(ကြီးမြတ်တဲ့ အမြင့်တစ်နေရာအထိ တက်လှမ်းနိုင်ဖို့)
Vol. 17 Ch. 307
အစေခံမှာ ရှဲ့ချောင်၏ စကားများကို တစ်လုံးမကျန်ပြန်ပြောပြလိုက်သည်။ ၎င်းကို ကျန်ရစ်သူမိသားစုဝင်များ ကြားသောအခါ ဝမ်းနည်းပူဆွေးနေလျက်မှ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်သန်းလာခဲ့၏။
သူမတို့၏ သား၊ ခင်ပွန်းဖြစ်သူမှာ ဒီပစ္စည်းများ
ကို ကာကွယ်ရန် သူ့အသက်ကိုပင် အမှုမထားခဲ့ပေ။ သူတို့ ပြတ်ပြတ်သားသားခိုင်ခိုင်မာမာ အသက်ဆက်မရှင်ရအောင် သူတို့တွင် ဘာအခွင့်အရေးရှိလို့လဲ?
"မင်းရဲ့ ပထမသခင်မလေးဆိုတာ ဘယ်သူများလဲ..?" အမျိုးသမီးကြီးက ပြန်တုံ့ပြန်လာခဲ့သည်။
သူမသား၏ သေဆုံးမှုနှင့် ပတ်သတ်သည့် အမှန်တရားကို သိသူ သိပ်မများလှပေ။
"ကျွန်တော်တို့ ပထမသခင်မလေးရဲ့ မျိုးရိုးနာမည်က ရှဲ့ပါ သူမက စစ်သူကြီး ရှဲ့နျိုရှန်းရဲ့ သမီးအကြီးဆုံးပေါ့"
ထိုသို့ကြားသည်နှင့် အမယ်အိုမှာ သူမ၏ချွေးမဖြစ်သူကိုပါ ရုတ်တရက် ဒူးထောက်ခိုင်းလိုက်ပြီး
"ကျေးဇူးပြုပြီး ပြန်သွားတဲ့အခါ ကျွန်မတို့ရဲ့ ကျေးဇူးရှင်ကို ကျွန်မတို့ကိုယ်စား ကျေးဇူးတင်ပေးပါ"
အကယ်၍သာ မနေ့က ရုတ်ရုတ်သည်းသည်းဖြစ်အောင် သခင်မလေးရှဲ့သာ မလုပ်ခဲ့ဘူးဆိုရင် သူမသားအတွက် လက်တုံ့ပြန်ရန်မှာလည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုဓားပြများသည်လည်း အပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေဆဲဖြစ်နေလိမ့်မည်။
ယခုကဲ့သို့သော ရလဒ်မှာ သခင်မလေးရှဲ့၏ ကျေးဇူးကြောင့်သာ ဖြစ်ချေသည်။
အစေခံသည် သူမအား ထရန် အမြန်ကူညီပေးလိုက်ပြီးနောက် ထွက်လာခဲ့သည်။
ပထမက သခင်မလေးရှဲ့ သူတို့ကို ဘာကြောင့် ပစ္စည်းနည်းနည်းလေးပဲ ပေးလဲဆိုတာ သူသိချင်နေခဲ့ခြင်းဖြစ်၏။ သူ မထင်မှတ်ထားမိသည်က သူမပေးအပ်လိုက်သည့် အရာများမှာ ထိုမိသားစုအလိုအပ်ဆုံးသော အရာများဖြစ်နေခြင်းပင်!
ရှဲ့ချောင်မှာ ရထားလုံးထဲတွင် ထိုင်နေသော်လည်း ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေခြင်းမဟုတ်ချေ။
ဒီနေရာ၌ တစ္ဆေများ အတော်များလေ၏။
သို့သော်လည်း ထိုတစ္ဆေများမှာ အစွဲအလမ်းများရှိနေခြင်းမဟုတ်ဘဲ အသိမဲ့စွာ လွင့်မျောနေကြခြင်းဖြစ်သည်။ ယခု ရှဲ့ချောင်မှာ သူတို့ကို ဖမ်းဆီးထားလိုက်ပြီး နောက်နှစ် ချင်းမင်ပွဲတော်အချိန်အခါရောက်မှသာ ဘဝကူးပေးတော့ရန် စီစ
ဥ်ထားလိုက်သည်။
"ဆရာသခင် ကျွန်မရဲ့ မြေးလေးက အတော်လေး ဒုက္ခရောက်ခဲ့ရတာပါ အခုကျွန်မ မရှိတော့ သူတစ်ခုခုဖြစ်မှာ စိုးရိမ်မိတယ် ကျွန်မမိသားစုမှာ မြေးလေးတစ်ယောက်ပဲ ကျန်ရစ်ခဲ့တော့တာ.. သူသာ လုံလုံခြုံခြုံ ကြီးပြင်းရှင်သန်သွားနိုင်မယ်ဆို ကျွန်မအသက်ကို ပေးဆိုလည်း ပေးရဲပါတယ်!" ရှဲ့ချောင်အရှေ့၌ နောက်ထပ် ခေါင်းမာလေသော အမျိုးသမိီးအိုကြီးတစ်ယောက် ရောက်လာပြန်သည်။
ထိုအမျိုးသမီးကြီးမှာ တစ္ဆေဘဝရောက်နေပြီဖြစ်သော်လည်း သူခန္ဓာကိုယ်မှ ဆွေးမြေ့ပျက်စီးနေသော အငွေ့အသက်တို့ကို ထုတ်လွှတ်နေဆဲဖြစ်၏။ သူမ၏ ခန္ဓာမှာ ပိန်ချုံးရှုံ့တွနေကာ မျက်နှာမှာလည်း ဝါကြင့်ကြင့်ဖြစ်နေသည်။ သိသာစွာပင် သူမမှာ အာဟာရချို့တဲ့နေခြင်းဖြစ်၏။
"ရှင့်အသက်က မရှိတော့တာ ကြာပြီလေ"ရှဲ့ချောင်က ညင်သာစွာပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် အမျိုးသမီးအိုကြီးမှာ အနည်းငယ် အားယုတ်သွားခဲ့သည်။
"သူ အသက်ရှင်လျက် အိမ်ပြန်နိုင်ဖို့က ရှင့်ရဲ့ ဆန္ဒမဟုတ်ဘူးလား? ဒါက ပြီးမြောက်ဖို့ မခက်ခဲပါဘူး.. ကျွန်မကိုတောင် ရှင်လာရှာဖို့ မလိုအပ်ဘူး" ရှဲ့ချောင်က ထပ်မံ၍ ပြောလိုက်သည်။
အမျိုးသမီးအိုကြီးမှာ ထိတ်လန့်ကာ ကြက်သေသေသွားခဲ့သည်။ အစစ်အမှန်ဟု မထင်ရလောက်သည့် တစ္ဆေအိုမှာ ဘာဆက်လုပ်ရမလဲဖြစ်နေပုံပေါ်သည်။
မတိုင်ခင်က ထိုဓားပြများ၏အမှုကိစ္စမှာ တစ်မြို့လုံး၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။ ယခု တော်ဝင်တရားရုံးက မြို့ပြင်က အခြေအနေကို အလေးပေးစောင့်ကြည့်နေပြီး ကပ်ဘေးရှောင်ပြည်သူများကိုလည်း ကောင်းစွာ စီစဥ်နေရာချပေးလိမ့်မည်ဖြစ်၏။ သေဆုံးမှုများ...မှာ ထပ်မံဖြစ်တော့မည်မဟုတ်။ ဒါ့အပြင် သူမ၏ မြေးလေးမှာလည်း ပါးနပ်ထက်မြက်သူဖြစ်ရာ ထပ်မံ၍ ဆာလောင်မှုဒဏ်ကို ခံစားရလိမ့်မည်မဟုတ်ချေ။
"ကျွန်မက ... ဒိီအတိုင်း အင်းး ကျွန်မရဲ့ မြေးလေး ကြီးမြတ်တဲ့ အမြင့်တစ်နေရာအထိ တက်လှမ်းနိုင်ဖို့ မျှော်လင့်မိတာ..." နောက်ဆုံးတွင် အတော်အတန်ကြာပြီးမှ အမျိုးသမီးအိုကြီးမှာ စကားပြောလာခဲ့သည်။
ရှဲ့ချောင်မှာ သူမ၏ မျက်ခုံးလေးများကို အနည်းင
ယ်မြှင့်လိုက်မိိသည်။ "ဒီဆန္ဒကတော့ နည်းနည်း တတ်နိုင်စွမ်းထက် ကျော်လွန်နေလားလို့"
ကြီးမြတ်တဲ့ အမြင့်တစ်နေရာအထိ တက်လှမ်းနိုင်ဖို့ဆိုတာ လူတစ်ယောက်က ကိုယ့်အားကိုယ်ကိုးမှ ရနိုင်မှာလေ .. ဘယ်လိုလုပ် အခြားသူတွေကို အားကိုးရမှာတဲ့လဲ?
"မဟုတ်.. မဟုတ်တာ ဆရာသခင်ရယ် ကျွန်မက သူ့ကို အကျိုးအမြတ်ကြီးကြီးမားမားတွေပေးဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး အခွင့်အရေး.. သူ့ကို အခွင့်အရေးလေးတစ်ခုလောက် ပေးဖို့ပဲ တောင်းဆိုတာပါ သူ့ကို ဆရာသခင်ရဲ့ နောက်လိုက်ဖို့ ခွင့်ပြုပေးဖို့.. ကျွန်မကြားဖူးတာ ချမ်းသာတဲ့မိသာစုက လူတွေက စာလည်းသင်နိုင်သလို သိုင်းပညာကိုလည်း သင်ယူနိုင်တယ်တဲ့ ကျွန်မရဲ့ မြေးလေးက စာလည်းဖတ်တတ်ပါတယ်။ သူ့ကို တိုးတက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးလေးတစ်ခုပဲ ပေးလိုက်ပါ သူ အောင်မြင်
နိုင်တာ မအောင်မြင်နိုင်တာကတော့ သူကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်!" တစ္ဆေအိုကြီးမှာ ဒူးထောက်လျက် တောင်းဆိုနေလေသည်။
သူမ၏ မြေးလေးအကြောင်း သူမ အသိဆုံးဖြစ်၏။
အတိတ်က တစ်မိသားစုုလုံး သူ့ကို အလိုလိုက်ကြပြီး ကျောင်းကိုပို့သော်လည်း ထိုကလေးမှာ အဆော့မက်သည်ဖြစ်ရာ ကျောင်းစာကိုလည်း စိတ်ဝင်စားမှု မရှိချေ။
သို့သော်လည်း ဤကလေးမှာ အလွန်ဥာဏ်ကောင်းပြီး ကောင်းမွန်သော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုမျိုးရှိသည်။ စာလေ့လာသည်ဖြစ်စေ သိုင်းပညာလေ့ကျင့်သည်ဖြစ်စေ သူသာ အင်အားစိုက်ထုတ်ပါက သေချာပေါက် အောင်မြင်လိမ့်မည်ဖြစ်၏။
ယခု သူမ၏ မြေးလေးမှာ အခြေအနေကို လက်သင့်ခံရန် ခက်ခဲနေလိမ့်မည်ကို သူမသိသည်။
အကယ်၍သာ နွေဦးရောက်ချိန် သူ့ဇာတိမြို့ကို ပြန်မည်ဆိုပါက သူသည် ဆွေမျိုးမရှိ သူငယ်ချင်းမရှိသော တစ်ကောင်ကြွက်ဘဝနှင့် ဘဝကို ဖြတ်သန်းရလိမ့်မည်။ သူ့ကိုယ်သူအတွက်တောင် ထောက်ပံ့ဖို့ရာ မလွယ်ကူသော အခြေအနေ၌ တိုးတက်ဖို့ အခွင့်အလမ်းဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?
"ရှင် လူမှားနေပြီ ရှင့်မြေးလေးက အခုဆို သခင်မလေးရှား ရွေးချယ်ထားတဲ့ လူငယ်ငါးဆယ်ထဲက တစ်ယောက်လေ အကယ်၍ သူသာ တောင်းဆိုရင် သခင်မလေးရှားက သူတိုးတက်ဖို့ အခွင့်အရေးတစ်ခု စီစဥ်ပေးမှာပါ"
သူ စာလေ့လာဖို့ရာ ထင်ရှားကျော်ကြားသည့် ကျောင်းတော်တစ်ခုသို့ ဝင်ရန် မလိုအပ်ချေ။ မြို့တော်ရှိ ကျောင်းတော်အသေးလေးတစ်ခုသို့ သွားရုံနှင့် ရနိုင်သည်။
ရှားမိသားစု၏ ဂုဏ်သတင်းနှင့်ဆိုပါက ထိုကျောင်းတော်ငယ်လေးများမှာ သူ့အား အခမဲ့ တိုက်ရိုက်ဝင်ခွင့်တောင် ပေးအပ်နိုင်သည်။
•••••