← Chapters

လူကောင်းတွေ အများကြီးရှိနေတာ

Vol. 17 Ch. 305

လူကောင်းတွေ အများကြီးရှိနေတာ

Vol. 17 Ch. 305

ရှားယာ့ယွင်သည် နည်းနည်းလေးမှတောင် မယုံကြည်နိုင်သလို ခံစားနေရ၏။

ရှဲ့မိသားစု၏ ဂုဏ်သတင်းမှာ အမြဲတစေဆိုးရွားနေခဲ့သည်ဖြစ်ပြီး ထိုအခြင်းအရာမှာ ဘယ်သောအခါကမှ မပြောင်းလဲသွားခဲ့ချေ။ ယခု ရှဲ့ချောင်က ကပ်ဘေးဒုက္ခသည်တွေရှေ့မှာ မျက်နှာလေးသွားပြလိုက်ရုံနဲ့ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်တဲ့!

ယခု ရှဲ့မိသားစု၏ ဂုဏ်သတင်းမှာ အကောင်းဘက်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ရှဲ့ချောင်မှာ သူမထက် ပို၍ပင် အားသာသွားလေပြီ!

ရှားယာ့ယွင်မှာ အနည်းငယ် စိုးရိမ်တုန်လှုပ် ထိတ်လန့်နေခဲ့သည်။

ထိုအချိန်တွင် မြို့ပြင်ရှိ ကပ်ဘေးဒုက္ခသည်များမှာ မမျှော်လင့်ထားသော ပုဂ္ဂိုလ်တစ်ယောက်ကို ကြိုဆိုနေကြရ၏။

အိမ်ရှေ့စံမင်းသား၏ ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးမှုက ဗိုလ်ကျခြယ်လှယ်သူများကို ဖမ်းဆီးရုံတင်မကဘဲ မြို့ပြင်၌ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူထားသော အရာရှိများအားလည်း အစားထိုးပစ်လိုက်သည်။ ပြောကြသည်ကတော့ သူတို့အားလုံးအား ပြင်းပြင်းထန်ထန် အရေးယူပြစ်ဒဏ်ပေးလိမ့်မည်ဟူ၍ပင်။ ထိုမှသာ လူတိုင်း စိတ်အေးစွာ သက်ပြင်းချနိုင်တော့သည်။

"ဖွားဖွား အဲ့အနိုင်ကျင့်တဲ့သူတွေလေ နောက်ထပ်

ရှိလာမှာ မဟုတ်တော့ဘူး ဘယ်သူမှလည်း ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ခိုးယူကြတော့မှာ မဟုတ်ဘူး သိရဲ့လား အဲ့အဆာပြေမုန့်ကလေ အရမ်းမွှေးတာပဲ ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့လေး..." ညလယ်ခေါင်၌ အနည်းငယ်ရှုပ်ပွနေသော ကောက်ရိုးဖျာထက် ကွေးကွေးလေး မှီနေသော လူငယ်လေးက ပြောလိုက်သည်။

သို့သော်လည်း သူ၏စကားလုံးတို့အား ပြန်လည်တုံ့ပြန်လာသူ မရှိချေ။

ခေတ္တကြာပြီးနောက် လူငယ်လေးမှာ သူ့ခေါင်းကို လက်မောင်းတို့ကြားထဲ မြှုပ်ထားရင်း "ဖွားဖွား ဘာလို့ ဒီလောကကြီးက မတရားရတာလဲဟင်? ဘာလို့များ အချို့သူတွေကျ လူတိုင်းရဲ့ အထက်မှာ နေနိုင်ကြပြီး အခြားသူတွေကျ အသုံးမဝင်တဲ့ ပေါင်းပင်တွေလို ဖြစ်တည်မှုမျိုးနဲ့ နေကြရတာလဲ?"

သူမ၏ နူးညံ့ချောမွတ်သော လက်ကလေးက နို့နံ့သင်းပျံ့နေသော အဆာပြေမုန့်ကို ကိုင်ထားပြီး သူ့ရှေ့သို့ ချပေးလာခဲ့သည်။

ထိုမိန်းကလေးက သူတို့အား ပြုံးပြလိမ့်မည်ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူမ၏ ပုံစံကား ကပ်ဆိုးတစ်ခုကို ရှောင်ကြဉ်ချင်နေသည့်ပုံစံဖြစ်နေ၏။ သူမကမ်းပေးသော မုန့် သူတို့၏လက်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမမှာ သူမ၏ လက်တို့ကို အမြန်ပြန်ဆွဲယူသွားလိမ့်မည်။

တစ်ချိန်တည်းမှာပဲ သူမမှာ အသက်ရှူလည်း အောင့်ထားလိမ့်မည်ဖြစ်ပြီး ဟိုဟိုဒီဒီ ရွေးချယ်နေပုံက မသိလျှင် သူတို့က တိရစ္ဆာန်များအလား။

သူတို့လည်း လူသားတွေပဲ မဟုတ်ဘူးလား?

မုန့်တွေက သိပ်ကို အရသာရှိလှပေသည်။ ထိုကဲ့သို့ စားကောင်းသောမုန့်မျိုးကို သူ ပထမဆုံးအကြိမ် အရသာခံဖူးခြင်းဖြစ်သော်လည်း ဒုတိယအကြိမ်၌ ရွေးချယ်ခံရသော ဒုက္ခသည်များအားလုံးမှာ ထိုလူရမ်းကားများ၏ ပစ်မှတ်ထားခြင်းကို ခံရလေသည်။ ထို့ကြောင့် သူတို့မှာ အရာအားလုံးကို ပေးလိုက်ရုံကလွဲ ရွေးချယ်စရာ မရှိချေ။

ထိုအချိန်၌ သူသည် သူတောင်းစားစင်စစ်ထက်ပင် ပို၍ ဆိုးရွားသော သူတောင်းစားတစ်ယောက် ဖြစ်လာသည်ဟုပင် ခံစားလိုက်ရ၏။

လွန်ခဲ့သော နှစ်ဝက်အချိန်က သူသည် ဤနိုင်ငံ၏ အရိပ်အောက်တွင် နေထိုင်သော ပြည်သူကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ သူ့တွင် ချစ်ရသော မိဘများ၊ အဘိုးအဘွားများအပြင် ညီမငယ်လေးတစ်ယောက်လည်း ရှိသေး၏။

သို့သော် ယခုအချိန် သူ့တွင် မိသားစုဝင်တစ်ယောက်တစ်လေတောင် မကျန်ရစ်တော့ပေ။

သူ ကျေးဇူးတင်သင့်သည်။ ထိုမိန်းကလေးမှာ သူနှင့် ဘာပတ်သတ်မှုမှ မရှိချေ။ သူမ ကြင်နာစွာ ပေးကမ်းလာသော အရသာရှိသည့် အစားအစာအတွက် သူ ကျေးဇူးတရားတို့နှင့် ပြည့်နှက်နေသင့်သည်။ ထိုကြင်နာမှုကို သူ့နှလုံးသားထဲ အမြဲအမှတ်ရပေးနေသင့်သည်။

သို့သော် သူ... ထိုအရာကို လက်သင့်မခံနိုင်ဖြစ်နေခဲ့၏။

"ဖွားဖွား... ကျွန်တော်လေ သူတို့ကို သိပ်မုန်းလိုက်တာ"

အဲ့ဒီ ဟိတ်ဟန်များတဲ့ ကြောင်သူတော်တွေ...

အဲ့ဒီ အောက်ခြေလွတ်နေတဲ့ အထက်တန်းစား မျိုးရိုးမြင့်တွေ...

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခန္ဓာမှာတော့ သူ့ကို အဖြေမပေးနိုင်တော့ချေ။ လေထဲတွင် မျောလွင့်နေသော အဖိုးအိုမှာ သူ၏ အသက်ရှင်နေဆဲ မြေးလေးအား ဗလာမျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့သည်။

...

နောက်တစ်နေ့၌ မြို့ပြင်ရှိ မြင်ကွင်းမှာ မျှော်လင့်ထားသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

ကပ်ဘေးဒုက္ခသည်များ၏ ပစ္စည်းများကို လူရမ်းကားများ လုယူဓားပြတိုက်သော အမှုကိစ္စကိုလည်း လူတိုင်း သိရှိသွားခဲ့ကြပြီးဖြစ်၏။ ကူကယ်ရာမဲ့နေသော ဒုက္ခသည်များနှင့် သူတို့ရင်ဆိုင်ခဲ့ရသည့် လူမိုက်များအကြောင်း သိကြပြီးနောက် မြို့ထဲရှိ လူချမ်းသာမိသားစုများမှာ နောက်တစ်ကြိမ် ထပ်မံ၍ လှူဒါန်းမှုများ လုပ်ကြတော့သည်။ ယခုတစ်ကြိမ်တွင်တော့ လှူဒါန်းမှုအားလုံးကို ရုံးတော်က မှတ်တမ်းတင် စာရင်းပြုထားပြီး ထိုမှတစ်ဆင့် ပြည်သူများထံ ဖြန့်ဝေပေးကြသည်။

လူတိုင်း အစားအစာနှင့် အဝတ်အထည်များကို လုံလုံလောက်လောက် ရရှိကြသည်။

သူတို့ လုယက်ခံရမည်ကို ထပ်မံစိုးရိမ်ဖို့ရာ မလိုတော့ချေ။

ထို့အပြင် ၎င်းလူချမ်းသာမိသားစုများက သူတို့၏ အစေခံများကို စေလွှတ်ကာ ဒုက္ခသည်များအား လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်သည့် ခိုင်ခံ့သော ယာယီခိုလှုံစခန်းများကို ဆောက်လုပ်ရာ၌ ကူညီပေးစေခဲ့သည်။

"အဲ့လူတွေ ဘာလုပ်နေကြတာလဲ? သူတို့ဆီမှာ အချိန်တွေ အရမ်းပိုနေကြတာလား?!" ရှားယာ့ယွင်မှာ အခြေအနေကို တစ်ချက်ကြည့်ရန် အပြင်ထွက်လိုက်ချိန်၌ အံကြိတ်မိလိုက်သည်။

လူကောင်းတွေ အများကြီးရှိနေမှတော့ ဘယ်သူက သူမကို မှတ်မိတော့မှာလဲ?!

“သခင်မလေးရှား မတိုင်ခင်က ကျွန်တော်တို့အားလုံးက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မင်းရဲ့ပစ္စည်းတွေကို ယူခဲ့ရတယ် ဒါပေမယ့် ဒီမနက်ပဲ သေသေချာချာ

စဉ်းစားမိလိုက်တယ် အခုဆို ရုံးတော်ကလည်း အစားအသောက်တွေကို မကြာခဏ ဝေပေးနေတယ်။ ဒီဆောင်းရာသီလည်း အရင်ကလောက် မခက်ခဲတော့လောက်ဘူး ဒါကြောင့်… သခင်မလေးရဲ့ပစ္စည်းတွေကို အလကားယူလိုက်ရင် ကျွန်တော်တို့က ဆိုးရွားပြီး မသိတတ်တဲ့သူတွေလို ဖြစ်သွားလိမ့်မယ်” သူမရောက်လာတာကို မြင်တော့ ဆယ်ကျော်သက်လူငယ်လေးများက ရောက်လာပြီး ယဉ်ကျေးစွာပြောကြသည်။

အရင်တုန်းကတော့ ဘဝက ခက်ခဲရုန်းကန်ရလွန်းတာကြောင့် သူတစ်ပါးထောက်ပံ့ပေးတာကို လက်ခံရန် ဆန္ဒရှိခဲ့ကြသည်။

သို့သော် ယနေ့မှာတော့ ကွဲပြားခြားနားသွားပြီဖြစ်၏။ ရုံးတော်က စားနပ်ရိက္ခာများသာမက ဂွမ်းကပ်အနွေးအင်္ကျီများကိုပါ ဝေငှပေးနေသည်။ ကာလတို အလုပ်သမားများ ခေါ်ယူရန်လည်း အကြောင်းကြားစာများပင် တင်ထားသေး

သည်။ ထိုမျှသာမက အခြားဝင်ရောက်လုပ်ကိုင်နိုင်သော အလုပ်များစွာလည်း ရှိသေး၏။

ရက်အနည်းငယ်မျှ အနားယူပြီးနောက် လူတော်တော်များများမှာ အလုပ်တို့ကို ပြန်လည်လုပ်ကိုင်နိုင်ပြီဖြစ်သည်။ ဤဆောင်းရာသီကို သူတို့ ကျိန်းသေပေါက် ရှင်သန်ကျော်ဖြတ်နိုင်ပေလိမ့်မည်။

•••••

All Chapters