← Chapters

အညတရတွေ

Vol. 47 Ch. 699

အညတရတွေ

Vol. 47 Ch. 699

ဤနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်မှုက အတော်လေး ကြီးမားလာသည့်အတွက် ဘေးနားပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာသည် စူးစမ်းဖို့ အပြေးရောက်လာနေကြပြီဖြစ်၏။

စစ်ထူရှစ်က မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောလိုက်၏။

“ဒီကိစ္ၑကို အမြန်ဆုံး ဖြေရှင်းလိုက်ရအောင်.. တော်ကြာ အပြင်လူတွေက ဝင်အမြတ်ထုတ်သွားဦးမယ်”

လမ့်မင်က ခေါင်းညိတ်ပြ၍ ဖက်တီးလေးကို အေးစက်စက် စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဂျူနီယာညီလေး.. တစ်ဂိုဏ်းသားချင်း ဆက်ဆံရေးကို မထောက်ထားဘူးဆိုပြီး ငါ့ကို အပြစ်မတင်လိုက်နဲ့.. မင်းကို ငါ ရွေးချယ်စရာ နှစ်ခု ပေးလိုက်မယ်”

“ပထမတစ်ခု အုတ်ဂူထဲက ရလာတဲ့ ရတနာတွေနဲ့အတူ အဝါရောင်ငရဲမြစ်ကားချပ်ကို ထုတ်ပေးလိုက်.. ငါ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်.. ဒုတိယတစ်ခုကတော့....”

“ဘာမှ ဒုတိယတစ်ခုတွေ ဘာတွေ လျှောက်ပြောမနေနဲ့တော့”

လမ့်မင်ပြောလို့ မဆုံးသေးခင်မှာပင် ဖက်တီးလေးက ဖြတ်အော်လိုက်၏။

ဖက်တီးလေးက လက်သီးနှစ်ဖက်ကို ဆုပ်ပြီး တစ်လုံးချင်း အော်ပြောလိုက်၏။

“ကျုပ် အဝါရောင်ငရဲမြစ်ကားချပ်ကို ခင်ဗျားဆီ လုံးဝ ထုတ်ပေးမှာ မဟုတ်ဘူး”

သူသည် အန္တရာယ်အဆင့်ဆင့်ကို ဖြတ်ကျော်၍ အဲ့ဒါကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေခဲ့ရ၏။ ဘယ်လိုလုပ်ပြီး လမ့်မင်လက်ထဲ အလွယ်တကူ ပြန်ထည့်ပေးနိုင်ပါမည်နည်း။

“အေး ကောင်းတယ် ကောင်းတယ်”

လမ့်မင်က အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။

“အဲ့ဒါကို မင်းကိုယ်တိုင် ရွေးချယ်တာနော်.. ပြီးကျမှ မင်းကို အခွင့်အရေးလေးတစ်ခုတောင် မပေးဘူးဆိုပြီး ငါ့ကို လာအပြစ်တင်မနေနဲ့”

ဖက်တီးလေးက နည်းနည်းလေးမှ ကြောက်လန့်မနေဘဲ ပြတ်သားသော အမူအယာဖြင့် သူ့သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။

လမ့်မင်က ဆူဇီမိုနှင့် အခြားသူများကို တစ်ချက်လှမ်းကြည့်ပြီးနောက် လှောင်ရယ်မောလိုက်၏။

“ဂျူနီယာညီလေး.. မင်းက တစ်ကယ်ပဲ တိုးတက်လာတယ်လို့ ပြောရမှာပဲ.. အကူမိတ်ဆွေတွေ ဘာတွေတောင် ရှာနိုင်နေပြီဆိုတော့.. အထင်ကြီးလောက်ပါပေရဲ့”

“ဒါပေမယ့် ဒီလူလေးနဲနဲနဲ့ တောကောင်တချို့က မင်းနောက်ခံ အကုန်ပဲလား”

‘တောကောင်’ ဟူသော စကားသံကို ကြားချိန်တွင်.. မျောက်နှင့် အခြားသူများက အမျက်ဒေါသ ထွက်လာကြ၏။

စိတ်ဝိညာဉ်ကျားက လမ့်မင်ကို ခက်ထန်စွာ စိုက်ကြည့်ပြီး ဟက်ကနဲ ရယ်လိုက်၏။

“ဝါးခြမ်းပြားကောင်.. နောက်ပြီးကျ မင်းအပြေးမြန်ရင်တော့ ကောင်းလိမ့်မယ်နော်.. မဟုတ်လို့ ငါ့လက်ထဲ ရောက်လာလို့ကတော့... ဟွင်းဟွင်းဟွင်းးး”

လမ့်မင်က လှောင်ရယ်လိုက်၏။

“ဂျူနီယာညီလေး.. မင်းက ဒီအညတရတွေနဲ့ ငါ့ကို ယှဉ်တိုက်နိုင်လိမ့်မယ်လို့ ထင်ရလောက်အောင်ကို နုံနဲ့ရတာလားကွာ”

“အညတရတွေ ဟုတ်လား”

ဖက်တီးလေးက ရယ်မိသွား၏။

သူတို့အဖွဲ့မှာ ကိုးယောက် ပါရှိ၏။ မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ကလွဲလျှင် ကျန်ရှိသော လေးယောက်မှာ ဘယ်သူက အညတရပါလဲ..

သူက အုတ်ဂူဂိုဏ်း၏ အမွေခံတပည့်..

ရှစ်ကျန့်က ရုပ်သေးဂိုဏ်း၏ အမွေခံတပည့်..

လင်းရွှမ်ကျီက ပဟေဠိနန်းတော်၏ ဒီဘက်ခေတ်မျိုးဆက် အရိုက်အရာဆက်ခံသူ..

ဆူဇီမိုက လက်ရှိတွင် မည်သည့်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းအောက်တွင်မှ ရှိမနေသော်လည်း ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ကို အညတရဟု မည်သူက ပြောရဲပါမည်နည်း။

အခြားအရာများကို အသာထား.. ဆူဇီမိုဆိုသော နာမည်တစ်ခုတည်းနှင့်ပင် လူအတော်များများကို သေမတတ် လန့်ဖျပ်သွားစေနိုင်လေသည်။

“ဘာလဲ မင်းက ငါပြောတာကို လက်မခံဘူးလား”

လမ့်မင်က အားပါးတရ ရယ်ချလိုက်ပြီး “အဲ့လိုဆိုမှတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက တစ်ကယ့် အစစ်အမှန် ပြိုင်စံရှားတချို့နဲ့ မင်းကို မိတ်ဆက်ပေးရတာပေါ့.. အနည်းဆုံးတော့ မင်းမသေခင် ဘယ်လိုလူတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာ သိသွားရတာပေါ့ကွာ” ဟု ဝင့်ကြွားစွာနှင့် ပြောလိုက်၏။

“ဒါကတော့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းက အမွေခံတပည့်.. စစ်ထူရှစ်တဲ့”

စစ်ထူရှစ်၏ အကြည့်က အေးစက်နေပြီး သူက လူသေတစ်ယောက်ကို ကြည့်နေသည့်အလား ရှစ်ကျန့်ကို စိုက်ကြည့်လိုက်၏။

ရှစ်ကျန့်က ညင်သာစွာ ပြောလိုက်၏။

“အဲ့လူကို ကျုပ်အတွက် ထားလိုက်”

လင်းရွှမ်ကျီက တီးတိုးပြောလိုက်၏။

“အဲ့လူမှာ ရွှေအမြုတေနယ်မြေ မရှိဘူးဆိုပေမယ့်.. သူက အားမနည်းလှဘူး.. သူ့နောက်က ပေ ၃၀ မြင့်တဲ့ တိုက်ပွဲဝင်အလောင်းကောင်က ငွေအဆင့်အလောင်းကောင်ဖြစ်ဖို့ ဆင့်ကဲပြောင်းလဲမယ့် လက္ခဏာပြနေပြီ”

အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ တိုက်ပွဲဝင်အလောင်းကောင်များကို အဆင့်များ ခွဲခြားထား၏။ အဆင့်အနိမ့်ဆုံး အလောင်းကောင်များက အလွန်တရာ အားနည်းပြီး လက်နက်၊ ရေနှင့် မီးတို့ဖြင့်ပင် သူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေသည်။

အဲ့ဒါပြီးလျှင်တောင် သံ နှင့် ကြေးအဆင့် အလောင်းကောင်များ လာ၏။

ပုံမှန်အားဖြင့်တော့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများက ကြေးအဆင့်အလောင်းကောင်များကိုသာ ထိန်းချုပ်နိုင်ကြလေသည်။

ကြေးအဆင့်၏ အထက်မှာတော့ ငွေအဆင့်အလောင်းကောင်များ လာလေသည်။

လမ့်မင်က နောက်ထပ် လူတစ်ယောက်ကို ညွှန်ပြပြီး ပေါ့ပါးစွာ ပြုံးလိုက်၏။

“ဒီတာအိုရောင်းရင်းနီဟောက်ကတော့.. အင်မော်တယ်ကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့.. ကစင်ကလျားအမြုတေဂိုဏ်းကပဲ”

“ကစင်ကလျားအမြုတေဂိုဏ်းလား”

ဆူဇီမိုသည် တီးတိုးရေရွတ်လိုက်ပြီး ဧကရာဇ်တစ်ပါးနှင့်တူသော ပုံရိပ်တစ်ခုက သူ့စိတ်အာရုံထဲမှာ ဖျတ်ကနဲ ပေါ်လာ၏။

ကစင်ကလျားအမြုတေဂိုဏ်းမှ သီယင်း...

ဆူဇီမို ကြုံဖူးသမျှ လူတွေထဲမှာ ထိုလူက တစ်ကယ့်ကို ကြောက်စရာအကောင်းဆုံးနှင့် အသန်မာဆုံး ဖြစ်လေသည်။

လင်းရွှမ်ကျီက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။

“သူက သီယင်းရဲ့ ဂျူနီယာညီပဲ.. သူက အရမ်းကြီး နာမည်မကြီးဘူးဆိုတာလဲ သီယင်းရဲ့ လောင်းရိပ်မိနေလို့ပဲ.. ဒါပေမယ့်.. သူ့မှာ အစွမ်းအစ တချို့တော့ရှိတယ်”

ဆူဇီမိုသည် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများ၏ ပြိုင်စံရှားများနှင့် ပတ်သတ်၍ ဗဟုသုတ သိပ်မရှိပေ။ သို့သော် လင်းရွှမ်ကျီကတော့ တစ်ယောက်ချင်းစီ၏ အကြောင်းကို သူ့လက်ဖမိုးကဲ့သို့ ကော်းကောင်းသိလေသည်။

ဆူဇီမိုက လင်းရွှမ်ကျီဘက်သို့ လှည့်လိုက်၏။

“မင်းက သိပ်ပြီး ဂရုမစိုက်တဲ့ပုံဆိုမှတော့ ငါတို့ အဲ့လူကို မင်းအတွက် ထားပေးရမှာပဲ”

“ရပါတယ်”

လင်းရွှမ်ကျီက လက်ကာပြပြီး နှုတ်ခမ်းကို စုဝိုင်းလိုက်၏။

“ငါက မင်းတို့နဲ့ အတူတူ မဟုတ်ဘူး.. အုတ်ဂူထဲက အကျိုးအမြတ်အများစုကလဲ မင်းတို့တွေပဲ ရကြတာ.. ငါက အဲ့ထဲက တစ်စိတ်တစ်ပိုင်းလောက်လေးပဲရတာ”

“ဆရာလင်း.. ရှင်က ထွက်ပြေးဖို့ ကြံနေတာလား”

မြေခွေးလေးက လင်းရွှမ်ကျီကို စိတ်ပိုင်းဆိုင်ရာအရ သူ့စိတ်ကို ဆွပေးလိုက်၏။ သို့သော် သူက ထိုအကွက်မှာ ကျရောက်မသွားပေ။

လင်းရွှမ်ကျီက မျက်နှာတစ်ချက် ပူသွားခြင်းတောင် မရှိဘဲ စိတ်ရင်းအတိုင်း ပြောလိုက်၏။

“လူကြီးလူကောင်းတွေက ပြဿနာ မရှာတတ်ကြဘူး.. မပူပါနဲ့.. တိုက်ပွဲစတာနဲ့ ငါ့နည်းငါ့ဟန်နဲ့ ပြေးပါ့မယ်.. မင်းတို့ကို ပိုပြီးတော့ ဒုက္ခများအောင် မလုပ်ခဲ့ပါဘူး”

“ဒါကတော့ ရှုချန်တဲ့.. အင်မော်တယ်ကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ မိုးကြိုးလေပြေနန်းတော်မှာတော့ နံပါတ်တစ်ရွှေအမြုတေပဲ” လမ့်မင်၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြီး သူက ရှုချန်ကို နောက်ဆုံးမှ မိတ်ဆက်ပေးလိုက်၏။

အနီးနားကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ထိုနာမည်ကို ကြားချိန်တွင် အာမေဋိတ်သံများ ထွက်လာကြ၏။

လင်းရွှမ်ကျီ၏ အမူအယာပင်လျှင် ရှားရှားပါးပါး တည်တံ့သွားပြီး အလေးအနက် ပြောလိုက်၏။

“သူက အရမ်းကို သန်မာတယ်နော်.. ပြောကြတာတော့ သူက မိုးကြိုးလေပြေနန်းတော်က အသန်မာဆုံးအမွေအနှစ် အမြုတေနယ်မြေဖြစ်တဲ့ ကမ္ဘာဖျက်မိုးကြိုးငါးစင်းကို ကျင့်ကြံထားတာတဲ့”

ဆူဇီမိုက သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။

ပြီးခဲ့သည့် ယခင်ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာတုန်းက မိုးကြိုးလေပြေနန်းတော်မှ အရိုက်အရာဆက်ခံသူက အဆင့် ၉ မှာ ရပ်တည်ခဲ့ပြီး သူ၏ အမြုတေနယ်မြေက မိုးကြိုးလေးစင်းဖြစ်၏။

ထိုရွှေအမြုတေနယ်မြေ၏ နောက်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်မှာ ထိုရွှေအမြုတေနယ်မြေ၏ အမြင့်ဆုံးအဆင့်က နတ်ဘုရားမိုးကြိုးငါးစင်းကို ဖန်တီးခြင်းနိုင်ခြင်းဖြစ်ပြီး ထိုအခါ အဲ့ဒါက ကမ္ဘာဖျက်စွမ်းအားကို သယ်ဆောင်လာပေလိမ့်မည်။

နတ်ဘုရားမိုးကြိုးလေးစင်းကပင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့်တစ်ဆယ်အတွင်း ဝင်ရောက်နိုင်နေပြီဖြစ်၏။

ယခု ဤလူက နတ်ဘုရားငါးစင်းကိုပင် ဆင့်ခေါ်နိုင်သည်ဆိုတော့ ဘယ်လောက်တောင် သန်မာလိုက်ပါမည်နည်း။

လင်းရွှမ်ကျီက ဆက်ပြော၏။

“အဲ့လူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့်ငါးအတွင်း.. ဒါမှမဟုတ် အဆင့်သုံးအတွင်းတောင် ဝင်နိုင်တယ်.. ဒီတစ်ခေါက်သူက ဒီနေရာကို ဝင်လာရတဲ့ အကြောင်းရင်းတစ်ခုက သီယင်းကို စိန်ခေါ်ဖို့အတွက်ပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

လင်းရွှမ်ကျီက သတိထပ်ပေးလေသည်။

“မင်းပြိုင်ဘက်ကို အထင်သွားမသေးနဲ့နော်.. မင်းမှာ နှစ်ထပ်ကွမ်းအမြုတေနယ်မြေ ရှိတယ်ဆိုပေမယ့်လဲ.. အဲ့ငနဲ ထုတ်လွှတ်မယ့် နတ်ဘုရားမိုးကြိုးငါးစင်းကို မင်းရင်ဆိုင်နိုင်ချင်မှ ရင်ဆိုင်နိုင်မှာ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

လက်ရှိ သူ့ကျင့်ကြံမှုအဆင့်ထိ.. သူ၏ နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို စိန်ခေါ်နိုင်သည့်သူမျိုး သူ မတွေ့ဖူးသေးပေ။

အလွန်ဆုံးအနေနှင့် သူတို့သည် သူ၏ အမြုတေနယ်မြေတစ်ခုနှင့်သာ မျှခြေမှာ လွန်ဆွဲထားနိုင်ပြီး.. သူ၏ ဒုတိယမြောက်အမြုတေနယ်မြေကို ထုတ်ဖော်လိုက်သည်နှင့် သူ့ပြိုင်ဘက်က အခွင့်အရေးတစ်ခုတောင် မရဘဲ သေချာပေါက် ရှုံးနိမ့်ရလေသည်။

အခုတော့ အသင်္ချေနယ်မြေမြို့တော်ကို မရောက်ခင်မှာပင် ဤမျှ ကြမ်းတမ်းရက်စက်သော ပုဂ္ဂိုလ်နှင့် သူက ရင်ဆိုင်ရတော့မည်ဆိုတော့...

လမ့်မင်က ဖက်တီးလေးကို ပြုံးစစနှင့် ကြည့်လိုက်၏။

“မင်းရဲ့ အကူမိတ်ဆွေတွေနဲ့လဲ မိတ်ဆက်ပေးဦးလေ.. အဲ့ဒါမှ ငါတို့လဲ အမြင်လေးဘာလေး ကျယ်သွားရတာပေါ့”

ကစင်ကလျားအမြုတေဂိုဏ်း၊ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်၏ လူအုပ်ကြီးဘက်မှ လှောင်ပြောင်ရယ်မောသံများက ဆက်တိုက် ထွက်ပေါ်လာ၏။

စစ်ထူရှစ်နှင့် နီဟောက်တို့သည် မောက်မာသော အမူအယာတို့ဖြင့် ရှိနေကြ၏။

ရှုချန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကောင်းကင်ကို မော့ကြည့်နေ၏။ သူက ဆူဇီမိုတို့အုပ်စုကိုပင် အရေးလုပ်ကြီး ကြည့်မနေပေ။

လက်ရှိအခြေအနေနှင့် အနေအထားအရ.. သူဝင်မပါလျှင်တောင် ကိစ္စများက ပြေလည်သွားပေလိမ့်မည်။

အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ ပြိုင်စံရှားအများစုကို သူသိထား၏။ တစ်ဖက်အုပ်စုတွင် ထိပ်သီးဂိုဏ်းကြီးများမှဆိုလို့ ဖက်တီးလေးနှင့် ရှစ်ကျန့်ကလွဲလျှင် ကျန်နှစ်ယောက်က သူနှင့် အလွန်တရာ စိမ်းသက်နေ၏။

သူတို့က တစ်ကိုယ်တော် ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းငယ်လေးများမှ တပည့်များ ဖြစ်ကြပုံရ၏။

အုတ်ဂူထဲမှ မထွက်ခင်မှာပင် လင်းရွှမ်ကျီက သူ့မျက်နှာဖုံးကို ပြန်တပ်လာခဲ့ပြီးဖြစ်၏။ ထိုသို့ဖြင့် စစ်ထူရှစ်နှင့် အခြားသူများက သူ့ကို မမှတ်မိကြသည်မှာ သဘာဝကျလေသည်။

ဖက်တီးလေးက နှာတစ်ချက်မှုတ်ပြီး လင်းရွှမ်ကျီကို လက်ညိုးထိုးလိုက်၏။

“သူကတော့....”

လင်းရွှမ်းကျီက ကမန်းကတမ်း လက်ကာပြပြီး သွားဖြီးလိုက်၏။

“ကျုပ်ကို မိတ်ဆက်ပေးစရာ မလိုတော့ပါဘူး.. ကျုပ် မကြာခင် ထွက်ခွာသွားတော့မယ့် အညတရ တစ်ယောက်ပါပဲ.. ခင်ဗျားတွေ ဆက်ပြီး တိုက်ခိုက်ကြပေါ့.. ကျုပ်ကတော့ ဝင်မပါတော့ဘူး”

“ဟဟဟားဟား”

လက်ရှိကျင့်ကြံသူများအားလုံး ဟားတိုက်ရယ်မောလိုက်ကြ၏။

လမ့်မင်က ရယ်ချင်စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး လင်းရွှမ်ကျီဘေးရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို အထင်သေးစွာကြည့်၍ လက်ညိုးလှမ်းထိုးလိုက်၏။

“သူကရော ဘယ်သူလဲ.. မြန်မြန်မိတ်ဆက်ပေးစမ်းပါဦး ဂျူနီယာညီလေးရဲ့.. အဲ့ဒါမှ ငါတို့လဲ ဗဟုသုတ စုံသွားရတာပေါ့”

ဖက်တီးလေးက စကားပြောမလို့ ဟန်ပြင်လိုက်စဉ်မှာပင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ထူးမခြားနားအမူအယာဖြင့် ပြောလိုက်၏။

“ငါ့နာမည်က ဆူဇီမို”

ရုတ်တရက် လူအုပ်ကြီးထဲမှ ရယ်မောသံများက အသံတိတ်ကျသွား၏။

လက်ရှိကျင့်ကြံသူများအားလုံး၏ လည်မျိုက တစ်ခုခုဖြင့် တစ်စို့သွားသည့်အတိုင်းပင်။

All Chapters