← Chapters

ခဲတစ်လုံးနှင့် ငှက်ပေါင်းများစွာကို ပစ်ခတ်

Vol. 17 Ch. 301

ခဲတစ်လုံးနှင့် ငှက်ပေါင်းများစွာကို ပစ်ခတ်

Vol. 17 Ch. 301

ရှဲ့ဖင်းဟွိုက်သည် ဆုံးရှုံးရမည်ကို မကြိုက်သောကြောင့် ရှဲ့ချောင်က ထိုသို့ပြောလာသောအခါ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ဘာမှအကျိုးအမြတ်မရဘဲ အလကားသပ်သပ်ကြီး အရိုက်ခံရတာက သူ့အတွက် လုံးဝ လုံးဝကို မဖြစ်နိုင်ပေ။

ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံမင်းသားထွက်သွားပြီးနောက်မှ နီးနီးကပ်ကပ်လိုက်လာသဖြင့် မကြာခင်မှာပဲ ရောက်ရှိလာခဲ့သည်။

ဆေးဆိုင်တံခါးကို ဝင်ဝင်ချင်း တစ်စုံတစ်ယောက်က သူ့ကို ဝင်တိုက်မိလိုက်သည်။ ငုံ့ကြည့်လိုက်

သောအခါ ထိုသူမှာ သူ၏ အသုံးမကျသော ရုပ်ဆိုးသည့် ညီငယ်လေးဖြစ်ကြောင်း မြင်လိုက်ရသည်။

ရွံရှာစွာ သူ့ကို ဖယ်ထုတ်ခါနီးတွင် ရှဲ့ဖင်းဟွိုက်က သူ့အဝတ်အစားကို ဆွဲရင်း နှာရည်နှင့် မျက်ရည်များလည်းကျနေလျက် ပြောလာသည်။ “အစ်ကိုကြီး! ကျွန်တော် အရိုက်ခံလာရတယ်။ ဒီနေ့ ကျွန်တော် အစ်မအကြီးဆုံးနဲ့ အတူ ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ပရဟိတ လုပ်ဖို့ ထွက်လာခဲ့တာ။ မြို့ပြင်က အဲ့ဒီကြီးနိုင်ငယ်ညှဥ်း အနိုင်ကျင့်တဲ့သူတွေက ကျွန်တော် ပိတ်ကြမ်းအဝတ်အစားတွေ ဝတ်ထားတာမြင်တော့ ကျွန်တော့်ကိုလည်း ဘေးဒုက္ခသည်လို့ ထင်သွားလိမ့်မယ်လို့ ဘယ်သူသိမလဲ။ အဲ့တာနဲ့ သူတို့က ကျွန်တော့်ပစ္စည်းတွေကို ယူချင်ကြတယ်။ ကျွန်တော်က သူတို့ကို ပေးဖို့ငြင်းဆိုတော့ သူတို့က ကျွန်တော့်ကို ရိုက်တယ်။ အစ်ကိုကြီးကြည့်ပါအုံး သူတို့ ကျွန်တော့်ကို သေလုနီးပါးအထိ ရိုက်တာခံရ

တော့မလို့။ ဒုက္ခသည်တွေရဲ့ အဝတ်အစားတွေကို ဝတ်မိရုံလေးကြောင့် သူတို့က ကျွန်တော့်ကို အနိုင်ကျင့်ကြတယ်။ ဒါပေမယ့် ကျွန်..ကျွန်တော်က အပြင်ထွက်ပြီး မဝင့်ကြွားချင်တာကို!"

ရှဲ့ဖင်းဟွိုက်၏အော်သံကို အိမ်အတွင်းရော အပြင်ဘက်ကပါ ကြားနေရသည်။

လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။

ဤသခင်ငယ်လေးရှဲ့တစ်ယောက် စုတ်တီးစုတ်ပြတ် ၀တ်စားဆင်ယင်ထားသည်ကို သူတို့ မအံ့သြတော့ပေ။ သူ့မိသားစုက ဆင်းရဲလွန်းလို့ အဝတ်အစားဝယ်ဖို့တောင် မတတ်နိုင်ဘူးလို့ သူတို့ ထင်ခဲ့ကြသည်။ မမျှော်လင့်မိတာက…

သူ ပရဟိတလုပ်ဖို့ မြို့ပြင်ကို ထွက်သွားတယ်တဲ့

လား?!

သူက တကယ့်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပိတ်ကြမ်းအဝတ်အစားတွေကိုတောင် ဝတ်တယ်။ ဒါက သိပ်ကို မယုံနိုင်စရာကောင်းလွန်းတယ်!

သို့သော် သူ လိမ်ပြီး အယောင်ဆောင်နေတယ်လို့လည်း မပြောနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဒီကလေးက အသက်တောင်မပြည့်သေးဘူးလေ သူ့ကြည့်ရတာ ၁၂ နှစ်၊ ၁၃ နှစ်ပဲ ရှိသေးတာ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ကိုယ်သူ ရိုက်နှက်ဖို့အထိတော့ မလိုအပ်ဘူးမလား?

"အစ်ကိုကြီး! အပြင်မှာ အဲ့လိုဗိုလ်ကျတဲ့သူတွေ အများကြီးပဲ။ သူတို့က ဒုက္ခသည်တွေ သူတို့ရဲ့ ထောက်ပံ့ပစ္စည်းတွေကို လက်ခံရယူတာကို စောင့်ကြည့်နေပြီး ခိုးယူဖို့ ဓားပြတိုက်ဖို့စောင့်နေကြတာ။ သူတို့ ကျွန်တော့်ကို သေလုနီးပါးအထိ ရိုက်

တယ်။ အစ်မကြီးသာ အချိန်မီရောက်မလာရင် ကျွန်တော် တကယ်သေသွားမှာ! အစ်ကိုကြီး ကျွန်တော်သေတာက ကိစ္စမရှိပါဘူး၊ ဒါပေမယ့် အဲ့လိုအနိုင်ကျင့်မှုတွေက လူတွေအများကြီးကို သတ်ပစ်တော့မှာ!" ရှဲ့ဖင်းဟွိုက်က ငိုယိုရင်း ပြောလိုက်သည်။

ရှဲ့ချောင် သူ့ကို ထိုသို့ပြောရန် သင်ပေးထားခြင်းဖြစ်သည်။

နောက်ကွယ်မှ ကြိုးကိုင်သူလေးမှာမူ သူမ၏ခေါင်းအား ငုံ့လျက် ဝမ်းနည်းနေပုံရသည်။

ရုတ်တရက် ထိုနေရာတွင်ရှိနေသော လူတိုင်း သူတို့၏ နိမ့်ကျညံ့ဖျင်းမှုကြောင့် ရှက်ရွံ့သွားကြသည်။

လတ်စသတ်တော့ ရှဲ့မိသားစုရဲ့ ကလေးတွေက သူတို့ထင်သလို မဟုတ်ဘူးကိုး?

ရန်ဖြစ်ခဲ့ကြတယ်ဆိုပေမယ့်... တကယ်တမ်းကျ သူတို့က အနိုင်ကျင့်တဲ့သူတွေကို တိုက်ခိုက်နေကြတာလား?

အစောပိုင်းက လူတိုင်းနီးပါး သူတို့ကို တိတ်တဆိတ် မထီမဲ့မြင်ပြုကြပြီး အချို့ကဆို သူတို့ကို ကျယ်လောင်စွာ ဝေဖန်နေသေးသည်။

သို့သော် ယခုအချိန်တွင် သူတို့၏မျက်နှာ ပူလောင်နေသည်ကို ခံစားလိုက်ရသည်။

"မြို့ပြင်မှာ ဒီလိုဆိုးသွမ်းမှုတွေ ရှိနေတာလား?" ကျောက်ရွှမ်ကျင်းက ရုတ်တရက်ပေါ်လာပြီး ဒေါသထွက်နေသောအသံဖြင့် "သခင်လေးရှဲ့နဲ့

သခင်မလေးရှဲ့က စိတ်ကောင်းရှိပြီး ကရုဏာတရားကြီးမာတဲ့သူတွေပဲ။ ဒါပေမယ့် မင်းတို့နှစ်ယောက်က ငယ်ရွယ်သေးတာမို့ ဒီလိုထိုးနှက်ချက်မျိုးကို ခံစားခဲ့ရတယ်။ ပြီးရင် မင်းတို့နှစ်ယောက်ကို နေအိမ်ကိုပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်…”

ဒီအထိပြောပြီး ကျောက်ရွှမ်ကျင်းက သူ့လက်ထဲက ရေနွေးအိတ်လေးကို ရှဲ့ချောင်ရဲ့အနား ရုတ်တရက်ယူလာပြီး “မိန်းကလေးရှဲ့က အားနည်းနေတယ် မင်းကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ရမယ်လေ"

ရှဲ့ချောင်သည် ခဏတာ ကြက်သေသေသွားပြီး မှင်သက်စွာ ရေနွေးအိတ်ကို လက်ခံယူလိုက်သည်။

အိမ်ရှေ့စံမင်းသားရဲ့ အပူပေးအိတ်က တော်တော်

ထူးဆန်းလိုက်တာ..ဒါက ... အမျိုးသမီးတွေအတွက် ထုတ်ထားတဲ့ပုံစံနဲ့ နည်းနည်းဆင်...

“ကျေးဇူးတင်ပါတယ် အရှင့်သား” ရှဲ့ချောင်က ခပ်တိုးတိုးလေး ပြောလာသည်။

ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံမင်းသား၏ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း လူမြင်ကွင်းတွင် မေးရန်မှာ မသင့်လျော်ပေ။

“အမတ်ကြီးရှဲ့၊ မြို့ပြင်ကို တစ်ချက်သွားကြည့်ဖို့ ကျုပ်နဲ့လိုက်ခဲ့ပါ။ နန်းမြို့တော်ရဲ့ခြေရင်းမှာတောင် ဥပဒေမရှိရင် ဒီလောကကြီး ဘာဖြစ်သွားလိမ့်မလဲ။” ယခုအချိန်တွင် ကျောက်ရွှမ်ကျင်း၏ဒေါသမှာ အမှန်တကယ်ဖြစ်၏။

ရှဲ့ချောင်ရဲ့ အလောင်းအစားကို သူကြားပြီးပြီဖြစ်သည်။

မြို့ပြင်မှာ ကြီးနိုင်ငယ်ညှဥ်းတဲ့သူတွေ ရောက်လာတာတော့ အမှန်ပဲ ဖြစ်နိုင်သည်။ ဒါပေမယ့် ရှဲ့ချောင်က ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ရန် သူမကိုယ်တိုင် အန္တရာယ်ထဲ တိုးဝင်ခဲ့သည်မှာလည်း အမှန်ပင်။

ဒီနှစ်ချက်လုံးက သူ့ကို သက်တောင့်သက်သာ မဖြစ်စေပေ။ကံကောင်းထောက်မစွာနှင့် အရိုက်ခံခဲ့ရသည်မှာ ထိုကလေးဖြစ်ပေလို့ ။ ရှဲ့ချောင်သာ ဖြစ်ခဲ့မယ်ဆိုရင်...

အထူးသဖြင့် စောစောက နီရဲပြီး အေးခဲနေတဲ့ လက်လေးတွေကို ပြန်တွေးမိတဲ့အခါ ကျောက်ရွှမ်ကျင်း စိတ်မသက်မသာ ခံစားရသည်။သူ၏ ဒေါသမှာ ပို၍ ပို၍ပင် ပြင်းထန်လာခဲ့၏။

ရှဲ့ဖင်းကန်းမှာ မြို့ပြင်ရှိ ဗိုလ်ကျခြယ်လှယ်သူများအတွက် ဖယောင်းတိုင်ထွန်းထားပေးလိုက်သည်။

အိမ်ရှေ့စံမင်းသားက ပြည်သူတွေကို သူ့ရဲ့ သားသမီးတွေလို တကယ်ချစ်တာပဲ အခုပဲကြည့် သနားဖို့ကောင်းတဲ့ ဘေးဒုက္ခသည်တွေက မတရားမှုတွေခံစားနေတယ်လို့ ကြားတော့ အရှင့်သားမျက်နှာ အေးစက်လွန်းလို့ ရေခဲတွေတောင် ကျလာမတတ်ပဲ။

ဒီလောက်ကောင်းတဲ့ အိမ်ရှေ့စံမင်းသား၊ သူဘာကြောင့် ထီးနန်းမဆက်ခံနိုင်ရတာလဲ?

လက်တစ်ဖက်ပဲ မဟုတ်ဘူးလား?လုံးဝ ဒုက္ခိတဖြစ်သွားတာလည်း မဟုတ်ဘူး။ ပစ္စည်းတွေ သယ်နိုင်တုန်းပဲလေ!

••••••

All Chapters