← Chapters

အုပ်စိုးသူအရှင် ရှောင်းရွှမ်။

Vol. 17 Ch. 238

အုပ်စိုးသူအရှင် ရှောင်းရွှမ်။

Vol. 17 Ch. 238

ရှန်ရှန့်ကျုံဂိုဏ်း၏ အချောအလှလေးများမှ တစ်ယောက်ဖြစ်သော ယောင်ယွဲ့၏မျက်နှာသည် ဂိုဏ်းချုပ်ကတော်ထက် တစ်ဆင့်သာနှိမ့်ကျသည်။ သူမ၏ လှပသောမျက်နှာလေးကတောင် သဘာဝပုံရိပ်ယောင်ဖြစ်နေသည်။

၁နာရီတိတိ ကြာမြင့်သွားခဲ့သည်။ လူငယ်မျိိုးဆက် ၁၃၀၀လောက်ကသာ ယောင်ယွဲ့၏ ပုံရိပ်ယောင်ကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ပုံရိပ်ယောင်ပြီးဆုံးသွားသည့်အခါ အဆိုပါလူငယ်မျိုးဆက်လေးများသည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည်။ သူတို့၏ ကျောပြင်၌ ချွေးအေးများထွက်နေပြီး အဝတ်အစားများကတောင် စိုရွှဲနေပြီဖြစ်သည်။

" ဂုဏ်ယူပါတယ်။ မင်းတို့က စမ်းသပ်မှုကြီး ၃ခုက်ို ဖြတ်ကျော်နိုင်သွားကြပြီ။ အခုချိန်ကစပြီး မင်းတို့အားလုံးက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းသားတွေပဲ။ "

ကျန်းစန်ဖုန်းသည် စမ်းသပ်မှုကို အောင်မြင်ခဲ့ကြသော လူငယ်မျိိုးဆက်လေးများကို ဝေ့ဝဲကြည့်ကာ ကျယ်လောင်သော အသံဖြင့်ပြောဆိုလိုက်သည်။

" ကျေးဇူးတင်ပါတယ် အကြီးအကဲ "

" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် "

စမ်းသပ်မှုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သော လူငယ်လေးများက ဂါရဝပြုလျက်ပြောဆိုလိုက်သည်။ ထိုလူငယ်လေးများထဲတွင် ချစ်စဖွယ်ကောင်းသည့် အပြစ်ကင်းစင်သော အမူအရာနှင့် မိန်းမငယ်လေးတစ်ယောက်လည်း ပါဝင်နေခဲ့သည်။

" ဂိုဏ်းသေးသေးလေးက ဂိုဏ်းသေးသေးလေးပါပဲကွာ။ လူရွေးတာတောင် အမှိုက်တွေတဲ့လား။ "

ဤအချိန်မှာပဲ ရှန်ရှန့်ကျုံဂိုဏ်း တခွင်လုံး၌ ကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့သည်။ ယင်းနောက် လေထုထဲမှ လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုသူမှာ ရှောင်းမျိုးနွယ်မှ သက်လတ်ပိုင်းအမျိုးသားပဲ ဖြစ်သည်။

ထိုသူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး ဝမ်ဖုန်းနှင့် အခြားသူများကို အထင်အမြင်သေးစွာ ငုံ့ကြည့် နေလေသည်။ သူထံမှ မောက်မာသောအရှိန်အဝါများ အဆက်မပြတ်ထုတ်လွှတ်လျက်ရှိသည်။

" ဘယ်သူလဲ? "

ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။ ထို့နောက် သူသည်လည်း လေထုထဲ ပျံတက်လိုက်ပြီး လာရောက်ပြသာနာရှာသော သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာချင်းဆိုင်၌ မတ်တပ်ရပ်နေလိုက်သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများစွာသည်လည်း ဝမ်ဖုန်း၏ အနောက်၌ တစတစထွက်ပေါ်လာခဲ့ကြကာ ရှောင်းမိသားစုမှ လူကြီးကို အေးစက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။ ဓားတစ်ချောင်းဆွဲထုတ်လိုက်သလိုမျိုး တိုက်ပွဲ၏ အရှိန်အဝါများသည် ရှန်ရှန့်ကျုံဂိုဏ်း တခွင်လုံး၌ ပျံ့နှံ့သွားခဲ့သည်။

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ လူငယ်မျိုးဆက်လေးများ၏ အမူအရာများသည် ပြောင်းလဲသွားပြီး အလျင်အမြန်ပုန်းခိုလိုက်ကြသည်။ သူတို့ဟာ ကတောက်ကစဖြစ်နေကြသော ဝမ်ဖုန်းနှင့်အခြားသူများကို အံ့အားသင့်နေသော အမူအရာများဖြင့် မော့ကြည့်နေကြသည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအခြေအနေဖြင့် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို လာရောက်ပြသာနာရှာဝံ့သူ ပေါ်ထွက်လာလိမ့်မည်ဟု သူတို့လုံးဝတွေးထင်မထားခဲ့ကြပါ။

" စိတ်ဝင်စားစရာပဲ။ ရှောင်းမျိုးနွယ်မှ လူက ဒီနေရာလေးကို တကယ်ပဲ ရောက်လာတာကိုး။ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်ကို ရန်စထားလို့များလား။ "

လူငယ်ပါရမီရှင်လေးများ၏ ကြားထဲတွင်ရှိနေသော မိန်းမငယ်လေးသည် သက်လတ်ပိုင်းအမျိုးသားကြီးကို စိတ်ဝင်စားနေသောအမူအရာများဖြင့် မော့ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

" ရှောင်းမျိုးနွယ်ကို အာခံခဲ့တယ်ဆိုတော့ ဒီ ရှန်ရှန့်ကျုံဂိုဏ်းတော့ သွားပြီပဲ။ သေစမ်းကွာ။ ဒီဧကရီက ဂိုဏ်းလေးတစ်ဂိုဏ်းရှာဖွေပြီး ပြန်လည်ဝင်စားခြင်းကပ်ဘေးကို အေးအေးဆေးဆေး ဖြတ်ကျော်ချင်ရုံပါပဲ။ ဘာလို့ဒီလောက်တောင် ကံဆိုးရတာလဲ။ "

မိန်းမငယ်လေးသည် ဒေါသတကြီး ပြောဆ်ိုလိုက်ပြီး သက်လတ်ပိုင်းအမျိုးသားကြီးကို စိုက်ကြည့်နေသည်။ ထိုနောက် သူမဟာ သက်လတ်ပိုင်းအမျိုးသားကြီး၏ ပုံရိပ်ကို စွဲထင်အောင် မှတ်လိုက်လေသည်။ သူမသာ ပြန်လည်ဝင်စားခြင်းကပ်ဘေးကို ဖြတ်ကျော်ပြီးပါက ရှောင်းမိသားစု အကြီးအကဲဆီသွားပြီး စကားကောင်းကောင်းပြောရမည်ဖြစ်သည်။

" စနစ်၊ ဒီလူကို စစ်ဆေးလိုက်။ ဝမ်ဖုန်းသည် သက်လတ်ပိုင်းအမျိုးသားကို စူးစိုက်ကြည့်ပြီး လျှို့ဝှက်စွာပြောဆ်ိုလိုက်သည်။ "

ဤအချိန်မှာပဲ ဝမ်ဖုန်းနှင့် အခြားသူများကို အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ကြည့်နေသော သက်လတ်ပိုင်းအမျိုးသားကြီးသည် ဝမ်ဖုန်း၏ မေးခွန်းကို ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။ ဝမ်ဖုန်းတို့ကို စကားတစ်ခွန်းသာပြောဆိုပါက သူအရှက်ရသွားမှာကို စိုးရိမ်နေသည့်အလားပင်။

" ဒင်၊ ဂိုဏ်းအမှတ်တစ်သိန်းကို စစ်ဆေးရန် အလိုအလျောက်အသုံးပြုလိုက်ပါပြီ။ "

" ဒီလူရဲ့နာမည်က ရှောင်းရွှမ်ပါ။ သူက ထျန်းလန်အလယ်ပိုင်းဒေသ ရှေးဟောင်းရှောင်းမျိုးနွယ်စုရဲ့ အကြီးအကဲဖြစ်ပြီး သူရဲ့ကျင့်ကြံဆင့်က တာအိုအုပ်စိုးသူအထွတ်အထိပ်အဆင့်မှာပါ။ သူဒီနေရာကို ရောက်လာရတဲ့အကြောင်းအရင်းက ကျိုးပျက်ကောင်းကင်မြို့က ရှောင်းမိသားစု ပျက်စီးသွားလို့ပါပဲ။ "

" ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားရှောင်းယွင်ဖုန်းက လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျိုးပျက်ကောင်းကင်မြို့ကရှောင်းမိသားစုဆီသွားပြီး ရှောင်းမိသားစုရဲ့ လူတိုင်းကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ရှောင်းယွင်ဖုန်းက သူ့မိသားစုက်ို ဂရုစိုက်နေသေးပြီး ကျိုးပျက်ကောင်းကင်မြို့က ရှောင်းမိသားစုကို မသတ်ဖြတ်ခဲ့ပါဘူး။ ရှောင်းမိသားစုအတွင်းက လူတွေရဲ့ ကျင့်ကြံဆင့်ကို ပဲ ဖျက်စီးခဲ့ပါတယ်။ "

" ဒါကြောင့်မလို့ ကျိုးပျက်ကောင်းကင်မြို့က ရှောင်းမိသားစုက အရှက်ရသွားပြီး ရှောင်းယွင်ဖုန်းက ရှောင်းမိသားစုကို ဖျက်စီးခဲ့ကြောင်း၊ ဒီလိုဖျက်စီးဖို့လဲ ရှန်ရှန့်ကျုံဂိုဏ်းက အားပေးလှုံ့ဆော်ခဲ့တာဖြစ်ကြောင်း ထျန်းလန်အလယ်ပိုင်းဒေသက ရှောင်းမိသားစုဆီ လီဆယ် သတင်းလျှောက်တင်ခဲ့တာပါ။ "

" ဒီသတင်းကို ကြားတော့ အဓိကရှောင်းမိသားစုကြီးက အရမ်းကိုဒေါသထွက်သွားပြီး အကြီးအကဲရှောင်းရွှမ်ကို စေလွှတ်ခဲ့တာပါ။ အကြီးအကဲရှောင်းရွှမ်ရဲ့ရည်ရွယ်ချက်ကတော့ ရှောင်းယွင်ဖုန်းကို ပြန်ခေါ်သွားဖို့နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဥပမာအနေနဲ့ ဖျက်စီးပစ်ဖို့ပါပဲ။ "

သူ့စိတ်အတွင်းအေးစက်စက် အသံထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်း၏ အမူအရာများမှာ အေးစက်သွားလေသည်။ သူဟာ မြောက်ပိုင်းတစ္ဆေဂိုဏ်းမှ လူများ ရှောင်းမိသားစု အကြောင်းပြောခဲ့ဖူးတာကို တစ်ကြိမ်တခါမျှ ကြားခဲ့ဖူးလေသည်။ သူသည် ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ မောက်မာခက်ထန်သော စိတ်သဘောကို သိရှိခဲ့သည်။ သို့ပါသော်လည်း အရင်က နက်နက်ရှိုင်းရှိုင်းမခံစားဖူးခဲ့ရပေ။ သို့ပါသော်လည်း လက်ရှိအချိန်မှာတော့ ဝမ်ဖုန်းသည် အဆိုပါရှေးဟောင်းမျိုးနွယ်စုကြီးများ အဘယ်မျှလောက် မောက်မာသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရပြီးဖြစ်သည်။

အကြောင်းအရင်းကဘာပဲဖြစ်ပါစေ။ တစ်စုံတစ်ယောက်ကသာ သူတို့ကို ရန်စမိပါက ထိုသူမှာ သေရမှာပဲဖြစ်သည်။

ဝမ်ဖုန်းသည် ကျိုးပျက်ကောင်းကင်မြို့မှ ရှောင်းမိသားစု၏ ပျက်းစီးခြင်းအတွက် သနားကရုဏာဖြစ်မိခြင်းမရှိပါပေ။ သူသည် ရှောင်းယွင်ဖုန်းကိုသာ အနည်းငယ်စိတ်ပျက်မိပါသည်။

ကျိုးပျက်ကောင်းကင်မြို့ရှိ ရှောင်းမိသားစုတွင် အေးစက်သော နှလုံးသားရှိပေသည်။ ထိုသူတွေ သေဆုံးသွားရင်တောင် သနားကြင်နာစရာမဟုတ်ပေ။ ရှောင်းယွင်ဖုန်း၏ ကြင်နာတတ်သော နှလုံးသားက ပိုမိုများပြားသော ရန်သူများကိုသာ ဆွဲဆောင်ခဲ့လေသည်။

ဟုတ်ပါသည်။ ဝမ်ဖုန်းသည် ထိတ်ထိတ်ပြာပြာဖြစ်ခြင်းတော့ မရှိပါပေ။ ထိုအစားသူသည် ရှောင်းရွှမ်ကို လှောင်ပြောင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာပြောဆိုလိုက်သည်။

" ရှောင်းမျိုးနွယ်စုက အကြီးအကဲ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကိုလာပြီး ပြသာနာရှာရဲတယ်ပေါ့လေ။ တကယ်ကို အသက်မရှင်ချင်တော့ဘူးလား။ "

" အမ် "

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ ရှောင်းရွှမ်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူဟာ ဒေါသဖြစ်ရမည့်အစား ဝမ်ဖုန်းကို အံ့အားသင့်နေသောအမူအရာဖြင့် စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

" မင်းက ဒီအရှင်ကို သိတယ်လား။ "

သူ၏ အဆင့်အတန်းကို ကျိုးပျက်ကောင်းကင်မြို့ရှိ ရှောင်းမိသားစုခွဲကတောင် ရှင်းရှင်းလင်းလင်းသိနားလည်ထားခြင်း မရှိပါပေ။ ဒီပုရွတ်ဆိတ်လေးက ရှင်းရှင်းလင်းလင်း သိသတဲ့လား။

" ရှောင်းရွှမ် ၊ ရှောင်းမျိုးနွယ်ရဲ့ အကြီးအကဲ တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့် "

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး ပေါ့ပါးသော လေသံဖြင့် ပြောဆ်ိုလိုက်သည်။

ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ ရှောင်းရွှမ် နှင့် လူငယ်မျိုးဆက်များအကြား မတ်တပ်ရပ်နေသော မိန်းမငယ်လေး၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာတစ်ခုဖြစ်ပေါ်လာပြီး ဝမ်ဖုန်းကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။

" မင်းတို့ကဘယ်သူလ့ဲ။ ထျန်းလန်အလယ်ပိုင်းဒေသက အဓိကအင်အားကြီးဂိုဏ်းတစ်ခုရဲ့ ဂ်ိုဏ်းခွဲတစ်ခုများလား။ "

ရှောင်းရွှမ်သည် မျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်ထွေးနေသော လေသံဖြင့် ပြောဆိုလိုက်သည်။

ရှောင်းရွှမ်း၏ နှလုံးသားသည် တုန်လှုပ်သွားပြီဖြစ်သည်။ သူသည် ယခင်ကသေသေချာချာ ဂရုစိုက်ကြည့်ရှုခြင်းမရှိသော်လည်း ယခုအချိန်မှာတော့ ဝမ်ဖုန်းနှင့် အခြားသူများသည် တာအိုအုပ်စိုးသူ အစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ထိုကဲ့သို့သော စွမ်းအားရှင်များသည် ထျန်းလန်မြောက်ပိုင်းဒေသလို တောကြိုအုံကြားတွင် ထွက်ပေါ်မလာသင့်ပေ။

ဝမ်ဖုန်းနှင့်အခြားသူများသည် တာအိုအုပ်စိုးသူအစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သော်လည်း သူတို့ဟာ သူ့အတွက်တော့ ပုရွတ်ဆိတ်များသာဖြစ်နေဆဲပင်။ သို့ပါသော်လည်း ဤအချက်က ဝမ်ဖုန်းနှင့်အခြားသူများတွင် သာမာန်မဟုတ်သော နောက်ခံတစ်ခုရှိကြောင်း သက်သေပြနေသည်။ ဒီလိုမှမဟုတ်ရင် ဒီလောက်ကျင့်ကြံဆင့်ကို ရဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ထျန်းလန်အလယ်ပိုင်းဒေသရှိ ဂိုဏ်းကြီးတစ်ခုခုမှ ဂိုဏ်းခွဲတစ်ခုခု ဒါမှမဟုတ် ရှေးဟောင်းမျိုးနွယ်စုကြီး၏ အခွဲတစ်ခုသာ မဟုတ်ရင် ဒီလို စွမ်းအားစုမျ်ိုးသည် ထျန်းလန်ဒေသမြောက်ပိုင်း၌ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။

" ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဂိုဏ်းခွဲအဖြစ်ဆက်ဆံနိုင်တဲ့အင်အားစု ကမ္ဘာမှာ မရှိသေးဘူး။ "

ဝမ်ဖုန်းသည် ရှောင်းရွှမ်ကို စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ သူ၏အသံမှာ ပေါ့ပါးတိုးညင်းသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းတခွင်၌ ပဲ့တင်ထပ်သွားလေသည်။

ဝမ်ဖုန်း၏ သန်မာသော ယုံကြည်မှု စိတ်ထားက ရှန်ရှန့်ကျုံဂိုဏ်းကို အသစ်ဝင်လာသည့် လူငယ်မျိုးဆက်လေးများ၏ နှလုံးသားကို တုန်ခါစေခဲ့သည်။ သူတို့သည် ဝမ်ဖုန်းကို လေးစားအားကျသော မျက်ဝန်းများဖြင့် စိုက်ကြည့်မိလိုက်ကြသည်။

ဒါက သူတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ!

သန်မာပြီး ယုံကြည်မှုရှိတယ်။ သူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂုဏ်သရေပါပဲလေ!

အဆိုပါတပည့်လေးများသည် တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့်ဆိုတာ ဘာမှန်းမသိကြပါပေ။ သို့ပါသော်လည်း ရှောင်းရွှမ်အကြောင်း ဝမ်ဖုန်းပြောပြသည်ကို ကြားလိုက်ရသည့်အခါ ယဲ့ရှန်းအိမ်တော်မှ အကြီးအကဲစုချင်းတို့သည် မျက်မှောင်ကြုတ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။

ဒီလူမှာ ထျန်းလန်အလယ်ပိုင်းဒေသရှိ ရှေးဟောင်းရှောင်းမျိုးနွယ်စုမှ အကြီးအကဲဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူရဲ့ကျင့်ကြံဆင့်ကလည်း တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို ရောက်နေသည်။

ဤသည်မှာ တာအိုအုပ်စိုးသူအထွတ်အထိပ်အဆင့် ဖြစ်သည်။ ထိုသို့သော လူမျိုးသည် ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးကို စိစိညက်ညက်ဖြစ်အောင် ခြေမွနိုင်စွမ်းရှိပါပေသည်။

စုချင်းနှင့် အခြားသူများကို ပိုမို၍ ထိတ်လန့်သွားစေသည်မှာ ထိုကဲ့သို့သော တည်ရှိမှုကြီးကို ရင်ဆိုင်နေရသည်တွင်သော ဝမ်ဖုန်းသည် ထူးမခြားနားရှိနေခဲ့ပြီး လှောင်တောင်လှောင်နေဆဲဖြစ်သည်။

ဤအချိန်တွင် သူတို့သည် စိတ်ပျက်အားလျော့နေ၍သာမဟုတ်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်ပြေးလွတ်မြောက်ချင်နေကြပြီဖြစ်သည်။ တာအိုအုပ်စိုးသူအထွတ်အထိပ်အဆင့် တစ်ယောက်ကို ရန်စခြင်း၏ အကျ်ိုဆက်ကို ထျန်းလန်ဒေသမြောက်ပိုင်းရှိ ဘယ်သူကမှ ရင်ဆိုင်လက်ခံနိုင်မည်မဟုတ်ပေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို အကြီးအကျယ်ယုံကြည်သော စုချင်းကတောင် လက်ရှိအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း ပျက်စီးတော့မည်ဟု တွေးထင်လိုက်မိသည်။

All Chapters