← Chapters

ရှောင်းမျိုးနွယ်မှလူ ရောက်ရှိလာခြင်း။

Vol. 17 Ch. 234

ရှောင်းမျိုးနွယ်မှလူ ရောက်ရှိလာခြင်း။

Vol. 17 Ch. 234

"သူရူးနေတာလား? အစွန်းရောက်ဆီးနှင်းမြို့တော်က ထျန်းလန်မြောက်ပိုင်းဒေသရဲ့ အကြီးမားဆုံးဂိုဏ်းကြီးလေ.. ရွှယ်ယွီထျန်းက မင်းကို အနိုင်ကျင့်လိုက်လို့များ စိတ်လွတ်သွားတာလား? သူသေချင်နေတာလား?.. သူကအမျိုးသမီးတစ်ယောက်ကိုတောင် အလွတ်မပေးနိုင်ဘူးလား?"

ယဲ့ဟွမ်သည် အံ့အားသင့်ထိတ်လန့်သွားပြီးမှ ဒေါသထွက်နေသော လေသံဖြင့် ပြောဆိုလိုက်သည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများသည် သူမ၏ နူးညံ့သောခန္ဓာကိုယ်လေးမှ ထွက်ပေါ်လာခဲ့သည်။ သူမဟာ ရွှယ်ယွီထျန်းကို အပိုင်းပိုင်းအစစ ဖြတ်တောက်ချင်နေသည့်အလား သူမ၏မျက်လုံးများအတွင်း၌ အေးစက်သော အကြည့်တစ်ခုရှိနေခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်ဖုန်းက စွမ်းအားရှင်တစ်ယောက်ကိုပဲ စေလွှတ်လိုက်တာ ၊ အဲ့ဒီစွမ်းအားရှင်က အစွန်းရောက်ဆီးနှင်းမြို့တော်ကို တိုက်ကွက်တစ်ကွက်တည်းနဲ့ ဖျက်စီးခဲ့တယ်... အဲ့ဒီမှာ တာအိုဘုရင်အဆင့် လူငါးယောက်လည်းရှိနေခဲ့တာ။ သူတို့အားလုံးလည်း တိုက်ကွက်တစ်ကွက်တည်းနဲ့ သေသွားကြတာ"

"အိမ်တော်သခင်ပြောနေတဲ့ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်ဂိုဏ်းကြီးဆိုတာက ရှန်ရှန့်ကျုံဂိုဏ်း စွမ်းအားရှင်ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ဘဲ ချက်ချင်းပျက်စီးသွားခဲ့တာ......" စုချင်းသည် ယဲ့ဟွမ်ကိုစိုက်ကြည့်ကာ ဖျော့တော့သော လေသံဖြင့် ပြောဆိုလိုက်သည်။

သွားပြီ... အကုန်သွားပြီ...

ဒီစကားလုံးများဟာ အိမ်မက်ဆိုးတစ်ခုလိုမျိုး ယဲ့ဟွမ်၏ စိတ်အာရုံအတွင်း၌ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သူမဟာ မျက်လုံးများကိုပြူးကျယ်လျက် စုချင်းကို ဗလာမျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။ စုချင်းတစ်ယောက် သူမကိုစနောက်နေသလားဆိုတာကို အကဲခတ်နေခြင်းဖြစ်သည်။

"စု... အကြီးအကဲစု.. မင်းဦးနှောက်ပျက်သွားတာလား? ဒါမှမဟုတ် အိပ်မက်မက်နေတာလား?" ယဲ့ဟွမ်သည် တွေဝေနေသော အမူအရာဖြင့် တီးတိုးပြောဆိုလိုက်သည်။

"အိမ်တော်သခင် ဒါတွေအားလုံးကို ကျွန်မမျက်လုံးနဲ့ မြင်ခဲ့ရတာပါ.. ကျွန်မအိမ်တော်သခင်ကို စနောက်နေတာမဟုတ်ဘူး ၊ တကယ်လို့ အိမ်တော်သခင် မယုံကြည်ဘူးဆိုရင် စောင့်ကြည့်ပါ ၊ သိပ်မကြာခင်မှာ အစွန်းရောက်ဆီးနှင်းမြို့တော်အပါအဝင် ဂိုဏ်းကြီးငါးဂိုဏ်း ပျက်စီးသွားတဲ့သတင်းကို ယဲ့ရှန်းအိမ်တော်ရဲ့သူလျှိုတွေက သတင်းပို့လာကြမှာပါ"

စုချင်းသည် ယဲ့ဟွမ်ကို လေးလေးနက်နက်စိုက်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့်ပြောဆိုလိုက်သည်။

သူမဟာ ဝမ်ဖုန်းပြောခဲ့သည့်စကားများကို ပြန်လည်မကြားယောင်ဘဲ မနေနိုင်တော့ပါ။ ရှန်ရှန့်ကျုံဂိုဏ်း၏ ရည်ရွယ်ချက်မှာ အလွန့်ကိုရှင်းလင်းလှပေသည်။ ထျန်းလန်မြောက်ပိုင်းဒေသတွင် ရှန်ရှန့်ကျုံဂိုဏ်းကို တားဆီးနိုင်သည့် အင်အားစုဟူ၍ မရှိပေ။ သူမတို့၏ ယဲ့ရှန်းအိမ်တော်ကတောင် ရှန်ရှန့်ကျုံဂိုဏ်းအတွက် အတားအဆီးတစ်ခုမဟုတ်နိုင်ပါပေ။

နတ်ဘုရားတမျှစွမ်းအားကြီးမားလှသော ရှန်ရှန်ကျုံဂိုဏ်း၏ ဖျက်စီးခြင်းကို မခံလိုပါလျှင် ယဲ့ရှန်းအိမ်တော်အနေဖြင့်...

စုချင်း၏စကားကိုကြားလိုက်ရသည့်အခါ ယဲ့ဟွမ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူမဟာ အချိန်အတော်လေးကြာသည်အထိ စိတ်နဲ့လူမကပ် ဖြစ်နေခဲ့သည်။ သူမသည် စုချင်းစကားများကို မယုံကြည်လိုသော်လည်း စုချင်းက သူမကိုလိမ်ညာမည်မဟုတ်မှန်းလည်း သိနေခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းမှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်လို့ ဂိုဏ်းချုပ်ဝမ်ပြောပြခဲ့ဖူးတယ် ၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပထမဆုံးဂိုဏ်းချုပ် ပန်ဂုက ကောင်းကင်နဲ့မြေပြင်ကို တုန်လှုပ်စေခဲ့ပြီး မြောက်များစွာသော ကမ္ဘာကြီးတွေကို အုပ်စိုးခဲ့တယ်လို့ဆိုတယ်"

"ဒီလက်အောက်ငယ်သား မြင်တွေ့ခဲ့သမျှက ရေခဲ တောင်ကြီးရဲ့ အစွန်အဖျားပဲရှိလိမ့်မယ်လို့ ထင်ပါတယ် ၊ ရှန်ရှန့်ကျုံဂိုဏ်း ဘယ်လောက်သန်မာသလဲဆိုတာ ဒီလက်အောင်ငယ်သားလည်း မသိပါဘူး... ဒါပေမယ့် အိမ်တော်သခင်သာ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ပူး ပေါင်းချင်တယ်ဆိုရင် ဂိုဏ်းချုပ်ဝမ်က အိမ်တော်သခင်ရဲ့ အရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးလိမ့်မယ်ဆိုတာ ဒီလက်အောက်ငယ်သား ကျိန်းသေသိတယ်"

"ဒီငယ်သားက သေဆုံးရမှာကို မကြောက်ပါဘူး... အိမ်တော်သခင်သာ ရှန်ရှန်ကျုံဂိုဏ်းနဲ့ အဆုံးစွန်တိုင်အောင် တိုက်ခိုက်ချင်တယ်ဆိုရင် ဒီလက်အောက်ငယ်သားကလည်း ယဲ့ရှန်းအိမ်တော်နဲ့အတူ ရပ်တည်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်သွားမှာပါ"

စုချင်းသည် ယဲ့ဟွမ်ကို စူးစိုက်ကြည့်ကာ လေးလေးနက်နက်ပြောဆိုလိုက်သည်။

"ရှန်ရှန့်ကျုံဂိုဏ်း.... အဲ့ဒီဂိုဏ်းက တစ်ကယ်ပဲ ကြောက်စရာကောင်းတာလား?"

စုချင်း၏စကားများကို ကြားလိုက်ရပြီးနောက် ယဲ့ဟွမ်သည် တခဏကြာ တိတ်ဆိတ်သွားပြီးမှ စုချင်းကို တဖန်ပြန်ကြည့်၍ မေးမြန်းလိုက်သည်။

"ကျွန်မအိမ်တော်အရှင်နဲ့ နှစ်ပေါင်းများစွာ အတူယှဥ်တွဲနေထိုင်ခဲ့တာပါ.. အိမ်တော်အရှင်အနေနဲ့ ကျွန်မရဲ့စရိုက်ကို ပိုသိမှာပေါ့ ၊ ဒီအရာတွေက အမှန်မဟုတ်ဘဲ ကျွန်မဘယ်လိုလုပ် ပြောရဲပါ့မလဲ"

ယဲ့ဟွမ်သည် ဘာစကားမှ ထပ်ပြောမလာခဲ့တော့ဘဲ သူမ၏ လှပသော မျက်လုံးများအတွင်း၌ ခံစားချက်မျိုးစုံ လှည့်ပတ်နေခဲ့သည်။

"အိမ်တော်သခင်... ဖုန်းဝမ်က တွေ့ခွင့်တောင်းပါတယ်"

ဒီအချိန်မှာပဲ ခန်းမအပြင်ဘက်မှ ထိတ်ထိတ်ပြာပြာဖြစ်နေသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့!"

"အိမ်တော်သခင် သူလျှိုတွေ သတင်းပို့လာပါတယ်.. အစွန်းရောက်ဆီးနှင်းမြို့တော်အပါအဝင် အဓိကဂိုဏ်းကြီးငါးဂိုဏ်းကို ရှန်ရှန့်ကျုံဂိုဏ်းက ဖျက်စီးလိုက်ပါပြီ " ဒုတိယအကြီးအကဲဖုန်းဝမ်သည် အမောတကော ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။

"နားလည်ပြီ..."

ယဲ့ဟွမ်သည် ထိတ်လန့်သွားပြီး စုချင်းကိုစိုက်ကြည့်ကာ လက်ဝှေ့ယမ်းလျက် တည်ငြိမ်စွာပြောဆိုလိုက်သည်။

???

အိမ်တော်သခင်ရေ.. အစွန်းရောက်ဆီးနှင်းမြို့တော်အပါအဝင် အဓိကဂိုဏ်းကြီးငါးဂိုဏ်းပျက်စီးသွားပြီလေ ၊ မင်းဘာလို့ထိတ်လန့်မနေရတာလဲ?။

ဒုတိယအကြီးအကဲဖုန်းဝမ်သည် နားမလည်နိုင်ဖြစ်နေမိသည်။ ဒီသတင်းက ကမ္ဘာတုန်လောက်တဲ့ သတင်းထူးကြီးပဲ မဟုတ်ပါလော။

ဤအချိန်တွင် ခန်းမကြီးတစ်ခုလုံးသည် သုသာန်တစ်စပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယဲ့ဟွမ်သည် ယဲ့ရှန်းအိမ်တော်၏ အနာဂတ်နှင့် သူမ၏ ဘဝအကြောင်းကို တွေးတောနေခဲ့ပြီး စုချင်းကလည်း အလားတူတွေးတောနေခဲ့သည်။ ဒုတိယအကြီးအကဲဖုန်းဝမ်တစ်ယောက်ထဲကသာ ခန်းမအတွင်း၌ ကြောင်တောင်တောင်မတ်တပ်ရပ်နေခဲ့သည်။

........

တစ်ချိန်ထဲမှာပဲ ထျန်းလန်အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသနယ်စပ်တစ်နေရာ၌ ရိုးရှင်းသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုလူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာမှာ ဓါးတစ်ချောင်းအလား ထက်မြလှသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ကြံ့ခိုင်တောင့်တင်းလှသည်။ သင်သာ နီးနီးကပ်ကပ်ကြည့်ရှုမည်ဆိုပါက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လေထုက တွန့်လိမ်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်သည်။

သူ၏ခါးမှာတော့ သလင်းကျောက်လို ကြည့်လင်သန့်ရှင်းသော ရှေးဟောင်းကျောက်စိမ်းပြားတစ်ခုကို ဆွဲထားသည်။ အဆိုပါကျောက်စိမ်းပြား ပတ်ပတ် လည်တွင်ထူးခြားဆန်းပြားသော အရှိန်အဝါများ လှည့်ပတ်လျက်ရှိပြီး ကျောက်စိမ်းပြား၏ အလယ်ဗဟိုတွေ 'ရှောင်း'ဟူသော စကားလုံးကို ထိုးထွင်ထား သည်။

သက်လတ်ပိုင်းအမျိုးသားသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မြို့တော်အတွင်း၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ထူးခြားသည်မှာ ပတ်ဝန်းကျင်ရှိ လူများသည် ထိုလူ့ကို တွေ့မြင်နိုင်ခြင်းမရှိကြပေ။

"ဘုရားရေ... ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဇစ်မြစ်က ဘာများလဲ? သူတို့ကအစွန်းရောက်ဆီးနှင်းမြို့တော်အပါအဝင် အဓိကဂိုဏ်းကြီးငါးဂိုဏ်းကို တကယ်ကြီး ဖျက်စီးပစ်ခဲ့တာလား"

"ကြောက်စရာပဲ.. အစွန်းအရောက်ဆီးနှင်းမြို့တော်က ထျန်းလန်မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်ဂိုဏ်းကြီးလေ... အဲ့ဒါကိုတောင် လွယ်လွယ်ကူကူဖျက်စီးလိုက်တယ်တဲ့လား"

"မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ရှန်ရှန့်ကျုံဂိုဏ်းက ဖျက်စီးခဲ့တယ်ဆိုတဲ့သတင်းကို ငါအရင်က မယုံခဲ့ဘူး.. အခုကြည့်ရတာတော့ ရှန်ရှန့်ကျုံဂိုဏ်းက တစ်ကယ့်ကိုကြောက်စရာကောင်းပုံပဲ....''

"ပြောင်းလဲတော့မယ် အခုချိန်ကစပြီး ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးက ရှန်ရှန့်ကျုံဂိုဏ်းကို လေးစားကြရမယ်... အခုအချိန်မှာ ယဲ့ရှန်းအိမ်တော်တစ်ခုဘဲ ကျန်ရစ်ခဲ့တော့တာ ၊ အဲ့ဒီအိမ်တော်ကရော ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်လိုလုပ်တားနိုင်မှာလဲ?"

မြို့တော်အတွင်းရှိ ကျင့်ကြံသူများသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးကဲ့သို့ အသံပေါင်းမျိုးစုံထွက်လျက် ထိတ်လန့်ဖွယ်သတင်းအကြောင်း ဆွေးနွေးပြောဆိုနေကြသည်။

"ရှန်ရှန့်ကျုံဂိုဏ်း?"

ပတ်ဝန်းကျင်မှ ဆူညံသံများသည် သက်လတ်ပိုင်းအမျိုးသား၏ နားစည်အတွင်းသို့ ရိုက်ခတ်သွားပြီး သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ကာ တီးတိုးရေရွတ်လိုက်သည်။

"မိသားစုအခွဲက ရောက်လာတဲ့သတင်းအရ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမိသားစုက လူငယ်တစ်ယောက်ကို တပည့်အဖြစ် လက်ခံထားတယ်ဆိုပဲ...သေးငယ်တဲ့မိသားစုအခွဲက လူဆိုရင်တောင်မှ ရှောင်းမိသားစုရဲ့ သွေးမျိုးဆက်ကို ဘယ်လိုလူက တပည့်အဖြစ်လက်ခံရဲတာလဲ?"

"ဒါ့အပြင် ဒီသေးနုပ်တဲ့ဂိုဏ်းက ရှောင်းမိသားစုသွေးမျိုးဆက်ပါတဲ့ တပည့်ကို ပျိုးထောင်ပြီး ရှောင်းမိသားစုခွဲကို တိုက်ခိုက်ဖို့ သွေးထိုးလှုံ့ဆော်ပေးနေတယ် ၊ ဒါက တကယ့်ကိုမုန်းစရာပဲ." သက်လတ်ပိုင်းအမျိုးသားကြီး၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

သူဟာ သူ့ဘေးနားက ကျင့်ကြံသူတစ်ယောက်ကို လှည့်ကြည့်ပြီး လက်ဆန့်လိုက်သည်။ ထူးခြားသော စွမ်းအားတစ်ခုသည် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားပြီး ထိုသူ၏ မှတ်ဉာဏ်များကို သက်လတ်ပိုင်းအမျိုးသားက ချက်ချင်းပဲ စုပ်ယူလိုက်လေသည်။

ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာနေရာကို သိရှိပြီးနောက် သက်လတ်ပိုင်းအမျိုးသားကြီး၏ ပုံရိပ်သည် ဝေဝါးသွားပြီး မြို့ထဲမှ ပျောက်ကွယ်သွားတော့သည်။

သက်လတ်ပိုင်းအမျိုးသားကြီး ထွက်ခွာသွားသည့်အခါ မှတ်ဉာဏ်စုပ်ယူခံလိုက်ရသော ကျင့်ကြံသူသည် မြေပြင်ပေါ်ပြိုလဲကျသွားပြီး သူ၏စိတ်ဝိညာဥ်မှာ ပျက်စီးကြေကွဲသွားသော်လည်း သူဟာမသေနိုင်သေးပေ။

.......

ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမအတွင်းတွင် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းကို စိုက်ကြည့်လျက်ပြောဆိုလိုက်သည် " စန်ဖုန်း.. ဒီသတင်းကို ဖြန့်လိုက်စမ်း ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက စတုတ္ထအကြိမ်မြောက် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို သုံးရက်အတွင်းကျင်းပမယ် ၊ ထျန်းလန်မြောက်ပိုင်းဒေသက လူငယ်မျိုးဆက်တွေ အကုန်လုံးပါဝင်ယှဥ်ပြိုင်နိုင်တယ်"

"ဒါ့အပြင် ငါ့တို့ရှန်ရှန့်ကျုံဂိုဏ်းက ပါရမီရော ကျင့်ကြံဆင့်ကိုရော မကြည့်ဘူး... ဇွဲလုံ့လနဲ့ သဘော ပေါက် နားလည်နိုင်စွမ်းကိုပဲ ကြည့်တယ် ၊ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုရင် မကျင့်ကြံနိုင်တဲ့ အမှိုက်တစ်ကောင်ဆိုရင်တောင် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခွင့်ရှိတယ်လို့ ကြေငြာလိုက်ပါလေ.."

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်.."

ကျန်းစန်ဖုန်းသည် လေးစားရိုသေစွာ ဂါရဝပြုလိုက်ပြီး ပြောဆိုလိုက်သည်။ ထိုစကားများကို ပြောဆိုလိုက်ပြီးနောက် ကျန်းစန်ဖုန်းဟာ ချက်ချင်းပဲ ထွက်ခွာသွားတော့သည်။

"စနစ်... ဂိုဏ်းအမှတ်သုံးသန်းအသုံးပြုပြီး ထီဆုတွေ ကံစမ်းမယ် ၊ ရလာတဲ့ ကျင့်ကြံဆင့်တွေနဲ့ ဂိုဏ်းအကြီးအကဲတွေ အပါအဝင် ဒီဂိုဏ်းချုပ်ကို ကောင်း ချီးပေးပါလေ. ၊ အရှိန်အဝါတွေကို ဖုံးကွယ်မယ်" ကျန်းစန်ဖုန်း၏ ထွက်ခွာသွားသော ကျောပြင်ကို ငေးစိုက်ကြည့်ရင်း ဝမ်ဖုန်း၏ မျက်လုံးအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာတီးတိုးပြောဆိုလိုက်သည်။

"ဒင်... ကျင့်ကြံခြင်းများရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်..."

"ဒင်... ရရှိလာသော ကျင့်ကြံခြင်းများကို ပိုင်ရှင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများအပေါ် ကောင်းချီးပေးပြီးပါပြီ ၊ ပိုင်ရှင်နဲ့ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများဟာ တာအိုအုပ်စိုးသူ အစောပိုင်းအဆင့်ကို ရောက်ရှိသွားသည့်အတွက် ဂုဏ်ပြုပါတယ်"

အေးစက်သော အသံတစ်သံသည် ဝမ်ဖုန်း၏ စိတ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။ သေချာပါပြီ.. ကျင့်ကြံတင့်မြင့်မားလာသည်နှင့်တစ်ပြိင်နက် အတင့်တက်ရန် ပိုမိုခဲယဥ်းလာလေဖြစ်သည်။ သူဟာ ထီအဆောင်သုံးထောင်ကို အသုံးပြုခဲ့ပေသည်။ အနည်းဆုံးတော့ အဆင့်အနည်းငယ် တိုးတက်သွားရမှာ ဖြစ်သော်လည်း ယခုအချိန်မှာတော့ အဆင့်တစ်ဆင့်သာ တိုးတက်ခဲ့ပေသည်။

သို့ပါသော်လည်း သူ့ခန္ဓာကိုယ်အတွင်း၌ အစပျိုးဝင်ရောက်လာသော ခမ်းနားကြီးကျယ်သည့် စွမ်းအင်အရှိန်အဝါများကို ခံစားမိလိုက်သည့်အခါ ဝမ်ဖုန်း၏ မျက်နှာထက်၌ စိတ်ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

ရှေးဟောင်းကမ္ဘာကြီး၏ စည်းမျဥ်းစည်းကမ်းကြောင့်များလား မသိပါပေ ၊ ကျင့်ကြံဆင့်များကို ကောင်းချီးပေးရာတွင်ဝမ်ဖုန်းနှင့် အတူ ထျန်းလန်ဒေသသို့ လိုက်ပါလာခဲ့သော ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများကိုသာ ကောင်းချီးပေးနိုင်ပြီး ရှေးဟောင်းကမ္ဘာကြီးတွင် ကျန်ရစ်ခဲ့သော ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများအပေါ်ကိုတော့ ကောင်းချီးဟာ မသက်ရောက်ခဲ့ပေ။

All Chapters