← Chapters

မဟာရန်သူဘက်မှ တောင်းပန်လာခြင်း

Vol. 17 Ch. 302

မဟာရန်သူဘက်မှ တောင်းပန်လာခြင်း

Vol. 17 Ch. 302

ရှဲ့ချောင်က သူမ၏အစ်ကိုကြီးကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ရှေ့ထွက်စေချင်သည်။ သူ့ရဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ပုံမျိုးနဲ့ဆို ဒီကိစ္စက အကြီးအကျယ်ဖြစ်သွားမှာ သေချာသည်။ သူ့အဖေသာ အစီရင်ခံစာတင်မည်ဆိုလျှင် နန်းတွင်းတရားရုံးတော်ကပါ သေချာပေါက် ဂရုစိုက်ကြလိမ့်မည်။

သူ့အဖေက ဓားပြဘဝကနေ အလင်းဝင်လာသော အရာရှိတစ်ယောက်ဖြစ်၏။ အများအားဖြင့် သူ့အနေနဲ့ အပြုသဘောဆောင်သော အကြံပြုချက်များပေးရန် အလွန်ခက်ခဲသည်။ကုသိုလ်ကောင်းမှု လုပ်ခြင်းက သူအတွက် ရှားရှားပါးပါး

ပင်ဖြစ်ပြီး အခုအကြိမ် လုပ်ဆောင်ချက်မှာ လူတိုင်းသိသွားစေရန်ပါ ရည်ရွယ်ခဲ့သောကြောင့် အကျိုးသက်ရောက်မှုက ကြီးကြီးမားမားဖြစ်မှာ သေချာသည်။

သို့သော် အိမ်ရှေ့မင်းသားက ဤမျှကြင်နာတတ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ရှဲ့ချောင်သည် ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ပွတ်သပ်နေပြီး သူမ၏ နှုတ်ခမ်းထောင့်တို့က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

ရှဲ့ဖင်းဟွိုက်သည် မှန်တစ်ဝက် မှားတစ်ဝက်ငိုကြွေးရင်း သင်ပေးထားသည့်အတိုင်း သရုပ်ဆောင်ခဲ့သည်။ သူ့အစ်ကိုကြီးက သူ အသုံးမကျသည့်အတွက် အထင်အမြင်သေးလိမ့်မည်ဟု ထင်ခဲ့သော်လည်း မထွက်သွားခင်လေးမှာ သူ့ပခုံးကို ပုတ်ပေးသွားလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့

ပေ။ အဲ့ဒီအကြည့်က...

အရမ်းအရမ်းကို နူးညံ့နေတာ!

သေချာပေါက် အစ်ကိုကြီးရဲ့ အကြည့်တွေကတော့ ကြောက်စရာကောင်းနေတုန်းပဲပေါ့။ ဒါပေမယ့်လည်း သူ့ရဲ့ပုံမှန် ကြောက်စရာကောင်းတဲ့ အသွင်အပြင်နှင့် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အစ်ကိုကြီးရဲ့ ခုနက သဘောထားက နွေဦးလေပြေလေးလိုပဲ!

ထိုအချိန်တွင် ရှဲ့ဖင်းဟွိုက်သည် အိပ်မက်ထဲရောက်နေသလို ခံစားလိုက်ရသည်။ လမ်းလျှောက်တဲ့အခါမှာတောင် တိမ်တွေပေါ်မှာ နင်းလျှောက်နေရသလိုမျိုး လွင့်မျောနေသလိုလို...

အိမ်ရှေ့စံမင်းသား၏ အစောင့်များက အိမ်အပြန်လမ်းတစ်လျှောက်လုံး စောင့်ကြပ်ကြည့်ရှုကာ ပို့ဆောင်ပေးခြင်းကို ရှဲ့ဖင်းဟွိုက်မှာ အမှန်တကယ်မဟုတ်ဟု ထင်ခဲ့မိသွားသည်။

သို့သော် သူ့အား ပို၍ ထိတ်လန့်စေမည့်အရာမှာ ထွက်ပေါ်လာခြင်းမရှိသေးခြင်းသာ။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းနှင့် အစောင့်အဖွဲ့ကို မြို့ပြင်သို့ ခေါ်ဆောင်လာပြီး သဘာဝဘေးဒဏ် ဒုက္ခသည်များအား တိုက်ရိုက်ဆင့်ခေါ်ကာ စုံစမ်းစစ်ဆေးခဲ့သည်။

ရလဒ်က ရှဲ့ချောင်ပြောခဲ့သည့်အတိုင်းပင်။

မြို့ပြင်က ဒုက္ခသည်များအား စောင့်ရှောက်ရေးတာဝန်ခံမှာ ချွေးအေးများ စီးကျလျက် ကြောက်

လန့်တုန်လှုပ်နေရသည်။

အကယ်၍ အခြားအရာရှိများ လာရောက်စုံစမ်းပါက သူသည် အကြောင်းပြချက် တစ်စုံတစ်ရာ ပေးနိုင်သော်လည်း ယခုရောက်လာသူက အိမ်ရှေ့မင်းသားဖြစ်၏။

မြို့ပြင်ကိစ္စများကို တာဝန်ခံအရာရှိက အမှန်ပင် သိပါသည်။သို့သော်လည်း သူ့အမြင်အရ ၎င်းဒုက္ခသည်တို့၏ သေဆုံးသူဦးရေမှာ သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအတွင်း ရှိနေသရွေ့ ဒါဟာ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။

ဒုက္ခသည်တွေရဲ့ ပစ္စည်းတွေ လုယက်ခံရတာလား?

ဒါက အရေးမှမကြီးပဲ!

ဘာပဲဖြစ်ဖြစ် အဲ့ဒီပစ္စည်းတွေကို အခြားသူတွေက ပေးထားတာဖြစ်ပြီး နဂိုကတည်းက အဲ့ဒီဒုက္ခသည်တွေ ပိုင်တာမှ မဟုတ်တာ!

သို့သော် သူသည် ထိုအနိုင်ကျင့်ဗိုလ်ကျသူများက ချမ်းသာသော သခင်ငယ်လေးကိုတောင် ဖောက်မမြင်နိုင်လောက်တဲ့အထိ တုံးအလွန်းလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

သူ့ကိုတောင် သတ်မိလုနီးပါးဖြစ်သွားတယ်တဲ့လေ!

ဒါက အဆင်ပြေသေးတယ် ဒါပေမယ့် ဒီကိစ္စက... သူ့ဘာသာသူ အတောင်တွေ ပေါက်သွားသလိုပဲ လေးနာရီမပြည့်ခင်မှာတင် တစ်မြို့လုံး

ပျံ့နှံ့သွားပြီ!

......

မွန်းလွဲပိုင်းတွင် ရှဲ့မိသားစုထံ လက်ဆောင်များ ပေးအပ်ရန်အတွက် လူအများအပြား ရောက်လာကြသည်။

မိသားစုအိမ်တော်၌ သခင်မကြီးလည်း ရှိမနေသလို ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းတို့မှာလည်း အနီးနားတွင် မရှိချေ။ အိမ်တော်ထိန်းသည် သူတို့အား အထဲသို့ ဝင်ရန်သာ ဖိတ်ခေါ်နိုင်ပြီး ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ချောင်က လက်ခံတွေ့ဆုံပေးရန် တာဝန်ယူလိုက်ရသည်။

“ကျွန်တော့်ရဲ့ သခင်လေးက ကောလာဟလတွေကို နားယောင်ပြီး ဒုတိယသခင်လေးရှဲ့က ရိုင်းစိုင်းတယ်လို့ ထင်မိခဲ့တယ်လို့ ပြောပါတယ်။သခင်လေးက ဒီလောက် သနားကြင်နာတတ်လိမ့်မယ်

လို့ ကျွန်တော်တို့အားလုံး မမျှော်လင့်ထားမိဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ရဲ့သခင်လေးနဲ့ ဒုတိယသခင်ငယ်လေးရှဲ့ကြားမှာ သဘောထားကွဲလွဲမှုလေးအချို့ရှိခဲ့တာကြောင့် ကျွန်တော်မျိုးရဲ့ သခင်လေးက တောင်းပန်ဖို့အတွက် ဒီကို အထူးတလည်စေလွှတ်လိုက်တာပါ လက်ဆောင်လေးတစ်ခုပဲမို့ ဒုတိယ သခင်လေးရှဲ့က လက်ခံပေးပြီး ကျွန်တော်မျိုးရဲ့ သခင်ငယ်လေးအပေါ် အညှိုးအတေးမထားဖို့ မျှော်လင့်မိပါတယ်"

ရှဲ့ဖင်းဟွိုက်သည် ထိုလက်ဆောင်လေးဆိုသည့် အရာကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

လက်ဆောင်ပေးသူမှာ သူ၏ ကျောက်စိမ်းဖြူကို မကြာသေးခင်က ယူထားပြီး ဆရာရှောင်၏ တပည့်အဖြစ် အသိအမှတ်ပြုခံထားရသော ချူကျန်းဖြစ်၏။

ထိုချူကျန်းဟူသော ကောင်စုတ်လေးက ဆရာရှောင်းကို သူ၏ဆရာသခင်အဖြစ် အောင်မြင်စွာ ရရှိသွားသောကြောင့် ရှဲ့ဖင်းဟွိုက်မှာ အထူးတလည်မုန်းတီးနေရခြင်းဖြစ်သည်။ သူ့အား မကောင်းပြောလေ့မရှိသော်လည်း အကြည့်တို့ သူ့ဆီရောက်လာသည့်အခါတိုင်း ၎င်းမျက်လုံးများတွင် အမြဲလိုလို အထင်အမြင်သေးမှုများ ပြည့်နှက်နေတတ်သည်။

မသိရင် သူက အခြားသူတွေရဲ့ အထက်စီးမှာ ရှိနေတဲ့အတိုင်းပဲ!

အားလပ်ရက် မတိုင်ခင်က ရှဲ့ဖင်းဟွိုက်မှာ အမှန်တကယ်ပင် ထပ်၍ သည်းမခံနိုင်တော့သောကြောင့် ချူကျန်းနှင့် ငြင်းခုံခဲ့ကြသည်။ ထိုမှတစ်ဆင့် ရန်ပွဲတောင်ဖြစ်လုနီးပါးပင်။ ထို့နောက် ဆရာရှောင်းရောက်လာပြီး သူ့အား အပြစ်ပေးသည့်

အနေဖြင့် စာအုပ်များ ကူးရေးစေခဲ့သည်...

ချူကျန်းဆိုသည်က သူ၏ "မဟာရန်သူ"ဟုပင် ပြော၍ရသည်။

သို့သော် ယနေ့ သူ၏မဟာရန်သူမှ သူ့ကို လက်ဆောင်လေးတစ်ခု ပေးရန်အတွက် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်တဲ့...

"ချူကျန်းရူးသွားပြီလား? သူမှ ငါ့ကိုမကြိုက်တာ!" ရှဲ့ဖင်းဟွိုက်က နှာရှုံ့လိုက်သည်။ သေချာပေါက် တစ်ခုခုကြံစည်နေတာပဲဖြစ်ရမယ်!

အကယ်၍ သူသာ အခုပေးလာသည့် လက်ဆောင်ကို လက်ခံလိုက်မယ်ဆို ရှဲ့ဖင်းဟွိုက်က လောဘကြီးပါတယ်ဆိုပြီး ဆရာရှောင်းဆီသွားပြီး တိတ်တဆိတ်သွေးထိုးမှာသေချာတယ်!

မှန်တယ် အဲ့လိုပဲဖြစ်ရမယ်!

လက်ဆောင်လာပေးပို့သော အစေခံသည် ထိုစကားကိုကြားသောအခါ ကြက်သေသေသွားပြီး အလျင်အမြန်ရှင်းပြလာသည်။ "ဒုတိယသခင်လေးရှဲ့ နားလည်မှုမလွဲလိုက်ပါနဲ့ ကျွန်တော့်ရဲ့ သခင်လေး ... သူ့ရဲ့ နဂိုဗီဇကိုက တသီးတသန့် အေးစက်စက်နေတတ်တယ်ဆိုပေမယ့်လည်း သူ့မှာ မကောင်းတဲ့ နှလုံးသား မရှိပါဘူးဗျာ သခင်လေးက အိမ်မှာဆို ဒုတိယသခင်လေးရှဲ့ရဲ့ အကြောင်းတွေကို ပြောပြောလေ့ရှိတယ် သူက ပြောတယ် ဒုတိယသခင်လေးရှဲ့က ရိုးစင်းတဲ့စိတ်သဘောထားရှိပေမယ့် နည်းနည်းမဆင်မခြင်လုပ်တတ်တာကြောင့် လမ်းမှားကို လျှောက်မိဖို့ လွယ်တယ်တဲ့။ အဲဒါကြောင့်လည်း ဒုတိယသခင်လေးရှဲ့အပေါ်ထားတဲ့ သူ့ရဲ့သဘောထားက နည်းနည်းလေး လွဲနေတာ ဒါပေမယ့် အခု ဒီ

အဖြစ်အပျက်အပြီးမှာ ကျွန်တော်တို့ရဲ့ သခင်လေး အပြစ်ရှိသလိုခံစားရပြီး သခင်ငယ်လေးရှဲ့အပေါ် နားလည်မှုလွဲနေမိတယ်ဆိုတာ သဘောပေါက်သွားခဲ့တာပါ!”

••••••

All Chapters