ဂိုဏ်းကြီးသုံးဂိုဏ်း
Vol. 47 Ch. 698
“တာအိုရောင်းရင်း လမ့်မင်.. ကျုပ်တို့ အခုရောက်နေတာက အုတ်ဂူရှိတယ်ဆိုတဲ့ နေရာလား”
ပိန်ပိန်လှီလှီကျင့်ကြံသူ၏ နောက်ကနေ အမျိုးသားတစ်ယောက်က လျှောက်လှမ်းလာ၏။ သူက မောက်မာသောဟန်ပန်နှင့် ကြောက်စရာကောင်းသော အော်ရာတစ်ခု ရှိပြီး သူ့မျက်လုံးများက လျှပ်စီးကြောင်းများဖြင့် တဖျပ်ဖျပ် လက်နေ၏။
သူ့ခါးမှာတော့ ‘မိုးကြိုးလေပြေ’ဟူသော စာလုံး ရေးထိုးထားသည့် ဂိုဏ်းတံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထား၏။
စကားပြောလိုက်သောသူက အင်မော်တယ်ဂိုဏ်း ကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော မိုးကြိုးလေပြေနန်းတော်၏ အမွေခံတပည့်ဖြစ်သူ ရှုချန် ဖြစ်လေသည်။
ရှုချန်သည် ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်ရောက်လာခဲ့သော မိုးကြိုးလေပြေနန်းတော်တပည့် တစ်ထောင်ကျော်၏ ခေါင်းဆောင်ဆိုလည်း ဟုတ်လေသည်။
ပိန်ပိန်လှီလှီနှင့် ကျင့်ကြံသူကတော့ အုတ်ဂူဂိုဏ်း၏ နောက်ထပ်အမွေခံတပည့်တစ်ယောက်ဖြစ်သည့် လမ့်မင်ဖြစ်လေသည်။
လမ့်မင်က မြေတိုင်းအိမ်မြှောင်တစ်ခုကို ထုတ်ယူပြီး စတင်တွက်ချက်လိုက်၏။ ခဏနေပြီးနောက် သူက ခေါင်းညိတ်လိုက်၏။ ၏
“မှားစရာ မရှိဘူး.. အုတ်ဂူက ဒီနေရာမှာပဲ ရှိရမယ်”
သူက သူ့အောက်ဘက်ရှိ နယ်မြေ၏ ဖွဲ့စည်းပုံဝင်္ကပါကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် သူ့မျက်လုံးများထဲမှာ နားလည်သဘောပေါက်သည့် အရိပ်အယောင်က ပေါ်လာပြီး ခေါင်းညိတ်လိုက်၏။
“ဒီလောက်လျှို့ဝှက်လွန်းနေတာ အံ့ဩစရာ မရှိတော့ပါဘူးလေ.. ဒါက ကြယ်တာရာနဂါးခံတွင်းပဲ”
“ကျုပ်တို့က အုတ်ဂူရဲ့ တည်နေရာကို ရနေပြီဆိုမှတော့ အောက်ဆင်းကြတာပေါ့” ရှုချန်က ပြောလိုက်၏။
“မလိုတော့ပါဘူး”
လမ့်မင်က ခေါင်းခါလိုက်၏။
“နဂါးကြောက ပျက်ပြယ်သွားပြီဆိုတော့.. ဆိုလိုတာက.. တစ်ယောက်ယောက်က ကျုပ်တို့အရင် ရောက်သွားနှင့်ပြီပဲ.. ကျုပ်တို့က အတင်းလိုက်ဝင်စရာ မလိုပါဘူး.. အပြင်ကနေ အသာလေးစောင့်ပြီး သူတို့ယူလာမယ့် ဆုလာဘ်တွေကို ဖမ်းယူလိုက်ရုံပဲပေါ့”
“အဲ့လိုလဲ အလုပ်ဖြစ်တာပဲဟ”
ရှုချန်က ခေါင်းညိတ်၍ သူ့ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး တမင်ရည်ရွယ်ကာ အသံကိုမြှင့် ပြောလိုက်၏။
“ကျုပ်အတွက်တော့ အုတ်ဂူထဲက ရတနာတွေက သိပ်ပြီးတော့ အရေးမကြီးဘူး.. ကျုပ် မဖြစ်မနေ ယူဖို့ ဆုံးဖြတ်ထားတာကတော့ ကျင့်ကြံရေးနည်းစနစ်တစ်ခုပဲ.. အဲ့ဒါအတွက် ဘယ်သူကမှ ကျုပ်နဲ့ မတိုက်ခိုက်ကြဖို့ မျှော်လင့်ပါတယ်”
“အဲ့ဒါက ဒဏ္ဍာရီလာ ခရမ်းရောင်မိုးကြိုးကျမ်းမလား”
သူတို့နှစ်ယောက်၏ နောက်မှ အသံတစ်သံက ထွက်ပေါ်လာ၏။
သေခြင်းအော်ရာနှင့် ယောက်ျားတစ်ယောက်က သူတို့နှစ်ယောက်ဘေးမှာ ပေါ်လာ၏။
ထိုလူ၏ မျက်နှာက ဖြူဆုတ်၍ အရမ်းကို အရုပ်ဆိုးပြီး သူ့နှုတ်ခမ်းများက ခရမ်းရောင်သန်းနေ၏။ သူက ငရဲကနေ တက်လာသော ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့် တူနေလေသည်။
သူ့နောက်မှာတော့ ပေ ၃၀ တိတိ မြင့်မားသော ဘီလူးကြီးတစ်ကောင် ပါလာလေသည်။
ထိုဘီလူးကို နဖူးမှ ဖြေဖျားထိ ငွေဖြူရောင်သားရေတစ်ခုနှင့် တင်းကျပ်စွာ ပတ်ခြုံထားပြီး သူ၏ နှာခေါင်းနှင့် ပါးစပ်ပေါက်များကိုပါ ဖုံးအုပ်ထားလေသည်။
ထိုသို့ဆိုလျှင်တောင် ထိုဘီလူးထံမှ ပုပ်အက်အက် အနံ့ဖျော့ဖျော့က ဖြာထွက်နေဆဲဖြစ်၏။
အရုပ်ဆိုးသည့်လူကတော့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ အမွေခံတပည့် စစ်ထူရှစ် ဖြစ်လေသည်။
သူ့နောက်ရှိဘီလူးက သူ၏ တိုက်ပွဲဝင်အလောင်းကောင်ဖြစ်၏။
စစ်ထူရှစ်က ပြောလိုက်၏။
“ကျုပ် မသိဘူးလို့များ ခင်ဗျားက ထင်နေလို့လား.. မိုးကြိုးလေပြေနန်းတော်ကနေ ဆင်းသက်လာတဲ့ ကျင့်ကြံရေးနည်းစနစ်တွေမှာ.. ဓမ္မပညာရပ်အတော်များများက သူတို့ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ဘူးဆိုတာ.. ခင်ဗျားတို့တွေမှာ ခရမ်းရောင်မိုးကြိုးကျမ်း လစ်ဟာနေလို့ပဲလေ”
ရှုချန်၏ မျက်လုံးထဲမှာ အထင်သေးမှုအရိပ်က ဖျပ်ကနဲ ပေါ်လာပြီး သူက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
“ကျုပ် သေချာ ပြောရဲတယ်.. ခင်ဗျားက ဒီနေရာကို လက်စားချေဖို့သက်သက်အတွက် ရောက်လာတာ မဟုတ်ဘူး.. ဟုတ်တယ်မလား ညီကိုစစ်ထူ”
“ရုပ်သေးဂိုဏ်းက အဲ့ဒီကျင့်ကြံသူက အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းက တပည့်တွေကို သတ်ဖြတ်ပစ်ခဲ့တယ်.. ကျုပ် သေချာပေါက် သူ့ကို လက်စားချေရလိမ့်မယ်”
စစ်ထူရှစ်က အေးစက်စွာ ဆက်ပြောလိုက်၏။
“ဒီအုတ်ဂူဂိုဏ်းရဲ့ ရတနာတွေထဲက ကျုပ်အတွက် ဝေစုတစ်ခုလိုချင်တာလဲ ပါတာပေါ့လေ”
“တာအိုရောင်းရင်းလမ့်မင်.. ခင်ဗျားကို ကူညီဖို့အတွက် ကျုပ်က ကျုပ်ဂိုဏ်းက တပည့်တစ်ရာကျော်နဲ့အတူ ဒီနေရာကို လိုက်လာခဲ့ရတာ.. ခင်ဗျား ကျုပ်အတွက် ရတနာဝေစုတစ်ခု သေချာပေါက် ပေးရလိမ့်မယ်”
ကြော့မော့၍ သာမန်ထက် ထူးကဲသော သွင်ပြင်ရှိပြီး အဖြူရောင်ဝတ်ရုံကို ခြုံထားသော နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ထွက်ပေါ်လာ၏။
သူကတော့ အင်မော်တယ်ကိုးဂိုဏ်းထဲမှ နောက်ထပ်တစ်ဂိုဏ်းဖြစ်သည့် ကစင်ကလျားအမြုတေဂိုဏ်း၏ အမွေခံတပည့်တစ်ယောက် နီဟောက် ဖြစ်လေသည်။
ဒီတစ်ခေါက် ကစင်ကလျားအမြုတေဂိုဏ်း၏ ခေါင်းဆောင်က နံပါတ်တစ်ရွှေအမြုတေဟု အများက အသိအမှတ်ပြုထားသည့် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးရှိ သီယင်းပင် ဖြစ်လေသည်။
သီယင်း၏ ဂုဏ်သတင်းနှင့် နှိုင်းယှဉ်ပါက နီယောက်ကို သေချာပေါက် ကျော်ကြည့်ကြပေလိမ့်မည်။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ နီဟောက်က အရမ်းကို သန်မာပြီး ကစင်ကလျားအမြုတေဂိုဏ်း၏ အမွေအနှစ်အမြုတေနယ်မြေကို ကျင့်ကြံထားလေသည်။ သီယင်းလိုမျိုး ပြန်ဝင်စားမွန်းစတားကြောင့်သာ မဟုတ်လျှင် သူက ကစင်ကလျားအမြုတေဂိုဏ်းတပည့်များ၏ ခေါင်းဆောင် ဖြစ်နေပေလိမ့်မည်။
လမ့်မင်က ခပ်သဲ့သဲ့ ပြုံးလိုက်၏။
“အားလုံးပဲ မပူကြပါနဲ့.. ကျုပ်က အုတ်ဂူဂိုဏ်းရဲ့ အမွေအနှစ် အဆုံးစွန် ရတနာကိုပဲ လိုချင်တာပါ.. ကျန်တဲ့ရတနာတွေ အားလုံးကို ခင်ဗျားတို့တွေ ခွဲဝေယူကြလို့ ရပါတယ်”
သူက မြေပြင်ကို ထောက်လှမ်းကြည့်ရှုရင်း အခက်အခဲ အတားအဆီးများအားလုံးကို ဖောက်ထွင်းကာ မြင်နေရသည့်အလား အလွန်တရာ ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။
မတော်မဆ တစ်စုံတစ်ရာ ဖြစ်ရတာမျိုး မရှိရလေအောင် သူက မိုးကြိုးလေပြေနန်းတော်နှင့် ကစင်ကလျားအမြုတေဂိုဏ်းဆိုသည့် အင်မော်တယ်ဂိုဏ်းကြီးနှစ်ဂိုဏ်းထံမှ အကူအညီ သွားတောင်းလာခဲ့၏။
လမ်းတွင် မိစ္ဆာဒီဋ္ဌိငါးဝါဒီထဲမှ တစ်ခုဖြစ်သည့် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကလည်း သူတို့နှင့်အတူ ဝင်ရောက် ပေါင်းစည်းလာခဲ့ကြ၏။
ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း၏ နောက်ခံနှင့်ဆိုပါက.. လမ့်မင်သည် အဝါရောင်ငရဲမြစ်ကားချပ်ကို သေချာပေါက် ရယူနိုင်မည်ဟု ယုံကြည်မှု ရှိလာလေသည်။
“ငါ့ရဲ့ ချစ်လှစွာသော ဂျူနီယာညီလေးရေ.. မင်းက အကူအညီတချို့ ရှာနိုင်ခဲ့တယ်လို့ ငါကြားမိပါရဲ့.. မင်းအကူအညီတောင်းခဲ့တာက ဘယ်လိုလူမျိုးတွေများလဲ ကြည့်ရသေးတာပေါ့ကွာ.. ဟဟ”
. . .
အုတ်ဂူတွင်းတွင်..
လင်းရွှမ်ကျီ၊ မျောက်၊ စိတ်ဝိညာဉ်ကျား၊ ရွှေခြင်္သေ့နှင့် ချင်ချင်တို့က လျှပ်စီးကန်ထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီဖြစ်၏။
ဆူဇီမိုကတော့ နောက်ဆုံးမှသာ ထွက်လာခဲ့လေသည်။
တစ်စိတ်တစ်ပိုင်းအနေနှင့် အဲ့ဒါက သူ၏ ကိုယ်ကာယက မိုးကြိုးစွမ်းအား၏ သန့်စင်ဆေးကြောမှုူကို အချိန်ကြာကြာ ပို၍ ခံနိုင်ရည်ရှိသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် သူက ဓါးဝင်္ကပါကို သန့်စင်နေသောကြောင့်လည်း ဖြစ်လေသည်။
ယခုဆို သူ၏ ဓါးဝင်္ကပါက ပြီးပြည့်စုံသွားခဲ့လေပြီ။
ဓါးပျံ ၂၇ လက်က ထိပ်တန်းအဆင့်မှာပင် ရှိနေသေးသော်လည်း သူတို့တစ်လက်ချင်းစီမှာ ခရမ်းရောင်လျှပ်စီးများက ရစ်ခွေနေကြ၏။
ဓါးသွား၏ ထက်ရှမှုအပြင် ယခုဆို သူတို့မှာ မာကြောခက်ထန်မှုနှင့် နတ်ဆိုးများကို ဖိနှိမ်နိုင်သော မိုးကြိုးစွမ်းအား၏ သမာသမတ်ကျမှုကပါ ရှိလာပြီဖြစ်၏။
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“ဖက်တီးလေး.. ဒီနေရာမှာရှိတဲ့ ရတနာတွေကို သိမ်းလိုက်တော့.. ငါတို့ တတ်နိုင်သမျှ မြန်မြန်ထွက်ကြရအောင်.. တစ်ခုခု လွဲမှားနေတယ်လို့ ငါခံစားမိနေတယ်”
“အင်း”
ဖက်တီးလေးက ခေါင်းးညိတ်ပြလိုက်၏။
ယခုအချိန်ထိ သူ့စီနီယာအစ်ကို လမ့်မင်က ပေါ်မလာသေးသည်မှာ တော်တော်လေး ထူးဆန်းလေသည်။
ဒါ့အပြင် သူတို့က ဤအုတ်ဂူထဲမှာ အချိန်အတော်ကြာကြာ ကုန်ခဲ့ကြပြီးဖြစ်၏။ ဒီနေရာမှာ သူတို့ဆက်နေလျှင် တခြားအရာများက ဖြစ်ပျက်လာနိုင်လေသည်။
ဖက်တီးလေးက ကျောက်သားစင်တစ်လျှောက် လျှောက်သွားပြီး ရတနာများအားလုံးကို သူ့သိုလှောင်အိတ်ထဲသို့ သိမ်းကျုံးထည့်လိုက်၏။
သူကိုယ်တိုင် သုံးဖို့အအတွက် တချို့တလေကို ဖယ်ထားပြီးလျှင် ကျန်တာအားလုံးကို သူက ဂိုဏ်းသို့ ပေးအပ်ရပေမည်။
အဲ့အချိန်ကျရင် သူက အလွန်ကြီးမားစွာ အကျိုးဆောင်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သို့ အကျိုးဆောင်မှုနှင့် အဝါရောင်ငရဲမြစ်ကားချပ်၏ အသိအမှတ်ပြုမှုအရ.. သူက ဂိုဏ်းသို့ နောက်ကျမှ ဝင်ရောက်လာခဲ့သော်လည်း ဂိုဏ်းထဲတွင် ဖက်တီးလေး၏ အဆင့်အတန်းက သေချာပေါက် လမ့်မင်ထက် ကျော်လွန်လာပေလိမ့်မည်။
“သွားကြရအောင်”
ဖက်တီးလေးက ရတနာများကို အပြောင်သိမ်းပြီးသောအခါ လက်ကို ဝေ့ရမ်းပြလိုက်၍ လူတိုင်းသည် သူတို့ဝင်လာရာ လမ်းကြောင်းအတိုင်း တပ်ပြန်ခေါက်လိုက်ကြ၏။
သူတို့ဝင်လာတုန်းကနှင့် မတူဘဲ.. သူတို့သည် လမ်းတစ်လျှောက်တွင် မည်သည့်အခက်အခဲ အတားအဆီးကိုမှ မကြုံတွေ့ရတော့ပေ။ ရှေးဟောင်းနှင်းခဲမိချောင်းများနှင့် သွေးဆာငွေငါးများတောင်မှ တစ်နေရာရာမှာ သွားပုန်းနေကြ ထင်ရ၏။
လူတိုင်းသည် ရေကန်ထဲသို့ ဝင်ရောက်၍ အပေါ်သို့ ဆက်တိုက် တက်ရောက်လိုက်ကြ၏။
ရေမျက်နှာပြင်နှင့် နီးကပ်လာသောအခါ ဆူဇီမို၏ မျက်လုံးများက ဖျတ်ကနဲ လက်သွားပြီး တိုးတိုးပြောလိုက်၏။
“အားလုံးပဲ သတိကပ်ထားကြ.. အပေါ်မှာ လူအတော်များများ ရောက်နေကြတယ်”
“ဟီးဟီး.. နှံကောင်က ပုစဉ်းရင်ကွဲကို ငမ်းနေသလို.. အစာကောက်ငှက်ကလဲ နှံကောင်ကို ချောင်းနေတာပဲ”
လင်းရွှမ်ကျီက ရယ်မောလိုက်၏။
“ဝတုတ်.. ခင်ဗျားရဲ့ စီနီယာအစ်ကိုဆိုတဲ့သူက ရောက်လာပြီပဲ”
သူ့ပုံစံက အတော်လေးကို အေးဆေးဖြစ်နေ၏။
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“အဲ့ဒီအစာကောက်ငှက်က အတော်လေး ကြီးမယ့်ပုံနော်.. သိပ်တော့ မလွယ်မဲ့ပုံပဲ”
ရွှစ်.. ဗွမ်း..
သိပ်မကြာမီ ရေသံများက ထွက်ပေါ်၍ ဆူဇီမိုတို့အုပ်စုသည် ရေကန်မျက်နှာပြင်ပေါ်ကို ထိုးတက်လာကြပြီး လေထဲမှာ ဝဲခိုလိုက်ကြ၏။
သူတို့ကို ကြမ်းကြုတ်ခက်ထန်သော ကျင့်ကြံသူထောင်ပေါင်းများစွာက အဆင်သင့် ဝိုင်းပတ်ထားကြပြီး သူတို့အားလုံး၏ မျက်လုံးများက လောဘမီးဖြင့် ဝင်းဝင်းတောက်နေကြ၏။
အရပ်လေးဘက်မှ ကျင့်ကြံသူလေးယောက်က မတ်တပ်ရပ်နေကြပြီး အလွန်အားကောင်းသော အော်ရာတစ်ခုစီနှင့်အတူ ငုံ့ကြည့်နေကြ၏။ သူတို့ကတော့ အုတ်ဂူဂိုဏ်းမှ လမ့်မင်၊ မိုးကြိုးလေပြေနန်းတော်မှ ရှုချန်၊ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ စစ်ထူရှစ်နှင့် ကစင်ကလျားအမြုတေဂိုဏ်းမှ နီဟောက်တို့ ဖြစ်ကြလေသည်။
“စီနီယာအစ်ကို.. ခင်ဗျားက တစ်ကယ်ကြီး ရောက်ချလာတာပဲ”
ဖက်တီးလေးက ပိန်ပိန်လှီလှီကျင့်ကြံသူကို စိုက်ကြည့်ပြီး အံကိုကြိတ်လိုက်၏။
“ဟီးဟီး”
လမ့်မင်က ရယ်လိုက်၏။
“ဂျူနီယာညီလေး.. မင်းက ငါ့ထက်အရင် ခြေတစ်လှမ်းစောပြီး ရောက်သွားလိမ့်မယ်လို့ ငါတစ်ကယ်ကို ထင်မထားခဲ့ဘူး.. ဒါပေမယ့်....”
သူက လေသံကို ပြောင်းလိုက်ပြီး သူ့အပြုံးကို ပြန်ရုတ်ကာ ခေါင်းခါလိုက်၏။
“မင်းလုပ်ခဲ့သမျှ အရာရာတိုင်းက ငါ့အတွက် အပင်ပန်းခံပြီး ကြိုးစားပေးခဲ့ရသလိုပဲ.. မင်းက ငါနဲ့ ယှဉ်ပြိုင်ဖို့ ငယ်ပါသေးတယ်ကွာ”
“စီနီယာအစ်ကို.. အဝါရောင်ငရဲမြစ်ကားချပ်ကို ရယူနိုင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အနိုင်လို့ ဂိုဏ်းချုပ်က မှာခဲ့ပြီးသားလေ.. ခင်ဗျားက ရှုံးပြီးနေပြီ” ဖက်တီးလေးက လေးနက်စွာ ပြောလိုက်၏။
အဝါရောင်ငရဲမြစ်ကားချပ်ဟူသော စကားသံ ထွက်လာချိန်တွင် လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက် ထွက်ပေါ်လာ၏။
အဲ့ဒါက အပလောကဧကရာဇ်နှင့်အတူ နှစ်ပေါင်းများစွာကြာအောင် ဧကရာဇ်လက်နက်တစ်ခုအဖြစ် ကျော်ကြားခဲ့၏။ သူ့အဆင့်က လျှောကျသွားပြီဆိုသော်လည်း အဲ့ဒါက ရှားရှားပါးပါး အဆုံးစွန်ရတနာတစ်ခု ဖြစ်နေဆဲပင်။
ရှုချန်၊ စစ်ထူရှစ်နှင့် နီဟောက်တို့၏ မျက်လုံးများထဲမှာတောင် လောဘရမ္မက်က ပေါ်လာကြ၏။
“နုံအလိုက်တာကွာ”
လမ့်မင်က လှောင်ပြောင်သလို အကြည့်နှင့် သူ့ခေါင်းကို ခါလိုက်၏။
“ဂျူနီယာညီလေး.. မင်းကတော့ အမြဲတမ်း နုံအနေဆဲပဲနော်.. အဲ့ဒါကို မင်းရဲ့ မူပိုင်ဓမ္မလက်နက်တစ်ခုအဖြစ် မသန့်စင်ရသေးမှတော့ အဝါရောင်ငရဲမြစ်ကားချပ်က ပိုင်ရှင်မဲ့ ဖြစ်နေတုန်းပေါ့ကွ.. မင်းဆီကနေ ငါ လုယူလိုက်ရင် အဲ့ဒါက ငါ့အပိုင် ဖြစ်သွားမှာပဲလေ”