသည်လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြ၏။ အင်အားကြီးမားလှစွာသော တိုက်ကွက်များထုတ်လွှတ်၍ ဝမ်ဖုန်းတို့အား တိုက်ခိုက်ခဲ့သည်။ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦး၏ ပြင်းထန်သည့်တိုက်ကွက်သည် တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်သော စုချင်းကိုပင် မျက်နှာအရောင်ပြောင်းသွားစေ၏။

စုချင်းမှာ လက်နောက်ပစ်လျက် အေးဆေးစွာရပ်နေကြသည့် ဝမ်ဖုန်းတို့ကိုကြည့်၍ ခေါင်းခါရမ်းမိရသည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် အင်အားအကြီးဆုံးဖြစ်သည့် အစွန်းရောက်ဆီးနှင်းမြို့အပါအဝင် ထျန်းလန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီးငါးဂိုဏ်းကို တစ်ပြိုင်နက် အပြစ်ပြုမိခဲ့လေပြီ။

သို့သော်ငြား တစ်စက္ကန့်မျှကြာပြီးနောက်တွင် စုချင်းမှာ အံ့အားမင်သက်သွားရလေသည်။ သူမ၏လှပသည့်မျက်လုံးလေးများမှ မျက်အိမ်မှ ကျွတ်ထွက်ကျတော့မည့်အလား ပြူးကျယ်သွားရ၏။

ရွှယ်မုတို့အကြီးအကဲငါးဦး၏ အင်အားကြီးမားသည့်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်တွင် ကျန်းစန်ဖုန်းသည် လက်တစ်ဖက်ဆန့်ထုတ်၍ အသာအယာဖိနှိပ်လိုက်၏။ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်အား ဖြူဖျော့သွားစေနိုင်သည့် ၅ဦးပေါင်းတိုက်ခိုက်မှုကြီးသည် ထိုသို့ဖြင့် ကြယ်မှုန်ကြယ်စလေးများနှယ် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြား၌ ပျောက်ကွယ်သွားခဲ့လေသည်။

ရွှယ်မုတို့ငါးဦး၏တိုက်ခိုက်မှုကို ဖြိုခွင်းပြီးနောက်တွင် ကျန်းစန်ဖုန်းမှ ထပ်မံဖိနှိပ်လိုက်၏။ ကျန်းတစ်သိန်းမျှလေးလံသည်ဟု ထင်မှတ်ရသော ကြောက်မက်ဖွယ်ဖိအားကြီးသည် ရွှယ်မုတို့ငါးဦးအား ဖိနှိပ်လာ၏။ ရွှယ်မုတို့၏မျက်နှာအမူအရာများမှာ အကြီးအကျယ်ပြောင်းလဲသွားရလျက် ခန္ဓာကိုယ်တို့မှာ အပြင်းအထန်တုန်ရီလာကြသည်။ ထိုငါးဦးမှာ စက္ကန့်ပိုင်းအတွင်း၌ ဒူးထောက်ကျသွားရလေသည်။

ရွှယ်မုနှင့်အခြားအကြီးအကဲများ ဒူးထောက်ကျသွားသည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ မြေပြင်၌တွင်းနက်ကြီးဖြစ်တည်သွားခဲ့ကာ မြေစကျောက်စများ လွင့်ပျံထွက်လာခဲ့သည်။

ရွှယ်မုတို့ငါးဦးမှာ ကြီးမားလေးလံသည့်ဖိအားကြီးအောက်မှ လွတ်မြောက်နိုင်ရန်ကြိုးပမ်းရင်းဖြင့် အသားများပင် နီရဲလာရသည်။ သို့သော် မည်မျှရုန်းကန်ကြိုးပမ်းပါစေ ဖိအားကြီး၏ဖိနှိပ်ခြင်းကို ခံနေရမြဲဖြစ်ကာ စိုးစဉ်းသော်မှ မလှုပ်ရှားနိုင်ခဲ့ချေ။

“ကျစ်!”

တိတ်ဆိတ်နေသည့် ထိုအခိုက်အတန့်တွင် ပင့်သက်ရှိုက်လိုက်သည့်အသံတစ်ခု ယဲ့ရှန်းစံအိမ်အကြီးအကဲစုချင်းထံမှ ထွက်ပေါ်လာခဲ့သည်။ သူမသည် ကျန်းစန်ဖုန်းကိုတစ်လှည့်၊ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိစွာ မြေပြင်တွင် ဒူးထောက်ကျနေသည့် ရွှယ်မုနှင့်အကြီးအကဲများကိုတစ်လှည့် ကြည့်ရင်းဖြင့် မျက်စိရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေရသည်။

အနည်းဆုံး တာ့အိုဘိုးဘေးအထွတ်အထိပ်နှောင်းပိုင်းအဆင့်တွင်ရှိသည့် ကျင့်ကြံသူငါးဦးကို ထိုမျှအလွယ်တကူ ဖိနှိပ်နိုင်ပါ၏လော? တာ့အိုဘုရင်အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်လျှင်သော်မှ ရွှယ်မုနှင့်အကြီးအကဲများကို ဤမျှအလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်မဟုတ်ပေ။

စုချင်း၏ အံ့ဩထိတ်လန့်နေသည့် အကြည့်များအောက်၌ပင် ကျန်းစန်ဖုန်းသည် လက်တစ်ဖက်ဆန့်ထုတ်၍ ဖိညှစ်သည့်လက်ဟန်ကို အသာအယာပြုလုပ်လိုက်လေရာ ရွှယ်မုနှင့်အကြီးအကဲများသည် မြူခိုးထုအတွင်းသို့ ရုတ်ချည်း‌ကျရောက်သွားကြလျက် ပြင်းထန်လှသည့်သွေးညှီနံ့သည် ဝန်းကျင်တစ်ခွင် စိမ့်ဝင်ပျံ့နှံ့သွား၏။

ကျန်းစန်ဖုန်း၏ အင်အားထိန်းချုပ်မှုသည် အလွန်တိကျ၏။ ရွှယ်မုနှင့်အကြီးအကဲများ၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားကြသော်ငြား သူတို့၏သိုလှောင်လက်စွပ်များသည်တော့ အကောင်းပကတိအတိုင်း ကျန်ရှိလေသည်။ ထိုသိုလှောင်လက်စွပ်များကို ကျန်းစန်ဖုန်းမှ ယူဆောင်၍ ဝမ်ဖုန်းသို့ လွှဲပြောင်းပေးလိုက်၏။

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲကျန်းစန်ဖုန်းမှ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်တစ်ဦးနှင့် တာ့အိုဘိုးဘေး‌နှောင်းပိုင်းအဆင့်လေးဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်နှစ်သိန်းနဲ့ တာ့အိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ခု ရရှိပါတယ်”

စိတ်တွင်းမှပေါ်ထွက်လာသည့်အသံကြောင့် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၏။ သေချာပေါက်ပင် ရန်သူကိုသတ်ဖြတ်ခြင်းသည် ဂိုဏ်းအမှတ်များ အလျင်မြန်ဆုံးရရှိနိုင်မည့် နည်းလမ်းဖြစ်ပေသည်။

“စန်ဖုန်း၊ တုံ့ဖန်းပုပိုင် မင်းတို့ တောက်ပနေမင်းဂိုဏ်းကို သွားဖျက်ဆီးလိုက်ကြ။ ယောင်ယွဲ့၊ ရှောင်းရှီရိလန် မင်းတို့က တန့်မိုရှန့်ကျုံဂိုဏ်းကို သွားဖျက်ဆီး။ ဖူဟုန်ရွယ်နဲ့ တင်းဖန်းက ယွမ်တောက်ဂိုဏ်းကို သွားလိုက်ကြ။ ကွမ်ယု၊ ယဲ့ကူချန် မင်းတို့က ချင်းယွင်ဓားဂိုဏ်းကို သွားဖျက်ဆီးလိုက်ကြ!”

ဝမ်ဖုန်းသည် ရွှယ်မုနှင့်အခြားအကြီးအကဲများ သေဆုံးသွားသည့်နေရာသို့ အထင်မြင်သေးစွာကြည့်လျက် ညွှန်ကြားခဲ့သည်။

ကနဦး၌ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် သေချာစီစဉ်ပြီးသည်အထိ စောင့်ဆိုင်းပြီးနောက်တွင်မှ ဂိုဏ်းကြီးလေးဂိုဏ်းကို တိုက်ခိုက်လိုခဲ့သည်။ သို့သော် သူတို့သည် သေခြင်းရှင်ခြင်းကို သိရှိနားလည်ခြင်းမရှိလေရာ ဝမ်ဖုန်းအနေဖြင့် ဖြည့်ဆည်းပေးသင့်သည်မဟုတ်ပါလော။ ထို့နောက်တွင် ထျန်း‌လန်မြောက်ပိုင်းဒေသတွင် ဂိုဏ်းသားများ စုဆောင်းရှာမှီးသည့်အခွင့်အရေးကို အရှိန်မြှင့်တင်ပေမည်။

“ဟုတ်!”

ဝမ်ဖုန်း၏စကားအဆုံးတွင် ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများအားလုံးမှ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ကြ၏။ ထို့နောက်တွင် လျှပ်တစ်ပြက်ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းဂိတ်တံခါးဝမှ ပျောက်ကွယ်သွားကြလေသည်။

ယခု၌ ရှန်ရှန့်ကျုံဂိုဏ်း၏အကြီးအကဲအားလုံးသည် တာ့အိုဘိုးဘေးအဆင့်နှင့်အထက်တွင် ရောက်ရှိနေကြပြီးဖြစ်ရာ ထျန်းလန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီးများကို ဖျက်ဆီးခြင်းသည် ဆော့ကစားနေသည်ကဲ့သို့ပင် မဟုတ်ပါလော။

ထိုမြင်ကွင်းကိုကြည့်ရင်းဖြင့် ယဲ့ရှန်းစံအိမ်အကြီးအကဲစုချင်းမှာ မင်သက်နေတော့သည်။

ဒါ.. ဒါက လုံးဝကို စစ်ပွဲကြီးပဲမဟုတ်လား? ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းကြီးလေးဂိုဏ်းကို ဖျက်ဆီးဖို့အတွက်ကို လူနည်းနည်းလေးပဲ စေလွှတ်လိုက်တယ်ပေါ့လေ? ဒါက အရမ်းစိတ်ကူးယဉ်ဆန်လွန်းနေတာ မဟုတ်ဘူးလား?

ကျန်းစန်ဖုန်း၏အင်အားသည် ကြောက်မက်ဖွယ်ဖြစ်ပြီး တောက်ပနေမင်းဂိုဏ်းကို ဖျက်ဆီးရန် အရည်အချင်းပြည့်မီပါ၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏ကျင့်ကြံသူများမှ ခွဲခြားလှုပ်ရှားလျှင်မူ အောင်မြင်နိုင်ပါမည်လော? သို့တည်းမဟုတ် ရှန်ရှန့်ကျုံဂိုဏ်း၏ ကျင့်ကြံသူများအားလုံးသည် ရွှယ်မုနှင့်အကြီးအကဲများကို ဖိနှိပ်သတ်ပစ်ခဲ့သည့် ကျန်းစန်ဖုန်းကဲ့သို့ အင်အားကြီးမားကြခြင်းပေလော?

“ဒီလိုကိစ္စတွေကြောင့်နဲ့ အကြီးအကဲစုကို သေချာလေးဧည့်ဝတ်မပြုလိုက်ရလို့ တောင်းပန်ပါတယ်ဗျာ။ ကျုပ်နဲ့‌ အကြီးအကဲစုတို့ရဲ့ နောက်ပိုင်းဆက်ဆံရေးကို မျှော်လင့်နေပါတယ်”

ဝမ်ဖုန်းသည် စုချင်းသို့လှည့်၍ လက်ဟန်ဖြင့် အရိုအသေပြုလျက် တောင်းပန်ခဲ့သည်။

ယနေ့တွင် ယဲ့ရှန်းစံအိမ်အကြီးအကဲစုချင်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို မသိရှိသော်ငြား ဂိုဏ်းကြီးငါးဂိုဏ်းကို စွန့်စားဆန့်ကျင်၍ ရှန်ရှန့်ကျုံဂိုဏ်းအတွက် စကားပြော‌ဆိုပေးခဲ့သည်ကို ဝမ်ဖုန်း စိတ်ကျေနပ်မိပေသည်။ ထို့ကြောင့် စုချင်းအပေါ်တွင် ဝမ်ဖုန်းသည် မောက်မာထောင်လွှားသည့် အပြုအမူမျိုးဖြင့် မပြုမူပါချေ။ ယဉ်ကျေးပျူငှာစွာဖြင့် ဆက်ဆံခဲ့သည်။

“ကိစ္စမရှိပါဘူး။ ဒီအကြီးအကဲကလည်း ဂိုဏ်းချုပ်ဝမ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဒီလောက်ထိအင်အားကြီးမားမယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ အစွန်းရောက်ဆီးနှင်းမြို့ရဲ့အင်အားကို လျှော့မတွက်သင့်ဘူး။ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ကျွန်မတို့ယဲ့ရှန်းစံအိမ်တော်ရဲ့ အကူအညီကိုလိုအပ်ခဲ့ရင် ယဲ့ရှန်းစဲအိမ်တော်က ကူညီဖို့ဆန္ဒရှိပါတယ်”

ဝမ်ဖုန်း၏စကားသံကိုကြားရသည်မှ မင်သက်နေသည့်စုချင်းမှာ ပြန်လည်တုံ့ပြန်နိုင်တော့သည်။ စုချင်းသည် မျက်လုံးလှလှလေးများမှ အလင်းတစ်စတောက်ပနေလျက် ဝမ်ဖုန်းကိုကြည့်၍ တည်ကြည်လေးနက်စွာဖြင့်ပြောခဲ့သည်။

All Chapters