← Chapters

ပြန်လည်ပေးအပ်ခြင်း

Vol. 17 Ch. 306

ပြန်လည်ပေးအပ်ခြင်း

Vol. 17 Ch. 306

ထိုအချိန်၌ လူငယ်လေးများ ပြောသည်ကို ကြားလိုက်ရသော တစ်ခဏ ရှားယာ့ယွင်မှာ ဒေါသတကြီး မသောင်းကျန်းမိအောင် အတတ်နိုင်ဆုံးကြိုးစားနေရသည်။

"ဘာလို့ ကျွန်မပေးတဲ့ ပစ္စည်းတွေကို အလကား

လက်မခံရတာလဲ? မုန့်တွေက အရသာမရှိလို့လား? ရပါတယ် ဒီလိုဆိုရင်ရော? ကျွန်မ ရှင်တို့ကို ဒီနေ့ နေ့လည်စာလိုက်ကျွေးမယ်လေ ရှင်တို့ကြိုက်တာသာ မှာလိုက်၊ ဒီနေ့ ကျွန်မ ဒကာခံမယ်" ရှားယာ့ယွင်က ညင်သာစွာ ပြောလိုက်၏။

ဆယ်ကျော်သက်လေးများမှာ ခေတ္တမျှ ငြိမ်သက်သွားကြသည်။

သူတို့ထဲမှ အများစုမှာ ရှက်ရွံ့နေကြပြီး "မြို့ထဲက မိသားစုတော်တော်များများက လက်ရှိမှာ ကာလတို အလုပ်သမားတွေ ငှားနေကြတယ် ကျွန်..ကျွန်တော်တို့ ကိုယ့်ဘာသာ ပိုက်ဆံရှာလို့ရပါတယ်.." သူတို့ထဲမှ တစ်ယောက်က အလျင်အမြန်ပြောလိုက်၏။

"စားသောက်ဆိုင်က အစားအစာတွေက အရမ်းဈေးကြီးတာ ရှင်တို့ တစ်လလုံးလုံး အလုပ်လုပ်

ရင်တောင် အဲ့နေရာက ဟင်းတစ်ပွဲကို တတ်နိုင်မှာ မဟုတ်ဘူး!" ရှားယာ့ယွင်က မျက်မှောင်ကြုတ်လိုက်သည်။ "ရှင်တို့ ရှက်နေဖို့ မလိုပါဘူး ကျွန်မက ရှင်တို့အတွက် ဒကာခံပြီး ကျွေးမွေးချင်တယ်ဆိုတာ ရှင်တို့ရဲ့ အတွေ့အကြုံတွေက အရမ်းခက်ခဲကြမ်းတမ်းခဲ့တယ်လို့ ကျွန်မတွေးမိလို့ပါ ကျွန်မ ရှင်တို့ကို ကူညီပေးလို့ရတဲ့အပြင် ကောင်းမွန်တဲ့ဘဝမှာ နေခွင့်ရအောင်လည်း လုပ်ပေးနိုင်တယ်"

ရှားယာ့ယွင်မှာ သူမငယ်စဥ်ကတည်းက ဘဝကို လိုလေသေးမရှိ သက်တောင့်သက်သာဖြတ်သန်းခဲ့သည်ဖြစ်ရာ သူမပြောလိုက်သည်မှာ ဖြစ်သင့်သည့်အရာများကို ပြောနေသည့်အလား။

ထိုအချိန်တွင် သူမမှာ မျက်နှာနီရဲနေကြသော လူငယ်လေးများ၏ အမူအရာကိုကြည့်၍ သူတို့ရှက်နေကြသည်ဟု တွေးထင်မိသွားခဲ့သည်။

အကယ်၍သာ ထိုလူငယ်လေးများကသာ ငယ်ရွယ်စဥ်ကတည်းက ခက်ခဲကြမ်းတမ်းသောဘဝများကို ဖြတ်သန်းလာခဲ့ရပါလျှင် အခုအချိန်တွင် အပင်ကြီးကြီးတစ်ပင်ကို ကုပ်တွယ်တက်ထားမိသကဲ့သို့ ခံစားကြရပေလိမ့်မည်။ သို့သော်လည်း အမှန်တရားသည်က ဤနေရာတွင် ရှိနေသောသူအားလုံးမှာ ကပ်ဘေး၏ သက်ရောက်မှုကို မခံရသေးခင်က သူတို့ကိုယ်ပိုင်မိသားစုများတွင် အလိုလိုက်ခံထားရသော ကလေးများဖြစ်ကြ၏။

သူတို့မိသားစုများက အရမ်းကြီးအဆင်မပြေလျှင်တောင် အစားအစာရှားပါးရလောက်တဲ့အထိတော့ မဟုတ်ချေ။

ထို့ကြောင့် ရှားယာ့ယွင်၏ စကားလုံးများက ယခုအချိန်တွင် သူတို့အတွက် ကြားရတာ ခါးသီးနေချေသည်။ ထိုမျှသာမက သူတို့၏ သိက္ခာကိုပါ

တိုက်ရိုက်ထိပါးစော်ကားလိုက်သကဲ့သို့ဖြစ်နေ၏။

သူတို့အားလုံးမှာ အသက် ၁၆နှစ် ၁၇နှစ်အောက် လူငယ်လေးများဖြစ်ကြသည်။ အထူးသဖြင့် ဤကဲ့သို့သော အသက်အရွယ်မျိုးက စိတ်ပိုင်းဆိုင်ရာထိလွယ်ရှလွယ်သော အချိန်ဖြစ်၏။

ထို့ကြောင့် သူတို့အားလုံး ရှက်ရွံ့မှုကို ခံစားရကာ အဝေးသို့ ထွက်ပြေးချင်စိတ်များပင် ပေါ်လာကြသည်။

သို့သော်လည်း ဤသခင်မလေးရှားမှာ မတိုင်ခင်က သူတို့အား အဆာပြေမုန့်များ ဝေပေးခဲ့သူဖြစ်၏။ အနည်းငယ်မျှ မကျေလည်မှုကို ခံစားရသော်လည်း သူတို့၏ 'ကျေးဇူးရှင်'နှင့် ရန်ဖက်ဖြစ်ရန် မသင့်တော်လှချေ။

ထို့ကြောင့် သူတို့အားလုုံး တောင့်တောင့်ကြီး ရပ်နေကြသည်။

ရှားယာ့ယွင်က ပြုံးလိုက်ပြီး "ကောင်းပြီ ရှင်တို့အားလုံးကြောက်နေဖို့ မလိုပါဘူး ဒီမတိုင်ခင်က အဲ့လိုဆိုးသွမ်းတဲ့ ဓားပြတွေရှိမှန်း မသိခဲ့လို့ပါ အခု ကျွန်မသိပြီဆိုတော့ ရှင်တို့အားလုံးကို သေချာပေါက် ကာကွယ်ပေးမှာပေါ့"

ထိုသို့ပြောပြီးနောက် ရှားယာ့ယွင်သည် ထိုလူများကို မြို့အတွင်းရှိ စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။

လူငယ်လေးများသည် စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း ရှားယာ့ယွင်၏ နောက်ခံမှာ အလွန်ပင်ထူးခြားကြောင်း သူတို့ သိသည်။ ယခင် နိုင့်ထက်စီးနင်း လူဆိုးများနှင့် အဖြစ်အပျက်

ကြောင့်၊ ထိုအချိန်တွင် သူတို့ ရှားယာ့ယွင်အား မဆန့်ကျင်ရဲကြပေ။ ထို့ကြောင့် သူမနောက်သို့ နာနာခံခံသာ လိုက်နိုင်ကြသည်။

ရှားယာ့ယွင်သည် စားသောက်ဆိုင်၏ ခန်းမတစ်ခုလုံးကို ငှားယမ်းလိုက်ပြီး သူတို့ကို ဖိတ်ခေါ်လာခဲ့သည်။

ကိစ္စကြီးတစ်ခုပေ။

မနေ့က ရှဲ့မောင်နှမတို့ကို သူတို့၏ ကြင်နာမှုနှင့် ရက်ရောမှုတို့အတွက် ချီးကျူးခဲ့ကြသည်။ ယနေ့တွင်မူ ရှားယာ့ယွင်မှာ သူမ၏ မခွဲခြားတတ်သော ဖြူစင်သည့် သဘောထားအတွက် ချီးကျူးခံခဲ့ရသည်။

ရှဲ့ချောင်လည်း ယနေ့ မြို့ပြင်သို့ ရောက်လာခဲ့၏။

သို့သော် သူမ ရထားလုံးပေါ်မှ ဆင်းမလာပေ။ အဲ့ဒီအစား သူမက အစေခံကို လာခိုင်းကာ မနေ့က ပစ္စည်းများကို ယူ၍ တစ္ဆေအမျိုးသား၏ မိသားစုထံ ပြန်လည်ပေးအပ်ရန် စေခိုင်းလိုက်သည်။

အစေခံမှာ ပဟေဠိဖြစ်သွားခဲ့သော်လည်း နာခံစွာ လုပ်ဆောင်ပေးလိုက်သည်။ သူက ရှဲ့ချောင်ပြောသော တဲစုတ်လေးအား လိုက်ရှာကာ တွေ့ပြီးနောက်

"ခင်ဗျားက ဝမ်ကျန်းရဲ့ မိသားစုဝင်လား မသိဘူး?" အစေခံက ဂရုတစိုက်မေးမြန်းလိုက်၏။

အဖွားကြီးမှာ သူ၏ ဝေဝါးနေသောမျက်လုံးတို့ဖြင့် ကြည့်လိုက်ပြီး "ဟုတ်ပါတယ် ဘာကိစ္စများရှိလို့လဲဆိုတာ ကျွန်မသိခွင့်ရှိမလား သခင်လေး?"

"မဟုတ်တာ မဟုတ်တာ ကျွန်တော်က တောက်တိုမယ်ရအစေခံလေးတစ်ယောက်ပါဗျာ သခင်လေးလို့ သတ်မှတ်လို့ မရပါဘူး... ဒီလိုဗျ ကျွန်တော်တို့ရဲ့ ပထမသခင်မလေးက ဒါတွေကို ခင်ဗျားဆီ ယူလာပေးခိုင်းလိုက်လို့ပါ သူမပြောတာ.. သူမပြောတာကတော့ ဝမ်ကျန်း အသက်ရှင်စဥ်က ပစ္စည်းတွေကို လက်ခံရရှိခဲ့ပေမယ့်လည်း အခြားတစ်ယောက်ခိုးယူတာ ခံလိုက်ရတယ် အခု ဒါတွေကို ပိုင်ရှင်မှန်ဆီ ပြန်ပေးတာပါတဲ့" အစေခံက ချက်ချင်းလက်ငင်းပင် လာရင်းကိစ္စအား ပြောပြလိုက်၏။

အဖွားအို၏ အမူအရာမှာ ခေတ္တတောင့်ခဲသွားပြီးနောက် သဘောပေါက်သွားဟန်ဖြင့် ပစ္စည်းများအား လှမ်းယူလိုက်သည်။

"ဟုတ်တယ်.. ကျွန်မသားပြောတာ

တစ်စုံတစ်ယောက်က အစားအစာနဲ့ အဝတ်အစားတွေကို ဝေငှပေးနေတယ်တဲ့လေ သူ အဲ့တာတွေကို သွားယူချင်ပေမယ့် အခြာသူလုတာ ခံလိုက်ရတယ်... ဒီလိုနဲ့ပဲ..." အဖွားအိုမှာ ပစ္စည်းများကို ပွေ့ပိုက်ထားရင်း ကျယ်လောင်စွာ ငိုကြွေးမိလေတော့သည်။

သူမဘေးရှိ အမျိုးသမီးငယ်မှာလည်း ထိုနည်းတူစွာ မျက်နှာထက် မျက်ရည်တို့ စီးကျနေခဲ့သည်။

ကလေးငယ်မှာလည်း ဖခင်ဖြစ်သူ မရှိတော့တာကို နားလည်သည်ထင်၊ မျက်နှာလေးမှာ ငိုတော့မယောင်ဖြစ်နေလေသည်။

အစေခံမှာ စိတ်မသက်မသာခံစားလိုက်ရ၏။ "သေဆုံးသွားသူက အသက်ပြန်ရှင်လာနိုင်မှာ မဟုတ်ဘူး ရှင်ကျန်ရစ်တဲ့သူတွေက ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ကြပါ ဒါ့အပြင် ပထမ

သခင်မလေးက ပြောတယ် တရားခံတွေကို ထိုက်သင့်တဲ့အပြစ်ဒဏ်တွေပေးပြီး တရားမျှတမှုလည်း ရခဲ့ပြီ ကပ်ဘေးကိုလည်း အောင်အောင်မြင်မြင်ကျော်လွန်နိုင်ခဲ့ပြီဖြစ်တာကြောင့် နွေဦးရောက်လာတာနဲ့ အရာအားလုံးလည်း ပြန်လည်ငြိမ်းချမ်းသွားမှာပါတဲ့"

••••••

All Chapters