အနိုင်ကျင့်ခြင်း
Vol. 17 Ch. 303
ရှဲ့ဖင်းဟွိုက်သည် အကျိုးအကြောင်းပြော၍ ရသောသူမျိုးမဟုတ်ပေ။
"သူက ငါ့နောက်ကွယ်မှာတောင် ငါ့မကောင်းကြောင်းတွေပြောတယ်ပေါ့လေ?! ဘယ်လောက်တောင်ယုတ်မာလိုက်သလဲ!" ရှဲ့ဖင်းဟွိုက်သည် အစေခံ၏ ပြောစကားကိုကြားလိုက်သောအခါ သူတကယ်ဒေါသထွက်သွားခဲ့သည်။
သူဆို သူ့မိသားစုရှေ့မှာ ချူကျန်းအကြောင်း တစ်ခါမှ မပြောခဲ့ဖူးဘူး!
အစေခံမှာ ထိုအချိန်တွင် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေပြီး၊ သူက အကူအညီတောင်းသကဲ့သို့ ရှဲ့ချောင်ကို ကြည့်နေသည်။
သူလုပ်နိုင်တာ ဘာမှမရှိတော့ပေ။ ဤဒုတိယသခင်လေးရှဲ့သည် လူပြောသည့်စကားကိုပဲ နားမထောင်သည်မှာ သူနှင့်ပြောဆိုဆက်သွယ်ရန် အလွန်ခက်ခဲလှသည်။ ဒီလို တုတ်တိုးအိုးပေါက်လုပ်တတ်သော လူတစ်ယောက်က ပရဟိတလုပ်ဖို့ မြို့ပြင်ကို ထွက်ရန် သာမန်ဘေးဒုက္ခသည်ပုံစံ ပြောင်းလဲနိုင်သည်အထိ စေ့စပ်သေချာလိမ့်မည်ဟု သူ စိတ်တောင်မကူးဝံ့ပေ။
သူ မယုံနိုင်သော်လည်း ဤသခင်လေး၏ မျက်နှာ
ယောင်ကိုင်းနေသည်ကို ကြည့်ခြင်းအားဖြင့် လိမ်နေပုံတော့မရပေ။
ကောင်းသော အရာတို့ပြုခြင်းကြောင့် ရိုက်နှက်ခံခဲ့ရသည်တဲ့။ မြို့တော်တစ်ခုလုံး၌ ထိုသို့လုပ်နိုင်သည့် အခြားသော သခင်လေးဟူ၍ မရှိနိုင်တော့ပေ။
“ကျွန်မရဲ့ မလိမ်မိုးမလိမ္မာ မောင်ငယ်လေးအစား သခင်လေးချူကို ပြန်သွားပြီး ကျေးဇူးတင်ပေးဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ ကျွန်မရဲ့ ဒီမောင်လေးက ကလေးဆန်ပြီး နည်းနည်းတုံးအတယ် သူက တစ်ပါးသူရဲ့ ကြင်နာမှုကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ မသိတတ်သေးဘူး။ သူ့ကို တစ်ချိန်လုံး ကြည့်ရှုစောင့်ရှောက်ပေးဖို့ သခင်လေးချူအတွက် အတော်ခဲယဥ်းခဲ့မှာပဲ" ရှဲ့ချောင်က ညင်သာသောအသံလေးဖြင့် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
ရှဲ့ဖင်းဟွိုက်သည် ခေါင်းကို လှည့်၍ သူမကို စိုက်ကြည့်လိုက်သည်။
ချူကျန်းက သူ့ကို ဘယ်တုန်းက ဂရုစိုက်ပေးလို့လဲလို့!
သူ၏ မကျေနပ်မှုများကို အော်ဟစ်ဖော်ထုတ်လိုက်ချင်သော်လည်း သူ့မျက်လုံးများက ရှဲ့ချောင်၏ မျက်လုံးတို့နှင့် ဆုံတွေ့လိုက်သောအခါ သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး ထိုနေရာတွင်သာ နာနာခံခံ ထိုင်နေတော့သည်။
သူ့ပါးပြင်တွေလည်း နာကျင်နေတယ်ဆိုတော့ စကားမပြောတာက ပိုကောင်းပါတယ်လေ။
အစေခံအဘိုးကြီးလည်း ထိုစကားကိုကြားပြီးနောက် နောက်ဆုံးတွင် သက်မချနိုင်သွားကာ ထွက်သွားတော့သည်။
"အကြီးဆုံးအစ်မ! သူ ကျွန်တော့်ကို လုံးဝ မကူညီဖူးဘူး! အဲ့တာအပြင် ချူကျန်းက ကျွန်တော့်ကိုဆို အမြဲအနိုင်ကျင့်နေတာ။ ဆရာရှောင်းရှေ့မှာတောင် သူ ကျွန်တော့်ကို ဝေဖန်ပြစ်တင်တဲ့ အကြိမ်အရေအတွက်က မနည်းဘူး။ သူ့ကြောင့်ပဲ ကျွန်တော် ဆရာရှောင်းရိုက်တာကို နှစ်ကြိမ် သုံးကြိမ်လောက် ခံလိုက်ရသေးတယ်!”ထိုလူထွက်သွားပြီးနောက် ရှဲ့ဖင်းဟွိုက်က ဒေါသတကြီးပြောလာသည်။
ဘယ်လိုလုပ် အကြီးဆုံးအစ်မက တခြားသူတွေအတွက် ကူညီပြောပေးနိုင်ရတာလဲ!
"ဒါဆို မမကို သေသေချာချာပြောပါအုံး၊ သူက
ဆရာရှောင်းရှေ့မှာ မင်းအကြောင်း ဘာတွေမကောင်းပြောခဲ့လဲဆိုတာ။ သူ့အမှားပါရင် သူ့ကိုရိုက်ပစ်ဖို့ ချက်ချင်းခေါ်ပေးမယ်" ရှဲ့ချောင်က ပြုံးလျက်ပြောသည်။
"ပထမဆုံးအကြိမ် သူက ဆရာရှောင်းကို ကျွန်တော် ပန်းချီကားကို ဘယ်လိုညစ်ပတ်အောင်လုပ်လိုက်တဲ့အကြောင်း ပြောပြတယ်။ ဒုတိယ အကြိမ်ကျ ကျွန်တော့်အိမ်စာတွေ ကူလုပ်ပေးနေတဲ့ သူရှိတယ်ဆိုပြီး ပြောပြလိုက်တယ်။ နောက်တစ်ကြိမ်လည်းကျရော သူက ကျွန်တော် ဆူးပေတံပေါ်က ဆူးတွေကို တိတ်တိတ်လေး ဆွဲထုတ်ထားပါတယ်ဆိုပြီး ဆရာရှောင်းကို သွားတိုင်တယ်လေ။ ကျွန်တော် မလုပ်ခဲ့ဘူး ကျွန်တော်မှ ဆွဲမထုတ်နိုင်တာကို!" ရှဲ့ဖင်းဟွိုက်မှာ စိတ်ကပျာကယာဖြစ်နေပုံ ပေါ်သည်။
"ဒါတွေက မင်းအပြစ်တွေ မဟုတ်ဘူးလား။ အကယ်၍သာ မင်းဆရာရှောင်းရဲ့ တပည့် အောင်
အောင်မြင်မြင်ဖြစ်လာတယ်ဆို သူက မင်းရဲ့ ဆရာတူအစ်ကိုဖြစ်လာမှာ။ ဆရာတူအစ်ကိုတစ်ယောက်အနေနဲ့ သူ့ရဲ့ညီလေးကို သင်ပြပေးတယ်ဆိုတာ မှန်ကန်တယ်လေ” ရှဲ့ချောင်က ဖြစ်သင့်သော အခြေအနေတစ်ခုဖြစ်သည့်ဟန်ဖြင့် ပြောလိုက်သည်။
ဆရာ့ရဲ့ပေတံအကြောင်းကို ထည့်ပြောရဲသေးတယ်ပေါ့လေ?
အရိုက်ခံရသင့်တယ်!
"ဒါပေမယ့် သူက ကျွန်တော့်ရဲ့ ကျောက်စိမ်းဖြူကို ခိုးသွားတာ၊ အဲ့တာကြောင့် သူ တပည့်အဖြစ် အသိအမှတ်ပြုခံလိုက်ရတာကို!" ရှဲ့ဖင်းဟွိုက် တွေးရင်းတွေးရင်း ပိုပိုပြီး စိတ်မပျော်မရွှင်ဖြစ်လာသည်။
အပြင်လူတွေအကုန်လုံးက ချူကျန်းဟာ လူကြီးလူကောင်းတစ်ယောက်ဆိုပြီး ပြောနေကြတာ၊ ဘယ်လူကြီးလူကောင်းက ဒီလိုလုပ်ရပ်မျိုး လုပ်မှာလဲ?!
"ချူကျန်း ဂိုဏ်းထဲကို ဝင်တဲ့အချိန် သူ့မှာ လိုအပ်ချက်တချို့ ရှိနေနိုင်တယ်။ အဲ့တာကိုလည်း ဆရာရှောင်းက သူ့ကို သင်ပေးလိမ့်မယ်။ဒါပေမယ့် မင်း သေချာစဉ်းစားကြည့်။ မင်းသာ သစ်အယ်သီးအစာသွပ်မုန့်ကို နေ့တိုင်းစားချင်ရင်၊ အဲ့တာကို လုပ်တတ်တဲ့ စားတော်ကဲကလည်း မင်းမျက်စိရှေ့အောက်မှာ ရှိနေရင် မင်းသူ့ကို အိမ်ပြန်ခေါ်သွားပြီး နေ့တိုင်း အဲ့မုန့်ကို လုပ်ခိုင်းချင်မှာမလား။ ချူကျန်း ကျောက်စိမ်းဖြူကို ယူတယ်ဆိုတာကလည်း လူ့သဘာဝပဲ"
“ဒါ့အပြင် ချူကျန်းရဲ့ ကျောက်စိမ်းဖြူက သူ့ရဲ့ ကိုယ်ပိုင် ထောက်ခံချက် ခွဲတမ်းနဲ့ လဲလှယ်ထား
တာ။ နည်းလမ်းကျကျပြောမယ်ဆိုရင် သူမျှမျှတတလုပ်ထားတာပဲ။”
ထို့အပြင် ချူကျန်းသည် ဖေဝမ်ယွဲ့က ကျောက်စိမ်းကို ကောက်ယူလာခဲ့သည်ဟုသာ ထင်ခဲ့ခြင်းဖြစ်ပြီး သူမ ခိုးယူလာခဲ့ကြောင်းကို မသိခဲ့ပေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ချူကျန်း မှားခဲ့လျှင်တောင် အမှားသိပ်မများပေ။
ချူကျန်းက အလုံးစုံမှန်ကန်နေသည်ဟုလည်း သူမ မထင်ပါ။ သို့သော် သူ ဆရာတစ်ဦးရသွားခြင်းက ဖြစ်ပျက်ပြီးသွားပြီးသော ကိစ္စတစ်ခုဖြစ်၏။ ရှဲ့ဖင်းဟွိုက်မှ အတိတ်က ဆုံးရှုံးခဲ့သော အရာများကိုပဲ ဆက်တွေးနေ၍ မဖြစ်ပေ။
ရှဲ့ဖင်းဟွိုက်က သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။
"သူက ကျွန်တော့်ကိုဆို အမြဲ အနိုင်ကျင့်နေတာ!" ရှဲ့ဖင်းဟွိုက်က အရမ်းသေချာနေပုံရသည်။
ရှဲ့ချောင် သက်ပြင်းချလိုက်၏။
"ချူကျန်း သူ ဉာဏ်ကောင်းတယ်လို့ မင်းထင်လား" ရှဲ့ချောင်က မေးလိုက်သည်။
“ဟုတ်တယ်၊ သူက မှတ်သားတဲ့နေရာမှာ အရမ်းမြန်တာ။ ဆရာက သူ့ကို အမြဲချီးကျူးတယ်” ရှဲ့ဖင်းဟွိုက်က ထပ်မံ၍ မကျေမချမ်းဖြစ်သွားပုံပေါ်သည်။
“ဟုတ်တယ်၊ သူက ဉာဏ်ကောင်းတယ်။ အဲ့လို ဥာဏ်ထက်မြက်တဲ့သူတွေက မောက်မာတတ်ကြတယ်လေ။ သူက မင်းကို အမြဲတမ်း ပစ်မှတ်ထားနေတာ ဘာကြောင့်လို့ထင်လဲ? ဘာလို့ဆို ဆရာရှောင်း..က မင်းကို သင်ပေးနေတာကို သူမြင်နိုင်လို့ပဲ
"သူက မင်းကို သူနဲ့ တစ်တန်းထဲမှာ ထားတယ် ဒါပေမယ့် မင်းကတော့ မင်းရရှိထားတဲ့ အခွင့်အရေးတွေကို နေရာတိုင်းမှာ ဖြုန်းတီးနေတာကို သူတွေ့နေရတယ်။ မင်းက အလေးအနက်မထားဘူး၊ အားကိုးမရဘူး၊ မသိတတ်တဲ့အပြင် အရှက်လည်းမဲ့သေးတယ်။ အဲ့တာက ဘယ်လိုလဲဆိုတော့ တစ်စုံတစ်ယောက်က မင်းရှေ့မှာ သစ်အယ်သီးအစာသွပ်မုန့်ကို အမှိုက်တစ်စလို့ ခေါ်နေသလိုမျိုး! ချူကျန်းရဲ့နှလုံးသားထဲမှာလည်း ဆရာရှောင်းက အဲ့သစ်အယ်သီးအစာသွပ်မုန့်လို ဖြစ်တည်မှုမျိုးပဲ။ မင်းကကျ အဲ့သစ်အယ်သီးမုန့်အစာသွပ်မုန့်ကို အထင်သေးနှိမ့်ချပေမယ့် သူ့ကိုပဲ တစ်နေ့တာလုံး စိုးမိုးချင်နေတဲ့လူ။ ဒါဆို မင်း
နားလည်သွားပြီလား?"
•••••