← Chapters

မရွေ့ရှားနိုင်သောအုတ်မြစ်ချိတ်စည်း

Vol. 47 Ch. 703

မရွေ့ရှားနိုင်သောအုတ်မြစ်ချိတ်စည်း

Vol. 47 Ch. 703

ရှုချန်က နောက်ပြန်ဆုတ်လိုက်ရရင်း သူ့မျက်လုံးများက သုန်မှုန်ခက်ထန်မှုဖြင့် လက်လာ၏။

သူတို့သည် တစ်ချက်သာ တိုက်ခိုက်ဖလှယ်ရသေးသော်လည်း သူ့လက်နှစ်ဖက်က ထုံကျင်၍ သူ့သွေးချီအတက်အကျက ဂနာမငြိမ်ဖြစ်လာ၏။

သို့သော်လည်း ဆူဇီမိုက သွေးသောက်သူကို ကိုင်စွဲပြီး သူ့အတွက် အကျိုးသက်ရောက်မှု လုံးဝ မရှိသည့်အလား ပြေးဝင်ချလာပြီဖြစ်၏။

‘ငါ သူ့ကို ထပ်ပြီး ထိပ်တိုက်ရင်ဆိုင်လို့တော့ မဖြစ်တော့ဘူး’

ရှုချန်က ပြတ်သားစွာ ဆုံးဖြတ်ချက်ချ၍ သူ၏ အစိမ်းရောင်မိုးကြိုးဆေဘာကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ၏ အခြားလက်တစ်ဖက်က လက်ဟန်ချိတ်စည်းတစ်ခုကို လှုပ်ရှားလိုက်၍ စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာလေသည်။

“မိုးကြိုးလေပြေ ပြိုကွဲခြင်း”

ရှုချန်က ဟိန်းဟောက်လိုက်၏။

ရိုင်းစိုင်းသောလေပြင်းတစ်ခုက ဆူဇီမိုထံသို့ တဖျပ်ဖျပ် တိုက်ခတ်လာ၏။ ၎င်းက ရောက်မလာခင်မှာပင် သဲများက နေရာတိုင်းမှာ လွင့်ပျံလာလေသည်။

ထိုလေရိုင်းထဲတွင်.. အလွန်တရာ ကြောက်စရာကောင်းပြီး တဇီဇီ အော်မြည်နေသော အစိမ်းရောင်လျှပ်စီးကြောင်းတစ်ခုပင် ပါနေ၏။

ရှုချန်က သူ့အသံထဲတွင် မိုးကြိုးလေပြေနန်းတော်၏ အသံလျှို့ဝှက်သတ်ဖြတ်ကွက်ကိုပါ ပေါင်းထည့်၍ ထုတ်လွှတ်လိုက်၏။

သူ့အသံက အသံလှိုင်းလုံးများအဖြစ် စုဖွဲ့သွားပြီး ဆူဇီမိုထံသို့ တလိပ်လိပ်တက်သွားကာ လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေ၏။

စိတ်ဝိညာဉ်တိုက်ကွက်နှင့် အသံလျှို့ဝှက်သတ်ဖြတ်ကွက်ကို ပေါင်းစပ်ထားသော တိုက်ခိုက်မှုက တစ်ပြိုင်နက်တည်းဆိုသလို ရောက်ချလာ၏။

ဆူဇီမို၏ အမူအယာက မပြောင်းမလဲပင် ရှိနေပြီး သွေးသောက်သူကို သိမ်းကာ သူ့လက်ဝါးနှစ်ဖက်ကို ယှက်ဖြာလိုက်၏။ သူ့လက်ချောင်းများက ချိတ်ဆက်သွားပြီး လက်ညိုးနှစ်ချောင်းသာ ထောင်လျက်ကျန်ခဲ့ကာ ကျန်လက်ချောင်းများကို တစ်ခုကိုတစ်ခု ထိထားလိုက်၏။

ထိုဓမ္မချိတ်စည်းကို ထုတ်ဖော်လိုက်သောအခါ ဆူဇီမို၏ အော်ရာက လုံးလုံးလျားလျား ပြောင်းလဲသွား၏။

နတ်ဘုရားအလင်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာလေသည်။

ဆူဇီမိုက ခေါင်းကိုငုံ့ထားပြီး လျှပ်စီးကြောင်းနှင့် ရစ်ခွေလာသော လေရိုင်းကို လျစ်လျူရှုထားလိုက်၏။ သူ့ပုံစံက အလွန်တရာ ကြော့ရှင်းထည်ဝါနေပြီး ရှုချန်ကိုပင် မကြည့်ဘဲ သူ့ပါးစပ်ကို ဟလိုက်၏။

“ပါ!”

ထိုဂါထာမန္တန်သံနှင့်အတူ လောကတစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်သွား၏။

မတူကွဲပြားသော တာမင်းဓမ္မချိတ်စည်း ခြောက်မျိုး ရှိလေသည်။

အဲ့ဒီထဲမှာ ခုခံရေးဓမ္မချိတ်စည်းက တစ်ခုသာလျှင် ပါရှိပြီး အဲ့ဒါကတော့ မရွေ့ရှားနိုင်သောအုတ်မြစ်ချိတ်စည်းပင် ဖြစ်လေသည်။

တာမင်းမန္တန်..

အဲ့ဒါကို တာအင်းဓမ္မချိတ်စည်းနှင့် အတူတကွ တွဲဖက်၍ ထုတ်ဖော်လိုက်၏။

ဤအရာသည် တာမင်းအစစ်အမှန်သုတ္တန်မှာ ပါရှိသော လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်လေသည်။

သို့သော်လည်း ဤလျှို့ဝှက်နည်းစနစ်က အချိန်သဲမြစ်ထဲမှာ နစ်မြုပ်နေခဲ့ပြီး တာမင်းကျောင်းတော် ဖျက်ဆီးခံရခြင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာ ထိုလျှို့ဝှက်နည်းစနစ်က ပြန်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားပေ။

လင်းရွှမ်ကျီသည် အစက နီဟောက်ကို အမှန်အကန် ရိုက်ပုတ်ထုနှက်၍ စိုက်ကြည့်နေ၏။ ထိုမန္တန်သံကို သူကြားသောအခါ အံ့အားသင့်သွားပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။

“အမ်.. ဒါက....”

တစ်ခုခုကို အမှတ်ရသွားသည့်အလား လင်းရွှမ်ကျီ၏ အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“မရွေ့ရှားနိုင်သော အုတ်မြစ်ချိတ်စည်း.. တာမင်းကျောင်းတော်က...”

နီဟောက်သည် နဖူးမှ ခြေဖျားထိ ပေါက်ပြဲစုတ်ပြတ်၍ သူ့မျက်နှာက ရောင်ကိုင်းနေ၏။ လင်းရွှမ်ကျီက ရပ်တန့်လိုက်မှသာ သူသည် အထိတ်ထိတ်အပျာပျာနှင့် နောက်ဆုံး အသက်ရှူခွင့် ရသွား၏။

သို့သော်လည်း တာမင်းကျောင်းတော်နှင့် မရွေ့ရှားနိုင်သော အုတ်မြစ်ချိတ်စည်းဟူသော အသံကို ကြားချိန်တွင် သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွား၏။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀၀ က .. တာမင်းကျောင်းတော်က ဖျက်ဆီးခံခဲ့ရလေသည်။

ထိပ်သီးဂိုဏ်းကြီးများမှ အမွေခံတပည့်များသည် တာမင်းဓမ္မချိတ်စည်းအစစ်အမှန်ကို မည်သူမှ ကိုယ်တိုင် မမြင်ဖူးကြသော်လည်း တာမင်းကျောင်းတော်၏ ကျော်ကြားမှုဂုဏ်သတင်းကိုတော့ သူတို့အားလုံး ကြားဖူးထားကြလေသည်။

ဤနှစ်များတစ်လျှောက် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တာမင်းနှင့် ဖာဟွားကျောင်းတော်မှ လျှို့ပညာရပ်များကို ရရှိနိုင်မလား မျှော်လင့်ချက်ဖြင့် အန္တရာယ်များကြားကနေ စွန့်စား၍ မဟာချွမ်အပျက်အစီးသို့ သွားရောက်ရှာဖွေခဲ့ကြ၏။

မန္တန်သံက ဝန်းကျင်တစ်ခွင် မြည်ဟည်းသွား၏။

ချက်ချင်းနီးပါးပင် ရှုချန်၏ အသံသတ်ဖြတ်ကွက်က ပျက်ပြယ်သွားလေသည်။

မရွေ့ရှားနိုင်သော အုတ်မြစ်ချိတ်စည်းမှ ထွက်လာသော နတ်ဘုရားအလင်းနှင့် ရင်ဆိုင်ရချိန်တွင်.. ဆူဇီမို၏ ဘေးပတ်လည်ကို လွှမ်းခြုံလာသော ဒေါသူပုန်ထနေသော လေရိုင်းများနှင့် တလက်လက်လျှပ်စီးများကလည်း ပျက်ပြယ်သွားကြ၏။

ရှုချန်၏ မျက်လုံးများက အေးစက်စွာဖြင့် တောက်ပလာ၏။

သူ၏ တိုက်ခိုက်မှုကို ဆူဇီမိုက ဤကဲ့သို့ သက်တောင့်သက်သာဖြင့် ဖယ်ရှားပစ်လိုက်နိုင်မည်ဟု သူထင်မှတ် မထားပေ။

ရုတ်တရက်ဆိုသလို...

ဆူဇီမို၏ နောက်မှာ တူရန်က ပေါ်လာပြီး နွားဆံပင်မွေးလောက် သေးငယ်သော အပြာရောင်အဆိပ်လူးအပ်ကလေးများကို ပစ်လွှတ်လိုက်၍ အဲ့ဒါက ချက်ချင်းဆိုသလို ရောက်ရှိလာ၏။

သူ့ဝတ်ရုံစကို လှုပ်ရမ်း၍ နောက်ထပ် ခရမ်းစိမ်းရောင်မှုန့်လက်တစ်ဆုပ်စာကိုလည်း ပစ်မြှောက်လိုက်၏။

ဝှီး.. ဝှီး.. ဝှီး..

ထို့နောက်ချက်ချင်းပင်.. တူရန်၏ လက်ချောင်းထိပ်များမှ တစ်လက်မလောက်ရှည်သော သံအပ်လေးများက ပေါ်လာပြန်၏။ သူက ထူးခြားသော အားတစ်ခုကို လှည့်ပတ်ပြီး ဆူဇီမိုထံသို့ ပစ်လွှတ်ထုတ်လိုက်၏။

ရှုချန်၏ မိုးကြိုးလေပြေပြိုကွဲခြင်းနှင့် ရိုက်ခတ်ပြီးနောက် ဆူဇီမို၏ မရွေ့ရှားနိုင်သော အုတ်မြစ်ချိတ်စည်းက ပျက်ပြယ်ကာစဖြစ်ပြီး သူ့ခံစစ်က အခုနေမှာ အားအနည်းဆုံး ဖြစ်နေ၏။

သူ့အချိန်ရောက်လာဖို့ စောင့်ဆိုင်းနေရင်း တူရန်သည် နောက်ဆုံးမှာ မဟာအခွင့်အရေးတစ်ခုကို တွေ့သွားလေသည်။

သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် အဆိပ်ဂိုဏ်း၏ ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ကွက်များက ဆက်တိုက်ထွက်ပေါ်လာ၏။

အဆိပ်ဂိုဏ်းက အဆိပ်များကို အသုံးပြုရာမှာ အထူးပြုလေသည်။

သူတို့ဂိုဏ်းရှိ ကြောက်စရာအကောင်းဆုံးသတ်ဖြတ်ကွက် ခုနှစ်ကွက်က မရဏခုနှစ်ဖော်ဟူ၍ ကျော်ကြားလေသည်။

စောစောက အပြာရောင်အဆိပ်အပ်များမှာ မရဏခုနှစ်ဖော်ထဲမှ တစ်ခုဖြစ်သော နှလုံးရှာဖွေဆူး ဖြစ်လေသည်။

နွားတစ်ကောင်၏ အမွေးလောက် ပါးလွှာပြီး သူတို့ကို မျက်စိဖြင့် ထောက်လှမ်းဖို့ မဖြစ်နိုင်သလောက်ပင်။ သူတို့က လူတစ်ယောက်နှင့် ထိတွေ့မိသည်နှင့် ထိုလူ၏ ချွေးပေါက်များမှတစ်ဆင့် သွေးကြောထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ထိုလူက ချက်ချင်း သေရပေလိမ့်မည်။

ခရမ်းစိမ်းရောင်မှုန့်များက မရဏခုနှစ်ဖော်ထဲမှ နောက်ထပ်တစ်ခုဖြစ်သော.. ခရမ်းရောင်အလောင်းတိုက်စားအဆိပ်ပင်။

အဲ့ဒါက ယခင် ရှောင်းနင်မိခဲ့သော အဆိပ်အမျိုးအစားလည်းဖြစ်၏။ အဲ့ဒီအချိန်တုန်းက ညဝိညာဉ်ကြောင့်သာ သူမက အသက်မသေခဲ့ခြင်း ဖြစ်လေသည်။

နောက်ဆုံး သံအပ်ငါးချောင်းကတော့ ပိုလို့တောင် ကြောက်စရာကောင်းပြီး သူလည်း မရဏခုနှစ်ဖော်ထဲမှပင် ဖြစ်ကာ ချပ်ဝတ်ထိုးဖောက်အရိုးတိုက်စားအပ်များဟု ခေါ်လေသည်။

ထိုသံအပ်များက ချပ်ဝတ်နှင့် ဝတ်ရုံများကို ထိုးဖောက်နိုင်သော ကြောက်စရာကောင်းလွန်းသည့် တိုက်စားခြင်းအဆိပ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူတို့ကို ခုခံဖို့က အင်မတန်ကိုမှ ခက်ခဲလေသည်။

ထိုအပ်များနှင့် ထိတွေ့ခြင်းခံရသူများ၏ အရိုးများသည် အသက်ဆယ်ရှိုက်စာအတွင်း အမှုန့်ကြေသွားပေလိမ့်မည်။

မရဏခုနှစ်ဖော်ထဲမှ သုံးဖော်က ဆူဇီမိုထံသို့ တစ်ပြိုင်နက်တည်း ပျံသန်းဝင်ရောက်လာပြီဖြစ်၏။

“မင်းကတော့ တစ်ကယ်ကို သေချင်နေတာပဲ”

ဆူဇီမို၏ အကြည့်က အေးစက်သွားပြီး သူ့ရွှေအမြုတေကို လှည့်ပတ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကန်ထွက်လာပြီး ရှေးဟောင်းနဂါးအသွင်ပြောင်းကို ချက်ချင်း ထုတ်ဖော်လိုက်လေသည်။

ခမ်းနားထည်ဝါသော ဦးချိုများနှင့် ပေပေါင်းများစွာ ရှည်လျားသော နတ်နဂါးကြီးက လေထဲမှာ ပေါ်လာ၏။ သူက ဆူဇီမိုကို အနည်းငယ် ရစ်ပတ်ပြီးနောက် လေထဲသို့ ထိုးတက်သွား၏။

နတ်နဂါးကြီးပေါ်မှာ အေးစက်စက်အလင်းများဖြင့် တောက်ပနေသော ကြေးခွံများက အစီအရီရှိနေ၏။ သူ့ကျောပေါ်မှာ ဆူးချွန်များ ရှိနေပြီး မလှမ်းမကမ်းရှိ တူရမ်ဘက်သို့ သူ၏ ထက်ရှသော အစွယ်များနှင့် လက်သည်းများကို ထုတ်ပြလိုက်၏။

နတ်နဂါးက သူ့ကိုယ်ကို အနည်းငယ် လွန့်လူး၍ တိုက်ချလိုက်သောအခါ နှလုံးရှာဖွေဆူးများ၊ ခရမ်းရောင်အလောင်းတိုက်စားအဆိပ်နှင့် ချပ်ဝတ်ထိုးဖောက်အရိုးတိုက်စားအပ်တို့က ချက်ချင်းပင် လွင့်စင်ပျက်ပြယ်သွားကြလေသည်။

ချပ်ဝတ်ထိုးဖောက်အရိုးတိုက်စားအပ်များက နတ်နဂါး၏ ကိုယ်ကို ထိခတ်မိသောအခါ မီးပွားများသာ ဖြာထွက်၍ သူတို့က လွင့်စင်ပြန့်ကျဲကျသွားလေသည်။

နဂါးများသည် တစ်ခါက မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးခဲ့ဖူးပြီး ကြောက်စရာအကောင်းဆုံး အမြင့်မြတ်ဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ကာ အဆိပ်များကိုလည်း မမှုပေ။

နဂါးများအတွက်တော့ အဆိပ်ဂိုဏ်း၏ မရဏခုနှစ်ဖော်က ကလေးကလား လှည့်ကွက်လေးများထက် မပိုပေ။

နတ်နဂါးပေါ်ထွက်လာမှုနှင့်အတူ အလွန်တရာ ကြောက်စရာကောင်းသော တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုက ဆင်းသက်လာ၏။

“အား”

လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာကြလေသည်။

“အဲ့ဒါ ဘာကြီးလဲဟ”

“အစစ်အမှန်နဂါးကြီးလား”

“ဘုရားရေ.. ဒီလူ့ကို အစစ်အမှန်နဂါးတစ်ကောင်က စောင့်ရှောက်နေတာဟ.. သူက ဘယ်လိုလူလဲဟ.. အထက်ကမ္ဘာကနေ ဝင်စားလာတဲ့ ပြန်ဝင်စားအင်မော်တယ်တစ်ပါးများ ဖြစ်နေမလား”

တိုက်ပွဲမြေတွင် တိုက်ရိုက်ရှိနေကြသော ကျင့်ကြံသူများကို မဆိုထားနှင့်.. ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများတောင်မှ တုန်လှုပ်ချောက်ချားကုန်ကြပြီး ချိုးနှိမ်လာသော ဖိအားကို ခံစားလိုက်ကြရ၏။

နတ်နဂါး၏ ပစ်မှတ်ထားခြင်းကို ခံရပြီးနောက် တူရန်သည် ခြေလက်များ အေးစက်လာ၏။ သူသည် ခေါင်းနပန်းများ ကြီးလားပြီး နောက်ကျောမှာ ချွေးများက စိုရွှဲနေပြီဖြစ်၏။

“သွား”

ဆူဇီမိုက ရှေ့သို့ လက်ညိုးထိုးလိုက်၏။

သူ့ကို လှည့်ပတ်နေသော နတ်နဂါးက နတ်ဘုရားအလင်းနှင့် ကြောက်စရာကောင်းသော အော်ရာတို့နှင့်အတူ လေထဲသို့ ပျံတက်ပြီး ဆိုးယုတ်သော လေခွင်းသံနှင့်အတူ တူရန်ဆီသို့ ထိုးဝင်သွား၏။

“အားး!”

တူရန်သည် လိပ်ပြာလွင့်လောက်အောင်ကို ကြောက်လန့်သွားချေပြီ။

“စီနီယာအစ်ကို.. သတိထား”

များစွာသော အဆိပ်ဂိုဏ်းသားများသည် လေထဲရှိ နတ်နဂါးကို ချိန်ရွယ်၍ အဆိပ်လူးလက်နက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

နတ်နဂါးက သူ့အမြီးကို လွှဲရမ်းလိုက်၏။

နဂါးအမြီးရိုက်ချက်က အဆိပ်ဂိုဏ်းသားကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ဖျက်ဆီးကာ စုတ်ပြတ်ထွက်စေကုန်လေသည်။ သူတို့သည် သွေးမြူများအဖြစ် ပြောင်းလဲသွားကြပြီး လေထဲမှာ သွေးစွတ်ကြောင်းတစ်ခုက ပေါ်လာလေသည်။

အဆိပ်ဂိုဏ်းသားထက်ဝက်ကျော်က သေကြလေပြီ။

သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ နားလည်လိုက်ပြီး တူရန်သည် သူ၏ ရွှေအမြုတေနယ်မြေကို ချက်ချင်းထုတ်ဖော်လိုက်၏။

“ငါ မင်းကို မင်းညီရှိတဲ့ ငရဲဆီ ပို့ပေးမယ်ကွ”

ဆူဇီမိုက ဟိန်းဟောက်လိုက်၏။ နတ်နဂါးက သူ့စိတ်ဆန္ဒကို နားလည်ပုံရပြီး သူ့ခေါင်းကိုဆန့်ကာ တူရန်၏ ရွှေအမြုတေနယ်မြေကို လျစ်လျူရှုပြီး ထိုသူကို ကိုက်ချလိုက်၏။

ဝုန်း..

တူရန်၏ ရွှေအမြုတေနယ်မြေက ချက်ချင်းပျက်ပြယ်သွား၏။

ဂျွတ်.. ဂျွတ်..

နတ်နဂါးက တူရန်ကို အနည်းငယ် ကိုက်ဝါးပြီးနောက် မျိုချလိုက်လေသည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။

တူရန်က သေလေပြီ။

အစကတည်းက အဆိပ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ မသန်မာကြပေ။

တူရန်၏ ရွှေအမြုတေနယ်မြေက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်စာရင်းတောင် မဝင်ပေ။

ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်က လူသားဧကရာဇ်၏ လျှို့ဝှက်ပညာရပ်ဖြစ်ပြီး အမြုတေနယ်မြေအများစုကို ဆန့်ကျင်တိုက်ခိုက်နိုင်လေသည်။

All Chapters