← Chapters

အသက်ရှင်နေဆဲ

Vol. 47 Ch. 695

အသက်ရှင်နေဆဲ

Vol. 47 Ch. 695

နှစ်ပေါင်းသောင်းချီကြာပြီးနောက် ဖွဲ့တည်လာခဲ့သော နဂါးကြောကို ဖက်တီးလေး၊ ဆူဇီမိုနှင့် လင်းရွှမ်ကျီတို့က တဖြည်းဖြည်း ခွဲဝေမျှယူလိုက်ကြ၏။

အုတ်ဂူဂိုဏ်း၏ အဝါရောင်ငရဲမြစ်ကားချပ်၏ အကူအညီဖြင့် ဖက်တီးလေးသည် ၅၀% လက်ခံရရှိခဲ့၏။

ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်၏ အကူအညီဖြင့် ဆူဇီမိုက ၄၀% ကို ရရှိနိုင်ခဲ့၏။

လင်းရွှမ်ကျီက ပဟေဠိနန်းတော်၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်ပြီး အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အဆုံးသတ်မှာ သူက ၁၀% သာ ရရှိနိုင်ခဲ့လေသည်။

မော်တယ်လောကတွင် နဂါးကြောတစ်ခုကို ဖမ်းမိနိုင်သော မည်သည့် ပြည်နယ်ခွဲမဆို လျှင်မြန်စွာ တိုးတက်ထွန်းကာ၍ ကမ္ဘာ၏ တစ်စိတ်တစ်ဒေသကိုပင် အုပ်စိုးနိုင်သော အင်ပါယာတစ်ခုအဖြစ် ဆင့်ကဲ့ တိုးတက်ပြောင်းလဲသွားနိုင်လေသည်။

ကံကြမ္မာသည် အကောင်အထည်မရှိသော စိတ္တဇနာမ်တစ်ခုသာဖြစ်ပြီး အဲ့ဒါကို ရရှိပြီးနောက် လူတစ်ယောက်၏ ခွန်အားက ချက်ချင်းလက်ငင်း တိုးပွားလာမှာ မဟုတ်ပေ။ သို့သော်လည်း အဲ့ဒါက ကျင့်ကြံသူ၏ အနာဂတ်အပေါ် ကြီးမားစွာ သက်ရောက်မှု ရှိလာပေလိမ့်မည်။

ကံကြမ္မာက ကြီကျယ်လေလေ.. ပိုမိုကြီးမားသည့် အခွင့်အလမ်းများနှင့် တွေ့ကြုံရလေလေ ဖြစ်ပေလိမ့်မည်။

တစ်ကယ်ဆို အဲ့ဒါက ကပ်ဆိုးများကိုပင် ကောင်းချီးမင်္ဂလာအဖြစ် ပြောင်းပြန်လှန်ပြီး လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လေသည်။

လင်းရွှမ်ကျီက သူ့လက်သီးကို တင်းတင်းဆုပ်ပြီး ဆူဇီမိုကို မချင့်မရဲနှင့် စိုက်ကြည့်လိုက်၏။ သူက အရမ်းကို ဒေါပွနေပြီး သွားကြိတ်သံများပင် တကျိကျိ မြည်နေ၏။

“ဆူဇီမို.. မင်းက တစ်ကယ့်ကို ဂြိုလ်ကောင်ပဲ”

ဆူဇီမိုက အပြစ်ကင်းစင်သည့် အမူအယာဖြင့် ပုခုံးတွန့်ပြလိုက်၏။

မြေခွေးလေးက ရယ်မောလိုက်၏။

“ဆရာလင်း.. နဂါးကြော ဖမ်းယူနိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် ယူလို့ရတယ်.. အဲ့စကားအတွက် နောင်တလုံးဝ မရဘူးလို့ ရှင်ကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား”

“အေးအေး ဟုတ်ပါတယ်.. ငါ နောင်တ မရပါဘူး.. ငါနောင်တ မရပါဘူး”

လင်းရွှမ်ကျီက အနည်းငယ် မောဟိုက်နေပြီး မှုန်မှိုင်းစွာနှင့် ပြောလိုက်၏။

“ဒါပေမယ့်.. ငါတော်တော်တော့ မနာလိုမုန်းတီးသွားတယ်”

ဘေးကနေ အားရအူမြူးစွာနှင့် စောင့်ကြည့်နေကြသော မျောက်နှင့် အခြားသူများက အားပါးတရ ရယ်ချလိုက်ကြ၏။

သူတို့အားလုံးအနေနဲ့.. ဆူဇီမိုသာလျှင် နဂါးကြောကို ရစေချင်ကြလေသည်။

“မင်းနဲ့ ပက်ပင်းတိုးတဲ့အခါတိုင်း ငါအတွက် ဘာကောင်းတာမှ ဖြစ်မလာဘူးဆိုတာ ငါကောင်းကောင်းသဘောပေါက်သွားပြီ”

လင်းရွှမ်ကျီသည် နဂါးအရိုးတောင်ကြားမှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ကြုံတွေခဲ့ပုံကို ပြန်တွေးမိသွားပြီး ပို၍ပင် ဒေါပွလာ၏။

ယခင်တစ်ခေါက်တုန်းကလည်း ယခုလိုပင်။

ထိုနဂါးဥက တစ်ကယ်ဆို သူ့အတွက် ဖြစ်သင့်ခဲ့၏။

သို့သော်လည်း အဲ့ဒီပျော့တိပျော့ဖတ်ပုံစံစာပေသမားနှင့် အသုံးမကျသည့် ခွေးတစ်ကောင်က အဲ့ဒါကို စားသောက်သွားခဲ့ကြ၏။

“ချီးပဲကွာ.. ချီး ချီး ချီးပဲ”

လင်းရွှမ်ကျီသည် အတိတ်က အကြောင်းအရာများကို ပြန်တွေးကြည့်ရင်း ပိုပို၍ ဒေါသထွက်လာ၏။

သူက ဆူဇီမိုရှေ့သို့ ပြေးသွားပြီး မနာလိုမုန်းတီးစွာနှင့် မေးလိုက်၏။

“အဲ့ဒီ ခွေးမဲလေးရော ဘယ်မှာလဲ.. သူ ဘယ်ရောက်သွားတာလဲ.. ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ နှစ်ပေါင်းများစွာကြာမှ ငါ သူနဲ့ ပိုပြီး နီးစပ်လာတယ်လို့ ခံစားနေရတယ်”

ဆူဇီမိုက သူ့လက်နှစ်ဖက်ကို ဖြန့်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

“သူက အခု ငါနဲ့ ပါမလာဘူး.. မင်းအစီအစဉ်ကတော့ ထပ်ပြီး လွဲတော့မယ်”

လင်းရွှမ်ကျီက ညဝိညာဉ်ကို ရယူနိုင်ဖို့ တစ်ဖန်ထပ်ပြီး ကြိုးစားချင်နေသည်ဆိုတာကို ဆူဇီမို ပြောနိုင်လေသည်။

“ဘယ်လောက်တောင် ကံဆိုးလိုက်လဲကွာ”

လင်းရွှမ်ကျီသည် ဆူဇီမိုကို မနာလိုဝန်တိုစွာ စိုက်ကြည့်ပြီး အခုချိန်မှာ သူ့ပါးကိုယ်သူ ပြန်ရိုက်ချင်နေမိ၏။

“ဒီနေရာကနေ ထွက်တာနဲ့ ငါတို့ လမ်းခွဲကြမယ်.. နောက်နောင်ကျရင် ငါ မင်းနဲ့ ဝေးဝေးရှောင်တော့မယ်”

“ဒီကမ္ဘာမှာ အရာရာတိုင်းက သူတို့ရဲ့ တန်ပြန်ဝိပါက်တွေ ရှိကြတယ်ဆိုတာ ငါယုံသွားပြီ.. မင်းက ငါ့ရဲ့ ဂြိုလ်ဆိုးဖြစ်ဖို့ မွေးဖွားလာတဲ့ကောင်ပဲ”

ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်၍ လင်းရွှမ်ကျီ၏ ပုခုံးကို ပုတ်ပြီး အတည့်အတံ့လေသံလုပ်ကာ ပြောလိုက်၏။

“အဲ့ဒီ ဂြိုလ်ဆိုးတွေ ဘာတွေအကြောင်းကို ထပ်မပြောကြရအောင်ဗျာ.. အဲ့ဒါက ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်”

“ဟွန်း”

လင်းရွှမ်ကျီက မျက်လုံးစွေကြည့်လိုက်၏။

ထိုအချိန်မှာပင် သက်ပြင်းချသံတစ်သံက လေထုထဲသို့ ဖြတ်သန်းလာ၏။

နောက်ခဏ၌ နန်းတော်တစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

လူတိုင်းသည် သူတို့၏ ခြေလက်များကို မမြင်ရသော အားတစ်ခုက တုတ်နှောင်လိုက်သည့်အလား နေရာမှာပင် မလှုပ်မယှက် ရပ်နေမိကြ၏။ သူတို့၏ အမူအယာများက တောင့်တင်းသွားပြီး သူတို့၏ မျက်လုံးများထဲသို့ ဝင်ရောက်လာသည်ကား ရှုပ်ထွေးခြင်း၊ အံ့အားသင့်ခြင်းနှင့် ကြောက်ရွံ့ခြင်း.....

ခပ်သဲ့သဲ့ ဖိနှိမ်ခြင်းအော်ရာတစ်ခုက သူတို့အပေါ် လွှမ်းခြုံလာ၏။

ထိုဖိအားအောက်တွင် သူတို့အားလုံးက အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်များကဲ့သို့ ခံစားလာရလေသည်။

ဤနန်းတော်ထဲမှာ နောက်ထပ် တည်ရှိမှုတစ်ခုက ရှိနေ၏။

ထိုတည်ရှိမှုက လက်ရှိလူတိုင်းထက် များစွာများစွာ ပို၍ စွမ်းအားကြီးမားလေသည်။

မကောင်းဆိုးဝါးပြေက တိုက်ခတ်လာ၏။

နန်းတော်တစ်ခုလုံးရှိ အပူချိန်က ကျဆင်းလာလေသည်။

လူတိုင်းသည် ခေါင်းမွေးများ ထောင်ထပြီး တသိမ့်သိမ့် တုန်ယင်လာကြ၏။

“အ”

မြေခွေးလေးက ထိတ်လန့်၍ သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ဆူဇီမို၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ တဆတ်ဆတ် တုန်ယင်နေ၏။

ယောက်ျားရင့်မာကြီးများ ဖြစ်ကြသော စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့တောင်မှ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြလေပြီ။

“ကိုယ်ထင် ပြပေးလို့ ရမလား.. စီနီယာ”

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ မေးမြန်းလိုက်၏။

ထိုတည်ရှိမှုကနေ ဖြာထွက်လာသော အော်ရာက အရမ်းကို ကြောက်စရာ ကောင်းလွန်းနေ၏။

တစ်ကယ်က အဲ့ဒါက သူအပါအဝင်၊ နန်းတော်ထဲရှိ မည်သူကိုမဆို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်လေသည်။

ကြောက်လန့်နေရမည့်အစား ဆူဇီမိုသည် ရှေ့ထွက်ပြီး ထိုတည်ရှိမှုနှင့် တိုက်ရိုက်စကားပြောလိုက်၏။

“ဒီလောက်နှစ်တွေ အများကြီး ကြာသွားပြီးတဲ့နောက်တော့ နောက်ဆုံး လူတချို့က ရောက်လာပြီပေါ့လေ”

ဝမ်းနည်းမှုနှင့် စိတ်ခံစားချက်များ ပြည့်နှက်နေသော အသံက တစ်ဖန် ထွက်ပေါ်လာ၏။

ထိုအသံကို ကြားသောအခါ လူတိုင်းသည် တုန်လှုပ်သွားကြ၏။

ဤအုတ်ဂူထဲမှာ ဤလေသံနှင့် ဤစကားကို ပြောနိုင်သောသူကား တစ်ယောက်တည်းသာလျှင် ရှိနိုင်ကောင်းလေသည်။

လူတိုင်းသည် အသံထွက်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

လျှပ်စီးကန်ရှေ့မှာ ထိုင်နေသော အရိုးစုက မကောင်းဆိုးဝါးဆန်ဆန် ရွေ့လျားလာ၏။

နှစ်ပေါင်းသောင်းချီကြာအောင် မလှုပ်ရှားခဲ့ရသောကြောင့်လား မပြောတတ်.. အရိုးစုက အချိန်မရွေး ပြိုလဲကျသွားတော့မည့်အလား တကျွိကျွိ မြည်နေ၏။

ထို့နောက်ချက်ချင်း.. အားလုံး၏ ရှေ့မှောက်မှာပင် အရိုးစုက မတ်တပ်ထရပ်လာ၏။

ဟင်း..

လူတိုင်းသည် ပင့်သက်ရှိုုက်လိုက်ကြ၏။

ရွှေခြင်္သေ့သည် သားမွေးများ ထောင်ထလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပိုမိုကြီးမားလာသည်ဟု ထင်ရလေသည်။

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများသည်လည်း သူတို့၏ နှလုံးများက သူတို့၏ လည်ချောင်းဝထိ ခုန်တက်လာတော့မည်ကဲ့သို့ ဖြစ်လာလေသည်။

လင်းရွှမ်ကျီက သူ့လက်တစ်ဖက်ကို နောက်ပစ်ထားပြီး သူ့လက်ချောင်းများက လျှင်မြန်စွာ ရွှေ့လျားနေကာ ဗေဒင်တွက်ချက်နေ၏။

ဆူဇီမိုက သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်ပြီး သူက အတော်လေး ဣန္ဒြေရနေဆဲဖြစ်၏။

သူက မသေသေးပေ။

လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီအကြာက အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က အခုအချိန်ထိ အသက်ရှင်နေသေးလေသည်။

အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က မတ်တပ်ထရပ်လိုက်သောအခါ အစက သူ့ကိုယ်ပေါ်မှာ ခြုံထားသော ဝတ်ရုံက ဖုန်မှုန်အဖြစ် ပြောင်းလဲသွားပြီး ပြန့်ကျဲကျသွားလေသည်။ အဲ့ဒါက အချိန်၏ တိုက်စားမှုဒဏ်ကို မခံနိုင်တော့ပေ။

အရိုးစုပေါ်တွင် မည်သည့်အသားမှ မရှိပေ။ သို့သော်လည်း သူ့နဖူးမှ ခပ်ဖျော့ဖျော့ အလင်းစက်တစ်စက်က အသက်ဓါတ်မျှင်မျှင်ကလေးဖြင့် တောက်ပနေ၏။

ကျိ.. ကျိ.. ကျိ..

အရိုးစုက သူ့ခေါင်းကို လှည့်ပြီး ဗလာကျင်းနေသော မျက်လုံးအိမ်ဖြင့် လူတိုင်းကို ထောက်လှမ်းကြည့်ရှုလိုက်၏။ နောက်ဆုံး သူ့အကြည့်က ဆူဇီမိုပေါ်မှာ အတန်အသင့် ကြာသွားပြီးမှ ဖယ်ခွာသွား၏။

ဆူဇီမိုသည် ထူးဆန်းသည့် စိတ်ခံစားချက်တစ်ခုကို ရနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ်မှာ မျက်လုံးများ မရှိသော်လည်း ထိုပုဂ္ဂိုလ်သည် သူ့ကိုကြည့်သော အကြည့်က ထူးခြားနေသည်ဟု ဝိုးတဝါး သူခံစားနေရ၏။ စွမ်းအားကြီးပုဂ္ဂိုလ်က သူ့အပေါ်မှာ မျှော်လင့်ချက်တချို့ ထားနေသလိုပင်။

ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ကို အသုံးချကြည့်လိုက်သောအခါ အုတ်ဂူဂိုဏ်းမှ ဤစွမ်းအားကြီးပုဂ္ဂိုလ်မှာ မည်သည့် ရန်လိုစိတ်မှ မရှိသည်ကို ခံစားလိုက်ရ၏။

တစ်ကယ်တော့ ထိုအဆင့်ရှိ ပညာရှင်တစ်ယောက်အနေနှင့်.. သူက လက်ရှိလူတိုင်းကို သတ်ဖြတ်ချင်သည်ဆိုလျှင်တောင် ဆူဇီမို၏ အာရုံခံသတိစိတ်ကနေ ဖုံးကွယ်ထားနိုင်လေသည်။

ဆူဇီမိုသည် ဘေးဘက်ရှိ လင်းရွှမ်ကျီကို လှမ်းကြည့်လိုက်၏။

ထိုအခိုက်အတန့်၌ လင်းရွှမ်ကျီ၏ မျက်လုံးများထဲမှာလည်း ကြောက်လန့်မှုတစ်စုံတစ်ရာကိုမှ သူ မမြင်ရပေ။

ဆူဇီမိုသည် စိတ်သက်သာရာ ရသွား၏။

အရိုးစုက ခြေလှမ်း၍ ဆင်းချလာပြီး ဖက်တီးလေးအနားသို့ တိုးကပ်ကာ သူ့လက်ထဲက အဝါရောင်ငရဲမြစ်ကားချပ်ကို တိတ်တဆိတ် ငေးကြည့်နေ၏။

ဖက်တီးလေးက မျက်ရည်များ ကျလုနီးပါး ကြောက်လန့်နေလေပြီ။

နောက်ခဏ၌ အရိုးစုက သူ့လက်ကို ဆန့်ထုတ်ပြီး အဝါရောင်ငရဲမြစ်ကားချပ်ကို သူ့လက်ညိုးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။

အဲ့ဒါက နှုတ်ဆက်နေခြင်းနှင့် တူလေသည်။

ဖက်တီးလေးက အရိုးစုနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး တခြား မည်သည့်အရာကိုမှ မစဉ်းစားနိုင်တော့ပေ။

သူက အဝါရောင်ငရဲမြစ်ကားချပ်ကို လက်နှစ်ဖက်ဖြင့် ပင့်မြှောက်ပြီး.. အဲ့ဒါကို ကိုင်ထားတာလား ဒါမှမဟုတ် ကမ်းပေးနေတာလား သူ့ကိုယ်သူ မသဲကွဲတော့ပေ။

“စီနီယာ.. ကျတော်က အကြီးအကဲတွေရဲ့ အမိန့်အရ.. အုတ်ဂူဂိုဏ်းရဲ့ ဒီအဆုံးစွန်ရတနာကို ပြန်ယူဖို့ ဒီနေရာကို ရောက်လာရတာပါ”

“စီနီယာအသက်ရှင်နေသေးတယ်ဆိုတာ ကျတော် တစ်ကယ် မသိခဲ့ပါဘူး”

ဖက်တီးလေး၏ အသံက ငိုသံပေါက်လာ၏။

“စီနီယာ.. ကျတော့်ခန္ဓာကိုယ်က အသားပေါပေမယ့်လို့.. သိပ်တော့ အရသာ မရှိပါ....”

သူက လုံးဝကို သတိလက်လွတ် ကြောက်လန့်နေလေပြီ။

“ဖက်တီးလေး”

ဆူဇီမိုက ညင်သာစွာ ဖြတ်ခေါ်လိုက်၏။

ဆူဇီမိုက ဗုဒ္ဓဂိုဏ်းများမှ လျှို့ဝှက်မန္တန်တစ်ခုကို သုံးပြီး ဖက်တီးလေး၏ စိတ်ကို တတ်နိုင်သမျှ ရှင်းလင်းပေးလိုက်၏။

ထိုအခိုက်တွင် ဖက်တီးလေးက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးနေလေပြီ။ သူသာ သတိပြန်ဝင်မလာသေးဘူးဆိုလျှင် ဤစိတ်ဒဏ်ရာကြောင့် သူ၏ အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာ လမ်းမှားကို သွေဖယ်ပြီး သူ့အတွက် အန္တရာယ်ရှိလာနိုင်လေသည်။

သူ၏ ရှိုက်သံက ရပ်တန့်သွားပြီး မျက်လုံးများက ပြူးကျယ်ကာ အနည်းငယ် ငေးကြောင်နေ၏။

“ဖက်တီးလေး.. သတိကပ်စမ်း”

ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။

“ဒီစီနီယာကသာ မင်းကို ထိခိုက်အောင် လုပ်ချင်ရင် သူက ဘာလို့ ဒီလောက် အကြာကြီး စောင့်နေမှာလဲ.. မင်းကို အဝါရောင်ငရဲမြစ်ကားချပ်ကိုတောင် သူက ယူခွင့်ပေးနေစရာ မလိုဘူး”

ထိုစကားကို ကြားမှသာ ဖက်တီးလေးသည် သဘောပေါက် နားလည်လာပြီး အစက ကစုန်ပေါက်နေသော သူ၏ စိတ်ရိုင်းများက တဖြည်းဖြည်း အနည်ထိုင်လာ၏။

အရိုးစုက ဆူဇီမိုကို အလေးအနက် ကြည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters